(55) နီးလာပြီ
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (55)

နီးလာပြီ



လမ်းတစ်လျှောက်တွင် အခွံမပါသော အမဲသားရောင် အင်းဆက်ပိုးမွှားများသည် သူတို့အား အနှောင့်အယှက် ပေးချင်သည့် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားရာ တစ်ယောက်ပြီး တစ်ယောက် ရေထဲသို့ ခုန်ဆင်းလာခဲ့ကြသည်။


ဖက်တီးက ငုံ့ပြီး ရေထဲကအကောင်တွေကို ဖမ်းချင်ပေမယ့် ဝူရှဲ့ဆီက အတားခံလိုက်ရသည်။ ရေထဲမှာ ရှိတဲ့ အခြေအနေကို သူတို့ သိပ်မမြင်ရသလို နှောင့်ယှက်မိရင် ဒုက္ခရောက်နိုင်လားလည်း မသိချေ။ နောက်ပြီး ဒီပိုးကောင်တွေကို သူတို့တစ်ခါမှ မတွေ့ဖူးတာကြောင့် ရှားပါးမျိုးစိတ်လည်း ဖြစ်နေနိုင်ရာ သတ်မိရင် နှမြောစရာ ကောင်းလှသည်။ 


ဖက်တီး : "ဒီထူထပ်​​နေတဲ့ အကောင်တွေကို ကြည့်စမ်း.... ရှစ်ထောင်မကဘူး ရေထဲမှာ ရှစ်​သောင်းလောက်​တောင် ရှိမယ်ထင်တယ်... နည်းနည်းပါးပါး ဖမ်းပြီး ပြန်ယူသွားရင်လည်း ကိစ္စမရှိလောက်ပါဘူး... မဟုတ်ရင် ဒီခရီးစဉ်က အလကား ဖြစ်သွားမှာပေါ့"


ဝူရှဲ့: "ဒီအကောင်တွေက ရွံ့ရှာစရာကောင်းမယ့်ပုံပဲ... မင်းက သယ်သွားပြီး ဘာလုပ်မလို့လဲ ပေါက်ကရတွေ လျှောက်တွေးမနေနဲ့ အဲဒီကိုပဲ မြန်မြန်သွားရအောင်"


ဤနေရာက ပိုးကောင်များစွာဖြင့် ဘယ်သူမှ မနေချင်ကြသောကြောင့် မြန်မြန်ပဲ ထွက်သွားကြသည်။ မြေအောက် ရေလှောင်ကန်ရဲ့ အဆုံးကို ရှာတွေ့ရန် ဤရေလမ်းအတိုင်း ပိုမိုနက်ရှိုင်းအောင် ဆက်သွားရမှာပဲ ဖြစ်ပါသည်။ ပြီးတော့ ချောက်ကြီးကြီးတွေ မရှိတာကြောင့် သူတို့ အေးအေးဆေးဆေး ရှေ့ကို ဆက်သွားနိုင်၏။ 


ရှေ့ကို ဆက်လျှောက်သွားရင်း ရေက ပိုအေးလာသလို ရေထဲမှာ အအေးဓာတ်တွေ ပျံ့နှံ့သွားသလို ခံစားလာရသည်။ ရေလမ်းကြောင်းရဲ့ နှစ်ဖက်စလုံးမှာ မရေမတွက်နိုင်တဲ့ အသားရောင်ပိုးကောင်တွေ အများစုဟာ ရေလိုင်းရဲ့ အပေါ်နဲ့ အောက် ကျောက်နံရံတွေပေါ်မှာ ထူထပ်စွာ ပြည့်ကျပ်နေတာကြောင့် ဝူရှဲ့ကြည့်ရင်း အော်ဂလီဆန်သွားတော့သည်။ ရေထဲမှာလည်း တခါတရံ ခြေထောက်ပေါ် တစ်ခုခု လာထိမိတယ်လို့ ခံစားရသေးသည်။ 


အဲဒီနောက် ရေလမ်းကြောင်းက ပိုကျယ်လာပြီး ရေလမ်းကြောင်းရဲ့ ထိပ်က ပိုမြင့်လာပြီး တံပိုးပုံသဏ္ဌာန် အဖွင့်အပိတ်ကို မြင်လိုက်ရတဲ့အတွက် ချက်ချင်းပဲ အရှိန်မြှင့်လိုက်ကြသည်။ မီတာတစ်ရာထက်မနည်း လမ်းလျှောက်ပြီးတဲ့အခါ ခေါင်းအထက်မှာ မှောင်လာ၏။ ရေလမ်းကနေ ထွက်လာတဲ့အခါ အနီးနားက နေရာဟာ ရုတ်တရက် တိမ်မြုပ်သွားသလို ခံစားလိုက်ရသည်။ 


မိုင်းတွင်းမီးအိမ်များ၏ အလင်းနှင့်အတူ အလင်းတန်းများ ဖြတ်သွားကာ ကျယ်ပြန့်ပြီး ငြိမ်သက်နေသော ရေမျက်နှာပြင်ကို မြင်တွေ့လာရသည်။


