(29)
Viewers 5k

Chapter (29)

မှုခင်းမြင်ကွင်း



ထိုလူမှာ သံချပ်ကာဝတ်ထားသော ချင်ဝူဖြစ်လေသည်။ ဟုန်ကျွင့် တစ်စုံတစ်ဦးကို ခေါ်ရန် ချက်ချင်း ပြေးသွားကာ ချင်ဝူသည် မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွား၏။ သူက ရင်တွေတုန်ကာ အိမ်ရှေ့ခန်းတွင် ထီးထီးမားမားကြီး ရပ်နေသော ဘုရင်ဖူတောက်မင် ရုပ်တုကို မော့ကြည့်လိုက်သည်။ ဘုရင်ဖူတောက်မင်သည် သူ၏ ဘုန်းအာနုဘော်ကို ပြသထားပြီး လက်နက်ခြောက်လက်ပါသော မှော်လက်နက်ကို ကိုင်ဆောင်ကာ လရောင်အောက်တွင် ချင်ဝူကို စိုက်ကြည့်နေသည်။


ခြေသံကြားတော့ ဟုန်ကျွင့်နဲ့အတူ လီကျင်လုံက အလျင်အမြန် ထွက်လာသည်။ လီကျင်လုံက ချင်ဝူကို တစ်ချက်ကြည့်လိုက်ပြီး ဆို၏။


"အပြင်က သွေးတွေကို ဆေးကြောပြီးသွားပြီလား?"


အားထိုက်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့လည်း နိုးလာကြသည်။ အားထိုက်သည် တံခါးအပြင်ဘက်သို့ ခေါင်းထွက်ကြည့်သည်။ သူ့လက်ထဲမှ လက်စွပ်သည် ရေခိုးရေငွေ့များ ထွက်လာကာ ရှည်လျားသော လမ်းမတစ်လျှောက် ရေသံများဖြင့် သန့်စင်လိုက်သည်။ ချင်ဝူရဲ့နောက်မှာတော့ သွေး​တွေစွန်းထင်း ကျန်ခဲ့သည်။ ထို့နောက် အားထိုက်သည် လမ်းကြားမှ ထွက်ခွာပြီး သန့်ရှင်းရေးလုပ်ရန် လမ်းမကြီးသို့ ဆက်သွားခဲ့သည်။ 


"ရေယူပြီး သူ့တစ်ကိုယ်လုံးကို ဆေးကြော​ပေးလိုက်" လီကျင်လုံက ပြောသည်။ 


"ဟုန်ကျွင့် မင်း သွားပြီး စိတ်တည်ငြိမ်​စေတဲ့ နံ့သာပေါင်းကို မြန်မြန်ပြင်လိုက်!"


ချင်ဝူ၏ ချပ်ဝတ်တန်ဆာများကို ဖယ်ရှားလိုက်ပြီး သူက ခြံဝင်းထဲတွင် လဲလျောင်းနေသည်။ သူ့နှုတ်ခမ်းများက တဆက်ဆက် တုန်ခါကာ သွေးနံ့များလည်း မွှန်ထူနေသည်။ 


မော့ရစ်ကန်း: "ငါလုပ်မယ်!"


တစ်ညက ဟုန်ကျွင့်ဆီက သူ နှင်ထုတ်ခဲ့သော အိပ်မက်ဆိုးကဲ့သို့ပင် မော့ရစ်ကန်းသည် သူ့လက်ကိုဆန့်လျကိ အနည်းငယ် စိတ်တည်ငြိမ်စေရန် ချင်ဝူ၏ နဖူးပေါ် တင်ထားလိုက်သည်။


"ငါ...သူတို့ကို သတ်လိုက်ပြီ" 


ချင်ဝူ တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။


လီကျင်လုံ: "လူဘယ်နှစ်ယောက် အသတ်ခံရပြီလဲ.... မနက်ဖြန် မနက်စောစောမှာ ကိုယ့်ဘာသာကို သွားဝန်ခံ!! ရှောင်ဝူ ပြန်လှည့်မယ် မင်းလူတွေကို သတ်ပြီးပြီမလို့ မင်းအသက်ကို ပေးဆပ်ရမယ်... လုပ်ရဲပြီး မခံရရင် မင်း ဘာလို့ ယောက်ျားလုပ်နေသေးလဲ!"


ချင်ဝူ၏ မျက်နှာသွင်ပြင်မှာ ပုံပျက်ပန်းပျက်ဖြစ်ကာ ငိုယိုပြီး ပြောနေသည်။ 


"ငါ ကလဲ့စားချေဖို့ ကျန့်မိသားစုကို သွားခဲ့တယ်..... ကျန့်ဝမ်ပင်းက ငါ့အဒေါ်နဲ့ အတူရှိနေတာ... ငါ သူ့မိသားစုတစ်ခုလုံး... နဲ့ ငါ့အဒေါ်... အတူတူ သတ်ပစ်ခဲ့တယ်”


လီကျင်လုံ: "တစ်မိသားစုလုံး?! ချင်ဝူ! မင်းရူးနေပြီ!"


"ကယ်ပါ ကယ်ပါဦး..." 


ချင်ဝူသည် လီကျင်လုံ ၏လက်ကို မလွှတ်ပေးတော့ချေ။ ဟုန်ကျွင့်လည်း တအံ့တသြ ဖြစ်သွားသည်။ သူက ရင်တထိတ်ထိတ်ဖြင့် နေ့ခင်းဘက်တွင် တွေ့ခဲ့ရသော ချင်ဝူနဲ့ မတူတော့ပေ။ သူ့ဆီကနေ လေးလံသော လေထုနှင့် လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။ 


"တစ်ယောက်ယောက်က ငါ့လက်ကို ကိုင်ထားလို့...."


ချင်ဝူက နာကျင်စွာနဲ့ အော်ဟစ်ရင်း လီကျင်လုံကို အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်လိုက်သလို တုန်တုန်ယင်ယင်နဲ့ ပြောလေသည်။ 


"အဲဒီကလေးကို မသတ်ချင်ဘူး ငါ မသတ်ချင်ခဲ့ပါဘူး.... ငါ့အဒေါ်နဲ့ ကျန့်ဝမ်ပင်း... သူတို့နှစ်ယောက်ကိုပဲ အတူတူ သတ်ပစ်ချင်ခဲ့တာ..."


