Chapter (71)
ပေါ့ပေါ့တန်တန် ကတိမပေးပါနဲ့
တစ်နာရီလောက် ကြာတော့ ရွာတစ်ရွာထဲမှာ ဟုန်ကျွင့် ကိုယ်ပိုင်အိမ်တံခါး တစ်ချပ်ကို ဖွင့်လိုက်သည်။
ဤရွာသည် စစ်သရဲတစ္ဆေများ၏ နင်းချေခြင်း ခံခဲ့ရသော ရွာတစ်ရွာဖြစ်ပြီး နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေကာ လူသူလည်း ကင်းမဲ့နေခဲ့သည်။ လီကျင်လုံသည် မြင်းကို နေရာချပြီးနောက် သီးသန့်အိမ်တစ်ခုတွင် ထိုင်ကာ မီးဖိုကို မီးညှိကြပြီး နှစ်ယောက်သား ပွေ့ဖက်ထားခဲ့ကြသည်။
ဟုန်ကျွင့်သည် လီကျင်လုံ၏ တစ်ခုတည်းသော အဝတ်အစားရှေ့တွင် ဖီးနစ်အမွှေးကို ချထားသော်လည်း လီကျင်လုံက ပြောနေဆဲ။
"ငါ မအေးပါဘူး"
ဟုန်ကျွင့် သူ့နဖူးကို လက်နဲ့ စမ်းကြည့်ပေမယ့် လီကျင်လုံက သူ့လက်ကို ဆုပ်ကိုင်လာခဲ့သည်။ သူတို့နှစ်ယောက်က မီးကိုပဲ တိတ်တဆိတ် စိုက်ကြည့်နေကြ၏။
"အိမ်လွမ်းနေတာလား"
"မဟုတ်ဘူး" ဟုန်ကျွင့် ဝမ်းနည်းစွာ ပြောသည်။
လီကျင်လုံက နှစ်သိမ့်ပေးခဲ့သည်။
"အဲဒီညက ချုံမင်က အပြောပဲရှိတာပါ... အဖေတစ်ယောက်အနေနဲ့ သူ့ကလေးကို အိမ်ပြန်လာတာကို ငြင်းမှာမဟုတ်ဘူးလို့ ငါယုံတယ်"
"ကျွန်တော် ပြန်သွားတာက အမှန်တရားကို သိချင်ရုံပဲ"
လီကျင်လုံ မျက်မှောင်ကြုတ်သွား၏။
"ယောင်ကျင်းနန်းတော်က ကျွန်တော် တစ်ချိန်က တွေးခဲ့ဖူးတဲ့ အိမ်ပါ ဒါပေမယ့် အတိတ်အကြောင်း သိလိုက်ရတော့ အားလုံးက ကွဲပြားသွားတယ်"
ထို့နောက် သူသည် တစ္ဆေဘုရင် ပြောပြခဲ့သော စကားများကို လီကျင်လုံအား ပြောပြသော် လီကျင်လုံလည်း ဒီကိစ္စမျိုး ရှိနေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့တာကြောင့် တိတ်ဆိတ်သွားခဲ့သည်။ အဆုံးတွင် ဟုန်ကျွင့်က ဝမ်းနည်းစွာ ထပ်ပြောခဲ့သည်။
"ယောင်ကျင်းနန်းတော်ကို အိမ်အဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိနေလို့ ဖြစ်နိုင်ပါတယ် "
"ပြန်သွား..." လီကျင်လုံ ရုတ်တရက် ဖြတ်ပြောလိုက်သည်။
ဟုန်ကျွင့် :"?"
သူ လီကျင်လုံကို မော့ကြည့်လိုက်သည်။
"နတ်ဆိုးနှင် ဌာနကို ပြန်သွားပါ... နတ်ဆိုးနှင် ဌာနက မင်းရဲ့ အိမ်အသစ်ပဲ ငါ မင်းကို ကတိပေးတယ်..."
လီကျင်လုံ သူ့လက်ကို ဟုန်ကျွင့်ရင်ဘတ်ပေါ် တင်လိုက်ပြီး ဟုန်ကျွင့်ရဲ့ ညာလက်ကို ကိုင်၍ သူ့ရင်ဘတ်ပေါ် တင်ခိုင်းလိုက်သည်။
"ငါ့နှလုံးခုန် မရပ်သေးသရွေ့... ဟုန်ကျွင့် မင်းဘယ်တော့မှ နတ်ဆိုးတစ်ကောင် ဖြစ်လာမှာ မဟုတ်ဘူး... မင်းငါ့အနားမှာ အမြဲရှိနေမှာ မင်းရဲ့ နတ်ဆိုးနှင်ဌာနက တစ်နေ့ တည်နေသရွေ့ ရှိနေမှာဘဲ.... ငါအသက်ရှင်နေသရွေ့ မင်း အိမ်ယာမဲ့ဖြစ်မှာမဟုတ်ဘူး..."
ဟုန်ကျွင့်နှလုံးသားက ပြင်းထန်စွာ ခုန်နေပြီး သူ့နှလုံးသားထဲတွင် ရေခဲမြစ်များ ဖြည်းညှင်းစွာ ကြေကွဲသွားကာ ကြည်လင်သော အသံပင် ထွက်လာနေသည်။
"ကျွန်... ကျွန်တော်..."