သတ္တုမီးချောင်းများသည် အလင်း အားနည်းပြီး ခိုင်ခံ့သော အလင်းရောင်ကို မပေးနိုင်ချေ။ သူတို့သည် ယေဘုယျအားဖြင့် အလင်းအားနည်းခြင်းကို ရွေးချယ်ထားသော်လည်း အလင်းရောင် အကွာအဝေးက မီတာ 20 ထက်သာလွန်​​နေသည်။ လူအများအပြားသည် ၎င်းတို့၏ သေနတ်စည်များကို ဖွင့်ကာ ဦးခေါင်းနှင့် ပတ်ဝန်းကျင်ကို လင်းထိန်စေရန် LED မီးသီးများကို အသုံးပြုကြသည်။ 


သန်မာလာသော အလင်းရောင်အောက်တွင် ဤနေရာ၏ ယေဘူယျ အသွင်အပြင်သည် ကြီးမားသော မြေအောက် ရေလှိုဏ်ဂူကြီး တစ်ခုအဖြစ် မြင်တွေ့နိုင်သော်လည်း ၎င်းသည် ကာ့ဒ်ပုံသဏ္ဌာန် မဟုတ်ဘဲ မီးတောင်ကျောက် လှိုဏ်ဂူတစ်ခုလို ဖြစ်​လေသည်။ အကွာအဝေး အတွင်းရှိ လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာတွင် ဂူခေါင်မိုးမှ တွဲလောင်းကျနေသော ဧရာမကျောက်စာတိုင်ကြီးများကို မြင်ရသည်။ 


ဂူခေါင်မိုးမှာ နှစ်ထပ်သုံးထပ်မျှသာ မြင့်သည်။ ပထမတစ်ချက်တွင် နေရာတစ်ခုလုံးက ပင်လယ်ထဲတွင် နစ်မြုပ်နေသလို ခံစားရပြီး ခန်းမထဲရောက်နေသလိုမျိုး လေထုသည် အလွန်ကို ကွက်ကွက်ကွင်းကွင်း ဖြစ်နေရာ ၎င်းသည် သဘာဝ၏ အံ့ဖွယ် လက်ရာတစ်ခုဟု ဆိုရမည် ဖြစ်သည်။


ရေထွက်ပေါက်၏ နှစ်ဖက်စလုံးတွင် မီးတောင်ကျောက်လွှာများ၏ ထူးခြားသော လက္ခဏာများ ပြသသော ကျောက်သားနံရံများသည် သဲမြေလွှာကို ဖြတ်ကျော်ပြီး ကောပိ၏ ဘူမိဗေဒအရ နက်နဲသော မြေအောက် တောင်တန်းများဆီသို့ ရောက်ရှိသွားကြောင်း ညွှန်ပြနေသည်။ ဒါဟာ မြေထဲသို့ စိမ့်ဝင်သော ခွန်လွန်တောင်၏ အစိတ်အပိုင်းများသာ ဖြစ်ရမည်။  


နောက်ကြောင်း ပြန်ကြည့်ရင် ရေဖြတ်ကူးလို့ရအောင် ဂူပေါက်တချို့ကို ကိုယ်တိုင် တူးထားပုံရ၏။ ထိုအချိန်တုန်းက ရှီးဝမ်းမယ်တော်သည် ထိုကဲ့သို့သော နက်နဲသော နေရာကို တူးဆွနိုင်ခဲ့သောကြောင့် ၎င်းတို့၏ ယဉ်ကျေးမှုသည် အလွန်ဖွံ့ဖြိုးသော အင်ဂျင်နီယာ စွမ်းရည်များ ပါရှိသည်ဟု ဆိုနိုင်ပေသည်။


မိုင်းတွင်းမီးအိမ်၏ ဓာတ်ရောင်ခြည် အကွာအဝေးသည် အကန့်အသတ် ရှိသောကြောင့် ဤရေလှောင်ကန်ကြီးသည် မည်မျှကျယ်ဝန်းပြီး အလယ်ဗဟိုမှာ မည်မျှနက်သည်ကို မသိနိုင်ချေ။ ရေကန်ရဲ့ အလယ်မှာ လမ်းလျှောက်လာရင်း ရေကန်အောက်ခြေဟာ စိတ်ကူးမယဉ်နိုင်လောက်အောင် နက်ရှိုင်းနိုင်တာကြောင့် ရေကန်မျက်နှာပြင်ကိုပဲ မြင်နေရလို့ မတုန်လှုပ်သွားဘူးလို့ ပြောဖို့ ခက်ပါသည်။ 


