ဆန်ကုန်မြေလေးအင်မော်တယ်တွေအကုန်လုံးကို နင်းချေပစ်မယ်
Description
ငါက ဆေးပင်လေးတွေလိုက်ကောက်ရင်း တောင်ခြေမှာနေထိုင်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါပဲ။
ဒါပေမဲ့တစ်နေ့တော့ ကျင့်ကြံရေးဇာတ်လမ်းထဲက အမျိုးသမီးဇာတ်လိုက်
တစ်ယောက် စိတ်ဆိုးပြီး ထွက်ပြေးလာရင်း ငါတို့ရဲ့အိမ်လေးကို ဘာမှမဟုတ်တဲ့အရာတစ်ခုလို မီးရှို့ပစ်ခဲ့တယ်။
ငါဆေးဥဆေးမြစ်တွေကောက်ပြီး ပြန်ရောက်လာတဲ့အချိန်မှာ ကျန်ခဲ့တာဆိုလို့ မီးလောင်ကျွမ်းနေတဲ့ မြေပြင်ကြီးတစ်ခုပဲရှိတော့တယ်။ ငါ့ရဲ့မိသားစု၀င်အားလုံးဟာလည်း ပြာပုံဘ၀ရောက်သွားခဲ့ရပြီ။
ဒါပေါ့ အမျိုးသမီးဇာတ်လိုက်က ဒီအဖြစ်အပျက်ကြောင့် သူမရဲ့မြင့်မြတ်ပြီးနူးညံ့တဲ့ မသေမျိုးအရှင်ရဲ့ ရင်ခွင်ထဲ သနားစရာကောင်းအောင် ငိုယိုနေလေရဲ့။
အဲ့တာနဲ့သူ့အချစ်လေး မျက်နှာတစ်ချက်ညိုးတာတောင် မမြင်ချင်တဲ့ မသေမျိုးအရှင်က အေးစက်စက်အမူအယာနဲ့ ငုံ့ကြည့်ရင်း
"ဒီလိုနိမ့်ကျတဲ့သေမျိုးတွေရဲ့ အသက်က ဘာမှအရေးမပါတဲ့ အသေးအဖွဲ့လေးတွေပါပဲ ဒီလိုကိစ္စလေးကြောင့် မင်းရဲ့တာအိုနှလုံးသားကို အနှောက်အယှက်အဖြစ်မခံနဲ့ "
ငါကတော့ ဒီအရာတွေကို အိမ်ဆုံးရှုံးသွားတဲ့ခွေးတစ်ကောင်လိုမျိုး တိတ်ဆိတ်စွာနဲ့ပဲ အချိန်ကောင်းတစ်ခုကိုမျှော်လင့်ပြီး အံကြိတ်သည်းခံခဲ့တယ်။
နောက်ပိုင်းမှာတော့ ငါ့ဓားချက်တစ်ချက်နဲ့ နယ်မြေကိုးခုလုံးကိုတုန်လှုပ်စေခဲ့ပြီး အေးစက်စက်ရယ်မောလိုက်ရင်း ဆန်ကုန်မြေလေးတွေအားလုံးကို ပြာပုံဘ၀ပြောင်းပေးလိုက်တယ်လေ။
" နင်တို့ပြောပြောနေတဲ့ နိမ့်ကျတဲ့သေမျိုးတစ်ယောက်ရဲ့ လက်အောက်မှာ သေဆုံးရတာ ဘယ်လိုခံစားရလဲ? "
---