လီကျင်လုံ ချင်ဝူလက်ကို ဖယ်ချပြီး ဘေးနားသို့ လျှောက်သွားလေသည်။ ဟုန်ကျွင့် လီကျင်လုံကို မော့ကြည့်လိုက်တော့ လီကျင်လုံတစ်ယောက် မျက်ရည်များ အိုင်လာတာကို တွေ့လိုက်ရသည်။ အားထိုက်က တံခါးအပြင်ဘက်ရှိ သဲလွန်စများကို သန့်ရှင်းရေးလုပ်ရာမှ ပြန်ရောက်လာပြီး ပြန်ပြောသည်။


"အိမ်မှာလည်း သန့်ရှင်းရေးလုပ်ပြီးပြီ"  


ထို့နောက် အားထိုက်သည် ၎င်း၏ယပ်တောင်ကို ဝှေ့ယမ်းကာ ရေမြူများ ပေါက်ထွက်ကာ လူတိုင်း၏ မျက်နှာများကို စိုစွတ်သွားစေသည်။ 


လီကျင်လုံ: "ပြဿနာမရှာနဲ့!"


အားထိုက် အကြောင်းပြချက်မရှိဘဲ ဟစ်အော်လိုက်သည်။ 


"မသန့်စင်ချင်ဘူး ဆိုလည်း ပြောပေါ့... ဘာလို့ ဒီလောက်ရက်စက်ရတာလဲ"


"မနက်ဖြန် မနက်စောစော မင်းကိုယ်တိုင် သွားဝန်ခံရမယ်... မင်း မသွားရင် ငါ မင်းကို ကိုယ်တိုင် လိုက်ပို့ပေးမယ်" 


လီကျင်လုံ ချင်ဝူအား ပြောလိုက်သည်။ 


"မင်းတို့ သူ့ကို ကြည့်ထား! ဟုန်ကျွင့်က သူ့ကို စိတ်ငြိမ်ဆေးမှုန့် ပေးထား.... အလွန်အကျွံ မသောက်​စေနဲ့" 


ထို့နောက် အခန်းထဲသို့ ဝင်သွားပြီးနောက် ကျယ်လောင်သော အသံဖြင့် တံခါးကို ပိတ်ပစ်လိုက်သည်။


"ဒီလူက ဘယ်သူလဲ" 


ချိုးယုံစစ်က ချင်ဝူရဲ့ လက္ခဏာကို မသိသေးပေမယ့် ဟုန်ကျွင့်ကတော့ သူ့စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ချင်ဝူက လီကျင်လုံအတွက် အရမ်းအရေးကြီးပုံပေါက်နေပုံရပါ၏။


"မသိဘူး!!!" 


ဟုန်ကျွင့် မကျေမနပ် ပြန်ဖြေသည်။ မော့ရစ်ကန်းက အားလုံးကို ဆက်လက်အိပ်စက်ရန် တိုက်တွန်းလိုက်ပြီး သူကတော့ ညစောင့်တာဝန် ယူလိုက်သည်။ 


"ခေါင်းဆောင်..." 


ဟုန်ကျွင့် လီကျင်လုံတံခါးကို ခေါက်ကြည့်ပေမယ့် တုံ့ပြန်မှုမရတဲ့အတွက် လက်လျှော့လိုက်ရသည်။ နောက်နေ့ မနက်စောစောမှာ လူတိုင်းထွက်လာတဲ့အခါ လီကျင်လုံရဲ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှာတော့ ချင်ဝူ ပျောက်သွား​​ပြီ။


မော့ရစ်ကန်း: "သူထွက်သွားပြီ... ငါ သူ့နောက်ကနေ တလီတရားရုံး ဂိတ်ပေါက်အထိ လိုက်သွားသေးတယ် သူ လုံးဝ ပြန်မထွက်လာဘူး"


လီကျင်လုံ သူ့မျက်လုံးတွေကို ခဏမှိတ်ပြီး သက်ပြင်းချလိုက်သည်။ 


"ကိစ္စတော်တော်များများက ဖြစ်လာဖို့ ရည်မှန်းထားပြီးသား... လုပ်သင့်တာကို လုပ်ရမှာပဲ!" 


မနက်စာစားပြီးနောက် လီကျင်လုံက သူ့လက်အောက် ငယ်သားများထံ တာဝန်ကိုယ်စီ ပေးတော့မည် ဖြစ်သော်လည်း လန်ဟောက်က စာလိပ်များနှင့်အတူ ထပ်ရောက်လာသည်။ လီကျင်လုံ မော့ရစ်ကန်းကို အနားယူခွင့်ပေးတာကလွဲပြီး ရွေးချယ်စရာမရှိတဲ့ အားထိုက်၊ ချိုးယုံစစ်နဲ့ ဟုန်ကျွင့်တို့က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ထွက်သွားကြပါသည်။ နတ်ဆိုးနှင်ဌာနကနေ ထွက်လာပြီးတာနဲ့ ဟုန်ကျွင့်က သူ့နောက်ကို လိုက်လာတာကြောင့် လီကျင်လုံ လှည့်ပြီး ပြောလိုက်သည်။ 


"ပြန်သွားတော့" 


"သူတို့က ခင်ဗျားနောက်ကို လိုက်သွား​ပေးဖို့ ပြောတယ်" 


လီကျင်လုံ ဘာမှပြန်မပြောဘဲ လှည့်ပြီး လမ်းလျှောက်ထွက်သွားသည်။ ဟုန်ကျွင့်သည် မနေ့ညက ချင်ဝူတစ်ကိုယ်လုံးမှာ သွေးတွေ စီးကျလာတာကို ပထမဆုံးအကြိမ် တွေ့လိုက်ရတာကြောင့် ပြန်စဥ်းစားနေမိသည်။ ထိုသူက မရေမတွက်နိုင်သော လူများကို သတ်ပစ်ခဲ့သော ဘီလူးတစ်ကောင်လိုပင် ခံစားရ၏။


လီကျင်လုံ သက်ပြင်းချပြီး "ငါတို့ မြင်းနည်းနည်းလောက် ဝယ်ထားရမယ်... မဟုတ်ရင် အပြင်ထွက်ဖို့ အဆင်မပြေဘူး"


