(22)မှန်ထဲမှာ ဘာရှိလဲ
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (22) 

မှန်ထဲမှာ ဘာရှိလဲ



ဖက်တီးလည်း မှန်ကိုဘာမှ မလုပ်ဝံ့တဲ့အတွက် သူလာရာလမ်းအတိုင်း ပြန်သွားရတော့သည်။ သို့သော် သူထင်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာချေ။ ထွက်ပေါက်ကို ရှာမတွေ့ဘဲ နာရီပေါင်းများစွာ လှည့်ပတ်နေခဲ့ရသည်။


မူလက အလွန်တည်ငြိမ်သော ဥမင်လိုဏ်ခေါင်းသည် သူဘယ်လောက် ခက်ခက်ခဲခဲ ပြေးနေပါစေ အဆုံး မရှိသလို ဖြစ်သည်။ သူဘယ်လောက်ပဲ ကျယ်လောင်အော်နေပါစေ သူ့ရှေ့မှာ မှောင်မဲနေတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုသာ အမြဲတမ်း ရှိနေခဲ့၏။ 


အဲဒီတုန်းက သူခံစားခဲ့ရတာက ဤဥမင်လိုဏ်ခေါင်းသည် အသက်ရှင်လျက် ရှိသည်။ ၎င်းက ဥမင်လိုဏ်ခေါင်းထဲရှိ လူများကို နှောင့်ယှက်ရန် အလိုအလျောက် ပုံသဏ္ဌာန်ပြောင်းလဲနိုင်သည်။ သူတို့၏ အပြုအမူသည် နောက်ဆုံးတွင် ဥမင်လိုဏ်ခေါင်းကို ဒေါသထွက်စေခဲ့ပြီး ဥမင်လိုဏ်ခေါင်းက သူ့ကို စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားအောင် ဤနည်းလမ်းကို အသုံးပြုလိုခဲ့သည်။


စိတ်ဓာတ်ကျခါနီးမှာပဲ ဖက်တီးဟာ ကယ်တင်ရှင်ကို ရုတ်တရက် တွေ့လိုက်ရသလို ဥမင်လိုဏ်ခေါင်းရှေ့က ကျောက်နံရံမှာ ဖောက်ထားတဲ့ တွင်းနက်ကြီးကို သူ တွေ့လိုက်ရ၏။ 


ဤတွင်းနက်ကြီးရဲ့ တည်နေရာက ဥမင်လိုဏ်ခေါင်း အဝင်ဝပဲ ဆိုတာ သူသတိရမိသည်။ ဥမင်လိုဏ်ခေါင်းက တောင်ထဲသို့ ထောင့်ဖြတ် ထည့်ထားတဲ့ ပိုက်လုံးကြီးလိုပါပဲ။ ဒါ့အပြင် ဤတောင်နံရံပေါ်ရှိ ကျောက်တုံးများက မမာကြောချေ။ 


ထိုအချိန်တွင် ဖက်တီူသည် သူ၏ ရက်စက်မှုကို ပြသတဲ့အနေဖြင့် သယ်လာသမျှ ဖောက်ခွဲရေး ပစ္စည်းများ အားလုံးကို ဆယ်ပိုင်းခွဲ၍ ချထားလိုက်သည်။ လမ်းကို ပြင်းပြင်းထန်ထန် တွန်းထုတ်ချင်တာကြောင့် ဂူထဲကို ခြောက်မီတာကနေ ခုနစ်မီတာအထိ အနက်ကို ဖောက်ထုတ်လိုက်ပေမယ့် ကျောက်တုံးကြီးထဲက လူတစ်ယောက်ရဲ့ အရိပ်ကိုသာ ဖောက်ထုတ်ပစ်လိုက်မိလေ၏။ 


