(67) ထောင်ပေါင်းများစွာသော အိပ်မက်ဆိုးများ
Viewers 5k

Chapter (67)

ထောင်ပေါင်းများစွာသော အိပ်မက်ဆိုးများ



ဟုန်ကျွင့်နှင့် လုရွှီတို့သည် ဥယျာဉ်အပြင်ဘက်တွင် အထီးကျန်စွာ ထိုင်နေကြ၏။ ဒီနေရာဟာ မူလခမ်းနားသော နန်းတော်တစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။ "သမင်ဘုရင်" သည် တောထဲတွင် ကိုးရောင်​ခြယ် သမင်တစ်ကောင်ကို မတော်တဆတွေ့မိသော မုဆိုးတစ်ယောက်၏ ဇာတ်လမ်းကို ဖော်ကြူးထားသော ပုံပြင် ဖြစ်သည်။ ထိုမုဆိုးက ဘုရင်ထံ သတင်းပို့ကာ သက်ရှိသတ္တဝါအားလုံးကို အကာအကွယ်ပေးသော ဤသမင်ဘုရင်ကို အမဲလိုက်ရန် ပို့ဆောင်ပေးခဲ့သည်။


ဒါပေမဲ့ အခုတော့ အနက်ရောင်လေထုက ညစ်ညမ်းသွားပြီ။


လုရွှီ: "နန်းတော်ရဲ့ အလယ်ဗဟိုမှာ မှော်စက်ဝိုင်းတစ်ခုကို ငါမြင်ဖူးတယ်... ဆန်းကြယ်မိန်းမပျိုနဲ့ ပလိပ်နတ်ဘုရားက အဲဒီ မှော်စက်ဝိုင်းကနေ ပန်းချီကားထဲကို ဝင်သွားကြတာ... အဲဒီ မှော်စက်ဝိုင်းကနေလည်း သေချာပေါက် ထွက်သွားနိုင်​လောက်တယ်"


ဟုန်ကျွင့်သည် သွေးပင်လယ်ကို ဖန်တီးသောအခါက မြေခွေးနတ်ဆိုးသုံးသွားသည့် မှော်စာလုံးပေါင်းကို ရုတ်တရက် သတိရသွားသည်။


"အဲဒီလိုလား?" 


ဟုန်ကျွင့် သူ့မှတ်ဥာဏ်ထဲက အတိုင်း မြေပြင်ပေါ်တွင် ဆွဲပြလိုက်သည်။ 


လုရွှီ ထိတ်လန့်သွားပြီး "မင်းမြင်ဖူးတာလား" 


လက်ရှိနေရာက ပြီးပြည့်စုံသော ပန်းချီကား မဟုတ်ဘဲ ဆန်းကြယ်မိန်းမပျိုနဲ့ ပလိပ်နတ်ဘုရားမှ ဖွင့်ထားသော ပျက်ပြယ်သော ကမ္ဘာငယ် တစ်ခုဖြစ်ကြောင်း ဟုန်ကျွင့် ချက်ချင်း နားလည်သွားခဲ့သည်။


ဒါပေမဲ့ ဒီအချိန်မှာ ဥက္ကာပျံနှစ်စင်းက ကောင်းကင်ကိုဖြတ်ပြီး တောအုပ်ထဲကို ပြုတ်ကျလာခဲ့၏။ 


ဟုန်ကျွင့် :"??"


လုရွှီ မသိစိတ်က ခေါင်းကိုလှည့်ပြီး "တစ်ယောက်ယောက် ဝင်လာနေပြီ!"


တောအုပ်ထဲမှာ လီကျင်လုံနဲ့ မော့ရစ်ကန်းတို့ဟာ ကိုယ်လုံးတီးနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် ခဏအတွင်း ပတ်ပတ်လည်ကို ကြည့်ကာ ဟုန်ကျွင့်နဲ့ လုရွှီနာမည်ကို ချက်ချင်း အော်လိုက်၏။ 


လီကျင်လုံ ရှေ့သို့ လျင်မြန်စွာ လှမ်းလာပြီး ဟုန်ကျွင့်လက်ကို ကိုင်ကာ ဒေါသတကြီးဖြင့် ဆိုလိုက်သည်။ 


"မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ?!"


"လုရွှီ?! မင်းနိုးနေပြီလား" 


မော့ရစ်ကန်း ရှေ့ကို အမြန်လျှောက်သွားပေမဲ့ လုရွှီက ခြေတစ်လှမ်းဆုတ်ပြီး ဟုန်ကျွင့်နောက်မှာ သွားပုန်းနေလိုက်လေ၏။ လီကျင်လုံကတော့ လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ ဆက်မေးနေသည်။ 


"ဟုန်ကျွင့် ဒီရက်ပိုင်းမှာ မင်း ဘာဖြစ်သွားတာလဲ"


ဟုန်ကျွင့် မဖြေပေ။ လုရွှီသည် ဟုန်ကျွင့်အိပ်မက်ကို မြင်ဖူးတာကြောင့် သူ့နှလုံးသားထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ သဘာဝကျကျ သိတဲ့အတွက် စကားဝင်ပြောလိုက်သည်။ 


"ခင်... ခင်ဗျား အဝတ်ကို အရင်ဝတ်ထားသင့်တယ်"


လီကျင်လုံ : "..."


လုရွှီ သူ့လက်ကို မြှောက်လိုက်စဥ် သူ့လက်ချောင်းတွေထဲမှ အဖြူရောင်အလင်းတန်းတွေ ထွက်လာပြီး လီကျင်လုံအတွက် အဝတ်တစ်ထည်အဖြစ် ပြင်ပေးလိုက်သည်။ သို့သော် မော့ရစ်ကန်းက ရုတ်တရက် ဝံပုလွေအဖြစ်သာ ပြောင်းလဲသွားပြီး သူ့အမွေးတွေကို ဖွရင်း တိုးတိုးပြောလာသည်။ 


"ကိစ္စမရှိပါဘူး...လုရွှီ ဒါ မင်းအိပ်မက်လား "


 "မသိဘူး" 


"ဘာဖြစ်လို့လဲ" မော့ရစ်ကန်း ထပ်မေးသည်။


လီကျင်လုံနဲ့ မော့ရစ်ကန်း ရောက်ရှိလာသည်နှင့်တပြိုင်နက် လုရွှီဟာ အနည်းငယ် ခုခံနေပြီး အပိုမပြောလိုတော့ပေ။ ဟုန်ကျွင့် သူ့ကိုကြည့်ရင်း သူတို့နှစ်ယောက်ကို အရင်အဖြစ်အပျက်တွေကို ပြန်ပြောပြလိုက်သည်။ လီကျင်လုံကတော့ ဟုန်ကျွင့်ကို ဆက်ကြည့်ရင်း သူ့မျက်လုံးတွေက ထိုကောင်လေးရဲ့ နှလုံးသားကို ကြည့်နေသလိုပင်။ ဟုန်ကျွင့်လည်း စိတ်မသက်မသာ ခံစားလာရတာကြောင့် အဝေးကို လှမ်းကြည့်လိုက်၏။ 


လီကျင်လုံ: "ဒါက ပန်းချီကားထဲက လေဟာနယ်လား..."


