(32)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (32)

ချီးမန်သွမ့်ကျာ



ထိုကြီးမားသော ရုပ်သွင်ရဲ့ အရပ်အမြင့်မှာ ကျောက်တုံး ကျောက်စာတိုင်နှင့် တူညီနီးပါးပင်။ ဦးခေါင်းနှင့် လည်ပင်းပါရှိတာကိုတောင် ယောင်ဝါးဝါး မြင်တွေ့နေရသည်။ တစ်ဖက်က အရိပ်ဟာ လူသားတစ်ဦးနှင့် မတူပေ။ ထိုနေရာတွင် သူရပ်နေပုံက ဖော်မပြနိုင်လောက်အောင် ထူးဆန်းပြီး လူတွေကို ထိတ်လန့်စေသည်။


ဝမ်ကျင်မှာ အေးစက်သော ချွေးများ ထွက်ကျလာသည်။ သူတို့အုပ်စုက ကျောက်လှေကားနှင့် ရေကန်အောက်ခြေ လမ်းဆုံတွင် ရပ်နေကြပြီး ဧရာမ လူရိပ်​​ကြီးနှင့် ငါးလှမ်း​လောက်သာ ဝေး​တော့၏။ ရေကန် အောက်ခြေတွင် မြူခိုးများ လျှံထွက်နေပြီး အလင်းရောင်မှာလည်း အားနည်းသော ဓာတ်မီးအလင်း အနည်းငယ်သာ ရှိသည်။ 


တစ်ဖက်က အရာဟာ လူလား ဒါမှမဟုတ် တစ္ဆေလားဆိုတာ မပြောနိုင်ပေ။ ဒါပေမဲ့ ခုနက ဒီမှာ လူတွေအများကြီး ရှိနေသလို အတွင်းအပြင်ကို လိုက်ရှာကြဖူးသည်။ အလယ်မှာ ကျောက်မျောက်လေးကောင်နဲ့ စာမရေးထားတဲ့ ကျောက်​ပြားကလွဲလို့ ၁၀ မီတာအကွာ ရေကန်အောက်ခြေမှာ ဧရာမလူ ဘယ်တုန်းက ပေါ်လာတာလဲ ဘယ်သူမှ မသိလိုက်ပေ။


ဒါပေမဲ့ အဲဒါကို ကျန်းချီလင်ကတောင် လုံးဝသတိမထားမိဘဲ ဖြစ်နေအောင် သူဘာတွေ လေ့လာနေမှန်း မသိဘဲ ကျောက်ပြားကို စေ့စေ့ကြည့်နေတုန်းပင်။ ဝမ်ကျင်မှာ မုန်းတီးမှုဖြင့် အံကြိတ်ထားသော်လည်း သူမသည် ခေါင်းဆောင်ဖြစ်တာမို့ ကျန်းချီလင်ကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ ယခုအခါတွင် သူမတွင် တန်ပြန် လှုပ်ရှားနိုင်မှုများ မရှိ​သေးသဖြင့် သူမနောက်ကွယ်က လူများကို မလှုပ်ရှားဖို့ ပြောထားရသည်။


ငါးမိနစ် သို့မဟုတ် ခြောက်မိနစ် ကြာတဲ့အထိ ဧရာမအရိပ်သည် ဘာကိုမှ လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိသလို မြူခိုးများနောက်တွင် ပုန်းနေခဲ့သည်။


ထိုအချိန်တွင် ဟော့လင်က သည်းမခံနိုင်တော့ဘဲ တိုးတိုးလေး အော်လိုက်သည်။


"ရှောင်ကျန်း... နင်အဲဒီမှာ ဘာထိုင်လုပ်နေတာလဲ? ငါတို့ဆီ မြန်မြန်လာတော့လေ"


ဝမ်ကျင် ထိတ်လန့်သွားပြီး သူမကို အမြန်တားလိုက်သည်။ ကျန်းချီလင်က ထိုအရာနှင့် နီးကပ်လွန်းနေပါ​ပြီ။ အခြေအနေ ပြောင်းသွားတာနဲ့ တခဏအတွင်း လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ အကောင်းဆုံး နည်းလမ်းမှာ လက်ရှိအနေအထားကို ထိန်းသိမ်းထားရန်သာ ဖြစ်သည်။


