DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (19)
ဖက်တီး နိုးလာပြီ
လေးနာရီအကြာမှာတော့ ဖက်တီး နိုးလာသည်။ ရှောင်ဟွားအပါအဝင် အားလုံးက သူပေးနိုင်မယ့် အရိပ်အမြွက်တွေကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပေမဲ့ သူက နိုးလာပြီးနောက်မှာတော့ ပြန်မအိပ်ခင် ဆယ်မိနစ်သာ ကြာသွားခဲ့သည်။ ဤအချိန်အတွင်း သူသည် နောက်ထပ် သုံးကြိမ် နိုးလာကာ အမြဲတစေ လစ် လျစ်လျူရှုကာ လုံးဝ မဆက်သွယ်နိုင်ပေ။
အစ်မယာက သူ အရမ်းမောပန်းနေတာကြောင့်လို့ ဆိုသည်။ တစ်ဖက်ကလည်း သူ့ဗိုက်ပေါ်က "မြေပုံ" ကို လေ့လာနေတယ်လို့ ပြောပါ၏။ ဒဏ်ရာအဟောင်းနှင့် ဒဏ်ရာအသစ်များကို အခြေခံ၍ ကြည့်လျှင် ဖက်တီး ဗိုက်ပေါ်ရှိ ဤခြစ်ရာများ၏ အလှည့်တိုင်းက ထောင့်ကွေ့တွေ ဖြစ်မည်။ သို့သော် ဒီလိုနဲ့တော့ အက်ကြောင်း၏ ရှုပ်ထွေးမှုကို သေချာ မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။
ဝူရှဲ အရမ်းစိတ်မရှည် ဖြစ်လာသည်။ ဖက်တီးက အသားအနာခံကာ ဒီမြေပုံနဲ့ သူတို့ကို လူတွေကို ကယ်တင်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်၏။ မိမိတို့ရဲ့ တုံ့ဆိုင်းမှုကြောင့် အောက်ခြေက လူတွေကို တစ်ခုခုဖြစ်သွားရင် ဝူရှဲ နောင်တရပြီး ကိုယ့်ကိုကိုယ် သတ်သေမိမှာ သေချာတယ်လို့ တွေးမိသည်။
ရှောင်ဟွားက သူတို့ကြားတွင် အတည်ငြိမ်ဆုံးသူဖြစ်ပြီး လမ်းပြမြေပုံမှလွဲ၍ အခြားအသုံးဝင်သော အချက်အလက်များ မရှိဘူးဟု ဆိုလာသည်။ ဖန့်ကျစ်ကလည်း လူအားလုံးရဲ့ အသက်ကို တာဝန်ယူရမယ်လို့ ပြောဖူးသည်။ ဒါ့အပြင် ရှောင်ဟွား ပြောတာမှန်ပေမယ့် ဘယ်နှစ်ကြိမ်ပဲပြောပြော ဝူရှဲ စိတ်ထဲမှာ အရမ်းကို စိုးရိမ်နေ၏။
နောက်ထပ် လေးနာရီကြာအောင် စောင့်ပြီးနောက် ဖက်တီးက နိုးလာမည့် အရိပ်အယောင် မပြသေးပါ။ ထိုမှသာ ရှောင်ဟွားက စတင်ရန် ဆုံးဖြတ်ခဲ့သည်။ သူနဲ့ ဖန့်ကျစ်က လမ်းပြမြေပုံမှန်သလား ဆိုတာကို သိဖို့ လူတွေကိုခေါ်ပြီး အရင်ဆင်းသွားမည်။ ဝူရှဲက အပေါ်မှာ ဖက်တီးနိုးလာတဲ့အထိ စောင့်ရမည်။ ဒါက ဖန့်ကျစ်ရဲ့ ယခင်အစီအစဉ်ဖြစ်သည်။