ဟုန်ကျွင့်သည် အတိတ်ကို တွေးနေသော်လည်း လီကျင်လုံကို မြင်လိုက်ရသောအခါတွင် သူသည် သူ့အနားက များစွာသော အရာများကို ဖြေရှင်းနိုင်သည်ထက် ပို၍ သက်တောင့်သက်သာ ရှိလာသလို ခံစာလာရလေ၏။ 


သမန်းဝံပုလွေ: "ဒါက အမြီးကိုးချောင်း ကောင်းကင်မြေခွေး ဖွင့်ထားတဲ့ ဂူနဲ့ အတူတူပဲလား"


လီကျင်လုံ: "ဒါပေမဲ့ ပိုရှုပ်ထွေးလိမ့်မယ်"


လီကျင်လုံနဲ့ မော့ရစ်ကန်းမှာ ခပ်တိုတို ဆွေးနွေးပြီးနောက် လုရွှီကိုအတူတကွ ကြည့်လာကြသည်။ 


"လုရွှီ မင်း အခြေအနေကို ရှင်းရှင်းလင်းလင်းရှင်းပြရမယ်... မဟုတ်ရင် ငါတို့လည်း အခက်တွေ့ကုန်မှာ..." 


လုရွှီ မျက်မှောင်ကြုတ်ပြီး "တကယ် မသိဘူးလို့..."


လုရွှီဟာ ဤနေရာနှင့် ပတ်သက်၍ ပြတ်တောင်းပြတ်တောင်းသာ သိခဲ့ရသည်။ အဲဒါတွေကလည်း ပလိပ်ရောဂါနတ်ဘုရားနဲ့ ဆန်းကြယ်မိန်းမပျိုဆီက ကြားသိခဲ့ရတာတွေပါပဲ။ အမှန်တော့ သူမွေးကတည်းက ဤပန်းချီကားတွင် နေထိုင်လာခဲ့ပြီး အပြင် ခန္ဓာကိုယ်ကို ကိစ္စအနည်းငယ်တွင်သာ မြင်တွေ့နိုင်သည်။ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်တော့ တရုတ်စာလုံးတွေကိုတောင် မမှတ်မိတော့ချေ။


အခုလို အမေးခံရသောအခါတွင် သူ့ဦးနှောက်က တုန်လှုပ်သွားပြီး တတ်နိုင်သမျှ အချက်အလက်များကို ပေးနိုင်ရန် ပြန်လည်သတိရလာသည်။


ဘုန်းကြီးလဲ့ကျွင်းသည် ရှေးယခင်က မော့ကောင်းဂူကို တည်ဆောက်ခဲ့ပြီး ပထမဂူကို တူးသောအခါ လျှို့ဝှက်နည်းများဖြင့် ကျောက်နံရံများပေါ်တွင် ကျမ်းစာများစွာ ထွင်းထုထားခဲ့သည်။ ကျမ်းဂန်များတွင် “မဟာလောကသုံးထောင်၊ နတ်ဘုရားလောင်းသုံးထောင်” နှင့် “မုံညင်းစေ့များဖြင့် ဆူရူတောင်ကို သဘာဝအတိုင်း မွေးမြူခြင်း” ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းထားသည်။ 


ဤကျမ်းစာများသည် အချိန်ကြာလာသည်နှင့်အမျှ ရာသီဥတုကလည်း ဖောက်ပြန်၊ လက်သမားဆရာများက ကြိတ်ခွဲကာ နှစ်များကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ကျမ်းချက်များ၏ တန်ခိုးသည် အံ့ဖွယ်နည်းဖြင့်သာ ကျန်ရစ်ခဲ့သည်။


ကျမ်းဂန်များဖြင့် တူးဖော်ထားသော လိုဏ်ဂူများစွာလည်း ရှိသည်။ ၎င်းတို့တွင်ရှိသော ပန်းချီကားများသည် ပျက်ပြယ်သွားခြင်း၏ အံ့သြဖွယ် စွမ်းအားများလည်း ရှိသေး၏။ လဲ့ကျွင်း ကွယ်လွန်သောအခါ သမင်ဖြူသည် အနောက်ဘက်သို့ ရောက်ရှိလာသည်။ သူ့ဝိညာဥ်သားရဲ၏ ဝိညာဉ်ကို နေရာချရန် ဂူတစ်ခုကို ရွေးချယ်ပြီးနောက်တွင် မော့ကောင်းဂူက ပန်းချီဆရာသည် ဂူအတွင်း လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးပုံစံများကို တွေ့ကာ "သမင်ဘုရင်ခန္ဓာ" ကို ရေးဆွဲခဲ့သည်။


"အတွင်းနတ်ဆိုးက ဘာလဲ" 


လီကျင်လုံက လူတိုင်းအစိုးရိမ်ဆုံး မေးခွန်းကို မေးသည်။


လုရွှီ: "ဒါက ​ကျွန်တော်ပဲ... ဒါမှ မဟုတ် အရင်ဘဝက ဒေါသကြောင့် သူ့လူဝင်စားချိန်မတိုင်ခင် ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိတော့ဘဲ စိတ်ရိုင်းတွေ ဝင်သွားတဲ့ ဝိညာဥ်လို့ ပြောရမလား" 


သမန်းဝံပုလွေက လုရွှီကို ကြည့်ကာ: "ဒါက အကြမ်းဖက်မှု မဟုတ်ဘူးလို့ပဲ ပြောရမယ်.. အချိန်အကြာကြီး သက်ရှိသတ္တဝါ အားလုံးဆီကနေ မင်းသိမ်းသွားခဲ့တဲ့ အိပ်မက်ဆိုးတစ်ခုပဲ"


လုရွှီ: "ဖြစ်နိုင်တယ်....ဒီဘဝမှာ အရင်ဘဝတွေကို မေ့သွားသလိုပါပဲ... တိုတိုပြောရရင် အတွင်းနတ်ဆိုးက အဲဒီအိပ်မက်ဆိုးတွေကို အသစ်အဆန်းတွေ ဖြစ်အောင် လုပ်ခဲ့တာ"


