(29) အမှားကနေ အမှန်ပြောဖို့ခက်တယ်
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (29) 

အမှားကနေ အမှန်ပြောဖို့ခက်တယ်



ဝူရှဲမှာ ဒီလို ကြေကွဲစရာကောင်းတဲ့ အခြေအနေကို ရောက်ကတည်းက ဒီလိုအခြေအနေမျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ လမ်းတစ်လျှောက်မှာ သူကသာ ဟိုလူဒီလူ ဆိုပြီး သံသယဝင်ခဲ့ပေမယ့် အခုနောက်ဆုံးတော့ သူ့ကို သံသယဝင်မယ့် အလှည့် ရောက်လေပြီ။ 


အဖော်တွေက သူ့ကို မယုံကြည်တော့ဘူးဆိုရင် ဒီလျှို့ဝှက်ဆန်းကြယ်မှုမှာ သူအားကိုးနိုင်တဲ့ အရာအားလုံး မရှိတော့ဘူးလေ။ ဝူရှဲ ချက်ချင်းပဲ ပြောလိုက်သည်။ 


"မေးခွန်းတွေ မေးလိုက်စမ်းပါ.... လှည့်စားမခံရစေနဲ့... မင်းမယုံရင် ငါ့ကိုလည်း မေးခွန်းတွေ မေးလို့ရတယ်..."


ဖက်တီးက သူ့ကိုကြည့်ကာ တခြားဝူရှဲကိုလည်း တစ်ချက် ကြည့်လိုက်သည်။ 


"သူအရင်ဖြေပါစေ... သူ ပါးစပ်ဟတာနဲ့ အမှန်တရားက ချက်ချင်းပေါ်လာမှာပဲ" 


သေနတ်ကိုင်ထားတဲ့ ဖက်တီးရဲ့လက်က ဖြည်းဖြည်းချင်း နှေးနှေးကွေးကွေးနဲ့ လှုပ်ရှားရင်း ဝူရှဲဆီ လှမ်းလာခဲ့သည်။ 


"ဟမ့် ဖက်တီးငါ့ရဲ့ ပထမဆုံး ခံစားချက်ကိုပဲ ငါ ယုံတယ်.... ဆက်ကြည့်ရအောင်..."


ထို့နောက် ဖက်တီးက တစ်ဖက်လူဘက်သို့ ပြန်လှည့်သွားသည်။ 


"ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်.... တိတ်တိတ်လေး ဖြေ... မင်း မဖြေနိုင်ရင် အမှန်အတိုင်းပဲ ပြောလိုက်!"


အဲဒီလူက ဝူရှဲနဲ့ ဖက်တီးကို ခဏလောက် ကြည့်ပြီးနောက် ရုတ်တရက် ခေါင်းခါပြလိုက်သည်။ 


"မလိုဘူး.... မင်းတို့က မှန်တယ် အချိန်ဖြုန်းနေစရာ မလိုဘူး"


ဖက်တီး ဝူရှဲကို ပြုံးပြနေချိန် ထိုလူက ဆက်ပြောလာသည်။ 


"ဒီဖက်တီးကို ထွက်သွားခိုင်းလိုက်... ငါမင်းကို ဘာ​တွေဖြစ်နေလဲ ပြောပြမယ်"


ဖက်တီးက ရယ်ပြီး ကျိန်ဆဲလေ၏။ 


"အရှက်မဲ့တဲ့ကောင်!! ဖက်တီးငါ့ကို ဒီလိုမျိုး ဆက်ဆံလို့ရမယ် ထင်နေလား...ငါကတော့ မင်း ဒီဟာကြီးကို ဆက်ဝတ်ထားဦးမယ်လို့ ထင်နေတာ မင်းက မြန်မြန်ကြီး ချွတ်ချပစ်လိုက်တာပဲ!"