ဝမ်ကျင်မှာ အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာ လေ့လာ​နေခဲ့သည်။ ရှေးဟောင်း ဂူသင်္ချိုင်းများတွင် အန္တရာယ်များသော အရာများစွာ ရှိနေသော်လည်း ကြုံတွေ့နေရသည့် အရာများကို သိနေသရွေ့ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် သဘာဝကျကျ ရှိနေမှာပဲ ဖြစ်သည်။ အခုက တစ်ဖက်အရာကို မထိမိသေး၍ သဲလွန်စများလည်း မရှင်းမလင်း ဖြစ်နေသည်။


အနည်းငယ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ဝမ်ကျင်သည် ဤရှေးဟောင်း ဂူသင်္ချိုင်းရဲ့ တည်နေရာဟာ အလွန်ကောင်းမွန်သောကြောင့် ဤနေရာ၌ ဖုတ်​ကောင်များ မရှိနိုင်ဘူးဟု ခံစားခဲ့ရသည်။ ရှီးရှားကျွန်းစုများသည် လူသားတွေဆီမှ အနှောက်အယှက် အနည်းငယ်သာ ရရှိခဲ့သည်မှာ နှစ်ရာနဲ့ချီရှိနေပြီ ဖြစ်ပြီး ပင်လယ်ပေါ်တွင် အစက်ချထားသည့် ပုံသဏ္ဍာန်ရှိသော ကျွန်းများနှင့် သန္တာကျောက်တန်းများ၊ ပင်လယ်အောက်တွင်လည်း ၎င်းတို့သည် ဟေတီတောင်တန်းများနှင့် မြစ်များကို စဉ်ဆက်မပြတ် ကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ထားသည်။ 


တောင်များနှင့် မြစ်များသည် ပင်လယ်အောက်တွင် ဝှက်ထားရင်း လေကိုစုဆောင်းကာ အာဟာရရှိသော ချီကို မွေးထုတ်ကြ၏။ အရှေ့ဘက်တွင် နဂါးခေါင်းတစ်လုံး ရှိပြီး အနောက်ဘက်တွင် နဂါးအမြီးရှိသည်။ ၎င်းသည် အလွန်ရှားပါးသော ရေအောက် နဂါးသွေးပြန်ကြော ဖြစ်သည်။ နဂါးသည် ရေကိုဦးစွာ ပိုင်ဆိုင်ပြီး ကောင်းကင်သို့ ပျံတက်နိုင်သောကြောင့် ရေနဂါးရဲ့ ဖုန်းရွှေ ဆိုလျှင် တောင်နဂါးထက် အနည်းငယ် မြင့်သည်။


ဒီလိုနေရာမျိုးမှာ ခေါင်းတလားရှိရင် တကယ့်တရားဝင် ချမ်းသာတဲ့သူပဲ ဖြစ်ရမယ်။ အထူးသဖြင့် ဝမ်ကျန့်ဟိုင်ကို ဒီရှေးဟောင်း ဂူသင်္ချိုင်းမှာ တကယ်မြှုပ်နှံထားတယ် ဆိုရင် သူ့နာမည်က ရေဓာတ်ငါးပါးပါပြီး တစ်ခုစီကို ဖြည့်စွမ်းပေးမယ့်သူပဲ ဖြစ်လိမ့်မယ်။ ပင်လယ်ရေအောက် ဂူသင်္ချိုင်းများ ကြားတွင်ပင် ၎င်းသည် ဖုန်းရွှေဟုခေါ်သော ကောင်းကင်၊ မြေကြီးနှင့် လူများအားလုံးကို သိမ်းပိုက်ထားနိုင်တဲ့ လူလို့ ဆိုနိုင်သည်။