ဟုန်ကျွင့်က တစ်ခုခုကို ခဏလောက် စဉ်းစားပြီး လှည့်မေးလိုက်၏။ 


"မင်း မိစ္ဆာဘုရင်ကို မြင်ဖူးလား" 


လုရွှီက ခဏ စဉ်းစားပြီး "တစ်ခါတလေ ယဇ်ပလ္လင်ရှေ့မှာ ပေါ်လာတဲ့ မြွေနက်တစ်ကောင်​တော့ ရှိတယ်... သူ့ကို 'မိစ္ဆာဘုရင်' လို့ ခေါ်ကြတယ်" 


လီကျင်လုံက သူ့ရှေ့ရှိ နန်းတော်ကို စောင့်ကြည့်လေ့လာနေသည်။ 


သမန်းဝံပုလွေ: "အပြင်မှာ အကာအကွယ် အကာအရံတွေ ရှိတယ်"


လုရွှီ: "အတွင်းနတ်ဆိုးက ဒီမှာမရှိဘူး... ကျွန်တော်နဲ့ ဟုန်ကျွင့်ကို နေရာတိုင်းမှာ လိုက်ရှာနေလောက်တယ်..."


လီကျင်လုံ: "ဝင်ကြည့်ရအောင်! ဟုန်ကျွင့်မှာ မှော်အစွမ်း မရှိ​တော့ဘူး... အဲဒါကြောင့် ငါတို့နောက်က လိုက်ခဲ့"


သမန်းဝံပုလွေက ချက်ချင်းလမ်းဖွင့်ကာ ဥယျာဉ်ထဲသို့ အမြန်ခုန်ဆင်းသွားခဲ့သည်။ 


ဟုန်ကျွင့်: "ခင်ဗျားလည်း မရှိ..."


လူလေးယောက် ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် နန်းတော်ဝန်းကျင်ရှိ အနက်ရောင်မီးလျှံများက ကျူးကျော်မှုကို သတိပြုမိသည့်နှယ် သူတို့ဆီသို့ ဟိန်းဟောက်လာလေသည်။ 


အနက်ရောင် မီးတောက်များသည် နေရာတိုင်းတွင် တဟုန်းဟုန်း တောက်လောင်ကာ ၎င်းတို့ဆီသို့ တခဏချင်း အရှိန်အဟုန်ဖြင့် ပျံသန်းလာကြရာ မြွေများနှင့်ပင် တူ​နေ၏။ သို့သော်လည်း လီကျင့်လုံက သူ့လက်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် အဖြူရောင် မီးတောက်များ ထွက်ပေါ်လာကာ ပျံသန်းနေသော မြွေများ၏ ကြောက်မက်ဖွယ် ဟောက်သံများ ထွက်ပေါ်လာလေသည်။ 


"ခင်ဗျား..." ဟုန်ကျွင့် အံ့သြသွားသည်။


"နှလုံးမီးအိမ်က ငါ့ဝိညာဉ်ထဲကို ဝင်သွားပုံရတယ်" 


လီကျင်လုံသည် သူ့ညာလက်ကို စစ်ဆေးဖို့ ခေါင်းငုံ့ပြီး ဟုန်ကျွင့်ကိုလည်း မော့ကြည့်လိုက်၏။ 


ဟုန်ကျွင့် တွေးမိသည်။ ထိုအချိန်က လီကျင်လုံ နတ်အလင်းငါးရောင်ကို ဖျက်စီးနိုင်ခဲ့တာ အံ့သြစရာ မဟုတ်ပေ။ သူ နှလုံးမီးအိမ်ရဲ့ တည်နေရာကို ရှာမတွေ့ခဲ့တာကလည်း အံ့ဩစရာ မဟုတ်တော့ပေ။ နှလုံးမီးအိမ်က သူ့ဝိညာဥ်နဲ့ ဆက်နွယ်နေတာကိုး။ 


ဟုန်ကျွင့် အံ့သြနေသေးသော်လည်း လီကျင်လုံက "သွားကြရအောင်" လို့ ပြောပြီးနောက် သူ့နှလုံးမီးအိမ်ကို ချက်ချင်း ဖွင့်လိုက်ပြီး နန်းတော်ဆီ အမြန်ပြေးသွားခဲ့သည်။ လူတိုင်းက သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေနဲ့ ပန်းချီကားထဲ ဝင်လာတဲ့အတွက် မှော်လက်နက်တွေကို ကောင်းကောင်း အသုံးချတတ်တဲ့ ဟုန်ကျွင့်က အညံ့ဆုံးလူ ဖြစ်သွားသည်။ ဝံပုလွေအဖြစ် ပြောင်းလဲနိုင်တဲ့ မော့ရစ်ကန်းနဲ့ နှလုံးမီးအိမ်ရှိတဲ့ လီကျင်လုံတို့က ဟုန်ကျွင့်နဲ့ လုရွှီကို သူတို့အနောက်မှာ အကာအကွယ် ပေးထားကြလေသည်။ 


တခဏချင်းမှာပဲ ကောင်းကင်ကြီးမှာ မြွေပျံတွေနဲ့ ပြည့်နေပေမယ့် နှလုံးမီးအိမ်ရဲ့ ပြင်းထန်တဲ့အလင်းရောင်အောက်မှာ သူတို့ဟာ တရွေ့ရွေ့ တရွေ့ရွေ့နဲ့ ဆုတ်ခွာသွားကြသည်။ လေးယောက်သား နန်းတော်ထဲကို အလင်းရောင်တွေ တောက်လျှောက် တိုးဝင်လာခဲ့၏။ နန်းတော်ရဲ့ထိပ်မှာ ​ပေထောင်ပေါင်းများစွာ ရှည်သော မြွေမည်းတစ်ကောင်က သူတို့ဆီ ပြေးလာပြီး နန်းတော်တံခါးဆီကို အရူးလို ပြေးဆင်းသွားသည်။ 


အလင်းတန်းကြီးတစ်ခု ပေါက်ကွဲသွားပြီး အနက်ရောင် မြွေတစ်ကောင်ကို လွှတ်​ပေးလိုက်သည်။


"တံခါးပိတ်!" 


