(11) ပထမည - ချဥ်းကပ်ခြင်
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (11)

ပထမည - ချဥ်းကပ်ခြင်း



သုံးယောက်သား တစ်ပြိုင်တည်း တံတွေပြိုင်တူ မျိုချလိုက်ပြီး ဖက်တီးက ဆို၏။ 


“ဟေး... သူ ဘယ်တုန်းက ရောက်လာတာလဲ?”


ဝူရှဲ့ကတော့ မသိစိတ်အလျောက် ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ဘက်ကို ရွှေ့လိုက်ပြီး သူ့အသံကိုလည်း နိမ့်ချလိုက်သည်။


"ဟင့်အင်း.... အဲဒီအသံကို နားထောင်ကြည့်လိုက်.... ခုနက ကြားရတဲ့ အသံနဲ့ အတူတူပဲ... ငါတို့ဒီအသံနဲ့ နီးလာပြီလို့ ခံစားနေရတာက ထင်ယောင်ထင်မှား ဖြစ်နေသလိုပဲ....တကယ်တမ်းကျတော့ ငါတို့က အသံနဲ့ နီးစပ်လာတာ မဟုတ်ဘူး... အဲဒီအသံကသာ ငါတို့ဆီကို တဖြည်းဖြည်း နီးလာတာ"


ထိုအချိန်တွင် ဝူရှဲ့တစ်ယောက် သူ့ရဲ့ ခြေတွေလက်တွေ အချိန်အတော်ကြာအောင် တုန်တုန်ယင်ယင် ဖြစ်နေတာကို ခံစားလိုက်ရသည်။ ဖုတ်ကောင်သာဆိုလျှင် ဝူရှဲ့ သိပ်မကြောက်နိုင်ပေ။ သို့သော် ဤအရာက အားနင် ဖြစ်နေသည်။ အားနင်အခု ဘယ်လိုအရာကြီး ဖြစ်သွားတယ်ဆိုတာ ဘုရားပဲ သိတော့မည်။ ဝူရှဲ့ခမျာ သူမဒီလို​​ကြီး ဖြစ်လာတဲ့အတွက် မျက်နှာမပြနိုင်ဘဲ ထွက်ပြေးချင်နေခဲ့သည်။


သို့သော်လည်း ပတ်ဝန်းကျင်က မှောင်နေတာကြောင့် အားနင် ဟုတ်မဟုတ် သေချာ မပြောနိုင်သော်လည်း ဒီအကြံကို သူတကယ် ဆန့်ကျင်ချင်သည်။ ဖက်တီးသည် သူ့ခန္ဓာကိုယ်ကို နှိမ့်ချကာ ထိအရိပ်အပေါ် ဓာတ်မီးကို လင်းစေချင်သော်လည်း ဖန့်ကျစ်က သူ့လက်​ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။


"အရူးအမူး မလုပ်နဲ့... မင်းပတ်ဝန်းကျင်က အသံတွေကို နားထောင်ကြည့်ဦး..."


သူတို့နှစ်ယောက် ပတ်ပတ်လည်ကို ဂရုတစိုက် နားထောင်ကြည့်လိုက်​သော် သစ်ကိုင်းများမှ စူးစူးရှရှ အသံများ ထွက်ပေါ်လာတာကို တွေ့လာရသည်။


“ဒီမြွေတွေက သစ်ပင်ရဲ့ ထိပ်ဖျားပေါ်မှာ အများကြီးပဲ.... ဒီအသံက ငါတို့ကို သူနဲ့ နီးစပ်လာဖို့ လှုံ့ဆော်နေမှာ ကြောက်ရတယ်..."


ဝူရှဲ့ခမျာ တစ်ကိုယ်လုံး တောင့်တင်းလာပြီး ဖက်တီးသည်လည်း ခေါင်းကို လှည့်ကြည့်ကာ အရပ်ရပ်မှ အသံများ ထွက်ပေါ်လာသည်။ 


"သောက်ကျိုးနည်း... ငါတို့တော့ ဖက်ထုပ်အလုပ်ခံလိုက်ရပြီ ထင်တယ်" 


ဖန့်ကျစ်က သူ့ကို ခေါင်းယမ်းပြသည်။ သူက ဝူရှဲ့တို့ကို ဖုံးကွယ်​နေဖို့ တွန်းချလိုက်ပြီး သူ့ကျောပိုးအိတ်ထဲက အရက်ပုလင်းကို ထုတ်ကာ အဖုံးကို အမြန်ဖွင့်လိုက်သည်။ 


"ဓားကို မသုံးနိုင်ရင် ငါတို့ မီးလူသား နည်းဗျူဟာကို သုံးရမယ်”