ဒါ့ကြောင့် ဖုန်းရွှေစာအုပ်များသာ အဓိပ္ပာယ် မရှိလျှင် ဤနေရာတွင် ဖုတ်ကောင်များလည်း ရှိမည် မဟုတ်ပေ။ ဝမ်ကျင်လည်း ဒါကို တွေးမိပြီး စိတ်သက်သာရာ ရသွားသည်။ ဖုတ်ကောင် မဟုတ်၊ လူ မဟုတ်ဘူးဆိုရင် တိရိစ္ဆာန်ပဲ ဖြစ်ရမယ်။ သက်ရှိသတ္တဝါ ဖြစ်သရွေ့ ဒီမှာလူတွေ အများကြီး ရှိနေတာမို့ သူ့အရပ် နှစ်မီတာ မပြောနဲ့ သုံးမီတာအထိ ရှည်နေတာက​တော့ သိပ်မဟုတ်သလိုပဲ။ 


ထိုအချိန်တွင် ယောက်ျားလေး တစ်ယောက်က ပြောလာ၏။ 


"ဝမ်ကျင် တစ်ခုခုတော့ မှားနေသလိုပဲ.. အဲဒီနေရာမှာ ကျောက်မျောက်ရုပ် ရှိနေခဲ့တာလို့ ငါ မှတ်မိတယ်... ကျောက်မျောက်ထိပ်မှာ တစ်ခုခု ရပ်နေတာများ ဖြစ်နိုင်လား?"


ဝမ်ကျင် နှလုံးတစ်ချက် ခုန်သွားပြီး ရုတ်တရက် တွေးလိုက်မိတာက ဦးလေးသုံး နိုးလာပြီး သူတို့နောက်ကို လိုက်လာတာ ဖြစ်နိုင်တယ်သည်ဟု။ သူ့အမိန့်ကို မနာခံတဲ့အတွက် သူတို့ကို အပြစ်တင် ခြောက်လန့်ဖို့ မြူခိုးတွေကြားက ​ကျောက်မျောက်ပေါ် တက်ထိုင်နေတာ ဖြစ်နိုင်လေသည်။ 


တွေးကြည့်ရင် ဒါက ဖြစ်နိုင်ခြေအရှိဆုံး ရှင်းပြချက် တစ်ခုလို့ ဝမ်ကျင် ခံစားမိနေပြီ။ အဲဒါကို တွေးရင်းနဲ့ သူမက လှမ်းအော်လိုက်သည်။ 


"ဝူစန်းရှန်! မကစားနဲ့တော့ ဆင်းလာခဲ့!"


တစ်ဖက်လူက ဦးလေးသုံးသာဆိုရင် သူမရဲ့ ဒီလိုဟောက်သံတွေ ကြားတာနဲ့ စိတ်ဆိုးနေပြီဆိုတာ အသေအချာ သိမှာမို့ ဆက်ထိန်းထားဖို့ မလိုလောက်သလို ဦးလေးသုံးက စိတ်သဘောထား ပွင့်လင်းသူမို့ ဒီလိုအသေးအဖွဲ့ ကိစ္စလေးအတွက် စိတ်ကောက်နေဖို့ လုံးဝ စိတ်မ၀င်စားလောက်ချေ။ 


စကားမဆုံးခင်မှာ အရိပ်က ရုတ်တရက် လက်ကို ဆန့်တန်းပြီး စကားမ​ပြောဖို့ အချက်ပြ​​နေသလိုပဲ သူတို့ကို လက်ဝှေ့ယမ်းပြလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။


ဝမ်ကျင် ထိုရုပ်သွင်ကို မြင်သောအခါ သူ့လက်အရှည်သည် သူ့အရပ်က မလျော်ညီတော့သလို ခံစားလာရသည်။ သေချာသည်မှာ ကျောက်တုံးမျောက်ထိပ်တွင် တစ်ယောက်ယောက်က ရပ်နေပြီ။ မစဉ်းစား​နေဘဲ သူမသည် သူမရဲ့ ဦးလေးသုံးဖြ​စ်ကြောင်း ကောက်ချက်ချခဲ့သည်။ သူမက ဒေါသတကြီးဖြင့် ခြေထောက်ကို ရိုက်ဖို့ ပြေးသွားခဲ့သည်။ သူမက ကျောက်မျောက်ရုပ်နားကို ခုန်တက်ပြီး နားရွက်ကို လှမ်းဆွဲလိုက်၏။


