(15) အက်ကြောင်းထဲက ဖက်တီး
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (15) 

အက်ကြောင်းထဲက ဖက်တီး



ဝူရှဲ အံ့အားသင့်ပြီး ပျော်ရွှင်သွားကာ ချက်ချင်းဆိုသလို လှည့်အော်လိုက်သည်။ 


"လာစမ်း....တစ်ယောက် ဒီကွက်လပ်ကို ဖွင့်ကြည့်လိုက်... အထဲမှာ ငါတို့ရဲ့လူ ရှိတယ်!"


ပတ်ဝန်းကျင်ရှိ လူအားလုံးကို အော်ပြောပြီးနောက် ရှောင်ဟွားရဲ့ "ဂေါ်ပြားယူခဲ့!" ဟူသော စကားလုံးက လေချွန်သံနှင့်အတူ ပြေးထွက်သွားရာ လူငယ်များစွာက ၎င်းတို့၏ ကျောပိုးအိတ်ကို ဆုတ်ဖြဲကာ ကိရိယာများကို ထုတ်ယူလာကြသည်။ ဖန့်ကျစ်ရဲ့ လှုပ်ရှားမှုများက အလွန်လျင်မြန်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာမှန်း သိသာ၏။ 


အဲဒီလူတွေ အနားကပ်လာတဲ့အခါ ဝူရှဲမှာ ဘာတွေဖြစ်ကုန်မှန်း မသိတော့​ပေ။ သူသည် မျက်နှာဖုံးစွပ်ထားပြီး ဘာမှလုပ်လို့ မရတော့တာကြောင့် ဘေးသာ ထွက်နေခဲ့ရသည်။ လူငယ်တွေဟာ ရှောင်ဟွားရဲ့ အမိန့်အရ ဘေးကနေ ပေါက်တူးတွေနဲ့ ပန်းရံတူတွေသုံးပြီး ကန့်လန့်တိုက်နေကြသည်။ 


ဤအကွာအဝေး အနီတစ်ဝိုက်ရှိ ကျောက်တုံးများ၏ အရောင်သည် ကျောက်တုံးများနှင့် အတိအကျ တူပေ၏။ အနည်းငယ်ကြာပြီးနောက်တွင် ကျောက်စရစ်ခဲများ အက်ကွဲသွားတာ တွေ့လိုက်ရသည်။ ဟိုဘက်ခြမ်းမှာ တွေ့နေရတဲ့ အက်ကွဲကြောင်းက သူ ထွက်လာတုန်းက ဖြစ်ခဲ့တဲ့ အ​ပေါက်ဖြစ်မယ်လို့ တွေးရင်း အမြန်ပြန်ကြည့်လိုက်သည်။ 


အဲဒီနောက်မှာတော့ အပေါက်ကို ပိုကြီးအောင်လုပ်ဖို့ အရမ်းခက်လာသည်။ ဝူရှဲရဲ့ရှေ့မှ ကွက်လပ်က ကျောက်တုံးအဝိုင်းဟာ ဒဏ်ရာကို ကုစားထားသလိုပဲ ပြန်ကျဥ်းသွားခြင်းပင်။ သို့သော် ကုစားထားသော အက်ကြောင်းသည် ကျောက်တုံးများနှင့် အတိအကျတူပြီး အသွင်အပြင်မှာပင် တူညီလုနီးပါး ဖြစ်သည်။


သေသေချာချာ စဉ်းစားဖို့ အချိန်မရတော့ပေ။ ဖက်တီးကို အတွင်းကနေ ဆွဲထုတ်လိုက်တဲ့ အခါမှာတော့ ဖက်တီးက သတိလစ်သွားခဲ့ပါပြီ။ သူအရင်ကထက် နည်းနည်းပါးပါးတော့ ပိန်သွားသည်။ သူ့မျက်လုံးတွေအောက်မှာ စိမ်းညိုရောင် ရွှံ့တွေနဲ့ ဖုံးထားကာ သေသွားသလိုပင်။ ဝူရှဲ သွေးခုန်နှုန်းက အလွန်ပြင်းထန်စွာ ခုန်နေသေးသည်။


