Chapter (69)
နှစ်ကုန်တွင် ပြန်လည်ဆုံဆည်းခြင်း
ပန်းချီဆရာများ အားလုံး မော့ကောင်းဂူမှ ထွက်ခွာခဲ့ကြပါပြီ။ နှစ်သစ်ကူးပွဲ ဆင်နွှဲအတွက် အိမ်ပြန်ရန် ဟယ်ရှီးပြည်နယ်သို့ ခရီးနှင်သွားခဲ့ကြသည်။
ညနေခင်းတွင်တော့ လီကျင်လုံက အရင်နိုးလာခဲ့သည်။ ဟုန်ကျွင့်သည် သူ့ကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထညးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ ထိုစဥ် အပြင်ဘက်မှ ခြေသံတွေ ထွက်လာပြီး မော့ရစ်ကန်း အလျင်အမြန် ဝင်လာကာ လီကျင်လုံကို လက်ဟန်ပြသည်။ လီကျင်လုံလည်း အရေးကြီးသည့် အရာတစ်ခု ရှိမှန်းသိသဖြင့် မျက်လုံးများကို မှိတ်ထားကာ ဖြည်းဖြည်းချင်း ထလိုက်သည်။
"ဘယ်လိုလဲ" မော့ရစ်ကန်း တိတ်တိတ်လေး မေးလိုက်သည်။
"သူနိုးပြီးလာမှပဲ စကားဆက်ပြောရတော့မှာပဲ... အခုက ဘာဖြစ်လို့လဲ?"
"တစ္ဆေဘုရင်က ထွက်သွားတော့မယ်တဲ့"
လီကျင်လုံ ကိုးထပ်ပေါ်မှ အလျင်အမြန် ထွက်လာခဲ့သည်။ ထိုအချိန်တွင် တစ္ဆေဘုရင်နှင့် သူ့အစောင့်များသည် တံခါးအပြင်ဘက်တွင် စောင့်ကာ နှုတ်ဆက်နေကြပြီ။
"ခင်ဗျားကို မမေးရသေးတာ တစ်ခုရှိသေးတယ်... ကျေးဇူးပြုပြီး ရက်နည်းနည်းလောက် ထပ်နေပေးပါလား"
လီကျင်လုံ ကမန်းကတန်းနဲ့ မေးလိုက်သည်။ တစ္ဆေဘုရင်က လီကျင်လုံ သိချင်တာကို မှန်းဆပြီးသား ဖြစ်တာကြောင့် ပြန်ဖြေလာ၏။
"ယောင်ကျင်းနန်းတော်ထဲက အဲဒီဖီးနစ်ရဲ့ ရည်ရွယ်ချက်ကို ငါမသိဘူး... ဒါပေမယ့် နှလုံးမီးအိမ် မင်းခန္ဓာကိုယ်ထဲ ဝင်သွားတာကတော့ မတော်တဆ မဟုတ်ဘူးလို့ ငါထင်တယ်"
လီကျင်လုံ : "!!!"
တစ္ဆေဘုရင်က လီကျင်လုံရဲ့ပခုံးပေါ်မှာ သူ့လက်ကို တင်လိုက်ပြီး။
"ရှဲ့ယွီက မသေသေးဘူး... လျိုဖေးက သူ့ရဲ့ကြီးမားတဲ့ လက်စားချေမှုကို မပေးသေးပေမယ့် ကောင်းကင် နတ်ဆိုးက ရှင်ပြန်ထမြောက်လာမလား ဆိုတာလည်း မသိသေးဘူး"
လီကျင်လုံလည်း မျှော်လင့်ချက်များ တဖျပ်ဖျပ်တောက်ပလာကာ။
"ဟုန်ကျွင့် ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို နှိမ်နင်းနိုင်မှာလား" ဟု မေးလိုက်သည်။
"ဒီမေးခွန်းကိုတော့ မင်းအတွက် ငါဖြေလို့မရဘူး"
ခဏလောက် စဉ်းစားပြီးနောက် တစ္ဆေဘုရင်က ဆက်ပြော၏။
"လူသားနဲ့ နတ်ဆိုးတွေက နောက်ဆုံးတော့ မတူကြဘူးလေ... လူတစ်ယောက် အနေနဲ့တော့ မင်းကို အကူအညီ အများကြီးမပေးနိုင်ဘူး ဒါပေမယ့် မင်းနဲ့ငါ ယာယီတော့ သတင်း လဲလှယ်လို့ရမယ်...."
