Chapter (41)
စုဝေးပြီးနောက် လူစုခွဲခြင်း
"လာ လာ လာ.... စားရအောင် စားရအောင်!"
ဟွာချင်နန်းတော်၏ အခြားခန်းမဆောင်ထဲတွင် မီးရောင်များ ထိန်ထိန်လင်းနေ၏။ ချိုင့်ဝှမ်းအတွင်း ကျဆင်းနေသော နှင်းမှုန်များကို ရောင်ပြန်ဟပ်ကာ တဲတံခါးပေါ်မှ လူများ၏ အရိပ်များကို တွေ့ရသည်။ မီးအိမ်ရှေ့တွင်တော့ ငါးကြီးတစ်ကောင်က တွယ်ကပ်နေသည်။
ဟုန်ကျွင့် ပြုံး၍-"မကြည့်နဲ့တော့... လာစားတော့"
ငါးကြင်းနတ်ဆိုးသည် မီးခွက်ခုံးပေါ်ရှိ ငါးပုံကို ခဏကြာအောင် ကြည့်နေပြီးနောက် စားပွဲပေါ်မှ တုံ့ဆိုင်းစွာ ဆင်းလာခဲ့သည်။ လီကျင်လုံက သူ့လက်အောက်ငယ်သား အားလုံးအတွက် သေရည်ကို ကိုယ်တိုင်ကိုယ်ကျ လောင်းချပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလေသည်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတာ နှစ်လလောက်ပဲ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဟိုးအရင်ကတည်းက သိနေကြာတဲ့အတိုင်းပဲ... ဆိုရိုးစကား တစ်ခုရှိတယ်... သေခြင်းတရားကို အတူကျော်ဖြတ်ပေးတဲ့ လူက အရင်ဘဝက မဖြေရှင်းနိုင်ခဲ့တဲ့ နှောင်ကြိုးတစ်ခု ရှိနေလို့တဲ့…”
လူတိုင်းက မခံယူဝံ့ပါဘူးလို့ ပြောကြပေမယ့် ခေါင်းဆောင်က အကောင်းဆုံး လုပ်ပေးနေတာတွေ့တော့ သူတို့လည်း သေရည်ခွက်တွေကို ယူလိုက်သည်။ လီကျင်လုံက သူ့သေရည်ခွက်ကို မြှောက်လိုက်ပြီး။
"ချန်အန်းမှာ ဘေးဒုက္ခတွေ နောက်ထပ် မဖြစ်လာပါစေနဲ့... ထန်မင်းဆက်ကို ဘုရားရှင် ကောင်းချီးပေးပါစေ!"
"ထန်မင်းဆက်ကို ဘုရားရှင် ကောင်းချီးပေးပါစေ"
သူတို့လေးယောက်သည် ငါးကြင်းနတ်ဆိုးနှင့်အတူ ၎င်းတို့၏မျက်နှာများကို မော့ကာ တစ်ကျိုက်တည်း သောက်ချလိုက်ကြသည်။ လီကျင်လုံက အားလုံးကို နောက်တစ်ကြိမ် ထပ်သောက်ဖို့ ဖိတ်ခေါ်ပြီး သေရည်ငှဲ့နေစဥ် မော့ရစ်ကန်းက ပြုံးပြီး ဆိုလေ၏။
"နှစ်လပဲ ရှိပါသေးတယ်... ဘာလို့ တစ်သက်လုံး ကုန်ဆုံးသွားသလို ခံစားလာရပါလိမ့်?"
ချိုးယုံစစ်က ပြုံး၍: "စက်တင်ဘာ ၁၈ ရက်နေ့က ငါ နတ်ဆိုးနှင်ဌာနထဲကို ၀င်ခဲ့တယ်... အဲဒီနေရာက မြက်တွေ ထူထပ်နေတာကို မှတ်မိနေသေးတယ် ငါ့ကိုယ်ငါ တံခါးမှားသွားပြီလို့တောင် ထင်ခဲ့တာ"
ဟုန်ကျွင့်ကလည်း ပြုံးပြီး ပြော၏။
"အဲဒီနေ့က ခေါင်းဆောင်နဲ့ တွေ့တော့ သူ့မျက်နှာက စိမ်းစိမ်းစိုစို ဖြစ်သွားတာ မှတ်မိလား"
ထိုနေ့တွင် လီကျင်လုံတစ်ယောက် အားထိုက်ရဲ့ စောင်းနဲ့ အရိုက်ခံလိုက်ရလေခြင်းပဲ ဖြစ်သည်။ ထိုအကြောင်းကို ပြောပြီးနောက် ပထမဦးဆုံးအကြိမ် အတူတူ ရယ်မောလိုက်ကြ၏။ မော့ရစ်ကန်းက လေးကို တီးကာ၊ ချိုးယုံစစ်နှင့် ဟုန်ကျွင့်တို့သည် ခွက်များနှင့် ပန်းကန်များကို တီးနေကြပြီး ငါးကြင်းနတ်ဆိုးကည်း ရေအင်တုံထဲတွင် ကခုန်နေလေသည်။ ... သူတို့သည် ဖန်းချန်ချင်ကိုပင် စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွတ်ဖြင့် သတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
လီကျင်လုံ: "ရိုးရိုးသားသား ပြောရရင် အဲဒီနေ့က ငါ စိတ်မြန်လက်မြန်နဲ့ ဘာမှ ပေါ့ပေါ့ဆဆ မလုပ်ခဲ့သင့်ဘူး"
ထိုစဥ် မော့ရစ်ကန်းက ဟုန်ကျွင့် လွှတ်ပေးလိုက်တဲ့ ပရော်ပရည် လုပ်တတ်တဲ့ မြေခွေးလေးအကြောင်း ပြောရင်း စနောက်နေလေရာ ဟုန်ကျွင့်က ဒေါသတကြီးနဲ့ ပြန်အော်လေတော့သည်။
"ငါက ချစ်စရာကောင်းတဲ့ တိရစ္ဆာန် သေးသေးလေးတွေကို သဘောကျရုံပဲ!!"
ချိုးယုံစစ်: "ဒါကိုပြောတော့မှ မင်းအတွက် ပန်းချီကားတွေ အများကြီးရှိတယ် မင်းတို့ကြည့်ချင်လား"
သူက ပြောသည့်အတိုင်း လှည့်ကာ အနောက်မှ စာရွက်အချို့ကို ထုတ်ယူလိုက်သည်။ တစ်ရွက်ကို ခွဲကာ ငါးကြင်းနတ်ဆိုးအား လှည့်ပြောလိုက်၏။
"မင်းက ရေစိမ်လေ့ရှိတော့... ဒါ မင်းအတွက် သိမ်းထားဖို့ ဟုန်ကျွင့်ကိုပဲ အကူအညီ တောင်းထားလိုက်..."