"ကိုယ့်ကိုယ်ကို မီးရှို့သတ်မယ်လို့ ပြောတာတော့ မဟုတ်ဘူးမလား" ဝူရှဲ့ လန့်သွားသည်။ 


"ကျွန်​တော်​တော့ မြွေကိုက်ခံရတာ ပိုကြိုက်တယ်နော်"


"ငါတို့အဝတ်တွေကို မီးရှို့မှာ မဟုတ်ဘူး"


ဖန့်ကျစ်က သူတို့ကို ထိုင်ထခိုင်းပြီး ကျောပိုးအိတ်ထဲက ရေစိုခံမိုးကာတွေကို အမြန်ဆွဲထုတ်ပြီး ခေါင်းပေါ်တင်ကာ အရက်တွေအားလုံးကို လောင်းချခိုင်းလိုက်သည်။


သူ့ရည်ရွယ်ချက်ကို ဝူရှဲ့ ချက်ချင်း နားလည်သွားခဲ့သည်။ ဒါဟာ တကယ်ကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပဲ။ ဒီတစ်ခေါက် အတွေ့အကြုံကတော့ တကယ်ကို ထိုက်တန်နေပြီ။ 


ဖန့်ကျစ်က "ဒါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်... လုံးဝ မလွှတ်လိုက်နဲ့... မင်းတို့ အရေပြား မီးလောင်သွားလည်း ခံနိုင်ရည်ရှိရမယ်... ငါ မင်းတို့ကို အချက်ပြရင် ရှေ့ကို ပြေး​ကြမယ်.... "


ထိုစဥ် တိုးတိုးတိတ်တိတ် အသံတွေက နီးကပ်လာနေပြီ။ ဖန့်ကျစ်ကလည်း မီးခြစ်တစ်လုံးကို ထုတ်ပြီး မိုးကာကို ချက်ချင်း မီးညှိရင်း သူကိုယ်တိုင်လည်း မိုးကာအောက်ထဲ ချက်ချင်း ပြေးဝင်လာခဲ့သည်။ 


"ပြေး!"


မိုးကာက မီးတောက်လောင်နေတဲ့ အရှိန်နဲ့ ထွက်ပြေးလိုက်သောအခါ ချက်ချင်းပဲ သူတို့ အနီးနားက သစ်ပင် ပင်စည်တွေကနေ မြွေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တဲ့ အသံတွေကို ကြားလိုက်ရလေသည်။ သုံးယောက်သား ဘာကိုမှ ဂရုမစိုက်ဘဲ မီတာနှစ်ဆယ်နဲ့ သုံးဆယ်အကွာအထိ အမြန် ထွက်ပြေးသွားကြ၏။ ထို့နောက် မီးလောင်ပြီး အမှိုက်ကို လွှင့်ပစ်ဖို့ ဖန့်ကျစ်က အော်ပြောလိုက်သည်။ သို့နှင့် မီးလောင်နေတဲ့ မိုးကာကို ချက်ချင်း လွှင့်ပစ်ပြီး ရိုင်းစိုင်းစွာ ထွက်ပြေးပါတော့သည်။


စူးရှတဲ့ ဆူးတွေက အရေပြားကို ကုတ်​ခြစ်ပစ်သည်။ တစ်မိုင် နှစ်မိုင်လောက် အကွာအထိ ဘာကိုမှ ဂရုမစိုက်ဘဲ အရူးလိုပဲ ပြေး​နေပြီးမှ ထိုင်ချလိုက်သည်။ အနောက်က အသံ​တွေကို နားစွင့်ကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့အရာက အနောက်ကနေ မြွေသံ​တွေ မကြားရတော့သလို ထူးဆန်းတဲ့ စကားပြောစက်ရဲ့ အသံကို​တောင် မကြားရတော့ချေ။ 


ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာ မယုံပေ။ တောထဲမှာ သေလောက်တဲ့အထိ တိတ်ဆိတ်နေပေမယ့် ဒါဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဝူရှဲ့မှာ သူ့လက်က မီးလောင်နေပေမယ့် လုံးဝ မကြည့်ရဲခဲ့ချေ။ အခု ပွတ်သပ်​ကြည့်မိတော့ လက်ဖျားလေး ပျောက်သွားတော့မလို ဖြစ်သွားတာ ကပ်သီးလေးပင်။ 


"သူတို့ ငါတို့ကို လိုက်မဖမ်းတော့ဘူး ထင်တယ်...ဒီမြွေတွေက ငါတို့ကို ကြောက်ပြီး ထွက်ပြေးသွားကြပြီ ထင်တယ်... ဖန့်ကြီး ငါတို့မှာ မိုးကာ ဘယ်လောက်ရှိ​သေးလဲ"


