(60)ရွှံ့နွံဧရိယာ (၃)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (60)

ရွှံ့နွံဧရိယာ (၃)



ဖန့်ကျစ် ဒီအချက်ကို သတိပေးလာတဲ့အခါ ဝူရှဲ့လည်း ဒါဟာ အဓိပ္ပာယ်ရှိသင့်တယ်လို့ ထင်ခဲ့ပေမဲ့ ဖန့်ကျစ်ရဲ့ နောက်ဆုံး သဘောထားကို သူသဘောမတူပေ။ အဲဒီတုန်းက ​ကောပိထဲကို ထွက်ပြေးခဲ့တဲ့သူတွေက လက်နက်ကိုင် အဖွဲ့တွေ မဟုတ်ဘူးလား။ ၎င်းတို့က သေနတ်ကောင်းများ ကိုင်ဆောင်ထားမှာ သေချာသည်။ 


လူဦးရေက မများသော်လည်း ၎င်းတို့သည် လက်နက်များကိုတော့ သေချာ တပ်ဆင်ထားလိမ့်မည်။ အမှန်တကယ် အတွင်းထဲအထိ ဝင်သွားပါကလည်း အကုန်လုံးတော့ မသေသွားနိုင်ပေ။ ဤနေရာ၌ မုဆိုးများသည် တိရိစ္ဆာန်များကို အမဲလိုက်ပြီးနောက် နီပေါက မှောင်ခိုလမ်းကြောင်းသို့ တိုက်ရိုက်သွားကြသည်။


ဤလူအုပ်စုသည် ဤနေရာတွင် အခြေချနေထိုင်ခဲ့တာပင် ဖြစ်နိုင်သည်။ သို့သော် ဤနေရာတွင်ရှိသော အခြေအနေများသည် အပြင်လူများ နေထိုင်ရန် မသင့်လျော်ပေ။ ဒီလိုလူမျိုးက အစွန်းရောက်လွန်းလို့ အသက်ရှင်နေသေးရင် ထိပ်တိုက်တွေ့ပါက သူတို့မှာ သေနတ်မရှိချေ။ နှစ်အတော်ကြာပြီးနောက်မှာ သူတို့ရဲ့လက်နက်တွေက ပျက်စီးသွားသင့်ပြီ။ 


ရိုင်းစိုင်းစွာ တွေးတောနေချိန် ဖက်တီး နိုးလာ၏။ ဝူရှဲ့ ဖန့်ကျစ်ကို ခဏအိပ်ခိုင်းလိုက်သည်။ သို့သော် ဖန့်ကျစ်က မအိပ်ချေ။ သူ့အတွက် တစ်ရက်နှစ်ရက် မအိပ်ရတာက ပြဿနာမရှိကြောင်း၊ ဒီလူသေကို လွှတ်ထားလို့ မရကြောင်း ဆိုလေသည်။ သူတို့ ဒီကနေ ထွက်သွားရမယ်။ ဘာပဲဖြစ်ဖြစ် မိုးက ပိုပေါ့သွားပြီမလို့ ရှေ့ဆက်ပြီး ပိုကောင်းတဲ့နေရာကို ရှာကာ ဖြည်းဖြည်းချင်း အနားယူရမည်။ 


အိပ်ဖို့ ပြောနေပေမယ့် ဒီလိုအခြေအနေမျိုးမှာ အိပ်ချင်ပေမယ့် အိပ်မပျော်ချေ။ နှစ်ယောက်သား ထိုင်ပြီး အပြင်မှာ အမှောင်ထုကို ကြည့်ရင်း မိုးသစ်တောထဲ လေတိုက်နေတဲ့ မိုးနဲ့ လေသံကို နားထောင်ရင်း စကားပြောနေကြသည်။ ဖန့်ကျစ်က သူ့သေနတ်ကို သုတ်နေသည်။ သေနတ်က အရမ်း စိုစွတ်နေတာကြောင့် သူက အနည်းငယ် စိုးရိမ်နေသည်။ တခြားသူတွေက စကားစမြည် ပြော​နေကြပေမယ့် မျက်နှာသေက အိပ်ပျော်သွား​ပြီ။


