(20)
Viewers 5k

Chapter (20)

ပါးရှားမင်းသား



အဲဒီည လူတိုင်းသည် ထမင်းဝိုင်း၌ ဝိုင်းဖွဲ့ကာ ထိုင်နေကြသည်။ 


"မင်းတို့အကြောင်း ငါ့ကိုပြောစမ်းပါဦး အရှင်မင်းကြီးကိုတွေ့တာ ဘာလို့ ဒူးမထောက်ကြတာလဲ?"


မော့ရစ်ကန်း: "ဒီလောက် အများကြီးကို မင်းဘယ်ကနေ တွေးမိသွားတာလဲ"


အားထိုက်: "ငါတို့မိသားစုမှာ အထူးချမှတ်ထားတဲ့ စကားတစ်ခွန်း ရှိတယ်... ဧကရာဇ်ထိုက်ကျုံးကို တွေ့တုန်းကတောင် ဒူးထောက် မပြခဲ့ဘူး"


လီကျင်လုံ: "..."


မော့ရစ်ကန်း: "အမှန်တိုင်းပြောရရင် ခေါင်းဆောင် ငါ့မိသားစုမှာလည်း အထူးအခွင့်အရေး တစ်ခုရှိပါတယ်... တရုတ်ဧကရာဇ်နဲ့ တွေ့တဲ့အခါ ဒူးထောက်စရာ မလိုဘူး...ဒူးထောက်ခိုင်းရင် တစ်ထောင်ပေးရတယ်"


လီကျင်လုံ ချိုးယုံစစ်ကို ကြည့်လိုက်တော့ ချိုးယုံစစ်ကလည်း ပြန်ဖြေသည်။ 


"ငါတို့မိသားစု ဘိုးဘေးဘီဘင်တွေထဲမှာ သူတော်စင်တွေ ရှိနေပြီ ဒါကြောင့် ဒူးထောက်ဖို့ မလိုပါဘူး... ဟေး... ငါတို့က သာမန်လူတွေကို ဒူးထောက်ဖို့ မလိုဘူး"


လီကျင်လုံ သူ့လက်ကို မြှောက်ထားလိုက်သည်။ ဒီသဘောတရားလောက်ဆို သူနားလည်သွားပြီ။ ဘာပဲဖြစ်ဖြစ် သူ ဒူးထောက်ခဲ့တာပဲမလား။ တခြားသူတွေရဲ့ ကိစ္စက ​​သူ့​ကိစ္စမဟုတ်ဘူးလေ။ လီကျင်လုံသည် နေ့ခင်းကနေ ညနေအထိ မုန့်စားနေတုန်း ဖြစ်တဲ့ ဟုန်ကျွင့်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ 


"မင်းကရော?"


"ကျွန်​တော်တို့မိသားစုက ကျောက်စိမ်းဧကရာဇ် ဒါမှမဟုတ် ဗုဒ္ဓနဲ့တွေ့ရင်တောင် ဒူးထောက်မှာ မဟုတ်ဘူးလို့ အဖေက ပြောဖူးတယ်" 


လူတိုင်း: "..."


"ဟုန်ကျွင့်!" ငါးကြင်းနတ်ဆိုးမှာ ဘေးတွင် ထမင်း ထိုင်စားရင်း ဟုန်ကျွင့်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝ အစစ်အမှန်ကို အလွန်အကျွံ မဖော်ပြစေရန် မိုက်မဲသော စကားများကို ပြောဆို​နေခြင်းမှ ဝင်ရောက် တားဆီးခဲ့သည်။


ဟုန်ကျွင့်: "ဒါပေမဲ့ နောက်တစ်ခါ မင်းငါ့ကို ကြိုပြောထားရင်တော့ အမ် မင်းငါ့ကို ဒူးထောက်ခိုင်းလည်း အရေးမကြီးပါဘူး... ဘာပဲဖြစ်ဖြစ် ငါ့အဖေလည်း မသိဘူးလေ ဒူးထောက်တဲ့သူက အသက်တိုသွားမှာမလို့လား"


ချိုးယုံစစ်က ရုတ်တရက် ရယ်လိုက်ပြီး "ဒါဆို မင်းနောက်တစ်ခါ မိစ္ဆာတစ်ကောင်ကို တွေ့ရင် ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ဂါဝရပြုလိုက်... ပြီးရင် သူ့ရဲ့လျှို့ဝှက်နေရာကို ကန်ထည့်လိုက်... အဲဒါက သက်တမ်းကို တိုစေတယ် အဲ့လိုဆို မင်း ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစရာ မလို​တော့ဘူး"


"ဟုတ်တယ်!"


ဟုန်ကျွင့်ဟာလည်း ကျိုးကြောင်း ဆီလျော်ပုံပေါက်တယ်လို့ ရုတ်တရက် ခံစားလိုက်ရတာမို့ နောက်တစ်ကြိမ်ကျရင် စမ်းကြည့်နိုင်တယ်လို့ ဆိုပေသည်။ 


"မင်းတို့..." လီကျင်လုံ သည်းမခံနိုင်တော့ဘဲ။ 


"မြန်မြန်လာ ထမင်းစားတော့... ဟုန်ကျွင့် အဲဒီကိတ်မုန့် မစားတော့နဲ့... မင်းထမင်း မစားနိုင်တော့ဘဲနေမယ်" 


"မင်းက လူကို လျှော့တွက်လိုက်တာ!" 


ဟုန်ကျွင့်က လီကျင်လုံအား စိတ်ဆိုးသံ​လေးဖြင့် ရှုံ့ချလိုက်သည်။


.....


လီကျင်လုံမှာ အိပ်ရာမှ နိုးလာပြီးကတည်းက သူ့မျက်ခုံးကို အမြဲလိုလို မျက်မှောင်ကြုတ်ထားကာ စိုးရိမ်စိတ်များ ရှိနေသေးပုံရသည်။ နတ်ဆိုးနှင်ဌာနခွဲ၏ အမှုကို နိဂုံး မချုပ်ရသေးပါ။ ဟုန်ကျွင့်ရဲ့ နောက်ဆုံး ဓားပျံကို ရှာမတွေ့သေးသလို မနေ့ညက တမင်နန်းတော်၌ ကြားခဲ့ရသော ဖေးအောင်တို့၏ စကားစမြည် ပြောဆိုချက်ထဲ၌ မိစ္ဆာတို့ဟာ လျှို့ဝှက် အစီအစဉ်တစ်ခု ရှိပုံရသည်။ ထို့ကြောင့် ထမင်းစားပြီး စကားပြောကြရအောင်လို့ ဆိုလိုက်သည်။ 