ဟုန်ကျွင့် အနည်းငယ် ပြာယာခတ်သွားကာ လီကျင်လုံကို လှမ်းကြည့်ချင်သော်လည်း သူ့မျက်လုံးများကို ရှောင်ချင်ရုံသာ ရှိတော့သည်။
"ကျွန်တော် မဟုတ်....."
"ဒါဆို မင်းနဲ့လိုက်ခဲ့မယ်.... မင်းဘယ်သွားသွား ငါလိုက်ခဲ့မယ်"
ဟုန်ကျွင့်၏ အသက်ရှုသံများ လျင်မြန်လာသည်။ ယနေ့တွင် လီကျင်လုံက သူထွက်သွားပြီးတာနဲ့ တစ်လမ်းလုံး ဘယ်လို လိုက်နေမှန်းပင် မသိတော့ဘဲ သူ့နှလုံးသားက အနည်းငယ် တင်းမာလာသည်။ နားမလည်နိုင်စွာနဲ့ အဲဒီခံစားချက်က ဘာလဲဆိုတာ မသိပြန်။
အထူးသဖြင့် လီကျင်လုံက သူ့ကို ဖမ်းဆွဲပြီး "ငါ မင်းကို ဒီလိုမျိုး ဆက်ဆံတယ်" လို့ ကျယ်လောင်စွာ ပြောတဲ့အခါက သူ အသက်ရှူမဝလုနီးပါး ဖြစ်သွားခဲ့ရသည်။
"ဘာဖြစ်နေတာလဲ" လီကျင်လုံ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... အိပ်ချင်လာလို့"
လီကျင်လုံက သူ့ကို ပွေ့ဖက်လာသည်။
"အိပ်တော့"
အေးခဲနေပေမယ့် လီကျင်လုံက ပွေ့ဖက်ပေးထားသည်။ ပွေ့ဖက်မှုသည် ခါတိုင်းကဲ့သို့ပင် နွေးထွေးနေသော်လည်း ခါတိုင်းနှင့်မတူသော ခံစားချက်မျိုးဖြင့်။ သူ့တစ်ကိုယ်လုံးက လှည့်ပတ်ပြေးရတဲ့ နေ့တွေမှာ ချွေးနံ့တွေရနေတာတောင် လီကျင်လုံရင်ဘတ်ထဲက နွေးထွေးတဲ့ အလင်းရောင်က သူ့ကို အလွန်စွဲလန်းပြီး သက်တောင့်သက်သာ ဖြစ်စေပါ၏။
တဲအပြင်က ကောင်းကင်မှာ နှင်းတွေကျနေတုန်းပါပဲ။ နှလုံးမီးအိမ်ရဲ့ နွေးထွေးတဲ့အဖြူရောင်အလင်းတန်းတွေကို ထုတ်လွှတ်လိုက်သလို အိပ်မက်မက်ပြီးကတည်းက ဒီညဟာ အခိုင်မာဆုံး အသေအချာ အိပ်စက်ခဲ့ရတဲ့ညပါပဲ။ အိပ်မက်ထဲတွင် လီရှန်တောင်၏ ပူပြင်းသော စမ်းရေတွင်း၌ သူတို့နှစ်ဦးသည် ကိုယ်လုံးတီးနှင့် နွေးထွေးသော ရေထဲတွင် ရပ်နေကြသည်။
လီကျင်လုံက သူ့နားရွက်ကို ဆေးထည့်ပေးကာ အဝတ်ဗလာဖြင့် အချင်းချင်း ပွတ်သပ်နေကြသည်။ ဟုန်ကျွင့်ရဲ့ မျက်နှာတွေ နီရဲနေပြီး နားရွက်တွေကပါ နီရဲနေပေမယ့် လီကျင်လုံက သူ့ကို နောက်ပြန် မဆုတ်ခိုင်းချေ။
"အင်း... အဲဒါ...."
"ဒီအတိုင်း... ဒီအတိုင်း"
"အား... ငါ့ကိုလွှတ်!"
စည်ကားနေသော ဖျင်ကန်းလီတွင်။
ထိုညတွင် လီကျင်လုံက လမ်းကြားထဲတွင် မြေခွေးနတ်ဆိုးကို စောင့်ကြပ်ရင်း ကုတင်ပေါ်က ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလာသဖြင့် ဟုန်ကျွင့်၏ချောမောသော မျက်နှာလေးက နီရဲလာစွာ တုံ့ပြန်လာခဲ့သည်။
"မင်းအဝတ်တွေကို ချွတ်ပြီး ဖက်ထား..."
