Chapter (14)
Viewers 1k


Chapter (14)

လျှို့ဝှက်ချက်



ဖန်းချူ သတိပြန်ဝင်လာကာ အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်း၍ ကျန်ဖေးယွီကို ကောက်ထူလိုက်သည်။ ကျန်ဖေးယွီ မူးမေ့လဲသွားခြင်းပင်။ သူ့အသက်ရှူတာကို စစ်ဆေးကြည့်တော့ အဆင်ပြေနေသေးတာ တွေ့ရမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ 


ထို့နောက် တစ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဝမ်ထောင်းကို ပြန်သယ်ချလာချေပြီ။ ထိုကောင်လေးက ဘာမှမဖြစ်သလို လုံးဝ စိတ်မ၀င်စားဘဲ ​ပြန်ထိုင်နေသည်။


ထိုအချိန်တွင် ပိုင်ရှောင်ရှန်ကတော့ အထိန်းအကွပ်မဲ့စွာ တုန်ရီနေပြီး သူမလက်များဖြင့် ခေါင်းကို အတင်း ဆုပ်ကိုင်ထားသည်။ ခန္ဓာကိုယ် ပျောက်ဆုံးမှုက သူမအား ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်မှာ ထင်ရှားပါသည်။ ဝမ်ဖုန်း သူမကို နူးညံ့စွာ နှစ်သိမ့်ပေးရင်း သူ့အမူအရာကလည်း စိတ်ပူပြီး စိုးရိမ်နေမိသည်။


ဖန်းချူသည် ထိတ်လန့်တကြား ယှဉ်တွဲနေသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် သတိလစ်နေသော ကျန်ဖေးယွီကို ကြည့်ကာ တွေးလိုက်မိ၏။


"မင်း ဒါကို မမြင်လိုက်တာ ကံကောင်းသွားတယ် မဟုတ်ရင် ငါ ရှက်ရုံတင်မကဘဲ မင်းလည်း အသည်းကွဲသွားလိမ့်မယ်..."


ပိုင်ရှောင်ရှန်သည် ဝမ်ဖုန်း၏ နှစ်သိမ့်မှုအောက်တွင် ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ ထို့နောက် ဖန်းချူ၏ မျက်လုံးများနှင့် တွေ့ဆုံလိုက်တဲ့အခါ သူမ ဝမ်ဖုန်းအား ရုတ်တရက် တွန်းထုတ်လိုက်လေ၏။ ဖန်းချူ အကြည့်ကို ရှောင်ရင်း သူမ၏ အမူအရာမှာ ဂနာမငြိမ်။


ဝမ်ဖုန်းလည်း ထိတ်လန့်သွားပြီး ချောင်းဆိုးလိုက်ရင်း ပေါ့ပေါ့ပါးပါး လက်သီး ဆုပ်ကိုင်ထားလိုက်သည်။


ဖန်းချူ : "..."


ရိုးရိုးသားသား ပြောရရင် အစတုန်းကတော့ သိပ်ပြီးမတွေးထားပေမယ့် မင်းတို့နှစ်ယောက်က အချစ်ရေးမှာ အဖမ်းခံထားရသလို ဖြစ်နေသလိုပဲ။ မင်းတို့ကို ဘယ်လိုရင်ဆိုင်ရမှာလဲ...။


ဖန်းချူ တင်းတင်းမာမာ မျက်နှာလွှဲလိုက်သည်။


သူသည် ကျန်ဖေးယွီ၏ မျက်နှာမှ သွေးများကို ဦးစွာ သုတ်လိုက်ပြီး ကျောက်စိမ်းဆွဲသီး အစိပ်အပိုင်းများကို မြေပြင်မှ ကောက်ယူလိုက်သည်။ ကျန်ဖေးယွီ လှေကားမှ ပြုတ်ကျသွားစဥ်က အပိုင်းပိုင်း ကွဲအက်သွားသောအခါ ကျောက်စိမ်းကွမ်ယင်က မတော်တဆ လွင့်ထွက်သွားခဲ့သည်သာ။