လူတိုင်းက ပန်းချီကားတွေကို ပိုင်းခြားပြီး ချိုးယုံစစ်ရဲ့ ပန်းချီကားတွေဟာ ထုံးစံအတိုင်း အထင်ကြီးစရာတွေ ဖြစ်နေတာကို မြင်လိုက်ရလေသည်။ လီကျင်လုံသည် နတ်ဆိုးနှင်ဌာနသို့ စတင်ဝင်ရောက်သည့် အချိန်၊ ဖျင်ကန်းလီ၌ သီချင်းနားဆင်ရင်း သစ်သားအကာနှစ်ခုကြားမှ ငြင်းခုန်ခဲ့တာ၊ တမင်နန်းတော်ရှေ့တွင် မိစ္ဆာများကို သတ်ဖြတ်သည့် မြင်ကွင်း၊ ကျင်းဟွားနန်းဆောင်မှာ အိမ်ရှေ့စံမင်းသားနဲ့ တွေ့တာတွေ၊ အရှင်မင်းကြီးရဲ့ ဥယျာဉ်ရှိ အပင်အောက်တွင် ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေသည့် မြင်ကွင်းများကို ပြန်လည် မြင်ယောင်နေသည်။
ဒီနေ့တော့ ချန်အန်းကနေ လိရှန့်တောင်ကို ပြေးနေတဲ့ အခိုက်အတန့်ပေါ့။
"ဒါကို ငါလိုချင်တယ်!" ငါးကြင်းနတ်ဆိုးက နောက်ဆုံး ပန်းချီကားကို လက်ညှိုးထိုးလိုက်သည်။
"ဒါက ရှုခင်းပန်းချီနဲ့ မတူပါဘူး" လီကျင်လုံက စိတ်ဝင်တစားနဲ့ ပြောသည်။
ချိုးယုံစစ်: "ငါ့အဖိုးက ငါ့ပန်းချီတွေက လက်တွေ့ဆန်လွန်းတယ်လို့ အမြဲထင်ခဲ့တယ်.... လူအများစုက ဒီလိုပန်းချီကားမျိုးကို မလိုချင်ကြဘူး"
"ကြိုက်တယ်" ဟုန်ကျွင့် ပန်းချီကားကို ဝါးပြွန်ထဲကို လှိမ့်ချလိုက်ပြီး။
"ပြန်ရောက်ရင် အခန်းထဲမှာ ချိတ်ထားလို့ရတယ်"
အားလုံးက ပန်းချီကားကို စိတ်ဝင်စားစွာ ကြည့်နေတာကြောင့် အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဟုန်ကျွင့်လည်း ထူးဆန်းတဲ့ လေထုကို ခံစားလိုက်ရ၏။
မော့ရစ်ကန်း: "ငါ့မှာလည်း လူတိုင်းကို မျှဝေဖို့ တစ်ခုခုတော့ ရှိပါတယ်"
သူစကားပြောနေရင်း အရိုးသေးသေးလေး သုံးချောင်းကို ထုတ်ပြီး ပေးလိုက်သည်။
"ဒါက ဝံပုလွေဘုရင်ရဲ့ လက်ချောင်းအရိုးတွေကနေ လုပ်ထားတဲ့ ဝီစီပဲ... ရှစ်ဝေနယ်မြေထဲမှာ မှုတ်နေသမျှဆော့ ငါတို့လူတွေကို ဦးစီးဖို့ ခေါ်နိုင်တယ်.... ရန်သူတွေကို သတ်တာပဲဖြစ်ဖြစ် စားသောက်တာပဲဖြစ်ဖြစ် ငါဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး"
အရိုးပုလွေသည် အလွန်နူးညံ့ သိမ်မွေ့စွာ ပြုလုပ်ထားပြီး အနီရောင်ကြိုးဖြင့် တွဲလျောင်းချည်ထားသည်။ ၎င်းက မှုတ်ရာတွင် ကြည်လင်ပြတ်သားစွာ အသံထွက်လာရာ ဟုန်ကျွင့်သည် ပုတီးစေ့တွေနဲ့ ယှဉ်ရင် ဒီဟာကို လက်ထဲက မချနိုင်ပေ။
"ဒါမှမဟုတ် ဒီပုတီးကို ဖြုတ်လိုက်မယ်"
အားလုံးက ဟုန်ကျွင့်ကို မလုပ်ဖို့ ဟန့်တားချင်သော်လည်း ဟုန်ကျွင့်က လက်ကောက်ကို ဆွဲဖြဲပြီးပြီ။ ကျောက်စိမ်းပုတီးတွေက မြေပြင်ပေါ် ပြုတ်ကျသွားရာ လီကျင်လုံ သူ့နဖူးကိုသာ ကိုင်ထားလိုက်ရသည်။
ချိုးယုံစစ်: "ဒီပုတီးစေ့တွေက လော့ယန်ရဲ့တစ်ဝက်လောက်ကို ဝယ်နိုင်တယ် မင်း...တကယ်ပဲ သူတို့ကို ဒီလိုမျိုး ခွဲထုတ်လိုက်တာလား?"
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး ငါ့အိမ်မှာ အများကြီး ကျန်သေးတယ် ငါးကန်ထဲမှာဆို အဲဒါတွေနဲ့တောင် ပြည့်နေပြီ အဲ့အချိန်ကျရင် တံကျင်ထည့်ဖို့ နောက်ထပ်တစ်ခု ထပ်ရှာလိုက်မယ်..."
လူတိုင်း: "..."
