Chapter 41 ( Arc 4 )
ကြာပန်းဖြူရေသူလေးအား ဆုံးမခန်း(၁)
ကျိုးရှူသည် အာကသလွင်ပြင်ကျယ်ထဲသို့ နောက်တစ်ဖန် ဝင်ရောက်လာခဲ့သည်။ ယခင်နှစ်ကြိမ် ဝင်ရောက်ခဲ့သည့် အချိန်ကဲ့သို့ပင် အရာရာသည် မပြောင်းလဲဘဲ နေရာ၌ရှိနေပြီး အရိပ်တစ်ခုလဲ ထပ်မံ ရွေ့လျားလျက် ရှိနေသည်။ တစ်ချိန်တည်းတွင် ကျိုးရှုသည် ထိုအရိပ်အား ရင်းနှီးနေသည်ကို ခံစားမိသည်။ သို့သော် သူသည် မည်သူမည်ဝါ ဆိုသည်ကို တွေးတောမရခဲ့ပါ။
လက်ရှိကာလတွင် နိုအာကြယ်ပေါ်မှ ဆေးရုံအခန်းတစ်ခုထဲတွင်ရှိသော ရေတပ်ဗိုလ်မှူးကြီးသည် နောက်ဆုံးမှာတော့ သတိရလာခဲ့ချေပြီ။
နူးညံ့ညင်သာသည့် ဗိုလ်မှူး၏မျက်ဝန်းအကြည့်များသည် ယခုအချိန်တွင် အသက်မဲ့မျက်ဝန်းကဲ့သိုပင်။ သူသည် သေဆုံးသွားခဲ့ပြီး ကျိုးရှူကို ထပ်မံဆုံတွေ့ဖို့ရန် မဖြစ်နိုင်တော့ဟု ထင်ထားခဲ့သော်လည်း မိုးနတ်မင်းက သူ့အား နောက်ပြောင် ကျီစယ်ခဲ့သည့် အလား။ စကြာဝဠာများစွာ ကူပြောင်းပြီးမှ သူ၏ငယ်ချစ်ဦး ကျိုးရှုနှင့် နောက်ဆုံးမှာ ဆုံစည်းရသည်ဟုပင် ထင်မှတ်မိစေသည်။
ကျိုးရှုကို ပြန်ခေါ်ရမည် ဆိုသည့်အတွေးနှင့် ရှိသမျှ ခွန်အားကို စုပြီး လက်သီးဆုပ်ပြီး အားတင်းလိုက်သည်။
ခန္ဓာကိုယ်ကို လှုပ်ရှားချင်သော်လည်း ပင်ပန်းနွမ်းနယ်မှုက အနိုင်ယူထားပြီး သူ၏အသိစိတ်ကို မှုန်ဝါး သွားစေသည်။
****
သူ မျက်လုံး ဖွင့်လိုက်သောအခါ ကျိုးရှုက သူ့ကိုယ်သူ ဂုံးခွံကြီးတစ်ခုရှေ့တွင် ရပ်လျက် အနေအထားဖြင့် တွေ့လိုက်ရသည်။
သူ၏လက်သန်းလေး လှုပ်ရှားလာပြီး ကျိုးရှုက သတင်းအချက်အလက်များ လက်ခံသိလိုက်ရသည်။
ဤကမ္ဘာကြီးသည် ရေသူများရှိသော ကမ္ဘာဖြစ်ပြီး ကျိုးရှု သည် တောင်သမုဒ္ဒရာကို စီမံအုပ်ချုပ်သော နဂါးဘုရင်၏သား ဖြစ်သည်။
တစ်ချိန်တည်းတွင် ဤကမ္ဘာကြီးသည် အမျိုးသမီးများ မရှိသလောက် နည်းသော ပုရိသတို့ အချစ်ရပ်ဝန်း ဖြစ်သည်။ အဓိကဇာတ်ဆောင်မှာ ရေသူထီးများပင်ဖြစ်သည်။
အန်စီဟု အမည်ရသော ချောမောပြီးသနားကြင်နာတတ်သည့် နှလုံးသားရှိသည့် ရေသူလေးတစ်ယောက်သည် သူချစ်ရသည့် ကျောက်ရှုရွှမ် ဟုခေါ်သော လူသားလေးတစ်ယောက်အား ကယ်တင်ရန် ကျိုးရှု၏ အစွမ်းထက် အားဆေးလုံးအား ခိုးယူခဲ့သည်။