ကောင်လေးက ရယ်ပြီး: "ငါ သည်းမခံနိုင်ဘူး...မဝတ်ထားနိုင်တာ မဟုတ်ဘူး.... မထိုက်တန်ဘူးလို့ ခံစားမိရုံပဲ... ဒါပေမဲ့ မင်း ဒီမှာ ရှိနေရင် ငါ ဘယ်တော့မှ မပြောဘူး... သခင်သုံးကိုပဲ ပြောလို့ ရတယ်... မင်း ငါ့ကို မယုံရင် မင်း အတင်း ဝန်ခံခိုင်းတာတွေဖြစ်ဖြစ် ငါ့ကို သတ်ရင်ဖြစ်ဖြစ် လုပ်လိုက်ရင် အမှန်ကို မသိရဘဲ နောင်တရလိမ့်မယ် "


ဝူရှဲမှာ ဒီကောင်က အချိန်ဖြုန်းချင်တယ်လို့ ထင်နေတဲ့အတွက် ဖက်တီးကို တစ်ချက် ကြည့်လိုက်သည်။ အမှန်အတိုင်းသိရဖို့ စောစော ရှောင်ခိုင်းလိုက်တာ ကောင်းပေ၏။ ဖက်တီးလည်း ဒေါသတကြီးနဲ့ တောထဲကို လျှောက်သွားတော့သည်။ 


ဝူရှဲလည်း "ဝူရှဲအတု" ဘက်လှည့်ပြီး ​ပြောလိုက်သည်။ 


"ငါ့ကို မလိမ်နဲ့ မင်းရဲ့အချိန်ကို နှောင့်နှေးအောင် လုပ်နေလည်း အသုံးမဝင်ဘူး"


ထိုလူက ဖက်တီး လျှောက်သွားနေတာကို ကြည့်ပြီး ပြော၏။ 


"တတိယသခင်လေး... ငါက ဒီလောက်မရိုးရှင်းဘူး ကိစ္စကလည်း မင်းထင်သလောက် မရိုးရှင်းဘူး" 


ဝူရှဲ ခဏလောက် ထိတ်လန့်သွားပြီး “ကိုယ့်ကိုယ်ကို” လို့ အပြုံးတစ်ဝက်နဲ့ ကြည့်လိုက်တော့ လေထုကလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ 


ဝူရှဲ မဖြေဘဲ ဘာဖြစ်နေတာလဲလို့ တွေးနေမိသည်။ သူ မိမိက လိမ်လည် လှည့်ဖြားနေတယ်ဆိုတဲ့ အရိပ်အယောင်တွေကို တွေ့ခဲ့တာလား ဒါမှမဟုတ် မိမိရဲ့ကိုယ်ရေးကိုယ်တာ အစစ်အမှန်ကို တကယ်သိခဲ့တာလား တွေးမိ၏။ ဒါပေမဲ့ ဝူရှဲ ခဏလောက်အထိ နှုတ်ဆိတ်နေခဲ့ပြီး ထိုသူကပဲ စကားဆက်လေသည်။ 


"မင်း ဒါကို စဉ်းစားနေစရာ မလိုပါဘူး... ရေရှည် တွေးကြည့်ရင် ပြဿနာကို ရှင်းပြထားပြီးသား... နောက်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာလည်း ငါ တကယ်သိတယ်"


ဝူရှဲ ဘာမှ အမူအရာ မပြတော့ဘဲ လက်ထဲက ကျောက်တုံးကို လွှင့်ပစ်လိုက်ပြီး ထိုင်ဖို့ နေရာရှာလိုက်သည်။ ထိုလူသည် ဖက်တီး ဖြည်းညှင်းစွာ ထွက်သွားကာ ဘေးရှိ ချုံပုတ်များတွင် ဝပ်နေတာကို ကြည့်ရင်း ထပ်ပြော၏။ 


"တတိယသခင်လေး... ငါက သခင်ဟွားရဲ့ လူ" 


"ရှောင်ဟွား?"


သူက ခေါင်းညိတ်ပြီး "တတိယသခင်လေး... သခင်သုံးရဲ့ မျက်နှာဖုံးကို ဝတ်ပြီး သူ့နောက်ကျောက ခွေးကောင်ချိုးရဲ့ အိပ်ဆောင်ကို တူးသွားတဲ့ တခြားသူကို မှတ်မိသေးလား... အဲဒီလူက ငါပဲ"


"အိုး"


အမှန်က ချောင်ရှားမှ အဖြစ်အပျက်ကို အဆုံးအဖြတ်ပေးတဲ့ လူက မိမိ လုံးဝ မဟုတ်ဘဲ ရှောင်ဟွားရဲ့ သူငယ်ချင်းပဲ ဖြစ်သည်။ ရှောင်ဟွားက ပွဲတစ်ပွဲလုံးမှာ မိမိကို လောင်းကြေးလုံးဝ မပေးခဲ့ဘူးလို့ ဆိုပါ၏။


