(16)ငါးက ငါ့လက်ထဲမှာ
Viewers 13k

Chapter (16) Volume 7

ငါးက ငါ့လက်ထဲမှာ



"ငါးက ငါ့လက်ထဲမှာ"


ဤသည်မှာ ဝူရှဲ ရုံရှင့်ကျွန်းရှိ ရှေးဟောင်း သုတေသနအဖွဲ့ထဲက ပျောက်ဆုံးနေသူ၏ အမည်ကို ရှာဖွေရာတွင် ဝဘ်ဆိုဒ်တစ်ခု၌ တွေ့ခဲ့ရသော စာသားဖြစ်သည်။ အခုတလော တွေ့ကြုံခဲ့ရတဲ့ ကိစ္စကြောင့် သူ အဘွားအိုကို ပြောပြတဲ့အခါတုန်းက ဒီစာကြောင်းကို အသေးစိတ် မပြောပြခဲ့ပေ။ 


ဟော့ရှို့ရှို့ကတော့ နောက်ပြောင်တဲ့ အရိပ်အမြွက်နဲ့ ဂုဏ်ယူတဲ့ အရိပ်အမြွက်ကို သူမမျက်နှာပေါ်မှာ ချန်ထားခဲ့ပါ၏။ သူမစကားတွေကို နားထောင်ရင်း ဝူရှဲ နည်းနည်းတော့ အံ့သြသွားမိသည်။ သူမ တစ်ခုခုကို တကယ်သိနိုင်တယ်ဆိုတာ စိတ်ထဲကနေ ရိပ်မိသည်။ မဟုတ်ရင် ဒီလိုအဓိကကျတဲ့ စကားလုံးတွေကို သူမ ပြောနိုင်မှာ မဟုတ်ဘူးလေ။ 


သူမသည် ထိုလူများ၏ အမည်များကို အွန်လိုင်းတွင် စစ်ဆေးခဲ့နိုင်သည်။ ဤနည်းဖြင့် သူမသည် ဤအရာများကို အနည်းဆုံးတော့ အမှန်တကယ် စုံစမ်းစစ်ဆေးနေခဲ့ပြီဟု ထင်ရသည်။


ဒီကလေးမလေးကို ရင်ဆိုင်ရတာက ဝူရှဲအား အံ့သြစရာ ကောင်းလောက်အောင် ငြိမ်သက်သွားစေသည်။ ဒါက သူ့မှာ စူးစမ်းချင်စိတ်တွေ သံသယတွေ မရှိတာ ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ဖြစ်နိုင်သလို သူမဟာ အသက်ငယ်သေးတာကြောင့် သူမရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ မျက်လုံးတွေကို ကြည့်နေမိတာကြောင့်လည်း ဖြစ်နိုင်၏။ 


ဝူရှဲ စိတ်ထဲကနေတော့ ဂုဏ်ယူစရာ ဘာရှိလို့လဲလို့ အကျယ်ကြီး ရယ်နေသေးသည်။ 


"ကောင်းပြီ မင်း ဒီကိစ္စကို စုံစမ်းပြီးပြီဆိုတာ ငါ ဝန်ခံပါတယ် ဒါပေမဲ့ အဲဒါက ဝဘ်ဆိုဒ်က ရှာရတာလေ... လွယ်လွန်းတယ် ဒါကို သိထားရုံနဲ့ မင်း တစ်ခုခုတော့ သိလိမ့်မယ် လို့ မဆိုလိုပါဘူး...အဲဒီဓာတ်ပုံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်း တွေ့ဖူးတယ်မလား"


ကလေးမလေး၏ မျက်နှာသည် မပြောင်းလဲဘဲ အရင်အတိုင်း တူညီသော အမူအရာဖြင့် ဝူရှဲကို စိုက်ကြည့်လျက် ရှိသည်။ 


