ဆယ်နှစ်တာသဘောတူညီချက်
DaoMuBiJi
Author - Nan Pai San Shu
Chapter (6)
ပုပ်ရွှေဖာစေ့ ပိုးအိမ်ကြီး
ရှောင်ဟွားက ဝူရှဲကို အေးစက်စွာ ကြည့်နေသည်။ သူ ဝူရှဲကို ဂရုမစိုက်ချင်တော့ဘူး ဆိုတာ သိသာပါ၏။ အခြားသူများကမူ ရှောင်ဟွားဟာ မီးရထား တစ်ကယ်ဝယ်နိုင်မည်ဟု မျှော်လင့်ကာ မျှော်ကြည့်နေကြသည်။
"အာရုံစိုက်စမ်း...."
ခဏကြာမှ ရှောင်ဟွားက ပြောလိုက်သည်။
သူက ဝူရှဲကို အာရုံစိုက်ဖို့ တကယ်ပဲ သတိပေးနေခဲ့ခြင်းပင်။ ဒီပြင်ဆင်ချက်က ဝူရှဲကိုတော့ ရှင်သန်ခွင့်ရစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အဆုံးတွင် မီးရထား အရောင်းအဝယ်လုပ်ရန် မရှိတော့သော်လည်း လူတစ်စုကို ရေတွက်ကာ စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ဖြင့် မီးရထားသံလမ်းတစ်လျှောက် လျှောက်သွားခဲ့ကြသည်။
တစ်စုံတစ်ယောက်ဆီမှ နွားအထီး အကောင် နှစ်ဆယ်နီးပါး ချေးယူခဲ့ပြီးနောက် တစ်ဝက်လောက်ကို စီးကာ တစ်ဝက်ကို ရိက္ခာတွေသယ်ခိုင်းကာ ခရီးထွက်ခဲ့ကြသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီလိုခရီးမျိုးနဲ့ ဝူရှဲတစ်ယောက် အရမ်းရင်းနှီးခဲ့ဖူးပါသည်။ အခု ဂျယ်လီလို အင်္ကျီတစ်ထည်ကို ၀တ်ထားပေမယ့် ဖိနပ်တွေ၊ တဲတွေ၊ ခြင်ဆေးတွေ အားလုံးကို စုစည်းထားပြီးသား ဖြစ်နေပါပြီ။ ရိက္ခာတွေကို နွားနောက်ကျော၊ ခါးပေါ်နှင့် ကျောပိုးအိတ်၏ ဘေးတစ်ဖက်တစ်ချက်တွင် တင်ထားသည်။ အစ်ကို ရှောင်မန်သည် ဖြည့်စွက်စာ အနည်းငယ်ကို စားပြီးနောက် ရှေးရိုးတောနက်ထဲသို့ ဆက်သွားကြသည်။
ဘာမှ မပြောဘဲ လေးရက်လောက် ဒီအတိုင်းသာ လမ်းလျှောက်ခဲ့သည်။ ဝူရှဲတို့သည် ရှေးဦးတောနက်၏ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။ သစ်ပင်တွေထက် ပိုငယ်တဲ့ ထင်းရှူးတောကို ဖြတ်ကျော်သွားစဥ် ရှောင်ဟွားက ဒီမှာ မနေနိုင်ဘူးလို့ ပြောခဲ့ပေမယ့် အခြေအနေအရ ဝိုင်းကြည့်ခဲ့ကြရာ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့။
"ခုတ်လှဲလိုက်တဲ့ ဒီသစ်တောက အစောကသစ်တောခြံနဲ့ လေးရက်ခရီးပဲ ဝေးတယ်.... အဲဒါက အနီးစပ်ဆုံး ထင်းရှူးတော ဆိုတော့ အစောဆုံး ခုတ်သင့်တယ်... အစောဆုံး ခုတ်ထားတဲ့ သစ်ပင်တွေကို သစ်တောခြံမှာ အိမ်ဆောက်ဖို့ သုံးထားမှာပဲ.... ငါတို့ မြေပြင်က တူးထုတ်ထားတဲ့ သစ်သားပုပ်က ဒီထက်နက်တဲ့ နေရာက လာတာ ဖြစ်မယ်"
ဒါကြောင့် သူတို့ ရှေ့ကို ဆက်သွားခဲ့ကြသည်။
တောအုပ်က ညဘက်တွင် စိုစွတ်ပြီး ပိုအေးသည်။ မီးတောက်က တဖျစ်ဖျစ် တောက်လောင်နေပြီး အဖွဲ့သားတွေက ခေါက်ဆွဲခြောက်များ ချက်ပြုတ်ထားသည်။ အစ်ကို ရှောင်မန်က မုဆိုးဖြစ်တာမို့ ယုန်ဖြစ်စေ၊ ငှက်ဖြစ်စေ နေ့တိုင်းရိတ်သိမ်းနိုင်သည်။ ခမ်ကျန်းနဲ့ ဖက်တီးတို့ နှစ်ဦးစလုံးသည်လည်း တောရိုင်းဂိမ်းကို နှစ်သက်ကြရာ သူတို့နှစ်ယောက်ဟာ နေ့တိုင်း မတူညီတဲ့ အရာတွေကို ကြော်စားကြပါ၏။ ဝူရှဲသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အသားကို အလွန်အကျွံ မစားတော့သဖြင့် ပထမတစ်ကိုက် နှစ်ကိုက်သာ စားခဲ့သည်။