ခဏလောက် စောင့်ကြည့်ပြီးတဲ့ နောက်မှာတော့ ဖက်တီးက သူဘာဆက်လုပ်ရမလဲလို့ မေးတယ်။ ဤနေရာကို ရောက်လာအောင် ညွှန်ပြထားသော ယခင်အမှတ်အသား အတိုင်းဆို ဆက်သွားဖို့အတွက် မြေအောက်ရေကန်၏ အလယ်ဗဟိုက နောက်ဆက်တွဲ အမှတ်အသားများကို ရှာဖွေရန် လိုအပ်နေသေးသည်။ 


သူတို့နှစ်ယောက်လည်း သီးသန့်လိုက်ရှာရင်း ရေကန်ထဲကို နက်နက်နဲနဲ လမ်းလျှောက်လာခဲ့သည်။ လက်ထဲက မီးတွေနဲ့ ကျောက်စာတိုင်တွေပေါ် အလင်းရောင်တွေကို ထွန်းတောက်လိုက်ကြသည်။ 


ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ရေကန်၏အတိမ်အနက်သည် များစွာ သိပ်မပြောင်းလဲသွားတာကို တွေ့ရပြီး ရံဖန်ရံခါတွင် လည်ပင်းအထိ ရေရောက်ကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အောက်က ပြန်ကျလာသည်။ 


အောက်ခြေတွင် ရေတွင်းများဖြင့် ပြည့်နေသော်လည်း ပျမ်းမျှအတိမ်အနက်မှာ မပြောင်းလဲသွားပေ။ များမကြာမီ ဟေးရန်ကျင်းက လေချွန်သံတစ်ချက် ပေးလာသည်။ ဝူရှဲ့တို့ လမ်းလျှောက် သွားကြည့်ရာ ကျောက်စာတိုင်ပေါ်တွင် ပြတ်ပြတ်သားသား ထွင်းထုထားသည့် အမှတ်အသားတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ 


ဝမ်းကျင်က မျက်နှာသေဘက်ကို ကြည့်လိုက်ပြီး ပြောလေသည်။ 


"ဒီမှာ ရေစီးဆင်းမှုက အခြေခံအားဖြင့် ပြန့်ကားနေတာ ဆိုတော့ အောက်ကို ဆက်သွားမယ့် အရိပ်အယောင် မရှိဘူး ဒါက ရေသိုလှောင်မှု ပရောဂျက်တစ်ခုလုံးရဲ့ အနိမ့်ဆုံးနေရာလို့ ငါထင်တယ်....ငါတို့ ရှာနေတဲ့ နေရာက အရှေ့မှာပဲ ဖြစ်ရမယ်... ဒီအချိန်အထိ နင်ဘာမှ မမှတ်မိ​သေးဘူးလား"


မျက်နှာသေက ခေါင်းသာ ယမ်း​ပြပြီး ဘာမှ မပြောပေ။ သူ့မျက်လုံးထဲမှာတော့ သူချန်ခဲ့တဲ့ အမှတ်အသားကို ကြည့်ပြီး နားလည်သွားတဲ့ လှိုင်းလုံး အရိပ်အယောင်တွေ မမြင်ရပေ။ ဖက်တီးက ဒီရှေးဟောင်းမြို့ဟာ ရှီးဝမ်းမယ်တော်ရဲ့ လျှို့ဝှက်နယ်မြေလို့ ထင်ရကြောင်း ပြောပါ၏။ မရေမတွက်နိုင်သော နတ်ဆိုးမြို့များဖြင့် ဖွဲ့စည်းထားသော ဤအိုအေစစ်သည် ရေကန်များဖြင့် ဝန်းရံထားကာ အိုအေစစ်ထဲတွင် တစ်နှစ်ပတ်လုံး မြူခိုးများ ရှိနေလို့ မိုးသည်းထန်စွာ ရွာနေချိန်တွင်သာ ရှေးဟောင်းမြို့ကို မြင်တွေ့နိုင်သည်။ 


ရှီးဝမ်းမယ်တော်ရဲ့ မြို့မှာ နေထိုင်သူများသည် ရက်စက် ကြမ်းကြုတ်သော မြွေကိုးကွယ်မှုနှင့် ဝိဇ္ဇာပညာတို့ကို ယုံကြည်ကြ၏။ ဤသဲကန္တာရရှိ နိုင်ငံရေးအာဏာဟာ သရဲတစ္ဆေကဲ့သို့ မထင်မရှား နားလည်ရခက်ပြီး ရှေးမြို့ဟောင်းအောက်က ဝင်္ကပါလို ရေသိုလှောင်မှုစနစ်သည် အလွန်ရှုပ်ထွေးပါသည်။ ရှီးဝမ်းမယ်တော်မှာ ဖုံးကွယ်ထားစရာ တစ်ခုခုရှိနေလိမ့်မည်။ သူတို့မှာ ဒီကာကွယ်ရေး ပရောဂျက်ရဲ့ အနိမ့်ဆုံး အဆင့်ကို ရောက်ဖို့ ကြိုးပမ်းမှု အားလုံးနီးပါးက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီလေ။ ဘာမှ မပြောဘဲ ဒီအမှတ်အသားတွေကို လိုက်နာရုံနဲ့ ပန်းတိုင်ကို ရောက်နိုင်မှာက သေချာသလောက်ပင်။ 