ယခင်က ဂူတွင်းရှိ ဝူရှဲနဲ့ အတွေ့အကြုံကို ပြန်အမှတ်ရသောအခါ သူသည် အပြင်ဘက်ရှိ ကျောက်အရေခွံကို တိုက်ရိုက် ရိုက်ခွဲကာ ကျောက်တုံးပေါ်ရှိ လူကိုပါ အသေရိုက်သတ်ပစ်ခဲ့သည်။ ထို့နောက် ကျောက်နံရံထဲ၌ ရက်အတော်ကြာ တွားသွားခဲ့သည်။ ဒါပေမဲ့ ထွက်ပေါက်က ကျဉ်းလွန်းလို့ ညှစ်ထုတ်လို့ မရတော့ချေ။ 


ဒါကို သူက မမျှော်လင့်ထားပါဘူး။ ဒါကြောင့် ဝူရှဲတို့မပေါ်ခင် လေးရက်လောက် စောင့်ခဲ့ရသည်။ ဖက်တီးရဲ့ ဇာတ်ကြောင်းကို နားထောင်ပြီးတဲ့ နောက်မှာတော့ ဝူရှဲ အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရပြီး စိတ်ထဲမှာ အလွန်တရာ အဆင်မပြေတဲ့ ခံစားချက်ကိုလည်း ခံစားလိုက်ရပါ၏။


ချမ်းစိမ့်စိမ့် ဖြစ်သွားသလိုလိုပါပဲ။ 


ဒီအအေးဓာတ်က ဘယ်ကလာတယ်ဆိုတာ ဝူရှဲ သူ့ဘာသာ အတိအကျသိပါသည်။ အသေးစိတ်အချက်များ အပါအဝင် ဖက်တီးရဲ့ ခြုံငုံသုံးသအ် ဇာတ်ကြောင်းက သူ့အား နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေတဲ့ ခံစားချက်ကို ပေးစွမ်း​လေသည်။


တကယ်တော့ ဒါဟာ ရင်းနှီး​နေရုံသာမက ရင်းနှီးပြီးသား အတွေ့အကြုံကြီးပါ။ 


ဒီဂူထဲမှာ ဖက်တီး တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ အားလုံးဟာ ဦးလေးသုံးရဲ့ ပင်လယ်​ရေအောက် သင်္ချိုင်းမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေနဲ့လည်း အတူတူပါပဲ။


ဦးလေးသုံး ပင်လယ်ကြမ်းပြင်၌ ရှိနေသောအခါတွင် အလွန်ထူးဆန်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အိပ်ရာမှ နိုးလာကာ လူအားလုံး ပျောက်ကွယ်သွားတာ တွေ့လိုက်ရသည်။ ဖက်တီးလည်း ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီနေရာမှာ တစ်ယောက်တည်း ကျန်ခဲ့ရသည်။ 


သဲလွန်စတွေကို ရှင်းမပြနိုင်လို့ နည်းနည်း ထိတ်တလန့်လာမိပေမယ့် တစ်ချက်က​တော့ သေချာသလောက်ပါပဲ။ အဲဒါက ပင်လယ်​ရေအောက် သင်္ချိုင်းမှာလား၊ တိမ်ထိပ် ကောင်းကင်နန်းတော် မှာလား၊ ဒါမှမဟုတ် ဒီမှာလား။ သုံးနေရာစလုံးမှာ "ထောင်ချောက်" ပုံစံက အရမ်းဆင်တူသည်။ 


ယခင်က စုံစမ်းစစ်ဆေးခဲ့တာတွေ အရတို ဤနည်းပညာ အားလုံးနီးပါးသည် လက်သမားဆရာ ဝမ်ကျန့်ဟိုင်ထံမှ လာခြင်း ဖြစ်သည်။


ထိုအချိန်တုန်းက ဝမ်ကျန့်ဟိုင်သည် တိမ်ထိပ် ကောင်းကင်နန်းတော်ကို ပထမဆုံး ပြုပြင်ပြီးနောက် သူ့ကိုယ်သူ မြှုပ်နှံဖို့ ရေအောက်သင်္ချိုင်းတစ်ခု တည်ဆောက်ခဲ့သည်။ နောက်ဆုံးတွင် တူညီသော နည်းပညာသည် ဤနေရာတွင် တစ်ဖန်ပေါ်လာ​ပြန်သည်။