တစ်ပတ်လောက်ကြာတော့ တောင်ချိုင့်ကြီး တစ်ခုအနားသို့ ရောက်လာခဲ့သည်။ ဖက်တီးက ပထမဆုံး အော်ငေါက်ပြလိုက်တာနဲ့ အခြားသူများလည်း ရပ်တန့်သွားသည်။
ပိုးအိမ်ကြီးကဲ့သို့ ထူထပ်စွာ ပြည့်ကျပ်နေသော ချိုင့်အတွင်း၌ ပုန်းနေသော အကောင်ကြီးတစ်စုသဖွယ် ရွှေပုပ်ဖာစေ့ အပင်များ ရှိနေသည်။ ဤအပင်အုပ်စုတဝိုက်တွင် အမွေးတုတ်တုတ်များလေးများ အများအပြား ရှိသည်။ ၎င်းထဲတွင် လုံးဝ ချည်နှောင်ခံထားရသော အသေကောင်များလည်း ရှိပါ၏။ အဝါရောင် (ပိုးသေ) တဲကြီးများ၏ ဧရိယာမှာလည်း သေဆုံးနေပြီဖြစ်သည်။ မြေပြင်ပေါ်ရှိ တောမြက်ရိုင်းများသည် ညှိုးနွမ်းပြီး အဝါရောင်ရှိသော်လည်း အလွန်မြင့်မားသောကြောင့် မညှိုးနွမ်းမီ အချိန်အနည်းငယ်အတွင်း တောရိုင်းပင်များ ကြီးထွားလာခဲ့သည်။
ဒီရွှေရောင် အပင်နွယ်တွေကြောင့် သူတို့အားလုံး ဆွဲဆောင်ခံလိုက်ရသည်။ အထဲကို လှမ်းကြည့်လိုက်တော့ ပိုးအိမ်က တကယ်ကြီးမားပြီး အတွင်းထဲမှာ ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခု ရှိနေတာ တွေ့လိုက်ရသည်။
"ဒီနေရာ ဖြစ်မယ်"
ဝူရှဲရဲ့ ပင်ကိုယ်အသိက ထင်းရှူးတောကြီး တစ်ဝိုက်မှာ ထူးဆန်းတဲ့ မြေသားပုံသဏ္ဌာန် ရှိတယ်ဆိုတာ ပြောပြနေ၏။ နှစ်ဖက်လုံးရှိ တောင်တန်းများသည် နူးညံ့သိမ်မွေ့သလို ရှိသော်လာ်း ချိုင့်ဝှမ်းအတွင်းက ဤကျောက်တုံးသည်တော့ အလွန်ထူးဆန်းလှသည်။
သူတို့သည် နေရာတိုင်းက မြေပြင်ကို သုတ်သင်ရန် သတ္တုရှာဖွေစက်များကို စတင်အသုံးပြုခဲ့ပြီး မကြာမီ တစ်စုံတစ်ခုကို တွေ့ခဲ့ပါသည်။ မြေမျက်နှာပြင်ကို လှန်ပြီး မြေဆီလွှာကို ခွဲကြည့်လိုက်သောအခါ သံတုံးအချို့ ပေါ်လာသည်။ ၎င်းတို့သည် ရှေးချပ်ဝတ်တန်ဆာများ၏ အပိုင်းအစများ သို့မဟုတ် လက်နက်ခဲယမ်းများ၊ မြှားခေါင်းများသာ။
"ဒါက ရှေးခေတ်စစ်မြေပြင်ပဲ...."
ဖက်တီးသည် ဟော့ချွိပင့်ကဲ့သို့ ပြုမူကာ ခေါင်းကိုလှည့်၍ တောင်ကို ညွှန်ပြလေသည်။
"ဒီကျောက်တုံးကြီးက တောင်ပေါ်မှာပဲ ရှိနေခဲ့တာ ဖြစ်ရမယ်... မွန်ဂိုလီးယားတပ်တွေ ဒီကိုဝင်လာတော့ ဘုရင် ၀မ့်နူစစ်တပ်က ဒီကျောက်တုံးကြီးကို တွန်းချလိုက်လို့ လိမ့်ဆင်းလာခဲ့တာ ဖြစ်မယ်..."
ခြုံခို တိုက်ခိုက်တာလား။ တကယ်လို့ အဲဒီလိုသာ ဖြစ်လျှင် ပြိုကျနေသော ကျောက်တုံးများစွာ ရှိနေသင့်သလို ကျောက်တုံးကြီး တစ်တုံးတည်းဆို တိုက်ပွဲက ခက်ခဲသွားလိမ့်မည်။
ဝူရှဲ: "ဘုရင့်ဝမ့်နူစစ်တပ်က အရေးကြီးတဲ့နေရာကို စောင့်နေတာ... မွန်ဂိုလူမျိုးတွေက တောင်ပေါ်ကို တက်တယ်။ ဖောက်ထွက်ခါနီးမှာ တောက်လျှောက်လှိမ့်လာဖို့ ကျောက်တုံးကြီးလိုတယ်.... ဒီကနေ တောင်ပေါ်တက်သွားရင်တော့ အားလုံး မျက်လုံးကျယ်ကျယ် ဖွင့်ကြည့်ထားကြ... တောင်ထိပ်မှာ တစ်ခုခုရှိရမယ်"