လီကျင်လုံ တောက်ပလာတဲ့ သူ့မျက်လုံးတွေနဲ့ တစ္ဆေဘုရင်ကို ကြည့်လိုက်သည်။
"ဒီတစ်ကြိမ်တော့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အလောင်းကောင်တစ္ဆေက ကမ္ဘာကြီးကို ဒုက္ခပေးခဲ့မိတယ်...သမင်ဖြူရဲ့ အတွင်းစိတ်ဝိညာဉ်ဆိုးက ထိန်းချုပ်ထားရင်တောင် လျိုဖေးနဲ့ ငါ ဒီအပြစ်ကနေ မလွတ်မြောက်နိုင်ဘူးလေ"
"ခင်ဗျားအပြစ်... မဟုတ်ဘူး ရှဲ့ယွီပဲ!"
"ဒါပေမဲ့ မင်းနန်းတွင်းကို ပြန်ရောက်တဲ့အခါ ဘယ်လိုရှင်းပြရမှာလဲ.... လူ့လောကကို ကာကွယ်စောင့်ရှောက်နေတဲ့ နယ်ခြားစောင့် စစ်သူကြီးတွေက ယာတန့်မှာ အိပ်ပျော်နေတဲ့ အလောင်းနှစ်သိန်းကို လျစ်လျူရှုထားပေးမယ် ထင်လား?"
"လျိုဖေးက သေပြီ သူ့အပြစ်တွေအတွက် ဖြေပြီးပြီ"
တစ္ဆေဘုရင်က ခေါင်းညိတ်လိုက်ပြီး
လီကျင်လုံ: "ယာတန့်က ခင်ဗျားတို့ရဲ့အိပ်စက်ခြင်းကို ဘယ်သူမှ မနှောင့်ယှက်စေရဘူးလို့ ကတိပေးတယ်... ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်... ဘုရင်မင်းမြတ်က ကျွန်တော့်ကို တစ်ချိန်က ကတိပေးခဲ့ဖူးတယ်...ကျွန်တော် ယာတန့်ကို ရွေးတယ်... ဟုန်ကျွင့်ရဲ့ ဦးလေးကိုလည်း ယွိမန်ခရိုင်ကို ခေါ်သွားမှာဆိုတော့ သဘာဝအတိုင်း အဲဒီနေရာကို ပြန်လာမယ့်သူ မရှိဘူး”
“ကောင်းပြီလေ...”
တစ္ဆေဘုရင်က လီကျင်လုံကို သံချေးတက်တဲ့ သံချပ်ကာတစ်ပိုင်းကို ပေးလိုက်သည်။
"ရှဲ့ယွီကို တိုက်တဲ့စစ်ပွဲမှာ မင်းကို ငါအကူအညီ အပြည့်အဝ ပေးမယ်... နောက်ပြီး မင်းအတွက် တိုက်ပွဲဝင်ဖို့ ငါ့စစ်တပ်ကိုလည်း တစ်ခါတည်း အမိန့်ပေးခိုင်းလို့ရတယ်..."
လီကျင်လုံလည်း ချပ်ဝတ်တန်ဆာကို လက်ခံပြီး ကျေးဇူးတင်စကား ထုတ်ဖော်ပြောဆိုရန် လက်သီးများကို အလျင်အမြန် ဆုပ်လျက် ဂါဝရပြုလိုက်သည်။ တစ္ဆေဘုရင်သည် မြင်းစီးကာ နေဝင်နေရာ အရပ်ဖက်သို့ သူ့ကိုယ်ရံတော်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လီကျင်လုံ ကိုးထပ်သို့ ပြန်သွားတော့ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ဟားခနဲ နိုးလာကြသည်။ လီကျင်လုံက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး။
"ဒီတစ်ခါတော့ လူတွေ အများကြီးပဲ"
ချိုးယုံစစ်လည်း ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားကာ ထပြောလာ၏။
"တရုတ်နှစ်ကူးမှာ ငါ့ညီအစ်ကိုတွေကို ကူညီဖို့ ဒီကိုလာရတာ လွယ်တယ်များ ထင်လား"
လီကျင်လုံလည်း ဤတော့မှ ယနေ့က နှစ်အဆုံးဖြစ်တာကို သတိရသွားသည်။
"ကောင်းပြီ... တခြားကိစ္စတွေကို မေ့လိုက်ပါတော့... ချက်ပြုတ်ပြီး နှစ်သစ်ကူးကို ဆင်နွှဲရအောင်!"