လူများစွာသည် ဖက်တီးကို ရေကန်ဘေးရှိ လေဝင်လေထွက် ကောင်းသည့် နေရာသို့ အလျင်အမြန် သယ်ဆောင်လာကြသည်။ ဖက်တီးသည် ကြိမ်ဖန်များစွာ ပင်ပန်းနွမ်းနယ်နေခဲ့ပုံပင်။ သူ့ကို မြေကြီးပေါ်သို့ ပစ်ချလိုက်စဥ် ဘေးက စောင့်ကြည့်နေသူများပင် ကြေကွဲသွားသည်။ 


ရေကန်ဘေးကို ဆွဲချပြီး ဓါတ်ဆီမီးဖွင့်လိုက်တဲ့အခါ ဖက်တီးကိုယ်တိုင်က ရုပ်ရည်မသန့်သလို၊ သူ့အလေးနက်ဆုံး အသွင်အပြင်ကိုတောင် မမြင်ရတော့ပေ။ ခေါင်းတလားထဲက ခုနကမှ ထွက်လာခဲ့ရသလို သူ့ခန္ဓာကိုယ်ကို စိမ်းစိုရွှံ့နွံများဖြင့် ဖုံးအုပ်ထားသည်။ ရှောင်ဟွား သူ့ကို ဆေးကြောပေးဖို့ ရေကန်ထဲမှ ရေတွေ သွားခပ်ခိုင်းသည်။ သူ့အရေပြားတွေကဆိုရင် ဥအရွယ်အစားဖြင့် ဖုံးအုပ်ထားသလိုပင်။


"ဟူး...အဲဒီဝက်တော့ ဖျားနေပြီ ထင်တယ်" 


စားပွဲထိုးတစ်ယောက်က တိုးတိုးလေး ပြောသည်။


"သူသေပြီလား... ဘာလို့မလှုပ်တာလဲ"


တစ်စုံတစ်ယောက်က ဖက်တီးမျက်နှာကို ပုတ်လိုက်စဥ် ဝူရှဲ လှမ်းပိတ်ရိုက်လိုက်သည်။ ရှောင်ဟွားက သူသိတဲ့ ဆရာဝန်ကို လာကြည့်ခိုင်းလေသည်။ တခြားလူမဟုတ်၊ အစ်မယာပင်။ 


"အစ်မယာ" လာနေရင်း ဝူရှဲကို တစ်ချက်ကြည့်လိုက်သည်။ သူမက ဆံပင်ကို ကြိုးနဲ့ချည်ပြီး ဖက်တီးကို စစ်ဆေးကြည့်သည်။ ဒီအချိန်မှာ ဝူရှဲကတော့ တခြားလူတွေရဲ့ သံသယတွေကို ရှောင်ဖို့ ဂရုမစိုက်တော့ဘဲ ဘေးကနေ ကြည့်နေဖို့ တွန်းအားပေးခဲ့သည်။ မျက်နှာဖုံး အတွင်းတွင် သူ့ခေါင်းသည် တဒိန်းဒိန်း ခုန်နေသော်လည်း ကံကောင်းထောက်မစွာပင် ၎င်းတို့က မမြင်နိုင်ပေ။


"အစ်မယာ" သည် ဖက်တီး၏ အဝတ်အစားများကို ကတ်ကြေးဖြင့် ဖြတ်တောက်လိုက်ရာ လမ်းတစ်ဝက်တွင် ဖက်တီးဗိုက်ကို သူ၏လက်သည်းများဖြင့် နက်ရှိုင်းစွာ ကုတ်ခြစ်ထားသော သွေးထွက်သံယို အမှတ်အသားများဖြင့် ဖုံးလွှမ်းထားတာ တွေ့လိုက်ရသည်။ 


