(19)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (19)

အမျိုးသမီးအလောင်း



သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ အဲဒီအကြည့်တွေက ရှိသမျှ ဆံပင်တွေ အကုန်လုံးကို အဆုံးထိ ထောင်တက်သွားစေတဲ့အထိ သူ့ကို တည့်တည့် စိုက်ကြည့်နေသည်။ ဝူရှဲ့မှာ ခဏလောက် ဘယ်လိုတုံ့ပြန်ရမှန်း မသိဘဲ ဖြစ်သွားခဲ့သည်။ လက်ရှိ သူ့အနေအထားမှာ ဝက်အူချောင်းလို တွဲလောင်းကျနေပေမယ့် ပြေးဖို့ကလွဲပြီး ရွေးစရာ မရှိပေ။


သို့​ပေမယ့် ပြေးလို့ကလည်း မရလေရာ ဆုတောင်းရုံသာ ရှိတော့သည်။ လောလောဆယ်မှာ လွတ်မြောက်ဖို့ နည်းလမ်း ရှာရမှာပဲ ဖြစ်သည်။ ဆယ့်ငါးမိနစ်လောက် တွဲလျောင်းချခံထားရပြီး နောက်မှာတော့ သံချပ်ကာအောက်က အလောင်းရဲ့ မျက်လုံးတွေက မလှုပ်တော့ပေ။ ဒါပေမဲ့ ဒီလို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ခံနေရရင် ဘုရားတောင်မှ စိတ်မသက်မသာ ခံစားရလိမ့်မယ်။ 


အမြန်လွတ်မြောက်ဖို့ နည်းလမ်းကိုသာ တွေးနေလိုက်သည်။ သူ့ခေါင်းက တစ်ချိန်လုံး ဇောက်ထိုးငိုက်စိုက် ကျနေတာကြောင့် သူ့ဦးနှောက်ထဲ သွေးတွေ ဝင်လုမတတ် ဖြစ်နေပြီ။


ဝူရှဲ့ သူ့ခန္ဓာကိုယ်က အရမ်းနာနေတာကို ခံစားနေရတာကြောင့် ရှိသမျှ အားအင်တွေသုံးပြီး မော့ကြည့်လိုက်တော့ တွေ့လိုက်ရတာက သူ့တစ်ကိုယ်လုံး နီးပါး ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေခြင်းပင်။ သူ့ခြေထောက်တွေက နွယ်ပင်တွေထဲ နစ်မြုပ်နေတာကို လှည့်ကြည့်လိုက်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။


သူ့​မျက်စိထဲ မြင်နေရတာကတော့ သူ့လိုမျိုး ကြိုးဆွဲချထားတဲ့ အလောင်းကောင်တွေ မျိုးစုံရှိနေတဲ့ မြင်ကွင်းပင်။ အဆုံးမသတ်နိုင်ဘဲ အလောင်းတွေဟာ ရာနဲ့ချီပြီး သူမြင်ချင်တဲ့ မြင်ကွင်းမျိုး မဟုတ်တာတော့ သေချာလေ၏။ 


အလောင်းတွေက အနည်းဆုံး သောင်းနဲ့ချီပြီး ရှိမယ်လို့ ခန့်မှန်းရသည်။ အလောင်းတွေဟာ လေတိုက်လိုက်တိုင်း အရိုးများစွာနဲ့ ပွတ်တိုက်မိသံများဖြင့် လှုပ်ခါနေရာ အဲဒီခံစားချက်က သိပ်ကို အဆင်မပြေလှချေ။


အနီးကပ်ကြည့်လိုက်တော့ အထဲမှာ လူတချို့နဲ့ တိရိစ္ဆာန်တချို့တောင် ပါနေ၏။ ​​အများစုဟာ လုံးဝခြောက်သွားပြီ။ တချို့ကတော့ အရမ်းပုပ်နေပြီး လေထဲမှာ ရံဖန်ရံခါ နံစော်နေတဲ့ အနံ့တွေကို ထုတ်လွှတ်နေတာ တွေ့ရလေသည်။ ပြီးတော့ အရွယ်စုံ အလောင်းတွေကို ကိုက်ဖို့ ယင်ကောင်တွေလို အကောင်တွေကလည်း အလောင်းတွေပေါ်မှာ ပြည့်ကျပ်နေ၏။