ကြိုးတစ်ချောင်းမှာ ပုတီးစေ့ဆယ်နှစ်လုံး ပါတာမို့ ဟုန်ကျွင့်က သူတို့အား နှစ်လုံးစီ ခွဲပြီး ပေးလိုက်သည်။ ငါးကြင်းနတ်ဆိုးကိုလည်း ၂လုံး ပေးလိုက်သေး၏။
ငါးကြင်းနတ်ဆိုး: "နဂါးမဖြစ်လာခင် ငါက ပုတီးစေ့နဲ့ ကစားရတော့မှာလား... မင်းပဲ ငါ့အစား သိမ်းထားပေးစမ်းပါ ”
"ဒါမှမဟုတ် ကျောက်ကျစ်လုံ အတွက် လည်ဆွဲတစ်ကုံးလုပ်ပြီး... ဗုဒ္ဓရဲ့အရိုးတွေနဲ့ ကြိုးချည်ပြီး မင်းရဲ့ပါးပြင်ပေါ်မှာ ဆွဲထားလိုက်ပေါ့"
ဒါက ကောင်းသည်။ ဟုန်ကျွင့်လည်း ငါးကြင်းနတ်ဆိုးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပျော်ရွှင်စွာ စတင်ဖန်တီးခဲ့သည်။ ငါးကြင်းနတ်ဆိုးသည်လည်း သေရည် အနည်းငယ်သောက်ပြီး မူးလာသဖြင့် တုန်တုန်ယင်ယင် ကြိမ်ဖန်များစွာ လှုပ်ခါကာ လဲကျသွားသည်။
"ဒီမှာ နောက်တစ်ခွက် သောက်လိုက်ဦး...
လီကျင်လုံ သေရည် လောင်းခါနီးအချိန်မှာ မော့ရစ်ကန်းက ဖမ်းပြီး ပြောလိုက်သည်။
"ငါလာမယ် ငါလာမယ်"
အားထိုက်: "ခေါင်းဆောင် ဒီတစ်ခွက်က မင်းအတွက်ပဲ"
ဟုန်ကျွင့်လည်း သူတို့နောက်ကို လိုက်ပြီး လီကျင်လုံဆီကို ဖန်ခွက်လေး မြှောက်လိုက်စဥ် လီကျင်လုံက အရင်ဖြတ်ပြောလိုက်၏။
"မင်း ဒဏ်ရာရထားတယ်... အရမ်းမသောက်နဲ့ ငါ မင်းအတွက် ဒီခွက်ကို သောက်ပေးနယ်"
လီကျင်လုံက နှစ်ခွက်ဆက်တိုက် သောက်ပြီး ဆိုသည်။
"စားပါ... အားလုံးကို ကြိုဆိုပါတယ်"
အစေခံတွေ အားလုံးက ပန်းကန်တွေကို တစ်ယောက်ပြီး တစ်ယောက် သယ်လာပေးကြသည်။ လီကျင်လုံက စားစရာတွေကိုသာ စားနေတော့ လေထုဟာလည်း ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။
"ဘာဖြစ်နေတာလဲ"
ဟုန်ကျွင့်လည်း လေထုက ထူးဆန်းနေတယ်လို့ ခံစားရလေသည်။
"ဘာမှမဟုတ်ပါဘူး" ချိုးယုံစစ်က ဟုန်ကျွင့်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်နေသည်။
"ဟုန်ကျွင့် မင်းက တကယ်ကောင်းတဲ့ ကောင်လေးပဲ"
လီကျင်လုံက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆို၏။
"မင်းတို့ ပြောစရာရှိရင် ပြောလိုက်ပါ"
ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေရာ နားမလည်တဲ့ ဟုန်ကျွင့်ကပဲ ထပြောရလေ၏။
"မင်းတို့ ဘာဖြစ်နေကြတာလဲ?"
မော့ရစ်ကန်းက အရင် သက်ပြင်းချလိုက်ပြီး ပြောသည်။
"ခေါင်းဆောင်နဲ့ ဟုန်ကျွင့် ရိုးရိုးသားသား ပြောရရင် ငါသွားရတော့မယ်"
"ဘာလို့လဲ!"
ဟုန်ကျွင့်၏ အသံတွင် ဖုံးကွယ်၍မရသော အံ့သြမှုနှင့် စိတ်ပျက်မှုတို့ ပါဝင်သည်။ လီကျင်လုံက မဖြေဘဲ မော့ရစ်ကန်းကို တိတ်တဆိတ်ပဲ ကြည့်ကာ ခဏကြာတော့ တစ်ဖက်က ချိုးယုံစစ်ကို ကြည့်လိုက်သည်။
"ငါလည်း သွားစရာရှိတယ်"
အားထိုက်က ဝမ်းနည်းစွာ ပြုံးပြီး "မင်းတို့ ဟန်လူမျိုးတွေရဲ့ ကမ္ဘာပေါ်က ပွဲတွေအားလုံး ပြီးသွားပြီလို့ ပြောရမယ်... ငါလည်း ပြန်သွားရမှာပေါ့ ခေါင်းဆောင်နဲ့ ဟုန်ကျွင့်"
ဟုန်ကျွင့် : "..."
လီကျင်လုံ တိတ်ဆိတ်နေ၏။
"မင်း... မင်းတို့..." ဟုန်ကျွင့်လည်း တစ်ခုခု မှားနေတယ်လို့ ထင်ပြီး ဝင်ဆိုလာသည်။
"ဘာလို့လဲ... နောက်ဆုံး မိစ္ဆာဘုရင်ကို ဖယ်ရှားပြီးရင်တောင် ချန်အန်းမှာနေတာက မကောင်းဘူးလား? ချန်အန်းက အရမ်းချစ်စရာကောင်းတယ်။ .. စားစရာတွေလည်း ရှိတယ်လေ ..”
"ဟုန်ကျွင့်" ငါးကြင်းနတ်ဆိုးက အော်လိုက်၏။
မော့ရစ်ကန်းက သက်ပြင်းချလိုက်ပြီး "ရိုးရိုးသားသား ပြောရရင်... ခေါင်းဆောင် ဒီကိုမလာခင်မှာ ငါ့ပုခုံးပေါ်မှာ တာဝန်တစ်ခု ရှိခဲ့တယ်"
လီကျင်လုံ: "သမင်ဖြူကို ရှာနေတာလား"
ဟုန်ကျွင့် အံ့သြသွားသည်။ ခေါင်းဆောင်က ဘယ်လိုလုပ် သိသွားတာလဲ။ ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်၏အမူအရာကို ကြည့်ကာ ဟစ်အော်၏။
"မင်းက မိုက်မဲလိုက်တာ... နက္ခတ်တာရာကြည့်စင်မှာ မော့ရစ်ကန်း ဟိုမြေခွေးမကို ဘာမေးခဲ့တာလဲ"
ထိုအခါမှ ဟုန်ကျွင့် သတိရပြီး "ဒါပေမဲ့ ချန်အန်းမှာ မင်းပြောခဲ့တဲ့ သမင်ဖြူရဲ့ ခြေရာလက်ရာတွေ မတွေ့ဘူး... ချင်ရှုံနဲ့ ချုံမင်ကို ငါမေးလို့ရတဲ့အချိန်အထိ ဘာလို့ မစောင့်တာလဲ!"
