(13)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (13)

02200059



အမှောင်ထဲမှာ ရှင်းပြလို့မရတဲ့ အရာတစ်ခုကို ထိလိုက်တာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံး ဖြစ်ပြီး အဲဒီလက်အေးအေးကြီးကို ထိလိုက်မိရင် ဒီလက်ပိုင်ရှင်ဟာ သေသွားတယ်လို့ ခံစားနိုင်တာကလည်း သာမန်ပဲ ဖြစ်သည်။ အေးစက်ပြီး ဖောင်းကားနေတဲ့ အသားအရေကြောင့် အသက် မရှင်နိုင်တော့တာ သေချာပေါက်ပင်။


ဝူရှဲ့တစ်ယောက် မီးတုတ်တွေ ကျန်နေသေးတာကို အမှတ်တမဲ့ သတိရမိတော့ ကမန်းကတန်း မီးညှိလိုက်လေသည်။ မီးလင်းလာတော့ သူ့အနားမှာ အလောင်းတစ်လောင်း လဲနေတာကို တွေ့ရလေ၏။ 


ဗိုက်မှာ ဒဏ်ရာအကြီးကြီးနဲ့ ဒဏ်ရာတွေ ပတ်လည်မှာ အလောင်းစား အကောင်တွေ အများကြီး ရှိနေသည်။ အလောင်းစား အကောင် တစ်ကောင်စီက သူ့လက်ဖဝါးလောက် ကြီးပြီး စိမ်းပြာရောင် ဖြစ်ကာ ရံဖန်ရံခါ သူ့ပါးစပ်နဲ့ မျက်လုံးအပေါက်တွေ ထဲကနေ တွားသွားလာနေတဲ့ အလောင်းစား အကောင်တွေကိုပါ တွေ့နေရလေသည်။


ဝူရှဲ့စိတ်ထဲ နေလို့ မကောင်းသလို ဖြစ်သွားသည်။ ဒီလူသေသွားတာ တစ်ပတ်လောက်တော့ ရှိနေပြီ။ မတိုင်ခင်က ဒီဂူသင်္ချိုင်းထဲကို ဝင်လာတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်ရမည်။ ဒီယန္တရားကို ထိမိသွားတဲ့အတွက် သူဒီထဲ ရောက်လာပြီး သေသွားတာလား? 


ဒါကိုတွေးပြီး ​ငြိမ်းတော့မယ့် မီးအလင်းရောင်ကို သုံးပြီး ဘက္ထရီကို အမြန်ရှာကာ မိုင်းတွင်းမီးခွက်ထဲကို ထည့်လိုက်သည်။ မီးပြန်ပွင့်လာမှပဲ ဝူရှဲ့ သက်ပြင်းချမိတော့သည်။ သူဌေးက ဒါကသတ္တုတွင်း သမားရဲ့ မီးခွက်လို့ ပြော၏။ ၃ မီတာထက် ပိုတဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိကြောင်းလည်း ပြောသေးသည်။ သူ့ကို တကယ်ကို မလိမ်ခဲ့ဘူးပဲ။


အလင်းရောင်ကြောင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တဲ့အခါ နေရာက ဘာမှ မရှိဘဲ အရမ်းရိုးရှင်းနေတာ တွေ့ရ၏။ ပုံစံမမှန်တဲ့ ကျောက်နံရံတွေနဲ့ ဝိုင်းထားတဲ့ စတုရန်းပုံလေးတစ်ပုံ၊ နံရံမှာ လေဝင်ပေါက်လို အပေါက်တွေလည်း အများကြီး ရှိသည်။ အမှောင်ထုကို ဦးတည်နေပြီး အဲဒီတွင်းတွေဆီကနေ အေးမြတဲ့ လေနုအေးတွေ ရံဖန်ရံခါ တိုက်ခတ်လာသေးသည်။


အလောင်းကို ချက်ချင်း စစ်ကြည့်တော့ အသက် ၄၀ အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်နေတာ တွေ့ရသည်။ ဝမ်းဗိုက်က စုတ်ပြဲပြီ။ အသက်ဆုံးပါးသွားတာ ဒဏ်ရာတွေကြောင့် ဖြစ်နိုင်သည်။ သူသည် အိတ်ကပ်ပုံပြူနေသော အသွင်ဆောင် ယူနီဖောင်းကို ၀တ်ဆင်ထားသည်။ 