ဝမ်ကျန့်ဟိုင်က ဤနည်းပညာများရဲ့ အရင်းအမြစ် ဟုတ်မဟုတ် မသေချာပေမယ့် ဝူရှဲ နှလုံးသားထဲတွင် အသေးစိတ် စီရင်ချက်များစွာ ရှိ​နေသည်။ ဒီလိုဆိုရင် အဲဒီလူက တကယ်မိုက်တာပဲ။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် တော်ဝင်သင်္ချိုင်းကို ပြုပြင်ရန် အရှေ့ရှ လူမျိုးများကို ကူညီနေချိန်၌ သူကိုယ်တိုင်ကိုက အလွန်ထူးချွန်သော လက်သမားဆရာ တစ်ဦးလည်း ဖြစ်ခဲ့နိုင်သည်။ 


အဲဒီတုန်းက မြေအောက် ရှအင်ပါယာ သင်္ချိုင်းကနေ တည်ဆောက်ပုံ ဒီဇိုင်းများစွာကို သင်ယူခဲ့ပြီး သူ့ရဲ့ရှေးဟောင်းသင်္ချိုင်းကို တည်ဆောက်ရာမှာ အသုံးပြုခဲ့လိမ့်မည်။ ဝမ်ကျန့်ဟိုင်ဟာ ယနေ့တိုင်အောင် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ ဒါကြောင့် သူ့​အရည်အချင်းများက ကျန်းမိသားစုထံ သို့မဟုတ် မိုးကြိုးပုံစံ မိသားစုထံဆီ ရောက်သွားခဲ့ပေမည်။ 


ပထဝီဝင် အနေအထားအရ ပြောရလျှင် ကျန်းမိသားစုသည် အရှေ့မြောက်ပိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သော လူမျိုးစုတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ကျန်းမိသားစုရဲ့ ပထဝီဝင် တည်နေရာသည် တိမ်ထိပ် ကောင်းကင်နန်းတော်နှင့် အလွန်နီးကပ်ပြီး မိုးကြိုးပုံစံ မိသားစုကတော့ ရှီးရှားရဲ့ ပထဝီဝင် တည်နေရာနှင့် နီးကပ်စွာ တည်ရှိသည်။


ဒီအတွက် ဖြစ်နိုင်ခြေ နှစ်ခုရှိပါ၏။ ပထမအချက်မှာ ဝမ်ကျန့်ဟိုင်သည် အရှေ့ရှတွင် လှုပ်ရှားနေချိန် မတော်တဆ အခွင့်အလမ်း တစ်ခုကြောင့် ၎င်းနည်းပညာများကို ချန်ထားခဲ့သည် သို့မဟုတ် ဖြန့်ကျက်ခြင်းပင် ဖြစ်မည်။ 


အခြားဖြစ်နိုင်ချေ တစ်ခုမှာ ဝမ်ကျန့်ဟိုင်ဟာ ပင်လယ်ရေအောက် သင်္ချိုင်းအတွက် ရတနာသင်္ဘောကြီးကို တည်ဆောက်နေချိန်၌ အဆိုပါနည်းပညာများကို ကမ်းရိုးတန်းလူများထံ ဖြန့်ကြက်ခဲ့သည်။


ပထမတစ်မျိုးကို ကျန်းမိသားစုဝင်တွေက ကျန်းမိသားစု ရှေးဟောင်း အဆောက်အအုံအတွင်း၌ ဒီနည်းပညာတွေကို အသုံးပြုထားတာကြောင့် နောက်ခံစနစ် တစ်ခုလုံးနဲ့ ပိုကိုက်ညီသွားခြင်းပင်။ 


မိုး​ကြိုးပုံစံနဲ့ ပတ်သက်ပြီးတော့ ပြောရရင် အခုအချိန်အထိ သဲလွန်စတွေ အားလုံးက ဒီရှေးကျတဲ့ ကျန်းမိသားစု အဆောက်အဦကို သူတို့ ဒီဇိုင်းဆွဲထားကြောင်း ဗိသုကာနမူနာ အများအပြားကို တွေ့နေရသည်။ သို့သော် ကျန်းမိသားစု စရိုက်အတိုင်း ယန္တရားတွေ မတွေ့ရပေ။ ဒါဟာ အလွန်ထင်ရှားတဲ့ အချက်တွေပါပဲ။ 


