DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (13)
ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်
ဝူရှဲ ထိုအိမ်ထဲကနေ ပြေးထွက်လုမတတ် ဖြစ်သွားသည်။ နောက်တော့ ရွံရှာဖွယ် မြင်ကွင်းအနီးကနေ ပြန်ထလာခဲ့၏။ ချိုသဲ့ခေါင်က သူ့အနောက်မှာ ရပ်လိုက်ပြီး ဘီယာတစ်ပုလင်း ပေးလာသည်။
"မင်းမှာ ဘယ်လိုအကြံရှိလဲ"
သူ့မေးခွန်းရဲ့ တိကျတဲ့ အဓိပ္ပာယ်ကို မသိတာကြောင့် ဝူရှဲ သူ့ကိုသာ ကြည့်နေလိုက်သည်။
“တရုတ်လူမျိုးတွေက ချုံပုတ်တွေ ပတ်ပြီး ရိုက်ရတာ ကြိုက်တယ်တဲ့...ငါ့မှာလည်း အဲ့လိုအကျင့်ဆိုးတွေ ရှိနေတာ စိတ်မကောင်းပါဘူး ပူးပေါင်းချင်လားလို့ မေးနေတာ..."
"ပူးပေါင်းမယ် ဟုတ်လား?"
ချိုသဲ့ခေါင်: "ငါ့မှာ အချိန်သိပ်မရှိဘူး... နောက်တစ်ခုက ဒီနေရာက မင်းရဲ့ကမ္ဘာပဲ ငါက ဒီပြည်မှာ အမြဲတမ်း အပြင်လူလေ ဒီမြေက နှစ်သက်မှာ မဟုတ်ဘူး... ပူးပေါင်းဆောင်ရွက်မှုက အမြဲတမ်း ငါ့ရဲ့ရွေးချယ်မှုပဲ...မင်းငါ့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားနိုင်ပေးတယ် မဟုတ်လား"
ဝူရှဲ: "ခင်ဗျား အသံကျယ်ကျယ် ပြောစရာမလိုဘူး... ဘာကိုဆိုလိုတာလဲ ကျုပ် နားလည်တယ်"
ချိုသဲ့ခေါင်: "ငါတို့ လေးနာရီကြာတဲ့ ခရီးကို စူးစမ်းလေ့လာခဲ့ပြီးပါပြီ... ဒါပေမဲ့ အနက်ရောင်တံခါးရဲ့ နောက်ကိုတော့ ဘယ်လိုနည်းနဲ့မှ ဖြတ်ကျော်လို့ မရခဲ့ဘူး... အချက်အလက် အားလုံးကို ငါ ပေးနိုင်ပါတယ် အခြေအနေ တစ်ခုကတော့ မင်းငါ့လူတစ်ယောက်ကို ခေါ်သွားပေးရမယ်...."
ဖန့်ကျစ်က ငြင်းချင်ပုံပေါ်တာကြောင့် ဝူရှဲ ဖန့်ကျစ်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး။
"ခဏစောင့်... ငါ လက်ခံနိုင်မယ် ထင်တယ်"
"သခင်သုံး... သူတို့အားလုံးက လူအုပ်ကြီးပဲ။ သူတို့ရနိုင်တဲ့ အချက်အလက်တွေက ငါတို့အတွက်မဟုတ်ဘူး ဒီလိုအခြေအနေမျိုးမှာ သူတို့နဲ့ ပူးပေါင်းတာက ငါတို့အတွက် တန်ဖိုးမရှိဘူး"
“အဲ့လောက်လည်း မဟုတ်ပါဘူး.... မစ္စတာချိုက သူ မလုပ်နိုင်တဲ့ သဘောတူညီချက်ကို ဘယ်တော့မှ မလုပ်ဘူး... မလုပ်ခင်ကတည်းက သူ့ကိုယ်ပိုင် အခြေအနေတွေကို စဥ်းစားထားလိမ့်မယ်... အဲဒါကြောင့် အရမ်း ယုံကြည်မှုရှိနေတာ...."