သူတို့ရဲ့ ပြင်ဆင်မှုတွေက နတ်ဆိုးတွေကို လုံးလုံးလျားလျား ထိရောက်မှု မရှိပုံပါပဲ။


ငါတို့က သေဖို့ တကယ်ပဲ စောင့်နေမှာလား။


ဒါပေမယ့်လည်း တစ်ဖန် အလောင်းကို ရှာဖွေတွေ့ရှိကတည်းက အနည်းဆုံး နာရီပေါင်းများစွာ ကြာသွားဦးမည်။ အစကတော့ ဝမ်ဖုန်း ပန်းအိုးနဲ့ ထိမှန်ခြင်းမှလွဲ၍ သူတို့ ဘာမှ ထိခိုက်မှု မရှိခဲ့ပါဘူး။ နတ်ဆိုးအများစုသည် မီးသီးမှုတ်လိုက်ကာ တီဗီကို တုန်ခါသွားစေသည်။


အချိန်အနည်းငယ်ကြာ ငြိမ်သက်သွားပြီးနောက် နံရံပေါ်တွင် "သေခြင်း" ဟူသော စကားလုံးကို ရေးခဲ့သည်။ ၎င်း၏နည်းလမ်းများက အထူးရက်စက်ခြင်း မရှိ​သေးပါ။ လေထုကို သန့်စင်​နေတဲ့ ပန်းချီဆရာနဲ့တောင် ပိုတူနေ၏။ 


ချွေးယွိရှီး သေဆုံးရခြင်း၏ ဆိုးရွားလှသော သဘာဝကို သုံးသပ်ကြည့်လျှင် နတ်ဆိုးက သေချာပေါက် သတ်နိုင်စွမ်းရှိသည်။ ၎င်း၏ သွေးအေးရက်စက်မှုကလည်း ထင်ရှားသည်။ ဒါပေမယ့် သူတို့ကို ဒီမှာ ဖမ်းပြီး ဆူညံသံတွေ အများကြီး ထွက်လာပေမယ့် သူတို့ကို ခြောက်လန့်ဖို့ နည်းနည်းပဲ လုပ်ခဲ့တာ ဘာကြောင့်လဲ။


ခြောက်လန့်ရတာလည်း ပျော်ရွှင်တာပဲလား။


ယုတ္တိနည်းအရပြောရရင် တစ်စုံတစ်ယောက်က ယခုအချိန်တွင် သေ​နေသင့်သည်။ ဖန်းချူသည် ဤသရဲတစ္ဆေသည် အမှန်တကယ် ကြောက်စရာ မဟုတ်ဘဲ ရွှီရွှီထက်ပင် ပျော့ညံ့၍ အားနည်းနေပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပန်းအိုးရွှေ့ခြင်း၊ မီးသီးများ မှုတ်ထုတ်ခြင်းနှင့် စာလုံးကြီးများကို ရေးခြင်းသာ လုပ်နိုင်၏။


အဟမ်း၊ သူတကယ်ပဲ ရွှီရွှီကို အားနည်းနေတယ်လို့ ထင်နေတာလား။ ယွိစစ်ကျဲက သူ့ကို သိမ်းသွားလို့ မဟုတ်ဘူးလား။ 


အပျော်စီးသင်္ဘောပေါ်တွင် ပထမဆုံး သေဆုံးသူ ရွှီရွှီသည် သင်္ဘောသားများအား တုံ့ပြန်ရန်အခွင့်အရေး မပေးဘဲ လျင်မြန်စွာ ရက်ရက်စက်စက် ဖြိုခွင်းနိုင်ခဲ့ကြောင်း ထင်ရှားပါသည်။ နောက်ပိုင်းတွင် စားဖိုမှူးက နောက်မှလိုက်ပြီးနောက် အနည်းဆုံး ရွှီရွှီ တစ်ဒါဇင်အဖြစ် ပြောင်းလဲနိုင်ပြီး မသေနိုင်သော အမတလိုလို စွမ်းအင်မျိုး ပိုင်ဆိုင်နိုင်ခဲ့သည်။ တိုတိုပြောရရင် ယွိစစ်ကျဲ မရောက်လာပါက ရွှီရွှီဟာ သူ့ဘာသာသူ တစ်ရာကျော်အဖြစ် ပွားယူပြီး အလွယ်တကူ သတ်ပစ်နိုင်သည်။ 