ကျောက်ရှုရွှမ် အသက်ပြန်ရှင်လာပြီးနောက် လူသားကမ္ဘာသည် မိုးခေါင်ရေရှားမှုကို ကြုံခဲ့ရသည်။ကမ္ဘာကို ကယ်တင်ရန်အတွက် ရေသူထီး အန်စီ သည် နတ်လိပ်ဘိုးဘိုး၏ နှစ်ထောင်ချီ ကျောက်စိမ်းတုံးဖြင့် စမ်းသပ်ခဲ့သည်။ သို့သော် ထိုကျောက်စိမ်းကို မည်သို့ အသုံးချရမည်ကို မသိသောကြောင့် မိုးခေါင်ပြီးနောက် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှုကို ထပ်မံကြုံတွေ့ခဲ့ရသည်။
အန်စီသည် ကမ္ဘာ့ကပ်ဘေးအကြောင်း သိပြီးနောက် ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးခဲ့သည်။ သူ၏လုပ်ရပ် မှန်ကန်သည်ဟု ထင်ခဲ့ပြီး ဤကဲ့သို့ ဘေးဆိုးကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် နတ်လိပ်ဘိုးဘိုးက သူ့အပေါ် သနားဂရုဏာသက်မိသွားပြီး ခွင့်လွှတ်ကာ ကမ္ဘာကပ်ဘေးကို ဖြေရှင်းဖို့ ကျောက်ရှုရွှမ်ရဲ့ နာမည်ကို ငှားလိုက်သည်။
ထို့နောက်တွင် ခေါင်းဆောင် ကျောက်ရှုရွှမ်ကို လူသတ်သမားများက လိုက်ရှာခဲ့ ကြသည်။ အန်စီ သည် နတ်ငါးမန်း၏ သွားစွယ်ကို ရရှိခဲ့သည်။ ဤငါးမန်းသွားသည် လူသားကမ္ဘာတွင် အံ့ဖွယ်လက်နက်တစ်ခုဖြစ်သည်။ ထို့နောက်တွင် ကျောက်ရှုရွှမ် သည်ရန်သူများလက်မှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။
နတ်ငါးမန်းသည် အစွယ်သွား ဆုံးရှုံးပြီးနောက် နေ့တိုင်း နာကျင်စွာ ခံစားနေခဲ့ရကြောင်း အန်စီ သိရှိပြီးနောက် ၎င်းရှေ့မှောက်တွင် ငိုယိုပြီးခွင့်လွှတ်မှုတောင်းခံခဲ့သည်။ အန်စီက သူ့အိမ်တွင် ထားရှိသော ငါးမန်းစွယ်သွားသည် သာမန် အဆင်တန်ဆာတစ်ခုသာဟု လွဲမှားစွာ ထင်မြင်ခဲ့သောကြောင့်ဖြစ်သည်။ အဆုံးသတ်မှာတော့ သွားစွယ်ပိုင်ရှင် ဖြစ်သည့် နတ်ငါးမန်းမှာ ခွင့်လွှတ်ရန် မှတစ်ပါး အခြားမရှိတော့ပေ။
နောက်ပိုင်းတွင် ကျောက်ရှုရွှမ် နှင့် အန်စီ တို့ ပေါင်းစည်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဗိုလ်ချုပ် ကီယွမ်လင် ကို တွေ့ရှိခဲ့သည်။ ကီယွမ်လင် ၏လမ်းညွှန်မှုအောက်တွင် ၎င်းတို့သည် တော်ဝင်ရုံးတော်ကို တော်လှန်ခဲ့ပြီး ကျောက်ရှုရွှမ် သည် ဧကရာဇ်ဖြစ်လာခဲ့သည်။