အားထိုက် ရယ်ပြီး "မင်းတို့ရဲ့ နှစ်သစ်ကို ငါနောက်ဆုံး ကျင်းပခဲ့တာ ငါးနှစ်ရှိပြီမလား...သေရည် ရှိလား"
လီကျင်လုံက အားလုံးကို စီစဉ်ပြီး အလုပ်တာဝန်များ ပေးအပ်ထားလိုက်သည်။ ထိုအချိန်တွင် လုရွှီ ရောက်ရှိလာတာကြောင့် အားလုံးက သူ့ဆီကို လှည့်ကြည့်လိုက်၏။ လုရွှီကတော့ လီကျင်လုံကို မသက်မသာဖြင့် ကြည့်နေခဲ့သည်။ ထိုစဥ် တစ်ဖက်ရှိ မော့ရစ်ကန်းက သူ့ဘေးကို လက်ဖြင့် ပုတ်ကာ ထိုင်ခိုင်းလိုက်သည်။
"သူအဆင်ပြေပါတယ်" လုရွှီသည် လီကျင်လုံကို ကြည့်လိုက်တာနဲ့ ဟုန်ကျွင့်အကြောင်း မေးချင်နေမှန်း သိသည်။
"ခင်ဗျား ပြောစရာရှိရင် ကျွန်တော့်ကိုမေးတာထက် လူကိုယ်တိုင်မေးလိုက်တာ ပိုကောင်းတယ်"
လီကျင်လုံ ခေါင်းညိတ်ပြီး "ကြက်ကို အရင် သတ်လိုက်မယ်... နောက်မှ ဟုန်ကျွင့်ကို နှိုးတော့မယ်....သူ နည်းနည်းကြာအောင် ဆက်အိပ်ခွင့်ပါစေ..."
ချက်ချင်းပဲ နတ်ဆိုးနှင်ဌာန တစ်ခုလုံး စတင်လှုပ်ရှားလာတော့သည်။ အားထိုက်က အားရှစ်နရှုံကို နှစ်ကုန်ခေါက်ဆွဲချက်ကျွေးဖို့ သွားရှာသည်။ မော့ရစ်ကန်းနဲ့ လုရွှီတို့က သစ်အယ်သီးအခွံနွှာဖို့အတွက် ခြံဝင်းထဲတွင် ထိုင်နေပြီး သစ်အယ်သီးလှော် လုပ်စားရန် ပြင်ဆင်နေသည်။ လီကျင်လုံက ကြက်ကိုသတ်ရန် ထွက်သွားခဲ့ပြီး ချိုးယုံစစ်နဲ့ ငါးကြင်းနတ်ဆိုးတို့ကတော့ ပန်းကန်များနှင့် တူချောင်းများကို ရေတွက်ရန် တာဝန်ယူထားသည်။
"ဟေး... ငှက်တွေ ဥမပေါက်တဲ့ ဒီအရပ်မှာ ဘာလို့များ နှစ်သစ်ကူးပွဲကျင်းပဖို့ ရောက်နေရပါလိမ့်"
ချိုးယုံစစ် ရယ်ရခက်ငိုရခက်ဖြင့် ငါးကြင်းနတ်ဆိုးဆီကို လှမ်းပြောလိုက်သည်။
"တကယ်ကို စိတ်ကူးရခက်တယ်နော်."
ငါးကြင်းနတ်ဆိုးက “ဟုတ်ပါ့... ငါးတောင် မရှိဘူး”
ဤကဲ့သို့ သတိပေးခံရပြီးနောက် ချိုးယုံစစ်လည်း သတိဝင်သွားသည်။
"ဟုတ်သားပဲ... နှစ်တိုင်းငါးရှိရင် ဘယ်လိုလုပ်မလဲ"
ငါးကြင်းနတ်ဆိုး : "..."
မော့ရစ်ကန်းနဲ့ လုရွှီ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ မော့ရစ်ကန်းရဲ့လက်များသည် ပြင်းထန်လွန်းသဖြင့် လက်ချောင်းများဖြင့် ဖိလိုက်တာနဲ့ သစ်အယ်သီးခွံက ကွဲကြေသွားကာ လုရွှီဆီကို ပစ်ချပေးလိုက်သည်။ လုရွှီက ၎င်းကို လွယ်လွယ်ကူကူ နှစ်ခြမ်းခွဲနေ၏။
"လုရွှီ မင်းငါ့ကို စိတ်ဆိုးနေသေးလား"
ပန်းချီကားထဲက ဟုန်ကျွင့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် မော့ရစ်ကန်းက သူ့နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့ကြောင်း၊ သူ့ကို လာကယ်ဖို့ ကြိုးစားခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုစဥ်က ဝံပုလွေသည် ပန်းချီကားထဲတွင် ပိတ်မိနေသော လုရွှီအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာခဲ့သည်။
လုရွှီ: "အရင်က ကျွန်တော် ကတိပြုခဲ့တယ်... သူတို့ သတိမထားမိတဲ့အချိန် အာမီတော်သန့်စင်တဲ့မြေမှာ ကတိသစ္စာပြုခဲ့တယ်"
"မင်း ဘာသစ္စာပြုခဲ့တာလဲ"
မော့ရစ်ကန်း သူ့ကို မော့ကြည့်လိုက်သည်။
"ကျွန်တော့်ကို ကယ်တင်မယ့်သူရှိရင် တစ်သက်လုံး သူ့နောက်ကို တစ်သတ်လုံး လိုက်သွားမယ်ဆိုတဲ့ ကတိတစ်ခု...."