ခန်းမထဲမှာတော့ ဘယ်သူကမှ စကားမပြောကြပေ။ လူတိုင်းမှာ ကိုယ်ပိုင် အတွေးတွေ ရှိပုံပေါ်ပြီး နောက်ဆုံးမှာတော့ လီကျင်လုံက ပန်းကန်ကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ ထိုအခါ ချိုးယုံစစ်က အပြေးကလေး လက်ဖက်ရည် သွားငဲ့ပေးကာ အားထိုက်ကလည်း ပြုံးပြီး နှစ်သိမ့်လိုက်သည်။


"ခေါင်းဆောင်.. ငါတို့မကျော်လွှားနိုင်တဲ့ ဘဝမှာ အတားအဆီးတွေ မရှိပါဘူး... ငါတို့ စကားပြောကြည့်ကြရအောင်”


"မင်းဘာလုပ်ချင်ပြန်ပြီလဲ?!" လီကျင်လုံ ခေါင်းနည်းနည်း ကိုက်သွားသည်။ 


လီကျင်လုံသည် သူ့ရှေ့မှ လက်အောက်ငယ်သားများအား ကြီးကြီးမားမား တစ်စုံတစ်ရာ ထပ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ရဲရင့်စွာ ကြည့်နေလေသည်။


အားထိုက် "ငါမင်းကို အမြဲတမ်း မဖုံးကွယ်ထားနိုင်တဲ့ အရာတွေရှိတယ်..."


လီကျင်လုံရဲ့ နှလုံးက အောက်ခြေအထိ ရုတ်တရက် နစ်မြုပ်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ်ဟု တွေးကာ ပြောလိုက်ပါ၏။ 


"ငါကိုက ကံမကောင်းတာပါ ဘာပဲဖြစ်ဖြစ် ငါ့ခေါင်းမှာ အမာရွတ်ကြီးတစ်ခု ရှိနေတယ်လေ" 


အားထိုက်: "ခေါင်းဆောင်...တကယ်တော့ ငါမင်းကိုလိမ်ခဲ့တာ ငါ့နာမည်က ဟန့်မော့လာပီ မဟုတ်ဘူး။ ငါ့နာမည်က ရီးစီးအိုက်....နာမည်အပြည့်အစုံက ထိုက်ကဲလား ရီးစီးအိုက်...ငါက ထူဟော်လော်က မဟုတ်ဘူး ငါ့ဇာတိက ပါးရှားက..."


လီကျင်လုံ အံ့ဩသွားပြီး "ရီးစီးအိုက် ဘာဖြစ်လဲ ရီးစီးအိုက်....."


လီကျင်လုံ တခဏချင်း တုံ့ပြန်ခဲ့ပြီး ထိတ်လန့်သွားသည်။


"မင်း...မင်းက စရှန်းရဲ့ အိမ်ရှေ့မင်းသား?!"


အားထိုက်: "အဲဒါကို 'စရှန်း မင်းဆက်မတိုင်ခင်'က ခေါ်သင့်တဲ့ နာမည်ပါ... နောက်ဆုံးတော့ ငါ့အဖေ၊ အဖိုး၊ အမေနဲ့ တခြားမိသားစုဝင်တွေ အားလုံး ဆုံးပါးသွားကြပြီ.... ငါတစ်ယောက်ထဲပဲ ကျန်တော့တယ်... ."


ဟုန်ကျွင့်သည် စရှန်းမင်းဆက် ဆိုတာကို မသိပေမယ့် သူ့ဆွေမျိုးတွေ ဆုံးပါးသွားတယ်လို့ ကြားတော့ သူ့ကိုယ်သူ ပြန်တွေးမိပြီး နှစ်သိမ့်မှုပေးဖို့ အားထိုက်ရဲ့ပုခုံးကို လက်နဲ့ ပုတ်လိုက်သည်။ လီကျင်လုံကတော့ အလွန်တုန်လှုပ်သွားပြီး လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ မေး​လေသည်။ 


"ဘာလို့... မင်း ဘုရင်မင်းမြတ်ဆီ မသွားတာလဲ?"


"မိသားစုက သူ့ကတိကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လေ..." 


အားထိုက်က အညိုရောင် ဆံပင်ကောက်ကောက်တွေကို သပ်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလေသည်။ 


"ငါ့အဘိုးက တာလာတိုက်ပွဲမှာ ထန်မင်းဆက်က ပေးခဲ့တဲ့ အန်းရှီး ကာကွယ်ရေးဌာနကို ဆုံးရှုံးသွားတယ် အဘိုးက ထန်မင်းဆက်ဆီက တပ်ဖွဲ့တွေကို ထပ်ပြီး ချေးထားတယ်... တိုင်းပြည် ပြန်လည်ထူထောင်ချင်လို့လေ ရလဒ်ကတော့....”


"ရလဒ်က ထူဟော်လော်ကို စေလွှတ်ပြီးနောက် စစ်တပ်က သူ့ဘာသာသူ ပြန်ထွက်သွားတယ်။"


အားထိုက် အနည်းငယ် အံ့သြသွားပြီး "မင်းသိတယ်ပေါ့?"


လီကျင်လုံ: "နောက်တော့ ဘာဖြစ်သွားလဲ?"


အားထိုက်က ပြောပြပါသည်။ ထိုနှစ်တုန်းက ရန်သူသည် မြို့တော်က ရိက္ခာစစ်တပ်ကို သိမ်းပိုက်လိုက်ပြီး တော်ဝင်မိသားစုကိုပါ သိမ်းသွားတော့သည်။ အားထိုက်၏ အဖိုးဖြစ်သူ ရီးစီးစန်းသည် ထန်မင်းဆက်မှ တပ်များကို ငှားရမ်းပြီး အန်းရှီးဘုရင်ခံနန်းတော်ကို တည်ဆောက်ကာ နောက်ပိုင်းတွင် ကျီးလင်တွင်လည်း ပါးရှားဘုရင်ခံနန်းတော်ကို တည်ဆောက်ခဲ့သည်။


သို့သော် ကောင်းသော အချိန်များသည် ကြာရှည်မခံတတ်ဘဲ နှစ်အနည်းငယ်အတွင်း တန်မင်းဆက်၏ နောက်ဆုံးနယ်မြေကို တိုက်ပွဲ၌ ဆုံးရှုံးသွားခဲ့ရသည်။ သူ့သား အားထိုက်ရဲ့အဖေ နီနျဲ့ရှစ်က တပ်တွေငှားဖို့ ပြန်လာခဲ့သည်။ 


ဧကရာဇ် ကောင်းကျုံးလီကျစ်သည် တပ်များကို စေလွှတ်ပြီးနောက် ထူဟော်လော်ကို ပြန်လည် ပို့ဆောင်စေသည်။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် ယခင်တပ်စွဲမှုမှာ ကွဲကွာသွားကာ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ ဖျယ်ရှင်ကျန်သည် စခန်း ရွှေ့ပြောင်းရန် ပါးရှားမင်းသားအား နှင်ထုတ်ခဲ့သောကြောင့် သူတို့တပ်တွေ ဆုတ်သွားခဲ့ရသည်။ 