ပထမတစ်ချက်မှာ ယုတ္တိမရှိပေမယ့် ဒီအမှတ်အသားတွေဟာ အလွန်သိသာ ထင်ရှားတဲ့ ပုံစံတစ်ခုပါတယ် ဆိုတာကို တစ်ချက် ကြည့်လိုက်ရုံနဲ့ သိနိုင်သေး၏။ အစ်မယာသည် စိုစွတ်သော မျက်နှာသုတ်ပဝါကို သုံး၍ ဖက်တီး၏ သွေးစွန်းကွက်များကို ဂရုတစိုက် သုတ်ပစ်ကာ ပိုပြင်းထန်သော ဒဏ်ရာများကို ရှာဖွေခဲ့သည်။ 


သွေးအစွန်းအထင်းတွေကို ဖယ်ရှားပြီးလို့ ကြည့်လိုက်တော့ တခြားနေရာတွေက သွေးအမှတ်အသားတွေက သူ့ဗိုက်ပေါ်ရှိ ပုံစံတူတဲ့ သွေးအမှတ်အသားတွေကို ထွင်းထုထားတာ တွေ့လိုက်ရသည်။ 


"ဒါက စကားလုံးတွေလား" လို့ တစ်စုံတစ်ယောက်က ပြောလာသည်။ 


"ဒီလူက သူ့ဗိုက်ပေါ်မှာ စကားလုံးတွေ အများကြီး ရေးထားတာလား..."


အစ်မယာက ဖက်တီးကိုယ်ပေါ် ဖုံးအုပ်ထားတဲ့ ကုတ်ခြစ်ရာတွေကို ဆက်ပြီး စစ်ဆေးကြည့်ရင်း အဲဒီအဝတ်အစားတွေကို ဆက်ဖွင့်လိုက်သည်။ ဖက်တီး၏ ဝမ်းဗိုက်အောက်ပိုင်း အမှတ်အသားများ၊ ပုံစံတစ်ခုလုံး၏ ကောက်ကြောင်း ပုံသဏ္ဌာန်သည် အမှန်တကယ်ပင် စကားလုံးများနှင့် တူ၏။


ဒီလို ခြစ်ရာမျိုးဟာ အရေပြားကို တော်ရုံတန်ရုံ အင်အားနဲ့ ခြစ်ဖို့ မလွယ်ပေ။ ချွန်ထက်တဲ့အရာကို အသုံးပြုတာ သေချာသည်။ ဝူရှဲ ဖက်တီးလက်ကို ကောက်ကိုင်လိုက်တဲ့အခါ သေချာသည်မှာ သူ၏လက်မလက်သည်းများတွင် ချွန်ထက်သော တြိဂံပုံများစွာကို တွေ့လိုက်ရသည်။


ဖက်တီးကိုယ်တိုင်က ရွှံ့ဖြစ်နေပေမယ့် သူ့ကိုယ်သူ ပြန်ကုတ်ခြစ်ထားခဲ့တာပဲ ဖြစ်လေသည်။ ဒီအမှတ်အသားတွေကို လက်သည်းတွေနဲ့ ထွင်းထားတာက သာမန်လူတွေ လုပ်ချင်တဲ့အရာ မဟုတ်ပါဘူး။ 


ဖက်တီးက ဘာကိုဖော်ပြချင်တာလဲ? 


ပထမအပိုင်းသည် အနာဖေး ဖြစ်သွားခဲ့ပြီ။ ကုတ်ခြစ်ရာ အားလုံးကို အချိန်အတော်ကြာအောင် ထွင်းထုထားခဲ့ခြင်း ဖြစ်မည်။ အစာအိမ်တွင် ပထမဆုံးဖြတ်ခြင်းမှာ အနည်းဆုံး ခုနစ်ရက် ရှိပြီဖြစ်ပြီး နောက်ဆုံးအပိုင်းမှာ သွေးစွန်းနေဆဲ ဖြစ်သည်။ ဒါကို စဉ်းစားပြီးနောက် ဝူရှဲ ပြောလိုက်သည်။ 


"မတ်တပ်ရပ်ပြီး သူ့ကို ဘေးစောင်းလိုက်ရင် ရေးထားတဲ့စာကို နားလည်နိုင်လိမ့်မယ်"


ဝူရှဲ ပြောတဲ့အတိုင်း ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ကာ ဖက်တီးအနောက်ကို လှမ်းကြည့်လိုက်ပေမယ့် နားမလည်နိုင်သေးဘူး။


"သူ့အဝတ်အစားတွေထဲကို ကြည့်ကြည့်... တစ်ခုခုများ ရှိ​နေမလား..."