ကျောက်ရှုရွှမ် နန်းတက်သည့်နေ့တွင် အန်စီသည် ကျိုးရှု ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးရှုက ကျောက်ရှုရွှမ်အတွက် နှစ်ပတ်လည်လက်ဆောင်အဖြစ် ထာဝရ ငယ်ရွယ်နုပျိုစေရန် ရည်ရွယ်ပြီးပေးမည့်ဆေးလုံးအား အန်စီက ခိုးယူခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့နောက် နတ်ဆိုးဘုရင် ပေါ်လာပြီး ကျောက်ရှုရွှမ် အား သူ့ကတိကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့သည်။ အန်စီ သည် အကြောင်းစုံသိရပြီးနောက် အလွန်ခံစားသွားရပြီး ကျောက်ရှုရွှမ် အသက်ရှင်ရန်အတွက် သူ့၏အသက်ကို စတေးလိုကြောင်း တောင်းဆိုခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်သား သနားစဖွယ် ငိုကြွေးသည်ကို မြင်ရသည့် နတ်ဆိုးဘုရင်လည်း ဤကိစ္စအတွက် စိတ်ရှုပ်မခံဘဲ လွှတ်ပေးလိုက်ကာ အသက်ချမ်းသာခွင့်ပေးခဲ့သည်။
ကျိုးရှူ သည် ထိုသတင်းကို ကြားသိရပြီးနောက် ခနဲ့ပြုံး ပြုံးမိလိုက်သည်။ ဤအဖြစ်အပျက်သည် ရယ်စရာကောင်းလွန်းသည်။ ဤ “ကြင်နာတတ်သော” ဇာတ်ဆောင်သည် သူခိုးတစ်ယောက်သာ မဟုတ်ပါလော။ သူ၏ "နူးညံ့သိမ်မွေ့မှု" ဆိုသည်မှာ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း သနားစဖွယ် ငိုကြွေးပြနေရုံသာ ဖြစ်ပြီး လုပ်ဆောင်ချက်များမှာလည်း အကောင်းဘက်ကို ရည်ရွယ်၍ဆိုသည့် အကြောင်းပြချက်နှင့်ပင် ပြစ်ဒဏ်များပယ်ဖျက်နိုင်သောကြောင်ဖြစ်သည်။ အလွန်ကို ပျက်ရယ် ပြုစရာ ကောင်းနေသည်။
သူသည် ကျောက်ရှုရွှမ် ကို မြတ်နိုးပြီး သူ့ကို ကယ်တင်ချင်သည်မှာ မှန်ပေသည်။ ဤအရာသည် မမှားပေ။ သို့သော် ဆိုလိုသည်မှာ ဆေးလုံးသည် ကျိုးရှု အတွက် မည်မျှပင် အရေးကြီးပစ္စည်းမဟုတ်ခဲ့ပါစေ၊ သူသည် ကျိုးရှု၏ အစွမ်းထက်ဆေးလုံးအား ခိုးယူခဲ့သည်။
ထို့တစ်ဖန် လူသားကမ္ဘာကြီးမှာ မိုးခေါင်ရေရှားမှုကို မြင်တွေ့ရသောကြောင့် လူသားများကို ကူညီလိုစိတ် ရှိခဲ့သည်။ သို့သော်သူသည်တစ်ဖန် နတ်လိပ်ဘိုးဘိုး၏ နှစ်ထောင်ချီ ကျောက်စိမ်းကို ထပ်မံခိုးယူသွားပြန်သည်။
နတ်ငါးမန်း၏ အစွယ်နှင့် တောင်သမုဒ္ဒရာ၏ အသက်ရှင်ဆေးတောင့်လည်း ခိုးယူခဲ့သေးသည်။
သူသည် ကြင်နာတတ်သူ ဟုချီးမြှောက်ခံရသော်လည်း မည်သူမှ အရေးမစိုက်ကြချေ။
ကျောက်ရှုရွှမ် အတွက်မူ သူဘာမျှမလုပ်ခဲ့ချေ။
