Chapter (45)
အနောက်မြောက်ကင်းထောက်
ရက်အနည်းငယ် အကြာတွင်။
လီကျင်လုံသည် ဟုန်ကျွင့်ကို တင်ဆောင်လျက် အနောက်မြောက်ဘက်သို့ ထွက်ခွာလာခဲ့သည်။ ကျားယွိယွမ်ကို ဖြတ်သွားပြီးသောအခါ လမ်းတစ်လျှောက် အနောက်မြောက်မြေက အလွန်လူဆိတ်ညံနေတာကို တွေ့လိုက်ရသည်။ တရားဝင်လမ်းသည် ခရိုင်တစ်ခုမှ တစ်နေရာသို့ အကြိမ်ပေါင်းများစွာ ကျဆင်းထားသော ဆီးနှင်းများက ဖုံးလွှမ်းနေသဖြင့် တစ်ရက်အတွင်း ယာဉ်တန်းအနည်းငယ်ကိုသာ တွေ့ရသည်။
ရံဖန်ရံခါ သွားလာနေကြသော လယ်သမားများနှင့် တစ်ခါတရံ တောင်ထိပ်တွင် မြင်းနှစ်ကောင် ပြေးလွှားနေတာကို တွေ့ရလေ၏။ သို့သော် ခရိုင်ရုံးကို ရောက်ပြီးနောက် မြို့သည် အလွန်တက်ကြွပြီး ဆောင်းရာသီကို အန်တုနေကြသည်။
ရာသီဥတုက ပိုအေးလာတဲ့အခါ ဟုန်ကျွင့် သူ့မြင်းကို လုံးဝ မစီးချင်တော့တာက တစ်ကြောင်း ပင်ပန်းတာက တစ်ကြောင်းဖြင့် အကြောင်းပြသည်။ သူ့ခြေထောက်ကြားကို မြင်းကုန်းနှီးနဲ့ ပွတ်သပ်နေတာကြောင့် နာကျင်လွန်းနေပြီ။
"မင်းမြင်းကို စီးတုန်းပဲလား"
လီကျင်လုံ ဟုန်ကျွင့်ကို ကြည့်ရင်း ဒေါသတွေ ထွက်လာသည်။
ဟုန်ကျွင့်: "တစ်ယောက်တည်းစီးရတာ ပျင်းဖို့ကောင်းတယ်လေ!"
"ငါအိပ်နေတဲ့ အချိန်မှာ ငါ့မျက်နှာပေါ်မှာ လိပ်ပုံတွေဆွဲတာကို ရပ်လိုက်.... ကြားလား?"
ဟုန်ကျွင့် ရယ်နေသေးသည်။ သို့နှင့် လီကျင်လုံလည်း သူ့ကို အနောက်မှာတင်ကာ သယ်သွားရုံသာ တတ်နိုင်ပေတော့၏။ လမ်းတစ်လျှောက် အမြန်ပြေးပြီးတော့ နောက်ဆုံးတွင် တည်းခိုခန်းသို့ ရောက်လာခဲ့သည်။
"ဒီညပြီးရင် မနက်ဖြန် တောထဲမှာ အိပ်ရမှာ... နောက်နေ့ကျရင်တော့ ကျစ်ဝေကို ရောက်လောက်မှာပါ"
လီကျင်လုံက ဆိုပါသည်။
ဟုန်ကျွင့်: "ခေါင်းဆောင်... ကျွန်တော့်ခြေထောက်က နည်းနည်းနာနေတယ်... အရေပြားကလည်း ကွဲနေပြီ"
ဟုန်ကျွင့်မှာ နံရံကို မှီပြီး ဘဲတစ်ကောင်လို ဖြည်းညှင်းစွာ လျှောက်ဝင်လာသည်။ ကြည့်လိုက်တာနဲ့ ဟုန်ကျွင့်က မြင်းမစီးတတ်သူဖြစ်ကြောင်း လီကျင်လုံ သိလိုက်သည်။ သူ့ပေါင်ကို ကုန်းနှီးဖြင့် ကုတ်ခြစ်မိခဲ့ပုံပါပဲ။
ထိုည တည်းခိုခန်း အပြင်ဘက်တွင် လေအေးများက အော်ဟစ်တိုက်ခတ်နေပြီး စားပွဲထိုးသည် အခန်းတွင်းသို့ ရေနွေးယူလာပေး၏။ အခန်းအတွင်း၌ ပူနွေးလာကာ ငါးကြင်းနတ်ဆိုးကတော့ အိပ်ပျော်နေပြီ။ ဘောင်းဘီတို အဖြူဝတ်ထားသော ဟုန်ကျွင့်သည် အဝတ်တစ်ထည်ကို ယူကာ ရေနှစ်ပြီး သုတ်လိုက်သည်။ သူ လီကျင်လုံကို မော့ကြည့်လိုက်ပြီး ဘောင်းဘီကို ချွတ်ထားရတာ ရှက်စရာကြီးလို့ တွေးလိုက်မိ၏။
လီကျင်လုံသည် ဆီမွှေးကို ရောစပ်ပြီး ဆေးထဲမှာ ပိတ်စလေးတစ်ပိုင်း နှစ်ထားသည်။ ဟုန်ကျွင့်ကို ကုတင်ပေါ် ထိုင်စေကာ သူကဘေးမှာ ထိုင်၍ တစ်ဖက်လူရဲ့ ခြေထောက်ကို ဆွဲထုတ်လိုက်သည်။
"ကျွန်တော်... ခေါင်းဆောင် ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ်"
"မင်းအဘိုးရဲ့ မိသားစုက ကွာကျိုးမှာ ရှိနေတာလား။"
"ဟုတ်တယ်!"