သေချာတာကတော့ အငြိုးကြီးတဲ့ တစ္ဆေတစ်ကောင်မလို့ပါပဲ။


ဒီသရဲက ရွှီရွှီလောက် ကြောက်စရာမရှိချေ။ 


ဖန်းချူ အတွေးတွေထဲ ပျောက်သွားစဥ် ကျန်ဖေးယွီ ဖြည်းညှင်းစွာ နိုးလာသည်။ ကွဲအက်သွားသော ကျောက်စိမ်းဆွဲသီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြာသွား၏။ 


ကျန်ဖေးယွီသည် မျက်နှာပေါ်ရှိ ထိခိုက်ထားသော ဒဏ်ရာများကို စမ်းကြည့်နေစဥ် ဖန်းချူ ရှားရှားပါးပါး ရှက်ရွံ့မှုဝေဒနာကို ခံစားလိုက်ရပြီး။ 


"စိတ်မထိခိုက်ပါနဲ့ ငါတို့ပြန်ရင် တခြားဘုံကျောင်းကို သွားပြီး ဆုတောင်းလိုက်မယ်လေ... နောက်တစ်ကြိမ် ပိုထိရောက်တဲ့ လက်ဆောင်တစ်ခုကို ရှာဖို့ မမေ့နဲ့ နံ့သာပေါင်းကို မလျှော့နဲ့"


ကျန်ဖေးယွီ ဝမ်းနည်းစွာ ရှူရှိုက်ရင်း: "နောက်တစ်ခါ မရှိတော့ပါဘူး ငါ ဒီမှာပဲ သေတော့မယ် ငါသေရင်တောင် လူပျိုဖြစ်နေတုန်းပဲ..."


ဖန်းချူ : "..." ဒါလည်း ကောင်းတဲ့အချက်ပဲ။


ကျန်ဖေးယွီသည် ပိုင်ရှောင်ရှန်ကို ထပ်မံ စိုက်ကြည့်ရင်း စိတ်ပျက်လက်ပျက် ခံစားချက်များနှင့်။ 


"ငါမှာ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး"


ဖန်းချူ သဘောတူပေမယ့် သေခါနီးလူရဲ့စကားက ကြင်နာတတ်တယ်တဲ့ :"သေချာပေါက်တော့ မဟုတ်ပါဘူး..."


ကျန်ဖေးယွီ သူ့ခေါင်းကို ခါလိုက်ပြီး: "တကယ်တော့ ရှောင်ရှန် အစ်ကိုဖုန်းကို သဘောကျနေတာကြာပြီ။ သူမ အမြဲဟန်ဆောင်ပေမယ့် လေးစားမှုကို လုံးဝဖျောက်ဖို့ ခဲယဉ်းတယ်... အစ်ကိုဖုန်းအပေါ်ထားတဲ့ သူမရဲ့ အမူအရာက ငါ့အပေါ်နဲ့ မတူဘူး...အစက အစ်မယွိရှီး ရှိနေတော့ သူ့ကို သဘောကျနေရင်တောင်မှ ဒါက လျှို့ဝှက် Crush တစ်ခုပဲ.... အစ်ကိုဖုန်းကို လက်ခံလိုက်ရုံနဲ့ ဘာမှဖြစ်မလာပါဘူး... အခုက အစ်မယွိရှီး မတော်တဆမှု ဖြစ်သွားပြီ အစ်ကိုဖုန်းကလည်း တစ်ယောက်တည်း ပြန်ဖြစ်သွားပြီ ဆိုတော့... ငါစွန့်လွှတ်သင့်ပြီ"


