DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (34)
မီလော်ထော်
တစ္ဆေကောင်: “အရင်တုန်းကတော့ ဒီကျောက်တုံးထဲက အရိပ်တွေကို ဒေသခံတွေက မီလော်ထော်လို့ ခေါ်ကြတယ်... ငါတို့လည်း အစကတော့ ဒီကျောက်တုံးထဲက အရာတွေက ဒီအတိုင်း မီလော်ထော်လို့ပဲ တွေးထားကြတာ... ရှေးဟောင်းစာအုပ်တွေကို စူးစမ်းလေ့လာပြီးနောက်မှာတော့ ငါတို့ ထင်ထားတာ မှားနေမှန်း သိလာရတာ....မီလော်ထော်က ယောင်လူမျိုးရဲ့ ဘာသာစကားနဲ့ဆို ဒီနေရာက တောင်တစ်ခုလုံးကို ရည်ညွှန်းတာ!"
ဝူရှဲ: "တောင်လား?"
“တောင်ကြီးက ဘိုးဘွားအိုကြီးပဲ... ဒီအရိပ်တွေက ဘိုးဘွားကြီးမွေးထားတဲ့ ကလေးတွေ... ငါတို့ရောက်တုန်းက ယောင်လူမျိုးတွေက သူတို့ ယဉ်ကျေးမှုရဲ့ မွမ်းမံထားတဲ့ အစိတ်အပိုင်းတွေကို အလေးထားနေကြတုန်းပဲ... အဲဒီတုန်းက ငါတို့ သုသေသန လုပ်နေတုန်း ဒီနေရာမှာ အရွယ်ရောက်ပြီးတဲ့ မုဆိုးတချို့ ရှိတယ်... သူတို့က ထူးဆန်းတဲ့ ချီလင်သားရဲပုံစံ တက်တူးထိုးထားသေးတယ်... ငါတို့ အစောပိုင်းအဆင့်မှာ ဒီတက်တူးနဲ့ ပတ်သက်ပြီး လေးလေးနက်နက် သုတေသနတွေ လုပ်ခဲ့သေးတယ်...တက်တူးတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ ဒဏ္ဍာရီတချို့ကို နားလည်လာတော့မှ ဒီတက်တူးရဲ့ မူလအစက အဓိကအချက်နှစ်ချက်ရှိနေတာ တွေ့လာရတာ!"
ပထမအချက်မှာ ဟန်လူမျိုး၏ တက်တူးဆရာများအကြောင်း ဖြစ်သညိ။ ၎င်းတို့၏ ဒဏ္ဍာရီများတွင် ၎င်းတို့၏ ကနဦးတက်တူးများက ဒီလို မဟုတ်ကြောင်း ရှေးလူကြီး တစ်ယောက်က မှတ်သားတင်ထားခဲ့သည်။ တက်တူးနည်းပညာဖြစ်စေ သို့မဟုတ် တက်တူးပုံသဏ္ဍာန်ဖြစ်စေ ၎င်းတို့သည် အလွန်ရိုးရှင်းသည်။
နောက်ပိုင်းမှာ ဟန်တက်တူးဆရာက ဒီနေရာကို ရောက်လာပြီး တက်တူးပညာကို ဖြည်းညှင်းစွာ သင်ပေးခဲ့ရာမှ နောက်ဆုံးမှာတော့ တက်တူးထိုးတာက ဒီလိုဖြစ်လာခဲ့သည်။
အဲဒီဟန်တက်တူးဆရာက ပါးနိုင်ကို ဘယ်တုန်းက ရောက်လာခဲ့တာလဲ ဆိုရင်တော့ သူတို့ရဲ့ ခန့်မှန်းချက်အရ၊ ဒါဟာ မင်နဲ့ ချင်မင်းဆက်တွေတုန်းက ဖြစ်လောက်သည်။ အတည်မပြုနိုင်သော အပြစ်မှ လွတ်မြောက်ရန် ရောက်လာခဲ့ကြောင်း ဒဏ္ဍာရီတစ်ခုက ဖော်ပြထားသည်။