"မဟုတ်ဘူး...သမင်ဖြူက ရှည်လျားတဲ့ညကို ကာကွယ်ပေးတဲ့ အိပ်မက်နတ်ဘုရားပဲ သူမက နတ်ဆိုး မဟုတ်ဘူး... လွန်ခဲ့တဲ့ အနှစ်တစ်ရာ့နှစ်ဆယ်ကတည်းက မြက်ခင်းပြင်မှာ ပျောက်ကွယ်သွားခဲ့တာ... ငါက ဝံပုလွေရဲ့ စွမ်းအားကို အမွေဆက်ခံခဲ့တယ် ဒါကြောင့် သူမကို ရှာရတော့မယ် ချန်အန်းကို မိစ္ဆာဘုရင်က ချုပ်ထားသလို သူ့ကိုလည်း တစ်ခုခုရ ချုပ်နှောင်ထားတာလို့ သံသယရှိတယ်... အခု သူမက အလယ်ပိုင်းလွင်ပြင်မှာပဲ ရှိနေပုံရတယ် အဲဒါကြောင့် သူမကို ဆက်ရှာရဦးမယ်"
လီကျင်လုံ: "မတွေ့ရင် ဘာဖြစ်သွားမလဲ"
မော့ရစ်ကန်း: "သမင်ဖြူရဲ့ စွမ်းအားက မင်းရဲ့နှလုံးမီးအိမ်နဲ့ တူတယ်... သူမက လူတိုင်းရဲ့အိပ်မက်တွေထဲမှာ ပြေးလွှားနေပြီး သူတို့ရဲ့အိပ်မက်ဆိုးတွေကို တွန်းထုတ်လိုက်တာ... အခု သူမပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အိပ်မက်ဆိုးတွေရဲ့ စွမ်းအားကို မဖယ်ရှားနိုင်တော့ဘဲ ကောင်းကင်နဲ့မြေကြီးကြားက ရန်ငြိုးစွမ်းအင်တွေကလည်း ပိုလေးလံလာတယ်"
လီကျင်လုံက အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ဟုန်ကျွင့်ကတော့ မျက်မှောင်ကြုတ်ကာ။
"ဒါကို ဘယ်မှာရှာရမလဲ"
မော့ရစ်ကန်း: "ချန်အန်းက ထွက်ပြီးရင် တောင်ဘက်ကို အရင်သွားပြီးတော့ ရှုကျုံးကို သွားကြည့်မယ်... ကမ္ဘာပေါ်က အရာအားလုံးမှာ နတ်ကိုးကွယ်မှုတွေ၊ ကောင်းကင်နဲ့မြေကြီးရဲ့ရန်ငြိုးဖွဲ့မှုတွေ၊ နတ်ဆိုးတွေ၊ နတ်တွေ၊ မိစ္ဆာတွေ၊ တိရစ္ဆာန်တွေ အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိကြတယ်... တစ်ခုနဲ့တစ်ခု ချုပ်နှောင်ထားတဲ့ အရာတစ်ခု လျော့နည်းလာပြီးရင် နောက်တစ်ခုက တိုးလာတယ်... တစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်တယ်"
လီကျင်လုံက သူနားလည်ကြောင်း ညွှန်ပြပြီး ဘာမှ ထပ်ပြောစရာ မလိုတော့ကြောင်း ညွှန်ပြသည်။ အခန်းသည် တိတ်ဆိတ်သွားပြန်သည်။
ချိုးယုံစစ်: "ငါ့ရဲ့တာဝန်က နဂါးမျှော်စင်ခန်းမကနေ လွတ်မြောက်လာတဲ့ နဂါးနက် 'ရှဲ့ယွီ' ကိုရှာဖို့ပဲ.... လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာလောက်က သူက နဂါးမျိုးနွယ်စုတွေ အများကြီးကို ကိုက်စားခဲ့တယ်...အခု သူ့ရဲ့ ခွန်အားက တစ်ချိန်တည်းမှာ ကြီးထွားလာတော့ လွတ်မြောက်သွားခဲ့တယ်.... သူက မျှော်စင်အောက်ခြေမှာ ဖီးနစ်မျိုးနွယ်နဲ့ စစ်ပွဲဆင်နွှဲခဲ့ဖူးတယ်"
ဟုန်ကျွင့်၏ နှလုံးသားများ တုန်လှုပ်သွား၏။ ချုံမင်၏ စကားများကို ပြန်တွေးမိကာ သူ့ဘာသာသူ စိတ်မထိန်းနိုင်ဘဲ ဖြစ်လာသည်။
"နောက်တော့ ဖီးနစ်မျိုးနွယ်က ရှုံးသွားတယ်... ရှဲ့ယွီက အလယ်ပိုင်းဒေသမှာ ပုန်းနေခဲ့ပြီးတော့မှ လူ့လောကထဲ ထွက်သွားခဲ့တာ....ငါ ဒီကို မလာခင်တုန်းကတော့ သူ ချန်အန်းမိစ္ဆာဘုရင် ဖြစ်သွားပြီလို့ ထင်ခဲ့ပေမယ့် အခုတော့ မဟုတ်သေးဘူး ထင်တယ်"
လီကျင်လုံ: "ဒါက ငါ့စိတ်ထဲမှာ စိုးရိမ်နေတာပဲ.... ဒါဆို ရှဲ့ယွီကို နဂါးအကျဉ်းထောင်ရဲ့ နေရာကို ဆက်ရှာဖို့ စီစဉ်ထားတယ်ပေါ့... မင်းတွေ့ပြီးရင် ဘာဆက်လုပ်မှာလဲ?"
ချိုးယုံစစ်: "သူ့ကို ဖမ်းပြီး နဂါးမျှော်စင်မှာ ချိတ်ပိတ်ထားမယ်"
ဟုန်ကျွင့်: "နဂါးမျှော်စင်က ဘယ်မှာလဲ"
ငါးကြင်းနတ်ဆိုးကလည်း “ငါ မတော်တဆ နဂါးဖြစ်သွားရင် ငါလည်း ဖမ်းမှာတော့ မဟုတ်ဘူးမလား...."