ကျန်ဖေးယွီသည် ဒီလို လေးလေးနက်နက် စကားတွေ ပြောခဲပါသည်။


ဖန်းချူလည်း ရုတ်တရက် သတိရသွားသော မြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားသည်။ သူတို့၏ ပွေ့ဖက်ထားသည့် မြင်ကွင်းကို သူ တွေ့ရှိပြီးနောက် နှစ်ယောက် အမြန်လမ်းခွဲလိုက်ကြသည်။ သူတို့ရဲ့ အချစ်ရေးကို အမှန်တကယ် ထုတ်ဖော်မိသွားလို့ ဖြစ်နိုင်လား။


ကျန်ဖေးယွီကို တစ်ဖန်ပြန်ကြည့်လိုက်တဲ့အခါ သနားစိတ်တွေ ပြည့်နှက်လာသည်။ သူ့မျက်လုံးတွေမှာတောင် ကိုယ်ချင်းစာတရားတွေ ပြည့်နေ၏။ 


ဝမ်ဖုန်းမှာ ဇနီးတစ်ယောက် ရှိတာကြောင့် လက်ခံမှာမဟုတ်ဘူးလို့ ထင်နေပေမယ့် ပိုင်ရှောင်ရှန်ဟာ ချစ်ဖို့ကောင်းနေသဖြင့် တကယ်တမ်းတော့ သူတို့နှစ်ယောက်လုံး ရည်းစား​ဖြစ်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ 


ကျန်ဖေးယွီကို ဒီရက်စက်တဲ့ အမှန်တရားကို မပြောတာ အကောင်းဆုံးပါပဲ။


ဖန်းချူသည် ကျန်ဖေးယွီ ပုခုံးကို ပြင်းပြင်းထန်ထန်သာ ပုတ်လိုက်သည်။


ဒါပေမယ့် ဝမ်ဖုန်းနဲ့ ပိုင်ရှောင်ရှန် အတူတူရှိနေချိန်မှာ ချွေးယွိရှီးက သူ့ဇနီးဖြစ်နေတုန်းပဲ မဟုတ်လား။ သူ့မိန်းမကို သစ္စာဖောက်တာလား။ လူတွေ့မခံဝံ့တာ အံ့သြစရာတော့ မဟုတ်ချေ။ 


ဒါဆို ချွေးယွိရှီးက သိသွားပြီလား...?


ဖန်းချူ ယနေ့နံနက်တွင် ဝမ်ဖုန်း၏ ပုံမှန်မဟုတ်သော နောက်ကျခြင်းကို သတိရကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အမြဲတမ်း အချိန်မှန်သည့်အတွက် နောက်ကျတာက ရှားပါသည်။ ဒီနေ့တော့ နောက်ကျနေပြီး ထူးထူးခြားခြား အလျင်လိုနေပုံလည်း ရ၏။ တိုက်ဆိုင်မှုတွေ အများကြီးပဲ၊ အားလုံးက ဒီနေ့မှာပဲ အာရုံစိုက်နေကြတာ။


ဖန်းချူ သူ့အတွေးတွေကို ရပ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ အတွေးလွန်နေတာ ဖြစ်ရမယ်!


ဝမ်ဖုန်းကို အချိန်အတော်ကြာ သိခဲ့ပြီး သူ့စရိုက်ကို နားလည်ခဲ့သည်။ သူသည် အကြင်နာကင်းမဲ့သူ မဟုတ်ပေ။ အိမ်ထောင်ရေး ဖောက်ပြန်မှုမှာ အကျင့်စာရိတ္တ ပျက်ပြားသော်လည်း လူသတ်မှု၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လုံးဝ ကွဲပြားပါသည်။


သို့သော် အခြားတစ်ဖက်တွင်မူ ထိုကြောက်မက်ဖွယ်ဖြစ်ရပ်များ မပေါ်ပေါက်မီတွင် လူသတ်သမားသည် မည်သူမျှ မျှော်လင့်မထားသော ပုဂ္ဂိုလ်လည်း ဖြစ်သွားနိုင်သည်—ဥပမာ၊ ရိုးသားသူ…


ဒါဆို ဝမ်ဖုန်းက ဒါကို မလုပ်ဘူးဆိုတာ ဘယ်သူက သေချာနိုင်မှာလဲ။


ပိုင်ရှောင်ရှန်နဲ့ သူ့ရဲ့ဆက်ဆံရေး—


ဒါဟာ သူအရင်က မထင်မှတ်ထားဖူးတဲ့ အရာပဲ မဟုတ်လား?