ဖန့်ကျစ်ဆီက ရတဲ့ အထူးစွမ်းရည်ပါတဲ့ မျက်နှာသေရဲ့ သွေးတချို့ကို ယူပြီး သူ့​ခန္ဓာကိုယ်ပေါ် လိမ်းခဲ့လို့သာ မဟုတ်ရင် ဒီလောက် ကံကောင်းလိမ့်မည် မဟုတ်ပေ။ အဲဒီလိုလုပ်တာက အနည်းငယ် အကျင့်ပျက်သလို ဖြစ်သော်လည်း လက် ဒါမှမဟုတ် ခြေထောက်တွေ မရှိတော့တာထက်စာရင် အကျင့်ပျက်လိုက်တာက ပိုကောင်းပါသည်။


အဲဒီအချိန်မှာ သူ့လိုပဲ ဖက်တီးလည်း သူ့ခြေထောက်ကို တစ္ဆေလက် နွယ်ပင်က ဖမ်းဆုပ်ထားတာကို သတိရသွားပြီး ဖက်တီးအတွက် စိတ်မပူဘဲလည်း မနေနိုင်လိုက်ပေ။ တစ်ဖက်ကို လှမ်းကြည့်လိုက်တော့ သူ့ကို စပျစ်နွယ်ပင်တွေ အကုန်လုံးကို ဖုံးအုပ်ထားပြီ။ 


ဝူရှဲ့ သူ့တစ်ကိုယ်လုံးအနှံ့ လှည့်ပတ်ကြည့်မိပေမယ့် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးပဲ ရှာတွေ့လေသည်။ ဘာမှ အသုံးမဝင်တာ မတွေ့ရချေ။ ရုတ်တရက် ခြေဖဝါးပေါ်က နွယ်ပင်တွေ ပြေလျော့သွားကာ တစ်ကိုယ်လုံး ပြုတ်ကျသွားလေတော့သည်။ ထို့ကြောင့် ခေါင်းကိုကာကွယ်ဖို့ လက်ကို အမြန်သုံးလိုက်သည်။ 


မမျှော်လင့်ဘဲ ခဏလောက် ပြေလျော့သွားကာ ရပ်သွားပြန်သည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့မျက်နှာသည် အမျိုးသမီး အလောင်း၏ မျက်နှာနှင့် ထိလုနီးပါး ဖြစ်နေတယကို တွေ့လိုက်ရ​တော့သည်။ အောက်ဘက်မှာတော့ သူမပါးစပ်နဲ့ နီးနီးလေး ဖြစ်သွား၏။


ဝူရှဲ့ ထိတ်လန့်သွားတာ ပါးစပ်နဲ့ လည်ပင်းကို တတ်နိုင်သမျှ မြန်မြန် ကျုံ့ထားလိုက်မိသည်။ ထိုအခိုက်အတန့်တွင် ဘေးကို လှမ်းကြည့်လိုက်တော့ ချပ်ဝတ်တန်ဆာ အလောင်းရဲ့ ခါးဘေးနားက ဓားရှည်လေးကို ရုတ်တရက် တွေ့လိုက်ရ၏။


"ဒီက နတ်သမီးလေး.... ကျွန်တော့်ရဲ့ အခုအခြေအနေက ခင်ဗျား သူငယ်ချင်းဆီက ဓားကို ငှားခိုင်းဖို့ တွန်းအားပေးနေတယ်... ခင်ဗျား စိတ်မဆိုးဘူးမလား?" 


တွေးပြီးတာနဲ့ ခါးကိုလိမ်ပြီး ဓားကို လက်လှမ်းမှီဖို့ အစွမ်းကုန် ကြိုးစားရတော့သည်။ နှစ်ကြိမ်သုံးကြိမ်လောက် လှမ်းလိုက်ပြီးနောက် ရုတ်တရက် ခွန်အားတွေ ထွက်လာခဲ့သည်။ ဓားကို ဖမ်းမိသွားချိန် တစ်ခါတည်းပါ ဆောင့်ဆွဲပစ်လိုက်တော့သည်။ သို့သော် မဆွဲထုတ်ခဲ့ဘဲ သံချပ်ကာ အလောင်းရဲ့ ခါးပတ်ကို ဆုတ်ဖြဲပစ်လိုက်မိသည်။


'သေစမ်း!'