"အစ်ကို မှားတယ်...ညီမ အင်တာနက်ကနေ ဓာတ်ပုံထဲက စကားလုံးတွေ တွေ့ခဲ့တယ်လို့ မပြောခဲ့ဘူးလေ"


ဝူရှဲ ခဏလောက် ထိတ်လန့်သွားသည်။ သူမရဲ့ စကားထဲမှာ တစ်ခုခု ရှိနေတယ်လို့လည်း ခံစားလိုက်ရသည်။ ပထမတော့ သူမရဲ့ မျက်ခုံးလေးတွေ အံ့သြသွားသယောင် ပြပေမယ့် မကြာခင်မှာပဲ သူမရဲ့ အပြုံးဟာ ကလေးတစ်ယောက်ရဲ့ ဂုဏ်ယူဝံ့ကြွားနေတဲ့ သဘောတရားဘက် ရောက်သွားသည်။ 


သူမက မိမိကို ဘာကြောင့် ဒီလောက် စိတ်ချလက်ချ ကြည့်နေရတာလဲ ဆိုတာကို တွေးပြီး ဝူရှဲ စိတ်ညစ်လာသည်။ မိမိရဲ့ ရောင်ဝါက ပျော့ညံ့မှု မရှိဘူးလို့ ခံစားမိပေမယ့် သူမ မျက်လုံးတွေက 100% ယုံကြည်မှု ရှိနေပုံပေါ်ပါ၏။ မိမိကို စည်းရုံးဖို့၊ သူမကို မိမိ ယုံကြည်လာအောင် လုပ်ဖို့ အဲ့အရာတွေက ဒီလောက်တောင် အစွမ်းထက်တာလား။ 


ဝူရှဲမှာ အစွမ်းထက်တဲ့ အပိုင်းကို နားမလည်​တော့ဘူးလို့ ထင်လာမိပြီ။ ထိုအခိုက် ချက်ချင်းပဲ အတွေးတစ်ခုက အားကောင်းလာပြီး ဇတ်ကနဲ ထပြောလိုက်သည်။


ဝူရှဲ: "အစ်မကြီး...အဲဒီလူပျောက်နေတဲ့ အကြောင်းကြားစာနဲ့ အဲဒီဓာတ်ပုံကို ပို့ခဲ့တာ မင်းလား... ဒီစာကြောင်းကို မင်း ရေးခဲ့တာလား"


"အွန်း အရမ်းတော်တာပဲ" ဟော့ရှို့ရှို့က ဂုဏ်ယူစွာပြောပြီး 


"အစ်ကို အဲ့ဒီနာမည်တွေကို ရှာနေတာမှန်း ညီမ သေချာပေါက်သိတယ်"


"မင်း-" 


ဝူရှဲမှာ ဘယ်လိုတုံ့ပြန်ရမှန်း မသိပေ။ အဲဒီစာကျယ်ု ထုတ်ဝေသူဟာ သူ့ရဲ့ဦးလေးသုံးလောက် အသက်ကြီးနိုင်တယ်လို့ အမြဲထင်ခဲ့တာ။ ဒီကောင်မလေးလို သူနဲ့ရွယ်တူနီးနီး ဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့။ 


ကောင်မလေးက အိတ်ကပ်ထဲက ကာတွန်းနဲ့တူတဲ့ မှတ်စုစာအုပ်ကို ထုတ်ယူပြီး အဖြူအမည်း ဓာတ်ပုံတစ်ပုံကို ထုတ်၍ ဝူရှဲအား ပေးသည်။ အဲဒါက အင်တာနက်မှာ တွေ့တဲ့ပုံနဲ့ အတိအကျတူတဲ့ “ငါးက ငါ့လက်ထဲမှာ” ဆိုတဲ့ စာလုံးနဲ့ ရေးထားတဲ့ အဖွဲ့ဓာတ်ပုံပါပဲ။ 