တကယ်တမ်း လူအများကို ကယ်တင်ချင်သူမှာ အန်စီ ဖြစ်ပြီး၊ တော်ဝင်အင်ပါယာကို စစ်သည်များနဲ့ ဦဆောင်တိုက်ပွဲဝင်ခဲ့သူမှာ မင်ချီ ဖြစ်သည်။သူသည် သစ္စာရှိရဲဘော်များဖြင့် ဝန်းရံထားသော မျှော်လင့်ခြင်း ရောင်ခြည်အလင်းတန်းလေး မဟုတ်ပါလော။
အကယ်၍ ဤအလင်းတန်လေး ပျောက်ကွယ်သွားပါက၊ သူသည် အဘယ်အရေးကြီး ပုဂ္ဂိုလ် ဖြစ်နိုင်တော့မည်နည်း။
မည်သို့ပင်ဆိုစေကာမူ ကျိုးရှု သည် ဤကဲ့သို့လူမျိုးက မည်သည့်အရာကိုမှ ပြီးမြောက်အောင်မြင်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။ ကျိုးရှုက သူတို့၏ပြိုင်ဘက်မှာ အန်စီ ဖြစ်ဖြစ် ကျောက်ရှုရွှမ် ဖြစ်ဖြစ်၊ အဆုံးသတ်ကား ဝမ်းနည်းစရာအတိ ဖြစ်မည်အကြောင်း အသိပေးစေလိုခဲ့သည်။
လက်ရှိအချိန်တွင် သူ့ရှေ့က ဧရာမဂုံးကောင်ကြီးကို ကြည့်ပြီး ဗီလိန်ဆန်ဆန်ပြုံးပြလိုက်သည်။ 'မင်း ငါ့အပိုင်ပစ္စည်းကို ခိုးယူသွားခဲ့ရင် ငါလဲ မင်း အပိုင်တစ်ခုခုကို ပြန်ယူရတာ တရားမျှတမှုရှိပါတယ်' လို့ သူ့ကိုယ်သူ တွေးခဲ့တယ်။
ကျိုးရှု သည် နဂါးဘုရင်၏သားတော် အသွင်ဖြစ်သော တောင်သမုဒ္ဒရာ၏ အုပ်စိုးသော အရှင်သခင်အဖြစ် အသွင်ပြောင်းသွားသည်။
ကျိုးရှု သည် ဧရာမနဂါးကြီးအသွင်သို့ ပြောင်းလဲကာ နဂါးဘုရင်၏နန်းတော်မှ ထွက်ခွာသွားခဲ့သည်။ ငြိမ်သက်နေသော ရေပြင်မှာ လှိုင်းလုံးကြီးများဖြင့် မြင့်တက်သွားလျက်ကမ်းခြေနားက ရေသူများမှာ ကြောက်လန့်တကြား တုန်လှုပ်နေကြတော့သည်။
လှိုင်းလုံးကြီးများ တဖြည်းဖြည်း ငြိမ်သက်လာပြီး နဂါးကြီးလည်း ရေပြင်ထက်တွင် လူအသွင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလူသည် မိုးပြာရောင်ဝတ်ရုံကို လွှမ်းခြုံထားလျက် အောက်ခြေကို နတ်ဘုရားတစ်ပါးကဲ့သို့ အပေါ်စီးမှကြည့်နေသည်။
"အန်စီ မင်းငါ့ရဲ့ ဆေးလုံးကို ခိုးသွားခဲ့တယ်"
အန်စီတစ်ယောက် အနည်းငယ်တုန်ရီ သွားလေသည်။ နဂါးဘုရင်၏သားတော်သည် သဘော မနောကောင်းသူမဟုတ်ဘဲ အမြဲတမ်း သူ့ကို အမြင်ကြည်သူ မဟုတ်ကြောင်းလဲ သူသိသည်။
"ကျွန်တော်မျိုးမှားသွားပါတယ်" " ကျွန်တော်မျိုး သူ့ကို သနားမိသွားလို့ ကယ်တင်ချင်ခဲ့တာပါ" "အရှင်မင်းသား ကျေးဇူးပြုပြီး ငဲ့ညှာပေးတော်မူပါ" "ကျွန်တော်မျိုးမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါ"၊ လူသားတစ်ယောက်ကို ကယ်တင်ချင်တဲ့ စိတ်လေးပဲရှိ...."
