ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (12)
ဖန်းမာရဲ့ မှတ်ဉာဏ်များ
အဲဒီနောက်မှာတော့ ဖန်းမာနဲ့ ဝူရှဲ့ဟာ စကားစမြည် ပြောပြီး ဝူရှဲ့က သုံးနာရီကျော်ကြာအောင် မေးခွန်းတွေ ဆက်မေးခဲ့သည်။ ဖန်းမာပြောထဲ စကားတွေထဲက ဖြစ်ပျက်ခဲ့တာကို နားလည်ဖို့ ကြိုးစားရင်း လျှို့ဝှက်ချက်တွေကိုလည်း ရှာဖွေခဲ့ပါသည်။
စကားဝိုင်း၏ အကြောင်းအရာသည် အလွန်ပြန့်ကျဲနေပြီး ဖန်းမာရဲ့ စကားကို အားကွေ့ရဲ့ဘာသာပြန်ဆိုမှုများကြောင့် တခါတရံတွင် တစ်ဦးနှင့်တစ်ဦး အယူအဆများကို ရှင်းပြရသည့်အတွက် အချိန်ကုန်ရသည်။ ထို့အပြင် ဖန်းမာဆီက အဖြေ၊ သူ့ဆီက မေးခွန်းများကို အားကွေ့၏ ဘာသာပြန်ခြင်းတွင် သွေဖည်မှုအချို့ ရှိကောင်းရှိနိုင်သည်။ ဒီလိုနဲ့ စကားစမြည်ပြောပြီးရင် ဝူရှဲ့စိတ်တွေ လုံးလုံး ကွဲထွက်သွားသည်။
အဘိုးအိုသည် ဝမ်းကျင်နှင့် အခြားသူများ တောင်ပေါ်သို့ ရောက်သွားချိန်ကို အတိအကျ မပြောနိုင်ပေ။
ဝမ်းကျင်က အဲဒီအချိန်က အဖွဲ့ကို ဦးဆောင်နေခဲ့ပေမယ့် ဝူရှဲ့ ရှီးရှားကဓာတ်ပုံကို ပြလိုက်တဲ့အခါ ဖန်းမာဟာ တခြားသူတွေကို မခွဲခြားနိုင်ခဲ့ပါဘူး။ အချိန်က ကြာလွန်းခဲ့ပြီ။ ထိုပတ်ဝန်းကျင်တွင် လူများလွန်းသောကြောင့် ထူးခြားသော ဆံပင်ပုံစံနှင့် အဝတ်အစားများ ပါရှိသည့် အဖွဲ့ကို ဦးဆောင်သူ တစ်ဦးတည်းကိုသာ ဖန်းမာ မှတ်မိသည်။
ဖန်းမာသည် ပိုက်ဆံများကို စုဆောင်း ရှာဖွေနေစဉ် ဖြစ်သလို အမဲလိုက်စဉ်တွင် သူကိုယ်တိုင်ပင် အဝေးဆုံးနှင့် အနက်ရှိုင်းဆုံးသို့ ရောက်သွားနိုင်သောကြောင့် လမ်းပြရန် အသင့်တော်ဆုံး လူတစ်ဦး ဖြစ်ခဲ့သည်။ အဲ့တုန်းက သူလည်း အသက်မငယ်တော့ပေ။
ထိုနေ့၏ နံနက်စောစောတွင် သူတို့သည် အဖွဲ့၏ ခရီးစဉ်အကြောင်း အသေးစိတ်ကို မမေးဘဲ ထိုအဖွဲ့အား သိုးခြေထောက်တောင်သို့ ပို့ဆောင်ပြီးနောက် အဖွဲ့ကို လိုက်သွားခဲ့သည်။ သူ့စိတ်က သိုးခြေထောက်တောင်ကို သိပ်ပြီး မသွားလိုသော်လည်း လမ်းကို မှတ်ထားတာကြောင့် ဘေးကင်းစွာ ပြန်လာဖို့ သေချာနေခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ကြပြီး တောင်ပေါ်၌ တစ်ညတာ အိပ်ကြပြီးနောက် တောင်ပေါ်ရှိ ရေကန်တစ်ခုနားသို့ ရောက်လာခဲ့ကြသည်။
ဖန်းမာသည် အသက်၃၁နှစ် အတွင်း ထိုနေရာကို တစ်ကြိမ်သာ ရောက်ဖူးခဲ့သည်။ ဇနီးဖြစ်သူနှင့် လက်ထပ်သောအခါတွင် ဦးလေးအား ဖိတ်ခေါ်ရင်း တောင်ပေါ်တက်ကာ သမင်တစ်ကောင်ကို လိုက်ရှာချင်ခဲ့သည်။ ထိုနှစ်တွင် တောင်ပေါ်၌ ငြိမ်သက်တာကြောင့် သားရဲတိရစ္ဆာန်တွေလည်း တောင်များပေါ်တွင် ပုန်းအောင်းနေကြ၏။ သူက အဖွဲ့ကို လမ်းတစ်လျှောက်လုံး ပို့ဆောင်ပြီး ရေကန်မှာ တစ်ရက်လောက် ပုန်းနေပြီး တောဝက်ကို လိုက်ရှာကြည့်ဖို့ စိတ်ကူးထားသည်။ တကယ်တော့ သူ အဲဒီနေရာကို ဘယ်တုန်းကမှ နက်နက်ရှိုင်းရှိုင်း မရောက်ဖူးခဲ့ပေ။