ဒါပေမဲ့ ဒါက အရေးမကြီးပေ။ သူတို့ ပထမဆုံးသိတာက ဒီတက်တူးကို လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတဲ့ ဟန်တရုတ်လူမျိုးတွေက မြှင့်တင်ခဲ့တာပဲ ဖြစ်ပေသည်။
ဒါကြောင့် ဒီထက်အရင်က တက်တူးပုံစံဟာ ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သို့သော်လည်း ၎င်းတို့၏ နောက်ဆက်တွဲ စုံစမ်းမှုတွင် အခြားသော ယောင်ရွာများမှ အခြေအနေ အချက်အလက် အချို့ကို ရရှိခဲ့တာကြောင့် အလွန် ကံကောင်းခဲ့ပါသည်။
ပါးနိုင်က မုဆိုးတက်တူးသည် ဒေသဆိုင်ရာ ကန့်သတ်ချက်များ ရှိသည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ သိုးခြေထောက်တောင်ရဲ့ နက်နဲတဲ့ နေရာတွေမှာ အမဲလိုက်တဲ့ မုဆိုးတွေကသာ တက်တူးထိုးဖို့ လိုအပ်တယ်လို့ ဆိုပါ၏။
သိုးခြေထောက်တောင်ဟာ ယောင်လူမျိုးများ၏ နှလုံးသားထဲ၌ အခြားနေရာများနှင့် ကွဲပြားနေပုံရသည်။
ဒုတိယအနေနဲ့ ဒီတက်တူးရဲ့ အဓိပ္ပာယ်က ဘာလဲ။
နတ်ဆိုးများကို တွန်းလှန်ဖို့လား။ သူတို့ရဲ့ ရိုးရာပုံပြင် ကျွမ်းကျင်သူတွေကတော့ ဒီထင်မြင်ချက်ကို ပယ်ချခဲ့ပါ၏။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးတွေကို နှိမ်နင်းတဲ့ ပုံစံမျိုးဆိုရင် ရွာမှာ ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းသင့်ပေမယ့် မေးလိုက်ရင် တက်တူးထိုးရတဲ့ ရည်ရွယ်ချက်ကို ဘယ်သူမှ မသိနိုင်ချေ။
ဓလေ့ထုံးစံတစ်ခုမျှသာ ဖြစ်ပြီး မကောင်းမှုတွေကို ကာကွယ်တဲ့ ပုံစံမျိုး မဟုတ်နေပေ။ ပြီးတော့ တက်တူးပုံစံကို ပြောင်းလဲပြင်ဆင်ခွင့် မရှိချေ။ ဟန်သခင်ကသာ ပုံစံပြောင်းပါက လူမျိုးတုံးသတ်ဖြတ်မှုနှင့် ယှဉ်နိုင်သော အဓိကဖြစ်ရပ်တစ်ခု ဖြစ်နိုင်သလို အနေအထားမျိုး ရှိခဲ့သည်။
ထိုမျိုးဆက်၏ စာသားဆိုင်ရာ သုတေသနလုပ်ငန်းကြောင့် တစ်ဖက်တွင် ယခင်မျိုးဆက်၏ သခင်အစစ်အမှန်များ ရှင်သန်နေဆဲ ဖြစ်ကြောင်း သိလာစေသည်။
မေးလိုက်လျှင် သဲလွန်စတချို့ ရလာတတ်ပြန်သည်။ ဒုတိယအချက်နဲ့ ပတ်သက်သော အချက်အလက်ဟောင်းကို နောက်ဆုံးတွင်တော့ ရှာတွေ့ခဲ့သည်။