ဝူရှဲ့ ကြည့်လိုက်ပြီး ကြောက်လန့်သွားတော့သည်။ သူ ဘယ်လိုလုပ်များ တစ်စုံတစ်ယောက်ရဲ့ ဘောင်းဘီခါးပတ်ကို ဆွဲချွတ်မိသွားတာလဲ? 


ထို့နောက် ဓားကို အားပြင်းပြင်းနဲ့ အမြန် ဆွဲထုတ်လိုက်လေသည်။ ဓားအနားက အေးစက်တဲ့ အလင်းတန်း တစ်ခုကြောင့် ဓားကောင်းတစ်လက်ဆိုတာ သိလိုက်ရ၏။ မိုးနတ်မင်းကြီးအား သူ့ကို ကူညီတော်မူပါလို့ ရေရွတ်ပြီးတဲ့အခါ ခွန်အားတွေ အကုန်သုံးပြီး အ​ပေါ်ကို လှန်တက်ကယ စပျစ်နွယ်ပင်ကို ဓားတစ်ချောင်းတည်းနဲ့ ခုတ်ပစ်လိုက်သည်။


ထိုအချိန်တွင် စပျစ်နွယ်ပင်ကို ဖြတ်ဖို့ပဲ တွေး​နေမိပြီး အောက်ဘက်မှာ ဘာရှိလဲလို့ မတွေးခဲ့မိတော့ချေ။ ကျိုးပဲ့ပြီး လဲကျသွားတဲ့အခိုကိ နောင်တရဖို့ နောက်ကျသွားပြီ။ အချိန်ရဲ့ အပိုင်းအစလေး တစ်ခုပဲ ကျန်တော့တာကြောင့် သူ့တစ်ကိုယ်လုံး အမျိုးသမီး အလောင်းပေါ် ပစ်လဲကျသွားတော့သည်။


ရိုးသားစွာ ပြောရလျှင် ကံကောင်း ထောက်မစွာဖြင့် ပစ်ကျလာချိန်၌ ပြင်းပြင်းထန်ထန် မဖိမိဘဲ ခွန်အားကို ထိန်းထားနိုင်ခဲ့သည်။ မဟုတ်ပါက အလောင်းထဲမှ အညစ်အကြေးများကိုပင် ဖိမိသွားတော့မှာ ဖြစ်သည်။ သို့သော် အာရုံစူးစိုက်မှုသည် အလွန်ကြီးမားလှသည်။ 


မိန်းမအလောင်းနဲ့ ခပ်ခွာခွာ နေဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် သူ့မျက်နှာတစ်ခုလုံး သူမ မျက်နှာမှာ ကပ်နေပြီ။ အေးစက်နေတဲ့ သူ့ကိုယ်ပေါ်ရှိ အမွေးတွေအကုန် ထောင်တက်သွားလေသည်။ ရုတ်တရက် သူမလျှာက ပါးစပ်ကနေ ထွက်လာပြီး သူ့လည်ချောင်းထဲကို တိုက်ရိုက်ထိုးသွင်းပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ အဆုတ်တွေကို စုပ်ထုတ်နိုင်မလားလို့ တွေးရင်း ကြောက်လန့်သွားမိသည်။ 


ဒါကို တွေးကြည့်မိတဲ့အခါ ကံကောင်းထောက်မစွာနဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေခဲ့သည်။ ဒီသရဲတစ္ဆေမက တော်တော် ကြည့်ကောင်းပေမယ့် တစ္ဆေအထီး ဖြစ်​​နေရင်တော့ ရွံ့စရာကောင်းမှာ သေချာသွားပြီ။


ဒါပေမဲ့ သူအကြာကြီး ရပ်နေခဲ့တာတောင် လျှာကထွက်မလာခဲ့ဘူး။ နောက်ဆုံးတော့ ကံကောင်းတယ်လို့ ထင်ပြီး ကျိုးကြောင်း ဆီလျော်တဲ့ အလောင်းပိုင်ရှင် တစ်ယောက်နဲ့ တွေ့ပြီလို့ တွေးမိကာ သူ့​ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ထွက်ပြေးချင်ပေမယ့် လမ်းတစ်ဝက်မှာပဲ အလောင်းရဲ့လက်က မြှောက်လာ၏။ 