ဖန့်ကျစ်လည်း အသက်ရှူချောင်သွားပြီး သူ့မျက်နှာက မည်းတူးနေသည်။ 


"အများကြီးရှိတယ်... ဒါပေမဲ့ ငါ့မှာ အရက်တစ်ခွက်ပဲ ကျန်တော့တယ် ဒီလှည့်ကွက်က ခဏခဏ သုံးလို့ မရဘူး မြန်မြန်ထွက်သွားရအောင် ဒီနေရာက အရမ်းဆိုးတယ်... ငါအဲ့ဂိမ်းကို ပြန်ကစားဖို့ စိတ်မဝင်စားဘူး... သူတို့က အနီးနားမှာ ရှိနေဦးမှာပဲ... ဘာသံမှမကြားရရုံပဲ ရှိတာ” 


ပြောပြီးနောက် သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်လိုက်သည်။


ဖန့်ကျစ် ပြောတာမှန်ကြောင်း ဝူရှဲ့လည်း သိပါသည်။ ဒါကြောင့် လူက လန့်ပြီး အံကြိတ်ရင်း မတ်တပ်ထရပ်လိုက်သည်။ ဖန့်ကျစ်ရဲ့ ဦးတည်ရာကို ဆုံးဖြတ်ပြီး ရှေ့ကို ဆက်ပြေးလာခဲ့ကြသည်။ 


နောက်ကွယ်က အမှောင်ထုကို ကြည့်လိုက်ရင်း လူနဲ့တူတဲ့ သို့မဟုတ် မြွေနဲ့တူတဲ့ အရိပ်ကို တွေးမိသွားကာ ရပ်တန့်မနေရဲတော့ဘဲ အရှိန်ပြင်းပြင်းနဲ့ ခပ်မြန်မြန် လျှောက်လာခဲ့သည်။ စိတ်အနှောက်အယှက် ဖြစ်ခြင်းရဲ့ နိမိတ်က သူတို့ရဲ့ ကာယအားကို အဆမတန် တိုးပွားစေပါသည်။ တစ်ဆက်တည်း လမ်းလျှောက်ခြင်းကိုလည်း အလွန်ခက်ခဲ​စေ၏။ ဖက်တီးမှာ ဖားဖိုလို မောဟိုက်နေတဲ့ အသံနဲ့အတူ နောက်က လိုက်လာလေသည်။ 


ဒီလိုအချိန်မျိုးမှာ ကျွန်တော် စိတ်သက်သာရာရသလို ခံစားလာရသည်။ လမ်းတစ်လျှောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်တိုင်း တစ်ခုခု ဖြစ်တတ်တာကြောင့် ဒီတစ်ခါတော့ သူတို့ရဲ့ကံကြမ္မာကို လှည့်ပတ်နိုင်ခဲ့ပြီး ကံတရားက တိုးတက်လာတယ် ဆိုတာ သိသာပါ၏။ 


ဒါပေမဲ့ လမ်းလျှောက်ရင်းနဲ့ တစ္ဆေတွေ တီးတိုးပြောနေသလိုမျိုး သူတို့ရှေ့က တောအုပ်ထဲကနေ တခစ်ခစ် ရယ်သံ တိုးတိုးလေးကို ကြားလိုက်ရလေသည်။ 


သူတို့အားလုံး ထိုနေရာတွင်ပင် အေးခဲသွားကာ ဖက်တီးက ချက်ချင်းပင် သူတို့နှစ်ယောက်ကို ပုန်းကွယ်ရန် သစ်ပင်တစ်ခုအောက် တွန်းချလိုက်သည်။ ဝူရှဲ့သည်လည့း အလွန်ပင် မောပန်းကာ ပြိုလဲလုမတတ် ဖြစ်နေပြီ။ ထိုစဥ် ဖက်တီးက။ 


“ဟိတ် ဖန့်ကြီး... မင်းလမ်းကို ဘယ်လိုခေါ်တာလဲ? ငါတို့ဘာလိုလုပ် ပြန်​​ရောက်လာတာလဲ?"


ဖန့်ကျစ်လည်း ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း သူ့မျက်နှာက တဖြည်းဖြည်း ပုံပျက်လာသည်။ 


"ငါတို့ပြန်​ရောက်လာတာ မဟုတ်ဘူး" 


ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူတို့ လည်ပတ်လာမိတဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရပါဘူး။ ပတ်ဝန်းကျင် သစ်တောတွေက အစိမ်းသက်သက် ဖြစ်ကာ သူတို့ ပြန်လှည့်လာမိပုံနဲ့ မတူပါဘူး။ 


"ဟင့်အင်း.... သူတို့က ငါတို့​​​နောက်ကို လိုက်လာခဲ့တာ မဟုတ်ဘူး...သူတို့က ဟိုဘက်ဒီဘက် လာဆုံနေကြတာ"