ချိုသဲ့ခေါင်က ခေါင်းညိတ်သည်။
"ငါ့အကြံက သိပ်မရိုးရှင်းပါဘူး... ဒီပူးပေါင်းဆောင်ရွက်မှုကို အဆိုပြုရတဲ့ အကြောင်းရင်းက မင်းတို့ မလိုအပ်တဲ့ အနစ်နာခံမှုတွေ မလုပ်မိစေဖို့ပဲ.... ဒီအချက်အလက်တွေသာ မရှိရင် အနည်းဆုံး လေးနာရီကြာတဲ့ ခရီးမှာ မင်းတို့ထဲ တစ်ယောက်ယောက် သေသွားလိမ့်မယ်"
ဖန့်ကျစ်: "အဲဒါ မင်းတို့ အသုံးမကျလို့လေ"
ချိုသဲ့ခေါင်က ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"ကိစ္စမရှိပါဘူး... မင်းတို့ ငါပြောတာကို ယုံမှာ မဟုတ်ဘူး ဒီကျန်းအိမ်တော် အဆောက်အဦက ဘယ်လိုနေရာမျိုးလဲ ဆိုတာ သိဖို့ မင်းတို့ဝင်သွားပြီးမှ သိလိမ့်မယ်... ငါ ဒီမှာ ခေါင်းတလား လေးခု ပြင်ဆင်ပြီး စောင့်နေပေးမယ်... ဟိုဘက်မှာ ထိုင်ပြီး စကားပြန်ပြောဖို့လည်း စောင့်နေပါ့မယ်"
ထို့နောက် စိတ်မချမ်းသာစွာ ခွဲခွာသွားခဲ့သည်။ ဖန့်ကျစ်က ဝူရှဲကို မျက်လုံး မှိတ်ပြသည်။ ဝူရှဲ တကယ် ပူးပေါင်းချင်ပေမယ့် ဖန့်ကျစ်မှာလည်း အချက်တစ်ခုရှိတော့ တောင်းဆိုစရာ ရှိပုံပင်။ သူက ခေါင်းညိတ်ပြပြီး ပြောလာ၏။
"ဒါဆို ကျုပ်တို့ ဒီကိစ္စကို ပြောကြမယ်လေ...လူကြီးမင်းချိုကို ပြီးမှ ဖိတ်ရအောင်!"
နှစ်ယောက်သား စမ်းချောင်းဘေးမှာ ထိုင်ပြီး မသေနိုင်တဲ့ နိုင်ငံခြားသား အပျိုကြီးပြောခဲ့တာနဲ့ သူတို့မြင်ခဲ့ရတာတွေကို တွေးတောနေခဲ့ကြသည်။
ဖန့်ကျစ်: "ဒီရှေးဟောင်းမိသားစု အဆောက်အဦးရဲ့အတွင်းပိုင်းက အရမ်းထူးဆန်းနေပုံပဲ... ချိုသဲ့ခေါင်လူတွေက အပြင်မှာ ရှုပ်ပွနေတတော့ အဆောက်အဦးထဲကို အရာတွေပ သူတို့ရဲ့စွမ်းရည်ကို စမ်းသပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ... ရက်အတော်ကြာတဲ့အထိ လူတွေကသာ သေသွားတယ် ကျန်းအိမ်တော် အဆောက်အဦကို ရှာမတွေ့ခဲ့ဘူးပဲ”
ဝူရှဲ: “ဒီရှေးဟောင်းအဆောက်အဦးက တောင်တွေပေါ်မှာ ရှိရမှာ သေချာလို့လား”