လုရွှီ ခေါင်းငုံ့ပြီး သူ့လက်ထဲက သစ်အယ်သီးဖြူတွေကို ကြည့်ကာ တောင်းထဲ ပစ်ချလိုက်သည်။
မော့ရစ်ကန်း : "..."
လုရွှမ် စကားတစ်ခွန်းမှ ဆက်မပြောဘဲ မော့ရစ်ကန်းကိုသာ မော့ကြည့်လိုက်သည်။
မော့ရစ်ကန်း: "အဲဒီတုန်းက ငါ မသိခဲ့ဘူး"
"အခု သိပြီလား"
မော့ရစ်ကန်း: "လုရွှီ ဒီဘဝမှာ မင်းကိုရှာဖို့ ငါ့တာဝန်"
"ခင်ဗျားရဲ အစုတ်ပလုတ် တာဝန်က ဘာလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး...ခင်ဗျား ဘယ်လိုမှလည်း အဆုံးထိ မရောက်ခဲ့ဘူး"
"မင်းဒီလိုပြောတာဟာ မမျှတဘူးနော်... ငါက မင်း ဟုတ်မဟုတ်ဆိုတာ မသိဘူးလေ!"
"ဟုန်ကျွင့်က ဘယ်လိုလုပ်သိတာလဲ"
မော့ရစ်ကန်းက သစ်အယ်သီးကို "ကလစ်"ခနဲ အသံထွက်သည်အထိ ချေပစ်လိုက်ကာ မျက်မှောင်ကြုတ်လေသည်။
"ဒါက မတရားဘူး!"
လုရွှီ: "ကျွန်တော်က သမင်ဖြူရဲ့ လူဝင်စားလို့ပဲ...အဲဒါကြောင့် ကျွန်တော့်ဆီလာခဲ့တာ ဟုတ်တယ်မလား... ကျွန်တော်က သမင်ဖြူပါ သမင်ဖြူ..."
"မတူဘူး ဒါကမတူဘူး လုရွှီ!"
မော့ရစ်ကန်းခမျာ လုရွှီကို ကြည့်ကာ ပြောစရာတွေ အများကြီး ရှိနေသည်ဟု ခံစားမိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့နှုတ်ခမ်းဆီသို့ စကားလုံးများ ရောက်လာသောအခါတွင် လုံးဝ ပြောမထွက်ခဲ့ချေ။
မော့ရစ်ကန်း - "ငါက သမင်ဖြူက လှပတဲ့ မိန်းကလေးလို့ ထင်ခဲ့တာ"
"ကျွန်တော်က လှလည်း မလှသလို မိန်းကလေးလည်း မဟုတ်ဘူး"
"သူမက သမင်ဖြူမှန်း မသိခဲ့ပေမယ့် သူမ ငါ့ဆီ ရောက်လာရင် ကောင်းကောင်းချစ်ပြီး သူမကို ပြုစုပေးမှာပါ..."
လုရွှီက မျက်ခုံးပင့်လိုက်ပြီး သူ့လက်ထဲက သစ်အယ်သီးတွေကို အမြန်ချေဖို့ မော့ရစ်ကန်းကို အချက်ပြလိုက်သည်။ မော့ရစ်ကန်းလည်း ထိုကောင်လေးဆီ သစ်အယ်သီးကို ပစ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။
"...ဒါပေမယ့် လမ်းတစ်လျှောက်မှာ အရာအားလုံးက မြန်ဆန်လွန်းတော့ ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ အချိန်မရှိခဲ့ဘူး... ပြီးတော့ မင်းက သမင်ဖြူလို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး"
"ခင်ဗျား ဘာပြောချင်နေတာလဲ"
"ငါတို့က အတူတူနေဖို့ ရည်မှန်းထားတာ!"
မော့ရစ်ကန်း နောက်ဆုံးတွင်တော့ ထိုစကားကို ပြောချလိုက်သည်။
"ကျွန်တော် ဘာလို့မသိတာလဲ... ခင်ဗျားနဲ့ဘယ်သူက အတူရှိချင်လို့လဲ!"