လူအများအပြားကလည်း စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဖွဖွဖွတ်ကာ အလျင်လို ရှာနေကြစဥ် အစ်မယာက ပြောလာသည်။ 


"ဝေးဝေးကပဲ ကြည့်... ဒီမှာ လာမရှုပ်နဲ့!!" 


ထိုအခါမှပင် ဖက်တီးကို အရင် ဘာလုပ်​ပေးရမှန်း သိလိုက်ရသဖြင့် ချက်ချင်းပင် သူတို့ကို လက်ပြနှုတ်ဆက်ကာ ရှောင်ဟွားတို့အား ထွက်သွားခိုင်းခဲ့သည်။ ဖက်တီးကို စိတ်ပူလွန်းလို့ ရင်ပူနေရာ အသံကိုလျှော့ပြီး အစ်မယာကို မေးလိုက်သည်။ 


"သူ အန္တရာယ်ရှိလား" 


အစ်မယာက ဖက်တီးလည်ပင်းကို ကိုင်ပြီး ပြန်မဖြေတော့ပေ။ သူ့သွေးခုန်နှုန်းကို စမ်းသပ်နေတာ မြင်တော့ ဝူရှဲ ထပ်မမေးရဲတော့ချေ။ 


“နောက်ဆုံးတော့ ရှင်ကျွန်မကို စကားပြောဖို့ ဆန္ဒရှိပြီပေါ့” 


ဝူရှဲစိတ်တွေ ရှုပ်ကုန်သည်။ ​​ဒါကို ဘယ်လိုဖြေရမလဲ။ ဖက်တီးကို စိတ်ပူနေတာမလို့ လှည့်ထွက်မပြေးချင်ဘူး။ သူ့စိတ်ထဲမှာတော့ တတိယဦးလေးရဲ့ စရိုက်ကို တွေးလိုက်မိပါ၏။ ဒီလိုစကားတွေကို သူဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို စဥ်းစားရသည်။ ထို​သူက စားတာသောက်တာ၊ ကောင်မလေး၊ မိန်းမတွေနဲ့ သီးသန့်ဆက်ဆံတာ ဘယ်လိုနေလဲ မသိပေ။ 


သူမက အဖြေကို အချိန်အတော်ကြာအောင် စောင့်နေသော်လည်း ဝူရှဲကို မကြည့်ဘဲ ဖက်တီးရဲ့ မျက်ခွံများကို ဖွင့်ကြည့်လိုက်သည်။ 


"ဒီကာလအတွင်း ရှင်ဘာတွေ လုပ်ခဲ့လဲဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး.... ရှင်ပြောတဲ့ စကားတချို့ကို အရူးတွေပဲ ယုံပေမယ့် ရှင့်မှာလည်း အကြောင်းပြချက် ရှိမယ် ဆိုတာ ကျွန်မ ယုံကြည်တယ်.... ပြန်လာတာကို ကျွန်မဆီ ဘာလို့အမြန်ဆုံး မလာတာလဲ?" 


"ခွေးကောင်ချိုးနဲ့ လောင်လျို့..." 