ဖန့်ကျစ်: "သောင်းချီတောင်တန်းမှာ ရှေးခေတ်ကတည်းက ဒဏ္ဍာရီတွေ အများကြီးရှိတယ်... ဒီနေရာက မင်မင်းဆက်မီးရဲ့ ဒဏ္ဍာရီပဲ အဲဒီခေတ်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားခဲ့ဖူးတယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဒီဝေးလံခေါင်သီတဲ့ တောင်ရွာကို လူဘယ်နှစ်ယောက်လောက် ရောက်ဖူးမှန်းမသိဘူး အဲလူတွေမှာ ရည်ရွယ်ချက်တော့ ရှိလိမ့်မယ်... ဒီတောင်တန်းတွေပေါ်မှာ ကျန်းမိသားစု ရှေးဟောင်းအဆောက်အဦ ရှိတယ်ဆိုတဲ့ အချက်ကို ညွှန်ပြတဲ့ သဲလွန်စတွေ အများကြီးလည်း ရှိခဲ့လိမ့်မယ်"
အမှောင်ထုထဲမှာ အဝေးကို လှမ်းကြည့်လိုက်တော့ လူမရှိတဲ့မြေကြီး၊ နက်နဲတဲ့ တောင်တန်းတွေနဲ့ သစ်တောဟောင်းတွေသာ ရှိနေတာ မြင်လိုက်ရသည်။
ဝူရှဲလည်း စီးကရက်တစ်လိပ်ကို မီးညှိပြီး အစောက မြင်လိုက်ရတဲ့ ကြောက်စရာ လူနာအကြောင်းနဲ့ အားကွေ့မိသားစု၊ တတိယဦးလေးရဲ့ ဓာတ်ပုံထဲမှာ မြင်လိုက်ရတဲ့ အရိပ်အယောင်ကို ဖန့်ကျစ်ကို ပြောပြလိုက်သည်။
"ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ သေချာပါတယ်... အဲဒီအရိပ်က ကျွန်တော်တို့ မြင်ဖူးတဲ့ သူနဲ့ တူတယ်ဆိုတာ ဖြစ်နိုင်ခြေများတယ်"
"အဲဒီအကြောင်းကို ထပ်ပြောပြပါဦး" ဖန့်ကျစ်က နားမလည်ပုံပါပဲ။
ဝူရှဲ: "အဲဒီ့လူက ဘာဖြစ်သွားမှန်း ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ ဒီအချိန်မှာ သူ အသက်ရှင်နေနိုင်ပြီလို့ ကျွန်တော်တို့ ယူဆလိုက်ရင် သူ့ခန္ဓာကိုယ်က ဘယ်လိုဖြစ်သွားမလဲ ခင်ဗျား စိတ်ကူးကြည့်လို့ ရတယ်မလား...."
ဖန့်ကျစ် ခေါင်းညိတ်လိုက်သည်။ ထိုလူ မတ်တပ်ရပ်လိုက်ချိန် သူ့ပုခုံးတွေက ပြုတ်ထွက်သွားသလို ဖြစ်သွားသည်။ သူ့တစ်ကိုယ်လုံးမှာ ဒီလိုပုံပျက်နေတာက လုံးဝကို ကုသဖို့ မဖြစ်နိုင်တော့ချေ။
“အစ်ကိုချူးပေးတဲ့ ဓာတ်ပုံက အားကွေ့အိမ်ရဲ့ ဒုတိယထပ်မှာ မြင်ဖူးတဲ့ ထူးဆန်းတဲ့ အရိပ်ပဲ... ခုနက သူ မတ်တတ်ထရပ်လိုက်တဲ့ပုံနဲ့ အရမ်းတူတယ်... ဒီရွာမှာ အဲ့လို့လူတစ်ယောက် ရှိတယ် သူက ဒီလူနာနဲ့ အလားတူ မတော်တဆမှုမျိုး ခံစားခဲ့ရပေမယ့် အသက်ရှင် ကျန်ရစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာ...."