အန်စီ တစ်ယောက် ပို၍ ထိတ်လန့်လာပြီး မျက်လုံးများ နီရဲလာသည်။ သူ၏နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သော အသွင်အပြင်ကြောင့် ကျိုးရှု က သူ့ကို မတရားစွပ်စွဲနေသည်ဟု တခြားသူများကို ထင်မြင်စေသည်။
ကျိုးရှု သည် အန်စီ၏ အလှတရားများအောက်တွင် ကျရှုံးမိသည်။ မှန်ပေသည်။ အန်စီသည် တကယ်ကို လှပလွန်းသည်။
နှင်းပွင့်များကဲ့သို့ ချောမွေ့ဖြူစင်သော အသားအရေ၊ ဇင်ယော်တောင်မျက်ခုံး၊ သံလွင်သီးသဏ္ဏန် မျက်လုံးရွှဲကြီးများနှင့် ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးတစ်စုံ၊ သူ၏ မိန်းမဆန်ဆန်သွယ်လျပြီး ချစ်စရာကောင်းသော သူ့အပြုအမူနှင့် အပြောအဆိုအားလုံးသည် သဘာဝတရားကြီးက လက်ဆောင်ပေးထားသည့် နူးညံ့သိမ်မွေ့မှုကို သယ်ဆောင်လာသည့်အလား မှင်သက်မိစေသည်။
“အရှင်မင်းသားငယ် သူ့ကိုကြည့်ပါဦး။ အရှင့်သား သူ့အတွက် နည်းနည်းလေးတောင် စာနာစိတ်မရှိဘူးလား"
"ဟီးဟီး မင်းက ငါ့ဆီက တစ်ခုခု ခိုးသွားတယ်လေ၊ အဲအတွက် ငါက ပြန်တောင်းတဲ့အခါ ငါက ယုတ္တိမရှိဘူးပေါ့?။ ကြမ်းပြင်ပေါ်မှာ လဲနေတဲ့လူက ငါနဲ့လုံးဝမဆိုင်ဘူး။ ငါ သူ့ကို မကယ်ရင် ငါက စာနာစိတ်လေးတောင် မရှိတဲ့ ရက်စက်တတ်တဲ့သူပေါ့လေ ဟုတ်လား? "
ကျိုးရှုက အေးစက်စွာ ရယ်မောလိုက် သည်။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လူကိုတော့ တကယ်ပင် စာနာစိတ် မရှိပေ။
"အန်စီ ငါမင်းကို ဆေးတောင့်ပြန်ပေးဖို့အချိန် ၃ စက္ကန့်ပေးမယ်။ မဟုတ်လို့ကတော့ မင်း ငါ့အဆိုးမဆိုနဲ့" ကျိုးရှု၏ အေးစက်စက် ကျယ်ပြောလှသော အသံသည် လွင်ပြင်ကျယ်တစ်ဝိုက် ပဲ့တင်ထပ်နေသည်။ သူ၏ အထက်စီးဆန်သော အမူအရာကြောင့် အန်စီတစ်ယောက် တုန်လှုပ်သွားရပြန်သည်။
"အရှင်မင်းသားငယ်" ကျွန်တော်မျိုး တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး...."
"အန်စီ၊ ငါမင်းကိုမေးမယ် သူသာ ဒီလိုရုပ်မျိုးဆိုရင် မင်းသူ့ကို ကယ်ဦးမှာလား" ပြောပြောဆိုဆို ကျိုးရှု သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချောမောသော အမျိုးသားသည် မျက်နှာအမာရွတ်များဖြင့် ရုပ်ဆိုးအကျည်းတန်သော လူထွားကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်?