"ကျွန်တော်က သခင်ဟွားရဲ့ အစီအစဉ်တစ်ခုလုံးမှာ အပြည့်အဝ ပါဝင်နေတာ...ခင်ဗျားကျွန်တော့်ကို သိပ်စိတ်မ၀င်စား​လောက်ဘူး။ တကယ်တော့ ကျွန်​တော်တို့တွေ့ဖူးတာ ဒါပထမဆုံးတော့ မဟုတ်ဘူး... အတိုင်းအတာ တစ်ခုထိတော့ ကျွန့်တော်တို့က သူငယ်ချင်းဟောင်းတွေပဲ" 


တစ်ဖက်လူရဲ့ စကားပြောတဲ့ လေသံက အံ့သြစရာကောင်းလောက်အောင် အေးဆေးတည်ငြိမ်နေ၏။ 


"အရင်က သခင်သုံးရဲ့လုပ်ငန်းမှာ ကျွန်တော် လုပ်ဖူးတယ်.... စတော့ဝယ်ဖို့ ခင်ဗျားဆိုင်ကိုသွားတိုင်း ငါပဲလေ... ဒါပေမဲ့ ခင်ဗျားက မျက်နှာ​တွေကို သိပ်အကဲခတ်မနေဘူးလေ... ခင်ဗျားဆိုင်က ဝမ်မောင်က ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ"


စိတ်ထဲမှာ ဝမ်းနည်းစရာလေးများ ခံစားရပြီး တစ်စုံတစ်ခုကတော့ မသင့်လျော်ဘူးလို့ ခံစားလာရသည်။ သူက စကားဆက်သည်။ 


“ဒီလိုမျိုး စီစဉ်ထားရတဲ့ အကြောင်းရင်းက မင်းကို ကောင်းကောင်း စောင့်ရှောက်ဖို့ပဲ”


ဝူရှဲ: "ငါ နားမလည်ဘူး.... ငါ ရှောင်ဟွားကို လုံး၀ ယုံတယ်... မင်း ငါတို့ နှစ်ယောက်ကြားမှာ သဘောထား ကွဲလွဲ​အောင် လုပ်နေစရာ မလိုဘူး... မင်း မိုက်မဲတဲ့ စကားတွေ ဆက်ပြော​နေရင် ငါ မင်းကို အသေရိုက်သတ်ခိုင်းလိုက်တော့မယ်"


"မင်းတို့ ယုံဖို့ ခက်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် သခင်ဟွားက ဒါကို သူ့အတွက်သူ ဒီဇိုင်းထုတ်တာ မဟုတ်ဘူး.... တတိယ သခင်လေး... တချို့ကိစ္စတွေက အရင်ဘဝကတည်းက ပါလာကြတာ.." 


ထိုသူ ပြုံးပြလာတဲ့အခါ တကယ်ကို မိမိအပြုံးနဲ့ အရမ်းတူနေ၏။ 


သူနဲ့တူတဲ့လူနဲ့ ပြိုင်ရတာ အရမ်းကို ထူးဆန်းလှသည်။ ဒီဝူရှဲ သူနဲ့ ဆင်တူပေမယ့် ဝူရှဲနောက်တစ်ယောက်ကို ဆက်ဆံရတာက မလွယ်ဘူးဆိုတာ သေချာပါ၏။ သူ့လိုပင်။ 


သို့သော် သူ့စကားက ဝူရှဲရင်ထဲမှာ တုန်လှုပ်ချောက်ချားစရာတွေ ဖြစ်ပေါ်လာအောင် လုပ်နိုင်စွမ်း မရှိပေ။ ရှောင်ဟွား သူ့ရှေ့မှာ ဒီအရာတွေကို လာပြောပြရင်တောင် သူ အလွယ်တကူ ယုံနိုင်မည် မဟုတ်ပါ။ သူ့မှာ အတွေ့အကြုံတွေ ရှိသည်။ မျက်စိနဲ့ မမြင်ရရင် မယုံနိုင်တဲ့ အခြေခံအသိစိတ်ပင်။ 


ဝူရှဲ သူ့ကို အေးစက်စွာကြည့်ရင်း သူဘာပြန်ပြောမလဲ တွေးနေသည်။ စိတ်တည်ငြိမ်လေ၊ ထိုသူ့စကားများက ချို့ယွင်းချက်များကို ရှာဖွေရန် လွယ်ကူလေပဲ။