လီကျင်လုံက ဖျင်ကန်းလီ အပြင်ဘက်တွင် ရှိနေ၏။ ရေပူစမ်းတွင် လူနှစ်ဦး နီးကပ်နေသည့် မြင်ကွင်းကို ရေငွေများက ထူးထူးခြားခြား ဖုံးကွယ်ထားပုံရသည်။ ထို့နောက် လီကျင်လုံက လက်တစ်ဖက်ကို သူ့လည်ပင်းပေါ်တင်ကာ ခေါင်းငုံ့၍ နမ်းရှိုက်လာခဲ့သည်။ လီကျင်လုံ သူ့လက်ကို ဆုပ်ကိုင်လိုက်စဥ် ညဘက်တုန်း သူ့ကို ကတိပေးခဲ့စဥ် ခံစားခဲ့ရသလိုမျိုး ချက်ချင်းပင် ခုန်လာသည်။
လီကျင်လုံက သူတို့လက်ချောင်းများကို ခွဲထုတ်ကာ ရောယှက်လိုက်ချိန်၌ ရင်ခုန်သံက သူ့နှလုံးသားဆီသို့ တိုက်ရိုက် ပျံ့နှံ့သွားသည်။
ဟုန်ကျွင့် လှုပ်နိုးလာသည်။ အိပ်မက်ထဲမှ ကိစ္စကြောင့် မထင်မှတ်ဘဲ သုတ်ထွက်သွားတာကို ရုတ်တရက် ခံစားလိုက်ရ၏။ လီကျင်လုံက အိပ်ပျော်နေဆဲ ဖြစ်ကာ သူတို့လက်ချောင်းတွေက အချင်းချင်း သွယ်လျှက်ထားလျက်သား။
အပြင်ဘက်တွင် နှင်းကျတာ ရပ်သွားချေပြီ။ ဟုန်ကျွင့် ဒူးထောက်လိုက်ကာ သူ့အမူအရာကနေ သည်းမခံနိုင်တော့ကြောင်း မြင်သာ၏။ သူဂရုတစိုက်နှင့် သူ့လက်ချောင်းများကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ မနေ့ညက သူတို့နှစ်ယောက် ဘေးချင်းကပ်ထိုင်ပြီးနောက် လှဲအိပ်ခဲ့ရာ ဟုန်ကျွင့် ခေါင်းအုံးထားတာက လီကျင်လုံရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ထုံကျင်သွားစေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ လီကျင်လုံက သတိမထားမိသေးပေ။
'ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ..ငါ့ဘောင်းဘီ စိုနေတယ်! ပြီးတော့ ရေဆေးဖို့ နေရာမရှိဘူး!'
မျက်စိထောင့်ကနေ အပေါ်အကျီကို ဘေးမှာ တွဲလျောင်းချထားတာ မြင်လိုက်ရသောအခါ အင်္ကျီထောင့်ကို ဆွဲထုတ်ပြီး သုတ်ရန် သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။ လီကျင်လုံ လန့်နိုးလာသော်လည်း ဘာမှ မပြောသေးဘဲ ဟုန်ကျွင့်ရဲ့ လှုပ်ရှားမှုများကိုသာ စိုက်ကြည့်လိုက်သည်။
ဟုန်ကျွင့် သတိမထားမိခင်မှာပဲ သူ့မျက်နှာက နီရဲနေပြီ။ သူက တင်ပျဉ်ခွေထိုင်ကာ ဘောင်းဘီကြိုးကို ဖြည်ပြီး အသာလေး သုတ်လိုက်သည်။ အမှတ်တမဲ့ လီကျင်လုံဘက် တစ်ချက် ကြည့်မိလိုက်စဥ် ရုတ်တရက် "အားကနဲ" လို့ အော်လိုက်ပြီး လီကျင်လုံကို အရိုးတွေ ကျိုးလုမတတ် ထိုးသတ်လိုက်ပါ၏။
နာရီဝက်အကြာတွင် သူတို့နှစ်ဦးသည် နှင်းထူထပ်သော လယ်ကွင်းများကို ဖြတ်သန်းကာ လန်ကျိုး၏ အနီးဆုံး တရားဝင်လမ်းမပေါ်ကို လျှောက်လာခဲ့ကြသည်။
နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် နှင်းဆီနီများ ပွင့်နေသကဲ့သို့ အိမ်တိုင်း၏ တံခါးဝတွင် အနီရောင် မီးပုံးများ ချိတ်ဆွဲထား၏။ လီကျင်လုံက ဒေါသတကြီးဖြင့်။
"မင်း ထိုးတာ နံရိုးကျိုးမတတ်ပဲ!"
ဟုန်ကျွင့် လှည့်ပြီး သူ့သွားတွေကို အံကြိတ်ကာ "မပြောနဲ့!"
"ဟေး.....မင်း ဒီတစ်ခါ ဘာအိပ်မက်မက်တာလဲ ကိုကို့ကို အိပ်မက်မက်နေတာလား"
ဟုန်ကျွင့် ဒီလူကို သတ်ပစ်ချင်လာသည်။ ဒါပေမဲ့ လီကျင်လုံက ဆက်မေးနေဆဲ။
"ဒါ မင်းပထမဆုံးအကြိမ်လား?"
"မဟုတ်ဘူး!.... ထပ်ပြောရင် ခင်ဗျားကို အရေးမလုပ်တော့ဘူး!"