နီနျဲရှစ် တရုတ်ပြည်သို့ တဖန်ဝင်ရောက်လာသော် ထန်မင်းဆက်သည် သူ့ကို စစ်သူကြီးကျိုဝေဝေ့ဟု အမည်ပေးခဲ့သည်။ ချေးငှားသည့် တပ်များကို ဖော်ပြခြင်း မပြုတော့ပေ။ နှစ်နှစ်အကြာတွင် နီနျဲရှစ်သည် တိုင်းပြည်ပြန်လည်ထူထောင်ရန် မျှော်လင့်ချက်မရှိဟု မြင်သောကြောင့် ဆယ်နှစ်အကြာတွင် ထိုက်ကဲလားသို့ ပြန်သွားကာ သူတို့ရှေ့က အားထိုက် အမည်ရှိ သားတစ်ဦးကို ဖွားမြင်ခဲ့သည်။


ပါးရှား ဖျက်ဆီးခံရသည့် အချိန်မှစ၍ ပါးရှားမင်းသားလေးပါးသည် ဤမရေရာသော သတင်းများဖြင့် အနောက်တိုင်း ဒေသများမှ ကမ္ဘာမြေ အလယ်ပိုင်းအထိ ထွက်ပြေးခဲ့ကြသည်။ ထို့နောက် အနောက်တိုင်း ဒေသများ၏ ဆောင်းဦးညတွင်လည်း ဤမျှ မရေရာသော ဆန္ဒအတွက် မိုင်ထောင်ချီ ခရီးနှင်လာခဲ့သည်။ အားထိုက်ရဲ့ ပါးစပ်ကနေ ကြားရတာက နည်းနည်းတော့ ထူးဆန်းသလိုပင်။ 


"ဖျယ်ရှင်ကျန်က ငါ့အဖိုးပါ" (အမေဘက်က)


အားထိုက် : "..."


"အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေ အတွက် တောင်းပန်ပါတယ်" 


လီကျင်လုံ သက်ပြင်းချလိုက်သည်။


"မင်းနဲ့ဘာဆိုင်လို့လဲ" အားထိုက်က ရယ်ပြီး။


"တိုင်းပြည် ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်မရှိမှတော့ ငါသာဆိုရင်လည်း အနောက်တိုင်း စစ်သည် 20,000 ရဲ့အသက်ကို ချန်ထားခဲ့မှာ မဟုတ်ဘူးလေ"


လီကျင်လုံ ထပ်ပြီး သက်ပြင်းချလိုက်စဥ် မော့ရစ်ကန်းက ဆိုလေသည်။ 


"တိုင်းပြည်ရဲ့ သန်မာတဲ့ စစ်သည်တွေနဲ့ ရဲရင့်တဲ့ စစ်သူ​ကြီးတွေကြောင့် အချိန်အကြာကြီး ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲကို တိုက်ရတာ စမတ်ကျတဲ့ ဗျူဟာတစ်ခုတော့ မဟုတ်ပါဘူး... အတွင်းကနေ ပြိုကွဲသွားလို့ပဲ ဖြစ်မှာ"


အားထိုက်က ခေါင်းတညိတ်ညိတ်နဲ့ ပြောသည်။ 


"တကယ်တော့ အဖေမသေခင်က အရှုံးပေးခိုင်းတာကို ငါသိပါတယ်... အားထိုက် မင်းဘဝကောင်းစားဖို့ ငါ မျှော်လင့်ပြီး မင်းဘဝတစ်ခုလုံး ငါနဲ့မင်းအဖိုးလို မကုန်ဆုံးပါစေနဲ့တဲ့လေ .."


ထိုအချိန်ပြီးနောက် အားထိုက် အကြာကြီး နှုတ်ဆိတ်သွားခဲ့သည်။


ဟုန်ကျွင့်: "ဒါပေမဲ့ မင်းလုပ်ချင်နေသေးတာပဲ မဟုတ်လား"


အားထိုက်က ပြုံးပြသော်လည်း ထိုအပြုံးတွင် ဝမ်းနည်းမှု အနည်းငယ် ရှိနေသည်။ ဟုန်ကျွင့်လည်း သူတောင်ပေါ်က မဆင်းလာခင်မှာ ချုံမင်နဲ့ ချင်းရှူံက သူ့အတွက် တူညီတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ပါသည်။ အားလုံးက မေ့ပစ်လိုက်လို့ ပြောကြပေမယ့် ဟုန်ကျွင့်ကတော့ ဒါကိုလုပ်ရမယ်လို့ ခံစားနေရသည်။ 


ဒါပေမဲ့ အားထိုက်ကို သူ ဂရုဏာသက်ဆုံး ဖြစ်စေခဲ့တာကတော့ သူမျှော်လင့်ထားခဲ့တဲ့ လူဟာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်လို့ပင်။


"မင်းရဲ့အမိန့်အောက်မှာ လူဘယ်နှစ်ယောက် ရှိနေပြီလဲ မင်းသူတို့ကို ခေါ်လာပြီလား"


လီကျင်လုံရဲ့ စကားများက အားထိုက်ရဲ့ နှလုံး တည့်တည့်သို့ ထိုးစိုက်သွားပြီး အားထိုက် မျက်လုံးများက မျှော်လင့်ချက်များဖြင့် ရုတ်တရက် အရောင်တောက်လာသည်။


"သူတို့အားလုံး ထူ​ဟော်​လော်မှာ ရှိနေတယ်... ငါ့ရဲ့သူငယ်ချင်း တစ်ယောက်က ဦးဆောင်ထားတဲ့ လူတစ်ရာကျော်ပဲ"


လီကျင်လုံသည် အသက်ပြင်းပြင်းရှူရင်း မတ်တပ်ထရပ်ကာ ခန်းမထဲမှထွက်ကာ ခဏလောက် စဉ်းစားကြည့်လိုက်သည်။ 


"အားထိုက် မင်း ဒီပညာ​တွေကို ဘယ်လိုသင်ယူခဲ့တာလဲ" 


အားထိုက်သည် နီနျဲရှစ် အသက်ငါးဆယ် အရွယ်တွင်မှ မွေးဖွားခဲ့ပြီး ထိုအ​ချိန်က ပါးရှား၏ နိုင်ငံတော်ဘာသာသည့် ရှန်းကျောက်ဟာ စရှန်း မင်းဆက်ကျဆုံးပြီးနောက် သဘာဝအလျောက် အစားထိုးခံခဲ့ရပြီး ထိုအချိန်တွင် ယဇ်ပုရောဟိတ်မင်းသည် အားထိုက်ကို ၎င်း၏တစ်ဦးတည်းသော တပည့်အဖြစ် လက်ခံခဲ့သည်။ 