တကယ်လို့သာ မူလ အခိုက်အတန့်ကို ပြန်မသွားရင် ဒီသမိုင်းက အစစ်အမှန် ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ချေ။ 


ကျန်းချီလင်ရဲ့ ယန္တရားအပေါ် လွန်ကဲစွာ နားလည်မှု အကြောင်းကို ထပ်တွေးကြည့်ပြီးနောက် ဖက်တီးက ဒီလို ပြောလာသောအခါတွင် ဝူရှဲစိတ်ထဲမှာ တိကျသေချာတဲ့ အတွေးတစ်ခု ရှိနေပြီ။ ထိုနေရာက ယန္တရားဖွဲ့စည်းပုံဟာ ကြီးမားပြီး သင်္ချိုင်း တစ်ခုလုံးအ​​ပေါ် အုပ်မိုးနေလိမ့်မည်။ ထို့ကြောင့် မျက်နှာသေက ယန္တရားအား ရှာမတွေ့ခဲ့ခြင်းသာ။ 


အလားတူပင် ထိုအချိန်တုန်းက ရေအောက် ဂူသင်္ချိုင်းထဲတွင်လည်း အခန်းတစ်ခုလုံး ရွေ့လျားသွားပြီး သူ့ခမျာ မျက်နှာသေကို ရှာမတွေ့ခဲ့ပေ။ ဒါပေမယ့် မျက်နှာသေရဲ့ IQ နဲ့တော့ ယန္တရား မရှိတာ သေချာသလောက်ပါပဲ။ သူ့နောက်ကွယ်က ယန္တရားကို မတော်တဆ မခံစားနိုင်ရင်တောင် ပင်လယ်အောက်သင်္ချိုင်းတွင်းက သူ့ရဲ့အတွေ့အကြုံကို အခြေခံပြီး ယေဘုယျ အခြေအနေကို ခန့်မှန်းနိုင်သင့်ပါ၏။ 


ဒါ​ပေမဲ့ သူဘာ​ကြောင့်​ မ​ပြောတာလဲ။


သူ့မှာ အမြဲတမ်း ကိုယ်ပိုင်အစီအစဥ် ရှိတတ်သည်။ ဟုတ်တယ်၊ ဒါက အဓိကသော့ချက်ပဲ။ ထိုသူဟာ ဂူလည်ပတ်မှုရဲ့ ယေဘူယျ ယန္တရားကိုတောင် ခန့်မှန်းလို့ ရတယ်လို့ ဆိုရမည်။ ဖက်တီးက လူခွဲကာ စမ်းသပ်ဖို့ အဆိုပြုတော့ သူ သဘောတူခဲ့သည်။ ဒါက သူဟာယန္တရားကို ဘယ်လို ဖွင့်ပိတ်ရမလဲ သိနေပြီးသား ဖြစ်ပေမည်။ 


သူသည် လူအများကို သေသည်အထိ လျစ်လျူရှုထားမည့်သူ ဖြစ်သည်။ သူက လူတိုင်းကို ကယ်တင်ရန် ပြန်လာကာ ရှေးဟောင်းအဆောက်အအုံသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ဖက်တီးကိုတော့ မခေါ်သွားဘဲ တခြားတစ်နေရာသို့ ပို့လိုက်သည်။ ဒီရည်ရွယ်ချက်ကဘာလဲ။


ဖက်တီးက သူတို့ကို မြင်နိုင်တဲ့ နေရာကို ပို့ဆောင်လိုက်သဖြင့် ဖက်တီးက သူတို့အသက်ရှင်နေသေးတာကို တွေ့ခဲ့ရသည်။ ဒါက သူ့အစီအစဉ်လား။ သူတို့ အသက်ရှင်နေသေး​ကြောင်း ဖက်တီး သတင်းပို့နိုင်ဖို့လား။ 