ဟုန်ကျွင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း သူ့ခြေထောက် တစ်ဖက်လူရဲ့ လက်ထဲ ရောက်နေတာကို သူမေ့သွားသည်။
"စစ်သူကြီး ကဲရှူးဟန့်ဆီကို အရင်သွားကြည့်ရအောင်..."
လီကျင်လုံသည် ဟုန်ကျွင့်၏ဒူးကို လက်တစ်ဖက်ဖြင့် ဖိထားပြီး အခြားလက်တစ်ဖက်ဖြင့် ပိတ်စကို ကိုင်ထားသည်။ ထို့နောက် ဟုန်ကျွင့်၏ ဘောင်းဘီတိုကို ပင့်တင်၍ ခြေထောက်ကို ဆန့်ထုတ်လိုက်စေရာ ဟုန်ကျွင့်မျက်နှာလေး ရုတ်တရက် နီမြန်းသွားရလေသည်။ ဒါပေမဲ့ သူ ဒဏ်ရာ ရထားပြီး ဆေးလိမ်းဖို့ ခေါင်းကို ငုံ့ထားရတာမို့ လီကျင်လုံလုပ်သမျှကို ငြိမ်ခံနေလိုက်ရသည်။
"...မင်းရဲ့ဦးလေးနဲ့ သွားတွေ့မယ်" လီကျင်လုံက ထပ်ပြောသည်။
"ကျွန်တော့်အဘိုးက ပွဲတော်ကို ဖြတ်သန်းနေမလား..."
"အရင်က ရှောင်စုန့်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ဟယ်ရှီးနယ်မြေဘက်က လက်ထောက်သံတမန်ပဲ... မင်းဦးလေးက ကဲရှူးဟန့်ရဲ့ ဟယ်ရှီး စစ်တပ်ထဲမှာ ဖြစ်နိုင်ပါတယ်"
ဟုန်ကျွင့်သည် ပွန်းနေတဲ့ အရေပြားမှာ အေးစက်သွားသလို ခံစားလိုက်ရတာကြောင့် အသက်ပြင်းပြင်း ရှူသွင်းနေလေရာ လီကျင်လုံက ဆေးလိမ်းပေးရင်း မေးလိုက်သည်။
"နာလို့လား?"
"ယားတယ်..."
လီကျင်လုံက သူ့ခြေထောက်တွေကို ထပ်မဆန့်နိုင်ဘဲ ဖြန့်ကားခိုင်းထားပြီး ပါးစပ်ကလည်း ပြောသည်။
"တစ်ဖက်မှာ အရည်ကြည်ဖုတွေ ရှိနေတယ်"
လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်မိသွားသည်။ လီကျင်လုံ၏ သွယ်လျသော လက်ချောင်းများ သူ့ခြေထောက်များကို ထိလိုက်သောအခါ ဟုန်ကျွင့် အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ခြေတံကို မသိစိတ်က မြှောက်မိသွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း လီကျင်လုံက သူ့ညာဘက်ခြေထောက်ကို ဆေးလိမ်းပေးပြီးနောက် မေးလာသည်။
"မနက်ဖြန် လှည်းပြောင်းစီးမလား"
လှည်းကို ဘယ်မှာရှာရမလဲ။ ဟုန်ကျွင့် အလွန်အရှက်ကွဲသည်။ သူ့ကို ဒုက္ခပေးမိရုံမက ဆေးပါ လိမ်းခိုင်းမိလေသည်။ သို့သော် လီကျင်လုံ ဆေးကို လိမ်းပြီးနောက်တွင် ဟုန်ကျွင့် "ကောင်းပြီ" ဟု သဘောတူလိုက်လေ၏။ ထိုစဥ် ရုတ်တရက် လီကျင်လုံသည် ဟုန်ကျွင့် မျက်နှာပေါ်သို့ ကျန်ဆေးများကို သုတ်လိုက်ပြီးတော့ ကလဲ့စားချေသည့် သဘောဖြင့် ရယ်သည်။
"ခင်ဗျား ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ!"
ဟုန်ကျွင့်ရဲ့မျက်နှာက နီရဲလာပြီး အဝတ်တစ်ထည်ကို အမြန် ရှာဖွေလိုက်သည်။ သူ့ဘောင်းဘီကိုလည်း အမြန်ဝတ်ရင်း တစ်ဖက်ကလည်း လီကျင်လုံ နောက်ပြောင်ထားတဲ့ ဆေးတွေကို သုတ်ပစ်လိုက်သည်။
"မင်းဒီလိုပုံစံနဲ့ လက်ထပ်ဖို့ မစဉ်းစားနဲ့တော့"
ဟုန်ကျွင့် အလွန်ရှက်သွားပြီး "ကျွန်တော် လက်မထပ်ချင်ပါဘူး!"