တပည့်သည် မီး၊ မြေကြီး၊ မိုးကြိုး၊ ရေအပြင် မုန်တိုငိးတို့ကိုလည်း ပန်ကာဖြင့် ထိန်းချုပ်နိုင်သည်။ တိုင်းပြည်ကို ပြန်လည်ထူထောင်ပြီး သာသနာတည်စေသော သန့်ရှင်းသော မင်းသားအဖြစ် သတ်မှတ်ခံရသော်လည်း ယဇ်ပုရောဟိတ်မင်းသည် နီနျဲရှစ်ထက် စော၍ ကွယ်လွန်ခဲ့သည်။ ယနေ့ခေတ်တွင် ရှန်းကျောက်ကို ယုံကြည်သူ အများအပြား ကျန်ရှိနေဆဲဖြစ်သော်လည်း မဟာစားနပ်ရိက္ခာ နိုင်ငံတော်ကတော့ ပျောက်ကွယ်သွားခဲ့ပြီ။


"မင်းအတွက် ငါဘာလုပ်ပေးရမှာလဲ" လီကျင်လုံ လှည့်မေးလိုက်သည်။


"ချန်အန်းကို ငါ့ခွန်အားတွေအဖြစ် ပေးစေချင်တယ်...ထန်မင်းဆက်က ပါရှားမှာ ငါတို့အတွက် အခိုင်မာဆုံး မဟာမိတ်ပဲ ဒီနေရာ ဘာမဆို လုပ်နိုင်တယ်... တစ်နေ့ကျရင် ထန်မင်းဆက်ရဲ့ ဧကရာဇ်ဆီက စစ်သည်တွေကို ချေးငှားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်... ငါ့စစ်သားနဲ့ မြင်းတွေကို ငါပြန်ယူပါရစေ”


ပြောရတာထက် ပိုလွယ်တယ်လို့ ပြောလို့မရချေ။ ဧကရာဇ်မင်းသည် တရှီးပြည်ကို စော်ကားလိုသည်ဖြစ်စေ ခန်းမတွင်းရှိ လူတိုင်းက စစ်သားများနှင့် မြင်းများကို စေလွှတ်လိုက်လျှင်ပင် အနိုင်ရရန် အခွင့်အလမ်းက ဘယ်လိုရှိမလဲ သိကြသည်။ 


နောက်ဆုံးတော့ လီကျင်လုံက ဆိုလာသည်။ 


"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်...ဒါပေမယ့် ဒီကိစ္စကို အလျင်စလို လုပ်လို့ မရဘူး။"


အားထိုက်က ခေါင်းညိတ်ပြီး ပြန်ပြော၏။ 


"ဒီတစ်ခေါက် ချန်အန်းကို လာကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပါပြီ... အန္တရာယ်ရှိတဲ့ အချိန်မှာ ကြက်တစ်ကောင်လို ပင်ပန်းတယ်တဲ့...ချန်အန်းမိစ္ဆာဘုရင်ကို မသုတ်သင်နိုင်ရင် ထန်မင်းဆက်က ငါ့ကို စစ်သားနဲ့ မြင်းတွေကို ငှားဖို့ နည်းလမ်းမရှိမှာ ကြောက်ရတယ်"


လီကျင်လုံ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး "ချန်အန်းမိစ္ဆာဘုရင်?"


ထိုစဥ် ချိုးယုံစစ်က အေးဆေးတည်ငြိမ်စွာ ဝင်ပြော​လေသည်။ 


"မိစ္ဆာတွေ စုဝေးရာ နေရာတိုင်း မိစ္ဆာဘုရင်တွေရှိရမယ်.... အခု ချန်အန်းမှာ ဘုရင်နှစ်ပါး ရှိရမယ် တစ်ပါးက အလင်းထဲမှာရှိတဲ့ ဒီနေ့မြင်ရတဲ့ နဂါးဧကရာဇ်အစစ်ပါ နောက်တစ်ယောက်က အမှောင်ထဲမှာ... ဒီမြို့တော်ထဲက မိစ္ဆာမျိုးနွယ်ပေါင်း တစ်သောင်းနီးပါးကို ထိန်းချုပ်ထားတဲ့ မိစ္ဆာဘုရင်ပဲ!" 


မော့ရစ်ကန်းက ခဏလောက်စဉ်းစားပြီး "ဟုန်ကျွင့် အကြောင်းတော့ ငါမသိဘူး ဒါပေမဲ့ မင်းကို အမှန်အတိုင်းပြောမယ်... ငါတို့သုံးယောက်က အဲဒီမိစ္ဆာဘုရင်ကြောင့် လာခဲ့တာ"


"မိစ္ဆာဘုရင်က ဘယ်မှာလဲ" 


လီကျင်လုံ မေးလိုက်စဥ် ရုတ်တရက် အပြင်၌ ဧည့်သည်တစ်ယောက် ရောက်လာသည်။


တစ်ခုခုတော့ မှားနေပြီ။


"လာ!" 


အငွေ့အသက်က နည်းနည်း လေးလာတာကြောင့် အားထိုက်က ဖြတ်ပြောလိုက်သည်။ 


"အဲ့ဒါတွေကို မေ့လိုက်ပါတော့...ငါ မင်းတို့အတွက် သီချင်းဆိုပေးမယ်"


ချိုးယုံစစ် ကူကယ်ရာမဲ့သွားပြီး "ခေါင်းဆောင်က နားထောင်မယ်လို့ ထင်လား?"


အားထိုက်က စောင်းကြိုးတွေကို ဆွဲပြီး ပြန်ပြောလေ၏။ 


"သူနား​ထောင်မယ် ထင်တယ် ဒါပေမဲ့ မင်း...အရင်မပြောထားတာက ပိုကောင်းလိမ့်မယ်"


ဟုန်ကျွင့်:"??"


"မင်း အပါအဝင်ပဲ" မော့ရစ်ကန်း ဟုန်ကျွင့်ကို လက်ညှိုးထိုးလိုက်သည်။  


"ဟုန်ကျွင့်! မင်းက လူတွေကို အရမ်းယုံလွယ်လွန်းတယ်"


ဟုန်ကျွင့်သည် တစ်ဖက် လူနှစ်ယောက်တွင် ပြောမပြနိုင်သော လျှို့ဝှက်ချက် တချို့ရှိမည်ဟု ခံစားခဲ့ရသော်လည်း အားထိုက်သည် အမှန်တကယ်ပင် ပါရှားမင်းသား ဖြစ်​နေခဲ့သည်။ 


"မင်းကရော မင်းသားလား?"


အားထိုက်နဲ့ ချိုးယုံစစ်တို့ နှစ်ယောက်စလုံး ပြုံးလျက် မေးလာစဥ် မော့ရစ်ကန်းက အမှန်တကယ် ခေါင်းညိတ်ပြလိုက်သည်။ 


"မှန်တယ်!"