ထိုတက်တူးသည် အလွန်တိကျသော မြေမျက်နှာသွင်ပြင်ရဲ့ မြေပုံဖြစ်၏။ လက်ရှိသဘောအရ ကြည့်ရမယ့် မဟုတ်ဘဲ ရှေးယောင်လူမျိုးများသည် ထိုမြေပေါ်တွင် မရေမတွက်နိုင်သော ကြိုးပမ်းမှုများနှင့် အန္တရာယ်များကို ကြုံတွေ့ခဲ့ရပြီးနောက် ထိုဒေသရှိ အလုံခြုံဆုံးသော အမဲလိုက်ခြင်းလမ်းသည် တက်တူးပေါ်တွင် ရှိကြောင်း ပြလာရာ ရှေးယောင်းလူတို့က ၎င်းတို့၏ကိုယ်ပေါ်တွင် တက်တူးများစွာ ထိုးခဲ့ကြသည်။
ထိုအချိန်က တက်တူးသည် လမ်းကြောင်းကို မှတ်တမ်းတင်ရုံမျှသာ ဖြစ်ခဲ့ရာ နောက်ပိုင်းတွင် စစ်ပွဲကဲ့သို့သော သမိုင်းကြောင်း အမျိုးမျိုးကြောင့် တက်တူး၏ မူလရည်ရွယ်ချက်ကို မေ့သွားခဲ့သည်။
အကြောင်းပြချက်မရှိဘဲ ဓလေ့ထုံးစံသာ ဖြစ်လာသည်။ မင်နဲ့ ချင် မင်းဆက်များအတွင်း ယောင်မျိုးနွယ်စုထဲသို့ ခုန်ဆင်းလာပြီး တက်တူးထိုးခြင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသော ဟန်အမျိုးသားတစ်ဦးသည် ဤကြမ်းကြုတ်သောပုံစံများကို တိုးတက်စေပြီး နောက်ဆုံးတွင် ၎င်းတို့ကို ယနေ့ခေတ်တက်တူးအဖြစ် ပြောင်းလဲစေခဲ့သည်။
"ဒါဆို ပါးနိုင်မုဆိုးရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးပုံစံက တကယ်တော့ ယောင်တိုင်းပြည် ရှေးဟောင်းလမ်းရဲ့ လမ်းကြောင်းပေါ့?"
ဝူရှဲ မျက်နှာသေရင်ဘတ်က ချီလင်တက်တူးကို သတိရသွားသည်။ သူ တစ်ချိန်က သိပ်စဉ်းစားလို့ မရခဲ့ပေမယ့် ဒီသရဲတစ္ဆေပြောတာ မှန်လောက်သည်။ သူနဲ့ ဖက်တီးလည်း ချီလင်တက်တူးကို တွေ့ဖူးတယ်လေ။
တစ္ဆေကောင်: "နောက်တော့ ငါတို့ သိုးခြေထောက် တောင်တန်းထဲကို ဝင်လိုက်တော့ သံသယစိတ်တွေ တဖြည်းဖြည်း ပေါ်လာတယ်... သူတို့ ခန္ဓာကိုယ်မှာ တက်တူးတွေ ဘာလို့ ထိုးထားရမှာလဲ... သူတို့ ဦးနှောက်ထဲမှာ မမှတ်မိဘူးလား?"
တစ်နည်းဆိုရသော် ဤတောင်ပေါ်လမ်းများသည် အလွန်ရှုပ်ထွေးပြီး ထူးဆန်းနေပါက ဘာကြောင့် ဝင်နေဦးမှာလဲလို့ မေးချင်ခြင်းပင်။
တစ္ဆေကောင်: "ဥပမာ သံမိုင်းတစ်ခုက ဝင်သွားနိုင်ဖို့ အရမ်း ခက်ခဲတယ်... နေရာက ရှိတယ် သံတစ်ကီလိုဂရမ်ကို တူးဖော်ဖို့ ရွှေတစ်ကီလိုဂရမ်လောက် ကုန်ကျမယ်ဆိုရင် ဘာလို့ သွားတူးနေဦးမှာလဲ?"
ဝူရှဲ: "ဒါဆို တက်တူးပုံစံက မရိုးရှင်းဘဲ တကယ်ကို ရှုပ်ထွေးနေတာလား?"