ဖန့်ကျစ်သည် သူ ဟင်းချက်သင်တန်းတက်ပြီး ငယ်ငယ်တုန်းက သူတို့ရဲ့ ထောက်ပို့တပ်တွေက ဗီယက်နမ် အထူးတပ်ဖွဲ့တွေနဲ့ ကြုံဖူးတဲ့အကြောင်း ပြောပြနေသည်။ ငယ်စဉ်ကတည်းက အမေရိကန်တွေနဲ့ စစ်ဖြစ်ခဲ့တဲ့ ဗီယက်နမ်တွေကို စားဖိုမှူးသူတို့တွေက ဘယ်လိုလုပ် တိုက်ခိုက်နိုင်ပါ့မလဲ။ 


နောက်ပိုင်းတွင် သူတို့အား စိမ့်တွင်းထဲသို့ အတင်းအကြပ် တိုးဝင်စေသည်။ ဗီယက်နမ်က အကျဉ်းသားများကို နှိပ်စက်ခြင်းကြောင့် နောက်ဆုံးတွင် ၎င်းတို့ကို ကာကွယ်သည့် အစောင့်တပ်မှ သူတို့အား လက်ပစ်ဗုံးတစ်လုံးစီ ပေးခဲ့ပြီး နောက်ဆုံးမိနစ်မှာ ကိုယ့်ကိုကိုယ် အဆုံးသတ်ဖို့ ပြင်ဆင်ခဲ့ကြသည်။


ဗီယက်နမ်တွေက အတော်လေး ဉာဏ်ကောင်းကြသည်။ သူတို့က ခေါင်းထွက်မပြတတ်ဘဲ တောထဲမှာ ပုန်းနေပြီး သူတို့ ဘယ်ကထွက်လာမှန်း မသိအောင် သေနတ်နဲ့ ဟိုဘက်ကပစ်လိုက်၊ ဒီဘက်ကပစ်လိုက် လုပ်နေခဲ့သည်။ စစ်တိုက်ရင်း ဆုတ်ခွာခဲ့ကာ ရွှံ့နွံ​တောအလယ်မှာ ရောက်တော့ ရွှံ့နွံတွေက ပေါင်တွေအထိ ဖုံးနေပြီ။ လမ်းလည်း မလျှောက်နိုင်တော့တာ​ကြောင့် တပ်ခွဲမှူးက သူတို့ကို နောက်ဆုံးအခြေအနေ အတွက် အဆင်သင့်ပြင်ဖို့ အမိန့်ပေးလေသည်။ 


လူတိုင်းသည် လက်ပစ်ဗုံးများ ကိုင်ဆောင်ထားကာ ရွှံ့နွံထဲသို့ စုပြုံကာ နှစ်လိုက်ကြသည်။ အပေါ်တွင် မျက်နှာနှင့် နှာခေါင်းပေါက်နှစ်ခုသာ ချန်ထား၏။ ထိုအချိန်တွင် ဗီယက်နမ်တို့သည် အကြောင်းတစ်စုံတစ်ရာကြောင့် ထိတ်လန့်ကာ စိမ့်ထဲသို့ မဝင်ဝံ့ကြသဖြင့် ရွှံ့ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ကျည်ဆန်များက ရွှံ့ထဲတွင် ပျောက်လုနီးပါး ဖြစ်နေသည်။


ဖန့်ကျစ် နှင့် အခြားသူများသည် ဒါက ဗီယက်နမ်တို့ရဲ့ လှည့်စားမှုဖြစ်နေမှာ ကြောက်ရွံ့သဖြင့် ရွှံ့ထဲတွင် မနေရဲဘဲ နေခဲ့ကြသည်။ တစ်ညလုံး သည်းခံကာ ဗီယက်နမ်တွေ ထွက်ခွာသွားတာကို တွေ့သောအခါမှသာ သတိကြီးစွာ ထွက်လာကြသည်။ သို့သော် လူကတော့ နှစ်ယောက်သာ ထွက်လာနိုင်၏။ 