လီကျင်လုံ ဟုန်ကျွင့်ကို ကြည့်ပြီး စိတ်ဝင်တစားနဲ့ မေးလေသည်။
"အနာဂတ်မှာ ဘယ်မိန်းကလေးက မင်းကို ချစ်သွားမလဲ မသိဘူး"
ပြောပြီးနောက် လီကျင်လုံသည် အားကိုးရာမဲ့ ပြုံးပြီး သူ့ဘာသာသူ ခေါင်းကို ခါလိုက်သည်။
"မင်းအဖေက ဘယ်လို မိစ္ဆာမျိုးလဲ?"
အရင်တုန်းကဆိုရင် လီကျင်လုံ ဒီမေးခွန်းကို ဘယ်တော့မှ မေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လမ်းတလျှောက် သူတို့ဟာ ညီအကိုတွေလို ဖြစ်နေတော့ မေးလိုက်ခြင်းပင်။ မေးပြီးမှ မာန်မာနကြီးသလို ခံစားရတာကြောင့် လီကျင်လုံ ဆက်ပြောလိုက်သည်။
“ပေါ့ပေါ့ပါးပါး မေးလိုက်ရုံပါပဲ... အတင်းအဖျင်း ပြောတာ မဟုတ်ဘူး... မင်း အဲဒါကို အလေးအနက် မထားပါနဲ့”
"ကိစ္စမရှိပါဘူး"
ဟုန်ကျွင့် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး လီကျင်လုံလည်း ထိုင်ကာ နှစ်ယောက်သား နံရံနှင့် ဘေးချင်းကပ်ထိုင်လိုက်ကြသည်။
"ကျွန်တော့်အဖေက ဒေါင်းပါ"
"ဒီလောက် လှနေတာ မဆန်းပါဘူး" လီကျင်လုံ ပြောပြီးနောက် ဟုန်ကျွင့်ကို တစ်ချက် ကြည့်လိုက်သည်။
"ဒါဆို မင်းလက်ထပ်ချင်လာရင် ဦးလေးချုံမင်က... မင်းအတွက် လှပတဲ့ မိစ္ဆာတစ်ကောင်ကို ရှာပေးမှာလား?"
ဟုန်ကျွင့် ဒီကိစ္စကို လုံးဝ မတွေးဘဲ ပြန်ဖြေလိုက်ပုံမှာ။
"သူက ငါ့အတွက် လက်ထပ်ဖို့ မပြောပေးလောက်ဘူး"
"ပြီးတော့ရော" လီကျင်လုံ ပေါ့ပေါ့ပါးပါး ထပ်မေးသည်။
ဟုန်ကျွင့်သည် လီကျင်လုံ သူ့အား ဒီမေးခွန်းကို မေးလိုက်တဲ့အခါ သူဟာ လူသားတစ်ယောက် မဟုတ်သလို မိစ္ဆာတစ်ကောင်လည်း မဟုတ်တာကြောင်် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။
"ချုံမင်... သူက... ဒါကို ဂရုမစိုက်ပါဘူး"
ဟုန်ကျွင့် မဝံ့မရဲနဲ့ ပြောလိုက်သည်။
"မမြင်ရသေးလို့ ဆိုပါတော့"
ဟုန်ကျွင့်သည် ငယ်ငယ်ကတည်းက ယောင်ကျင်း နန်းတော်မှာ တစ်နေ့တာလုံး အရသာရှိလှတဲ့ အစားအသောက်တွေကို စားချင်နေခဲ့တာကို ရည်မှန်းချက် အကြီးကြီးတစ်ခုအဖြစ် မတွေးထားပါဘူး။ သူ့တွင် အနာဂတ် အစီအစဉ်များရှိပါကလည်း ယောင်ကျင်း နန်းတော်တွင် အမြဲနေထိုင်ပြီး ချုံမင်နောက် လိုက်ပါမည်ဟု ဆိုမိမည် မဟုတ်ပါလား။
"သွားအိပ်တော့"
ဟုန်ကျွင့် မှိန်းနေတာကို မြင်တော့ လီကျင်လုံလည်း ထိုကောင်လေး ဝမ်းနည်းစရာ တစ်ခုခု ထပ်တွေးမိသွားမှာကို ကြောက်တာကြောင့် အိပ်ခိုင်းလိုက်သည်။
အပြင်ဘက်တွင် နှင်းများ ထူထပ်စွာ ကျနေသည်။ ဟုန်ကျွင့် စားပွဲပေါ်ရှိ ဖီးနစ်အမွေးကို ကြည့်နေ၏။ လီကျင်လုံရဲ့ စကားက နှင်းများထူထပ်သောညလို အတွေးများစွာအား သူ့ထံ ဝင်ရောက်လာစေသည်။ ဆယ့်ခြောက်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် "စိတ်ရှုပ်ထွေးခြင်း" ဟုခေါ်သော စိတ်ခံစားမှုကို ခံစားလာခဲ့ရသည်။
ဘာဆက်လုပ်ရမလဲ။ နှစ်ပေါင်းတွေ အကြာကြီးကို ဘယ်သူနဲ့ နေရမှာလဲ။
"ခေါင်းဆောင် ခင်ဗျားကရော?"