နောက်ဆုံးအပိုင်း အနေဖြင့် ရေလမ်း၌ မြင်ခဲ့ရသော ထူးဆန်းသော လူမျက်နှာ ငှက်ရုပ်တုသည် လူအများကို လျစ်လျူမရှုနိုင်လောက်အောင် ဖြစ်​စေသည်။ ဒီလမ်းတစ်လျှောက်လုံး လမ်းလျှောက်လာတာနဲ့အမျှ ဒီထူးဆန်းတဲ့ လူ့မျက်နှာငှက်တွေရဲ့ သင်္ကေတတွေဟာ အပြင်လူတွေကို သတိပေးတဲ့အနေနဲ့ ရှီးဝမ်းမယ်တော်ရဲ့ နိုင်ငံထဲက ဘိုးဘေးတွေ အသုံးပြုခဲ့တဲ့ နိမိတ်လက္ခဏာတွေ ဖြစ်မယ်ဆိုတာ သေချာနေပါပြီ။


ဒါမျိုးကို ကြုံလာတိုင်း ထူးဆန်းတာထက် ပိုဆိုးသွမ်းတာတွေ့ တွေ့လာရတယ် မဟုတ်လား။ ဒီတစ်ခါတော့ ထူးဆန်းတဲ့ လူ့မျက်နှာငှက်နဲ့ ထပ်တွေ့​ပြန်တော့ ဒီရေလှောင်ကန်ဟာ အေးချမ်းတဲ့ နေရာ မဟုတ်တော့ဘူး ဆိုတာ သက်သေပြလိုက်တာနဲ့ အတူတူပါပဲ။ တစ်ခုခု အဆင်မပြေရင် ထွက်သွားသင့်ပြီ။ သူတို့မှာ အသက်တစ်ဝက်ပဲ ကျန်တော့၏။ ဒီတစ်ခါတော့ ဘယ်သူမှ မလွတ်မြောက် နိုင်တော့မှာကို ကြောက်ရသည်။ 


ဝူရှဲ့ ဝမ်းကျင်ဘက် လှည့်မေးလိုက်သည်။ 


"ကျွန်တော်တို့ ဘာဗျူဟာ ချမှတ်မှာလဲ... ကျွန်​တော်တို့ အနားယူသင့်လား ဒါမှမဟုတ် လမ်းကို အရင်စူးစမ်းဖို့ လူတွေကို လွှတ်သင့်လား"


ဝမ်းကျင်: "ငါတို့ဒီကို ရောက်နေပြီပဲ...ဖက်တီးပြောသလိုပဲ ငါနောက်ဆုတ်ဖို့ ဒါမှမဟုတ် စွန့်လွှတ်ဖို့ အကြောင်းမရှိဘူး ဒါက ငါသွားရမယ့်လမ်းပဲ... ဒါပေမဲ့ လူတိုင်းသွားစရာ မလိုဘူး... နောက်ဘာတွေ ဆက်ဖြစ်ဦးမလဲ မသိဘူး မင်းတို့ဒီမှာအနားယူပြီး နေခဲ့ကြ... ငါတစ်ယောက်တည်း သွားလိုက်မယ်..."


"ငါလည်း သွားမယ်" 


မျက်နှာသေကလည်း ဘေးက အေးအေးဆေးဆေး ပြောလိုက်ပါ၏။ သူက ဝူရှဲ့တို့ကို လုံးဝ မကြည့်ဘဲ ရေကန်ရဲ့ နက်နဲပိုင်းထဲကိုသာ ကြည့်နေပြီး ဘာအန္တရာယ်ကိုမှ လုံးဝ ထည့်မစဉ်းစားထားပုံပေါ်သည်။ ဝူရှဲ့ အံ့သြသွားတာမို့ ထိုရေခဲတုံးဆီကို အကြည့်တစ်ချက် ပစ်လိုက်သည်။ ဒီရေခဲတုံး သွားမှာတော့ သူလည်း သွားရမည်။ ဒီမှာနေရင် အပြင်ထွက်ဖို့ အခွင့်အရေး ဘယ်လောက် ရှိမယ်ဆိုတာ မပြောနိုင်ဘူး။ လာခဲ့တဲ့လမ်းကလည်း ပိတ်မိနေပြီ။ 


ပြီးတော့ သူရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို ဒီကိုရောက်ဖို့ လုံးဝ လုံးဝ မဖြစ်နိုင်ပေ။ ဖန့်ကျစ် အပါအဝင် လူတော်တော်များများက သူ့အတွက် အနစ်နာခံပြီး သေပေးခဲ့ပြီးပြီ။ အားနင်လည်း သေသွားပြီ။ သူကဒီကို သူ့သဘောနဲ့သူ လိုက်လာခဲ့တာဖြစ်လို့ အဆုံးထိ သွားသင့်ပြီ။ 