"မင်းတို့ ဘယ်သူမှ မဝင်နိုင်တဲ့ နေရာတစ်နေရာပဲ"
ချိုးယုံစစ်က ဆက်ပြောပြ၏။
"ရှေးခေတ်က မသေမျိုး ကွမ်းချန်ကျစ်က တည်ဆောက်ခဲ့တာ... 'နဂါးကို နှိမ်နှင်းခြင်း' လို့ ခေါ်ပေမယ့် တကယ်တမ်းတော့ ချိတ်ပိတ်ထားရုံပဲ လုပ်နိုင်တာ... အရမ်းရက်စက်ပြီး သွေးဆာနေတဲ့ နဂါးကို အဲ့ထဲမှာ ပိတ်လှောင်ထားခဲ့တာ... ချိုးမိသားစုက နဂါးမျှော်စင်ကို မျိုးဆက်ပေါင်းများစွာ အုပ်ထိန်းရသူ ဖြစ်လာခဲ့တယ်...”
အခန်းထဲက တိတ်ဆိတ်မှုအတွင်း ချိုးယုံစစ်က သက်ပြင်းချလိုက်သည်။
"ချန်အန်းကိုရောက်လာပြီး မိစ္ဆာဘုရင်အဖြစ် ပြောင်းသွားမယ်လို့ ထင်ခဲ့တာ ဒါပေမယ့် ဒီနေရာကို အုပ်စိုးတဲ့ မိစ္ဆာဘုရင်က တကယ်တမ်းတော့ အမြှီးကိုးချောင်း မြေခွေးတစ်ကောင်လို့ မမျှော်လင့်ထားဘူး... ဒါကြောင့်..." ချိုးယုံစစ်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
"ရှဲ့ယွီရဲ့ တည်နေရာက ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်း ရှာနေရတာနဲ့တောင် တူသွားတယ်... မင်းတို့နဲ့ အချိန်အကြာကြီး ခွဲခွာရမှာပဲ"
လီကျင်လုံက ခဏလောက် စဉ်းစားပြီး အားထိုက်ဘက် လှည့်လိုက်သည်။
"မင်းကော ဘယ်လိုလဲ?"
အားထိုက်က: "အဲဒီညက ရွှေပန်းတွေကြားထဲမှာ ဘုရင်မင်းမြတ်က ငါ့ကို ခေါ်လာတယ်လေ... ဝူစွင်းရှေးဟောင်းလမ်းမှာ စစ်သားတွေနဲ့ မြင်းတွေကို စုဆောင်းဖို့ ခုအာထိုက်ခရိုင်ကို ငှားပေးမယ်လို့ ကတိပေးခဲ့ပြီး လက်ရေးနဲ့လည်း ပို့ပေးခဲ့တယ်... မြင်လား “
မော့ရစ်ကန်းလည်း ဒီအကြောင်းကို ကြားတော့ မျက်မှောင်ကြုတ်ကာ ဝင်ပြောလာသည်။
"ခုအာထိုက် ဒေသက အရမ်းအန္တရာယ်များတယ်....လူရိုင်းတွေလည်း ခဏခဏ ပေါ်လာတတ်တယ် မင်းဘယ်လိုလုပ် ခြေကုပ်နိုင်မှာလဲ"
“ငါ့မှာ အစောင့်တွေ ရှိသေးတယ်လေ...ဘာပဲပြောပြော ငါက ပါရှားဘုရင်ရဲ့ သန့်ရှင်းတဲ့ ဆင်းသက်သူ တစ်ယောက်ပါ ဟီးဟီး…”
ပြောရင်း သူ့ယပ်တောင်ကိုလည်း လှုပ်ယမ်းလိုက်ပြီး။
“ဘယ်လိုလုပ် သာမာန်ဖြစ်နိုင်မှာလဲ... လူရိုင်းတွေက ငါတို့ရဲ့ရန်သူ ဖြစ်လာနိုင်မှာလား?"
လီကျင်လုံက ခေါင်းညိတ်ပြီး "အဲဒီနေ့ညက ပြန်ရောက်ပြီး မင်းကဘာလို့ စကားမပြောတာလဲ"
"ခေါင်းဆောင်... ငါ မင်းနဲ့လူတိုင်းကို ဒုက္ခမပေးချင်တော့ဘူး မင်းရဲ့ဂရုစိုက်မှုကို ငါတကယ် ကျေးဇူးတင်တယ်"
အားထိုက်က ခြေတစ်လှမ်း နောက်ပြန်ဆုတ်ကာ လူတိုင်းအား ယဉ်ကျေးစွာ ဦးညွှတ်လျက် ဆိုသည်။ ဟုန်ကျွင့်လည့း သူ့ကိုကူညီဖို့ အရှိန်အဟုန်နဲ့ လှမ်းတက်သွားပြီး အားလုံးကလည်း ခဏတာမျှ သက်ပြင်း အကြိမ်ကြိမ် ချနေကြရသည်။
ချိုးယုံစစ်: "ထွက်သွားတာက အကောင်းဆုံးနည်းလမ်းပဲ... ချန်အန်းရဲ့ မိစ္ဆာဘုရင်ကို ဖယ်ရှားလိုက်ပြီ....အကြာကြီးနေရင် ဧကရာဇ်မင်းနဲ့ နန်းတွင်းအရာရှိတွေက မနာလိုဖြစ်လာမှာကို ကြောက်ရတယ် နတ်ဆိုးတွေ ဒါမှမဟုတ်..."