လီကျင်လုံသည် အသက်ရှူသံတွေ မှန်နေကာ နံရံကို မျက်နှာမူရင်း အိပ်ပျော်သွားတော့မည့်ပုံ ပေါက်နေ၏။
"ငါ မင်းအသက်အရွယ်တုန်းက အမြဲတမ်း အများကြီး စဉ်းစားခဲ့တယ်"
လီကျင်လုံက လေးနက်တဲ့ အသံနဲ့ ပြောလာခဲ့သည်။ ဟုန်ကျွင့်ရဲ့ နှလုံးသားက လှုပ်ခတ်လာသည်။ လီကျင်လုံက နိုးတစ်ဝက်ဖြင့် သူ မျက်လုံးဖွင့်ပြီး ခေါင်းကို အနည်းငယ် လှည့်လိုက်၏။
"အသက်ကြီးလာရင် အိမ်ထောင်ရေး အကြောင်းပဲ ပြောတတ်တဲ့ သူတို့လို ငါမဖြစ်ချင်ဘူး.... အသက်မွေးဝမ်းကြောင်း တစ်ခု ရှိမယ်.... ဇနီးကိုလက်ထပ်ပြီး ပုံမှန်ဘဝနေထိုင်မယ်... ဒီဘဝကို ဒီလိုပဲ....."
ဟုန်ကျွင့်သည် ဒဏ်ရာကို ထိမိမှာ စိုးသောကြောင့် အချိန်အတော်ကြာ ကွေးလိုက်ပြီးနောက် ခြေထောက်နာသွားမည်ကို စိုးရိမ်သဖြင့် တစ်ဖက်ကို လီကျင်လုံပေါ် တင်ထားလိုက်သည်။ လီကျင်လုံလည်း အစောက ဆေးလိမ်းထားတာတွေကို ပွတ်တိုက်မိသွားမှာ ကြောက်နေမှန်း သိတာကြောင့် ဟုန်ကျွင့် ခြေထောက်တွေကို သူ့ခါးပေါ် ဆွဲတင်ထားလိုက်သည်။
"ဟုတ်တယ်! ကျွန်တော်လည်း အဲ့လိုပဲ ထင်ဖူးတယ်... အနာဂတ်မှာ ဘာတွေဖြစ်လာမယ် ဆိုတာ ဘယ်သူကမှ မသိဘူးလေ"
လီကျင်လုံက သူ့ခေါင်းကို အနည်းငယ် ရွေ့လျားကာ မျက်နှာကျက်ကို ကြည့်လိုက်သည်။
"မင်းဒီလိုလေးလည်း ကောင်းပါတယ် ဟုန်ကျွင့်... ငါမင်းကို ပထမဆုံးစတွေ့တုန်းက..."
သူ့မသိစိတ်က ခေါင်းကို လှည့်လိုက်ပြီး ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို ရုတ်တရက် ကြည့်လိုက်သည်။ အကြည့်တွေ ဆုံသွားခိုက် ရှက်ရွံ့သွားသလို ခံစားလိုက်ရရာ ဟုန်ကျွင့်အကြည့်တွေကို ရှောင်လိုက်မိသည်။
"မင်းဆီမှာ ငါ့မှာတစ်ခါမှ မရှိဖူးတဲ့ အရာတွေ အများကြီးရှိတယ်"
ဟုန်ကျွင့် :"?"
လီကျင်လုံ သက်ပြင်းကို တိုးတိုးလေး ချလိုက်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချစွာ ပြုံးလိုက်သည်။
ဟုန်ကျွင့် : "ခေါင်းဆောင် ဘာလို့ မျက်နှာကြီးနီနေတာလဲ"
လီကျင်လုံ: "..."
ဟုန်ကျွင့် လီကျင်လုံကို သူ၏တောက်ပသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ လီကျင်လုံ ခေါင်းကို လှည့်ကာ ထိုသူ့ကို လေးလေးနက်နက် စိုက်ကြည့်ရင်း သူတို့၏ အသက်ရှုသံများ ရောယှက်သွား၏။ ဟုန်ကျွင့်မှာ မွေးရာပါ ဆွဲဆောင်မှု ရှိနေကြောင်း သူ့စိတ်ထဲမှ ဝန်ခံလိုက်ရသည်။ သူ့ရှေ့မှာဆို လီကျင်လုံဟာ ငယ်ဘဝအကြောင်း အမြဲတွေးဖြစ်သည်။
သူသည် မိသားစု စည်းစိမ်ဥစ္စာများနှင့်အတူ အားလုံးကို ရောင်းချကာ ဓားရှည်တစ်ချောင်းကို ၀ယ်ယူခဲ့သည်။ သူဟာ အတူတူသောက်ရင်း အတူတူ တိုက်ခိုက်ပေမယ့် ဟုန်ကျွင့် ကဲ့သို့သော သူငယ်ချင်းကောင်းတစ်ဦးကို နေရာတိုင်းတွင် ရှာဖွေခဲ့သည်။ သူတို့သည် ရန်သူများကို ဓားများဖြင့် အတူတူ တိုက်ခိုက်မည်။ သေရေးရှင်ရေး ကိစ္စတွေကို အတူတကွ မျှဝေပေးသော အကောင်းဆုံး သူငယ်ချင်းများ ဖြစ်လာကြမည်။
သို့သော် ထိုအချိန်တုန်းက ဟုန်ကျွင့် သူ့ဘေးနားမှ ပေါ်မလာခဲ့ချေ။ ယခုပြန်ကြည့်လိုက်တော့ ထိုအချိန်က သူ့စိတ်ခံစားချက်က လီပိုင် ပြောသည့်အတိုင်း "မင်းရဲ့ဓားကိုဆွဲပြီး နှလုံးသားနဲ့ ကြည့်လိုက်ပါ" ဆိုသလို ဖြစ်နေသည်။
လီကျင်လုံ ရုတ်တရက် ပြောလိုက်တာက။
"မင်းလာတာ နောက်ကျတယ်... လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါတို့တွေ့ခဲ့ရင် ကောင်းမှာပဲ"
"ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်က အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်လေ..."
