(6) ရုပ်တု၏ ဦးတည်ရာ
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (6)

ရုပ်တု၏ ဦးတည်ရာ



တခဏချင်း ဝူရှဲ့ခမျာ ဦးရေပြား ရုတ်တရက် ထုံသွားသလို နှလုံးခုန်သံကလည်း ရုတ်တရက် မြန်လာပြီး လူတစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ 


ဖန့်ကျစ်လည်း သူ့တံတွေးကို မျိုချလိုက်ပြီး။ 


"ငါ သတိမထားမိဘူး...ဒါပေမဲ့ ဒါက သေချာပေါက် ဒီဘက်​တော့ မဟုတ်ဘူး" 


ဖက်တီးက "သောက်ကျိုးနည်းပြီ... သရဲရှိနေတာလား အဲဒါကြီးက သူ့ဘာသာသူ လှည့်သွားတာလား ဒါမှမဟုတ် ငါတို့ ယန္တရားတစ်ခုကို ထိမိခဲ့တာလား?"


ဝူရှဲ့ မဖြစ်နိုင်ဘူးလို့ ​ပြောလိုက်သည်။ သူတို့ နီးလာတဲ့အခါမှာတုန်းက သူ အဲဒါကို ကျောက်တုံးနဲ့ ထုလုပ်ထားတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ တစ်ခုတည်းမှာ ထောင်ချောက်ဆိုတာ မဖြစ်နိုင်ဘူး။


ဖန့်ကျစ်သည် ကျောက်ဆစ်ရုပ်ကို စိုက်ကြည့်ရင်း ဆိုလာသည်။ 


"ငါ အခုနတုန်းက ဂရုတစိုက် မကြည့်မိဘူး... ဒီရုပ်တုက နှစ်ဖက်စလုံးမှာ မျက်နှာရှိနေတာလည်း ဖြစ်နိုင်တယ်" 


"မင်းခေါင်းပဲ နှစ်ဖက်ရှိတာ! ငါအခုနတုန်းက ထွက်လာတော့ အကြိမ်ပေါင်းများစွာ ပြန်ကြည့်ခဲ့တယ် ကျောက်ရုပ်ထုရဲ့ နောက်ကျောမှာ ဒီလိုမျက်နှာမျိုး လုံးဝ မရှိဘူး" 


ဖက်တီးက ဆိုလေသည်။ 


အမှန်မှာ အစောတုန်းက မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤကျောက်ရုပ်ထု၏ မျက်နှာသည် လူတို့ကို ထူးထူးခြားခြား ခံစားရစေသည်။ သို့သော် ထိုမျက်နှာပေါ်ရှိ အမူအရာက ညှိုးငယ်ခြင်းသဘောကို ထင်ရှားနေတာမို့ မြင်ရတာ အံ့သြစရာ ကောင်းလှသည်။ 


"အမ်... ဒါသူ့ဘာသာသူ လှည့်သွားတာ ဖြစ်မယ်... ဒါကြီးက အသက်ရှင်နေတာလား ကျောက်တုံးဝိညာဉ် တစ်ကောင်ကို ငါတို့တွေ့ခဲ့တာလား"


"ငါတို့က မျဉ်းဖြောင့်အတိုင်း လျှောက်နေတာ မဟုတ်ဘူး အဲဒါက ထောင့်ကိစ္စ မဖြစ်နိုင်ဘူး... ကိုယ့်ကိုကိုယ် မခြောက်စမ်းပါနဲ့"


ဖက်တီးက "ဖာ့ခ်.... ဒါ တစ်ခုခုတော့ မှားနေလိမ့်မယ် မင်းဒီလိုတွေးပြီး ကိုယ့်ကိုကိုယ် လှည့်စားနေတာလား" ဟု ကျိန်ဆဲလိုက်သည်။


ဝူရှဲ့လည်း အနည်းငယ် ရှက်သွားပြီး ဖက်တီးက ပြောလာခဲ့သည်။


"ပြန်သွားကြည့်​ကြမလား" 


ဖန့်ကျစ်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဧရာမမျက်နှာကို ညွှန်ပြပြီး ပစ်သတ်ချင်စိတ်ကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်သည်။ ဝူရှဲ့တို့ခမျာ တုံ့ပြန်ဖို့ အချိန်မရှိသလောက်ပါပဲ။ ဖက်တီးက ရုတ်တရက် သေနတ်ကို ဝင်လုလိုက်တာကြောင့် ပေါက်ကွဲသံကြီးဖြင့် ပစ်ခတ်လိုက်ရာ ကျောက်ရုပ်ထုကြီး၏ ဘေးနားရှိ သစ်ပင်ကို ထိမှန်ပြီး တစ်ပင်လုံး တုန်လှုပ်သွားသည်။


သုံးယောက်သား ကျောက်ရုပ်ထုကို ချက်ချင်းကြည့်ကာ ဖန့်ကျစ်တစ်ယောက်တော့ ဒေါသကြီးလွန်းသည်ဟု ကိုယ့်ဘာသာကို တွေးလိုက်မိသည်။ သူတို့ တစ်ခုခုကို နှိုးဆော်ခဲ့မိတာလား မပြောတတ်ချေ။ 