ဝူရှဲ စီးကရက်တစ်လိပ် သောက်ပြီး အသက်ရှုကြပ်လာသည်။
"အဲဒီလူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အဖွဲ့ထဲက ရှေးဟောင်း သုတေသနပညာရှင်ပဲ ဖြစ်နိုင်တယ်"
ဖန့်ကျစ်က တိတ်ဆိတ်နေခဲ့သည်။ ဝူရှဲ ပါးနိုင်မှာ ကြုံခဲ့ရတာတွေကို သူ့ကို ပြောပြခဲ့ပေမယ့် တကယ်တော့ ဝူရှဲက ကိုယ့်အတွက်ပဲ ခွဲထုတ်ပြောပြနေခဲ့မိတာ ဖြစ်နိုင်ပါ၏။
“အဲဒီနှစ်မှာ ရှေးဟောင်းသုတေသန အဖွဲ့က အထုပ်လဲလှယ်တာတွေ မလုပ်ခင် ဒါမှမဟုတ် လုပ်ပြီးမှာပဲဖြစ်ဖြစ် နက်နဲတဲ့ တောင်တန်းတွေထဲကို ဝင်ရောက်ပြီး ရေကန်ရဲ့အစွန်းမှာ ရှေးဟောင်း သုတေသန လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ် ဆိုပါစို့... ဂူထဲဝင်ပြီးရင်တော့ တစ်ခုခု ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ်.... တချို့လူတွေက သေပြီး တချို့ကတော့ အသက်ရှင် ကျန်ရစ်ကြတယ်.. တချို့က ပျောက်ကွယ်သွားပြီးတော့ ထွက်ခွာသွားပေမယ့် ထောင်ချောက်ထဲ ဝင်မိလို့ သေဆုံးသွားတဲ့ လူတွေလည်း ရှိလိမ့်မယ် အဲဒီလူကျတော့ ဂူထဲကနေ ရုန်းထွက်ပြီး အသက်ရှင်လျက် ရွာကို ပြန်လာခဲ့တာ... အဲဒီလူက လျှို့ဝှက်ချက်တွေကို အများကြီး သိထားတော့ ရွာအပြင်ကို ပြန်မလာရဲဘူး... ဒီရွာမှာ သေရမယ်လို့ ထင်ထားပေမယ့် သူ မထင်မှတ်ထားတဲ့ အဖြစ်အပျက်က မပြီးသေးဘဲ ဆယ်စုနှစ်တွေ ကြာလာတာတောင် အရင်ရှေးဟောင်း သုတေသနအဖွဲ့ရဲ့ အသိစိတ်က ဒီရွာမှာ ပြန်ပေါ်လာတယ်...."
ဖန့်ကျစ်: "ဒါကို မင်းကိုယ်တိုင် ဖန်တီးခဲ့တာပဲ မဟုတ်ဘူးလား... ဒါဆို အစ်ကိုချူပေးခဲ့တဲ့ ဓာတ်ပုံကို ဘယ်လိုရှင်းပြမလဲ"
ဝူရှဲ: "အဲဒီဓာတ်ပုံရဲ့ နောက်ခံက ကောအာမုက ဆေးရုံဟောင်း...ကင်မရာရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ အရိပ်တစ်ခုရှိတယ် အစ်ကိုလေးနဲ့လာတော့ ဒီရွာမှာလည်း တွေ့သေးတယ်... သူတို့အားလုံးက အချိန်နဲ့တစ်ပြေးညီ လိုက်လာနေကြသလိုပဲ...ကျွန်တော်လည်း သီးခြားဆက်ဆံရေးရှိလား မသိပေမယ့် ဒီရွာသေးသေးလေးက ထင်ထားတာထက် ပိုများတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာ သိသာတယ်”
ဖန့်ကျစ်: "ဒါဆို ဒီည မအိပ်နဲ့...အားကွေ့ကို ဘာဖြစ်နေတာလဲ မေးကြည့်ရအောင် သူ့အိမ်ရဲ့ ဒုတိယထပ်ကို သွားပြီး အဲဒီကောင်ကို ရှာပေမယ်"
ဝူရှဲက ခေါင်းခါသည်။
"မလိုတော့ပါဘူး"
မျက်နှာသေရဲ့ "ယခင်အိမ်" မှာလည်း အရင်က သူတို့ တွေ့ပြီးတာနဲ့ ချက်ချင်း မီးလောင်သွားသည်။ အဲ့ကောင်ကို ထပ်ရှာရင် အားကွေ့အိမ်က အရာအားလုံး ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် အားကွေ့အိမ်က ဒုတိယထပ်တွင် နေသော ဤလူသည် ညံ့ဖျင်းသောလူ မဟုတ်တော့ကေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တောင် သူသည် အလွန်မြင့်မားသော သတိနှင့် ကွပ်မျက်နိုင်စွမ်းကို ပြသနေနိုင်သေးသည်။
ဘာကြောင့်လဲ?