ရှောင်ဟွားနဲ့ ဖန့်ကျစ်ကို လုံးဝ သတိထားဖို့ မှာလိုက်သည်။ ဒါက ဝူရှဲအတွက် အရမ်းအရေးကြီးသည်။ ဒီစစ်တုရင်ဂိမ်းကို မိမိတစ်ယောက်တည်း မကစားနိုင်ပါ။ ရှောင်ဟွားကတော့ အန္တရာယ်ရှိမှန်းသိတာနဲ့ သတင်းပို့မယ့်လူကို ရှာပြီး လွှတ်လိုက်မယ်၊ ဝူရှဲအား အသင့်ပြင့်ကာ စောင့်နေဖို့ ပြောခဲ့သည်။
သူတို့ထွက်သွားပြီးနောက် ဝူရှဲ ဖက်တီးရဲ့တဲထဲကို ဝင်သွားခဲ့သည်။ ဖက်တီးကိုဂရုစိုက်ဖို့ ရှို့ရှို့ကိုပါ ခေါ်ထားရ၏။ သူတစ်ယောက်တည်း ရှိတုန်းက အစ်မယာက စကားလာပြောတတ်တာကြောင့် အခုလည်း လာတိုက်ခိုက်ရင် ရှို့ရှို့ ရှိနေလို့ အဆင်ပြေသွားလိမ့်မည်။
ဖက်တီး နှစ်နာရီအတွင်း နိုးထလာမည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်း နိုးထလာချိန်က နောက်နေ့ညနေပိုင်း ဖြစ်နေပြီ ဖြစ်သည်။
ရှောင်ဟွားနဲ့ အခြားသူများ ဆင်းသွားပြီးနောက်တွင် လမ်းခရီးက ချောမွေ့သွားပုံပါပဲ။ သတင်းဆိုးတစ်ခုမျှ မကြားရတာကြောင့် ဝူရှဲရဲ့ စိုးရိမ်ပူပန်မှုတွေလည်း နည်းပါးသွားခဲ့သည်။ ဒါကြောင့် ဖက်တီ နိုးလာပြီးနောက် ဝူရှဲခမျာ ပိုစိတ်ရှည်ပြီး ပြန်ကောင်းလာဖို့ စောင့်နေခဲ့၏။
လူတစ်ယောက် နိုးလာတာနဲ့ ပထမဆုံး လုပ်တတ်တာက မျက်လုံးဖွင့်ပြီး တဲထိပ်ကို ဆယ်မိနစ်လောက်ကြာအောင် လှည့်ပတ်ကြည့်မည်။ ဖြည်းဖြည်းချင်း စကင်န်ဖတ်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။
ဝူရှဲမှာ သူပြန်အိပ်တော့မယ်လို့ ထင်သွားတာကြောင့် မထိန်းနိုင်တော့ဘဲ သူ့ကို ရေအေးနဲ့လောင်းချချင်စိတ်တွေ ပေါ်လာတော့သည်။ မထင်မှတ်ပဲ ဖက်တီးက မျက်လုံးပြန်ဖွင့်ပြီး ပါးစပ်ပါ ဖွင့်လာ၏။
“ဒီအိမ်မက်ထဲမှာ လူကြီးလူကောင်းတွေ ရှိနေတယ်...အဲဲဒီတော့ အခု မြင်နေရတာက သေချာပေါက် အိပ်မက်မဟုတ်ဘူး..."