ဖန်းချူ စိတ်မသက်မသာ ဖြစ်လာသည်။ ဒီအိမ်လေးမှာ မမြင်ရတဲ့ သရဲတစ္ဆေတွေသာမက လူသတ်သမားလည်း ရှိကောင်းရှိနိုင်၏။


ဝမ်ဖုန်းသည် ပိုင်ရှောင်ရှန်နှင့် သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းထားသော်လည်း သူ အတော်လေး စိုးရိမ်နေပုံရသည်။ ယခင်က ဖန်းချူသည် ဤအပြန်အလှန် ဆက်ဆံရေးကို များများစားစား မတွေးခဲ့မိသော်လည်း ယခုအခါတွင် ကြိုတင်ထင်မြင် ယူဆချက်များကြောင့် အရာရာက သံသယဖြစ်စရာ ကောင်း​နေပြီး မှန်ကန်သည်ဟု မခံစားရ​တော့ပေ။


ဖန်းချူ တုန်လှုပ်သွားသည်။


ခဏလောက်တွေးပြီး ရုတ်တရက် ထရပ်လိုက်သည်။ 


"ငါ ဆီးသွားချင်နေပြီ... သန့်စင်ခန်း သွားရတော့မယ်"


ဒါက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားသည်။ ဝမ်ဖုန်း အနည်းငယ် စိုးရိမ်သွား၏။


ကျန်ဖေးယွီ: "ငါမင်းနဲ့လိုက်ခဲ့ရမလား?"


ဖန်းချူ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။


"ငါက မိန်းကလေးမဟုတ်ဘူး အရင်က ရှောင်ရှန် သွားတုန်းကတောင် ဘာမှမဖြစ်ဘူးမလား ငါတစ်ယောက်တည်း သွားလို့ရတယ်"


သူ့အဖြေကိုမြင်တော့ ဘယ်သူမှ အတင်းမတိုက်တွန်းတော့ချေ။ 


ဝမ်ဖုန်း : "တစ်ခုခုဖြစ်ရင် လှမ်းပြောပါ... သတိထားဦး"


ဖန်းချူ ခေါင်းညိတ်လိုက်ပြီး အံကိုကြိတ်ကာ အပေါ်ထပ်သို့ လှည့်လိုက်သည်။


အပေါ်ထပ် ရောက်သောအခါ သူသည် ထောင့်တစ်နေရာမှ လှည့်ထွက်သွားပြီး သန့်စင်ခန်းသို့သွားမည့်အစား ချွေးယွိရှီး၏ အခန်းထဲသို့ ချော်ဝင်သွားခဲ့သည်။


ယခင်က သူတို့သည် ဤနေရာသို့ ချဉ်းကပ်ရန် အမြဲရှောင်ခဲ့ကြသည်။ ဒါပေမယ့် လူသတ်မှု ဇာတ်ကွက် ရှိတဲ့နေရာဟာ အမြဲတမ်း သဲလွန်စ အများဆုံး နေရာပါပဲ။


တကယ်တော့ လျှို့ဝှက်ချက်ဆိုတာ အမြဲတမ်း ဖုံးကွယ်ထားလို့ မရှိချေ။


တကယ်သာ ဒီမနက်ခင်းမှာ ဝမ်ဖုန်းရဲ့ လျင်မြန်တဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့မှာ သက်​သေတွေအားလုံးကို ဖျက်ဆီးဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ မလွဲမသွေ သဲလွန်စတွေ ချန်ထားခဲ့လိမ့်မည်။


ဖန်းချူ အသက်ပြင်းပြင်းရှူကာ သူ့စိတ်မသက်မသာ ဖြစ်မှုကို နှိမ့်ချရင်း အခန်းကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။