ကျန်တဲ့လူတွေ ရွှံ့နွံထဲမှာ နစ်မြုပ်နေမလား စိုးရိမ်စိတ်ဖြင့် ဝါးတိုင်တွေသုံးပြီး ရွှံ့နွံထဲမှာ ရှာကြည့်တော့ သူတို့နှစ်ယောက်ရဲ့ အလောင်းကိုသာ ချိတ်ဆွဲမိလေသည်။ အလောင်းက ဖောက်ထွင်းမြင်ရသော အသားအရည်တစ်စမျှသာ ကျန်တော့ပြီး ဖန့်ကျစ်ခမျာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။  


ထိုကဲ့သို့ တွေ့ကြုံပြီးနောက် ဖန့်ကျစ်သည် ရွှံ့များကို ကြောက်စပြုလာသည်။ နောက်ပိုင်းတွင် ဗီယက်နမ် အနောက်ဘက်တွင် တိုက်ခိုက်ရန် ဓားထက်ထက် တပ်စုသို့ ပြောင်းရွှေ့ခံခဲ့ရပြီး တပ်စုတစ်ခုလုံး ခြုံခိုတိုက်ခိုက်ခံရကာ သူနှင့် အချက်ပြ စစ်သားတစ်ဦးသာ ကျန်ခဲ့တော့သည်။ ဖန့်ကျစ်သည် သူတို့ကို ဒုက္ခပေးခဲ့သူ အားလုံးကို သတ်ဖို့ အပြင်ထွက်ရရင်တောင် ဒီလိုနေရာမျိုးမှာ ထပ်မဝင်တော့ဘူးဟု ဆိုလေသည်။ 


ဖန့်ကျစ်နဲ့ စကားပြောနေစဥ်အတွင်း သူသည် သေနတ်ကို ဆက်၍တိုက်နေသဖြင့် ဝူရှဲ့လည်း နားထောင်ရင်း မျက်ခွံများ လှုပ်ကာ အိပ်ပျော်သွားပြန်သည်။


အိပ်ပျော်တစ်ဝက်နဲ့ နိုးတစ်ဝက်နဲ့ အချိန်ဘယ်လောက်ကြာသွားမှန်း မသိပေမယ့် အိပ်မက်ပြန်မက်နေသလို ခံစားခဲ့ရပေမယ့် တစ်ယောက်ယောက်က သူ့ကို လှုပ်နှိုးနေသလို ခံစားလာရသည်။ စိတ်မသက်မသာ ဖြစ်လာတဲ့အချိန်မှာ ဝူရှဲ့ သူ့ကို တွန်းမတိုက်ဘဲ ဆက်အိပ်ခိုင်းချင်ပေမယ့် လူတစ်ယောက်က သူ့ပါးစပ်ကို ရုတ်တရက် ဖုံးအုပ်လာခဲ့သည်။ 


ဒီတစ်ခါတော့ မျက်လုံးတကယ် ဖွင့်ကြည့်လိုက်ရာ အားနင်က သူ့ပါးစပ်ကို အုပ်ထားပြီး ဖန့်ကျစ်ကလည်း တစ်ဖက်က ဖက်တီးကို ညင်သာစွာ လှုပ်နှိုးနေတာကို တွေ့လိုက်ရသည်။


သူ လှည့်ကြည့်လိုက်တော့ လေပြင်းတစ်ချက် သစ်ကိုင်းတစ်ကိုင်းကို မှုတ်ထုတ်နေတာ တွေ့ရ၏။ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေက လှုပ်ခါနေတယ် ထင်ရပေမယ့် သေသေချာချာ ခံစားကြည့်လိုက်တော့ အကြီးအကျယ် တုန်လှုပ်သွားခဲ့လေသည်။ သူ့ပတ်ပတ်လည်က အပေါ်ကို ကြည့်လိုက်တော့ အညိုရောင်စပါးအုံးမြွေကြီး တစ်ကောင်ဟာ သူတို့နဲ့ကပ်လျက်က သစ်ပင်ကြီးတစ်ပင်ကို ရစ်ပတ်နေတာကို တွေ့လိုက်ရချေသည်။