ဝူရှဲ တုံ့ဆိုင်းသွားသည်။ 


"ရှင့်ကို သူတို့ ဆန့်ကျင်တာ တစ်ရက်နှစ်ရက်ပဲ ရှိသေးတာမှ မဟုတ်တာ ကျွန်မရှင့်ကို မကူညီနိုင်ဘူးလား ရှင့်ရဲ့ အရူးဖန့်ကလွဲရင် ဘယ်သူ့ကိုမှ မယုံဘူး မဟုတ်လား"


"ဒီတစ်ခါတော့ မင်းကို မပါဝင်စေချင်ဘူး"


ဝူရှဲခမျာ ခြေထောက်တွေ နည်းနည်းလေး လှုပ်ခါနေတဲ့ အမျိုးသမီးကို လှည့်စားဖို့ အရမ်းစိတ်ဖိစီးရလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ဆေးလိပ်ကို ချက်ချင်း မီးညှိလိုက်သည်။ သူမက ဆေးလိပ်မသောက်ခင် လှည့်ကြည့်လိုက်ရင်း စီးကရက်ကို ဆွဲထုတ်ပြီး ကျောက်တုံးပေါ် ဖိချလိုက်ပေ၏။ 


"ရှင့်လည်ချောင်းကို ခွဲစိတ်ပြီးခါစလေ... ဆေးလိပ်အရမ်းမသောက်နဲ့"


ဝူရှဲ ခြောက်ကပ်စွာ ရယ်လိုက်သည်။ ဒါက အငယ်အနှောင်း မဟုတ်ပါဘူး၊ ဒါက တော်ဝင်ဧကရီရဲ့ ပုံစံဆိုတာ ထင်ရှားပါ၏။ ဒါပေမဲ့ တတိယဦးလေး အသက်ရှင်နေသေးရင် သူ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ယောက် လိုအပ်နေသေးတယ်လို့ ထင်မိပေမယ့် သူ့အသက်က သေလားရှင်လား ယခုအထိ မသေချာသေးတာက သနားစရာ ကောင်းလှသည်။ 


"ရှင်ကျွန်မကို မရှင်းပြရသေးဘူး" 


သူမက ဖက်တီးရဲ့အရိုးကို ထိလိုက်သည်။


“ကိစ္စက နည်းနည်းတော့ ရှုပ်ထွေးတယ်…” 


ဝူရှဲခမျာ ပြောဖို့ တွေးနေရသည်။ ပြောရခက်တာက သူ့ဦးလေးနဲ့ သူ ကြုံခဲ့ရတာတွေက ယုံဖို့တောင် ခက်တယ်လေ။ ဒါကို သာမာန်လူတွေ နားလည်နိုင်မှာ မဟုတ်ဘူး။ ဝူရှဲ ပိုဒုက္ခများလာသည်။ 


"မင်းအထင်....."


သူ စကားမဆုံးခင်မှာ ဖက်တီးလက်က သူမလက်ကို ဇတ်ကနဲ ဖမ်းဆွဲလာလေရာ အစ်မယာလည်း ရုတ်တရက် လန့်ဖျပ်သွားပြီး ထအော်လိုက်သည်။ ဖက်တီးက ခွန်အားတွေ အများကြီး သုံးထားတာကြောင့် ရှောင်မပြေးနိုင်တော့ပေ။ ဖက်တီးက အဓိပ္ပာယ်မဲ့ စကားတွေကို တောင်ရောက်မြောက်ရောက်ဖြင့် ရေရွတ်နေ၏။ 


သူ့အသံက တော်တော်ကို တုန်လှုပ်သွားပုံပင်။ ဝူရှဲ သူ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့လက်ကို အစ်မယာရဲ့ လက်ကောက်ဝတ်ကနေ ဆွဲထုတ်လိုက်ပြီး နားထောင်ဖို့ စောင်းလိုက်သည်။ 


သူ စကားပြောနေတာပဲ။ အချိန်အတော်ကြာ နားထောင်ပြီးနောက်တွင် သူပြောနေသည့် စကားက အပူလှိုင်းတစ်ခု ရုတ်တရက် ထိုးတက်လာသလိုမျိုး ဝူရှဲခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင် အားလုံးကို ထောင်တက်သွားစေခဲ့သည်။ 


အနီးနားရှိလူများက ဆူညံသံကို ကြားသောအခါ တစ်ခုခုဖြစ်နေပြီဟု ထင်ကာ ဝိုင်းလာကြည့်ကြသည်။


"သူ ဘာပြောတာလဲ" 


ရှောင်ဟွားက အပြင်က ဆေးအိတ်ကို ကိုင်လာပြီး မေးသည်။ 


“သူတို့ အသက်ရှင်နေသေးတယ်လို့ ပြောတယ်... ဒါပေမယ့် အခြေအနေက အရမ်းအန္တရာယ်များတယ် ငါတို့ကို ဆင်းပြီး ကယ်စေချင်တာ....”