လီကျင်လုံက ပြုံးပြီး: "ဒါအမှန်ပဲ ဒါပေမဲ့ မင်းငါ့ကို ကယ်ခဲ့ပါတယ်...."
"ဘာလို့လဲ"
ဟုန်ကျွင့် သံသယနဲ့ ပြန်မေးလိုက်၏။
"ငါတို့ စောစောက သိခဲ့မယ်ဆိုရင် ငါဖြစ်နိုင်....."
"ဘာလဲ?"
လီကျင်လုံ နောက်ပြန်ငုံ့ကြည့်ရင်း နောက်ဆုံးတွင် သူ ဆုံးရှုံးသွားခဲ့သော စိတ်ဓာတ်နှင့် နူးညံ့သိမ်မွေ့မှု ဆိုတာက ဘာတွေလဲ နားလည်သွားခဲ့သည်။
"ဟုန်ကျွင့် ငါ မင်းကို တစ်ခုမေးစရာရှိတယ်"
ဟုန်ကျွင့်: "???"
ဟုန်ကျွင့်မှာ အခု စအိပ်ပြီးကတည်းက လီကျင်လုံ ပြောတာတွေကို နားမလည်သလို ဖြစ်နေသည်။ သူ့စကားနောက်ကွယ်မှာ တစ်ခုခုရှိနေသလိုလို အမြဲခံစားခဲ့ရပေမယ့် မိမိဘာသာလည်း အဲဒါကို ရှင်းမပြနိုင်ဘူး ဖြစ်နေ၏။
"မင်းငါ့ကို သဘောကျလား... အဲဒီနေ့က မင်းပြောခဲ့တဲ့ 'ခေါင်းဆောင်ကို အရမ်း သဘောကျတာပဲ' ဆိုတာက ရိုးရိုးသားသားလား?"
ဟုန်ကျွင့် ပြုံးပြီး "အွန်း"
ဟုန်ကျွင့်မှာ လီကျင်လုံနဲ့ နေရတာကို အကြိုက်ဆုံးဖြစ်ပြီး လီကျင်လုံက သူ့ဘဝတစ်ခုလုံး ပိုတောက်ပလာအောင် အလင်းပြနေသည့် အတိုင်းပင်။
"ငါလည်း မင်းကို အရမ်းကြိုက်တယ်.... ငါ့ညီလေးလိုပဲ မင်းကို သဘောကျတယ်..." ပြောရင်း လီကျင်လုံ မျက်နှာက နီရဲလာပြီး။
"အဲဒါကို ပြောရတာ ရွံစရာကောင်းတယ်... မနက်ဖြန် နိုးလာတဲ့အခါကျရင် မေ့လိုက်ပါတော့"
လီကျင်လုံဟာ မကောင်းသောစကားကို မကြာခဏ ပြောခဲတာကြောင့် ဟုန်ကျွင့် သူ့ကို ကန်ထုတ်လိုက်ပြီး။
"နားလည်ပါတယ်"
"အင်း.... မင်းနဲ့ငါက နတ်ဆိုးနှင်ဌာနမှာ လက်အောက် ငယ်သားတွေဖြစ်ပေမဲ့ မင်းကို ငါ့ညီလေးလို အမြဲဆက်ဆံခဲ့တယ်... လုံဝူ စစ်တပ်မှာတောင် ငါ ဘယ်သူနဲ့မှ ဒီလောက် မရင်းနှီးခဲ့ဘူး.. ."
ဟုန်ကျွင့် ထိုစကားကို ကြားလိုက်သောအခါတွင် သူ ငယ်ငယ်လေးကတည်းကလား ဆိုသော အတွေးဖြင့် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"သူတို့က ငါ့ကို ခဏခဏ လှောင်ပြောင် ရယ်မောတတ်ကြတယ်.... ငါ့မှာ မင်းအတွက် ထူးထူးခြားခြား တွေးစရာ မရှိသေးပါဘူး... မင်းလည်း အရမ်းကြီး မတွေးပါနဲ့"
သူက ဟုန်ကျွင့်ရဲ့ ခေါင်းကို ပုတ်လိုက်သည်။
"လူတွေရဲ့ အမြင်ကို ငါ ဂရုမစိုက်ပါဘူး... တချို့ စကားလုံးတွေကို မင်းလည်း စိတ်ထဲမထားပါနဲ့"
ဟုန်ကျွင့် နားမလည်နိုင် ဖြစ်သွားပြီး "ဘာတွေပြောနေတာလဲ?"