"အိုး..." ချိုးယုံစစ်က "ပြောရခက်တယ်နော်... ငါဟုတ်မဟုတ် မသိပေမယ့် မင်း ဝန်ခံရင် ငါလည်း ဝန်ခံနိုင်လောက်တယ်"


ငါးကြင်းနတ်ဆိုးက ရေကန်ပေါ်ကနေ တက်လာ၏။ သူက ရေကန်​​ဘောင်အနားမှာ ခေါင်းတင်ပြီး ဆိုလာသည်။


"ငါတို့ ဟုန်ကျွင့်ကလည်း မင်းသားပဲ....ဘယ်နေရာက မင်းသားနဲ့ မတူလို့လဲ?"


အားလုံးက ရယ်မောကြပြီး အားထိုက်က ဟုန်ကျွင့်ပုခုံးကို လှမ်းဖက်လိုက်သည်။ 


"ငါသိသားပဲ!"


"ကောင်းတယ်!"


တူညီသော လက္ခဏာတစ်ခုတည်းကြောင့် လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာကြသည်။ အားထိုက် ​စောင်းတီးတော့မယ့် အချိန်မှာ ဟုန်ကျွင့် ဖြတ်ပြောလိုက်၏။ 


“အားထိုက် စောင်းတီးတာကို အရမ်းနားထောင်ချင်တယ် ဒါပေမယ့် ထပ်ပြီး နှောင့်ယှက်ဦးမယ်... ချန်အန်း မိစ္ဆာဘုရင်က ဘယ်မှာလဲ”


အားထိုက် သူ့ခေါင်းကို မော့လိုက်ပြီး အားလုံးကလည်း ရပ်သွားကြသည်။


မော့ရစ်ကန်း: "မင်းလည်း ရှာနေတာလား?"


ဟုန်ကျွင့် လက်ညှိုးထိပ်လေး နှစ်ခုကို ကစားနေပြီး ငါးကြင်းနတ်ဆိုးက ဘာမှပြန်မပြောတာကိုမြင်တော့ သူ ခေါင်းညိတ်​ပြလိုက်သည်။


"ဘာလို့လဲ?" ချိုးယုံစစ် မေးသည်။


မော့ရစ်ကန်းမှ ချိုးယုံစစ်အား နောက်ထပ်မေးခွန်းတွေ ထပ်မမေးဖို့ အချက်ပြပြီး သူကပဲ ဝင်ပြောလိုက်သည်။ 


"အရေးမကြီးပါဘူး ဟုန်ကျွင့် မင်းက ငါတို့ဘက်မှာရှိနေတာပဲကို"


"ဟုတ်တယ်!" ဟုန်ကျွင့်လည်း မော့ရစ်ကန်း၏ စကားအဓိပ္ပာယ်ကို နားလည်တာကြောင့်။ "လက်နက်ချသည်ဖြစ်စေ ဖယ်ရှားပစ်သည်ဖြစ်စေ ငါတို့က ရန်သူက တူတယ်" ဟု ပြောကြားခဲ့သည်။


"သိပ်ကောင်းတယ်!"


လူတိုင်း တစ်ပြိုင်တည်း ထောက်ခံကြသည်။ ချိုးယုံစစ်က ခြံဝင်းထဲမှာ ခြေလှမ်းအနည်းငယ် လှမ်းရင်း ပြောပြသည်။ 


"မိစ္ဆာဘုရင်က ဒီလောကမှာ တစ်ခါမှ မပေါ်လာဖူးဘူး.... အခုဘယ်သူမှ သူ့ရဲ့ လက္ခဏာနဲ့ ပုံစံအစစ်အမှန်ကို မသိသေးဘူး ဒါပေမဲ့ ငါတို့သေချာနိုင်တာ တစ်ခုရှိတယ်... မိစ္ဆာဘုရင်က လက်ရှိ ဧကရာဇ်မင်းရဲ့ နံဘေးမှာ နီးနီးကပ်ကပ် ရှိနေလိမ့်မယ်"


"အဲဒါက နဂါးနက်ပဲ" ဟုန်ကျွင့် ရုတ်တရက် ဝင်ပြောလိုက်သည်။


ကျန်သုံးယောက် ကြောင်အသွားကာ မော့ရစ်ကန်းလည်း လန့်ဖျပ်သွားသည်။ သူ့နှုတ်ခမ်းတွေက မသိစိတ်အလျောက် တင်းမာသွားစဥ် ချိုးယုံစစ်က ဆက်ပြော၏။  


"အဲဒါကို ငါသိတယ် ဖြည်းဖြည်းချင်း လိုက်ရှာကြတာပေါ့... အမြဲတွေ့နိုင်တဲ့ သဲလွန်စတွေ ရှိနေနိုင်တယ်.... သူ့ရဲ့ ပုန်းအောင်းတဲ့နေရာကို ပိုစိတ်ဝင်စားတယ် သူကအခု ပုန်းလျှိုးကွယ်လျှိုး ရှိနေတယ်... စိုးရိမ်စရာက ငါတို့ရဲ့ လက်ရှိအင်အားနဲ့ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”


ဟုန်ကျွင့်က သက်ပြင်းချလိုက်ပြီး "ဓားပျံလေးစင်းထဲမှာ တစ်စင်းက ပျောက်သွားပြီ... ပျောက်သွားတဲ့ မိုးကြိုးဓားကို ရှာတွေ့နိုင်ရင် ဓားပျံတွေကို ပေါင်းစည်းပြီး အပြင်းထန်ဆုံး စွမ်းအားကို အသုံးချနိုင်မှာ...အခု ငါတို့တကယ် မိစ္ဆာငယ်လေးတွေကိုပဲ အနိုင်ယူနိုင်မှာ ချန်အန်းမိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး...."


ဟုန်ကျွင့်၏ ဝိသေသလက္ခဏာသည် လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်ပြီး ကျန်လူများက သူဘယ်ကလာသည်ကို မသိကြသော်လည်း သေချာသည်မှာ ဤကလေးသည် လောကလူသား မဟုတ်သလို မသေမျိုး နတ်ဘုရား၏ တပည့်ပင် ဖြစ်နိုင်ဖွယ်ရှိသည်။ ဒါပေမဲ့ သူဘာမှမပြောတာမို့ တခြားလူတွေက နောက်ထပ် မေးခွန်းတွေကို မမေးကြချေ။ 


အားထိုက်: "ဒါဆို ခုန်ဟုန်ကျွင့်... မင်းက မိစ္ဆာဘုရင်ကို နှိမ်နင်းဖို့ ချန်အန်းကို လာခဲ့တာလား?"