ကျန်းချီလင်ရဲ့ တက်တူးပုံစံ အသေးစိတ်ကို မမှတ်မိပေမယ့် တက်တူးက အတော်လေး ရှုပ်ထွေးတာတော့ သေချာသည်။
တစ္ဆေကောင်: "အဲဒီတက်တူးက လူတွေက ဦးနှောက် ဒါမှမဟုတ် ဗီဇနဲ့ မှတ်ထားဖို့ မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးတယ်... တက်တူးထိုးထားတဲ့ မြေပုံကြောင့်သာ မဟုတ်ရင် မုဆိုးတွေလည်း လမ်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရောက်မယ်... အဲဒီလမ်းက အရမ်းခက်ခဲလိမ့်မယ်"
တစ္ဆေလူသားက ခေတ္တရပ်ပြီး ဆက်ပြော၏။
“ဒီကမ္ဘာမှာ ငါက ဒီတက်တူးမပါဘဲ အဲဒီလမ်းကို လျှောက်နိုင်တဲ့ တစ်ဦးတည်းသောလူပဲ”
သူတို့သည် ဤတက်တူးကိုအခြေခံ၍ ဤရှေးဟောင်းလမ်း၏ အဆုံးကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ အကြောင်းမှာ ဤရှေးခေတ်လမ်းသည် အမဲလိုက်ဖို့ အတွက်လောက်လေးပဲ တန်ဖိုးမရှိနိုင်ကြောင်း သိသာထင်ရှားစွာ တွေ့နေရသောကြောင့်သာ ဖြစ်သည်။
ရှေးဟောင်း ယောင်လူမျိုးများသည် ဤရှေးဟောင်းလမ်းကို ဖွင့်ရန် စွမ်းအင်အလွန်အကျွံ သုံးစွဲခဲ့ကြတာကြောင့် ပို၍အရေးကြီးသော အရာတစ်ခုအတွက်သာ ဖြစ်ရမည်လေ။
ထိုအချိန်က ၎င်းတို့သည် ကျန်းအိမ်တော် ရှေးဟောင်း အဆောက်အအုံအပေါ် ရှေးဟောင်းသုတေသန ပရောဂျက်ကို လုပ်ဆောင်နေသောကြောင့် ဝူရှဲနဲ့ တစ္ဆေကောင်ဟာ တစ်ခုတည်းကို သဘာဝကျကျ တွေးတောခဲ့ကြသည်။ ဤနေရာက ကျန်းအိမ်တော် ရှေးဟောင်း အဆောက်အအုံ၏ တည်နေရာနှင့် တက်တူးမြေပုံတွင် ဝှက်ထားသော အလွန်အရေးကြီးသော အရာများ ကြားတွင် ဆက်စပ်မှုအချို့ ရှိနေလိမ့်မည်။
ဒီလိုနဲ့ တစ္ဆေလူသားရှိတဲ့ အဖွဲ့ဟာ ရှေးဟောင်းလမ်းကို စူးစမ်းလေ့လာခဲ့သည်။ ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့အရာက ရှေးဟောင်းလမ်းက အဆုံးမရှိတဲ့အပြင် ဝင်မိသမျှ လမ်းတစ်ခုလုံးကလည်း ကွင်းပိတ်တွေချည်းပင်။
“ဒီတောင်ကြီးနဲ့ ဘာဆိုင်လို့လဲ”
ဖက်တီးက စိတ်မရှည်စွာ မေးလိုက်သည်။ နံရံပေါ်ရှိ အရိပ်များသည် ရေငွေ့များ အငွေ့ပျံသွားသောကြောင့် တဖြည်းဖြည်း မှေးမှိန်သွားပြီ။
“မင်းတို့ နားမလည်သေးဘူးလား” ဟု တစ္ဆေက လှမ်းပြောလာသည်။
ဝူရှဲ ခေါင်းငုံ့ပြီး ခဏလောက် စဥ်းစားလိုက်သည်။
"ဒါက ရှေးဟောင်းလမ်းလား?"