ကုတင်မှာ သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး စောင်တွေက ညစ်ပတ်နေပြီ။ ကြမ်းပြင်မှာလည်း သွေးတွေ စွန်းထင်းနေပါတယ်။ 'သေခြင်း' ဟူသည့် အနီရောင်တောက်တောက် စာလုံးအပြင် နံရံပေါ်တွင် အခြားမည်သည့်အရာမျှ မရှိ။ အားလုံးကို အလွယ်တကူ မြင်နိုင်ပြီး မည်သည့်အရာမှ ပေါ်လွင်ခြင်းမရှိပါ။


ကုတင်၏ ဆန့်ကျင်ဘက်တွင် TVစင်ရှိကာ အောက်ဖက်တွင် အံဆွဲသေတ္တာ သုံးခုရှိသည်။ ဘေးဘက်တွင် ဗီရိုတန်းများ၊ အံဆွဲများအားလုံးကို ဖွင့်ထားကာ ကြမ်းပြင်ပေါ်တွင် ပစ္စည်းများကို တော်ရိလျော်စွာ စုပုံထားသည်။


ဖန်းချူ ကွက်လပ်များကို သတိထားပြီး ကျော်သွားလိုက်သည်။ ကြမ်းပြင်ပေါ်ရှိ အရာများမှာ အတွင်းခံဘောင်းဘီ၊ ဖုန်းအားသွင်းကိရိယာများ၊ ဘက်ထရီသုံး အဝေးထိန်းခလုတ်များ၊ သန့်ရှင်းရေးသုံး လက်သုတ်ပုဝါများပင်။ အလွန်အသုံးများသော ပစ္စည်းအားလုံးကို စစ်ဆေး​ကြည့်ခဲ့သည်။


ခဏနေဦး။


အောက်ခြေအံဆွဲကို တစ်စိတ်တစ်ပိုင်းသာ ဖွင့်ထားသဖြင့် ပေါ့ပေါ့ပါးပါး ထင်ရသောကြောင့် ၎င်းထဲက အရာများကို တိမ်မြုပ်စေပြီး အလွယ်တကူ လျစ်လျူရှုမိနိုင်သည်။ ဖန်းချူ အသက်ပြင်းပြင်းရှူရင်း လမ်းလျှောက်လာပြီး အံဆွဲကို ဖွင့်လိုက်ရာ အထဲမှာ စာရွက်စာတမ်းတချို့ ရှိနေတာ တွေ့လိုက်ရသည်။ ကျောဘက်တွင် ကွာရှင်းစာချုပ် နှစ်ခုရှိသည်။


ကွာရှင်းစာချုပ်များသည် လွန်ခဲ့သည့် တစ်လက ထိုးထားလေ၏။ ဝမ်ဖုန်းက ၎င်းတို့ကို လက်မှတ် ရေးထိုးထားပြီးဖြစ်သော်လည်း ချွေးယွိရှီးက မထိုးခဲ့ပေ။ သူမသည် ကလေးထိန်းကျောင်းမှုအပိုဒ်တွင် အနီရောင်မျဉ်းကို ဆွဲထားပြီး သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။


ယခုမူကား သူမသေပြီ ဖြစ်သောကြောင့် သဘောထားကွဲလွဲစရာ မလို​တော့ပေ။


ဖန်းချူ လူတစ်ဦးတည်းသာ လက်မှတ်ရေးထိုးထားသော ကွာရှင်းစာချုပ်ကို ဆုပ်ကိုင်ထားပြီး အခန်းလွတ်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူပြီး ရုတ်တရက်။ 


"မင်းလား? မင်းဆိုရင်..."