ချင်ဝူသည် အလွန်သနားစရာ ကောင်းသည်ဟု သူတို့နှစ်ဦးလုံး ခံစားမိပါသည်။ အတူတူ လျှောက်လာခဲ့ကြသော်လည်း လီကျင်လုံ ထိုသူ့အား အလွန်ဂရုစိုက်​နေတာကို တွေ့ရတော့ ဟုန်ကျွင့်မှာ အလွန်စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ ထိုလူက လီကျင်လုံကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပေမယ့် လီကျင်လုံကတော့ သူ့အတွက် အလွန်ဝမ်းနည်းနေခဲ့သည်။ ခဏလောက်တော့ ဟုန်ကျွင့် သူ့စိတ်ထဲ၌ ငါးကြင်းနတ်ဆိုးနှစ်ကောင် ရန်ဖြစ်နေသည့် မြင်ကွင်းကို မြင်လာရသည်။ တစ်ယောက်က ဒေါသတကြီးပြောသည်။ 


'ဒါသေချာပေါက် ငါ့ရဲ့ခေါင်းဆောင်ပဲ! အတိတ်က အတိတ်မှာပဲလေ... အဲဒါက သူ့ကို အရမ်းဝမ်းနည်းစေတုန်းပဲလား?'


ငါးကြင်းနတ်ဆိုး နောက်တစ်ယောက်က ပြစ်တင်ရှုတ်ချသည်- 'ချင်ဝူက အရမ်းသနားစရာကောင်းတယ်လေ မင်းက သူ့ကို မုန်းနေတာလား?'


ပထမဆုံး ငါးကြင်းနတ်ဆိုးက စိတ်ရှုပ်စွာဖြင့် ပြန်အော်သည်။ 'ဘာကြောင့်လဲ ! ဘာကြောင့်ပြောတာလဲ ! ချုံမင် တစ်နေ့မှာ ကလေးထပ်ယူရင် ငါ့အဖေကို လုယက်သွားမှာ မဟုတ်ဘူးလား!'


ဒီလိုနဲ့ ဟုန်ကျွင့် အရမ်းစိတ်ရှုပ်စွာဖြင့် လမ်းကြားထဲကို လီကျင်လုံနဲ့အတူ လိုက်လာခဲ့ရင်း တိတ်ဆိတ်နေခဲ့ရာ လီကျင်လုံက လှည့်မေးလာလေသည်။  


"ခေါက်ဆွဲစားချင်လား" 


"စားမယ်!" ဟုန်ကျွင့် ချက်ချင်း ပြုံးသွားသည်။ 


လီကျင်လုံ စိတ်အခြေအနေလည်း ပိုကောင်းလာပြီး "ပြုံးထားပါ.... အရာအားလုံး အဆင်ပြေသွားလိမ့်မယ် မင်းဘာလို့ ဒီလောက်တောင် စိတ်မချမ်းသာ ဖြစ်​နေရတာလဲ"


"ခင်ဗျားက စိတ်မကောင်း ​ဖြစ်နေတာလေ.. ကျွန်တော်လည်း မပျော်နိုင်ဘူး"


လီကျင်လုံ ဟုန်ကျွင့်ကို ထိုင်ခိုင်းပြီး ခေါက်ဆွဲ မှာပေးလိုက်သည်။ အခု သူ့မှာ ပိုက်ဆံရှိတော့ သူစားချင်သလောက် စားနိုင်ပေမယ့် စိတ်လှုပ်ရှားတယ်လို့ မခေါ်နိုင်သေးပေ။ တခြားသူတွေသာဆို ဒီအရာတွေအကြောင်းနဲ့ သူ့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ 


လီကျင်လုံ: "မနေ့က ငါလည်းသူ့ကို နားချဦးမလို့ပဲ... ဒါပေမယ့် တချို့အရာတွေက တခြားသူတွေ ပြောရုံနဲ့ မဆွဲဆောင်နိုင်ဘူး... ကိုယ့်ကိုကိုယ်ပဲ အားကိုးရမှည"


ဟုန်ကျွင့်: "သူက လူတစ်ယောက်ကို သတ်လိုက်တယ်... သတိဝင်လာတဲ့ ပထမဆုံး သတိရတဲ့လူက ခင်ဗျားပဲ...သေချာ....အမ်...."


သူသည် လီကျင်လုံ၏ မျက်နှာအမူအရာကို သတိပြုမိသည်။ ဟုန်ကျွင့်ဟာ လူအများ၏ မျက်လုံးများကို ဖတ်ရှုကာ စကားပြောတတ်လာစေရန် တဖြည်းဖြည်း သင်ယူလာသောကြောင့် နောက်တစ်ကြိမ် ဝမ်းနည်းစရာကောင်းတာမျိုး မဖြစ်လာစေရန် ဝါကျ၏ ဒုတိယပိုင်းကို အပြီးသတ်ခဲ့သည်။


လီကျင်လုံကလည်း ထိုစကားကို ကြားသောအခါတွင် ဟုန်ကျွင့်ကို ကြည့်ကာ တစ်ခုခုကို ခံစားလိုက်ရသည်။ ဟုန်ကျွင့်ကို မော့ကြည့်လိုက်ချိန် သူ၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးများက အနည်းငယ် ဆန့်ထွက်သွားသည်။


ဟုန်ကျွင့်:"?"


လီကျင်လုံ: "ဘာမှမဟုတ်ပါဘူး"


နှစ်ယောက်သား ဒီထူးဆန်းတဲ့ လေထုထဲမှာ မနက်စာ စားခဲ့ကြသည်။ 


လီကျင်လုံ :"အများကြီး မစားနဲ့... ဒီနေ့တစ်ပန်းကန်ပဲ စားရမယ်..."


ဟုန်ကျွင့်က ထပ်စားဦးမယ့်အကြောင်း အခိုင်အမာပြောနေရာ အဆုံးမှာတော့ လီကျင်လုံ မခံမရပ်နိုင်ဖြင့် သူ့ကို နှစ်ပန်းကန်စားခိုင်းလိုက်ရသည်။  


"ကျွန်တော်ကိုယ်တိုင် ပေးပါ့မယ်"


"ဒါက ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူး... မင်းရဲ့ခေါင်းဆောင် ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ မင်းကိုနေ့တိုင်း ခေါက်ဆွဲထုပ်လုပ်ဖို့ ဒီသူဌေးအိမ်ကို ဖိတ်ဖို့တောင် လုံလောက်သွားပြီ.... ငါကြောက်တာက မင်း .. "


"ကျွန်​တော့်ကို ဘာကြောက်တာလဲ.... ခင်ဗျား ကျွန်တော့်ကို လျှော့မတွက်နဲ့နော်"


"ကောင်းပြီ ကောင်းပြီ... စားချင်သလောက်စား!" 