"သခင်ဟွားဆိုတဲ့ ရာထူးက သူလိုချင်တဲ့အရာမဟုတ်ဘူး... သူ ဒါကို ပြင်ဖို့ပဲလိုတယ် ကျွန်တော် ခင်ဗျားရဲ့မျက်နှာဖုံးကို ဝတ်ထားတယ်... ခင်ဗျားထက် ရှေ့တစ်လှမ်း စောလာပြီး ချိုသဲ့ခေါင်ရဲ့အဖွဲ့ထဲကို ဝင်သွားတယ်"


"ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ... ရည်ရွယ်ချက်ကို သိချင်တယ်"


"တတိယသခင်လေး... ဘော့ချိုမှာ ခင်ဗျား မသိတဲ့အရာတွေကို အများကြီး သိထားတယ်.... ခင်ဗျားရဲ့ ဦးလေးသုံးက သူ့ဘဝတစ်လျှောက်လုံး ဒီလုပ်ငန်းမှာ လည်ပတ်နေပြီး သူ့ရဲ့ရည်ရွယ်ချက်က အရမ်းရှင်းတယ်... သခင်ဟွားကလည်း အဲဒီရည်ရွယ်ချက်ကြောင့်ပဲ... ဒါပေမဲ့ ကျွန်တော် ချိုသဲ့ခေါင်ရဲ့ အဖွဲ့ထဲကို ပေါင်းထည့်လိုက်တာနဲ့ ဝူရှဲက ပြန်မပေါ်လာရဘူး... သခင်ဟွားသာ နည်းနညိး ပိုရက်စက်ရင် ခင်ဗျားကို သတ်ပစ်လိုက်နိုင်တယ်... ဒါပေမဲ့ သူကအခု ခင်ဗျားကို အလွှာလိုက် သတ်ပစ်ချင်နေတာ..."


ဒီလူပြောသမျှဟာ ယုတ္တိရှိပုံပေါက်ပေမယ့် အသေးစိတ် အချက်များစွာ အတွက်တော့ သူက မရေမရာ ဖြစ်နေတာကို ဝူရှဲ တွေ့နေရသည်။ 


ဝူရှဲကိုယ်တိုင်ကလည်း မိုက်မဲတဲ့လူကို ကြိုက်တဲ့သူတစ်ယောက်ပင်။ ဒီလူက သူ့လို ဟန်ဆောင်နေတာ ဆိုရင် ဖြစ်နိုင်ချေ နှစ်ခုရှိသည်။ တစ်ခုမှာ သူကိုယ်တိုင်က ပြဿနာကို ကြော်ငြာရတာကို နှစ်သက်ပြီး အဲဒီပြဿနာက အရမ်းနက်နဲတယ် ဆိုတာကို သိစေချင်သည်။ တခြားတစ်ဖက်မှာ သူက ကိစ္စအသေးစိတ်ကို မသိဘဲ အသေးအဖွဲ့ ကိစ္စတွေကို ရှောင်ရှားဖို့ ရည်ရွယ်နေခြင်းသာ။ 


ထိုသူ ပေါက်ကရတွေ ပြောနေတာလို့ပဲ စိတ်ထဲမှာ မှတ်ချက်ပေးလိုက်၏။ သူပြောပြီးတာနဲ့ ဝူရှဲ သူ့ကို တိတ်တိတ်လေး ကြည့်ပြီး မေးလိုက်သည်။ 


"ငါမေးတာက ဘာရည်ရွယ်ချက်နဲ့လဲ"


သူက ဝူရှဲကိုသာ သေချာ အကဲခတ်နေသည်။ ဝူရှဲက စိတ်ရှုပ်မခံ၊ ရုပ်ပိုင်းဆိုင်ရာ မသက်မသာ မဖြစ်သွားတာကို တွေ့တော့ ထိုလူက ခဏလောက် ငြိမ်နေပြီးနောက်မှာ ဆိုလာသည်။ 


"တကယ် ကျွန်တော့်ကို အရမ်း သဘောကျသွား​စေတာပဲ" 


"မင်းမဖြေရင် ဖက်တီးကို ပြန်လာခိုင်းလိုက်တော့မယ်... ငါပြောမယ်... အချိန်နှောင့်နှေးစရာ အကြောင်းမရှိဘူး... ငါမင်းနဲ့ ဒီအကြောင်း မပြောချင်ဘူး...ငါ့မေးခွန်းရဲ့အဖြေကို ငါသိချင်ရုံပဲ... မင်းအရင်ပြောခဲ့သမျှကို ဖယ်ထား... အခုက နောက်ဆုံးအခွင့်အရေးပဲ"