ကျန်လူ သုံးယောက်စလုံးကလည်း ဟုန်ကျွင့်ကို တစ်ပြိုင်တည်း ကြည့်လာ၏။ ဟုန်ကျွင့် ခေါင်းညိတ်ပြီး "ဟုတ်တယ်" ဟုသာ ပြောလိုက်သည်။


အားလုံးလည်း စိတ်သက်သာရာရသွားသည်။ ဟုန်ကျွင့်ရဲ့ လက္ခဏာကို အရှိဆုံး ခန့်မှန်းသူကတော့ နတ်ဆိုးမျိုးရိုး ဖြစ်ပြီး သူနဲ့ပါလာတဲ့ ငါးကြင်းနတ်ဆိုး တစ်ကောင်လည်း ရှိတာကြောင့် ဟုန်ကျွင့်က သူတို့ထဲကတစ်ယောက် မဟုတ်လောက်ပါဘူးလို့ ထင်ခဲ့သည်။ ဒါပေမဲ့ ရေတိုမှာ ပန်းတိုင်တွေ တသမတ်တည်း ရှိနေသရွေ့ ဘာမဆို ပြောလို့ရတယ်လေ။ 


အားထိုက်: "ငါတို့ရဲ့ ဘုံရည်မှန်းချက် ချန်အန်းမိစ္ဆာဘုရင်ကို အနိုင်ယူကြမယ်... စိတ်အားထက်သန်စေမယ့် တိုက်ပွဲဂီတကို အခုပဲ နားထောင်ကြစို့!!"


အားလုံးအတွက် အနာဂတ်က ဘယ်လောက်ပဲ ခက်ခဲပါစေ ရံဖန်ရံခါ ပျော်ပျော်ရွှင်ရွှင် အတူတူ ဖြတ်ကျော် ပျော်ရွှင်ခဲ့ကြတာမို့ အားထိုက်က စောင်းတီးပြီး ဟုန်ကျွင့်ကလည်း တီးခေါက်ဖို့ ပန်းကန်တစ်လုံးကို ရှာဖွေလိုက်သည်။ ထို့နောက် သီချင်းတစ်ပုဒ်ကို လူတိုင်းအတူတူ နားထောင်လိုက်ကြသည်။ 


......


တစ်ချိန်တည်းမှာပင် လီကျင်လုံသည် တလီတရားရုံး၏ တောက်ပသော အလင်းရောင် အောက်က တရားစီရင်ရေး ခန်းမထဲတွင် ရပ်နေလေသည်။ ညဘက်တုန်းက ငါးကြင်းနတ်ဆိုးချက်ပြုတ်ထားသော အစားအစာသည် အလွန်ငန်လွန်းသဖြင့် သူ့ကို ရေအလွန်ဆာစေသည်။


လက်မှုပညာဌာနက အမတ်ကြီး ချင်ရှောက်ခမ်း၊ ရာဇဝတ်မှု ဝန်ကြီးဌာနက အမတ်ကြီး ဝမ်းယို့၊ တလီတရားရုံးမှ အမတ်ကြီး ဟွမ်ရုံ၊ လီကျင်လုံရဲ့ ခေါင်းဆောင်ဟောင်း ဟူရှန်း၊ ရှန်ဝူစစ်တပ်က စစ်ဦးစီးချုပ် ထူကျစ်ဝမ်၊ ရိက္ခာဝန်ကြီး၊ မင်မင်းဆက်၏ အမတ်ချုပ်ကြီးနှင့် အလယ်ဗဟိုတွင် ထိုင်နေသည့် မဟာမိန်းမစိုး၊ ကောင်းလိရှစ် အပါအဝင်၊ အကြီးတန်းအရာရှိများ အားလုံး စုရုံးကာ စုံစမ်းမေးမြန်းခြင်း ဖြစ်သော်လည်း လက်တွေ့တွင်တော့ လီကျင်လုံအား စစ်ဆေးမေးမြန်းနေသလိုသာ ဖြစ်နေသည်။ 


ယခုအချိန်တွင် လီကျင်လုံ အလုပ်ချင်ဆုံးအရာမှာ ချိုးယုံစစ်၏ မှော်စွမ်းအင်ဖြင့် ဤလူများအားလုံးကို ကလောင်တံ ပန်းချီကားထဲ ထည့်သွင်းပစ်ရန်သာ ဖြစ်ပြီး သူသည် သန့်ရှင်းသော ထန်မင်းဆက် အတွက် ငြိမ်းချမ်းရေး ရယူလိုလေသည်။ 


လီကျင်လုံ: "ကျွန်တော် အစအဆုံး သုံးခါလောက် ပြောပြီးပြီ.... ကျွန်တော်ကျိန်ဆိုတယ် ဘယ်တော့မှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"


ကောင်းလိရှစ်က တန်ခိုးကြီးမားသည်။ ယခု နတ်ဆိုးနှင်ဌာနက ယန်ကော်ကျုံး၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိသေးသည်။ သို့သော် လီကျင်လုံသည် တမင်နန်းတော်၏ ဧရိယာ အနည်းဆုံး 10% ကို ဖျက်ဆီးရန် လက်အောက်ငယ်သား တစ်စုကို ဦးဆောင်ပြီး သူသည် "နတ်ဆိုးများကို ဖမ်းနေသည်" ဟု ခေါင်းစဥ်တပ် ပြောခဲ့သည်။


"မင်းကို ငါယုံတယ်!" ကောင်းလိရှစ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလေသည်။ 


"ဒါပေမဲ့ မင်းရဲ့ အရှင်မင်းကြီးကို မင်း ဘယ်လိုပြန် တင်ပြစေချင်လဲ"


"အမှန်တရားကို ပြောပြီးပြီ.... ချန်အန်းမှာရှိတဲ့ နတ်ဆိုးမျိုးရိုးက အချိန်အတော်ကြာအောင် ဒုက္ခပေးခဲ့တာ ဒါက အစပဲရှိသေးတယ်... အနှေးနဲ့အမြန် ဆိုသလို ကျွန်တော်တို့ နောက်ကွယ်က မိစ္ဆာဘုရင်ကို ရှာတွေ့တော့မှာ... ကုန်းကုန်းကြီးကောင်းက သတင်းပို့ရမှာကို ကြောက်နေတာလား?"


လီကျင်လုံ အသံ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း တိတ်ဆိတ်သွားခဲ့ကာ "မိစ္ဆာဘုရင်" ဟူသော စကားလုံးကို ကြားရသောအခါ အားလုံး အံ့သြသွားကြသည်။


"မင်းက နှိုးဆော်သူပဲ" လို့ ​ပြစ်ဒဏ်ခတ်ရေး ဝန်ကြီး ဝမ်ယိုးက ထအော်လေသည်။


"လီကျင်လုံ မင်း ရူးနေပြီ!"