သူမက ဦးလေးသုံးနဲ့ ရန်ဖြစ်ဖို့ ဆုံးဖြတ်ထားပြီ။ ဒါက သူမရဲ့ နောက်ဆုံးအားကိုးရာ ဖြစ်သည်။ သူတို့ ရန်မဖြစ်ဖို့ သဘောတူထားသော်လည်း ဝမ်ကျင် အလွန် ဒေါသထွက်နေသရွေ့ ဦးလေးသုံးရဲ့ နားရွက်ကို ဆွဲကာ သူမ အလွန်ဒေါသထွက်နေပြီ ဖြစ်ကြောင်း သိစေနိုင်သည်။ များသောအားဖြင့် ဒီလိုအခြေအနေမျိုး ကြုံရတဲ့အခါ ဦးလေးသုံးမှာ ကျားသစ်ရဲရင့်တဲ့ သတ္တိရှိရင်တောင် နောက်တစ်ကြိမ် ရူးရူးမိုက်မိုက် ပြုမူဝံ့မှာ မဟုတ်တော့ပေ။ 


အချိန်နှောင်းသွားပေမယ့် သိပ်မကြာခင်မှာပဲ ကျောက်မျောက်ပေါ် ခုန်တက်ပြီးတာနဲ့ မလှုပ်နိုင်ခင်မှာ ကျောက်မျောက်ရုပ်ပေါ်က အမျိုးသားက သူမပါးစပ်ကို လက်တစ်ဖက်နဲ့ အုပ်ပြီး တိုးတိုးလေး ပြောလာသည်။ 


"ငါ ရှောင်ကျန်း! စကားမ​ပြော​နဲ့ ​အောက်​ကိုကြည့်​လိုက်​​"


ဝမ်ကျင် ဒေါသထွက်နေပြီ ဖြစ်သော်လည်း ထိုအသံကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်သွားပြီး မထိန်းနိုင်ဘဲ တုန်လှုပ်သွားမိသည်။ ဒါက ကျန်းချီလင်ရဲ့ အသံပဲ။ သူက ကျောက်တုံးမျောက်ရုပ်ပေါ်မှာ ဘာကြောင့် ရပ်နေတာလဲ။


ထို့နောက် သူမသည် အ​စောက အကြောင်းကို တွေးပြီး အေးစက်သော ချွေးများ ရုတ်တရက် ထွက်လာခဲ့၏။


မဟုတ်သေးဘူး။ ဒီလိုဆိုရင် ကျောက်တိုင်ရှေ့မှာ ဘယ်သူ ထိုင်နေတာလဲ?


ထိုမြင်ကွင်းကို သူမ ချက်ချင်း ပြန်သတိရလိုက်မိသည်။ ယခုအချိန်တွင် လက်ထဲတွင် ဓာတ်မီးကိုင်ထားသည့် ကျောက်တုံးကြီးရှေ့တွင် ငုတ်တုတ်ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒီလောက်လူတွေ အများကြီးထဲမှာ ကျန်းချီလင် တစ်ဦးတည်းသာ ပျောက်ဆုံးနေသောကြောင့် ကျန်းချီလင် ဖြစ်နိုင်ကြောင်း ချက်ချင်း စီရင်ချက်ချလိုက်တာ ဖြစ်ပေ၏။ 


ဒါကို တွေးရင်း ခေါင်းညိတ်ပြီး ကြည့်လိုက်တော့ ကျောက်ပြား ရှေ့မှာ ထိုင်ချလိုက်တဲ့ ရေငုပ်ဝတ်စုံ ဝတ်ထားတဲ့ လူကို မြင်လိုက်ရတော့ သူမ အံ့ဩသွားတော့သည်။ 


ဦးလေးသုံးပဲ!