ချိုသဲ့ခေါင် ပေါ်လာတဲ့ အချိန်အတွင်းမှာ ထိုမြေခွေးအိုက သဲလွန်စတွေ အားလုံးကို ရှင်းပစ်ခဲ့မှာသေချာပြီး ဒီအချိန်မှာ ထိုလူထူးဆန်းကလည်း ရွာထဲမှာ ရှိတော့မှာ မဟုတ်ချေ။
မိမိသာဆိုရင် ချိုသဲ့ခေါင်ရဲ့စခန်းနားက တောင်တန်းတွေမှာ ပုန်းနေမှာ သေချာတယ်လို့ ဝူရှဲ တစ်ယောက်တည်း တွေးနေမိသည်။
ဖန့်ကျစ်: "ကျန်းမိသားစုရဲ့ ရှေးဟောင်း အဆောက်အဦကို အဲဒီတုန်းကလည်း ရှာတွေ့ခဲ့တယ် ထင်လား... နောက်ဆုံး သူတို့ သိမ်းသွားခဲ့တဲ့ သံနဲ့တူတဲ့ ပစ္စည်းတွေက ကျန်းမိသားစုရဲ့ ရှေးဟောင်း အဆောက်အဦကနေ ထွက်လာနိုင်မလား"
ဒီလူရဲ့ အနေအထားကို မသိသေးပေမယ့် မျက်နှာသေရဲ့ အိမ်ကို မီးရှို့လိုက်တာက သူ့အတိတ်ကို ထုတ်ဖော်မပြချင်ဘူး ဆိုတာ သေချာ၏။ သူ့ကိုယ်သူ ထုတ်မပြချင်ဘူးလား၊ ဒါမှမဟုတ် အရာအားလုံးကို ထုတ်ဖော်မပြချင်တာလား မသိပေမယ့် ဝူရှဲမှာ သူ့စိတ်ထဲ၌ အရမ်းဆိုးတဲ့ ခံစားချက်ရှိနေသလို ခံစားနေရသည်။
ဤသတိပေးချက်ဟာ မျက်နှာသေရဲ့အိမ် မီးလောင်ခံရခြင်းနဲ့ ပတ်သက်ပြီး ပြန်စဥ်းစားကြည့်ရရင် သူသည် ထိုဓာတ်ပုံများကို မြင်ရရန် အနည်းငယ် နီးကပ်နေခဲ့သော်လည်း ပေါ့ဆမှုကြောင့် တစ်စုံတစ်ဦးမှ အခွင့်ကောင်းယူသွားခဲ့သည်။
"ဖန့်ကျစ်.. အဖွဲ့မငြိမ်ဘူး ကျွန်တော်တို့ ထွက်လို့ရပါ့မလား"
"ရတယ်... ငါ ဒီလူတွေကို သေချာ ရွေးထားပြီးပြီ သုံးရက်လောက် မအိပ်ဘဲ ကောင်းကောင်း ထိန်းနိုင်တယ်... ဘာလဲ ဘာတွေးမိလို့လဲ?"