ဖက်တီးက ပြုံးပြီး "ငါ့ကိုလည်း လိုက်ခိုင်းရမှာ မဟုတ်ဘူးလား... ဒီလူသစ်တွေနဲ့ထက် မင်းနဲ့ လုံခြုံအောင်နေနေတာက ပိုကောင်းတယ်"


အခုဦးလေးသုံးရဲ လူတော်တော်များများက အလုပ် မလုပ်နိုင်တော့ပေ။ အားလုံးက အတွေ့အကြုံမရှိလို့ ခိုးမှုလေးတွေပဲ လုပ်တတ်ကြသည်။ အခုတော့ ဒီကနေ ထွက်သွားရင် သူတို့လည်း လုပ်ရမှာ မဟုတ်ဘူးလား။ ဝူရှဲ့တို့ ဒီနည်းလမ်းကို အသုံးပြုပြီး ဂိုဏ်းဖွဲ့ကာ သူတို့ကို တိတ်တဆိတ် ထားခဲ့ပြီး ထွက်ပြေးသွားမှာ ကြောက်တဲ့အတွက် ဝူရှဲ့တို့နောက်ကို လိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါ၏။ ထော့ပါ အမည်ပေးရတဲ့ ခေါင်းဆောင်က ဆိုလာသည်။ 


"မင်းတို့ ဒီမှာပဲ နေသင့်တယ်... ဒါမှမဟုတ် ငါတို့ အတူတူ သွားလို့ရတယ်... မင်းတို့ ငါတို့ကို မဖယ်ထားပါနဲ့"


ဟေးရန်ကျင်းကတော့ တစ်ချိန်လုံး စကားမပြောဘဲ ပြုံးသာ ပြနေသည်။ သူက ဝူရှဲ့ပုခုံးပေါ် လက်ကိုတင်လိုက်ကာ ကြည့်လာ၏။ ဘာသဘောလဲ မသိ။ သူပါ လိုက်ချင်တာလား။ ဝူရှဲ့ကို နေခဲ့စေချင်တာလား မပြောတတ်ပေ။ 


ဝူရှဲ့မှာတော့ အဲဒီလူတွေကို ကြည့်ရုံနဲ့ စိတ်ပင်ပန်းတယ်လို့ ခံစားရလေသည်။ သူတို့နဲ့ လိုက်လာရင် ဘာပြဿနာတွေ ရှာဦးမလဲမသိ။ သူ နေခဲ့မယ်ဆိုရင်လည်း သူတို့ဆီကနေ သေတဲ့အထိ ညှဉ်းဆဲခံရနိုင်သည်။ 


ဖက်တီး: "ဝူလေး... အဲဒါကို မေ့လိုက်ပါတော့ မင်းမှာ နှစ်တွေ အများကြီး ကျန်ပါသေးတယ် ဒီလူတွေကို လိုက်လျှောက်ရင် မင်းမှာ ရှင်သန်ဖို့ လမ်းစရှိသေးတယ် မင်းရဲ့ဦးလေးသုံးက မပြောဘူးလား... ဒီလမ်းက ပြန်လှည့်လို့ မရတဲ့လမ်းတဲ့...ငါပဲ အစ်မကြီးနဲ့ အစ်ကိုလေးကို အဖော်ပြုပြီး လိုက်သွားပေးပါ့မယ်...နောက်နှစ်မှာ ငါတို့အတွက် နံ့သာပေါင်း ပူဇော်ဖို့ နောက်ထပ် တစ်ယောက်ယောက်တော့ ရှိဦးမယ်မလား?"


"လာမလုပ်နဲ့... ငါလည်း အဖော်ပြုပြီး အတူတူလိုက်မှ.... ဒီတစ်ခုနဲ့ ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် ငါ့ဆုံးဖြတ်ချက်အတိုင်းပဲ"


သူပြောနေတာက အမှန်ပါပဲ။ ဒီအချိန်မှာ ဘယ်သူက ဘယ်သူ့အတွက် ရုန်းထွက်နိုင်မှာလဲ။ သူတို့ လျှောက်လာတဲ့လမ်းက တစ်ခုတည်းသော ဝင်ပေါက်ဖြစ်နိုင်သလို မြေအောက်ကျောက် တောင်ပေါ်က ရေလိုဏ်ဂူတစ်ခုလည်း ဖြစ်နိုင်သည်။ သူ့ခေါင်းထဲက ဤနက်နဲသော အရာများကို ဤနေရာက ပြီးပြည့်စုံစေသောကြောင့် လိုက်သွားတာက မကောင်းသော အရာမဟုတ်ပေ။