နှစ်ယောက်သား လန်ကျိုးမြို့ထဲကို ဝင်လာခဲ့သည်။ လီကျင်လုံက မြင်းကို ဟုန်ကျွင့်နဲ့အတူ အပြင်မှာ ခဏစောင့်ခိုင်းပြီး အဝတ်အစားနဲ့ ဘောင်းဘီတိုများ ဝင်ဝယ်လိုက်သည်။ တစ်လခွဲလောက် ရေမချိုးခဲ့ရရာ နောက်ဆုံးတွင်တော့ ဟုန်ကျွင့် ကောင်းမွန်စွာ လျှော်ဖွပ်ပြီး အဝတ်အစား လဲနိုင်ခဲ့သည်။
"ရေဆေးပြီးရင် အပြင်မှာ စောင့်နေ"
"ဘယ်သွားမလို့လဲ"
ဟုန်ကျွင့် ဗြောင်ကျကျနဲ့ ပြောလိုက်သည်။
"စာပို့မလို့... ကိုယ် မင်းကိုတွေ့ပြီဆိုတာ နတ်ဆိုးနှင်ဌာနမှာရှိတဲ့ ညီအစ်ကိုတွေကို သတိပေးရမယ်လေ..."
ဟုန်ကျွင့် ရေချိုးကန်ထဲတွင် ရေစိမ်နေရင်း အသက်ကို အကြာကြီး ရှူလိုက်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယောင်ကျင်း နန်းတော်၌ မက်မက်မောမော အိပ်မက်မျိုး မမက်ခဲ့ဖူးပေ။ အိပ်မက်လှလှလေး မက်တာက ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
တစ်ချိန်တုန်းက သူသည် ချုံမင် တွေ့သွားပြီး ကြိမ်းမောင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် အိပ်ရာကို ရေစိုသွားတယ်လို့ ထင်စေကာ ဘောင်းဘီကို ဝှက်ထားခဲ့သည်။ နောက်တော့ ဘာကြောင့် ဖြစ်သွားလဲ သိလာသည်။
အဲဒီတုန်းက ဘာအိပ်မက်မက်နေတာလဲ။ တစ်ယောက်ယောက်က သူ့ကိုခေါ်နေတာကို ကြားလိုက်သလိုပဲ။ ဒါမှမဟုတ် အသက်မကွာတဲ့ ကောင်လေးတစ်ယောက်နဲ့ ရန်ဖြစ်နေတုန်း တစ်ဖက်က သူ့ကို နမ်းလိုက်တာပဲ ဖြစ်သည်။ ဟုန်ကျွင့် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ဖရိုဖရဲ အတွေးတွေကို ဖယ်ထုတ်လိုက်သည်။ မနေ့က လီကျင်လုံကို ဘာလို့ အိပ်မက်မက်ခဲ့တာလဲ။
သူချက်ချင်း အိပ်မက်အကြောင်း မေ့ထားလိုက်သည်။ သူတကယ် ပူပြင်းတဲ့ စမ်းရေတွင်းထဲမှာ ရှိနေသေးတယ်လေ။ ဒါကို တွေးပြီး ပြန်မထိန်းနိုင်တော့ဘဲ ချက်ချင်း ရေထဲကျသွားပြီး ခဏလောက် မူးနောက်နောက် ဖြစ်သွားသည်။ ရေအေးအေးလေးနဲ့ ခေါင်းကို လောင်းချလိုက်ပြီးမှသာ သက်သာလာခဲ့သည်။
ရေချိုးပြီး အပြင်ထွက်လာတော့ လီကျင်လုံက ပြန်ရောက်မလာသေးပေ။ ရေချိုးခန်းအပြင်ဘက်တွင် စားပွဲထိုးက အစားအသောက်များကို ပြင်ဆင်ထားပြီး ခေါင်းဆောင်ကလည်း အရင်စားဖို့ အမိန့်ပေးခဲ့တဲ့အတွက် ဟုန်ကျွင့် စားနှင့်လိုက်သည်။
နေ့ခင်းဘက်အထိ လီကျင်လုံ ပြန်မလာချေ။ စောင့်ဆိုင်းရင်း ဟုန်ကျွင့်ဟာ ရုတ်တရတ် နောက်ကျကျန်ခဲ့ရသလို ခံစားခဲ့ရသည်။ နှစ်သစ်ကူး ဒုတိယနေ့၊ လန်ကျိုးမြို့မှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေပေမယ့် သူကတော့ တစ်ဦးတည်းသာ။ ဒီထူးဆန်းတဲ့မြို့လေးမှာ ထိုင်နေတဲ့ သူ့ကို ဘယ်သူမှ မသိသလို ငါးကြင်းနတ်ဆိုးတောင် သူနဲ့အတူ ပါမလာခဲ့ချေ။
ခြေသံကြားတော့ ဟုန်ကျွင့်လည်း လီကျင်လုံ ပြန်လာပြီလို့ ထင်တဲ့အတွက် အပြင်ကို လှမ်းကြည့်ပေမယ့် စားပွဲထိုးပဲ ဖြစ်နေပြန်သည်။
ဒါမှမဟုတ် အခုမှ ထွက်သွားတာလား?
ဟုန်ကျွင့် တွေးနေပေမယ့် မနေ့ညက လီကျင်လုံဟာ သူ့ကို နေ့ရောညပါ လိုက်ဖမ်းနေတာကြောင့် သူတကယ် မပြန်လောက်ချေ။
"အား အား!... ဘယ်တော့မှ ပြန်လာမှာလဲ!"