ထိုရေကန်သည် သဘာဝအတိုင်းပင် ဖန်းမာမှလွဲ၍ တခြားရွာသားများက ထိုရေကန်ရှိတဲ့ အကြောင်း မသိကြပေ။ ရေကန်သည် စမ်းချောင်းများ ဝင်ရောက်ထားခြငိး မရှိသော ရေကန်ဖြစ်ပြီး အောက်ဘက်ရှိ အခြားနေရာများနှင့် ဆက်စပ်နေသဖြင့် ထိုကမ်းစပ်၌ စခန်းချကာ ရွက်ဖျင်တဲများ ထိုးထားခဲ့သည်။
ထို့နောက် အဖွဲ့အား ရက်အနည်းငယ် ကြာတိုင်း ရိက္ခာများ ပေးဆောင်ရန် တာဝန်ယူထားရသည်။ အဖွဲ့ရဲ့ ထောက်ပံ့မှုမှာ လုံလောက်သောကြောင့် တောင်ပေါ်တက်တိုင်း ဆန်ဆား အနည်းငယ် ပြန်လည် ယူဆောင်လာနိုင်ခဲ့သည်။ အားကွေ့ပြောတဲ့ ထူးဆန်းသော အချက်မှာ ၎င်းတို့ထဲမှ တစ်ခုအတွင်း ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တုန်းက ထိုအဖွဲ့ အဲဒီနားမှာ စခန်းချထားပြီး ဘာလုပ်မှာလဲ ဘယ်သူမှ မသိကြပေ။
ဖန်းမာသည် သူတို့ဘာလုပ်မလဲ အလွန်သိချင် နေခဲ့သော်လည်း ထိုခေတ်က ဤအရာများကို သူလျှိုလုပ်ခြင်း၏ အကျိုးဆက် စျေးနှုန်းက အလွန်မြင့်မားတာကို သိသောကြောင့် သိချင်စိတ်ကို မျိုသိပ်ထားခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့ ပြတ်ထွက်သောအခါတွင် ဖိနပ်သေတ္တာပုံး အရွယ်အစားခန့် ရှိသော သေတ္တာ စုစုပေါင်း သုံးဆယ်ခန့်ကို စစ်သားတွေက သူ့ကို အရမ်းဂရုတစိုက်နဲ့ သယ်ထုတ်သွားတာကို တွေ့ခဲ့ရလေသည်။ (TN - မိုးကြိုးမြို့တော်က ကြေးပြားတွေနဲ့ ဆက်စပ်နေမလား)
ဖန်းမာလည်း စူးစမ်းချင်စိတ် ပြင်းပြလာပြီး တစ်လုံးယူချင်သော်လည်း စစ်သားတစ်ယောက်လို လိမ္မာပါးနပ်စွာ တားဆီးလာခဲ့သည်။ ဒီသေတ္တာထဲက ပစ္စည်းတွေက အရမ်းအန္တရာယ်များတယ်လို့ အဲဒီလူက ပြော၏။ ဖန်းမာသည် ၎င်းကိုယူရန် အခွင့်အရေး ရယူခဲ့သော်လည်း ၎င်းက အလွန်လေးလံနေကာ အထဲမှာ ဘာတွေရှိနေလဲ မသိချေ။
ဒီဖိနပ်ပုံး အရွယ်အစားက ရှေးဟောင်းသေတ္တာလို့ နာမည်ပြောင် ရှိကာ တူးဖော်တွေ့ရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတွေကို သိမ်းဆည်းဖို့ ရှေးဟောင်း သုတေသနအဖွဲ့တွေက အသုံးပြုကြပါသည်။ ထိုသို့သော သေတ္တာများကို ယေဘူယျအားဖြင့် အကြီးမှအသေးအထိ အတိအကျ နံပါတ်တပ်ထားသော်လည်း အများစုမှာ ဖိနပ်သေတ္တာ အရွယ်အစားခန့် ဖြစ်သည်။
တူးဖော်ရရှိထားသော ယဉ်ကျေးမှု အမွေအနှစ်များသည် ယေဘုယျအားဖြင့် ပိုလေးပြီး ဖိနပ်သေတ္တာထဲတွင် ပါရှိသော အလေးချိန်က သယ်ယူ ပို့ဆောင်ရေးအတွက် အသင့်တော်ဆုံးဖြစ်သည်။
ကမ်းခြေမှာ ဘာထူးခြားချက်မှ မရှိပေ။ သေတ္တာထဲက ပစ္စည်းတွေက ဘယ်ကလာတာလဲ ဆိုတာလည်း သူ မသိလိုက်။ ထိုအချိန်က သူထင်သည်မှာ သေတ္တာထဲတွင် ကျောက်တုံးများ ပါနေရမည်။ အကြောင်းမှာ ရေကန်၏ အစွန်းဘက်တွင် ကျောက်တုံးများစွာ ရှိသော ကမ်းခြေကြီးတစ်ခု ရှိနေသောကြောင့်သာ ဖြစ်သည်။
သို့သော် မကြာမီတွင် တစ်စုံတစ်ခု မှားယွင်းနေတာကို ဖန်းမာ တွေ့သွားခဲ့သည်။ အကြောင်းမှာ တောင်ပေါ်၌ အချိန်အတန်ကြာ ခရီးထွက်ပြီးနောက်တွင် ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာပြီး အလွန် စိတ်မသက်မသာ ဖြစ်စေ၏။ ၎င်းအနံ့က ဖော်မပြနိုင်သော ထိုသေတ္တာထဲမှ ထွက်လာခြင်းသာ ဖြစ်လေသည်။