ဖန်းချူလက်မှ ကွာရှင်းစာချုပ်သည် ရုတ်တရက် လေပြင်းတိုက်ခတ်ကာ လွင့်သွားသည်။ ကွာရှင်းစာချုပ်သည် သွေးများဖြင့် စွန်းထင်းသွားခဲ့ပြီး စာမျက်နှာများကို အနီရောင် စွန်းထင်းစေခဲ့သည်။


ကူကယ်ရာမဲ့ ဒေါသနဲ့ စိတ်ပျက်အားငယ်မှု တစ်မျိုးလို အငွေ့အသက်မျိုး ခံစားနေရသည်။ 


ဖန်းချူလက်ကို ဖြည်းညှင်းစွာ ဆုပ်ထားမိသည်။ သူသည် အဓိပ္ပာယ်မဲ့စွာ ဒေါသထွက်နေသော်လည်း မည်သို့ဖော်ပြရမည်ကို မသိပေ။


ထို့ကြောင့် တစ္ဆေက သူတို့ကို ​ခြောက်သာခြောက်ပြီး သူတို့ကို ဘယ်တော့မှ မထိခိုက်စေခဲ့ချေ။ အကြောင်းမှာ သူမက ချွေးယွိရှီး ဖြစ်နေလို့ပါပဲ။


ဝမ်ဖုန်းကသာ ဒဏ်ရာရသူ တစ်ဦးတည်းသာ ဖြစ်နေခဲ့၏။ 


"မင်းဘယ်လိုလုပ် ဒီမှာရှိ​နေတာလဲ?"


သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ဖန်းချူ လန့်သွားသည်။ 


သူ ဝမ်ဖုန်းကို ချာကနဲ လှည့်ကြည့်လိုက်၏။ သူ့အကြည့်တွေက ချက်ချင်း မယုံနိုင်လောက်အောင် ရှုပ်ထွေးသွားသည်။ အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့၊ ပြတ်သားတဲ့ပုံပေါက်တဲ့ ဒီလူက အခု ပထမဆုံးအကြိမ် သူ့အတွက် မရင်းနှီးတဲ့အပြင် ကြောက်စရာကောင်း​နေတယ်လို့တောင် ခံစားရ၏။


ဖန်းချူ သူ့ရင်ထဲက နာကြည်းမှုတွေကို မျိုသိပ်ရင်း။ 


"ငါ... လာကြည့်ဖို့ သတိရလိုက်လို့..."


ဝမ်ဖုန်း အောက်ကို ငုံ့ကြည့်လိုက်သော် ကွာရှင်းစာရွက်တွေက သွေးအိုင်ထဲမှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ တစ်ခဏမျှ တိတ်ဆိတ်မှုက အခန်းတွင်းသို့ ကျဆင်းသွားသည်။


ဖန်းချူ၏ နှလုံးသားသည် သူ့လည်ချောင်းထဲ ရောက်နေသလို တဒုန်းဒုန်း ခုန်ပေါက်နေသည်။ သူ မလှုပ်မယှက် ​ဖြစ်​နေသော်လည်း သူ့ခန္ဓာကိုယ်ရှိ အာရုံကြောတိုင်းက တင်းမာနေပြီး ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။ မဟုတ်ဘူး၊ သူအရင် လုပ်ကြံခံနေရလောက်ပြီ။


ဒါပေမယ့် နောက်တစက္ကန့်မှာတော့ ဝမ်ဖုန်းက အားကိုးရာမဲ့တဲ့ အမူအရာကို ထုတ်ပြလာတာကို မြင်လိုက်ရသည်။ သူက သက်ပြင်းချရင်း။


"မင်းသိသွားပြီပေါ့"


"ဟုတ်တယ်"


ဝမ်ဖုန်း၏ အမူအရာသည်ပင် ငြိမ်သက်နေ၏။ ဖမ်းခံရလို့ ထိတ်လန့်တကြား ဖြစ်မလာဘဲ ခါးသီးတဲ့အကြည့်နဲ့ ဖြည်းညှင်းစွာ ပြောလာသည်။ 


"ငါတို့ သဘောတူညီချက် မရသေးလို့ မင်းကိုငါမပြောသေးတာ.... ဒီလိုဖြစ်သွား​တော့ မင်းကိုပြောဖို့ အချိန်လည်း မရှိလိုက်ဘူး..."