"တစ်ခါတစ်လေ ငါတကယ် နားမလည်ဘူး... မင်းတုံးဟန်ဆောင်နေတာလား ဒါမှမဟုတ် မင်းတကယ် တုံးနေတာလား"
ဟုန်ကျွင့် သဘောပေါက်ပြီး "နားလည်ပါတယ်ဆို... ကျွန်တော် အဲ့လို မဟုတ်ဘူး..."
"မင်းစိတ်ထဲက အတွေးတွေကို ငါ ထိန်းချုပ်လို့ မရဘူး"
လီကျင်လုံ ဟုန်ကျွင့်ကို အပြင်းအထန် ကဲ့ရဲ့လာပြန်သည်။
ဟုန်ကျွင့်: "မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူးလို့!"
လီကျင်လုံ: "အိုး? တကယ်လား?"
စကားပြောနေစဉ်တွင် သူက ဟုန်ကျွင့်ရဲ့ ဘယ်လက်ကိုယူကာ လက်ဖဝါးကို ဖွင့်၍ လက်ချောင်းများအား ရောယှက်ကာ ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
ဟုန်ကျွင့်:"!!!"
လီကျင်လုံ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်နှင့် တပြိုင်နက် ဟုန်ကျွင့် စိတ်လှုပ်ရှားလာပြီး သူ့မျက်နှာက ချက်ချင်းပင် နီရဲလာသည်။ လီကျင်လုံနဲ့ ချန်အန်းကို ပြန်တုန်းက နှလုံးမီးအိမ် အသုံးပြုနည်းကို သင်ကြားခဲ့စဥ်ကလည်း ယခုလိုပဲ ဖြစ်ခဲ့သည်။
လီကျင်လုံ စိတ်နှစ်လျက် ဟုန်ကျွင့်ကို ကြည့်လိုက်ပြီးနောက် သူ့အောက်ကို လှမ်းကြည့်ကာ အဓိပ္ပာယ်က 'ဘယ်လိုလဲ... မင်း အတွေးမလွန်ဘူးလို့ ပြောနေသေးတာလား' ဟူ၍ပင်။ ဟုန်ကျွင့် သူ့လက်ကို အမြန်ဆွဲထုတ်လိုက်ပြီး နှလုံးခုန်သံ ပြင်းပြင်းထန်ထန်နဲ့ အော်ပြောလာ၏။
"ကျွန်တော့်ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့! ကျွန်တော်လည်း ခင်ဗျားကို မိသားစုလိုပဲ ဆက်ဆံတယ်... ဟုတ်တယ် ကျွန်တော်ခင်ဗျားကို အိမ်ပြန်ခေါ်သွားမယ်လို့ ပြောခဲ့တယ်... ကျွန်တော် ခင်ဗျားနဲ့ မခွဲချင်ဘူး"
လီကျင်လုံက ပြုံးပြီး "ကိုယ် မင်းကို မနှောင့်ယှက်တော့ဘူး... အိပ်တော့ မနက်ဖြန် မနက်စောစောထရမယ် မင်း အလျင်စလို လုပ်ဖို့ မလိုတဲ့ အရာတွေရှိတယ်။ အဲဒါကို ဖြေးဖြေးချင်း စဉ်းစားပြီး ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့...ကိုယ့်လိုမျိုး အဲဒါကို မင်းဘာသာ ရှာတွေ့တဲ့နေ့အထိ စောင့်မယ်"
လီကျင်လုံ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ အဆုံးမဲ့ အတွေးများစွာက ဟုန်ကျွင့်ခေါင်းထဲ ရှိနေသေးသော်လည်း သူ့ခမျာ မောပန်းနေလွန်းသဖြင့် သူ့ခြေထောက်များကို လီကျင်လုံခါးပေါ်တင်ကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
ထိုညတွင် ရုတ်တရက် ဆီးနှင်းမုန်တိုင်းသည် မိုင်တစ်ထောင်နီးပါး အတွင်းနှင့် အပြင်ဘက်ကို ဖြတ်ကျော်သွားခဲ့သည်။
ယွိလင်ခရိုင်ရှိ ရေချိုးခန်းကြီးတွင် ညဥ့်နက်လုနီးပါး ဖြစ်နေသော်ငြား ဧည့်သည်အများစုသည် တိတ်ဆိတ် ငြိမ်သက်စွာ ရှိနေပြီး အဝေးမှ အဆိုတော်တစ်ဦးက သီချင်းတစ်ပုဒ်ကို သီဆိုနေသည်။
"ဇီးသီးပွင့်တွေ ဘယ်မှာကျလဲလို့ မေးလို့ရမလား... တစ်ညလုံး တောင်ပေါ်မှာ လေပြင်းတွေ တိုက်ခတ်နေလို့ရယ်"
အနောက်ဘက် အဆောင်ရှိ သီးသန့်ရေချိုးခန်းတွင် သူ၏ဆံပင်များကို ခွဲထုတ်နေသော အရူးသည် သစ်သားပုံးထဲတွင် ရေစိမ်လျက် ရှိပြီး လူကတော့ တိတ်ဆိတ်နေခဲ့သည်။ မော့ရစ်ကန်းကတော့ ဟုန်ကျွင့် ပေးသော ကျောက်စိမ်းပုတီးနှစ်လုံးကို လက်ချောင်းများကြား ဆော့ကစားနေသည်။
မော့ရစ်ကန်း: "မင်းရေချိုးပြီးပြီလား... မင်း ဗိုက်ဆာနေလား"