လုရွှီ လှည့်အော်လိုက်သည်။ 


ဟုန်ကျွင့်နဲ့ မော့ရစ်ကန်း နန်းတော်တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် ခန်းမဆောင်အလယ်ရှိ ယဇ်ပလ္လင်တစ်ခုပေါ်၌ အနက်ရောင် အလုံးကြီးတစ်ခု လွင့်မျောနေတာ တွေ့လိုက်ရသည်။ 


လီကျင်လုံ: "ဒါ မင်းရဲ့ အတွင်းစိတ်ဝိညာဉ်လား" 


လုရွှီမှာ အနက်ရောင်ဘောလုံးကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေ၏။


"စကားပြောလေ!" လီကျင်လုံက အော်သည်။


"ဟုတ်တယ်... ဖြစ်နိုင်တယ် ငါသူ့ကို မတွေ့တာကြာပြီ ဒါပေမယ့် ကြီးထွားလာတာ အရမ်းမြန်နေသလိုပဲ"


သမန်းဝံပုလွေ: "ဖျက်ဆီးပစ်လိုက်!... အဲဒါမှ လုရွှီရဲ့ ဝိညာဉ်သုံးပါးနဲ့ ဆန္ဒဝိညာဉ်ခုနစ်ကောင်ကို သန့်စင်ပေးနိုင်မှာ!"


လီကျင်လုံကလည်း နံရံဆေးရေး ပန်းချီထဲမှ ထွက်သွားတာနဲ့ လုရွှီဟာ အတွင်းနတ်ဆိုး၏ ထိန်းချုပ်မှုကို ခံရနိုင်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ အတွင်းနတ်ဆိုးက လုရွှီရဲ့ ဝိညာဉ်သုံးကောင်နှင့် ဆန္ဒဝိညာဉ်ခုနစ်ကောင်တို့ကို ခွဲထုတ်ပစ်နိုင်၏။ 


လီကျင်လုံ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်ဖဝါးမှ အလင်းတန်း​လေးကို ဖွင့်လိုက်သည်နှင့် ရုတ်တရက် စူးစူးရဲရဲ အလင်းတန်းလေးနဲ့ မြှားတစ်စင်း ပေါ်လာသည်။ ထိုအခါ အနက်ရောင် စက်လုံးသည် အန္တရာယ်ကို ခံစားမိသည့်နှယ် ပြင်းထန်စွာ တုန်ခါသွားသည်။ 


ကောင်းကင်တစ်ခွင်မှာ မိုးခြိမ်းသံတွေ တဟုန်းဟုန်း မြည်နေပြီး ဟုန်ကျွင့်ရဲ့ တည်နေရာကို ရှာဖွေနေတဲ့ အတွင်းနတ်ဆိုးတွေကလည်း ထူးဆန်းတဲ့ အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသလိုမျိုး အနက်ရောင် စွမ်းအင်တွေဟာ နန်းတော်ရဲ့ ပြတင်းပေါက်တွေကနေ ဖြာထွက်လာသည်။ 


လီကျင်လုံ၏ ပုခုံးများသည် လေးအား ဆွဲဖွင့်လိုက်သောအခါ ကြွက်သားများပါ ဖောင်းကြွလာ၏။ 


"သွား!"


မြှားသည် ကြိုးဆီကနေ လွင့်ထွက်သွားကာ နတ်ဆိုး၏ အနက်ရောင်စွမ်းအင်ဆီသို့ ပြေးဝင်သွားသော် အနက်ရောင် စွမ်းအင်များက ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး မြှားကို ပိတ်ဆို့ထားလိုက်သည်။ ခန်းမထဲတွင် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားပြီးနောက် လွှမ်းခြုံထားသော အမှောင်ထုက လှိမ့်ဝင်လာကာ နှလုံးမီးအိမ်၏ အလင်းရောင်နှင့် ရုတ်တရက် တိုက်မိသွားသည်။


လီကျင်လုံ : "..."


အတိတ်က နှလုံးမီးအိမ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သုံးဖူးသည်။ အမြီးကိုးချောင်း ကောင်းကင်မြေခွေး၊ တ​စ္ဆေဘုရင်၊ မရေမတွက်နိုင်သော မိစ္ဆာများနှင့် ဘီလူးများ အားလုံးသည် ဤနှလုံးသားမီးအိမ်၏ အလင်းရောင်အောက်တွင် ဆုတ်ခွာသွားရတာ သို့မဟုတ် သန့်စင်ပစ်တာကို ခံခဲ့ရသည်။ ယခု နတ်ဆိုးက နှလုံးမီးအိမ် အလင်းနှင့် အညီအမျှ ယှဉ်ပြိုင်နိုင်သည်။


နှလုံးမီးအိမ်သည် ပြင်းထန်သော မီးတောက်လို နတ်ဆိုးစွမ်းအင်ကို လောင်ကျွမ်းစေသော်လည်း အမှောင်ထုသည် ပိုမိုဝင်ရောက်လာကာ နန်းတော်တစ်ခုလုံးကို ချက်ချင်း ဝါးမျိုချလိုက်သည်။ အတွင်းနတ်ဆိုးက ပါးစပ်ကိုဖွင့်ကာ အနက်ရောင်စွမ်းအင်ကို ထုတ်လွှတ်နေ၏။


သမန်းဝံပုလွေ: "သတိထား!" 


ဟုန်ကျွင့် ရှေ့သို့ ပြေးသွားကာ လုရွှီကို ဖမ်းထားလိုက်သည်။ လီကျင်လုံလည်း သူ့နှလုံးမီးအိမ်ကို မီးမျှင်လေးအဖြစ် ပြောင်းလဲကာ ရှေ့သို့ လှမ်းလိုက်သည်။ သို့သော် အတွင်းနတ်ဆိုးက လှောင်ပြောင်လာ၏။ 


"မီးလောင်နေတဲ့ မီးပုံးရဲ့ တရားဓမ္မကိုတောင် မခေါ်နိုင်ဘူး... ဒါကြောင့် ငါ့ကို ကယ်တင်ဖို့ နှလုံးမီးအိမ်ကို သုံးချင်သေးတယ်ပေါ့ ပိုးဖလံတစ်ကောင်က မီးလျှံထဲကို ဝင်တိုးနေသလိုပဲ... ကိုယ့်အစွမ်းအစကို မသိဘူးဘဲ...." 


မကြာမီ အတွင်းနတ်ဆိုးသည် ပြင်းထန်စွာ ကျုံ့သွားကာ ယဇ်ပလ္လင်ပေါ်တွင် ထောင်ပေါင်းများစွာသော အိပ်မက်ဆိုးများကို လွှတ်ချလိုက်သည်။ စွမ်းအင်တွေက ခန်းမကိုဖြတ်ကျော်ကာ မှောင်မိုက်နေသော လေထုလိုမျိုး နေရာအနှံ့ ပျံဝဲကာ ၎င်းတို့လေးယောက်ကို လိုက်ဖမ်း​တော့သည်။


ဟုန်ကျွင့် လုရွှီကို ဆွဲထားသည်။ ယခုအချိန်တွင် သူသည် တွန်းလှန်ရန် ခွန်အားမရှိသော်လည်း လုရွှီကိုတော့ ရှောင်ပြေးရန် လှမ်းအော်လိုက်သေး၏။ 


"ဘာနည်းလမ်း ရှိသေးလဲ?" 