ဤခေါက်ဆွဲဆိုင်သည် ချန်အန်းတွင် အနှစ်၅၀ သက်တမ်းရှိ နာမည်ကြီး ဆိုင်တစ်ဆိုင်ဖြစ်ပြီး ၎င်းသည် ငန်းသား ခေါက်ဆွဲကိုသာ ရောင်းလေသည်။ 


အသားက တစ်နှစ်လျှင် တစ်ကြိမ်သာ ပြောင်းလဲပြီး ရက်သတ္တပတ်နေ့များတွင်သာ ပေါင်းထားသော ငန်းအသားသည် အလွန်မွှေးပြီး နူးညံ့၏။ ငန်းသားကို ဓားထက်ထက်ဖြင့် အမြီးပိုင်းဖြတ်ကာ ငန်းတောင်ပံတစ်ဝက်ကို ပေါင်းထည့်ပါသည်။ ဆားရည်ထည့်လိုက်သောအခါ အနံ့က မွှေး​ကြိုင်လာကာ ခေါက်ဆွဲဖွေးထွေးက ငန်းသားကြောင့် ရွှေရောင်တောက်သွားသည်။ မွှေးပြီး နူးညံ့သောကြောင့် ဟုန်ကျွင့် ပန်းကန်ကြီးနှစ်လုံးကို ဆက်တိုက်စားသည်။


တစ်နာရီအကြာတွင် သူတို့နှစ်ဦးသည် တလီတရားရုံး၏ မြေအောက်ရှိ အလောင်းတိုက်ထဲသို့ ဝင်ရောက်သောအခါ ဟုန်ကျွင့်ခမျာ ငါးလှမ်း မလှမ်းနိုင်မီတွင်ပင် အော့အန်ခဲ့သည်။ လီကျင်လုံ စိုးရိမ်စိတ်ဖြင့် မေးသည်။ 


"အဆင်ပြေရဲ့လား"


ဟုန်ကျွင့် : "..."


လီကျင်လုံသည် ဟုန်ကျွင့် ပါးစပ်ဆေးဖို့ ဝူကျော့အား ရေခပ်ခိုင်းလိုက်သည်။ ဟုန်ကျွင့်သည် အိုးတစ်လုံးကို မျက်နှာမူပြီး ကောင်းကင်က မှောင်သွားတဲ့အထိ အန်နေတော့၏။ 


လီကျင်လုံ: "အများကြီး မစားနဲ့ဆိုတော့ စားတယ်... ငါ့နောက်ကို မလိုက်ခဲ့နဲ့ ဆိုတော့လည်း လိုက်ခဲ့တယ်... အခုကြည့်!"


ဟုန်ကျွင့် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး လီကျင်လုံအား သူ့ကို စောင့်နေဖို့ အပြင်ကို တွန်းထုတ်လိုက်သည်။ 


"ခဏတာ အန်ဦးမယ်...ခဏဆို ရပြီ"


လီကျင်လုံက ဟုန်ကျွင့်ကို လက်တစ်ဖက်နဲ့ ပွေ့ဖက် ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်မှာ ဟင်းခတ်အမွှေးအကြိုင် တစ်ပိုင်းကို ကိုင်ထားကာ ဟုန်ကျွင့်နှာခေါင်းရှေ့မှာ တင်ထားကာ ရှေ့ကို ခေါ်သွားပေးသည်။ 


မနေ့ညက မော့ရစ်ကန်း သွားရောက်စစ်ဆေးခဲ့တဲ့ ဦးခေါင်းမပါသော အလောင်းအပါအဝင်၊ ပုံမှန်မဟုတ်စွာ သေဆုံးသွားတဲ့ လူနာတွေကို သမားတော်က ဒီနေရာကို ပို့လိုက်လေသည်။ ဟုန်ကျွင့်မှာ အလောင်းတွေကို မြင်လိုက်ရတဲ့အခါ တုန်လှုပ်သွားပါ၏။ သေဆုံးရသည့် အကြောင်းရင်းကို အမှုထမ်း အရာရှိကသာ မိသားစုနှင့်အတူ ခေါ်ယူစစ်ဆေးနိုင်သည်။


လီကျင်လုံ မတ်တပ်ထရပ်ပြီး ဟုန်ကျွင့် မျက်လုံးတွေကို ဖုံးထားချင်ပေမယ့် ဟုန်ကျွင့်ကတော့ မလိုပါဘူးလို့ ညွှန်ပြတဲ့အနေနဲ့ လက်ဝေ့ယမ်းပြသည်။ ဟုန်ကျွင့် သူ့ညာလက်ကို နံသာလက်ကိုင်ပဝါဖြင့် ထားလျက် ဘယ်ဘက်လက်ကို အလောင်းရဲ့ လည်ပင်းမှာ ကပ်ထားလိုက်သည်။ အလောင်းကို ဖော်ထုတ်ရန် သွေးစွန်းနေသော ပိတ်စကို လက်တစ်ဖက်ဖြင့် လှန်ချလိုက်သည်။


အလောင်းက စုတ်ပြတ်သတ်သွားပြီး သွေးများလည်း စွန်းထင်းနေခဲ့သည်။ လီကျင်လုံက ချွန်ထက်သော လက်နက်ဖြင့် ဒဏ်ရာရသွားတာ ဖြစ်မည်ဟု ပြောသည်။


ဟုန်ကျွင့်: "အွင်း...."