"ပြောစရာ မလိုတော့ဘူး" လီကျင်လုံ လန့်သွားသည်။
မော့ရစ်ကန်းမှာ လီကျင်လုံ၏ အမူအရာကို သတိပြုမိပြီး ဧကရာဇ်သည်လည်း ဤကိစ္စကို စိတ်ပူနေပြီ ဖြစ်ကြောင်း သိလိုက်သည်။
"ပြန်လာမှာလား" လီကျင်လုံက မေးသည်။
"သခင်ဖြူကို ငါရှာတွေ့ပြီးရင် သူမကို မြက်ခင်းပြင်ဆီ ပြန်ခေါ်သွားရလိမ့်မယ် ငါတို့ ချန်အန်းကိုဖြတ်သွားရင်တော့ ခေါင်းဆောင်.... ငါတို့ရဲ့ အိမ်ထောင်ရေးကို ဦးစီးပြုလုပ်ပေးဖို့ မင်းကို တောင်းဆိုချင်ပါတယ် "
လီကျင်လုံက ရယ်မောနေသော်လည်း သူ့အပြုံးထဲတွင် နာကျင်မှု အရိပ်အမြွက်များ ပြနေသည်။
ချိုးယုံစစ်: "နဂါးနက်ကို သိမ်းပြီးရင် အနောက်ကန်ကြီးနားမှာ ငါနေရဖို့ ရှိသေးတယ်။ အဲဒါက နဂါးမျှော်စင်ရဲ့ တစ်ခုတည်းသော ဝင်ပေါက်နဲ့ ထွက်ပေါက်ပဲ ဒါပေမယ့် ချန်အန်းကို ရံဖန်ရံခါ လာရတာလည်း အဆင်ပြေတယ်...မင်းတို့ကိုလည်း အချိန်မရွေး ဧည့်သည်အဖြစ် လာဖို့ ဖိတ်ခေါ်ပါတယ်"
အားထိုက်: “ငါ့ရဲ့ မွေးရပ်မြေကို ပြန်ရချင်တဲ့ ဆန္ဒက ဒီဘဝမှာ တကယ်ဖြစ်လာမလား ဆိုတာ မသိပေမယ့် တစ်နေ့ကျရင် မရှင်သန်နိုင်ရင်တောင် ငါ့ညီအစ်ကိုတွေဆီ လာလည်ဦးမှညပါ”
လီကျင်လုံကလည်း ဝမ်းသာအားရနဲ့ "မင်း ပြန်မလာတော့ဘူးလို့ ငါမျှော်လင့်တယ်"
အားလုံးက ရယ်ရယ်မောမောနဲ့ တစ်ခွက်စီ သောက်လိုက်ကြသည်။ မျက်လုံးတွေ နီရဲနေတဲ့ လီကျင်လုံက သက်ပြင်းချရင်း ခေါင်းကို လှည့်ကာ ဟုန်ကျွင့်ကို မေး၏။
"မင်းကော ဘယ်လိုလဲ?"
ဟုန်ကျွင့်က ထိတ်လန့်တုန်လှုပ်နေပြီး အချိန်အတော်ကြာအောင် စိတ်မသက်သာသေးဘဲ ဖြစ်နေရာ ဒီမေးခွန်းကို မေးလာတဲ့ အခါမှာတော့ သူ့ရဲ့မသိစိတ်က တုံ့ဆိုင်းနေသည်။
"ငါ... ကျွန်တော်.."
ဟုန်ကျွင့်သည် ယောင်ကျင်းနန်းတော်မှ မထွက်ခွာမီ ချင်းရှူံနဲ့ ချုံမင်တို့က သူ့ကို နှလုံးမီးအိမ်ကို မူလပိုင်ရှင်ထံ ပြန်ပေးရန်၊ နောက်တစ်ခုက ချန်အန်းမိစ္ဆာဘုရင်ကို နှင်ထုတ်ရန်၊ တတိယအချက်မှာ၊ သူ့မိဘတွေရဲ့ သေဆုံးမှုကို အမှန်အတိုင်းရှာဖွေရန် ပြောခဲ့သည်။ ယခု နှလုံးမီးခွက်ကို ပေးတာက ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ ချန်အန်းမိစ္ဆာဘုရင်က ဖျက်ဆီးခံလိုက်ရပြီ။ သူ့ဘဝအတွေ့အကြုံနှင့် ပတ်သက်သည့် အမှန်တရားကို အကြမ်းဖျင်း သိထားသော်လည်း သူ့အဖေကို သတ်ခဲ့တဲ့လူကို ရှာမတွေ့သေးချေ။
"ကျွန်တော်...ခဏလောက်နေသင့်တယ် မဟုတ်လား"
ဟုန်ကျွင့် လီကျင်လုံကို ဗြောင်ကျကျ ကြည့်နေလိုက်သည်။ လီကျင်လုံအတွက် ဤနှုတ်ဆက်ခြင်းသည် ရက်စက်လွန်းရာ ကျသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ တိမ်တွေလိုပဲ ခဏလေးပဲ စုဝေးပြီး ကံကြမ္မာက ခဏတာ ကုန်ဆုံးသွားပေမယ့် ချန်အန်းမှာ နတ်ဆိုးတွေ မရှိတော့တဲ့အခါ နတ်ဆိုးနှင်ဌာနလည်း ရှိတော့မှာ မဟုတ်ပါဘူး။ လီကျင်လုံက သူတို့ပြန်လာတာကို စောင့်ရင်း အခန်းထဲမှာ တစ်နေကုန် နေခဲ့ရလိမ့်မည်။
ဒါကိုကြားတော့ မော့ရစ်ကန်းက ပြုံးပြီး "ဟုန်ကျွင့်.... ဒါဆို ခေါင်းဆောင်ကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့"
အားထိုက်: "ခေါင်းဆောင် အတွက်ပဲ ဖြစ်ဖြစ် မင်းအတွက်ပဲ ဖြစ်ဖြစ် နေခဲ့မှာမလား... မင်းလည်း မင်းသားတစ်ပါးပဲ တစ်နေ့ မင်းအိမ်ပြန်ချင်တဲ့အခါ မင်းသူ့ကို ခေါ်သွားလိုက်ပေါ့"
ချိုးယုံစစ်က ချက်ချင်း ထောက်ခံသည်။
"ဟုတ်တယ်... အဲဒါက အမှန်ပဲ!"
လီကျက်လုံ : "..."
လီကျင်လုံ ဝမ်းနည်းသွားမှာကို ကြောက်လွန်းလို့ ဟုန်ကျွင့်လည်း ဆိုသည်။
"ဟုတ်တယ် အဲဒါက အမှန်ပဲ!"