သူက ခေါင်းငုံ့ပြီး ပြုံးလေသည်။ 


"ကောင်းပြီ အမှန်အတိုင်း ပြောမယ်" 


ပြောပြီး သူ့ဘယ်ဘက် ဘောင်းဘီအိတ်ကို ကြည့်လိုက်သည်။


"ကျွန်​တော့်လက်ကိုင်ဖုန်း ဘောင်းဘီအိတ်ထဲမှာ ရှိတယ်... ဖွင့်လိုက်ရင် အတွင်းထဲမှာ စာသားမက်ဆေ့ခ်ျတွေ တွေ့လိမ့်မယ်.... ခင်ဗျား အဲဒါကို ဖတ်ပြီးရင် ဘာဖြစ်နေတယ်ဆိုတာ သိလိမ့်မယ်... အခု ကျွန်​တော် ဘာပဲပြောပြော အသုံးမဝင်တော့ဘူး... ခင်ဗျား မျက်စိနဲ့ပဲ ကြည့်လိုက်တော့"


သူ့ဘောင်းဘီ အိတ်ကပ်ထဲကို ကြည့်လိုက်ရင်း ဒါက အဓိပ္ပာယ်ရှိတယ်ထင်လို့ လမ်းလျှောက်ပြီး လက်ကို လှမ်းကိုင်လိုက်ပေမယ့် ထိလိုက်တာနဲ့ သူ့ဘောင်းဘီအိတ်က လွတ်နေတာကို တွေ့လိုက်ရသည်။ 


တစ်ချက်ကြည့်လိုက်တော့ သူက ပြုံးနေ၏။ သူ့နောက်ကျောမှာ ချည်ထားတဲ့ လက်တွေက ကြိုးထဲကနေလွတ်​နေပြီး တစ်ချိန်တည်းမှာပဲ သူက ဝူရှဲ ခြေဖဝါးနှစ်ဖက်ကို ကန်လိုက်ရာ တစ်ကိုယ်လုံး ဟန်ချက်ပျက်ပြီး သူ့အပေါ်ကို လဲကျသွားတော့သည်။


တစ်ဖက်လူက ခန္ဓာကိုယ်ကို လှိမ့်ကာ ဝူရှဲကို အောက်မှာ ဖိချထားလိုက်၏။ ထိုလူက သူ့လည်ချောင်းကို တင်းတင်းကြပ်ကြပ် ဖိထားပြီး စကားတောင် မပြောနိုင်အောင် ညှစ်ထားသည်။ အေးစက်စက်နဲ့ သူ့မျက်နှာကို ကြည့်ရင်း စိတ်ထဲမှာသာ အော်ဟစ်နိုင်သည်။ 


"မင်းပြောတာ မှန်တယ်... ငါက မိုက်မဲတဲ့စကားတွေ ပြောနေတာ မင်းအရင်ကထက် အများကြီး တိုးတက်လာပေမယ့် မင်းကလူတွေကို အယုံလွယ်နေတုန်းပဲ..."


ထိုလူက ပြောရင်း တစ်ဖက်က ကျောက်တုံးနဲ့ ဝူရှဲနဖူးကို ရိုက်ချပစ်ခဲ့သည်။ ဝူရှဲမှာ နာကျင်မှုတောင် မခံစားရဘဲ ခေါင်းမူးနေရုံပဲ ခံစားလာရသည်။ နောက်တော့ နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရပြန်၏။ 


"ငါမလိမ်တာ တစ်ခုပဲရှိတယ်... ငါက မင်းရဲ့ဦးလေးသုံးဘက်ခြမ်းမှာ ရှိတဲ့လူပဲ....ကံမကောင်းစွာနဲ့ မင်းကိုယ်တိုင်က မင်းထင်ထားသလောက် အရေးမကြီးပါဘူး... မရဏပြည်ကို သွားတဲ့ လမ်းရောက်မှ ငါဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်လိုက်!"


တတိယမြောက် ရိုက်ချက် ထပ်ကျလာတဲ့အခါ ဝူရှဲလည်း သတိလစ်သွားတော့သည်။