ဒါ့ပြင် ဦးလေးသုံးရဲ့ ပုံစံမှာ တစ်ခုခု မှားနေသည်။ သူဘာတွေ လုပ်နေလဲဆိုတာ ဝမ်ကျင် ပထမတော့ နားမလည်ပေ။ အနီးကပ် ကြည့်လိုက်တော့ သူက မှန်တစ်ချပ်လို ချောမွတ်တဲ့ ကျောက်တုံးကြီးရှေ့မှာ ဆံပင်တွေကို ဖြီးနေတာတွေ့လိုက်ရ၏။ လူကို ထိတ်လန့်စေခဲ့တာကတော့ သူ့ရဲ့ လှုပ်လှုပ်ရွရွ လှုပ်ရှားမှုတွေဟာ အမျိုးသမီး တစ်ယောက်လို လုပ်ဆောင်နေတာ ထင်ရှားနေလို့ပင်။


ဦးလေးသုံးသည် ဆံပင်ကို ခဏဖြီးပြီးနောက် မှန်တင်ခုံမှ ထွက်မသွားသေးသော မိန်းကလေးတစ်ယောက် ကဲ့သို့ပင် မျက်နှာကို လှည့်ကာ နောက်ဆုံးပြင်ဆင်မှုကို ကြည့်​နေသည်။


ကျောက်မှန်ပေါ်ရှိ ဦးလေးသုံးရဲ့ မျက်နှာက ပြုံးနေပုံ​ပေါ်သော်လည်း ပြုံးမနေပေ။ ဒီလိုမြင်ကွင်းမျိုးက ပုံမှန်ဆိုရင် ရယ်စရာဖြစ်မှာ သေချာပေမယ့် အခုအချိန်မှာတော့ ဝမ်ကျင်မှာ သူမလက်တွေ ခြေတွေ အေးစက်နေတာကိုပဲ ခံစားလိုက်ရပြီး ဒေါသကိုတောင် ထုတ်မပြရဲတော့ချေ။ 


ကျောက်တုံးမျောက်ပေါ်မှ လူနှစ်ဦးသည် အချင်းချင်း တွဲကာ မလှုပ်မယှက် ဖြစ်နေကြတာကို အောက်မှလူများက မြင်လိုက်ကြရာ ဦးလေးသုံးက သရဲတစ္ဆေ ဟန်ဆောင်ထားတယ်လို့ ထင်ကာ သက်ပြင်းကို ချလိုက်ကြသည်။ ဟော့လင်မှာ ကျန်းချီလင်ကို စိတ်ပူနေတာကြောင့် ကျောက်​ပြားရှေ့က လူဆီကို ရုတ်တရက် ပြေးတက်လာပြီး ပခုံးပေါ် တစ်ချက် ရိုက်ကာ။


"ရှောင်ကျန်း နင်ဘာတွေ ရှုပ်နေတာလဲ?"


ဒါကိုလူတိုင်း မထင်မှတ်ထားချေ။ ကျန်းချီလင် တိတ်တဆိတ် အော်လိုက်ပေမယ့် သူမကိုတားဖို့ အချိန်နှောင်းသွားပြီ။ ကျောက်တုံးကြီးရှေ့က လူဟာ ရုတ်တရက် ထရပ်လိုက်တာကြောင့် ဟော့လင်မှာကြောက်လန့်ပြီး အော်လိုက်ပေမယ့် သူမက အဲဒီမှာ ရပ်နေတဲ့လူက ဦးလေးသုံး ဖြစ်နေတာကို တွေ့လိုက်ရတော့ ကြောက်စိတ်မှ ဒေါသအဖြစ် ပြောင်းလဲကာ ကျိန်ဆဲလိုက်တော့သည်။


"ဝူစန်းရှန်.... နင်ကိုး! နင်ကောင်းကောင်း အိပ်မနေဘဲ ထလာပြီး ဘာလုပ်တာလဲ?"