ဖက်တီးက တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။ သူ၏လက်များက သူ့ခါးကို ရောက်ရှိသွားသည်။ လူတိုင်းသည် ကျောက်ဆစ်ရုပ်ကို ကြည့်ကာ လှုပ်ရှားမှုတိုင်းအတွက် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ 


သို့သော် ရုပ်တုကို ကြည့်လိုက်တော့ ထူးဆန်းသော မျက်နှာသည် အေးစက်စက် အသွင်အပြင်က လုံးဝ မပြောင်းလဲဘဲ သာမာန် ကျောက်ရုပ်တစ်ခုသာ ဖြစ်ပုံရသည့်ဟန် တောင့်တင်းနေသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဖန့်ကျစ်က သူ့သေနတ်ကို ချွတ်ပြီး ဝူရှဲ့တို့ဘက် လှည့်ပြောလိုက်သည်။ 


"ကြည့်... ကျောက်နဲ့ လုပ်ထားတာပဲလေ အဲဒါ ငါတို့အမြင်မှားတာ ဖြစ်နိုင်တယ်... ဒီလမ်းက အကွေ့အကောက် အများကြီးရှိတယ် မြန်မြန်သွားရအောင် အချိန် မဖြုန်းတီးနဲ့"


ဝူရှဲ့လည်း သက်ပြင်းတစ်ချက် ချရင်း ခေါင်းညိတ်လိုက်၏။ စိတ်ထဲမှ ဒီလိုနေရာမျိုးမှာ နေရတာ တကယ်ကို ကြောက်ရွံ့မိတယ်လို့ ပြောလိုက်သည်။ မှန်ကန်သော စီရင်ဆုံးဖြတ်နိုင်စွမ်းပင် မရှိတော့ပေ။


ဖက်တီးက မယုံသေးဘဲ မျက်မှောင်ကြုတ်သွား၏။  


"ဘေးနားရှိတုန်းက သေချာကြည့်ခဲ့တယ်... ငါ့မျက်လုံးတွေက အဆိပ်ပြင်းတယ် ဒါကို ငါဘယ်လိုလုပ် မှားမြင်နိုင်မှာလဲ?"


"ဒါ သစ်တောကွ... အကိုးအကား အကိုင်းအခတ်တွေ ရှုပ်ထွေးလွန်းတယ်... မင်းပြောတာ မှားသွားလို့လည်း အံ့သြစရာ မရှိပါဘူးကွာ" 


ဝူရှဲ့လည်း ဝင်ဆိုလိုက်လေ၏။ ဖန့်ကျစ်က သူ့ကို မြန်မြန်ထွက်သွားဖို့ တိုက်တွန်းပေမယ့် ဖက်တီးက ဖန့်ကျစ်ရဲ့ သေနတ်ကို ဖြတ်ယူပြီး သူ့ပစ္စည်းတွေကို ချလိုက်သည်။ 


“မလှုပ်နဲ့ ငါသွားကြည့်ဦးမယ် မင်းနှစ်ယောက် ဒီမှာပဲနေခဲ့... ငါ သွားကြည့်လိုက်ဦးမယ် နှစ်မိနစ်ပဲ”


ဆိုကာ ရုပ်တုရှိရာသို့ လှမ်း၍ ဦးတည်သွားလေသည်။ ဝူရှဲ့တို့မှာ ဖက်တီးရဲ့ စိတ်နေစိတ်ထားကို သိတာကြောင့် သူ့ကိုလွှတ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။ ဝူရှဲ့က အနားယူဖို့ ထိုင်လိုက်ပြီး ဖန့်ကျစ်ကတော့ သူ့ကို ဒုက္ခလာပေးနေကြောင်း ပွစိပွစိ ဆိုနေ၏။ 


ဖက်တီးက သေနတ်ကို ကျောပေါ်တင်ပြီး သတိထားကာ လျှောက်သွားခဲ့သည်။ သို့သော် သူက လမ်းတစ်ဝက်မှာ ရုတ်တရတ် ရပ်သွားကာ ဘာကိုမြင်မှန်းမသိဘဲ နောက်ပြန်ဆုတ်လာခဲ့သည်။ 


ဖန့်ကျစ် အလွန်စိတ်မရှည်တော့ဘဲ "မင်းဘာလုပ်နေတာလဲ မြန်မြန်လုပ်!"


သူစကားမဆုံးခင်မှာ ဖက်တီးက ရုတ်တရက် ပြန်လှည့်လာသည်။ သူက လှည့်ကြည့်ကာ ရိုင်းစိုင်းစွာ ပြေးလာပြီး ပါးစပ်ကလည်း အော်ဟစ်သွားသည်။ 


"အသက်ရှင်လာပြီ ပြေးတော့!" 


ထိုစဥ် ရုပ်တုကြီး၏ နှုတ်ခမ်းထောင့်များသည် မယုံနိုင်လောက်အောင် ကျယ်လာကာ ထိုမျက်နှာမှ ထုတ်ဖော်မပြသော အမူအရာသည် အလွန်ရက်စက်သော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။