ဟုန်ကျွင့် ချန်အန်းသို့ လာရာလမ်းမှာ လူသေတာကို မတွေ့ခဲ့ရပေ။ အခု အလောင်းကောင်ရဲ့ စွမ်းအင်ကြောင့် အစာမကြေတာတွေ အကုန်လုံးကို အန်ထုတ်ပစ်လိုက်၏။ လီကျင်လုံသည် ပိတ်စကို တစ်ခုပြီးတစ်ခုဖွင့်ကာ အလောင်းများကို စစ်ဆေးကြည့်သည်။ 


"သူတို့အားလုံး မိစ္ဆာတွေကြောင့် မဟုတ်ဘဲ လက်နက်နဲ့ အသတ်ခံလိုက်ရတာ" 


လီကျင်လုံ ပြောလိုက်သည်။ ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး ခဏလောက် ပြန်လှည့်ကြည့်လိုက်တော့ လီကျင်လုံက သူတို့ထဲက တစ်ယောက်ကို မြင်ပြီး လက်ညှိုးထိုး၍ ပြော၏။ 


"ဒါကတေ့ သတ်သေလိုက်တာ... ဒဏ်ရာက ချောမွေ့တယ် ထောင့်ကျကျနဲ့ နှလုံးထဲကို တည့်တည့်ရောက်သွားတာ"


ပြောပြီးသော် အလောင်း၏လက်ကို ကိုင်ကာ ဓားဖြင့် ထိုးသည့် အနေအထားအတိုင်း အလောင်းကို ပြောင်းလိုက်သည်။


"ဒါက မိစ္ဆာကြောင့် မဟုတ်ဘူး" 


လီကျင်လုံ နောက်တစ်​ယေက်ကို စစ်ဆေးကြည့်သည်။ ဟုန်ကျွင့်လည်း အလောင်းကိုကြည့်ရင်း သူ့အမူအရာက တစ်ခုခုကို ခံစားရပုံဖြင့် နီးကပ်လာခဲ့သည်။ 


လီကျင်လုံ: "မထိနဲ့... မင်းလက်အိတ် မဝတ်ထားဘူး"


ဟုန်ကျွင့် အလောင်းအနားကို ထပ်ကပ်လာပြီး သေသေချာချာ ကြည့်လိုက်တော့ လီကျင်လုံက "မင်း ဘာလုပ်ချင်တာလဲ" ဆိုပြီး သူ့ပိုးသားလက်အိတ်ကို ချွတ်ကာ ဟုန်ကျွင့်လက်ဖဝါးထဲ နွေးထွေးစွာ ဝတ်ဆင်ပေးလိုက်သည်။ ဟုန်ကျွင့် အလောင်းရဲ့ပါးကို ပွတ်သပ်ပြီး စစ်ဆေးလေ၏။ တစ်ရက်နဲ့တစ်ည ကြာသွားပြီမလို့ အလောင်းက အရမ်းတောင့်တင်းသွား​ပြီ။


သူသည် အလောင်း၏ခေါင်းကို အနည်းငယ် ရွှေ့ကာ အလောင်း၏ မျက်ခွံများကို ဖွင့်ကြည့်သည်။ လီကျင်လုံ၏ မျက်လုံးများကို ဖမ်းစားလိုက်သည့် အရာမှာ အ​လောင်းမျက်လုံးကို ဖွင့်ထားသောအခါ ဖြစ်ပေါ်လာသော အလွန်ထိတ်လန့်နေသည့် မျက်နှာအမူအရာပဲ ဖြစ်သည်။


ဟုန်ကျွင့် မနေ့ညကပင် ဤအမူအရာကို မြင်ဖူးသည်။ ၎င်းမှာ ချင်ဝူ၏ ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာအသွင်အပြင်ပဲ ဖြစ်သည်။ လီကျင်လုံ လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ ခဏလောက် တွေးတောကာ ပြောလိုက်သည်။ 


"အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခုကို သူမြင်လိုက်ရတာ ဖြစ်လိမ့်မယ်" 


ဟုန်ကျွင့်: "ကျွန်တော် ချန်အန်းထဲကို ဝင်ပြီး ဖေးအောင်ကို လိုက်ရှာရတဲ့ အကြောင်းရင်းက မြို့ပြင်မှာ အိပ်နေတုန်း အော်သံကြားလို့ လိုက်ဖမ်းလိုက်တာနဲ့ အကိုက်ခံရတဲ့ အလောင်းကို တွေ့လိုက်ရလို့ပဲ..."


လီကျင်လုံ: "အမူအရာ အတူတူပဲလား"


ဟုန်ကျွင့်သာ ဒါကို မပြောဘူးဆိုရင် လီကျင်လုံဟာ ​​အလောင်းကို နောက်ကြောင်း ပြန်လှည့်ပြီး ဟုန်ကျွင့်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေအား သတိထားမိလိမ့်မည် မဟုတ်ချေ။ သို့သော် သေလုမျောပါး အချိန်တွင် ငြိမ်းချမ်းစွာသေသည်ဖြစ်စေ မလိုလားဘဲ သေရသည်ဖြစ်စေ မသေမီအချိန်၌ သူ့မျက်နှာပေါ်တွင် အမူအရာများ အနည်းနှင့်အများ အေးခဲသွားလိမ့်မည်။ 


ဟုန်ကျွင့်: "ဒီလူက သူ့ကိုယ်သူ သတ်သေပြီဆိုကတည်းက သူ မသေခင်မှာ ဒီလောက်ထိ ထိတ်လန့်မနေသင့်ဘူး..."


"ထိတ်လန့်သွားတာ... ဒါပေမယ့် ဒါက ခြားနားတဲ့ ကြောက်စရာ တစ်မျိုးမျိုးကို မြင်လိုက်တာလည်း ဖြစ်နိုင်တယ်.... ဆက်ကြည့်ရအောင်"


ဟုန်ကျွင့်က ထိုလူ၏ မျက်ခွံများကို မှိတ်ထားပြီး မကယ်တင်လိုက်ရတဲ့ စကားကို တိုးညှင်းသော အသံဖြင့် ညည်းညူလိုက်သည်။ 


"ပျော်ရွှင်ပါစေ ငရဲကို မကျရောက်ပါစေနဲ့" 


ဟုန်ကျွင့် လှည့်၍ လီကျင်လုံနောက်သို့ လိုက်ကာ အလောင်းအားလုံးကို စစ်ဆေးပြီး တလီတရားရုံးသို့ ထွက်လာခဲ့သည်။


"အခင်းဖြစ်တဲ့ နေရာကို သွားမယ်"


လီကျင်လုံ တွေးပြီး တလီတရားရုံးက မြင်းကို ငှားလိုက်သောအခါ ဟွမ်ရုံနဲ့ ဟူရှန်းတို့ စကားပြောနေသည်ကို မြင်လိုက်ရသည်။ ဟွမ်ရုံက အသက်ပြင်းပြင်းရှူပြီး လီကျင်လုံအား ပြောလိုက်သည်။ 


"ချင်ဝူကို မင်းသိ....."