သူတို့ဓာတ်ပုံရဲ့ မူရင်းဗားရှင်းကို လက်ထဲမှာ ကိုင်ထားလိုက်တော့ ဝူရှဲမှာ သူတို့တွေက တခြားကမ္ဘာကလို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ 


"ဒါကို ထပ်ကြည့်ကြည့်လိုက်"


ရှို့ရှို့က နောက်ထပ် ဓာတ်ပုံတစ်ပုံကို ထုတ်ပြီး ဝူရှဲကို ပေးလိုက်သည်။


တစ်ချက်ကြည့်လိုက်တော့ ဟော့လင်ရဲ့ ငယ်ငယ်တုန်းက ရိုက်ထားခဲ့သော တစ်ကိုယ်လုံးပါ ပုံတစ်ပုံပင်။ အဲဒီအချိန်မှာ မိန်းကလေးက သူ့ခေတ်နဲ့သူ မတူတဲ့ အဝတ်အစားတွေ ၀တ်ထားပြီး ကျစ်ဆံမြီးလေး ကျစ်ထားသည်။ နံဘေးတွင် "လူငယ်နေ့ အမှတ်တရ" ဟူသော စာလုံးကို ရိုက်နှိပ်ထားသည်။ သူမကို မြင်လိုက်ရတော့ စိတ်ထဲမှာ သူမဟာ နတ်သမီး တစ်ယောက်လိုပဲလို သတ်မှတ်မိတဲ့အပြင် သူမက သူ့ရှေ့က ရှို့ရှို့နဲ့လည်း အရမ်းဆင်တူနေ၏။ 


"ဒါကို မေ ၄ ရက်နေ့တုန်းက ဝမ်ဖူရှင်းမှာ ညီမအဒေါ် အသက်ဆယ့်ရှစ်နှစ်တုန်းက ရိုက်ခဲ့တာ"


ဝူရှဲ: "အဲ့တော့??"


"ဒါကို ထပ်ကြည့်ကြည့်!"


ဟော့ရှို့ရှို့က တခြားဓာတ်ပုံ တစ်ပုံကို ထပ်ထုတ်လိုက်သည်။ ၎င်းသည် သတင်းစာပုံဖြစ်ပြီး ပန်းဘောလုံး တစ်လုံး သယ်လာသော ကျဲဖောင့်ထရပ်ကား တစ်စီးပါသည်။ ပေကျင်းမှာ ဘာပွဲတော် ရှိလို့လဲ မသိချေ။ ဒီဓာတ်ပုံရဲ့ နောက်ခံမှာ အရင် ဟော့လင်ဓာတ်ပုံ ရိုက်ခဲ့သော လမ်းဆုံဖြစ်ကြောင်း ဝူရှဲ မှတ်မိပါသည်။ လမ်းဆိုင်းဘုတ်ကိုလည်း မြင်ရသည်။ ထရပ်ကား၏နောက်ခံသည် ယခင်ဓာတ်ပုံထဲတွင် သူတွေ့ခဲ့သော လမ်းဆုံအမှတ်အသား ဖြစ်သည်။


"ပေကျင်းပြတိုက်မှာ ဒါကိုတွေ့ခဲ့တာ... ၁၉၈၄ ခုနှစ်တုန်းက ရိုက်ခဲ့တဲ့ လမ်းဆုံရဲ့ နောက်ထပ်ဓာတ်ပုံတစ်ခုလို့ ထင်ရတယ်။ လွတ်မြောက်ရေး ထရပ်ကားရဲ့ အမြင့်နဲ့ အဲဒီအချိန်က ပစ်ခတ်မှုရဲ့ ထောင့်ကို အခြေခံလိုက်ရင် လမ်းဆိုင်းဘုတ်ရဲ့ အမြင့်ကို ခန့်မှန်းလို့ရတယ်... အဒေါ့်ရဲ့ အရပ်အမြင့်ကို ခန့်မှန်းဖို့ လမ်းဘေးဆိုင်းဘုတ်ကို ဖြတ်သွားရင်း တိုင်းခဲ့တယ်... တစ်ချိန်တည်းမှာပဲ သူဝတ်ထားတဲ့ ဖိနပ်ကို ညီမ ရှာကြည့်ခဲ့တယ်...တွက်ကြည့်တော့ အဒေါ်ရဲ့ ခြေထောက်ဗလာနဲ့ အမြင့်က ၁.၆၈ မီတာလောက် ရှိတယ်" 