ဒါကိုတွေးပြီး ဖက်တီးကို လှောင်ပြောင်ပြီး သူ့ပခုံးပေါ် လက်လှမ်းတင်လိုက်သည်။ 


"ဒါက မင်းလည်း ရွေးချယ်ထားတာပဲမလား... မင်းမှာသာ တစ်ခုခု အဆင်မပြေ ဖြစ်သွားရင် မင်းအိမ်ကနို့ကြီးတဲ့ မိန်းမက မင်းကို အခွင့်ကောင်းယူဖို့ ကြိုးစားနေမှာနော်... သူက မင်းကို သေသေချာချာ သတ်လိုက်မှာမို့လို့ မင်းလည်း ပိုသတိထားသင့်တယ်" (TN - ဘာသဘောလဲ ကိုယ်လည်း နားမလည်)


ဖက်တီး: "ဖက်တီးငါက လျောက်မာချောင်မှာ နာမည်ကြီး ရွှေအရောင်းသမား တစ်ယောက်နော်... အနီရောင်မချန်ဘဲတောင် ပန်းပေါင်းထောင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးပြီ... ပိုက်ဆံအိတ်ထဲမှာဆို ပိုက်ဆံကို တစ်ညလုံး မထည့်ထားတတ်ဘူး မရေမတွက်နိုင်တဲ့ မိန်းမတွေနဲ့လည်း အိပ်ဖူးတယ် ငါသုံးထားတဲ့ငွေက ငါ့အရင်းအနှီးအတွက် လုံလောက်တယ်... ဖက်တီး ငါ့လောက် ချောမောတဲ့လူ နည်းနည်းပဲ ရှိတာ်... ငါဒီတစ်ခါ ကံမကောင်းရင် ငါ့ကိုယ်ငါပဲ တန်ဖိုးထားရတော့မယ်..."


"အဲဒါကြောင့် မင်းက တခြားသူတွေနဲ့ မြှုပ်နှံလိုက်ဖို့ အသင့်တော်ဆုံးပဲလို့ ပြောတာပေါ့...မင်းဒါကို စိတ်ပူစရာ မလိုဘူး"


"မင်းပြောတာက မှားတယ် မင်းကို သေတဲ့အထိ လိုက်ပို့မယ့်သူ ရှိမရှိကို ကြည့်ရမယ်... ငါတို့ အတူတူနေဖို့ တကယ်ကို ရည်မှန်းထားတာ မင်းအခုလိုက်သွားရင် မင်းအတွက် ငါက ကာကွယ်ပေးရမယ်"


ဒီလိုပြောရင်းနဲ့ ဖက်တီးက သေနတ်ကို ​ကောက်ကိုင်လိုက်သည်။ 


"ကျည်ဆန်တွေ ခြေထောက် ပေါက်နေတယ်ဆိုရင်တော့ မင်းအသက်ကို ကယ်လိမ့်မယ် မဟုတ်ရင်တော့ အလဟသ ဖြစ်သွားပြီ"


ဝမ်းကျင်က ရေတစ်ငုံ သောက်လိုက်ပြီးနောက် ဓားမြှောင်ကို ဆွဲထုတ်ပြီး တစ်ချက်နှစ်ချက် စမ်းသပ်ကြည့်ကာ ပြောလာ၏။ 


"ကောင်းပြီ.... စကားပြောမနေနဲ့နော် အားလုံးက သွားချင်တယ် ဆိုမှတော့ မြန်မြန်သွားရအောင်" 


သူတို့ ထွက်သွားတော့မှာမို့ တုံ့ဆိုင်းမနေတော့ဘဲ အရက်ကလေး နည်းနည်း သောက်လိုက်သည်။ အဖွဲ့လိုက်ခွဲပြီး မျက်နှာသေ ထားခဲ့တဲ့ အမှတ်အသားရဲ့ လမ်းကြောင်းအတိုင်း ရေကို လျှောက်သွားပါတော့၏။ နက်နဲသော အမှောင်ထုကို လှမ်းကြည့်ရင်း လူများစွာ ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝူရှဲ့မှာ အထူးကြောက်လန့်ခြင်း မရှိသော်လည်း နှလုံးသားထဲတွင် ဖော်မပြနိုင်သော မသက်မသာဖြစ်မှုကို ခံစား​နေရသည်။


ထို့နောက်တွင် သူတို့သည် ဆွေးနွေးစကားများ မရှိသလောက်ဖြင့် လမ်းလျှောက်သွားရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာ၏။ သူတို့အားလုံးသည် ရေပေါ်ရှိ လှိုင်းလုံးများကို အထူးဂရုပြုကာ သွားနေရင်း အဖွဲ့တစ်ဖွဲ့က လမ်းကြောင်း တစ်ခုဆီသို့ အရောက်လှမ်းခဲ့ကြသည်။ ရေတွေ ဖောက်ထွင်းပြီး လမ်းလျှောက်နေရပေမယ့် အရမ်းမနှေးပေ။ 


ကံကောင်း ထောက်မစွာဖြင့် ဤနေရာတွင် ရေသည် ရယ်စရာ ကောင်းလောက်အောင် ကြည်လင်နေသည်။ ရေအောက်ခြေကို မီးအိမ်ဖြင့် တိုက်ရိုက် ထွန်းကြည့်လိုက်ပါက ရေအောက်တွင် မညီမညာသော ကျောက်စရစ်ခဲများသာ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကာ ရေအောက်က အခြေအနေကိုလည်း အကြမ်းဖျင်း မြင်တွေ့နိုင်သည်။ 