အရူးက ရေချိုးကန်ပေါ်မှာ လှဲအိပ်ရင်း အပြင်ကိုသာ လှမ်းကြည့်နေသည်။ မော့ရစ်ကန်းလည်း ထကာ ရေချိုးခန်းထဲသို့ ၀င်၍ အရူးကို စစ်ဆေးကြည့်ရတော့၏။ အရူးသည် သူအရူး မဖြစ်ခင်က စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဖုန်တွေရွှံ့တွေနဲ့ ဆေးကြောပြီးနောက်တွင် သူ့မျက်နှာက အရမ်းကို ချောမောကာ သူရဲကောင်းဆန်သော အသွင်က ပေါ်လာခဲ့သည်။
သူသည် ဟုန်ကျွင့်နဲ့ အသက်သိပ်မကွာသော အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်သည်။ မော့ရစ်ကန်းကို သတိထားကြည့်ကာ သက်ပြင်းချလည်း ရင်း သွေးစွန်းနေသော အဝတ်အစားမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
ထိုစာသည် သွေးများဖြင့် စွန်းထင်းနေပြီး ထျန်းရွှေချန်ကျီခရိုင်မှ အကူအညီ တောင်းခံစာပဲ ဖြစ်ပေသည်။ အတွင်းမှ လက်ရေးက မှုန်ဝါးနေပြီ။ ပေးပို့သူမှာ ဝူးထိုင်ခရိုင်သို့ စစ်ကူတောင်းရန် ကင်းထောက် လုရွှီကို စေလွှတ်ခဲ့သည်။ စာရေးသူက ချန်ကျီမြို့၏ ကိုယ်ရံတော် ဟွမ်အန်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"လုရွှီ?"
ပရူး၏ အမည်ကို ရုတ်တရက် ခေါ်လိုက်ရာ တစ်ဖက်လူကလည်း အနည်းငယ် တုံ့ပြန်လာသည်။ မော့ရစ်ကန်းက သန့်ရှင်းသော အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ပေးရင်း လူငယ်ကိူ ခဏလောက် ငုံ့ကြည့်ပြီးနောက် ချည်အင်္ကျီကို ဝတ်ပေးလိုက်သည်။ သူ့နောက်သို့ လိုက်ရန် လှုံ့ဆော်ပေးကာ စားပွဲရှေ့သို့ ခေါ်သွားပြီး ပြုတ်ထားသော သိုးကင်ကို စားခိုင်းလိုက်သည်။
စားပွဲပေါ်တွင် စားစရာတစ်ခုခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် လုရွှီက ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူ့လက်ကို ဆန့်တန်းလိုက်စဥ် စားရန် လှုံ့ဆော်ပေးနေသော မော့ရစ်ကန်းကိုလည်း သတိထား ကြည့်နေ၏။ အဲဒီနောက် သိုးသားကို ကောက်ယူပြီး ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်။ မော့ရစ်ကန်း နည်းနည်းသာ စားကာ မစားတော့ဘဲ မျက်မှောင်ကြုတ်လျက်သားဖြင့် လုရွှီကို စောင့်ကြည့်နေလိုက်သည်။
လုရွှီသည် သူ၏ ချည်သားရေချိုးဝတ်စုံ၏ ကော်လံကို ဖွင့်လိုက်သည်။ ထို့ကြောင့် သူ့ညှပ်ရိုးပေါ်တွင် အနက်ရောင် အစင်းကြောင်းများနှင့်အတူ အဖြူရောင်ရင်ဘတ်နှင့် ညှပ်ရိုးတို့ကို ပေါ်လွင်စေသည်။
မော့ရစ်ကန်း : "လုရွှီ"
လုရွှီက စိတ်ရှုပ်ထွေးနေပုံရပြီး မော့ရစ်ကန်းက မော့ကြည့်ကာ "ဟင်?!"
"လုရွှီ...."
"အမ်!"
"လုရွှီ....."
"အင်း?"
မော့ရစ်ကန်း ရယ်လိုက်သည်။ မေးခွန်းတွေ မေးချင်ပေမယ့် လူငယ်လေး စိတ်ဆိုးသွားမှာကိုလည်း ကြောက်တာကြောင့် စားပြီးအောင် အရင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ လုရွှီလည်း ခဏလောက် စောင့်ခဲ့ပေမယ့် မော့ရစ်ကန်းက မေးခွန်းတွေ ထပ်မမေးတော့တာကို မြင်တော့ သူ့ဘာသာပဲ ဆက်စားနေလိုက်၏။
မော့ရစ်ကန်း ခဏလောက် စဉ်းစားပြီးနောက် ဓားငယ်တစ်ချောင်းကို ထုတ်ကာ သားရေ တစ်ပိုင်းကိုယူကာ အရေပြားပေါ်တွင် ပန်းပွင့်အဝိုင်းကို ထွင်းထုပြသည်။ လုရွှီက စားရင်း တစ်ဖက်ကလည်း ကြည့်နေသည်။ မော့ရစ်ကန်းရဲ့ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာစဥ် လုရွှီက ဆိုလာ၏။
"သမင်....."