“ပြီးတော့ သူက သေသွားပြီ။ သေသွားတဲ့လူကို အသက်ပြန်ရှင်ခိုင်းပြီး ဓမ္မတာကို လွန်ဆန်ခြင်းဟာ ကောင်းကင်ဘုံကို ဘေးသင့်စေတယ်ဆိုတာကို မင်းမသိဘူးလို့တော့ မပြောနဲ့?" ကျိုးရှုက သူ့ကို အလေးအနက်ထားပြီး မေးလိုက်သည်။
အန်စီတစ်ယောက် ဆွံ့အသွားခဲ့ပြီ။ သူ၏ ရှေ့တွင်ရှိနေသော ရုပ်ဆိုးအကျည်းတန်သောသူသည် သူ့အား အလွန်အမင်း ထိတ်လန့်သွားစေသည်။ မူလက ဖြူဖွေးနုဖတ်သော ပန်းသွေးရောင် အသားအရေသည် အရောင်အသွေးများ ကင်းမဲ့သော စက္ကူဖြူကဲ့သို့ ပြောင်းလဲသွားသည်။
"အသက်ရှင်ဆေး ပြန်ပေးပါ" ကျိုးရှု၏အသံသည် ပို၍ မာကြောလာသည်။
အန်စီတစ်ယောက် ငြိမ်သက်နေရာမှ သတိပြန်ဝင်လာပြီးနောက် ရင်ဘတ်ကို ဖိပြီး ထိုင်ချလိုက်သည်။ "မဟုတ်သေးဘူး မင်းသား"
မင်သား စာနာစိတ်မရှိပေမယ့် ကျွန်တောမျိုးရှိတယ်..."
အန်စီက အလျင်အမြန်ပင် လက်ထဲကဆေးလုံးကို မြေပြင်တွင် လဲလျောင်းနေသူအား ကျွေးလိုက်သည်။ ကျိုးရှူလဲ ဆေးလုံးသည် တစ်စုံတစ်ယောက် ခံတွင်းထဲသို့ ထည့်လိုက်ပါက အလျင်အမြန် အရည်ပျော်သွားသည့် အကြောင်းကို သိထား၍ မတားတော့ပေ။ ကျိုးရှုက အေးစက်စွာဖြင့် " မင်းသူ့ကို ကယ်လိုက်လဲ ငါ ပြန်သတ်လိုက်လို့ ရတယ်ဆိုတာသိလား"
ကျိုးရှုက ပြောပြောဆိုဆို ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများဝန်းရံထားသော အရောင် တစ်လက်လက် ထနေသော မဏ္ဍိုင်ကြီးတစ်ခု ဖန်ဆင်းလိုက်သည်။ အန်စီက ဤလက်နက်သည် မင်းသားထုတ်သုံးနေကျ လက်နက်တစ်ခုမှန်းသိပြီး အသက်ရှင်ဖို့ မလွတ်မြောက်နိုင်ကြောင်းလဲ သူသိသည်။
အန်စီက ကမန်းကတန်း ဒူးထောက် တောင်းပန်လိုက်သော်လည်း မင်းသားမှာ နားမဝင်တော့ချေ။ ရေစီးကြောင်းမှာ နှစ်ယောက်သားထံ တဖြည်းဖြည်းချဉ်းကပ်လာခဲ့လေပြီ။ မင်းသားက အေးစက်စွာ ရယ်မောလိုက်ပြီး "အဲလိုဆိုလဲ နှစ်ယောက်သား အတူတူသာသေလိုက်ကြတော့"
ရေစီးကြောင်းမှာ ချွန်ထက်သော ဓားသွားများစွာဖြင့် နှစ်ဆပိုမိုကြီးထွားလာပြီး ရေကူးနေသော နဂါးကြီးတစ်ကောင်အသွင် ဖြစ်လာကာ အနီးအနားရှိ လူများအား ထိတ်လန့်ကြောက်ရွံ့သွားစေသည်။
အန်စီတစ်ယောက်လည်း သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ဖက်ထားရုံမှ တစ်ပါး အခြားမတတ်နိုင်တော့ပေ။