ဟုန်ကျွင့် ရူးချင်လာသည်။
ထိုအချိန်တွင် တံခါးဘက်ကို လှည့်ကြည့်လိုက်ရာ လီကျင်လုံက အံ့အားသင့်စွာ ပေါ်လာ၏။ ထိုလူသည် ရေဝင်ချိုးနေတာကြောင့် ဆံပင်တွေက တစ်၀က်လောက်အထိ စိုစွတ်နေသေးသည်။ သူက စားပွဲမှာ ဝင်ထိုင်ပြီး။
"နောက်ဆုံးတော့ ကိစ္စပြီးပြီ"
"ခင်ဗျားပြန်လာတာကို ဘာလို့ တစ်စက်ကလေးမှ အသံမထွက်တာလဲ...."
လီကျင်လုံ ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
"စိတ်ဆိုးနေပြန်ပြီလား... ကြာပါပြီ... မင်းက ဘာလို့ လက်ဖက်ကို မစပ်တာလဲ"
လီကျင်လုံက မီးဖိုနှင့် တိုက်ရိုက် တာဝန်ယူကာ အစားအသောက်တွေကို စတင် ယူစားလိုက်သည်။
"ကျွန်တော် ချန်အန်း မပြန်ဘူး!" ဟုန်ကျွင့် ဒေါသတကြီးနဲ့ ပြောသည်။
"သိပါတယ်....ဒါပြီးရင် ထိုက်ဟန်တောင်ကို သွားကြမယ်"
"ခင်ဗျားတကယ် သွားမလို့လား?"
"ဒါပေါ့"
လီကျင်လုံ အမှန်အတိုင်းပဲ ပြောလိုက်သည်။
ဟုန်ကျွင့် ထိုလူကို စိုက်ကြည့်နေသည်။ မနေ့ညက စူးရှထက်မြက်တဲ့ မျက်ခုံးမွှေးနဲ့ ဒီဟန်လူမျိုးက ဆွဲဆောင်မှုရှိတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ ကြယ်ရောင်လို မျက်လုံးများနှင့် အလွန်ကြည့်ကောင်းသော ရုပ်သွင်ပင်။ သို့သော် သူစိမ်းများ အနားမကပ်နိုင်အောင် သူ့မျက်ခုံးနှင့် မျက်လုံးများကြားတွင် မရေရာသော ရောင်ဝါတစ်ခု ရှိနေသည်။
လီကျင်လုံဟာ သူ့ကို ပြုံးပြတာကလွဲရင် အမြဲတမ်း ဒီလို အပြုအမူတွေသာ လုပ်တတ်သည်။ လူတွေကို လက်တွေ ယားယံလာပြီး သူ့ကို ဒေါသထွက်ချင်လာအောင် ဒါမှမဟုတ် ရိုက်နှက်ချင်လာအောင် လုပ်နိုင်စွမ်းပင် ရှိသေး၏။
လီကျင်လုံ စားပြီးသောအခါ သူကိုယ်တိုင် လက်ဖက်ရည်တစ်ခွက်ကို ဟုန်ကျွင့်ဆီ အရင်ငှဲ့ပေးလိုက်ပြီး လက်ဖက်ရည်သောက်ရင်း စဉ်းစားမိသည်။ ဟုန်ကျွင့်လည်း သူဘာတွေ စဥ်းစားနေလဲဆိုတာ သိနေတာကြောင့် လက်သုံးချောင်း ထောင်ပြလိုက်သည်။
"ဒါဆို ကျွန်တော်တို့ သဘောတူညီချက် သုံးချက် အရင်လုပ်ထားရမယ်"
လီကျင်လုံ လက်ဖက်ရည်ကို ထွေးထုတ်မိလုနီးပါး ဖြစ်သွားသည်။
"မင်းပြော...."
"ယောင်ကျင်း နန်းတော်ကို သွားတဲ့အခါကျရင် ခင်ဗျား ကျွန်တော့်စကားကို နားထောင်ရမယ်"
"ဒါပေါ့... မင်းအိမ်ကို သွားမှတော့ ကိုယ်က ဧည့်သည်ပဲလေ... အဆင်ပြေမယ့် ကိစ္စပဲ လုပ်မယ်... တခြားဘာလုပ်ရဦးမလဲ"
ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး နောက်ဆုံးတော့ ပြန်ပြောလိုက်သည်က။
"မရှိတော့ဘူး..."
လီကျင်လုံ : "..."
"ခင်ဗျား ထွက်သွားတာ အကြာကြီးပဲ... ကျွန်တော် ထွက်ပြေးသွားမှာ မကြောက်ဘူးလား"
"မင်းကို တစ်ခါဖမ်းမိရင် မင်း ထွက်ပြေးမှာ မဟုတ်ဘူး..." လီကျင်လုံက လက်ဖက်ရည်သောက်နေသော်လည်း ဟုန်ကျွင့်ကိုကြည့်ကာ ပြုံးပြုံးလေးနဲ့ ပြောနေသည်။
"မင်းကိုယ့်ကို မထားခဲ့နိုင်ပါဘူး"
ဒီစကားလုံးတွေက ဟုန်ကျွင့်ရဲ့ နှလုံးသားကို ရုတ်တရက် ထိမိသွားပြီး ခဏတာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
လက်ဖက်ရည် သောက်ပြီးနောက် လီကျင်လုံ ငွေရှင်းပြီး ဟုန်ကျွင့်နဲ့အတူ လန်ကျိုးမှ ထွက်ခွာလာခဲ့သည်။ မြို့မှ ထွက်သောအခါ ဟုန်ကျွင့် သူ့မြင်းပေါ်သူ တက်လိုက်သော်လည်း လီကျင်လုံကပါ သူ့နောက်မှတက်လိုက်လေ၏။
"ကိုယ်သူတို့ကို ချန်အန်း အရင်ပြန်ခိုင်းလိုက်တယ်.... မိစ္ဆာဘုရင်ရဲ့ လှုပ်ရှားမှုတွေကို ဘယ်အချိန်မဆို စုံစမ်းထားရအောင်လို့..."