ဒီလိုက အဓိပ္ပာယ်မရှိပေ။ ဖက်တီးက ဒီအချက်အလက်တွေကို ဖြန့်ဝေပြီးတာနဲ့ သူ့ကို ကယ်တင်ဖို့ ဝူရှဲဆိုတဲ့လူက ပိုကြိုးစားတော့မှာပဲ။ ဒါပေမယ့် ဒီလိုဖြစ်ရင် မျက်နှာသေက "နှစ်" ဆိုတဲ့ စာလုံးကို မပေးသင့်ပေ။ သူ အနည်းဆုံး ရှင်းလင်းတဲ့ စာတစ်စောင် ထားခဲ့သင့်ပါ၏။


ဝူရှဲ အဲဒါကို နားမလည်နိုင်ချေ။ ဒီအချက်အလက်က ဖက်တီးကို ရှေးဟောင်း အဆောက်အအုံထဲကို မဝင်အောင် တားဆီးတာ သက်သက်ပဲလို့ ခံစားရစေသည်။ ဒီခံစားချက်က တော်တော့်ကိက အဆင်မပြေပါ။ 


မျက်နှာသေရဲ့ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဖက်တီးအား ရှေးဟောင်း အဆောက်အအုံထဲသို့ ဝင်ခွင့်မပြုခြင်းသည် ဤခရီးက ပြန်လမ်းမဲ့ခရီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားလို့ပဲ ဖြစ်လိမ့်မည်။ 


မျက်နှာသေရဲ့ ကျွမ်းကျင်မှုနဲ့ ရဲစွမ်းသတ္တိကို တွေးကြည့်ရင် သူကိုယ်တိုင်ကတောင် ပြန်လမ်းမဲ့နေရာဟု ယုံကြည်ခဲ့ပြီမလို့ အခြေခံအားဖြင့်တော့ ဘာတိုးတက်မှု အခွင့်အလမ်းမှ မရှိ​​လောက်​တော့ပေ။


မျက်နှာသေက သူသေသွားပြီလို့ တွေးစေချင်တာပဲ။ 


သို့သော် အဘွားဟော့နဲ့ အခြားသူများကိုပါ ခေါ်ဆောင်သွားခဲ့သည်။ ဧကန္တ အဘွားဟော့နဲ့ သူမလူတွေကတော့ သေလို့ရတယ်လို့ တွေးနေတာလား။ မျက်နှာသေနဲ့ အဘွားဟော့ကြားမှာ သူ မသိတဲ့ အတိတ်က အဖြစ်အပျက်တွေ အများကြီးရှိသေးတယ်လို့ ထင်ပါ၏။ 


အသက် ၉၀ အရွယ် အဘွားကြီးက ဤနေရာကို စွန့်စားပြီးတောင် လာခဲ့သေးသည်။ သူတို့ရဲ့ သက်ဆိုင်ရာ ပြဿနာတွေက ကြီးမားလွန်းတာကြောင့် ဖြေရှင်းရမယ်လို့ ထင်ရပြီး သေသွားလည်း အရေးမကြီးပါဘူးလို့ တွေးနေတာ ဖြစ်နိုင်မလား။  




ဘာသာပြန် - တကယ် ဝူရှဲတွေးနေသလိုသာဆို အစ်ကိုလေးရဲ့ ဂရုစိုက်မှုတွေကို တွေ့ရတယ်နော်။ သူ ဖက်တီးကိုလည်း ဂရုစိုက်တယ်။ ဝူရှဲကိုလည်း လိုက်မလာစေချင်တော့ ဝူရှဲကို အကြပ်ကိုင်မှာစိုးလို့ အဘွားဟော့ကိုပါ ခေါ်ချသွားတာ။ အဲဒါကြောင့် တိဗက်ပင်လယ်ပန်း LA ထဲမှာ ဝူရှဲပုံရိပ်ယောင်တွေမြင်တော့ အဘွားဟော့က ဝူရှဲကို 'မင်း ကျန်းချီလင်အကြောင်း ဘာမှမသိဘူး' လို့ ပြောခဲ့တာ။