လီကျင်လုံ: "ငါ ခေါင်းမညိတ်ရသေးဘူးလေ... မင်းတို့နှစ်ယောက်က ဒီအတိုင်းပဲ ထွက်သွားမယ်ပေါ့... မင်းတို့မှာ အသိတရားရော ရှိရဲ့လား"
"မင်းမှာ ဟုန်ကျွင့် ရှိသေးတယ်လေ" ချိုးယုံစစ်က ပြုံးပြတယ်။
"မှန်တယ် မင်းမှာ ဟုန်ကျွင့် ရှိသေးတယ်"
အားထိုက်နဲ့ မော့ရစ်ကန်းကလည်း သဘောတူနေကြရာ လီကျင်လုံ သေရည် လှမ်းယူလိုက်ပြီး စကားမပြောတော့ဘဲ တိုက်ရိုက် သောက်ချလိုက်ပါ၏။
လီကျင်လုံ: "ထွက်သွားလို့ အဆင်ပြေတယ်... တစ်နေ့ မိစ္ဆာတွေက ချန်အန်းကို ထပ်ပြီး ဒုက္ခပေးရင် ငါတို့ မင်းတို့ကို ဘယ်လိုရှာရမလဲ"
မော့ရစ်ကန်း: "အိပ်မက်တွေရဲ့ စွမ်းအားက နေရာတိုင်းမှာ ရှိပါတယ် မိစ္ဆာတွေ ချန်အန်းရဲ့ ကောင်းကင်ပေါ်တက်လာတိုင်း ငါ သေချာပေါက် ပြန်လာမှာပါ"
အားထိုက်: "မင်းအနောက်တိုင်း ဒေသကိုသွားမယ့် ကုန်သည်တန်းကို ပေးစာပေးပြီး ခုအာခရိုင်ကိုခေါ်သွားခိုင်းလိုက်... လိုအပ်ရင် မဆိုင်းမတွ ရောက်လာပေးမယ်"
ချိုးယုံစစ်: "ခေါင်းဆောင်...ယိကျန့်ကနေတစ်ဆင့် ဟန်ကျိုးက အနောက်ဖက်ရေကန် ဝမ့်လျိုအိမ်တော်ကို စာပို့လိုက်ပါ.... ငါတို့မိသားစုက ငါ့ကို သဘာဝအတိုင်း အကြောင်းကြားလိမ့်မယ်"
လီကျင်လုံက သေရည်ခွက်ကို ငုံ့ကြည့်ကာ သက်ပြင်းချနေသည်။
"မင်းတို့အားလုံးကို ငါတွေ့တဲ့နေ့ကစပြီး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျ ထွက်သွားမယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ဒီလောက် မြန်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ငါ့အပြစ်ပါ... “
မော့ရစ်ကန်းက "မင်းကိုဘာလို့ အပြစ်တင်ရမှာလဲ ခေါင်းဆောင်ကြောင့်သာ မဟုတ်ရင် အားလုံးက ဘယ်လိုလုပ် ဒီလိုဖြစ်လာမှလဲ..."
"မင်းတို့အားလုံးနဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ငါမမြတ်နိုးခဲ့တာ ငါ့အမှားပါ"
လီကျင်လုံက မျက်လုံးများကို မော့ကာ ကျန်လူများကို ကြည့်လိုက်ရင်း ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
"မင်းတို့ကို ဒီဘဝမှာ ပြန်တွေ့ခွင့်ရဖို့ ငါမျှော်လင့်ပါတယ်"
ထိုစကားထွက်လာသည်နှင့် တပြိုင်နက် ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းသည် သူတို့၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာပြီး ဟုန်ကျွင့်လည်း ငိုလုမတတ်ပင် ဖြစ်လာသည်။
"ငါ မင်းတို့ကို ပေးစရာ မရှိဘူး" လီကျင်လုံက ခေါင်းငုံ့ပြီး မျက်ခုံးမွှေးတွေကို လက်ညိုးရှည်နဲ့ ပွတ်သပ်နေသည်။
"မင်းတို့ မြင်းတွေ အကုန်လုံး ယူသွားလိုက်... တကယ်လို့ ဌာနမှာ ဆက်ထားခဲ့မယ် ဆိုလည်းရင် ငါ တခြားလူကို စီးခွင့်မပေးပါဘူး”
အားလုံး ငြိမ်ပြီး ခေါင်းညိတ်ကြသည်။
"လူတိုင်းအတွက် သီချင်းဆိုပေးရမလား?"
အားထိုက်က ကမန်းကတန်း လှည့်ပြီး စောင်းကို ကောက်ကိုင်လိုက်သည်။ ဘယ်သူ့ကိုမှ ပြန်မဖြေပေမယ့် သူက ကြိုးတွေကို အကြိမ်ပေါင်းများစွာ တီးခတ်လိုက်ပြီ။
"ဝေချန်းမှာ မနက်ခင်း မိုးရွာတာနဲ့ ဖုန်မှုန့်တွေက လွင့်စင်လေပြီ... တည်းခိုခန်းတွေက စိမ်းစိမ်းစိုစိုနဲ့ မိုးမခတွေလည်း စိမ်းနေပြီ..."
"ငါ မင်းတို့နဲ့အတူ သေရည်တစ်ခွက် သောက်ပြီး ယန်ကွမ်းအနောက်ကို ထားခဲ့ဖို့ အကြံပေးတယ်.... သူငယ်ချင်းဟောင်း မရှိလေဘူး..."
ဟုန်ကျွင့်သည် ဤသီချင်းဖြစ်သည့် "ယန်ကွမ်းစန်းတျယ်" ကို မကြာခဏ နားထောင်လေ့ရှိသော်လည်း ယခင်က သူနားထောင်သည့် အချိန်တိုင်း ပုံမှန်ပင်။ ယခုတော့ သူသည် လွမ်းဆွေးခြင်းနှင့် တွန့်ဆုတ်ခြင်း၏ အရိပ်အမြွက်ဖြင့် ယနေ့ည၌ ကြားနေရသည်။
"ယန်ကွမ်းစန်းတျယ်" ကို သီဆိုပြီးနောက် အားထိုက်ရဲ့ စောင်းသံက ရှည်လျားစွာ စီးဆင်းသွားသည်။
မော့ရစ်ကန်းက: "ဒီလောက် ဝမ်းနည်းစရာကောင်းတဲ့ သီချင်းကြီး မဆိုစမ်းပါနဲ့..."
အားထိုက်: "ကောင်းပြီ ကောင်းပြီ ကောင်းပြီ သီချင်းပြောင်းပါ့မယ်"
"ချီလီချွမ်.... ယင်ရှန်း တောင်ခြေမှာ ကောင်းကင်က ပြာနေတယ် လယ်ကွင်းတွေ ကျယ်လို့ မြက်ပင်တွေက လေတိုက်လို့ နိမ့်ပါးသွားတယ်.... နွားတွေ သိုးတွေကို မင်းမြင်ရလိမ့်မယ်..."