"မဟုတ်ရင် မင်းငါ့ကိုရှာဖို့ ယွိလင်ကို ဘာလို့သွားတာလဲ"
"အဲဒီတုန်းက ကျွန်တော် သတိမကောင်းနေမိလို့... အခု သတိဝင်လာပြီ မရဘူး!"
မော့ရစ်ကန်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။
"မင်းဘာကိုဆိုလိုချင်တာလဲ... မင်းကိုကယ်တင်ဖို့ ငါအသက်စွန့်ခဲ့တာ မင်းကို အဆုံးမှာ ကယ်ထုတ်ခဲ့တဲ့ ဟုန်ကျွင့်ကြောင့် မင်း...."
"ဟေ့ မင်းတို့နှစ်ယောက် သစ်အယ်သီးတွေ အများကြီး အခွံခွာပြီး ဟင်းဘယ်နှစ်ပွဲ ချက်မလို့လဲ??"
အားရှစ်နရှုံမှာ သူ့လက်ထဲမှ ဂျုံမှုန့်တွေ ပြည့်နေတဲ့ ဗန်းကိုကိုင်ကာ သူတို့ရှေ့က သစ်အယ်သီးစည်ကြီးကို ကြည့်နေ၏။
"ပါးစပ်ပိတ်ထား!"
လုရွှီနဲ့ မော့ရစ်ကန်းတို့ တညီတညွတ်တည်း ပြောလိုက်ပြီး လုရွှီ ချာကနဲ လှည့်ထွက်သွားသည်။
လီကျင်လုံမှာ ကြက်လည်ပင်းကို ဖိပြီး သွေးထွက်အောင် လှီးဖြတ်ချင်ခဲ့ပေမယ့် ကြက်ကို မသတ်ခင်မှာပဲ ကြက်က ပြင်းထန်စွာ ရုန်းကန်နေတော့သည်။ ထိုနေရာမှာ ကြက်က အရူးအမူးအော်ပြီး အတောင်ပံတွေကို ခတ်ရင်း ခေါင်းကို တစ်ဝက်စောင်းပြီး သွေးတစ်စက်တစ်စက်နဲ့ ပတ်ပြေးနေ၏။
ဟုန်ကျွင့် ဒေါသတကြီး အော်လိုက်သည်။
"တိတ်တိတ်နေလို့ မရဘူးလား!"
သူ မျက်လုံးဖွင့်ပြီး ခြံစည်းရိုးနားကို အိပ်ချင်မူးတူးနဲ့ သွားကြည့်လိုက်တော့ လီကျင်လုံဟာ နောက်ထပ်မှာ ကြက်တစ်ကောင်ကို ဓားနဲ့ လိုက်ခုတ်နေတာကို တွေ့လိုက်ရသည်။ လီကျင်လုံလက်များက သွေးစွန်းနေ၏။ သူက အသံကြားတော့ ချက်ချင်း ခေါင်းကိုမော့ကာ။
"ဟုန်ကျွင့်!"
ဟုန်ကျွင့် တတိယထပ်မှ ပျောက်ကွယ်သွားခဲ့သည်။ လီကျင်လုံ လျင်မြန်စွာ တက်လာခဲ့သော်လည်း ဟုန်ကျွင့်ဟာ ဒုတိယထပ်သို့ ဆင်းသွားကာ ကြက်ကို ကောက်ယူလိုက်၏။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်မိရာ လီကျင်လုံ အနည်းငယ် ရှက်သွားခဲ့သည်။
"ဘာလုပ်ရမလဲ" ဟုန်ကျွင့် မျက်မှောင်ကြုတ်လိုက်သည်။
"နှစ်သစ်ကူးမယ်လေ..."