ဦးလေးသုံးက ဟော့လင်ကို တွေ့သောအခါ ရုတ်တရက် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ထူးထူးခြားခြား အော်ဟစ်လိုက်ပြီး သူမကို ပြင်းထန်စွာ တွန်းထုတ်ပစ်သည်။ ဟော့လင်ကို မြေပြင်ပေါ်သို့ တွန်းချပြီးနောက် သူက လှည့်ထွက်ကာ ထွက်ပြေးသွားခဲ့သည်။ ကျန်းချီလင်လည်း တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတော့ ချက်ချင်း ခုန်ချလိုက်သည်။ 


ကျောက်မျောက်ရုပ်ပေါ်က ပြေးဆင်းလာတဲ့ သူ့အရှိန်က အရမ်းမြန်ပေမယ့် ဟော့လင်အနားက ဖြတ်သွားတဲ့ အခါမှာတော့ သူမ ဒဏ်ရာရမရကိုသိဖို့ ခဏရပ်လိုက်၏။ ဒီအခိုက်အတန့်လေးမှာ အခြေအနေကို ပျက်ပြားသွားစေခဲ့သည်။ ဟော့လင်ဟာ ကျန်းချီလင်ကို မြင်တော့ သူမ မြေပြင်ပေါ် လဲကျသွားတာကို မြင်လို့ ပြေးလာတယ်ထင်ကာ သူမ စိတ်ထဲမှာ နွေးနွေးထွေးထွေး ဖြစ်သွားပြီး မနေနိုင်ဘဲ ပွေ့ဖက်လိုက်သည်။


ကျန်းချီလင် သူ့စိတ်ထဲတွင် သက်ပြင်းကို မချနိုင်ဘဲ စက္ကန့်အနည်းငယ်မျှ နှောင့်နှေးနေခြင်းသည် သူ့အတွက် အခွင့်အရေး အားလုံးကို ဆုံးရှုံးသွားလောက်အောင် ဖြစ်သွား၏။ ဒါကြောင့် သူမ လက်မောင်းအောက်မှ လှိမ့်ထွက်လာခဲ့သည်။ ဦးလေးသုံးအား နောက်တစ်ကြိမ် ထပ်ကြည့်သောအခါတွင် သူက ထွက်ပြေးသွားပြီ ဖြစ်သည်။ မြူခိုးထူထူ အရိပ်ကို ကြည့်လိုက်တော့ သူသည် ရေကန်နံရံ အနားသို့ ပြေးလုနီးပါးပင် ဖြစ်နေပြီ။ 


"ကျောက်လှေကားထစ်တွေကို ကြည့်ထား! သူ့ကို မတက်သွားစေနဲ့!" 


ကျန်းချီလင်က အော်ပြောပြီး ဦးလေးသုံး နောက်ကို လိုက်သွားခဲ့သည်။ အဲဒီအချိန်မှာ သူ့ရှေ့မှာရှိတဲ့ ဦးလေးသုံးက ရုတ်တရတ် လှည့်ကြည့်လာတာကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူက နံရံကို ဖြတ်သွားသလိုပင်။ မြူများက အလွန်ထူထပ်တာကြောင့် ဖြစ်စဉ်ကို သေချာ မမြင်ရပေ။


ကျန်းချီလင် ​ရေကန်ရဲ့ အနားအထိ လိုက်သွားပေမယ့် ဘယ်သူမှ မရှိတာကြောင့် ဘရိတ်အုပ်ပြီး ရပ်လိုက်ရ၏။ ဦးလေးသုံး တံတိုင်းထဲ ဒီအတိုင်း ၀င်သွားတာကို သူမယုံနိုင်ခဲ့ပေ။ သူသည် အရာရာ၌ ရုပ်ဝါဒအကြောင်း ပြောနေသည့် ရှေးရိုးစွဲပုံစံ မဟုတ်သော်လည်း ဒီမြင်ကွင်းက မယုံနိုင်လောက်အောင်ပင် ဖြစ်နေကာ အထဲတွင် မျှားခေါ်နိုင်တဲ့ အရာတစ်ခု ရှိနေရပေမည်။