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်: "ခင်ဗျားနဲ့ အတူ စီးမှာ မဟုတ်ဘူး... လူတစ်ယောက် မြင်းတစ်ကောင်ပဲ.... ခင်ဗျား ကျွန်တော့်ကို ဘာလို့ ညှစ်နေတာလဲ!"
လီကျင်လုံက မြင်းဇက်ကြိုးကို လှုပ်ခါလိုက်ပြီး ဟုန်ကျွင့်နောက်ကျောကို ဖိထားလိုက်သည်။
"မင်း မြင်းဇက်ကြိုးကို ကိုယ်တိုင် ထိန်းဖို့ မလိုတော့ဘူးလေ... မဟုတ်ဘူးလား"
အရင်တုန်းကလို ဟုန်ကျွင့်ဟာ လုံးဝ အသုံးမဝင်တော့ပေ။ အရင်က လီကျင်လုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှာ ထူးထူးခြားခြား မခံစားခဲ့ရပေမယ့် အခုတော့ လီကျင်လုံ မြင်းကို ထိန်းချုပ်လိုက်တဲ့အခါ ရှေ့ကို အနည်းငယ် ကပ်လာပြီး ဖိအားတွေကလည်း များလာတယ်လို့ ခံစားလာရပါ၏။
ဟုန်ကျွင့် အရမ်းစိတ်လှုပ်ရှားလာသည်။ ကံကောင်းထောက်မစွာပဲ ထွက်လာတုန်းက မွန်းလွဲပိုင်း အချိန် ဖြစ်နေပြီမလို့ ခရီးက မကြာခင်မှာပဲ မှောင်လာသည်။ ရွာနှင့်မြို့များအားလုံးသည် နှစ်သစ်ကူးအတွက်သာ ပြင်ဆင်ထားကြလေသည်။ တစ်နာရီမပြည့်မီ ပြေးပြီးနောက် လီကျင်လုံက တည်းခိုခန်း သွားငှားခဲ့သည်။
ဟုန်ကျွင့် မြင်းကို ကိုင်ထားစဥ် လီကျင်လုံ စားပွဲထိုးနဲ့ စကားပြောနေတာကို ကြားနေရသည်။ စားပွဲထိုးကို နှစ်သစ်ကူးအတွက် အစားအသောက်နဲ့ သေရည်ကို ပြင်ခိုင်းနေခြင်းသာ။ ညဘက် ကောင်းကောင်းစားပြီးနောက် ဟုန်ကျွင့်သည် တံခါးနောက်ကနေ တိတ်တဆိတ် လှမ်းကြည့်ရင်း အမည်မသိ အကြောင်းပြချက်အချို့ကြောင့် တုန်လှုပ်သွားပြန်သည်။
လီကျင်လုံ အစီအစဉ်တွေ ပြီးသွားတော့ တံခါးနောက်မှာ ပုန်းနေတဲ့ ဟုန်ကျွင့်ကို လှည့်ကြည့်လိုက်သည်။ သူက ရယ်မောပြီး ဟုန်ကျွင့်ဆီ လျှောက်သွားလေ၏။
"မင်း ဘာကို ချောင်းကြည့်နေတာလဲ... မင်း တစ်နေ့လုံး ဘာတွေ တွေးနေတာလဲ"
နှစ်ယောက်အတူ မြင်းစီးကြသောအခါက လီကျင်လုံ၏ ရင်ဘတ်ကို သူ့နောက်ကျောနှင့် ဖိထားပြီး နွေးထွေးသောဝတ်ရုံထဲမှ နှလုံးခုန်သံက သူ့အား သာယာတဲ့ ခရီးလေးလိုမျိုး အလွန်လုံခြုံသွားစေသည်။
သူ ကြီးပြင်းလာချိန်၌ သူ့မိဘများနှင့် ခွဲခွာသွားရတာကို တဖြည်းဖြည်း လက်ခံလာခဲ့သော်လည်း သူနိုးလာသောအခါတွင် သည်းမခံနိုင်သော ဝေဒနာက သူ့မိဘများကို သတ်ခဲ့သူမှာ လီကျင်လုံ ဖြစ်နေခြင်းပင်။
ဟုန်ကျွင့် ခေါင်းကိုလှည့်ကာ သူ့ဘေးနားတွင် အိပ်ပျော်နေသော သူ့အား မော့ကြည့်လိုက်သည်။ အိပ်ပျော်နေသော မျက်နှာသည် ချောမောပြီး ငြိမ်သက်နေကာ နှုတ်ခမ်းများကလည်း နူးညံ့ကာ ကွေးညွှတ်နေသည်။ သူ့အရပ်မြင့်မြင့်၊ နှာတံကြီးနဲ့ မျက်ခုံးမွှေးများက ထင်ရှားနေသည်။ ဒါကိုကြည့်လိုက်တော့ နည်းနည်းလေးမှ မုန်းစပြုလာသလို မဖြစ်တဲ့အပြင် သူ့မှာ အားကိုးရမယ့်သူ ရှိလိမ့်မယ်လို့ပင် ခံစားလာရ၏။