လုရွှီ: "ယဇ်ပလ္လင်ကို သွား... အဲ့မှာ မှော်အစီအရင် တစ်ခုရှိတယ်... အဲ့အစီအရင်ကို အသက်သွင်းလိုက်ရင် ဒီကနေ ထွက်သွားလို့ရပြီ!"


တခဏချင်းမှာပဲ နန်းတော်ရဲ့ ခေါင်မိုးကို အနက်ရောင်စွမ်းအင်က ထိမှန်သွားတာကြောင့် အုတ်ကြွတ် အလွှာတွေက ပြိုကျလာသည်။ ဝံပုလွေက ဘေးကနေ ပြေးလာပြီး သူတို့နှစ်ယောက်ကို ကာပေးထား၏။ 


"အပြင်ထွက်တော့!"


ထိုစဥ် အတွင်းနတ်ဆိုးဟာ အနက်ရောင်စွမ်းအင်ကို စုပ်ယူလိုက်ပြီး ယဇ်ပလ္လင်ရှေ့မှာ ပျံသန်းနေသည်။ လီကျင်လုံမှာ ဓားကို ကိုင်ထားပြီး ခက်ခက်ခဲခဲ တွန်းလှန်နေရသည်။ 


"သွား!"


ဟုန်ကျွင့်: "မော့ရစ်ကန်း... ငါတို့ကို ကာပေးထား!"


ဝံပုလွေကြီး၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသော်လည်း ဟုန်ကျွင့်​သည် လုရွှီကို ဆွဲထုတ်ပြီး ဗဟိုက ယဇ်ပလ္လင်ဆီသို့ ပြေးသွားခဲ့လေပြီ။ 


အနက်ရောင် စွမ်းအင်များသည် ရှေ့သို့တိုးလာကာ ဝံပုလွေကို တားသည်။ မော့ရစ်ကန်းသည် အနက်ရောင် စွမ်းအင်များဖြင့် ဝန်းရံခံထားရကာ မရေမတွက်နိုင်သော စစ်သည်များက အဖြစ်သို့ ပြောင်းလဲကာ သူ့ဆီသို့ ပြေးဝင်လာကြသည်။ ဝံပုလွေကြီးက ရိုင်းစိုင်းစွာ ဟောက်လိုက်ရာ အသံလှိုင်း၏ ရိုက်ခတ်မှုကြားတွင် အိပ်မက်ဆိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။


ဟုန်ကျွင့်လည်း အနက်ရောင်စွမ်းအင်ကို ရှောင်ရှားပြီး ငါးလှမ်းအကွာက ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သွားသော်လည်း အတွင်းနတ်ဆိုးက ဟောက်ကာ ဓားကိုင်ထားသည့် လျိုဖေးအသွင်ဖြင့် ပြေးလာသည်။ ဟုန်ကျွင့် လုရွှီရှေ့မှာ ချက်ချင်း ရပ်လိုက်ပြီး သူ့လက်မောင်းကို မြှောက်လျက် လျိုဖေးအရိပ်ကို တားဆီးလိုက်သည်။ 


"ဟုန်ကျွင့်!"


"ငါ့ကို ဂရုမစိုက်နဲ့!"


ဟုန်ကျွင့် အော်လိုက်ပြီး လုရွှီကို ယဇ်ပလ္လင်ဆီသို့ တွန်းလွှတ်လိုက်သည်။


နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ခန္ဓာကိုယ်တစ်ဝက်ရှိ လျိုဖေးသည် သူ့ဓားဖြင့် ဟုန်ကျွင့်ခေါင်းကို ခုတ်ထစ်လိုက်သည်။ သို့သော် နတ်ဆိုးစွမ်းအင်ဖြင့် ထိမှန်သွားသော ဟုန်ကျွင့်သည် မော့ရစ်ကန်း၊ လီကျင်လုံတို့နဲ့ လုံးဝမတူဘဲ ရင်ဘတ်ထဲတွင် အနက်ရောင်အငွေ့များ ထွက်ပေါ်လာပြီး လျိုဖေး၏ အိပ်မက်ဆိုးကြီးထဲ နစ်မြုပ်သွားခဲ့သည်။


ကျယ်လောင်သော ဆူညံသံများကြားတွင် ဟုန်ကျွင့်သည် လျိုဖေးအိပ်မက်ကို ခဏတာ မြင်လိုက်ရပြန်သည်။


လန်ကျိုးကို ပထမဆုံး ရောက်တဲ့ညကလိုပဲ နေသာတဲ့ ​ခြံဝင်းထဲ၌ ချောမောတဲ့ စစ်ဗိုလ်ချုပ်ကြီးနဲ့ မိန်းကလေးက စင်္ကြံတစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ နှစ်ယောက်သားက နွေညမှာ ဆုံတွေ့ပြီး ကြယ်ရောင်အောက်မှာ နမ်းခဲ့ကြပေမယ့် နောက်ဆက်တွဲက ရက်စက်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကောင်မလေးက ထွက်သွားလေပြီ။ 


"နော့ကျီး..." 


လျိုဖေးသည် ကုတင်ပေါ်တွင် လဲလျောင်းနေရာမှ မိန်းကလေးလက်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။ နော့ကျီး ခေါ်သော လှပသော မိန်းကလေးသည် မျက်လုံးနီရဲတဲ့အထိ ငိုယိုလျက်။


"ကျွန်မ အရှင့်နောက်ကို အတူလိုက်ခဲ့မယ်..."


လျိုဖေး နောက်ဆုံးတွင် စိတ်ငြိမ်သက်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သော်လည်း ဟုန်ကျွင့်မျက်လုံးများရှေ့တွင်တော့ မရေမတွက်နိုင်သော မြင်ကွင်းများက ပေါ်လာသည်။ လျိုဖေးကို တော်ဝင်ဂူဗိမာန်ထဲသို့ ပို့လိုက်သော်လည်း နော့ကျီးသည် အခြားလူငယ်တစ်ယောက်၏ အိပ်ရာဆီသို့ လျှောက်သွားပြီး သူမ၏ အဝတ်များကို ဖြည်းညှင်းစွာ ဖြည်ချလိုက်သည်။


ထိုအချိန်တွင် ဟုန်ကျွင့် နှလုံးသားထဲက အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွင် နာကြည်းမှု အရှိန်အဝါတွေက တဟုန်ထိုး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ချစ်သူနှင့်သား သေဆုံးပြီးနောက် လျိုကျန်းဟာ မိမိကိုယ်ကို ကြိုးဆွဲချသွားခဲ့သည်။ နော့ကျီး ကြောက်လန့်တကြား ပြေးထွက်သွားသော်လည်း အစ်ကိုဖြစ်သူ တစ္ဆေဘုရင်က လျိုဖေးနဖူးပေါ်မှ သူ့လက်ကို မဖိမချင်း ရင်ခွင်ထဲ ဆွဲသွင်းထားခဲ့ရသည်။


"အတိတ်က အရာတွေင တိမ်တွေ မြူခိုးတွေလို ဖြတ်သန်းသွားပြီ... ငါ့အိမ်ထဲကို ဝင်လာပြီးရင် အခုအချိန်ကစပြီး မင်းဟာ သေခြင်းရဲ့ နယ်ပယ်ကို ကျော်လွန်သွားပြီ..."