အစ်မယာ: “ရှင့်ခန္ဓာကိုယ်မှာ မသက်မသာ ခံစားရတဲ့ နေရာရှိလား”
"ရှိတယ်... ငါတကယ်ပဲ အဲဒီနေရာကို ပွတ်သပ်ချင်တယ် ဒါပေမယ့် မင်းကိုပြောရင် မင်းငါ့ကို အနံ့ဆိုးကြီးလို့ ခေါ်လိမ့်မယ်"
အစ်မယာလည်း ဝူရှဲကို လှမ်းကြည့်သည်။ ဒီလိုမျိုး အားကိုးလို့မရတဲ့လူကို သူမ တစ်ခါမှ မတွေ့ဖူးတာ ထင်ရှားပါ၏။
ဖက်တီးက မျက်လုံးပြူးပြပြီး :"သခင်သုံး... ခင်ဗျား မသေဘူးလား... ဧကန္တ ငါလည်း လျောသွားလို့ လာကြိုတာလား....ငါသေပြီလား သောက်ကျိုးနည်း! နံစော်နေတဲ့ ခွေးမတွေက သေသွားတာတောင် ငါ့ဆီ တစ်ချက်လေး လာမတွေ့ကြဘူးလား?"
ရှို့ရှို့: "ပေါက်ကရတွေ! အခြေအနေကို မြန်မြန်ပြောစမ်းပါ... ကျွန်မတို့က လူတွေကို သွားကယ်ရဦးမှာ..."
ဒီအကြောင်း ပြောလိုက်တော့ ဖက်တီး မျက်လုံးတွေက ခဏလောက် မှိတ်သွားပြီး။
"ဟေ့ ငါ မေ့နေတာ ဘယ်နှစ်ရက်ရှိပြီလဲ "
ဖက်တီးတစ်ယောက် သူ့ဘာသာ သဘောပေါက်ဖို့ အချိန်အတော်ကြာသွားသည်။ သူ့အာရုံတွေ ပြန်ရတာနဲ့ ထထိုင်ချင်လာ၏။ ဒါပေမဲ့ အချိန်အကြာကြီး အိပ်မောကျပြီးနောက်မှာ သူ့ကြွက်သားတွေ ထုံကျင်နေခဲ့ရာ မထခင်မှာ အစ်မယာက သူ့ကို ပွေ့ချီပြီး ကျောပိုးအိတ်တချို့ကို ကျောနောက်မှာ တင်ထားပေးလိုက်ရသည်။
သူ နည်းနည်း ပျင်းလာပြန်သည်။ ထို့ကြောင့် အစ်မယာက ဖက်တီးခေါင်းပေါ် မျက်နှာသုတ်ပဝါကို တင်ကာ နေရောင်ခြည်ရအောင် တဲဘေးရှိ ပြတင်းပေါက်များကို ဖွင့်ပေးလိုက်ပြီး လန်းဆန်းသွားအောင် လှုံ့ဆော်ပေးလာသည်။
ရှို့ရှို့က သူ့ကို ဘယ်လို ရှာတွေ့ခဲ့လဲဆိုတာနဲ့ အချိန်ကို အတိုချုံး ပြောပြခဲ့သည်။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ ခဏအကြာတွင် တရားထိုင်နေပုံဖြင့် ငြိမ်သက်သွားကာ။
"ဒါဆို အဲဒီနေရာကနေ ငါထွက်သွားတာ ဆယ့်နှစ်ရက်ရှိပြီပေါ့"
ပြီးတော့ သူက ခေါင်းကို လှည့်ပြီး ရှာဖွေတော့သည်။
"ငဒူလေးရော....ငါအစောတုန်းက သူ့အသံကို ကြားလိုက်သလိုပဲ..."
ဝူရှဲ: "သူက ဆင်းသွားပြီ... လူတွေကို ကယ်တင်ဖို့ မြေပုံအတိုင်း လိုက်ခိုင်းထားတယ် သူနဲ့ ဖန့်ကျစ်တို့ နှစ်ယောက်လုံး သွားပြီ... ၄၈ နာရီ နီးပါးရှိပြီ"
ဖက်တီးက ဤစကားကို ကြားသော် “လူဘယ်နှစ်ယောက် ဆင်းသွားကြပြီလဲ” ဟု မေးရင်း ညည်းတွားသည်။
ရှို့ရှို့: "လူလေးယောက်"
ဖက်တီးက ခဏလောက်စဉ်းစားပြီး "ဒီကိစ္စမှာ ငါအချိန်ရှိသေးတယ်... ဒီငဒူလေးက နောက်ဆုံးတော့ မှန်သွားပြီ... ဒီတစ်ခါတော့ ပိုလေးနက်တယ်လို့ ငါထင်ခဲ့တာ... သခင်သုံး ခင်ဗျားက ဘယ်လိုဖြစ်တာလဲ ဘာလို့ထပ် ပေါ်လာပြန်ပြီလား?"