"ကျွန်တော်တို့ တောင်ပေါ်ကို ချက်ချင်း သွားရမယ်... တစ်ခုခု ဖြစ်လာတော့မယ်လို့ ထင်တယ်... သူတို့ကို တောင်ပေါ်မှာ အနားယူဖို့ ပြောလိုက်ပါ မနက်ဖြန်ညမရောက်ခင် ရေကန်ကို ရောက်အောင် သွားရမယ်"
ဝူရှဲ ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်သည်။ ကံကောင်းထောက်မစွာပင် တတိယဦးလေး၏ ခြိမ်းခြောက်မှုက မသေးခဲ့။ ဤနေရာက ထူးဆန်းသော လေထုတစ်ခုကြောင့် လူတိုင်းကလည်း ၎င်းတို့၏ အိတ်များကို ထုပ်ပိုးကြသည်။ အားကွေ့ကိုလည်း ညတွင်းချင်းပင် ပြင်ဆင်ခိုင်းပြီး တောင်ပေါ်သို့ တက်လာခဲ့ကြသည်။
ဒါတောင်မှ နောက်ဆုံး လှည့်ထွက်တော့ ညသန်းခေါင် သုံးနာရီလောက်ရှိပြီ။ တောင်ပေါ် တောအုပ်ရဲ့ မှောင်မိုက်တဲ့ညမှာ မြေပြင်မှာက ခြင်တွေအပြည့်နဲ့။ ဝူရှဲ မောပန်းနွမ်းနယ်နေပေမယ့် ရင်ထဲမှာတော့ ပူပင်မှုတွေက ကြီးစိုးနေသည်။ အခုလိုသွားတာက အချည်းနှီး ဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် စိတ်ထဲမှာ မပူပန်ဘဲ မနေနိုင်သေးပေ။
လမ်းတစ်လျှောက်တွင် ဝူရှဲသည် အဖွဲ့ရှေ့၌ လျှောက်သွားကာ အားကွေ့အနောက်မှာ နေရာယူသည်။ အားကွေ့က ခွေးသုံးကောင်ကို ဦးဆောင်ကာ လမ်းရှင်းပေးနေသည်။
ခေတ္တအနားယူပြီး မိုးလင်းသည်ထိ ဆက်လျှောက်လာကြသည်။ ပထမ ထောက်ပံ့ရေးနေရာကို သတ်မှတ်ပြီးနောက် ဆက်ထွက်ခွာကြသည်။ လမ်းတလျှောက်မှာ ချိုသဲ့ခေါင်တို့ အဖွဲ့ကို အပြာရောင် ရွက်ဖျင်တဲကြီးဖြင့် လှမ်းမြင်လိုက်ရပေမယ့် လျစ်လျူရှုပြီး လမ်းဆက်လျှောက်ကြ၏။
နတ်ဆိုးရေကန် အနားသို့ ရောက်သောအခါ နေမင်းကြီးက အမြီးတစ်ခုသာ ကျန်တော့သည်။ ငြိမ်သက်နေသော ရေကန်ကြီးပေါ်တွင် အုံ့ဆိုင်းနေသော အလင်းရောင်တစ်ခုသာ ရှိတော့ရာ ပတ်ဝန်းကျင်က အလွန်မှိန်နေပုံရသည်။
သို့သော် တစ်ဖက်ကမ်းရှိ ကမ်းခြေတွင် မီးရောင်တွေက တောက်ပနေသည်။ အနီရောင်မီးလုံးများက မယုံနိုင်လောက်သော မြင်ကွင်းကို ထင်ဟပ်စေသည်။
နေရာတိုင်းတွင် မီးတောက်များနှင့် ဟင်းချက်စရာများ နေရာများအပြင် ကျောက်ဆောင်များကြားတွင် ယာယီတဲများ အများအပြား ရှိနေသည်။ လူနှစ်ဆယ်သုံးဆယ်၊ ခွေး၊ ဘဲ၊ အကောင်နှစ်ဆယ်၊ သုံးဆယ်တို့က ရောနှောနေကြ၏။ အသံဖမ်းစက်တစ်ခုသည် သီချင်းဆိုနေရာ ဘီယာဗူးများနှင့် Coke ဗူးများသည် ကျောက်တုံးများကြားရှိ နေရာများ၌ ပြန့်ကျဲနေသည်။