ထိုထဲတွင် ပိုက်ဆံတချို့ပါသည့် ပိုက်ဆံအိတ် တစ်အိတ်နှင့် ဘူတာရုံမှ လက်မှတ်တစ်ခု။ ဝူရှဲ့ ထပ်ရှာကြည့်တော့ စတီးတံဆိပ် လည်ဆွဲတစ်ခု ထပ်တွေ့လိုက်သည်။ စတီးပြားပေါ်တွင် နံပါတ်တစ်ကြောင်းကို ရေးထား၏။ 02200059။ ဒါက သူ့ရဲ့အထောက်အထားကို သက်သေပြဖို့ မလုံလောက်သေးချေ။ 


ဝူရှဲ့ ထိုလူရဲ့ ပိုက်ဆံအိတ်ကို သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ အပြင်ကို ပြန်ထွက်တဲ့အခါ ကိုယ်တိုင်လေ့လာဖို့ စီစဉ်ထားလေ၏။


ဤနေရာရှိ ဗိသုကာပုံစံသည် အနောက် ကျိုးမင်းဆက်၏ ရှေးဟောင်း ဂူသင်္ချိုင်းများနှင့် အလွန်ဆင်တူပြီး ၎င်းသည် ယာယီလွတ်မြောက်ရာ လမ်းနှင့် ခပ်ဆင်ဆင် တူလှသည်။ တစ်စုံတစ်ဦး၏ သင်္ချိုင်းအပေါ်တွင် ဂူသင်္ချိုင်းတစ်ခု ထပ်ဆောက်ရန် မဖြစ်နိုင်ပေ။ သင်္ချိုင်း ဆောက်သူတွေဟာ သူတို့အတွက် သူတို့ ချန်ထားခဲ့တဲ့ လွတ်မြောက်ရာလမ်း ဖြစ်နိုင်သည်။


ရှေးခေတ်ကာလ။ အထူးသဖြင့် စစ်မတ်ကာလတွင် မြင့်မြတ်သော ဂူသင်္ချိုင်းများအား ဆောက်လုပ်ရာတွင် ပါဝင်ခဲ့လျှင် အဆိပ်ခတ်ခံရခြင်း သို့မဟုတ် အလောင်းများနှင့်အတူ အရှင်လတ်လတ် သင်္ဂြိုဟ်ခြင်းခံရမည် ဖြစ်သည်။ 


သို့သော် အလုပ်သမားများ၏ လက်မှု​ပညာကိုတော့ လျစ်လျူရှုထားလို့ မရနိုင်ပေ။ အလုပ်သမား အများစုက သူတို့ လွတ်မြောက်ဖို့အတွက် လျှို့ဝှက်လမ်းတစ်ခု ဖောက်လုပ်ထားခဲ့မှာ သေချာလေသည်။ အောက်ခြေမှာ သစ်သားလှေကားတစ်ခု ရှိ၏။ အမြင့်ကို ခန့်မှန်းကြည့်ပေမယ့် ခုန်ချဖို့တော် မဖြစ်နိုင်ဘူး။ 


အဲဒီအချိန်မှာ ရုတ်တရက် တွင်းထဲကနေ ပြူးထွက်လာနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုမျက်နှာကို မြင်တော့ ဝမ်းသာအားရနဲ့ 


"ဖန့်ကျစ်.... ကျွန်တော် ဒီမှာ!"


ဖန့်ကျစ်မှာ လန့်ဖျပ်သွားပြီး သူ့ကို မြင်သော်လည်း ဝမ်းသာအားရ ​​ဖြစ်သွားရမည့်အစား ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်လိုက်ရသလိုပင် သူသည် ဖင်ထိုင်ရက် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။


ဖန့်ကျစ်က ရုတ်တရက် သူ့သေနတ်ကို ထုတ်ပြီး မိမိအား တိုက်ရိုက် ချိန်ရွယ်လိုက်တာကို တွေ့လိုက်တော့ ဝူရှဲ့ ထူးဆန်းသွားတော့သည်။ သူ ဖန့်ကျစ်ကို နားမလည်နိုင်စွာနဲ့ ကြည့်နေမိ၏။ ဖန့်ကျစ်က သူ့ကို ကျုံးကျီလို့များ ထင်နေတာလား?


"ဖန့်ကျစ်... ကျွန်တော်လေ!! အဲဒါ ဘာလုပ်နေတာလဲ?"