ရုတ်​တရက်​ ​မွှေး​ပျံ့​သော ​လေပြင်း​ကြောင့်​ ​မိန်းကလေးရဲ့ လက်​နှစ်​ဖက်​က ရုတ်​တရက်​ သူ့​ပုခုံး​ပေါ်ကို တင်​လိုက်​​တော့သည်​။ ဝူရှဲ့ ထိတ်​လန့်​သွားပြီး တစ်​ကိုယ်​လုံး ​ကြောက်​​စိတ်တွေကြောင့် တုန်နေမိ၏။ ထိုအခိုက် ဝူရှဲ့ဘေးက အလောင်းဆီက တုန်လှုပ်ခြောက်ခြားစရာ အသံတစ်ခုကြားလိုက်ရလေသည်။


“အစ်ကိုကြီး.... အခုထွက်သွားခွင့် မပြုတာက မင်းမိန်းမနော်.... ငါနဲ့လိုက်လာအောင် လု​ပ်နေတာ မဟုတ်ဘူး.... သူမ အမှားပဲ!"


လှည့်ကြည့်လိုက်တော့ သူ ပြုတ်ကျလာတုန်းက သူမခါးပတ်ကို ဆွဲဖြုတ်လိုက်မိသလို ဆက်စပ်နေတဲ့ ချပ်ဝတ်တန်ဆာ အပိုင်းအစ ပြုတ်ကျသွားတာကို တွေ့လိုက်ရသည်။ သက်ပြင်းတစ်ချက်ကို မထိန်းနိုင်ဘဲ ရှိုက်လိုက်မိသည်။


ကံကောင်းချင်တော့ အခု အလောင်းက အမျိုးသမီးအလောင်း တစ်လောင်းတည်း ရှိနေခဲ့တာ မဟုတ်ချေ။ မဟုတ်ရင်တော့ သူ့ဘောင်းဘီတွေ စိုသွားနိုင်သည်။


ရှေ့မတိုးသာ နောက်မဆုတ်သာ အ​ခြေအနေက ဆယ်စက္ကန့်ကျော် ကြာသွားပြီး သူမနောက်ထပ် မလှုပ်မယှက် ဖြစ်သွားတာကို မြင်လိုက်ရတော့မှ သူမလက်မောင်း အောက်ကနေ ဝူရှဲ့ သူ့ခေါင်းကို ခိုးထုတ်လိုက်ချင်မိသည်။ သို့ပေမဲ့ သူ လှုပ်လိုက်တာနဲ့ သူမလက်က သူ့လည်ပင်းပေါ် ပိုတင်းကျပ်သွား၏။


သူရှေ့ကို တိုးသွားတော့ သူမကလည်း ရှေ့ကို ရွေ့သွားပြီး နောက်ကို ပြန်ရွှေ့လိုက်တော့ သူမက ထိုအတိုင်း လှုပ်ရှားလေသည်။ ဝူရှဲ့နှလုံးက တစ်ချက် ဆောင့်ခုန်သွားကာ ရုတ်တရက် လည်ပင်းကို မြှောက်လိုက်တော့သည်။ သူ့နှလုံးကတော့ မင်းနဲ့ ဝေးရာကို ထွက်သွားတော့မယ်လို့ ပြောနေသယောင် အင်မတန် ခုန်ပေါက်နေ၏။


သူ လှိမ့်ထွက်သွားပေမယ့် သူမလက်က ဒီလောက် တင်းတင်းကျပ်ကျပ် ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ခေါင်းကို မြှောက်လိုက်ချိန် သူမကို ထထိုင်ဖို့ ဆွဲထူလိုက်သလို ဖြစ်သွားသည်။ ထိတ်လန့် တုန်လှုပ်နေခိုက် အမျိုးသမီးအလောင်း၏ ပါးစပ်က ပွင့်သွားပြီး ပါးစပ်ထဲက အရာတစ်ခုကို ထုတ်ဖော် ပြသလာ​တော့သည်။