ဟုန်ကျွင့် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းသာ ညိတ်ကာ ကြက်ကို ရေနွေးဖျောပါ ခြံဝင်းအတွင်း၌ပင် ကြက်အမွေးများကို တစ်ခုချင်းစီ ဆွဲထုတ်လိုက်သည်။
လီကျင်လုံ၏ ညာလက်သည် မနေ့ညက အကိုက်ခံထားရလို့ ဒဏ်ရာရသွားပုံရသော်လည်း ဒဏ်ရာမှာ သွေးကြောထဲအထိ ရှိနေသည်။ ဟုန်ကျွင့် ထိုအကြောင်းကို ထပ်ခါထပ်ခါ တွေးနေပေမယ့် နောက်ဆုံးတော့ မမေးဖြစ်ခဲ့ပါဘူး။
လီကျင်လုံကို တစ်ချက် မော့ကြည့်လိုက်သည်။ ဤရက်များတွင် လီကျင်လုံဟာ သူနဲ့ ကင်းကွာသွားနေတာကို သတိပြုမိပုံပင်။ ယခု လီကျင်လုံမှာ ဟုန်ကျွင့် စိတ်ဆိုးသွားမည်ကို ကြောက်နေသကဲ့သို့ အနည်းငယ် သတိထားနေမိသည်။
ဟုန်ကျွင့်ရဲ့ ရိုက်နှက်မှုကြောင့် သူ့မျက်လုံးတွေမှာ ဒဏ်ရာတွေ ရှိနေဆဲဖြစ်ရာ ဟုန်ကျွင့်မှာကြည့်ရင်း ရုတ်တရက် အပြစ်ရှိသလို ခံစားလာရသည်။
"ငါ့ကို စိတ်ဆိုးနေသေးလား"
လီကျင်လုံ ကြက်မွေးတွေကို နှုတ်ရင်း စကားစလိုက်သည်။ ဒါကိုကြားပြီးနောက် ဟုန်ကျွင့် ရုတ်တရတ် ဝမ်းနည်းသွား၏။
လီကျင်လုံ: "ငါက အသုံးမကျဘူး... မင်း စိတ်မသက်မသာ ဖြစ်နေတုန်းပဲမလား"
လီကျင်လုံ ဟုန်ကျွင့်ကို မော့ကြည့်လိုက်သည်။
ဟုန်ကျွင့်: "မဖြစ်တော့ဘူး...ဘာလို့ ဒီလောက်စိတ်ပူနေတာလဲ ကိုယ့်ကိုကိုယ်ပဲ စိတ်ပူနေသင့်တယ်"
လီကျင်လုံက ကြက်ကိုလှန်ပြီး အမွေးတွေကို နှုတ်နေရာက ပြန်မေး၏။
"မင်းကို ဂရုစိုက်လို့ အဆင်မပြေဘူးလား"
"ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်တယ်"
"မင်း အဆင်မပြေဖြစ်မှာကို ငါကြောက်တယ်... ဒါပေမယ့် မင်းက ငါ့ကိုဆို စကားမပြောဘူး... မော့ရစ်ကန်း အားထိုက်နဲ့ စကားပြောတယ်... နောက်ဆုံးမှ ရောက်လာတဲ့ ချိုးယုံစစ်နဲ့တောင် အရင်ကထက် အများကြီး ပိုပြောတယ်...
သူက ဟုန်ကျွင့်ကို ပြန်မော့ကြည့်ပြီး ဆက်ပြောသည်။
"လုရွှီနဲ့ဆို ပိုတောင် ပြောသေးတယ်... ငါဘာအမှားလုပ်မိလို့လဲ"
ဟုန်ကျွင့် တစ်ဖက်လူကို ဗြောင်ကျကျ ပြန်ကြည့်နေ၏။ လီကျင်လုံက သူ့အား စကားပြောရန် စိတ်အားထက်သန်နေလေသည်။ ဒါပေမဲ့ အဲဒါက ဘာအသုံးဝင်လဲ။ လီကျင်လုံ အတိတ်ကို မေ့သွားရင်တောင် အပြစ်က ပြေသွားမှာလား။ သူဘာပြောရမလဲ။
"လုရွှီနဲ့ ကျွန်တော် တကယ်သိခဲ့တာ ကြာပြီ"
"သူက ငါ့ကိုပြောပါတယ်...."
လီကျင်လုံက ပေါ့ပေါ့တန်တန် ပြောပြီး ကြက်ကို ပြန်လှန်လိုက်သည်။ နှစ်ယောက်သား လီကျင်လုံရဲ့ လက်ထဲက အမွေးချွတ်ထားတဲ့ ကြက်ကို စိုက်ကြည့်နေကြ၏။
"မင်းနိုးလာကတည်းက ငါ့ကို ရှောင်တယ်... စကားမပြောဘူး မင်းငါ့ကို တစ်ခုခု စိတ်ဆိုးနေခဲ့တာပဲ ဟုတ်တယ်မလား"
"မဟုတ်ဘူး"
လီကျင်လုံလည် ညိုမည်းနေသော မျက်လုံးစွပ်ကို ညွှန်ပြပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ပေးလိုက်သည်။
"ဒီမှာ နောက်ထပ် ထိုးပေးဦးမလား? ဒီကိုကိုက မင်းကို မကြောက်စေချင်ဘူး... မင်းကိုလည်း မခံစားစေချင်ဘူး မင်းလူတိုင်းကို ဒုက္ခပေးနေရတယ်လို့လည်း မခံစားစေချင်ဘူး..."