ဖန့်ကျစ်က မကြားသလိုပဲ ကျယ်လောင်တဲ့ ဆူညံသံကို ထုတ်လွှတ်လိုက်တော့သည်။ သေနတ်သံက ဂးထဲမှာ အံ့သြစရာ ကောင်းလောက်အောင် ကျယ်လောင်နေ၏။ ကျည်ဆန်က ဝူရှဲ့ နားရွက်နားကို ဖြတ်ပြီး တစ်ခုခုကို ထိမှန်သွားတဲ့ အသံကို ကြားလိုက်ရသည်။


ဇတ်ကနဲ လှည့်ကြည့်လိုက်တော့ နံရံပေါ်မှာ အပြာရောင် အလောင်းစား အကောင်များ အများအပြား တွယ်ကပ်နေတာကို တွေ့လိုက်ရပြီး အကောင်ကြီး တော်တော်များများက လူသတ်ချင်စိတ်နဲ့ သားကောင်ကို လိုက်ရှာနေကြလေသည်။ သူတို့ထဲက တချို့က သူ့ဦးခေါင်းနဲ့ ၁၀ စင်တီမီတာသာ ဝေးတဲ့ မျက်နှာကျက်ကို တက်နေကြပြီ။


ဒီပိုးကောင်ကြီးတွေနဲ့ ဝေးဝေးရှောင်ဖို့ ခြေလှမ်းအနည်းငယ် လှမ်းဖို့ လိုနေပြီ။ ရုတ်တရက် နံရံပေါ်က ပိုးကောင်နှစ်ကောင်ဟာ ပျံတက်လာ၏။ သူ့မျက်စိရှေ့မှာ တပြိုင်နက်တည်း ကျယ်လောင်တဲ့ ဆူညံသံနှစ်ခု ထွက်ပေါ်လာပြီး ကျည်ဆံက သူ့​ခေါင်းပေါ်က ပျံထွက်သွားကာ ပိုးကောင်နှစ်ကောင်လည်း လေထဲမှာ ပေါက်ကွဲသွားသည်။ 


တကယ်ကို ပေါက်ကွဲသွားတာပင်။ သူ့မျက်နှာမှာ ပိုးကောင်တွေဆီက အရည်တွေနဲ့ ဖုံးနေပြီ။ အဲဒီအချိန်မှာပဲ ဖန့်ကျစ်ရဲ့ အော်သံကို ကြားလိုက်ရတော့သည်။ 


"ငါ့ကျည်ဆံ ကုန်ခါနီးပြီ.... မင်းအဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲ? ဒီကို မြန်မြန် ပြေးလာခဲ့တော့!"


ဖန့်ကျစ်က သူ့ရဲ့ နောက်ခံအဖြစ်နဲ့ ပေါ်လာတာကြောင့် ပိုသက်တောင့်သက်သာ ရှိလာရာ အတွေးတစ်ချက်နဲ့ လှည့်ထွက်ပြေးတော့သည်။ ဖန့်ကျစ်က နောက်ထပ်သေနတ်နဲ့ တစ်ချက် ပစ်ခတ်လိုက်သည်။ အဲဒီအချိန်မှာ သူနံရံခြေရင်းကို ရောက်နေပြီ။ 


ဖန့်ကျစ်က သူ့လက်ကို ဆန့်လိုက်သည်။ ဝူရှဲ့ ထိုလက်ကို ဖမ်းဆုပ်လိုက်သည်။ ကံကောင်းစွာနဲ့ပဲ ကျောက်နံရံက အရမ်းကြမ်းပြီး ခြေဖဝါးကို ချထားဖို့ နေရာရှိတာကြောင့် ဖန့်ကျစ်ကို လှမ်းဆွဲလိုက်ကာ အပေါ်ကို တက်လို့ရသည်။ မရပ်နိုင်ခင်မှာ ဖန့်ကျစ်ရဲ့ သေနတ်ကျည်ဆံက သူ့အောက်ကနေ ထွက်သွားပြန်၏။ 


နောက်တချက်က ကျည်ဆံက ခုန်ထွက်သွားပြီး သူ့တင်ပါးကို ထိသွားလုနီးပါး ဖြစ်သွားတာကြောင့် ဝူရှဲ့ အော်ဟစ်ပြီး ဖင်ထိုင်ရက် လဲကျသွားသည်။ 


"ကျွန်​တော့်ကိုပါ သတ်မိတော့မလို့!"


ဖန့်ကျစ်ကလည်း ပြန်အော်၏။


"ဒါဆို မင်းခန္ဓာကိုယ်နဲ့ မင်းရဲ့ဘဝက အရေးမကြီးဘူးလား!"