လီကျင်လုံ: "သိပြီးပြီ" 


ဟွမ်ရုံ ထိတ်လန့်သွားပြီး "ခေါင်းဆောင်လီ ဘယ်လိုသိသွားတာလဲ?"


"ဘုရင်ဖူတောက်မင် ကျွန်​​တော့်​ကိုပြောတာ" 


လီကျင်လုံ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ 


ဟူရှန်း: "ကျင်လုံ... မင်း ဘုရင်မင်းမြတ်နဲ့ အမတ်ကြီးယန်ရှေ့မှာ မေတ္တာရပ်ခံနိုင်မယ်လို့ ထင်လား?"


လီကျင်လုံကတော့ သူတို့နှစ်ယောက်ရှေ့က မြင်းပေါ်တက်ပြီး ပြန်လှည့်ဖြေလိုက်သည်။ 


"ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံနိုင်ရည်ရှိရမယ်.... ဟုန်ကျွင့် သွားရအောင်"


ဟုန်ကျွင့်လည်း ခုန်တက်လိုက်သည်။ လီကျင်လုံက သူ့နောက်မှာ စီးကာ ​မြင်းဇက်ကြိုးကို လှုပ်လိုက်သည်နှင့် မြင်းက တလီတရားရုံးကနေ မြှားတစ်စင်းလို ပြေးထွက်သွားလေသည်။ 


လမ်းမှာ ဟုန်ကျွင့် စကားမပြောရဲသေးပေ။ ကျန့်အိမ်​တော် အပြင်ဘက်ကို ရောက်သွားတော့ လီကျင်လုံက အတွေးတွေနဲ့ မြင်းပေါ်က ဆင်းပြီး ဝင်သွားလိုက်သည်။ ယန်ကော်ကျုံး၏ အိမ်တော်ထိန်း၊ လုံဝူစစ်တပ်၏ လက်ထောက်တပ်မှူး ဝမ်ရှောင်၊ တလီတရားရုံးက တာဝန်ရှိသူများနှင့် ပြစ်ဒဏ်ပေးရေးဌာနမှ တာဝန်ရှိသူများ အားလုံး အခင်းဖြစ်တဲ့ နေရာကို ရောက်နေပြီ။ 


လီကျင်လုံ ရောက်လာတာကို လူတိုင်းမြင်သောအခါတွင် လူတိုင်း တစ်ပြိုင်တည်း ရပ်ကာ လှည့်ကြည့်လာကြသည်။ သူသည် ဧကရာဇ်မင်းမြတ် ရှေ့မှောက်တွင် နာမည်ကြီးသူ တစ်ဦးဖြစ်ကြောင်း သိကြကာ မကြာသေးမီကပင် သူ့ကို ခေါင်းညိတ် နှုတ်ဆက်ပြရသည်။


အထဲက မြင်ကွင်းကတော့ အလွန်ကြေကွဲဖွယ်ကောင်းလှသည်။


"ဒီသွေးစွန်းနေတာက ကျန့်ဝမ်ပင်းရဲ့အမေပဲ" ဝမ်ရှောင်က ပြောပါသည်။


"သူမ အသက် ခုနစ်ဆယ်နီးပါးရှိပါပြီ... ရှောင်ဝူက သူမကို ရှေ့ကနေ ဓားနဲ့ထိုးပြီးနောက် သူ့ကို နောက်ကနေဖမ်းပြီး သတ်လိုက်တာ"


လီကျင်လုံ: "စစ်တပ်ထဲက ညီအစ်ကိုတွေက ဇာတ်လမ်းကို မသိဘဲ ရှောင်ဝူကို လက်စားချေဖို့ မကူညီနိုင်တော့မှာ ကြောက်ရတယ်"


ဝမ်ရှောင် သက်ပြင်းချလိုက်သည်။ လီကျင်လုံကို လွှတ်လိုက်သည်ဆိုလျှင် ဟူရှန်း၏ လုံဝူစစ်တပ်သည် တာဝန်ယူရမည် ဖြစ်ပြီး လူတိုင်းအတွက် ခက်ခဲမည်မှာ သေချာသည်။


ဝမ်ရှောင်: "ယန်မိသားစုမှာ စုပြုံနေတဲ့ လူထုရဲ့ မကျေမနပ်မှုတွေက အထွတ်အထိပ်ကို ရောက်သွားပြီ... ရှန်းဝူစစ်တပ်နဲ့ ယွိလင်းစစ်တပ် နှစ်ခုစလုံးက သူတို့ကိုတားရင်း အရိုက်ခံရသူကလည်း ခံရတယ်... ဒီကိစ္စကြောင့် အပြစ်ဒဏ်ပေးခံရတဲ့ စစ်သည်ခြောက်ယောက်ရဲ့ စိတ်တွေက တုန်လှုပ်ခြောက်ခြားနေတယ်... စစ်မှုထမ်းခကို နုတ်ယူတာကို မကျေနပ်​​ကြတာလည်း ကြာပြီလေ...တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး ပြည်သူလူထုရဲ့ ဒေါသကို မနှိမ်နှင်းနိုင်တော့မှာ ကြောက်ရတယ်"


လီကျင်လုံ စကားပြောခါနီးတွင် ဟုန်ကျွင့် ခန်းမထဲတွင် ရပ်နေသေးသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး လှည့်ခေါ်လိုက်သည်။ 


"ဟုန်ကျွင့်?!"


ဟုန်ကျွင့်သည် မနေ့ညက မသေဆုံးမီက ခန်းမထဲတွင် ကျန်ခဲ့သော မိသားစုဝင်များ၏ အငြိုးအတေး စွမ်းအင်ကို ခံစားရင်း ငြိမ်သက်စွာ ရပ်နေကာ ကယ်တင်ခြင်း မန္တန်အနည်းငယ်ကို ရေရွတ်လိုက်သော်လည်း ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အခါ လီကျင်လုံက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး အဝေးကို တက်မကြည့်ဖို့ ပြောလိုက်ပါ၏။


ဟုန်ကျွင့်: “ဒီသွေးထဲမှာ ရန်လိုမှုတွေ အများကြီးရှိတယ်” 


လီကျင်လုံသည် ရှည်လျားသော လမ်းမပေါ်မှ မြင်းစီးကာ ဟုန်ကျွင့်ကို ပြန်ခေါ်လာသည်။  


"ဟုန်ကျွင့် ကျေးဇူးပြုပြီး ငါ့ကို ကတိပေးပါ"


"ဘာလဲ?"


"ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မင်းဒေါသကို မထိန်းနိုင်ရင် မင်းရဲ့ခေါင်းဆောင် ငါ့အကြောင်းကို အရင်စဉ်းစားသင့်တယ်... အတွေးတစ်ခုထဲမှာ အမှားတစ်ခုက ကြေကွဲစရာတစ်ခု ဖြစ်လာနိုင်တယ် ဘေးဥပဒ်ဒဏ်ကို ခံရမယ့်သူက မင်းတစ်​ယောက်​​တည်း မဟုတ်ဘူး" 


"မဟုတ်ဘူး" ဟုန်ကျွင့် ပြန်ပြောသည်။ 


"ကျွန်တော်က သူ မဟုတ်ပါဘူး"


"မင်းက လူတော်လူကောင်းပဲ" လီကျင်လုံ ပေါ့ပေါ့ပါးပါးလေး ပြန်ပြောလိုက်၏။ 


"နတ်ဆိုးနှင်သူ တစ်ယောက်ရဲ့ စွမ်းအားက သာမာန်လူတွေထက် အများကြီး သာလွန်တယ်... နတ်ဆိုးတွေကို သတ်တာနဲ့ ပတ်သက်ပြီးတော့ သာမန်လူတွေက နားမလည်ကြဘူး"


ဟုန်ကျွင့်လည်း ဒါကအမှန်ပဲလို့ ထင်ခဲ့ပေမယ့် ချင်ဝူလိုမျိုး သူ့မိသားစုထဲက လူတိုင်းကို အစုလိုက်အပြုံလိုက် သတ်ပစ်ဖို့အထိ ဘယ်တော့မှ စိတ်မပျက်သွားချင်ပေ။ 


တတိယနေရာကတော့ ပန်းပဲသမား၏ ဇနီးဖြစ်သူ အသတ်ခံရမှုရဲ့ မြင်ကွင်းဖြစ်ပြီး နံရံတွေပေါ်မှာလည်း သွေးတွေ စွန်းထင်းနေသည်။ မြင်ကွင်းက ကြောက်စရာ ကောင်းလောက်အောင်ကို မြင်နေရသလို အထူးသဖြင့် သွေးတွေရွှဲနေတဲ့ ထိုင်ခုံတစ်လုံးနဲ့ နံရံမှာ သွေးစွန်းနေတဲ့ လက်ဝါးရာတွေ ရှိနေပါ၏။ ဟုန်ကျွင့်မှာ တခြားနေ့များထက် ယနေ့ ဒေါသထွက်လာတာကို ပိုခံစားရပြီး လေးလံကာ စိတ်မသက်မသာလည်း ဖြစ်လာသည်။


လီကျင်လုံက သူ့ကို အပြင်ထွက်ပြီး အခန်းကို သူ့ဘာသာသူ သေချာစစ်ဆေးမယ်လို့ ဆိုပေမယ့် ဟုန်ကျွင့်ထောင့်မှ တစ်စုံတစ်ခုကို သတိထားမိသွား၏။ 


"ဒါက ဘာလဲ?"


နက်မှောင်သော လ​ခြမ်းပုံသဏ္ဌာန် သံအပိုင်းအစ တစ်ခုပဲ ​ဖြစ်သည်။ 


လီကျင်လုံ: "ပန်းပဲဆရာ မိသားစုမှာ ချပ်ဝတ်တန်ဆာ ရှိရမယ်"


ဟုန်ကျွင့်က သံတုံးကို ကိုင်လိုက်ပြီး ချွန်ထက်တဲ့ အစွန်းကို လက်ချောင်းတွေနဲ့ ပွတ်ရင်း မျက်ခုံးတွေ တွန့်ချိုးသွားတာကြောင့် လီကျင်လုံ မေးလိုက်သည်။ 


"ဘာလဲ... ဒီအရာက တစ်ခုခု မှားနေပြီလို့ မင်းထင်လို့လား" 


ဟုန်ကျွင့် မျက်လုံးများကို တစ်ချက်မှိတ်လိုက်ပြီး နေရောင်ထဲရှိ သံတုံးကို လှမ်းကြည့်လိုက်သည်။


လီကျင်လုံ: "သိမ်းထားလိုက်...ပြန်ရောက်ရင် သေချာ ကြည့်ကြမယ်" 


နောက်တစ်နေရာကတော့ မြို့ကထွက်ပြီး ဖျင်ဟဲလျန်ကို သွားဖို့ပါပဲ။ ဖျင်ဟဲလျန်သည် ကြီးမားသော မြက်ခင်းပြင် တစ်ခုဖြစ်ပြီး သူတို့ရောက်ရှိသွားချိန်တွင် နေဝင်ရီတရော အချိန် ဖြစ်လေသည်။ ဟုန်ကျွင့်သည် အခင်းဖြစ်ပွားရာ နေရာအား ကြည့်ရှုရန် တရားဝင်လမ်းက ဖြတ်၍ လီကျင်လုံနှင့်အတူ လမ်းလျှောက်လာခဲ့သည်။


"သူတို့က ဒီမှာ စခန်းချခဲ့တာပဲ..."


လီကျင်လုံ မီးပုံးများကို တွေ့ရှိထားတာကြောင့် ဆက်ပြောလိုက်သည်။ 


"နောက်နေ့ ချန်အန်းကို ဆက်သွားဖို့ စီစဥ်ထားတာပဲ"


ဟုန်ကျွင့်: "ဒီမှာ ပစ္စည်းအားလုံး ရှိလား" 


လီကျင်လုံ သူ့မျက်လုံးများတွင် အပြုံးတစ်ခုဖြင့် ဟုန်ကျွင့်ကို စိုက်ကြည့်ကာ ဆိုသည်။


"ရှိတယ်... သူတို့အားလုံး ချမ်းသာသုခထက် သေခြင်းတရားကို ရှာဖွေခဲ့မိတာပဲ...မင်း တဖြည်းဖြည်း နတ်ဆိုးနှင်သူနဲ့ တူလာပြီ" 


ဟုန်ကျွင့် : "ကျန်​တဲ့ပစ္စည်း​တွေ ရှိလား ​မေးချင်​တာပါ... ​အစာခြောက်​​လေးတွေ ရှာ​ပေး​ပါနော်​..."