ဝမ်ဖုန်းက ခါးသီးတဲ့ အပြုံးနဲ့ :"မင်းငါ့ကို ဘာလို့ဒီလို ကြည့်နေတာလဲ၊ မင်း ငါ့ကို သံသယ၀င်​နေတာလား"


သူ့အပြောအဆိုက သဘာဝဆန်လွန်းလှသည်။ ဝမ်းနည်းမှု၊ အားကိုးရာမဲ့မှု ဒါမှမဟုတ် ခါးသီးတဲ့ အပြုံးပဲဖြစ်ဖြစ်၊ ဘာမှ လွဲချော်နေပုံမပေါ်ချေ။ ခဏလောက်တော့ ဖန်းချူ သူ့ကို ယုံလုနီးပါးပင်။ 


အတွေးလွန်နေတာပဲဟု သူထင်မိသည်။


ဝမ်ဖုန်း : "သွားကြရအောင်... ဖေးယွီနဲ့ တခြားသူတွေက မင်းပြန်မလာတော့မှာကို စိတ်ပူနေလို့ ငါ မင်းကိုရှာဖို့ အပေါ်ထပ်ကို လိုက်လာတာ..."


ဖန်းချူ သူငယ်အိမ်များ အနည်းငယ် ပျော့ခွေသွားသည်။ သူ ဝမ်ဖုန်းဆီ ဖြည်းညှင်းစွာ ဖြတ်လျှောက်လာခဲ့သည်။


သူထွက်ခွာခါနီးတွင် ရုတ်တရက် ထူးဆန်းသော ကြိုတင်သတိပေးချက်ကို ခံစားလိုက်ရသည်။ အေးစက်စက် စူးစူးရှရှ ဝီစီသံက သူ့နားကပ်ကာ ထွက်သွားဖို့ ပြောနေသည့်အလား။ ဖန်းချူ လျင်မြန်စွာပင် ဝမ်ဖုန်းရဲ့ဓားကို ရှောင်သွားသည် ။


ပုံမှန်အခိုက်အတန့်လေးလို့ ထင်ရတဲ့ အမျိုးသားက သွေးစွန်းနေတဲ့ မီးဖိုချောင်သုံးဓားကို ရုတ်တရက် မြှောက်ချလိုက်၏။


ဖန်းချူ လှည့်ထွက်ပြေးတော့သည်။ ဝမ်ဖုန်းက သူ့အနောက်မှာ ရှိနေတာကြောင့် အထဲကိုသာ ပြေးနိုင်ခဲ့သည်။


သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းပြီးနောက် ဝမ်ထောင်းလေးက လှေကားအကွေ့တွင် တစ်ယောက်တည်းရပ်နေကာ တုန်လှုပ်ခြောက်ခြား၊ ထိတ်လန့်​နေသော အမူအရာဖြင့် သူတို့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။


ဖန်းချူ တစ်စက္ကန့်မျှ မတွေး​နေ​တော့ဘဲ ဝမ်ထောင်းကို ဖမ်းဆွဲကာ သူ့အသက်အတွက် ထွက်ပြေးတော့သည်။ 


သူတို့နောက်မှာတော့ ဝမ်ဖုန်းရဲ့ လေးလံတဲ့ ခြေလှမ်းတွေက လျင်မြန်စွာ ချဉ်းကပ်လာ၏။ သူတိုက်ခိုက်ခါနီးမှာပဲ စင်္ကြံနံဘေးက တံခါးက သူ့အလိုလို ပွင့်လာပြီး ဖန်းချူကိုလိုက်နေသည့် ဝမ်ဖုန်းအား ဝင်လိုက်ရာ ဝမ်ဖုန်း လုံးဝ သတိမထားမိလိုက်သဖြင့် ဝင်တိုက်မိသွားသည်။ 


ထို့နောက် ချက်ချင်းပင် အခန်းတွင်းမှ အရာဝတ္ထုများကလည်း ပေါက်ကွဲသံနှင့်အတူ ဝမ်ဖုန်းအပေါ်သို့ ပြိုကျသွား​လေသည်။