ဝူရှဲ့က အစောတုန်းက အကောင်တွေကို ပြန်တွေးကြည့်မိသွားတော့ အာရုံနည်းနည်းလေးတောင် မလျှော့ရဲတော့ချေ။ ဒါပေမယ့် ပတ်ဝန်းကျင်က ရေတွေကို ကြည့်လိုက်တော့ ထူးဆန်းတဲ့ အရာတစ်ခုကို ခံစားမိနေပြီဖြစ်ပြီး အရမ်း စိုးရိမ်သွားမိသွားသည်။


ခဏလောက် လမ်းလျှောက်ပြီးနောက် ဝမ်းကျင်ကလည်း ပြောလာသည်။ 


"ဒီမှာ အဲ့အင်းဆက်တွေ မရှိဘူး" 


ဖက်တီးက ခေါင်းညိတ်ပြီး "ဒါက ရေရဲ့အပူချိန်ကြောင့် ဖြစ်နိုင်တယ်.... ဒီရေက သောက်ကျိုးနည်း အရမ်းအေးတယ်ဟ!" 


တစ်နည်းဆိုရသော် ဤတွင်းပေါက် စကတည်းက ဤနေရာ၌ ရေအများအပြားကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ပြီးသား ဖြစ်နေသလို အေးစက်လာခဲ့သည်။ ယောင်ပြီးတော့ မသောက်မိအောင် သတိထားရမည်။ မဟုတ်ပါက သေချာပေါက် ဝမ်းပျက်သွားစေနိုင်သည်။


"ဒီလိုရေမျိုးကို ရေဟောင်းတွေလို့ ခေါ်တယ်.... သဘာဝအတိုင်း မိုးရွာပြီး စီးဆင်းလာတာ ဆိုတော့ သတ္တုဓာတ်တွေ ကြွယ်ဝတယ်... ဒီရေမှာ အဆိပ်သင့်စေတဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အင်းဆက်ပိုးမွှားတွေက မကူးရဲဘူး"


ဖက်တီးသည် ဤစကားကို ကြားပြီးနောက် သူ့လျှာကို ကိုက်လိုက်သည်။ 


"မဟုတ်သေးပါဘူး... ငါ့တင်ပါးမှာ နည်းနည်းတောင် ယားယံလာသလိုပဲ... မင်းရော ခံစားရလား?"


ဘယ်သူကမှ ပြန်မဖြေကြပေ။ ရှေ့ကလျှောက်နေတဲ့ မျက်နှာသေက ဝူရှဲ့တို့ဘက်ကို ပြန်ကြည့်လာရာ ဒီအချိန်မှာ ပါးစပ်ပိတ်ဖို့ကလွဲပြီး သူတို့မှာလည်း ရွေးချယ်စရာ မရှိတော့ချေ။ ဒါကို ဆွေးနွေး​နေဖို့က လုံးဝ အဓိပ္ပာယ် မရှိတော့ဘူးလေ။ နောက်ကျောဘက်က ဟေးရန်ကျင်းနဲ့ လူတစ်​ယောက်က ထရယ်လေ၏။ အဲဒီလူနှစ်ယောက်ထဲမှာ တစ်ယောက်က အနက်၊ တစ်ယောက်က အဖြူ၊ အေးစက်တဲ့ မျက်နှာနဲ့ အဖြူကို ဟေးရန်ကျင်းနဲ့ တွဲကြည့်လိုက်ရင် အဖြူအမည်းက မတည်မြဲသလိုပဲ။ 


လမ်းလျှောက်ရင်း ရေလှောင်ကန်ရဲ့ အတွင်းဘက် နက်ရှိုင်းတဲ့ နေရာတွေမှာတော့ ငြိမ်သက်နေတဲ့ ရေတွေနဲ့ ပြည့်နေသည်။ ၎င်းက ဘတ်စကက် ဘောကွင်း တစ်ဝက်လောက်ရှိပြီး အနက်ရောင် အစက်အပြောက်တွေက ကန်အောက်ခြေမှာ ပေါ်လာတာကို တွေ့ရ၏။ အနက်ရောင် အစက်အပြောက် တစ်ခုစီသည် အလွန်နက်ရှိုင်း လွန်းသောကြောင့် မိုင်းတွင်းမီးအိမ်က အောက်ခြေအထိ မလင်းနိုင်ပေ။ အောက်ခြေတွင်တော့ တစ်ခုခု ရှိနေပုံရသည်။