လီကျင်လုံကလည်း ကျယ်လောင်စွာ ပြန်လည် ရယ်မောလိုက်သည်။ 


"ဒါဆို တမင်နန်းတော်က ဖြတ်သွားလာတဲ့ ရဲမတ်တွေ၊ နန်းတော်က လူတွေနဲ့ မြို့တံခါးမှာ မိစ္ဆာတွေကို မြင်တဲ့ စစ်သည်တွေကို ခင်ဗျား ဘယ်လိုပြောမလဲ.... ဒီလူတွေရဲ့ ဝန်ခံမှုကို ဘယ်လိုရှင်းပြရမလဲ စစ်သူကြီးဟူကိုတောင် ခင်ဗျားက ရူးနေပြီလို့ ထင်ဦးမှာလား?"


ဟူရှန်း၏ အမူအရာသည် ရုတ်တရက် အလွန်ထူးဆန်းလာပြီး သူ လီကျင်လုံ၏ ထောင်ချောက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ လီကျင်လုံရဲ့ အကြံအစည်က ယခုအချိန်တွင် မည်သို့ပင်ရှိစေကာမူ မျက်မြင်သက်သေကို ခေါ်ထုတ်ချင်နေပြီမလို့ ယခု ဟူရှန်းလည်း ၎င်းကို ရေသာခိုမနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ 


"မြေခွေးမိစ္ဆာကို ငါကိုယ်တိုင် မြင်ခဲ့ရတာပါ... လီကျင်လုံ ပြောတာ အမှန်ပဲ... ဘာဆက်ဖြစ်မှန်း​တော့ မသိဘူး"


ကောင်းလိရှစ်က ရိုးရှင်းစွာ အံ့အားသင့်သွားသော်လည်း အမတ်ကြီး ချင်ရှောက်ခမ်းက ထအော်လေ၏။ 


"ဒါမှန်ရင်တောင် တမင်နန်းတော်ကို ဖျက်စီးထားတဲ့ အပြစ်ကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ"


"ဒါက မိစ္ဆာတွေကြောင့် ပျက်စီးသွားတာ!!"


"အဲဒါဆို ငါတို့က အဲ့မိစ္ဆာကောင်ဆီကို လျော်ကြေး သွားတောင်းရမယ်လို့ ဆိုလိုတာလား?"


လီကျင်လုံ သည်းမခံနိုင်တော့ဘဲ "ဒီနတ်ဆိုးတွေကို ချန်အန်းမှာ ဒီထက်ပိုပြီး ဖျက်ဆီးပစ်လိုက်ရင် နောင်မှာ နောက်ထပ် လူဘယ်နှစ်ယောက် သေရမယ်ဆိုတာ ဒီကလူကြီးမင်းတို့ ​သိလား"


"လီကျင်လုံ..." ကောင်းလိရှစ်က လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီး။ 


"မင်းရပြီ.... အကြောင်းပြချက်တွေ ရပ်ပြီး ထွက်သွားတော့"


လီကျင်လုံ: "..."


လီကျင်လုံ၏ ဒေါသနှင့် သွေးများက ချက်ချင်းဆိုသလို သူ့ခေါင်းပေါ်သို့ ထိုးတက်လာပြီး သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာသည်။ ထိုလူကြီးတွေနှင့် ရန်ဖြစ်ချင်​သေးသော်လည်း တလီတရားရုံး၏ ကွပ်မျက်ရေးအစောင့်များက သူ့အား ဘယ်ညာမှ ဆွဲဆန့်ကာ ဆွဲထုတ်သွားလေသည်။ 


"ဒီအမူးသမားကို ဧကရာဇ်ကိုယ်လုပ်တော်က ခန့်အပ်ထားတာလေ...အစက သူ့ကို ဖယ်ရှားဖို့ အလုပ်ကိစ္စတစ်ခုနဲ့ ပို့ချင်ပေမယ့် သူတက်လာပြီးပြီးချင်း ဒီလောက်ကြီး ဒုက္ခပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."


ဤစကားများသည် လီကျင်လုံ တံခါးဝနားရောက်လို့ တံခါမပိတ်မီ ကြားလိုက်ရသော ချင်ရှောက်ခမ်း၏ နောက်ဆုံးစကား ဖြစ်သည်။ ချက်ချင်းဆိုသလိုပဲ မှုခင်းအစောင့်တွေက သူ့ကို တရားခွင်အပြင်ဘက်က အမှောင်ကွင်းထဲကို ခေါ်သွားပြီး ရလဒ်ကို စောင့်ခိုင်းလေ၏။ 


"အားလုံးပဲ ယုံ​ကြလား" ကောင်းလိရှစ်က စမေးလေသည်။ 


ပွဲကလူတွေက မင်းကိုကြည့်ဖို့ စောင့်နေတယ်၊ ​​မင်းကိုကြည့်နေတာ ဘယ်သူမှ မပြောရဲကြဘူးတဲ့။ အများစုက အဲဒါကို သူတို့စိတ်ထဲမှာ ယုံနေတာ မဟုတ်ရင် ဒီလိုထူးဆန်းတဲ့ အရာတွေအတွက် ရှင်းပြစရာ ရှိမှာမဟုတ်ဘူး။ မိစ္ဆာတွေ သောင်းကျန်းနေတယ် ဆိုတဲ့ အကြောင်းကို သန့်ရှင်းသော ဧကရာဇ်မင်း ရှေ့မှောက်တွင် မလျှောက်တင်ရဲပါ။ 


ဟွမ်ရုံက “ကျနော့်အမြင်အရတော့ တမင်နန်းတော်က ညဘက်မှာ မုန်တိုင်း တိုက်ခတ်ပြီး မြေကြီး ပြိုကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချတာက ပိုကောင်းမယ်လို့ ထင်တယ်....ပြီးရင် လက်မှုပညာတတ်တွေကို နေ့ရောညပါ ပြုပြင်ဖို့ စေလွှတ်လိုက်မယ်…”


ထိုအခါ လက်မှုပညာဌာနမှ အမတ်ကြီးက ဟမ့်ကနဲ နှာမှုတ်လေ၏။ သဘောကတော့ တလီတရားရုံးကြောင့် ဖြစ်ရတဲ့ ပြဿနာကို လက်မှုပညာဌာနက ဘာကြောင့် ဝင်လုပ်ရမှာလဲလို့ အပြစ်ပြောလိုက်သလိုပင်။


ကောင်းလိရှစ်က ပြုံးပြီး သူ့လက်တွေကို ဖြန့်လိုက်သည်။ 


"နတ်ဆိုးနှင်ဌာနက အမတ်ချုပ်ကြီးယန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်... ငါတို့က ဘာလုပ်နိုင်မှာလဲ"


“ဒီကိစ္စကို အမတ်ချုပ်ယန်က မသိသေးဘူးလို့ ထင်ပါတယ်” 