လီကျင်လုံ: "..."


"လူတစ်ယောက်က ပထမဆုံး ဓားနဲ့ထိုးသတ်လိုက်တာ" လီကျင်လုံ သွေးကွက်ကို လက်ညှိုးထိုးပြပြီး ပြောသည်။ 


"သေဆုံးသူက ဒီမှာပဲ... ပြီးတော့ သူက တခြားလူရဲ့ လည်ချောင်းကို ကုက်ဆွဲပြီး ဒီမှာပဲ သေသွားတာ" 


ဟုန်ကျွင့်: "ဒီလူက အရမ်းသန်မာတယ်.... အလောင်းက ကြည့်ရရင် ချိုးယုံစစ်လောက် အရပ်ရှည်တယ်"


လီကျင်လုံ: "အင်း... သူတို့က ကုန်သည်တန်းရဲ့ ကိုယ်ရံတော်တွေ ဖြစ်လိမ့်မယ်... ဒါကြောင့် သူအရင်ဆုံး ဓားနဲ့ထိုးသတ်တဲ့ လူတွေကလည်း ကိုယ်ရံတော် နှစ်ယောက်ပဲ နောက်​ပြီးတော့ လက်နက်မဲ့ စီးပွားရေးသမားကို သိုးသငယ်လို သတ်လိုက်တာ"


ဟုန်ကျွင့်: "သူဘယ်မှာ သေသွားတာလဲ" 


အခင်း​ဖြစ်ထားတဲ့ မြင်ကွင်းက ပျက်စီးသွားပြီ။ လီကျင်လုံသည် သွေးစွန်းများကို အခြေခံ၍ မဆုံးဖြတ်နိုင်သေးပေ။ ထိုစဥ် ဟုန်ကျွင့်က အကြိမ်အနည်းငယ် လှည့်ပတ်ကာ ရုတ်တရက် အော်လိုက်သည်။ 


"ခေါင်းဆောင်.... လာကြည့်ကြည့်!"


ဟုန်ကျွင့်သည် သွေးစွန်းထင်းနေသော ကျောက်တုံးကြီး တစ်ခု၏ နောက်တွင် ရပ်ကာ ဆိုသည်။ 


"ဒီမှာ ပုန်းနေခဲ့တဲ့ လူတစ်ယောက် ရှိတယ်" 


လီကျင်လုံ ခဏလောက်စဉ်းစားပြီး "ဒါပေမယ့် အနီးအနားမှာ သွေးတွေ မရှိဘူး... အသက်ရှင်ကျန်နေပုံလည်း မရဘူး မြက်ပင်တွေ ပြိုလဲထားတာ မရှိဘူး... အနီးအနားမှာ ခြေရာတွေ မရှိဘူး ဆိုတာ မင်းမြင်ရတယ်မလား... "


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ ဟုန်ကျွင့် လီကျင်လုံရဲ့ ဆိုလိုရင်းကို နားလည်သွားသည်။ ပုန်းအောင်းနေသော စီးပွားရေးသမားကို ရှာဖွေတွေ့ရှိသွားပါက သူ့ကို ကျောက်တုံးပေါ်မှ ဆွဲထုတ်ကာ ဤနေရာ၌ ခေါင်းဖြတ်သတ်မည် ဆိုပါက ခြေရာလက်ရာတွေ ကျန်ခဲ့ရမည်။ 


"ကျောက်တုံးရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့သူက လူတစ်ယောက်က ရုတ်တရက် စသတ်ပြီး နောက်ဆုံး ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူပဲ ဖြစ်မယ်.... " 


လီကျင်လုံသည် ဟုန်ကျွင့်ရဲ့ ပုခုံးကိုကိုင်ကာ ကျောက်တုံးနောက်မှာ ငုတ်တုတ်ထိုင်ရင်း မှုခင်းဖြစ်ပွားရာ နေရာကို လှမ်းကြည့်ရင်း ပြောလာခဲ့သည်။ 


"သူက ဘာကို ကြည့်နေခဲ့တာလဲ"


ဟုန်ကျွင့် အမြန်ထပြီး ခရမ်းရောင်နဲ့ အနက်ရောင် သွေးတွေ စွန်းနေတဲ့ မီးတောက်ဆီ ပြေးသွားကာ လှည့်ပတ် ကြည့်လိုက်သည်။ လီကျင်လုံလည်း မျက်မှောင်ကြုတ်ကာ တွေးကာ ဖြည်းညှင်းစွာ လှည့်၍ မြေပြင်ကို ကြည့်လိုက်ရာ မြက်ခင်းပြင်ပေါ်တွင် အလွန်တရာ တိမ်ကောနေသော လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။


လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး ပြိုကျနေသော မြက်ခင်းအစွန်းဆီသို့ လျှောက်သွားကြည့်ရာ မြေပြင်ပေါ်တွင် သစ်ကိုင်းများ ကျိုးနေသော တောအုပ်တစ်ခု ရှိသည်။ နှစ်ယောက်သား အတူတူ မျှော်ကြည့်လိုက်ကြစဥ် လီကျင်လုံက ဆိုလာသည်။ 


"လူပဲဖြစ်ဖြစ် နတ်ဆိုးပဲဖြစ်ဖြစ် အဲဒီညက သစ်ပင်မှာ ပုန်းပြီး သူတို့ကို စောင့်ကြည့်ခဲ့တာ ဖြစ်လိမ့်မယ်"


ထွက်ခွာသွားသည့် သဲလွန်စမရှိ၊ သစ်ပင်များမှ မီးပုံဝန်းကျင်အထိ အရိပ်အယောင်မျှသာ ရှိသည်။ 


လီကျင်လုံ: "ဒီကို ပျံသန်းလာခဲ့တာလား?"


ဟုန်ကျွင့်: "ဖြစ်နိုင်တယ်"


"ဘယ်လို မိစ္ဆာမျိုးက ပျံသန်းနိုင်လဲ"


ဟုန်ကျွင့် - "မိစ္ဆာတွေ အများကြီးက ပျံသန်းနိုင်တယ်လေ.... ကျွန်တော်တို့ မနက်ဖြန် မနက်အထိတောင် အဲဒါတွေအားလုံးကို ရေတွက်လို့ ကုန်မှာမဟုတ်ဘူး"


လီကျင်လုံလည်း ထိုစိတ်ကူးကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိ​တော့ပေ။