မီးရောင်အောက်မှာ လူနှစ်ယောက် သုံးယောက်က ဖဲရိုက်နေကြသည်။ တချို့က မှင်တက်ကာ သောက်လိုက် စားလိုက်ကြတာ အလွန်သာယာတဲ့ ခေတ်မီ သင်းအုပ် မြင်ကွင်းတစ်ခုလိုပင်။
အားကွေ့: “ကျောက်ကမ်းခြေက သူဌေးတွေက အိပ်ရာအိတ်ထဲမှာ မအိပ်နိုင်တဲ့အတွက် တဲတွေဆောက်ကြတာလေ... ဘဲတွေကိုက အစာအတွက် မွေးမြူကြတယ် တစ်ကောင်ပြီး တစ်ယောက် ယူလာရတာ ခက်တာကို... အိမ်တစ်အိမ်စီက တစ်ဒါဇင်လောက် ဖမ်းပြီး ယူလာတော့ ဘာပဲဖြစ်ဖြစ် ဘဲလေးတွေက ရေကန်ထဲက မလွတ်နိုင်ဘူးလေ....ဒီရက်ပိုင်းထဲ ကျုပ် ပက်လက်ကုလားထိုင်တွေ ယူလာပေးတယ်... တချို့ သူဌေးတွေက နေပူဆာ လှုံချင်ကြတယ်တဲ့ ”
ရှောင်ဟွားက အနောက်ကနေ အားကွေ့ပုခုံးကို လှမ်းပုတ်လိုက်သည်။
"လူတိုင်းက ဒီလိုပါပဲ... ဒီလုပ်ငန်းမှာ အလုပ်လုပ်တဲ့သူတွေက အချိန်နဲ့ ပျော်ရွှင်ဖို့ မွေးဖွားလာကြတာလေ..."
ကမ်းနားက ကျောက်ဆောင်ကြီး တစ်ခုပေါ်မှာ ထိုင်ပြီး နမ်းနေတဲ့ နိုင်ငံခြားသား ယောက်ျားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို ကြည့်မိလိုက်တော့ ဝူရှဲ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ စခန်းချမယ့်နေရာသို့ လျှောက်သွားသောအခါ လူတိုင်းက ဘီယာပုံးများ စုပုံနေသည့်နေရာမှ ဖြတ်သွားရလေသည်။
ထိုလူများက ဖန့်ကျစ်ကို ဘာမှမထူးခြားသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့ဖြတ်သွားတော့ ဘာမှမပြောသလို ဘီယာဘူးခွံတွေတောင် လှမ်းမပစ်ကြတော့ပေ။
ဖန့်ကျစ်: "သူတို့က ငါတို့ကို သူတို့လူလို့ မှတ်ယူထားပုံရတယ်...ချိုသဲ့ခေါင်က စိတ်မချရဘူး... သူ့မှာ ကင်းသမားတောင် မရှိဘူး"
"မရှိတာတော့ မဟုတ်ပါဘူး...အဲဒီလူက နည်းနည်း ကောင်းကောင်း အလုပ်လုပ်တဲ့ လူပဲ..."
ရှောင်ဟွားက တစ်နေရာကို ကြည့်ပြီး ဘီယာလေး သောက်ရင်း ညွှန်ပြသည်။ ဝူရှဲ လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က ဆေးလိပ်သောက်နေသကဲ့သို့ တဲအပြင်ဘက်ရှိ တောအုပ်တစ်ခုထဲ၌ မီးပွားအနည်းငယ် ပေါ်လာတတ်တာကို လှမ်းတွေ့လိုက်ရသည်။
ဝူရှဲ့: "တစ်ယောက်တည်းလား?"
ရှောင်ဟွား: "တစ်ယောက်ပဲ... သူ့လက်ထဲမှာ မျက်စိကောင်းကောင်းရှိတဲ့ ကောင်လေးတစ်ယောက် ရှိမယ်လို့ ထင်တယ်"
ဖန့်ကျစ်: "သူတို့နဲ့ ခပ်ဝေးဝေး နေကြရအောင်...မီးခိုးတွေ ပြည့်နေရင် လူတွေလည်း ရှုပ်တယ်"
သူက ညိုမဲနေတဲ့ ရေကန်ရဲ့တစ်ဖက်ကို ညွှန်ပြလိုက်သည်။