သူသည် နံရံဘက်ကို လှည့်ကာ မျက်နှာမူကာ စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။
နှစ်ယောက်သားက နောက်တစ်နေ့တွင်လည်း ခရီးဆက်ဖို့ ပြင်၏။ လီကျင်လုံ ထိုလူငယ်လေးကို ခေါ်သွားတော့မည် ဖြစ်သော်လည်း ဟုန်ကျွင့်က သူ့မြင်းပေါ်သူ အမြန်တက်ကာ အမြန် ထွက်ပြေးသွားခဲ့သည်။
"မင်းဘာလို့ မြန်မြန်ပြေးနေတာလဲ"
နောက်ဆုံးတော့ သူ့နောက်ကို အမြန် လိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
လမ်းတစ်လျှောက်တွင် ဟုန်ကျွင့်သည် နေ့ဘက်တွင် လီကျင်လုံနှင့်အတူ ခရီးထွက်ပြီး ညဘက်တွင် အိမ်ပြန်ရတော့မည်ဟုသာ တွေးကာ အိပ်ပျော်သွားခဲ့သည်။ လီကျင်လုံက သူ့ကို ဆွဲဆောင် နှစ်သိမ့်ပေးဖို့ စကားလုံးတွေ စဉ်းစားနေသည်။ ညဘက်မှာတော့ လီကျင်လုံက စားပွဲမှာထိုင်ပြီး ချန်အန်းသို့ စာတစ်စောင် ရေးသည်။ ဟုန်ကျွင့်က ကုတင်ထောင့်မှာထိုင်ကာ စာအုပ်တစ်အုပ်ကို ကိုင်ထားပေမယ့် သူ့ကို ရံဖန်ရံခါ စိုက်ကြည့်နေတတ်သည်။
လီကျင်လုံသည် သူ့မျက်လုံးထောင့်မှနေ၍ ဟုန်ကျွင့် သူ့ကို ကြောင်တက်တက်ကြည့်နေကြောင်း သဘာဝကျကျ သိထားသောကြောင့် ဘာမေးခွန်းမှ မမေးခဲ့ပေ။ နွေဦးအစောပိုင်းတွင် ရာသီဥတု ပူနွေးလာသည်နှင့်အမျှ သူတို့နှစ်ဦး၏ လမ်းတစ်လျှောက်တွင် ရေခဲများနှင့် ဆီးနှင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဆယ်ရက်နီးပါးကြာပြီးနောက် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၏ လမ်းနှစ်ဘက်လုံးတွင် စိမ်းလန်းစိုပြေလာသည်။
ပထမလ၏ ဆယ်နှစ်မြောက်နေ့တွင် သူတို့နှစ်ဦးသည် ထိုက်ဟန်တောင်ခြေသို့ ရောက်ရှိလာခဲ့ရာ ဟုန်ကျွင့် တောင်ကို မျှော်ကြည့်ကာ ကြောက်ရွံ့သွားပြန်သည်။ သူ့နောက်ကလိုက်နေသော လီကျင်လုံကို ပြန်ကြည့်သော်လည်း လီကျင်လုံက ငြိမ်သက်နေပြီး သူ့မျက်လုံးများကို ကြည့်နေသည်။ ထိုအချိန်တွင် ဟုန်ကျွင့် ရုတ်တရက် လှည့်ထွက်ကာ ယောင်ကျင်း နန်းတော်သို့ မပြန်ချင်တော့ချေ။
ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှထွက်မလာ။
"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်... အမှန်တရားက အမြဲတမ်း ရှိတယ် လူတိုင်းက တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်လောက်ကတော့ ရင်ဆိုင်ရမှာပဲ.... မကြောက်ပါနဲ့ ဟုန်ကျွင့်"
ဟုန်ကျွင့်ခမျာ လီကျင်လုံ၏ မျက်လုံးများကို ကြည့်ရင်း ယုံကြည်မှုတစ်ခုကို ရရှိသွားခဲ့သည်။
"အရင်က ဒီလိုမျိုးကြုံဖူးလား"
ဟုန်ကျွင့် မေးရင်း ထိုက်ဟန်တောင်ထိပ်ကို လှည့်ကြည့်လိုက်သည်။ လီကျင်လုံက စကားမပြောချေ။
ဟုန်ကျွင့်: "ဘယ်အချိန်လဲ?"