ဝူရှဲက ခြောက်ကပ်စွာ ရယ်လိုက်သည်။
"ဒါက ဇာတ်လမ်းရှည်ကြီးပဲ... မင်း ဘာဖြစ်သွားတာလဲ ငါတို့ကိုအရင် ပြောပြရမယ်"
ဖက်တီးက တစ်ခုခုသောက်ချင်ကြောင်း လက်ဟန်ပြလာသည်။ ဖီပေါင်က ချက်ချင်း ကော်ဖီတစ်ခွက် သွားဖျော်ကာ ယူလာပေး၏။
ဖက်တီး :"ပြောမယ်... ခင်ဗျားတို့ ဘယ်နှစ်ယောက်ရှိလဲ အရင်ပြောပါ"
ဝူရှဲ ပြောပြလိုက်တော့ ဖက်တီးက ခေါင်းညိတ်သည်။
"ဆယ့်နှစ်နာရီအတွင်း ကျုပ်တို့ ထွက်သွားရမယ်... ကျုပ်လမ်းပြမယ်... သူတို့ကို အမီလိုက်နိုင်လောက်သေးတယ်"
ဝူရှဲ: "မင်းက ဝင်ချင်သေးတာလား?"
"ဒီနေရာက အခြေအနေက အရမ်းထူးခြားတယ် နောက်မှပြောပြမယ် အခြေခံအားဖြင့်တော့ ကျုပ်မြေပုံအတိုင်း လိုက်နာရင် အန္တရာယ်မရှိဘူး.... အဲဒါကို ငဒူလေးကတော့ ကိုင်တွယ်နိုင်မှာ သေချာတယ်.. ဒါပေမဲ့ သူတို့ နောက်ဆုံးအဆင့်ကို သေချာပေါက် မကျော်နိုင်တော့ဘူး"
ဝူရှဲ ဖက်တီးအကြောင်းကို ကောင်းကောင်းသိသည်။ သူနောက်နေတာ မဟုတ်ဘူးလို့ ခံစားရသည်။ သူစကားပြောတဲ့အခါ သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ သိ၏။ ဒါကြောင့် ဖီပေါင်ကို မျက်စောင်းထိုးပြီး ချက်ချင်း ပြင်ဆင်ဖို့ ပြောလိုက်သည်။
ဖက်တီးက သူ့လက်နှင့်ခြေများကို လှုပ်ရှားသော်လည်း နေရောင်အောက်တွင် သူ့မျက်နှာသည် အနည်းငယ် ပျော့ပျောင်းနေသေး၏။ ဝူရှဲ ပြန်မအိပ်ချင်ဘူးလားလို့ မေးတော့ သူက ခေါင်းယမ်းပြသည်။
"ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး... ကျုပ်တို့ ကြုံခဲ့ရတာတွေကို ချက်ချင်း ပြောပြမှရမယ်"
ဝူရှဲလည်း ခေါင်းညိတ်လိုက်ပြလိုက်သည်။ သူက သက်ပြင်းချရင်း။
"ဟူး.... သခင်သုံး ဒီတစ်ခါတော့ ကျုပ် မျက်လုံးတွေ တကယ်ပွင့်နေပြီ ကမ္ဘာပေါ်မှာ ဒီလိုထူးဆန်းတဲ့ နေရာတွေရှိမယ်လို့ကို မထင်ထားဘူး"