အဲဒီညမှာ လူတိုင်းက "ယန်ကွမ်း" ၊ "နွေဦးမြစ်ပန်းများနဲ့ ညလ" ကို လိုက်ဆိုကြသည်။
"မင်းမမြင်ရင် မြစ်ဝါမြစ်ရေဟာ ကောင်းကင်ကနေ တက်လာပြီး မြစ်ဝါမြစ်ဆီ ပြေးတက်သွား.... ပင်လယ်ရေက ဘယ်တော့မှ ပြန်မလာတော့ဘူး ဆောင်းဦးရာသီမှာ တောငန်းတွေကို လွှတ်ရင်း အဝေးက အထပ်မြင့်တိုက်တွေကို ခံစားလို့ရတယ်.... ပင်းလိုင်းမှာ အရိုးတွေဆောက်၊ အလယ်က အိမ်ငယ်လေး... စိမ်းစိုနေတဲ့ ရေကို ဓားနဲ့ခုတ်၊ ရေက ပိုစီးလာမယ်.... ဝမ်းနည်းခြင်းတွေကို ဖြေဖျောက်ဖို့ သေရည် ခွက်တစ်ခွက်က မြှောက်လိုက်ပါ.."
စတုထ္ထမြောက် နာရီအချိန်ရောက်မှ လူတိုင်းကလည်း မူးပြီး သတိလစ်သွားကြသည်။ လူတိုင်း ခုံရှေ့တွင် လဲလျောင်းကာ စားပွဲထောင့်တွင် လဲလျောင်းနေကြ၏။ ငါးကြင်းနတ်ဆိုးက သူ့အမြီးကို ရံဖန်ရံခါ လှုပ်နေသည်။
အချိန်အတော် ကြာပြီးနောက် မော့ရစ်ကန်းက မျက်လုံးကိုဖွင့်ကာ သူ့ပုခုံးများကို ပွတ်သပ်လိုက်သည်။ မူးမူးနဲ့ ရီဝေဝေ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ သူက ငြိမ်သက်စွာ မတ်တပ်ထရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါ၏။
"ညီအစ်ကိုတို့ နောက်မှတွေ့မယ်"
မော့ရစ်ကန်းက တိုးတိုးလေး ပြောသည်။
သူသည် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး တံခါးရှေ့မှာ ဒူးထောက်ကာ ဘယ်လက်ကို ညာဘက်ရင်ဘတ်ပေါ် တင်ကာ ဦးညွှတ်အလေးပြုပြီး နောက်လှည့် ထွက်သွားသည်။ သိပ်မကြာခင်မှာပဲ ချိုးယုံစစ်နဲ့ အားထိုက်တို့လည်း နိုးလာပါ၏။
"ထွက်သွားပြီလား" ချိုးယုံစစ်က ပါးစပ်အဟောင်းသားနဲ့ မေးလိုက်သည်။
အားထိုက်က ခေါင်းညိတ်၏။ နှုတ်ဆက်ရတာက အဆိုးဆုံး အချိန်ပါပဲ။ စတုတ္ထနာရီတွင် လီရှန်တောင်ခြေရင်း၌ အားထိုက်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့သည် ကြီးမားသော လမ်းမကြီး ရှေ့တွင် တပ်စွဲထားကြသည်။
အားထိုက်: "ငါ အနောက်ဘက်ကို သွားမယ်"
မော့ရစ်ကန်း: "ကျွန်တော် အရှေ့မြောက်ကို သွားမယ်"
ချိုးယုံစစ်: "ငါတောင်ဘက်ကို သွားတော့မယ်.... ညီအစ်ကိုတို့ နှုတ်ဆက်ကြရအောင် ကောင်းကင်ကြီးမြင့်ပြီး လမ်းတွေက ရှည်လျားတယ်... နောက်မှ တွေ့မယ်"
မော့ရစ်ကန်း: "တောင်တွေက ကျယ်ပြောပြီး ပင်လယ်ပြင်က ကျယ်ဝန်းတယ်... တစ်နေ့တော့ ပြန်တွေ့ကြမယ်"
အားထိုက်က ပြုံးပြီး "မင်္ဂလာပါ ဟိုင်းမြန်ဟော်ပီ.... ငါ မင်းတို့ကို လွမ်းနေမယ်နော်!"
ချိုးယုံစစ်က "တကယ်တော့ ငါ ဒီမေးခွန်းကို မေးချင်နေတာ ကြာပြီ... ဟေး ဟိုင်းမြန်ဟော်ပီ ဆိုတာက ဘာကိုဆိုလိုတာလဲ"
အားထိုက် "ဒါက ပါရှန်းသူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ 'အာ့! ပြန်တွေ့ကြတာပေါ့ ချစ်သူငယ်ချင်း'လို့ ပြောတာလေ"
မော့ရစ်ကန်းက ပြုံးပြီး ပြန်ပြောသည်။
"ငါတို့စတွေ့တုန်းက မင်းဒီလိုပဲ ပြောခဲ့တယ်... အဲဒီတုန်းက ငါတို့က သူစိမ်းတွေလေ... အခု မဟုတ်ကြတော့ဘူး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီ"
အားထိုက်လည်း လွင်ပြင်ပေါ်တွင် ရပ်ကာ ညဉ့်နက်ပိုင်းရဲ့ ကောင်းကင်ယံကို မော့ကြည့်နေသည်။ ကောင်းကင်တွင် လင်းလက်နေသော ကြယ်ရောင်တွေက ရေမှုန်မှန် အကြီးကြီးလို့ ဖြစ်နေသည်။
အားထိုက်က "ငါတို့အားလုံး တစ်နေ့မှာ ခင်မင်ရင်းနှီးသူတွေ ဖြစ်လာကြလိမ့်မယ်... ကံကြမ္မာကြောင့် မတော်တဆ ဆုံမိကြပေမယ့် တကယ်တော့ ဆုံဆည်းဖို့ ရည်မှန်းထားကြတာပဲ"
အားထိုက်က ကျယ်ပြောလှတဲ့ ညကြီးထဲကို တိုးဝင်သွားစဥ် ချိုးယုံစစ်က မြင်းခေါင်းကို လှည့်ပြီး တောင်ဘက် တရားဝင်လမ်းမပေါ် မြင်းမောင်းသွား၏။ မော့ရစ်ကန်းက လိရှန့်တောင်ကို ပြန်ကြည့်ပြီးနောက် သူ့နောက်ဘက် သားရေကုန်းနှီးကို ဘေးတိုက်ကြည့်ကာ
"ခေါင်းဆောင်... ဟုန်ကျွင့်... မင်းတို့ ဂရုစိုက်ကြပါ... ကျား!"
မြင်းတပ်သား သုံးယောက်သည် လမ်းမပေါ်၌ လှည့်ပတ်ကာ လွင်ပြင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ မောင်းနှင် ပျောက်ကွယ်သွားခဲ့ကြသည်။