ဤအနက်ရောင် အစက်သည် သုံးကြိမ်မှ ငါးပုံတစ်ပုံခန့် ပေါ်လာပြီး ပုံသဏ္ဌာ​န် မမှန်ပေ။ ရေအောက်ခြေတွင် ကျောက်တုံးများဖြင့် ပြည့်နေပြီး ထိုတွင်းများကို တစ်စုံတစ်ခုက တူးဖော်ထားပုံရသည်။ သူတို့သည် ထူးထူးဆန်းဆန်းကြီး စတင် ခံစားလာရတာကြောင့် ထိုတွင်းများကို ရှောင်ရှားရန် ကြိုးစားကြသည်။


ဤကဲ့သို့ လမ်းလျှောက်ပြီးနောက် မကြာမီတွင် ဒုတိယကျောက်စာတိုင်ကို ထပ်တွေ့ရှိခဲ့ရသည်။


လူတစ်စု အနားယူဖို့ ရပ်လိုက်စဥ် တစ်စုံတစ်ယောက်က နှာချေလိုက်သည်။ ဒီနေရာက ရေက တကယ် အေးနေပေမယ့် ရေက အေးခဲတဲ့ အဆင့်အထိ မရောက်သေးဘဲ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာထဲမှာပဲ ရှိနေသည်။ ပတ်ဝန်းကျင် အခြေအနေကြောင့် ဝူရှဲ့လည်း အများကြီး မပြောနေတော့ချေ။ 


ထပ်တွေ့ရသော အမှတ်အသားသည် အခြားဦးတည်ချက်ကို ညွှန်ပြနေ၏။ ထို့အပြင် သင်္ကေတများသည်လည်း ကွဲပြားကြပြီး အဓိပ္ပာယ်လည်း ပြောင်းလဲသွားပုံရသည်။ ဝမ်းကျင်က လှမ်းကြည့်ပြီး မျက်နှာသေကို မေးချင်၏။ သို့သော် သူမ မမေးခင် မျက်နှာသေက ပြောလိုက်သည်။ 


"နောက်ဆုံးတစ်ခု ရောက်နေပြီ.... ငါတို့ ရောက်တော့မယ်"


နောက်ဆုံးတစ်ခု။ ဒါက နောက်ဆုံး အမှတ်အသား ဖြစ်ရမည်။ ဆိုလိုသည်မှာ ဤအမှတ်အသား နောက်တစ်မှတ်တိုင်ရဲ့ ဦးတည်ရာဖြစ်သည်။


ဝူရှဲ့တို့၏ နှလုံးသားများ တုန်လှုပ်သွားသည်နှင့် တပြိုင်နက် သူတို့၏ နောက်ကွယ်မှ တစ်စုံတစ်ဦးသည် မသိစိတ်အလျောက် သေနတ်ကို မြှောက်လိုက်​လေသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ အမှတ်အသားနောက်ကို ရုတ်ခြည်း ထွက်ခွာသွားခဲ့သည်။ ဝူရှဲ့ခမျာ စိတ်ထဲမှာ စိတ်လှုပ်ရှား ကြောက်ရွံ့နေပြီး တစ်ချိန်တည်းမှာ တစ်ခုခုကို စိုးရွံ့နေသလို ခံစားလိုက်ရသည်။


ဒါပေမဲ့ ကျောက်တိုင်ကို ပတ်ပြီး ခြေလှမ်းနှစ်လှမ်း ၃လှမ်းလောက် လျှောက်လိုက်တဲ့အခါ ခြေဖဝါးအောက်မှာ ဘာကိုနင်းမိမှန်းမသိ နင်းမိလိုက်တာကြောင့် နာကျင်သွားလေသည်။ 


ချောင်ရှားမှာ ကလေးဘဝတုန်းက ဦးလေးသုံးနဲ့အတူ စမ်းချောင်းထဲမှာ မကြာခဏ ရေကူးတတ်တာမို့ ခြေဖဝါးတွေရဲ့ ခံစားချက်ကို အခြေခံပြီး တကယ််လို့သာ နင်းမိတာ ပြင်းထန်သွားရင် ခြေထောက် ကျိုးသွားလိမ့်မယ် ဆိုတာလည်း ချက်ချင်း သိလိုက်သည်။ 


ဝူရှဲ့ ချက်ချင်း ရပ်လိုက်ပြီး ဖက်တီးကို မီးထိုးခိုင်းလိုက်သည်။ သူကိုယ်တိုင်ကလည်း ကြည့်ဖို့ ခြေထောက်ကို မြှောက်လိုက်၏​။ ဖက်တီးရဲ့ မိုင်းတွင်းမီးအိမ်က ရေကိုဖြတ်ကူးပြီး ခြေဖနောင့်မှာ ပြတ်တောက်သွားတဲ့ ချွန်ထက်တဲ့ အရာတစ်ခုကို တွေ့လိုက်ရတဲ့ အတွက် ရှာကြည့်ဖို့ ခေါင်းငုံ့လိုက်မိပါသည်။ ရှာကြည့်လိုက်တော့ ဒီရေအောက်ခြေမှာ ထူးထူးခြားခြား တစ်ခုခုကို တွေ့ရလေသည်။