မိုင်းတွင်းမီးခွက်က သူ့လက်ထဲမှာ မရှိတော့တာကို ရုတ်တရက် တွေ့လိုက်ရ၏။ ပြန်လှည့် ကြည့်လိုက်တော့ ၎င်းက အောက်ကို ပြုတ်ကျနေပြီ။ အလင်းရောင်အောက်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ အလောင်းစား အကောင်တွေ အစုလိုက်အပြုံလိုက် ဝန်းရံထားလေသည်။


ဝူရှဲ့ ဖန့်ကျစ်ကို လှည့်မေးလိုက်သည်။ 


"ကျည်ဘယ်နှစ်တောင့် ကျန်သေးလဲ"


သူ့အိတ်ကပ်ထဲကို နှိုက်ကြည့်လိုက်ရင်း ဗုံးတစ်လုံးကို ထုတ်ယူကာ ခါးခါးသီးသီး ပြုံးချေသည်။


“ဗုံးတစ်လုံး ရှိသေးတယ်” 


စကားမဆုံးမီတွင် အလောင်းစား အကောင်တစ်ကောင်သည် ကျောက်တုံးလမ်းပေါ်သို့ ခုန်တက်လာကာ “ငေါ့ငေါ့” ဟူသော အသံကို ထုတ်လွှတ်နေလေ၏။


ဖန့်ကျစ်သည် စစ်သားတစ်ဦး ဖြစ်ခဲ့ပြီး အရေးပေါ်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်မှုမှာ ပြဿနာ မဟုတ်ပေ။ သူသည် သေနတ်ကို သံတူအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ထိုအင်းဆက်ကို ပြားချပ်ချပ်လေး ဖြစ်သွားတဲ့အထိ ထုရိုက်ပစ်တော့သည်။


သူတို့ဆင်းပြီး ရင်ဆိုင်ရင်တောင် ဒါက ရေရှည် ဖြေရှင်းချက် မဟုတ်ချေ။ နောက်ထပ် ပိုးကောင်တွေ ထပ်တက်လာ၏။ သူတို့ ကန်လိုက် နင်းလိုက် လုပ်တဲ့အခါ သူတို့အပေါ်ကို ဆူးခြေသည်းတွေနဲ့ တွားသွားပြေး၍ တက်လာကြတော့သည်။


ဝူရှဲ့ ဖန့်ကျစ်ဘက် လှည့်ပြောလိုက်သည်။


"ပြေးရအောင်.... အများကြီး ရောက်လာပြီ!"


ဖန့်ကျစ်က ဘယ်သွားမှာလဲလို့ မေးလာတော့ နောက်ကျောက တွင်းကို လက်ညှိုးထိုးပြရင်း ဝူရှဲ့က ပြောလိုက်သည်။ 


"ဒီနောက်ကွယ်က ထွက်ပေါက်တစ်ခု ရှိရမယ်.... ဒီဥမင်ကို ကြည့်လိုက် လွတ်မြောက်ဖို့ ရှေးခေတ်က သင်္ချိုင်းဆောက်တဲ့ သူတွေက သုံးခဲ့တာ သေချာတယ်.... ဒီလမ်းအတိုင်း ပြေးနေသမျှ မသေချာပေါက် ထွက်နိုင်လိမ့်မယ်"


"အဟမ်း.... စာအုပ်ထဲက အရာအားလုံးကို မှန်တယ်လို့ ထင်နေလား? ငါမင်းကို ပြောလိုက်မယ်! ငါဒီလမ်းတစ်လျှောက်လုံး လျှောက်သွားခဲ့တယ်... လုံးဝ ဝင်္ကပါ တစ်ခုလိုပဲ နောက်ဆုံးတော့ ငါဒီနေရာကို ရောက်လာပြီး နည်းနည်း သက်သာသွားတာ.... ငါတို့နောက်ကို ပြန်သွားရင် ဘယ်လောက်ကြာကြာ လှည့်ပတ်နေမယ် မသိဘူး!"


ဝူရှဲ့ သူ့မှန်းဆချက်က မှားသွားတာကြောင့် လန့်ပြီး အံ့ဩသွားမိပေမယ့် ဒီအခြေအနေမှာ သေသေချာချာ တွေးကြည့်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ပိုးကောင်တွေ ပိုများလာတာကို မြင်ပြီး 


"ဒီမှာ ပိုးကောင်တွေကို အစာကျွေးလိုက်တာထက်တော့ ပိုကောင်းပါတယ်!"


ထိုအချိန်တွင် ရုတ်တရက် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ဦးသည် လျှို့ဝှက်တံခါးပေါက်မှ ပြုတ်ကျလာ၍ ပိုးကောင်များအပေါ် ပြုတ်ကျသွားသည်။ ရုတ်တရတ် ရိုက်ခတ်မှုကြောင့် ပိုးကောင်များ ကြောက်လန့်ကာ နောက်သို့ ဆုတ်သွားခဲ့သည်။ ထိုလူက မတ်တပ်ရပ်ကာ ကျိန်ဆဲလိုက်တော့သည်။


“ငါ့လူးတဲ့မှ.... ဒီတံခါးက ဘယ်လိုဖြစ်လို့ ဖွင့်လိုက်တာနဲ့ တန်းပြုတ်ကျလာရတာလဲဟ!"