"ဟုန်ကျွင့်--!" 


လီကျင်လုံ ဒေါသတကြီး အော်လိုက်သည်။ တောက်ပတဲ့ အလင်းရောင်​တွေ ထွက်လာပြီး ဝံပုလွေက ဟောက်လိုက်တဲ့အခါ ဟုန်ကျွင့်လည်း ရုတ်တရတ် လန့်နိုးလာခဲ့သည်။


လုရွှီသည် ယဇ်ပလ္လင်ပေါ်သို့ အပြေးအလွှားသွားပြီး ယဇ်ပလ္လင်ပေါ်က မှော်အဝိုင်းကို ငုံ့ကြည့်ခဲ့သော်လည်း ယခုအခါတွင် အတွင်းနတ်ဆိုးသည် ကျန်လူများကို စွန့်ပစ်လိုက်ပြီး ဟုန်ကျွင့်ဘက်သို့သာ လှည့်သွားခဲ့သည်။


"မင်း ဒီအိပ်မက်ဆိုးကို တကယ် စုပ်ယူနိုင်ပြီလား... နတ်ဆိုးမျိုးစေ့!"


ဟုန်ကျွင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့ရင်ဘတ်ရှေ့မှ မည်းမှောင်နေသော လေထုကို ငုံ့ကြည့်ရင်း တောင့်တင်းနေ၏။ လျိုဖေးရဲ့ နာကျင်မှုက သူ့နှလုံးသားထဲသို့ ထိုးသွင်းလိုက်သလိုပင်။ လျိုဖေး သေပြီးနောက် တွေ့ကြုံခံစားခဲ့ရသော ခံယူချက် အမျိုးမျိုးသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးနှင့် အနက်ရှိုင်းဆုံး နာကျင်မှုကို အမှန်တကယ် ခံစားစေခဲ့သည်။


အတွင်းနတ်ဆိုးကြီးက ဟောက်ပြီး နောက်တစ်ကြိမ် အနက်ရောင် နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ကာ ဟုန်ကျွင့်ရှေ့မှာ ရပ်လိုက်သည်။ လီကျင်လုံလည်း ဟုန်ကျွင့်ရှေ့တွင် ပိတ်ဆို့ကာ အလင်းတန်းတစ်ခု လင်းလက်လာပြီး အနက်ရောင်အငွေ့များကို ပိတ်ဆို့ထားသည်။ မမျှော်လင့်ဘဲ လင်းထိန်နေသော အနက်ရောင်စွမ်းအင်ကို ရင်ဆိုင်ဖို့ ဟုန်ကျွင့်က သူ့ပုခုံးကို ဖိလိုက်သည်။ သူက ဘေးနားတွင် ရပ်ကာ ကြောက်ရွံ့ခြင်းမရှိဘဲ အတွင်းနတ်ဆိုးကို ရင်ဆိုင်ဖို့ ပြင်နေသည့်အလား။ 


နတ်ဆိုးစွမ်းအင်များက ဟုန်ကျွင့်ဆီ တစ်လုံးပြီးတစ်လုံး ပစ်သွင်းလာသည်။ ၎င်းစွမ်းအားများက ကျယ်လောင်စွာ အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲအခါ တခဏချင်းတွင် ဟုန်ကျွင့် အလွန်အမင်း ဒေါသထွက်လာသည်။ အဖေက သူ့သားကို ချက်ပြုတ်စားသောက်ကာ ရဲဘော်ရဲဘက်များက ခုတ်ထစ်နေကြတာတွေ၊ ကင်းထောက်များ ချောက်ကမ်းပါးအောက် ခုန်ချသွားတာတွေ၊ သစ္စာဖောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ငတ်မွတ်ခြင်းနှင့် နင်းချေခြင်း။ 


"မလုပ်နဲ့--!" 


လီကျင်လုံ အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ 


လုရွှီနှင့် မော့ရစ်ကန်းတို့သည် ဟုန်ကျွင့် ပတ်ပတ်လည်တွင် နတ်ဆိုးစွမ်းအင်များ လည်ပတ်နေပြီး ပြင်းထန်စွာ ပျံသန်းနေသည်ကို ကူကယ်ရာမဲ့ ကြည့်နေရသည်။ ထိုစဥ် ဟုန်ကျွင့်က မျက်လုံးများကို မှိတ်ထားရာမှ ရုတ်တရက် မျက်လုံးဖွင့်ကာ အော်လိုက်၏။ 


"ထွက်သွားစမ်း!"


နောက်အခိုက်အတန့်တွင် ဟုန်ကျွင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ မရေမတွက်နိုင်သော အိပ်မက်ဆိုးများ ခန်းမတစ်ဝိုက်တွင် လှည့်ပတ်ကာ သူ့လက်ဖဝါးကို ဖျစ်ညှစ်သတ်ချင်နေသလိုပင်။ 


အတွင်းနတ်ဆိုး: "နတ်ဆိုးမျိုးစေ့--!"


အသံက ရုတ်တရက် ရပ်တန့်သွားပြီး မြေကြီးတစ်ခုလုံး တုန်ခါသွားကာ နန်းတော်ကြီးရဲ့ နေရာတိုင်းတွင်လည်း ပြိုကျလာသည်။ တိုင်များ ကျိုးသွားကာ ကောင်းကင်နှင့် မြေကြီးကလည်း လွင့်ပြယ်တော့မလို ဖြစ်လာ၏။ တစ်ချိန်တည်းမှာပင် ဟုန်ကျွင့်နှင့် သူအတွင်းစိတ်ဝိညာဉ်များသည် တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။ 


ကမ္ဘာပေါ်က ဝမ်းနည်းမှုနှင့် နာကျင်မှုများ စုစည်းကာ ဟုန်ကျွင့်နှင့် အတွင်းနတ်ဆိုး တစ်ဝိုက်တွင် လျင်မြန်စွာ လည်ပတ်နေသည်။ လေထုထဲ၌ သွေးစွန်းနေသော အနီရောင်မှော်ပုံစံများ ပေါ်လာပြီး အတွင်းနတ်ဆိုးသည် လုရွှီအသွင် ပြောင်းလဲသွား၏။ 


"အတွင်းနတ်ဆိုး" ဟုန်ကျွင့်ရဲ့ အသံက နိမ့်ပြီး အနည်းငယ် ပြာယာခတ်သွားသည်။ 


"လူသားတွေရဲ့ နာကျင်မှုကို ဟိုးအရင်က အမှောင်ထဲမှာ မြှုပ်နှံထားသင့်တာ... အဲဒါကို မင်းလက်ထဲမှာ ဘယ်လိုလုပ် ကိုင်ထားတာလဲ..."