ခဏလောက် နေပြီးတော့ ကျောက်နံရံကို လက်နဲ့ထိလိုက်ချိန် ကျောက်နံရံက တကယ့်အစစ်အမှန် ဖြစ်နေတာ တွေ့ရသည်။ ကျန်းချီလင်ဟာ ဒီကမ္ဘာကြီးမှာ နံရံကို ထိုးဖောက်သွားနိုင်တဲ့ ထူးဆန်းမှုမျိုး ရှိနေမယ်လို့ မယုံပါ။ သူက လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ ကျောက်နံရံကို ဖိချလိုက်သည်။ ခဏမှာပင် သူ့လက်ချောင်းများက ကျောက်နံရံအတွင်း အလွန်နှေးကွေးစွာ လှည့်နေတာကို ချက်ချင်း ခံစားလိုက်ရ၏။


သူ့​ခေါင်း​တွေ ချက်​ချင်း တုန်​ခါ​သွား​ပြီတော့ ထိတ်လန့်သွားသည်။ သွားပြီ။ ဒီရေကန်က တကယ်တော့ ကြီးမားတဲ့ ယန္တရား​​ကြီး တစ်ခုပဲ။


ဒါက ရှေးခေတ် လက်မှုပညာရှင်တွေရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဖန်တီးမှုကို ခံစားလာရသည်။ မိမိရဲ ကိုယ်ပိုင်အတွေ့အကြုံဟာ ဤသင်္ချိုင်းပိုင်ရှင်ရှေ့တွင် ကလေးဆန်သော အတွေ့အကြုံဟု ခေါ်ရမလိုတောင် ​ဖြစ်လာ၏။ 


ဒါပေမဲ့ အဲဒီလက်မှု ပညာရှင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မိနစ်အနည်းငယ်ကြာ သူတို့ဆင်းလာပြီးနေုက် ရေကန်အောက်ခြေမှာ ဘာမှပြောင်းလဲသွားပုံ မပေါ်ဘူး။ ဒီကံကောင်းတဲ့ ဝမ်ကျန့်ဟိုင်က သူ့သင်္ချိုင်းကို လှည့်ပတ်နေတဲ့ စားသောက်ဆိုင်လို ဆောက်ချင်ခဲ့တာတော့ မဟုတ်ဘူးမလား။


ကျန်းချီလင် ထောင်ချောက်များ၏ အခြေခံသဘောတရားများကို စိမ်းသူတစ်ယောက် မဟုတ်ပေ။ သူ့စကားအရ သူသည် ကမ္ဘာပေါ်ရှိ ဘယ်ရှေးခေတ်တရုတ် ဂူသင်္ချိုင်းတွင်းက ထောင်ချောက်များကိုမဆို အားလုံးထက် ပို၍သိသည်။ သူသည် ယန္တရားနဲ့ ပတ်သက်လျှင် အခြေခံများ၊ မူလအစ၊ ချို့ယွင်းချက်များနှင့် ယန္တရား ထောင်ချောက်များ၏ တီထွင်မှုများကိုပင် ကောင်းကောင်းသိသူ ဖြစ်သည်။ 


သူ့ရဲ့ အတွေ့အကြုံအရ ဤယန္တရားသည် အရိုးရှင်းဆုံး အခြေခံမူများပေါ် တည်ဆောက်ထားတာ ဖြစ်​လေသည်။ လိမ္မာပါးနပ်သော စပရိန်လို ယန္တရားများနှင့် သစ်သားမြှားတံများ စတာတွေဟာ ပစ္စည်း ဘယ်လောက်ပဲ ကောင်းနေပါစေ နှစ်ပေါင်းရာနှင့်ချီ၍ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ၎င်းတို့ကို ပစ်ခတ်ရန်အသုံးပြုသည့် ယန္တရားများမှာ ပုပ်ပွသွားပြီး အသုံးမပြုနိုင်တော့ကြောင်း သူသိသောကြောင့် ဖြစ်သည်။ ဂူသင်္ချိုင်း​ဖောက်သူများကို တားဆီးနိုင်သော အရာမှာ သင်္ချိုင်းနံရံ အပြင်ဘက်က အရိုးရှင်းဆုံးသော သဲအလွှာများသာ ဖြစ်ချေ၏။ 