သူက ဓာတ်မီးဖြင့် လှည့်ပတ်ကြည့်ကာ 


"ဟေ့! ဘာကောင်​တွေလဲ? ဘာလို့ ပိုးကောင်တွေ အများကြီး ရှိနေတာလဲ!"


လှမ်းကြည့်လိုက်တော့ ရုတ်တရက် ရောက်လာတဲ့က ပင်မသင်္ချိုင်းမှာတုန်းက သူတို့ကို ကြောက်ပြီး ထွက်ပြေးသွားတဲ့ စံပြရွှေသူခိုး ဖြစ်နေသည်။ 


အလောင်းစား အကောင်တွေက တဖန်ပြန်စုရုံးနေပြီ။ အလွန်လျင်မြန်တဲ့ အဲဒီလူကလည်း တော်တော် အစွမ်းထက်ပေသည်။ သူက ပိုးကောင်ရဲ့ ဦးခေါင်းကို ဓာတ်မီးသုံးပြီး တစ်ကြိမ်တည်း ရိုက်ပေမယ့် လုံးဝ မအောင်မြင်ချေ။ ချက်ချင်းဆိုသလိုပဲ သူ့နောက်ကျောကို ပိုးကောင်တွေနဲ့ ဖုံးအုပ်လာခဲ့သည်။


၎င်းမှာ ဝက်သတ်သလို အော်ဟစ်​နေပြီး သူ့နောက်ကျောက ပိုးကောင်တွေကို ဆွဲထုတ်ဖို့ ကြိုးစားနေ၏။ အဲဒီအချိန်မှာ ဖန့်ကျစ်က သူ့လက်ထဲမှာရှိတဲ့ မီးတုတ်အားလုံးကို ရုတ်တရက် ထုတ်ပစ်လိုက်ပြီး အားလုံးကို မီးညှိလိုက်ကာ ခုန်ချသွားတော့သည်။


အခင်းဖြစ်နေရာမှာ လှိမ့်လှဲပြီး ကောင်လေးအနားကို လဲကျသွားသည်။ အလောင်းစား ပိုး​ကောင်တွေက မီးကိုကြောက်တဲ့ အတွက် အားလုံး ဘေးသို့ ခွဲသွားကြ၏။ သို့သော် မီးတုတ်တွေက ရေရှည်မီးထိန်းနိုင်တဲ့ ကိရိယာတော့ မဟုတ်ပေ။ မီးတောက်က တဖြည်းဖြည်း သေးငယ်လာသည်။


ထိုစဥ် ဝူရှဲ့ ဖန့်ကျစ်အား လှမ်းအော်လိုက်သည်။


"ခင်ဗျားထဲမှာ ရှိသေးလား" 


အော်လိုက်ရင်း မီးတုတ်တစ်ချောင်းကို ရှာဖွေ ယူလိုက်သည်။ အားလုံးကို အန္တရာယ်ကြားက ကူညီပေးချင်စောဖြင့် ဖန့်ကျစ်ရဲ့ စံနမူနာအတိုင်း ခုန်ချလိုက်ပေမယ့် ကံမကောင်းစွာပဲ သူ့ခမျာ သိပ်မကျွမ်းကျင်တဲ့အတွက် ခွေးတစ်ကောင်လို ပြုတ်ကျသွားတော့သည်။


သူ့လက်ထဲက မီးဖိုက သူ့လက်ထဲက ပြုတ်ကျပြီး အလောင်းစား ပိုးကောင်ပုံထဲ ကျသွားသည်။ ထိုအခိုက် ဖန့်ကျစ်က 


"အဘိုးလေး.... မင်း ငါ့ကိုသတ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား?"


ဝူရီဲ့ ကမန်းကတန်း ထပြီး သူတို့ဘေးသိူ့ ပြေးသွားလိုက်သည်။ အလောင်းတွေက မီးလောင်မှာကို ကြောက်ကြတာကြောင့် ခဏကြာတဲ့အထိ မတိုက်ခိုက်ရဲတော့ချေ။ သို့သော် မီးက ပိုပိုမှောင်လာပြီး သူတို့ပတ်ဝန်းကျင်က အဝိုင်းဟာ သေးသေးလေး ဖြစ်သွားသည်။ ဝူရှဲ့တံတွေး မျိုချလိုက်ကာ သူတို့တော့ ဟင်းဖြစ်ပြီဟု တွေးလိုက်မိသည်။