ဒီအပြောင်းအလဲကို မြင်တော့ လီကျင်လုံလည်း သတိကပ်သွား၏။ 


"လုရွှီ! မြန်မြန်လုပ်! ငါတို့ ဒီအတိုင်း ဆက်သွားလို့မရဘူး... သူတို့ကို အရင်ခေါ်သွား!"


ယဇ်ပလ္လင်ပေါ်မှာ လုရွှီလည်း သူ့လက်ကို ယမ်းလိုက်သည်။ သူ့လက်ထဲမှာ ငွေဖြူရောင်အလင်းတန်းတွေ ပေါ်လာကာ ယဇ်ပလ္လင်ထဲကို ရိုက်သွင်းလိုက်၏။ 


ပန်းချီကား အပြင်ဘက်တွင်တော့ တစ္ဆေဘုရင်၊ အားထိုက်နဲ့ အားရှစ်နရှုံတို့သည် "သမင်ဘုရင်ခန္ဓာ" ကို တိတ်တဆိတ် ကြည့်​နေခဲ့ကြသည်။


ယခုအချိန်တွင် "သမင်ဘုရင်ခန္ဓာ" ပန်းချီကားပေါ်ရှိ မူလအရောင်များနှင့် ပုံစံများသည် ပုံပျက်ပန်းပျက် ဖြစ်နေပြီ။ အောက်ဘက်တွင် အနက်ရောင် စွမ်းအင်များဖြင့် ဝန်းရံထားသည့် ဆယ်ကျော်သက်အရွယ် လူငယ်တွေရဲ့ ခန္ဓာကိုယ် တစ်ဝက်ခန့်က ပန်းချီကားပေါ်တွင် ပေါ်လာသည်။ 


“မြန်မြန် ထွက်လာခဲ့!” 


တစ္ဆေဘုရင်က အသံနက်ကြီးနဲ့ အော်ပြောလိုက်၏။ 


အားရှစ်နရှုံလည်း သူ့ခေါင်းကို လှည့်ကာ ဘေးချင်းကပ်နေသော လူလေးယောက်ကို ကြည့်လိုက်သည်။ ငါးကြင်းနတ်ဆိုးက​တော့ အဝတ်တစ်ထည်ကို ကိုင်ကာ ဟုန်ကျွင့်နဖူးမှ ချွေးများကို သုတ်ပေးနေ၏။ 


ပန်းချီကားထဲမှာ။ 


လုရွှီရဲ့လက်ထဲက စွမ်းအင်တွေဟာ မှော်စက်ဝိုင်းထဲကို အဆက်မပြတ် ထိုးသွင်းလျက် ရှိသည်။ မှော်စက်ဝိုင်းက လင်းလာတဲ့ အချိန်မှာ ဟုန်ကျွင့်နဲ့ အတွင်းနတ်ဆိုးက ခေါင်းကို တညီတညွတ်တည်း လှည့်ပြီး လုရွှီကို ကြည့်လိုက်ကြသည်။ 


အတွင်းနတ်ဆိုးသည် ချက်ချင်းဟောက်ကာ လုရွှီရှိရာသို့ ပြေးသွားရာ ဟုန်ကျွင့်လည်း အနောက်မှ လိုက်လာခဲ့သည်။ လုရွှီသည် မှော်အဝိုင်းအထက်တွင် လွင့်မျောနေတာမို့ လီကျင်လုံနဲ့ မော့ရစ်ကန်း တပြိုင်နက်တည်း ပြေးလာကြသည်။ သို့သော် လျှပ်စီးလို အတွင်းနတ်ဆိုးက လုရွှီကို ပြင်းပြင်းထန်ထန် ထိသွားလေပြီ။ 


"လုရွှီ!"


လုရွှီ: "မင်းထွက်သွားပြီးရင် ငါ့ကိုသတ်လိုက်ပါ... သေရတာက ကြောက်စရာ မကောင်းဘူး... မင်းရဲ့စိတ်နှလုံးကိုပဲ ထိန်းထားပါ ကိုကို" 


လုရွှီ သူ့လက်များကိုဖွင့်ကာ အနက်ရောင်စွမ်းအင်များ ပြန့်ကျဲနေသော အတွင်းနတ်ဆိုးကို ပွေ့ဖက်လိုက်သည်။


"မ​ဖြစ်ဘူး! လုရွှီ!"


သို့သော်လည်း ဝံပုလွေကြီးက ဟိန်းဟောက်လိုက်၏။ ထိုဆူညံသံကြောင့် ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားတော့မည့် အတွင်းနတ်ဆိုးလည်း ရပ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် ဟုန်ကျွင့်လက်ကို ဆန့်ထုတ်ကာ လုရွှီရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးသွင်းကာ အငွေ့များကို ဆုပ်ကိုင်လိုက်သည်။ အနက်ရောင် စွမ်းအင်က သူ့လက်ထဲတွင် ဒေါသပေါက်ကွဲကာ မြေကြီးတွေပါ တုန်ခါသွားတဲ့အထိ အော်ဟစ်တော့သည်။ ဟုန်ကျွင့် အတွင်းနတ်ဆိုးကို လုရွှီခန္ဓာကိုယ်ထဲမှ မညှာမတာ ဆွဲထုတ်ပစ်လိုက်သည်။


လုရွှီ လန့်ဖျပ်သွားပြီး မှော်စက်ဝိုင်းထဲ ပြိုကျကာ အလင်းတန်းများ ပြန့်ကျဲသွားသည်။


တစ်ချိန်တည်းမှာပင် နံရံဆေးရေးပန်းချီ "သမင်ဘုရင်" ဆီက တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ကောင်းကင်တွင် အနက်ရောင် လေထု စုစည်းလာစဥ် တစ္ဆေဘုရင်က သူ၏ လက်ကို မြှောက်ကာ အော်လိုက်လေသည်။ 


"အားလုံး ထကြစမ်း!!!"