မော့ရစ်ကန်း၏ လက်များ အနည်းငယ် တုန်ယင်သွားသည်။
"မင်း မြင်ခဲ့လား"
မော့ရစ်ကန်း သူ၏လက်ဖဝါးကို ဖွင့်ကာ လက်ဖဝါးပေါ်က သားရေပန်းပုရုပ်ကို ပြလိုက်သည်။ ၎င်းသည် တောထဲက မြင့်မြတ်သော သစ်ပင်ကဲ့သို့ ဖြန့်ကျဲထားသော သမင်ချိုများ ပါရှိသည်။ လုရွှီ၏ မျက်လုံးများသည် သားရေရုပ်မှတစ်ဆင့် မော့ရစ်ကန်း၏ မျက်လုံးများဆီသို့ ရွေ့သွားပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ဘယ်မှာလဲ?" မော့ရစ်ကန်း၏ အသံသည် သူ့ကိုယ်ပိုင် စရိုက်နှင့် အနည်းငယ် ကွဲပြားသွားသည်။
လုရွှီက စိတ်ရှုပ်ထွေးနေပုံရပြီး ခေါင်းယမ်းလေ၏။ ထို့နောက် ခေါင်းကိုငုံ့ကာ သိုးသားကိုပြန်စားရင်း ငြိမ်သက်သွားသည်။ ယခုအချိန်တွင် မော့ရစ်ကန်းလည်း မောပန်းနေခဲ့ကာ သူဘာဆက်ပြောရမှန်းကို မသိတော့ပေ။
"မင်းဘယ်က လာတာလဲ?.... အနောက်မြောက်ဘက်မှာ... မင်းဘာတွေ့ခဲ့တာလဲ"
မော့ရစ်ကန်း မတ်တပ်ထရပ်ပြီး ရေချိုးခန်းတံခါးနားကို လျှောက်သွားခဲ့သည်။ ခေါင်းရှင်းသွားအောင် လေအေးတွေ မှုတ်ထုတ်ပစ်လိုက်သည်။
အနောက်မြောက်ဘက်ရှိ လန်ကျိုးတွင် အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပွားခဲ့သဖြင့် မြို့စောင့်တပ်မှ ကင်းထောက်ကို စေလွှတ်ခဲ့သည်။ လမ်းတွင် သူဘာတွေ ကြုံခဲ့ရသည်ကို မသိရသော်လည်း အလွန်ထိတ်လန့်သွားခဲ့တာတော့ အမှန်ပင်။ သူ ဘာကိုမြင်တာလဲ။ ဧကန္တ သူရှာနေတဲ့ အဲဒီသမင်ဖြူလား။
မော့ရစ်ကန်း ချည်အင်္ကျီကို ၀တ်ဆင်ထားပြီး ခြံဝန်းထဲတွင် ရပ်နေခဲ့သည်။ လုရွှီ စားသောက်ပြီးနောက် ချည်အင်္ကျီပေါ် သူ့လက်များကို သုတ်လိုက်သည်။ ထို့နောက် စာကို ကောက်ယူကာ ခြံဝင်းထဲမှ တိတ်တဆိတ် ထွက်သွားကာ မော့ရစ်ကန်းဘေးကနေ ခြေဗလာဖြင့် အိမ်ဝင်းနံရံအထိ လျှောက်ထွက်သွား၏။ လေအေးတွေကြောင့် မော့ရစ်ကန်း ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်ကာ လုရွှီရဲ့ ခြေသံကိုတော့ မကြားလိုက်ရချေ။
လုရွှီ ခြံထောင့်သို့ အလျင်အမြန် ပြေးသွားပြီး အနောက်တံခါးမှ ပြေးထွက်သွားသည်။
ချန်အန်းကို စာတစ်စောင် အမြန်ဆုံး ပို့ပေးရမည်။ လီကျင်လုံကို အကြောင်းကြားပြီး ဒီလူငယ်လေးကို ချန်အန်းဆီ ခေါ်သွားတာ ဖြစ်ဖြစ် အနောက်မြောက်ဘက်က ယွိမန်ကို ခေါ်သွားတာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရမည်။
မော့ရစ်ကန်း လူငယ်ကိုရှာဖို့ ပြန်လှည့်ကြည့်လိုက်သည်။ လုရွှီ၏ စာတစ်စောင်ကိုသာ ရုတ်တရက် မြင်လိုက်ရကာ အခန်းမကတော့ အလွတ်ဖြစ်နေပြီ။
"လူ ဘယ်ရောက်သွားတာလဲ?!"
မော့ရစ်ကန်း ဒေါသတကြီး အော်ပြီး လှည့်ကြည့်လိုက်တော့ အိမ်နောက်ဖေး တံခါးဆီသို့ ခြေရာတွေ ပေါက်နေတာကို တွေ့လိုက်ရလေသည်။