“ဟုတ်တယ်... ဒီရှေးဟောင်းလမ်းကို ကျောက်ဆောင်တွေနဲ့ နီးနီးကပ်ကပ် တည်ဆောက်ထားတာ ရှေးဟောင်းလမ်းရဲ့ အပိုင်းအားလုံးနီးပါးက ကျောက်တုံးတွေပေါ်မှာ ရှိတယ်... ရှေးဟောင်းလမ်း ဘေးက ကျောက်တုံးတွေကလည်း ဒီလို အကောင်တွေနဲ့ ပြည့်နေတာ...ရှေးဟောင်းလမ်း တစ်ခုလုံးက ဒီတောင်တန်းတစ်ခုလုံးကို ဝန်းရံထားတာ... အရမ်းကို ရှုပ်ထွေးတဲ့ စာလုံးပုံစံနဲ့တောင် တူတယ်... ဒီမီလော်ထော်တွေက ကျောက်ဆောင်တွေကြားမှာ ဖြည်းဖြည်းချင်း ကူးခတ်နိုင်ပေမယ့် သူတို့ ကျောက်လမ်းအစွန်းကို ရောက်ရင်တော့ ရုန်းမထွက်နိုင်တော့ဘူး"
"အိုး.. စိတ်ဝင်စားဖို့ကောင်းတယ် ဆက်ပြော!"
ဖက်တီးက စိတ်အားထက်သန်လာပုံ ရသည်။
ဝူရှဲ: "ဒီရှေးဟောင်းလမ်းက ခြံစည်းရိုးနဲ့တူလား"
"ဟုတ်တယ်.... ရှေးယောင်လူမျိုးတွေက ဒီအရာတွေကို မွေးမြူထားတာ ဖြစ်မယ်...ဒါက ငါတို့ရဲ့ နိဂုံးပဲ ဒီရှေးဟောင်း ယောင်လူမျိုးတွေရဲ့ လမ်းတွေက တက်တူးတွေပေါ်မှာ ထွင်းထုထားတဲ့ လမ်းတွေလို့ လူတွေက ထင်ကြေးပေးခဲ့တော့ အဲဒီလမ်းတွေအတိုင်း လိုက်သွားကြတာ... ကျောက်ဆောင်က အပူအရင်းအမြစ်ကို အရမ်းထိခိုက်လွယ်တယ်... တောင်မျက်နှာပြင်ကို ဖြတ်သွားနေတုန်း တောင်ပေါ်လမ်းနားမှာ မီးဖိုပြီး အဲဒီဘီလူးတွေကို တူးဖော်ခဲ့ကြတယ်
ဒီကောင်တွေ ဘာလို့ တောင်တွေထဲ ရောက်နေတာလဲ ဒါမှမဟုတ် ဘယ်လောက် အဖိုးတန်မလဲပေါ့...."
"မွေးလာတဲ့သူတွေ အားလုံးက ချောမောလှပတဲ့ မိန်းကလေးတွေ ဖြစ်နိုင်ပါ့မလား" ဖက်တီးက သူ့မေးစေ့သူ ပွတ်သပ်ရင်း ဖြတ်ပြောလိုက်၏။
"အဲဒီလူတွေမှာ ဒီလောက် ထူးချွန်တဲ့ အရည်အချင်းတွေ ရှိနေမယ်လို့ မထင်ထားဘူး"
ဝူရှဲ့: "ဒီဘီလူးတွေရဲ့ အသွင်အပြင်ကို မင်း တစ်ခါမှ မမြင်ဖူးတာလည်း မဟုတ်ဘူး... အစိမ်းရောင် ဘီယာပုလင်းနဲ့ အတူတူပဲ... ကောင်မလေးတွေလည်း သတ်ပစ်မှာပဲကွ!"
ဖက်တီး: "ငါတို့မြင်ဖူးတဲ့ ဟာတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး... ငါ့မှာ ဘာတားမြစ်ချက်မှ မရှိဘူး စိမ်းနေရင်လည်း စိမ်းနေပါစေ ဘာပဲဖြစ်ဖြစ် ဦးထုပ်အစိမ်း ဆောင်းရလည်း ကိစ္စမရှိပါဘူး"
ဝူရှဲ ခေါင်းသာခါပြနိုင်တော့သည်။ တစ္ဆေလူသားရဲ့ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတာကို မတွေ့ရတော့ ဝူရှဲ ပြန်မေးလိုက်၏။
“သူတို့ကို မွေးမြူထားတယ် ဆိုတော့ မီလော်ထော်တွေက ဘာစားလဲ”
တစ္ဆေလူသား : “ဝူစန်းရှင် ငါပြောချင်တာကို မင်းသိပါတယ်”