တစ်ချိန်တည်းမှာပင် လီကျင်လုံ၊ လုရွှီနဲ့ မော့ရစ်ကန်းတို့ ရုတ်တရက် မျက်လုံးပွင့်လာသော်လည်း ဟုန်ကျွင့်ရဲ့ ဝိညာဉ်သုံးပါးနှင့် ဆန္ဒ ဝိညာဉ်ခုနစ်ပါးတို့သည် အနက်ရောင် စွမ်းအင်များဖြင့် ရစ်ပတ်ခံထားရဆဲ ဖြစ်သည်။ 


ငါးကြင်းနတ်ဆိုး: "ဟုန်ကျွင့်——!"


လီကျင်လုံသည် ချက်ချင်းလှည့်၍ နှလုံးမီးအိမ်ကို အသက်သွင်းကာ ဟုန်ကျွင့်ဝိညာဉ်တွင်းရှိ အနက်ရောင်စွမ်းအင်ကို တွန်းထုတ်လိုက်သော်လည်း ပြီးခါနီးတွင် ဆိုးသွမ်းသော စွမ်းအင် အားလုံးက ဟုန်ကျွင့်နှလုံးသားထဲ ဖုံးလွှမ်းသွားတာကြောင့် ဟုန်ကျွင့် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးများက နာကြည်းမှုအပြည့်နှင့်။


နောက်အခိုက်အတန့်တွင် အခြားအတွင်းစိတ်ဝိညာဉ်ဆိုးကြီးသည် နံရံမှ သွားများနှင့် ခြေသည်းများဖြင့် ပြေးထွက်လာ၏။ အားထိုက်နဲ့ အားရှစ်နရှုံ တစ်ချိန်တည်းတွင် လှုပ်ရှားခဲ့သော်လည်း အတွင်းနတ်ဆိုးက မီးတောက်နေသော နတ်ဆိုးစွမ်းအင်ကို ဝေ့ယမ်း၍ မော့ကောင်းဂူထဲက ပြေးထွက်သွားခဲ့သည်။


မော့ရစ်ကန်း: "လိုက်!" 


လူတိုင်းထပြီး မော့ကောင်းဂူထဲက ပြေးထွက်လာကြသည်။ 


ညဉ့်သန်းခေါင်ယံ အချိန်တွင် ကြယ်များက ပြိုးပြိုးပြက်ပြက် လင်းနေသည်။ အတွင်းနတ်ဆိုးသည် တတိယအလွှာမှ ပျံထွက်သွားသော်လည်း ဝံပုလွေသည် အလင်းများပေါ်မှ လမ်းလျှောက်လာပြီး ဟောက်လိုက်ရာ အတွင်းနတ်ဆိုးသည် ချက်ချင်း ပြုတ်ကျသွား၏။ အားထိုက်က လက်ရန်းကို လက်တစ်ဖက်ဖြင့် ဖိကာ ယပ်တောင်ကို ဝှေ့ယမ်းရင်း ပြေးထွက်လာရာ မီးတောက်များ ဖြာထွက်သွားသည်။


တစ္ဆေဘုရင်ကလည်း အစောင့်တစ်ဖွဲ့ကို ခေါ်ကာ လက်ရန်းမှ ခုန်ထွက်သွားသည်။ 


"သူ့အိပ်မက်ဆိုးကို ဖယ်ရှားပစ်!"


အားထိုက်: "ခေါင်းဆောင် ဘယ်မှာလဲ" 


ဟုန်ကျွင့် ဓားပျံကို လှန်လိုက်ပြီး ဂူထဲမှ အပြေးအလွှား ထွက်ခါနီးတွင် လက်တစ်ဖက်က အနောက်မှ ဆန့်ထွက်ကာ သူ့လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆွဲထုတ်လိုက်သည်။


"ငါ့စကားကို နားထောင်..." လီကျင်လုံ လေးနက်တဲ့ အသံနဲ့ပြောပြီး။ 


"အတွင်းစိတ် နတ်ဆိုးတွေရဲ့ အိပ်မက်ဆိုးတွေကို မစုပ်ရဘူး..."


သူစကားမဆုံးခင်မှာ ဟုန်ကျွင့်ဆီက ခိုင်မာသန့်ရှင်းတဲ့ လက်သီးတစ်ချက်ကို ရုတ်တရက် လက်ခံလိုက်ရသည်။ လက်သီးက သူ့မျက်လုံးစွပ်ကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့ရာ မျက်နှာလွှဲသွားပြီး ဟန်ချက်ပျက်လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။ 


"ခင်ဗျားတို့တွေ ကျွန်တော့်ကို ဝိုင်းလိမ်ထားကြတာ..." ဟုန်ကျွင့် လက်သီးတွေကို တင်းတင်းဆုပ်ပြီး ဒေါသတွေကြောင့် တဆတ်ဆတ် တုန်နေသည်။ 


"ခင်ဗျားသိပြီးပြီမလား... အဲဒါ နတ်ဆိုးမျိုးစေ့ပဲ.."


လီကျင်လုံ အကြိမ်အနည်းငယ် ခက်ခက်ခဲခဲ ချောင်းဆိုးပြီး မျက်လုံးများကို လက်ဖြင့် အုပ်ကာ ပြောခဲ့သည်။ 


"ငါ့အပြစ်ပါ မင်းကို ငါလိမ်ခဲ့တယ်... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်း နတ်ဆိုးစွမ်းအင်ကို ဘယ်တော့မှ ထပ်မစုပ်ရဘူး...ဟုန်ကျွင့် ငါ့ကို ကတိပေး... ငါ့ကို ကတိပေး…”


ခေါင်းကို တုံ့ဆိုင်းစွာ မော့လိုက်သည်နှင့် ဟုန်ကျွင့်၏ ဒေါသနှင့် ပြင်းထန်သော မျက်နှာသည် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူ့မျက်လုံးများက ဒေါသ အရိပ်အမြွက်များက ရှိနေသေးသည်။ 


"မင်း ခေါင်းညိတ်လိုက်..ငါ မင်းကိုကတိပေးတယ်... သူ့ကို အနိုင်ယူ​ပေးမယ်လို့ ကတိပေးတယ်... မင်း ပန်းချီကားထဲကလို ဘယ်တော့မှ မဖြစ်ရဘူး... မင်း ငါ့ကို ခေါင်း​လေးပဲ ညိတ်ပြပါ... မဟုတ်ရင် မင်းကို ဒီကနေ ထွက်သွားခွင့် မပေးဘူး !" 


ဟုန်ကျွင့် အသက်ရှုကြပ်သွားသည်။ နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်ပြီး မော့ကောင်းဂူထဲမှ အမြန်ထွက်လာခဲ့သည်။