ဟုန်ကျွင့် :"တကယ် မဟုတ်ဘူးလို့"
"ဒါဆို ဘာအကြောင်းကြောင့်လဲ?"
ဟုန်ကျွင့် ဆိတ်ဆိတ်နေပြန်၏။ လီကျင်လုံကလည်း ကြက်မွေးတွေကို နှုတ်ပြီး အကြည့်လွှဲလိုက်သည်။
"ဟုန်ကျွင့် ငါက ဉာဏ်ကောင်းတယ်လို့ ထင်လား"
"အရမ်းဉာဏ်ကောင်းတယ်... ကျွန်တော် တွေ့ဖူးသမျှ လူတွေထဲမှာ ဉာဏ်အကောင်းဆုံးပဲ"
"ဒါပေမယ့် မင်းငါ့ကိုဘာလို့ စိတ်ဆိုးနေလဲဆိုတာ ငါ မခန့်မှန်းနိုင်ဘူး"
"ကျွန်တော်ခင်ဗျားကို စိတ်မဆိုးဘူး"
"ဆိုးတယ်.... မင်းနိုးလာကတည်းက မတူတော့တာ ငါ အသုံးမကျဘူး ဆိုတာ ဝန်ခံတယ်... လန်ကျိုးရောက်တာနဲ့ ခြေလှမ်းတိုင်း အမှားတွေ လုပ်ခဲ့ပြီးပြီ... မင်းခွင့်လွှတ်ဖို့ မစောင့်နိုင်တော့ဘူး... အချိန်သာ နောက်ပြန်ဆုတ်လို့ရရင် ငါ အဲဒီညကို ပြန်သွားနိုင်ရင် အပြင်မထွက်တော့ဘူး"
ဟုန်ကျွင့် ခဏလောက် နှုတ်ဆိတ်သွားပြီး လှည့်ထွက်သွားသည်။
"ကျွန်တော် သွားတော့မယ်"
"ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့!"
"မင်းကို ယောင်ကျင်း နန်းတော်ဆီ လိုက်ပို့ပေးမယ်လို့ ငါ ကတိပေးထားတယ်လေ..."
ဟုန်ကျွင့် သူ့အား အမှတ်ရနေစေသည့် မြင်ကွင်းကို အမှန်တကယ် မစွန့်လွှတ်နိုင်သော်လည်း စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေခဲ့သည်။
"ဟေး!!" အားရှစ်နရှုံက ဒုတိယထပ်မှ ငုံ့ကြည့်ကာ လှမ်းအော်သည်။
"လီမျိုးရိုး... ဒီကြက်မွေးတွေကို ဘယ်လောက်ကြာကြာ ဆက်နှုတ်နေမှာလဲ... မင်း နှုတ်နေတာ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်ရဲ့ မျက်နှာထက်တောင် ပိုသန့်နေပြီ"
လီကျင်လုံ : "..."
ဟုန်ကျွင့် ထွက်သွားတာကြောင့် လီကျင်လုံမှာ အားရှစ်နရှုံကို တက်ရိုက်ပစ်ချင်စိတ်တွေ ပေါ်လာ၏။
တစ်ဖက်မှာတော့ ချိုးယုံစစ် နှင့် ငါးကြင်းနတ်ဆိုးတို့သည် ရေခဲမြစ်ထဲက တူးထားသော အပေါက်တစ်ခုစီရှေ့တွင် ငါးမျှားတံများကို ကိုင်ဆောင်ကာ ရေခဲပေါက်ထဲတွင် ငါးမျှားနေကြသည်။
ငါးကြင်းနတ်ဆိုးက “ငါက ငါးလေ.. ဘာလို့ ငါးမျှားနေရတာလဲ”
ချိုးယုံစစ်: "မတတ်နိုင်ဘူးလေ... နှစ်သစ်ကူးညစာမှာ ငါးမရှိဘူး အဲဒါက အရမ်းကံမကောင်းဘူးကွ... ငါမင်းကိုလည်း ချက်လို့မရဘူးမလား"
ငါးကြင်းနတ်ဆိုးသည် တိတ်ဆိတ်စွာ နေရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ထိုညတွင် လီကျင်လုံသည် မော့ကောင်းဂူ အတွင်းရှိ ဝိုင်နှင့် အစားအစာများကို ဖွင့်လိုက်သည်။ ဘုရားလောင်းများကို စော်ကားမိမှာ စိုးရိမ်သဖြင့် အဝေးဆုံးနေရာကို ပြောင်းရွှေ့ကာ ပန်းချီဆရာများ စုဝေးလေ့ရှိသည့် ဘေးဘက်က ခန်းမတစ်ခုတွင်သာ နှစ်သစ်ကူးညစာကို တည်ခင်းလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ"
မော့ရစ်ကန်းသည် လီကျင်လုံကို ကူညီဖို့ ရှေ့ကိုတိုးပြီး မေးလိုက်သည်။ လီကျင်လုံရဲ့ ညာလက်က အနည်းငယ် တုန်ခါနေသေးသည်။
"စိတ်ဆိုးနေတုန်းပဲ... ငါမေးလို့မရဘူး မင်းဘက်ကရော?"