သူမက ရောင်စုံဓာတ်ပုံ တစ်ပုံကို ထပ်ပေးသည်။ ရှီးရှားကျွန်း မသွားခင် အခြားလူဆယ်ယောက်နဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ထားသည့် ပုံဖြစ်၏။ ထိုအချိန်တုန်းက ဆိပ်ကမ်း၌ လူမရှိသည့်အပြင် မြင်ကွင်းမှာလည်း သဲတောင်ကြီးတစ်ခုနှင့် ဖီးနစ်စက်ဘီးက တစ်ဖက်ရှိ ဆိပ်ကမ်း ကြိုးတံတားကို မှီထားလျက် ရှိလေသည်။ 


“အဲဒီတုန်းက ဆိပ်ကမ်းကို ရှာပြီး တူညီတဲ့ထောင့်ကနေ ဓာတ်ပုံရိုက်ခဲ့တာ.... ကြိုးတံတားကို စံနှုန်းတစ်ခုအနေနဲ့ သုံးလိုက်တယ် ဆိပ်ခံအမြင့်ကို တွက်ချက်ဖို့ စက်ဘီးကိုလည်း သုံးတယ်... ဒီပုံထဲက အဒေါ်ရဲ့ အရပ်အမြင့်က ၁.၆ မီတာပဲ ရှိတော့တယ်" 


ဖက်တီး: "ရှစ်စင်တီမီတာ ကွာသွားတယ်..."


“အဲဒီတုန်းက ဖိနပ်အမျိုးအစားတွေ အရမ်းနည်းတဲ့အတွက် ဖိနပ်တွေရဲ့ အချက်တွေကို ပေါင်းစပ်လိုက်ရင် ညီမရဲ့ တိုင်းတာတဲ့ နည်းလမ်းကနေ ရလဒ်တွေက အရမ်းတိကျတယ်... ဖိနပ်တွေပါဝင်ရင် ဓာတ်ပုံနှစ်ပုံထဲက လူတွေရဲ့ အမြင့်က အခြေခံအားဖြင့် ဒီလောက်ထိ မကွာသွားနိုင်ဘူး... ဒီလိုပဲ ဖိနပ်ကို ဖယ်လိုက်ရင် အပျိုဖော်ဝင်စမှာ ရှစ်စင်တီမီတာလောက် တိုသွားတဲ့ မိန်းကလေးကို တွေ့ရပါ့မလား...ဒီလူနှစ်ယောက်က တကယ် မတူကြဘူး... အစ်ကိုဝူရှဲရဲ့ ကောက်ချက်က မှန်တယ်!”


ဝူရှဲ သက်ပြင်းချလိုက်သည်။ 


"ဒါကို ညီမအဖွားကို မပြရသေးဘူး... ဒါပေမဲ့ အဒေါ် တကယ်သေသွားပြီ ထင်တယ်"


"ကလေးမလေး... မင်းက သွက်သားပဲ" ဖက်တီးက ဓာတ်ပုံတချို့ကိုကြည့်ပြီး မှတ်ချက်ပေးသည်။ 


"နည်းပညာ​တော့ မြင့်သား"


"ညီမက အစ်ကိုတို့နဲ့မတူတဲ့ ယဉ်ကျေးတဲ့ လူတစ်ယောက်ပါ" ဟော့ရှို့ရှို့က ဂုဏ်ယူစွာနဲ့ ပြန်ပြော၏။ 


"အခု အစ်ကိုနဲ့ အပေးအယူ လုပ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်​ပြီလား"