(သင်္ချိုင်း​ဖောက်သူများသည် သဲအလွှာကို တူးပြီးနောက် သဲနုန်း အများအပြား ပြိုကျပြီး သင်္ချိုင်းဖောက်သူကို အသက်ရှုကြပ်စေမည့် အရိုးရှင်းဆုံးသော အရာက သဲလွှာ ဖြစ်သည်။ ယခုခေတ်တွင် သင်္ချိုင်းဖောက်သူများမှာ လော်ရန်ဂေါ်ပြားထဲက သဲကိုအခြေခံ၍ ရှေးဟောင်း ဂူသင်္ချိုင်း၏ တည်နေရာအမှန်ကို ဆုံးဖြတ်ပြီး သင်္ချိုင်းထိပ်မှ အပြာရောင် အုတ်ဆယ့်နှစ်လွှာကို တိုက်ရိုက် ဖြတ်သန်း တူးထုတ်သွားမှာ ဖြစ်သည်။)


ယန္တရားတစ်ခုကို နှစ်ပေါင်းရာနှင့်ချီ၍ လည်ပတ်နိုင်စေရန် အတွက် နှစ်ရာနှင့်ချီ မဆွေးမြေ့ မပျက်စီးနိုင်သော ပစ္စည်းများဖြစ်သည့် ကျောက်တုံးများနှင့် လည်ပတ်နိုင်သော ရေများကို ပြုလုပ်ထားရလိမ့်မည်။ ဤအရာများ အားလုံးကို ဒီနေရာမှာ ရရှိနိုင်ပြီး ရေသည်လည်း ဒီရေပြောင်းလဲမှုအရ စွမ်းအားတစ်မျိုးကို ပေးစွမ်းနိုင်သောကြောင့် အသုံးပြုရတာ ပိုမိုအဆင်ပြေစေ၏။


အကယ်၍ သင်္ချိုင်းပိုင်ရှင် ဝမ်ကျန့်ဟိုင် သာဆိုလျှင် ထိုလူသည် ညစ်ညမ်းသော ကျွမ်းကျင်မှု နည်းစနစ်များကို စွဲလမ်းတတ်ပြီး ၎င်းတို့အပေါ် အသုံးချနိုင်စွမ်းကို ဖြတ်ကာ အသွင်ပြောင်းသည့် အခြေအနေသို့ ရောက်ရှိသွားပေပြီ။ ဒီလိုသာဆို ကမ္ဘာပေါ်က ဘယ်သူမှ သူ့ကို မကျော်လွန်နိုင်တော့မှာ စိုးရိမ်ရသည်။


ကျန်းချီလင် တွေးနေရင်းနဲ့ တခြားနေရာက ကျောက်နံရံကို ထိသွားသည်။ ဒီနံရံမှာ ဝင်ပေါက်တစ်ခု ရှိရမယ်လို့ သူ့စိတ်ထဲမှာ မရေမတွက်နိုင်အောင် စိတ်ကူးထားပြီးသားပါ။ သူတုံ့ဆိုင်းသွားချိန်မှာ ဝင်ပေါက်က ရွေ့နေပြီလို့ ခံစားလိုက်ရသည်။ လမ်းတစ်လျှောက် ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းပြီးခါမှ လျှို့ဝှက်တံခါးကို တွေ့လိုက်သည်။


ဝင်ပေါက်က ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။ ကျန်းချီလင် ခေါင်းခါလိုက်ပြီး မဝင်ဝံ့ဘဲ ရှေ့ကို ဆက်လျှောက်သွားသည်။။ ဒီတစ်ခါတော့ သူလမ်းလျှောက်လာလေ ပိုပိုပြီး စိတ်ရှုပ်လာလေပဲ။ ဒီနေရာလေးတွေထဲမှာ လျှို့ဝှက်တံခါး ၈ခု ရှိနေသည်။ အခု သူစဉ်းစားနေမိတဲ့ အရာများလား။ 


ဒီကောင်ကြီးက ချီးမန်သွမ့်ကျာ မဟုတ်ဘူးလား?