"သူတို့က အသက်ရှင်နေသေးတယ်... လူတွေကို ကယ်တင်ဖို့ ဓါတ်ပုံတွေနောက်ကို လိုက်ရတော့မှာပေါ့" 


တကယ်တော့ ဖက်တီးပြောခဲ့တာက စကားလုံးရှစ်လုံး ဖြစ်ကာ သူက အဆက်မပြတ် ရေရွတ်နေခဲ့ပြီး ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တဲ့ စကားတွေပင်။ သူ့စကားကို နားလည်ဖို့ သူ့စကားသံကို အရမ်းရင်းနှီးနေရလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ဝူရှဲက အဲဒီလိုလူ ဖြစ်နေခဲ့၏။  


အဲဒီအချိန်မှာ ဝူရှဲ ရုတ်တရက် မောဟိုက်လာတော့သည်။ စိတ်ထဲကလည်း ကျိန်ဆဲမိ၏။ ဖက်တီးက သတင်းပို့ရန် သူ့ကိုယ်သူ စာပို့တဲ့စာရွက်ကြီးလိုလုပ် ဤနေရာအထိ ပြေးလာခဲ့တာဟု ထင်ရ​လေသည်။


သက်သာရာရခြင်း၊ စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားလာခြင်း သို့မဟုတ် အခြားစိတ်ခံစားချက်များ ရောထွေးလာသည်။ မြေအောက်ထဲက လူတွေအတွက် ယောင်ဝါးဝါး စိတ်ပူလာပြီး ဆကိတွေးဖို့ မကြိုးစားမိတော့ပေ။ နောက်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ တကယ်မသိတာကြောင့် အခု ခံစားချက်တွေကို ထုတ်မ​ပြတာ ပိုကောင်းလေသည်။ 


ဖက်တီးကို ပြန်တွေ့ရတော့ ဝူရှဲ ယုံကြည်ချက် ပိုရှိလာသည်။ ဘယ်လိုခံစားချက်တွေကို ထုတ်ဖော်ရမလဲ​တော့ မသိချေ။ ဖက်တီးက ဆက်ပြောနေတုန်းပါပဲ။ သူ့တစ်ကိုယ်လုံးက ဝက်ရူးပြန်တဲ့ အခြေအနေကို ရောက်သွားသလိုပင်။ ဝူရှဲ ဖက်တီးနားထဲသို့ သူ့အသံအစစ်နဲ့ တိုးတိုးပြောမှပဲ ငြိမ်သွားသည်။ 


အကြိမ်အနည်းငယ် ပြောပြီးနောက် ဝူရှဲ လက်ကောက်ဝတ်ပေါ်ရှိ သူ့လက်က ဖြည်းညှင်းစွာ ဖြေလျှော့သွားပြီး တစ်ကိုယ်လုံးက လူမေ့မြောသွားသလိုမျိုး တစ်ကိုယ်လုံး ဖြည်းဖြည်းချင်း လျော့ရဲလာသည်။


ရှောင်ဟွား: "ဘယ်ပုံလဲ... ပုံက ဘယ်မှာလဲ"


ဖက်တီးရဲ့ဗိုက်ကို ကြည့်လိုက်ရင်း အဲဒီအထဲက အမှတ်အသားတွေက ဘာတွေလဲ ဆိုတာ ဝူရှဲ သိလိုက်သည်။ 


"ဒီပုံစံတွေ အားလုံးကို ခြေရာခံဖို့ တစ်ယောက်ယောက်ကို အမြန်ရှာလိုက်"