ဟုန်ကျွင့် သူ့မြင်းကို ထိုက်ဟန်တောင်ဆီသို့ စီးသွားသည်။ လီကျင်လုံလည်း သူ့မျက်လုံးများထဲက အပြုံးတစ်ခုနှင့်အတူ အဖြေမထွက်ဘဲ အဆောတလျင် ဟုန်ကျွင့်နောက်သို့ လိုက်သွား၏။
ဟုန်ကျွင့်လည်း သူ့စိတ်ထဲတွင် မကြောက်တော့သလို ခံစားလာရသည်။
မြောက်ဘက် ထိုက်ဟန်တောင်သို့ သွားလာရတာက အလွန်ခက်ခဲသည်။ ခမ်းနားထည်ဝါသော တောင်တက်လမ်းက တွန့်လိမ်ကောက်ကွေးနေ၏။
ရှေးခေတ်ကတော့ တောင်ထိပ်ကိုဖြတ်၍ ဗျူဟာမြောက်လမ်း ရှစ်ခုရှိခဲ့ဖူးသည်။ တောင်ပေါ်သို့ တက်သည့် ပထမဆုံးနေ့တွင် စစ်မြင်းများ သွားလာရန် အလွန်ခက်ခဲသောကြောင့် အလွန်ဂရုစိုက်ရသည်။ တောင်စောင်း လမ်းပေါ်၌ ခြေတစ်လှမ်း မှားပါက ချောက်ကမ်းပါးထဲသို့ လှိမ့်ဆင်းသွားပေလိမ့်မည်။
ကံကောင်းထောက်မစွာ ဤစစ်မြင်းနှစ်ကောင်သည် ယမန်နှစ်တုန်းက ဟုန်ကျွင့်တို့ နတ်ဆိုးနှင်ဌာနက သိမ်းပိုက်ပြီးနောက် စစ်ပွဲတွင်လည်း အတူပါဝင်ခဲ့ရာ ၎င်းတို့အတွက် လိုက်ဖက်သော အကောင်းဆုံး မြင်းများ ဖြစ်လာခဲ့သည်။
ညအချိန်၌ သူတို့နှစ်ဦးသည် လမ်းအပျက်အစီးတွေကြား မီးကိုထွန်းညှိ၍ နားကြသည်။ နေ့အခါ၌ တိမ်ထူထပ်သော မြူခိုးတို့ကိုဖြတ်၍ တောင်တန်းအလယ်သို့ ဖြတ်သွားကြ၏။
လီကျင်လုံသည် ထိုက်ဟန်တောင်များကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်ပေသည်။ ဤနေရာသည် မျောက်ဝံများနှင့် ငှက်လမ်းကြောင်းများ ဖြတ်တောက်ခံရသည့် နေရာဖြစ်ကြောင်း သူကြားသိခဲ့ရသော်လည်း အဲဒီလောက် အန္တရာယ်ရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"မင်းအရင်က ဘယ်လိုထွက်လာတာလဲ"
သူတို့နှစ်ဦးသည် မြင်းများကို ဦးဆောင်ကာ တောင်ကုန်းလမ်းပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လာနေကြသည်။ မြင်းတစ်ကောင်က ဖြတ်သွားနေစဥ် အနောက်က မြင်းတစ်ကောင်က ငြိမ်မခံဘဲ အနောက်မှ တွန်းထုတ်လိုက်ရာ ရှေ့က မြင်းကို ချော့သွားခိုင်းနေရသည်။
"လမ်းလျှောက်တဲ့ အပေါ်မှာပဲ မူတည်တယ်"
"ကိုယ်ပြောတာက...."
လီကျင်လုံမှာ မြင်းတစ်ကောင်ဆီက အကန်ခံရလုနီးပါး ဖြစ်သွားသည်။ အန္တရာယ်ရှိသော လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် မြေကြီး၏သွေးပြန်ကြောများ ဆုံစည်းရာ မြက်ခင်းပြင်ကြီးတစ်ခုနှင့် ရေပူစမ်းတစ်ခုတို့ ပေါ်ထွက်လာ၏။ နှစ်ယောက်သား ရေချိုးပြီးနောက် တစ်ညတာ အနားယူရင်း ကောင်းကင်ယံရှိ ကြယ်များကို ကြည့်နေကြသည်။
ဟုန်ကျွင့်သည် မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနေသော လီကျင်လုံကို ကြည့်ရင်း သူ့ဘေးကို စောင်းငဲ့ကာ သူ့လက်နှစ်ဖက်ကို ခေါင်းအုံးထားလိုက်သည်။
"ကျွန်တော့်ကို ဒီမှာစောင့်နေမလား... ရှေ့ခရီးက ပိုကြမ်းလိမ့်မယ်"
"မင်း ကိုယ့်ကို အရမ်းလျှော့တွက်နေတာလား....တကယ်လို့ မင်းပြန်မလာရင် ဘယ်လိုလုပ်မလဲ? "
ဟုန်ကျွင့်သည် သူ့စိတ်ထဲက ရှုပ်ထွေးနေသော စိတ်ခံစားမှုများနှင့်အတူ ပြုံးကာ လီကျင်လုံကို ကျောပေးကာ သူ့ရှေ့က မြက်ပင်များကို ရေတွက်နေလိုက်လိုက်သည်။ လီကျင်လုံက မတ်တပ်ထရပ်ပြီး နှစ်ယောက်လုံးအပေါ် ဝတ်လုံကို ခြုံပေးလိုက်၏။