မော့ရစ်ကန်း: "ငါ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မစဉ်းစားရသေးပါဘူး..."
စကားပြောနေတုန်း လုရွှီ ဝင်လာပြီး သူတို့နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ နှစ်ယောက်သားက စကားမပြောတော့ဘဲ ချက်ချင်းရပ်သွား၏။
ဟုန်ကျွင့် တစ်နေ့နှင့်တစ်ညတောင် ဘာမှ မစားရသေးသောကြောင့် ဟင်းအနံ့များ မွှေးကြိုင်တဲ့အခါ သူ့နှလုံးသားထဲပ ဘီလူးများ၊ အိပ်မက်ဆိုးများနှင့် အတွင်းနတ်ဆိုးများ အားလုံးကို မေ့သွားကာ အမြန်ထထိုင်လိုက်သည်။ ချိုးယုံစစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟုန်ကျွင့်ရဲ့ ပုခုံးပေါ် လှမ်းဖက်ကာ ဖိချလိုက်သည်။
ချိုးယုံစစ် :"မင်းကို အရမ်းလွမ်းတာပဲ!"
"မင်းလည်း တကယ်ရောက်လာသားပဲ!"
ချိုးယုံစစ်က ဟုန်ကျွင့်ရဲ့နောက်ကျောကို ညင်သာစွာ ပုတ်လိုက်ပြီး ချစ်ခင်စွာ ပွေ့ဖက်လိုက်သည်။
"ကံကောင်းလို့ ငါ အချိန်မီ ရောက်လာခဲ့တာလေ..."
ပြောပြီးနောက် ဟုန်ကျွင့်နားကို မှီပြီး တိုးတိုးလေး ပြောလိုက်ပါသေးသည်။
"မကြောက်ပါနဲ့... ဘာပဲဖြစ်ဖြစ် အားလုံးက မင်းနဲ့အတူရှိနေမှာပါ"
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်လည်း ချိုးယုံစစ်ကို မော့ကြည့်ကာ နွေးထွေးသော အပြုံးကို ပြပြီး ရှေ့သို့ လှည့်လိုက်သည်။ အားထိုက်နဲ့ အားရှစ်နရှုံတို့လည်း ဝင်လာကြသည်။ အားထိုက်က ဟုန်ကျွင့်ကို မရေရာသော အကြည့်ဖြင့် ကြည့်လာတာနဲ့ ဟုန်ကျွင့်လည်း ရယ်ပြလိုက်သည်။
လူတွေအားလုံးက နတ်ဆိုးမျိုးစေ့ အကြောင်းကို ဥာဏ်ပညာရှိရှိ မပြောကြဘဲ ဟုန်ကျွင့်ရဲ့ဘေးမှာ ထိုင်နေကြ၏။
လီကျင်လုံ: "ဒီနေ့ ဟင်းတွေ အများကြီး မချက်ထားတော့ ခွဲလို့ မရတော့ဘူး...ပေါင်းပြီး စားကြရအောင်..."
ဟုန်ကျွင့်: "ကျောက်ကျစ်လုံ ဘယ်မှာလဲ"
“ဒီမှာလေ...” ငါးကြင်းနတ်ဆိုးက စားပွဲပေါ်ရှိ ပန်းကန်ပြားပေါ်မှ ပြန်ဖြေလာသည်။
လူတိုင်း: "..."
ငါးကြင်းနတ်ဆိုးသည် ပန်းကန်ပြားပေါ်တွင် လဲလျောင်းနေကာ ၎င်း၏အမြီးကို ရွှေ့ပြနေသည်။ ကိုယ်ပေါ်မှာ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူအချို့ကို ဖုံးအုပ်ထားသော်လည်း သူ့ကိုယ်သူတော့ ပြုတ်မထားပါ။
"နှစ်တိုင်း လုံလောက်တာထက် ပိုများနေတော့ သမရိုးကျပါပဲ...."