အမတ်ကြီး ဝမ်ယိုးက နွေးထွေးစွာ ဝင်​ရောက်ပြောကြားသည်။


"ဒီတစ်ခါတော့ အမတ်ချုပ်ယန် နားထဲ မရောက်သေးဘူးထား... နောက်တစ်ခါဆို ဘယ်လိုဖြစ်မလဲ" 


ချင်ရှောက်ခမ်းက အေးတိအေးစက်နဲ့ ပြောလိုက်သည်။


"ငါတို့ဘာလုပ်ရမလဲ" ကောင်းလိရှစ်က ခါးသက်စွာ ပြုံးပြီးပြော၏။ 


"ငါလည်း အရမ်းစိတ်ရှုပ်နေပြီ အားလုံးပဲ ငါတို့ အခု အိမ်မှာ အရက်သောက်သင့်​ပြီ ထင်တယ်နော်... ညသန်းခေါင်မှာ ဒီကိုလာဖို့ အခေါ်ခံရပြီး စာအုပ်တစ်အုပ်ထဲက ပုံပြင်ကို နားထောင်နေရသလိုပဲ"


"အခုတော့ ငါယုံသွားပြီ" ဟွမ်ရုံက ဆိုသည်။


"ဒါပုံပြင် မဟုတ်တော့ဘူး... လူကြီးမင်းတိ နတ်ဆိုးနှင်ဌာနကို တည်ထောင်ခဲ့တုန်းကလည်း .."


ဟွမ်ရုံ စကားမဆုံး​သေး ပြစ်ဒဏ်ချမှတ်ရေးဌာနမှ အေးစက်စွာ ဝင်နှောင့်ယှက်လိုက်သည်။ 


"ဒါက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဒီကိစ္စက ပြန့်နှံ့သွားရင် ချန်အန်းက လူတွေ ထိတ်လန့်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားလိမ့်မယ်

... နားမလည်နိုင်တဲ့ အဲ့မိစ္ဆာက ဘယ်လောက်ပဲ ပြင်းထန်ပါစေ တလီတရားရုံးက စာအုပ်တွေထဲမှာ ကျန်နေခဲ့မှာပဲ!"


ဝမ်ယိုးက ဟွမ်ရုံထက် သာလွန်သူပင်။ ထိုလူ စကား ဝင်ပြောသည်နှင့် ဟွမ်ရုံလည်း ပါးစပ်ပိတ်ပြီး ခေါင်းညိတ်လိုက်သည်။


ကောင်းလိရှစ် : "သူက ဧကရာဇ်ကိုယ်လုပ်တော်က ခန့်ထားတဲ့သူပဲ..."


"စစ်သူကြီးကောင်း!" ဝမ်ယိုးက ရှေ့ကို ငုံ့ကာ ဆို၏။


"ဒီလူကို ဆက်ထားလိုက်ရင် နောင်မှာ ပိုဒုက္ခပေးလိမ့်မယ် အမတ်ချုပ်ယန်တောင်မှ ငြိစွန်းမှာကို ကြောက်ရတယ်!"


ကောင်းလိရှစ်လည်း မျက်လုံးပြူးသွားပြီး စကားရပ်လိုက်တော့သည်။ 


"တမင်နန်းတော် ပြိုကျပြီးရင် ပြုပြင်လို့ ရတုန်းပဲ... ဘိုးဘွား ဘုရားကျောင်း ပျက်စီးသွားရင် ဘာဆက်ဖြစ်မလဲ"


ကောင်းလိရှစ် ရုတ်တရက် တုန်လှုပ်သွားပြီး ဤစကားသည် ကုလားအုတ်၏ နောက်ကျောကို ကျိုးစေသော ကောက်ရိုးပင် ဖြစ်ပေသည်။


ကောင်းလိရှစ်: "ဒါပေမဲ့ ဒီကိစ္စကို အမတ်ချုပ်ကြီးဆီကိုတော့ အကြောင်းကြားရမယ်... ဧကရာဇ် ကိုယ်လုပ်တော်ရဲ့ ဂုဏ်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်"


“ဒါပေါ့... ဒါက သဘာဝပဲ” 


ကျန်လူများက တစ်ယောက်ပြီး တစ်ယောက် သဘောတူညီမှု ရရှိခဲ့သဖြင့် စာရေးမှ လွှဲမိန့်ကို စတင်ရေးသားခဲ့သည်။ 


“စစ်ဆေးဖို့ တံခါးကို မသွားနဲ့ ငါ ဝန်ကြီးဌာနကို သွားမယ် မနက်ဖြန်မှာ အမှုထမ်းတွေရဲ့ အပြောင်းအရွှေ့ အမိန့်က ဖြတ်တောက်လိုက်ရုံပဲ"


ကောင်းလိရှစ်က ခေါင်းညိတ်ပြီး "ဘုရင်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းနဲ့ အမတ်ချုပ်ယန်ကို ကိုင်တွယ်ဖို့ ငါ့လက်ထဲကို အပ်ထားခဲ့လိုက်ပါ....စစ်သူကြီးဟူက ဦးဆောင်ပြီး လီကျင်လုံရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ကိုင်တွယ်လိုက်ပါ... မင်းက သူ့ရဲ့ သူဌေးဟောင်းပဲ၊ ဒါကြောင့် သူမင်းကိုတော့ ကလန်ကဆန် မလုပ်ရဲ​လောက်ဘူး... ဖန်းချောင်ချင်ဘက်ကိုလည်း မင်းကို ဒုက္ခပေးပါရစေ!"


ဟူရှန်း ဘာပြောနိုင်မှာလဲ။ သူ ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းညိတ်နေခဲ့ရသည်။


ဒါကြောင့် လူတိုင်းက ဆုံးဖြတ်ချက်တစ်ခုချပြီး အားလုံးကို သူတို့ရဲ့တရားဝင်ရာထူးတွေ ဆုံးရှုံးပြီး ခေါင်းတွေ ဆုံးရှုံးစေမယ့် လမ်း၊ အနာဂတ်မှာ ပိုပိုပြီး များလာမယ့် ဒုက္ခတွေကို ရှောင်ရှားဖို့ စွန့်စားခန်း တစ်ခုလုံးကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဧကရာဇ်သည် ပညာရှိဖြစ်သော်လည်း ယခင်မင်းဆက်၏ အမှုကိစ္စနှင့် အခြားအဓိကဖြစ်ရပ်များကို အခြေခံ၍ တာဝန်ရှိသူများက ဂျုံကဲ့သို့ ခေါင်းပြတ်သွားသောကြောင့် ၎င်းတို့သည် ဤဆုံးဖြတ်ချက်က လိုအပ်သည်ဟု သဘာဝအတိုင်း ခံစားနေကြရသည်။