နာကျင်မှုက သူ့ခန္ဓာကိုယ်နဲ့ စွမ်းအင်များကိုဝါးမျိုးသွားသည်။ ပုရွက်ဆိတ်များ ထောင်နဲ့ချီ ကိုက်သကဲ့သို့ပင် အရေပြားနှင့် အရိုးများမှတဆင့် ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုသည် တဖြည်းဖြည်း ပြင်းထန်လာသည်။ အန်စီတစ်ယောက် နာကျင်မှုမှတစ်ပါး အခြားအာရုံကို မခံစားမိတော့ပေ။
သူ၏အသိအာရုံများမဆုံးရှုံးခင်နောက်ဆုံးမြင်လိုက်ရသည်မှာ ကျိုးရှု၏ ခက်ထန်သော မျက်နှာထားပင် ဖြစ်ပေသည်။ ကျိုးရှု သည် အလှမ်းဝေးပြီး တက်လှမ်းရန် ခက်ခဲလှသော တောင်တန်းသဖွယ်။ လူအများကို တက်မက်စေပြီး တစ်ချိန်တည်းမှာပင် ကြောက်ရွံ့စေသည်။ သားရဲတစ်ကောင်၏မာယာကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ရေစီးကြောင်းလဲရွေ့ဆင်းသွားပြီးကျိုးရှုလဲ စွမ်းအားများ ထုတ်သုံးလိုက်ရသဖြင့် သူ၏လက်ကို ခါယမ်းလိုက်သည်။
ကျိုးရှု သတိလစ်နေသူ နှစ်ယောက်ထံ ပျံသန်းလာပြီး သူတို့၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်သည်။ ကောင်းပေစွ။ သေသူမှာ နိုးထလာ၍ ရှင်သူမှာ သေမင်းချောက်ကမ်းပါးစွန်းသို့ နီးကပ်သွားသည် ဖြစ်ခြင်း။
ကျိုးရှုက သူတို့နှစ်ယောက်ကို မသတ်ခဲ့ပါ။ ဤလောက၏ ဇာတ်ဆောင်များဖြစ်သည့် သူတို့ကိုသတ်လိုက်လျှင် ကြေကွဲခြင်းအရသာကို အဘယ်မှာ သိနိုင်တော့မည်နည်း။
ကျိုးရှုကတွေးလျက် 'အစပိုင်းထဲက ပေးသေလိုက်ရင် ကူးပြောင်းခြင်းဆိုတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ'
ထို့အပြင်၊ ကျိုးရှုသည် မှဲ့နီအမှတ်အသားနဲ့ တစ်စုံတစ်ယောက်သည် သူ့နောက်ကို လိုက်ရှာမလား သိချင်သေးသည်။
ကျိုးရှုက ပုစွန်စစ်သားနှင့် ဂဏန်းဗိုလ်ချုပ်တို့အား အန်စီကို ရေအောက် အကျဉ်းထောင်သို့ ပို့ဆောင်စေပြီး အဓိကဇာတ်ဆောင် ကျောက်ရှုရွှမ်အား ပင်လယ်ကမ်းရိုးတန်းက ရွာတစ်ရွာသို့ ပို့ဆောင်စေခဲ့သည်။ ကျိုးရှုက အကြံဖြင့်တစ်ချက်ပြုံးလိုက်ကာ 'သူဘယ်လိုလိုက်ရှာမလဲဆိုတာ ကြည့်ကြတာပေါ့ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းလို့တော့ မရဘူးလေ'
ကျိုးရှု၏မိုးပြာရောင် အရိပ်များလည်း တဖြည်းဖြည်းလျော့ဆင်းသွားပြီး ကျိုးရှူလည်း နန်းတော်သို့ ပြန်သွားခဲ့သည်။ ပင်လယ်မျက်နှာပြင်လည်း ဘာမှမဖြစ်ခဲ့သလို ပြန်လည် ငြိမ်သက်လျက်။
ပင်လယ်ပြင်အထက်တွင် အနက်ရောင် ဝတ်ရုံအမျိုးသားတစ်ဦးနှင့်အတူ ချောမောလှပသော အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။
“သူတို့က ဘယ်သူလဲ"
"နေ့တစ်ဝက်လောက် ချောင်းကြည့်နေတာတောင် သူဘယ်သူလဲ နင်ခုထိ မသိသေးဘူးလား"
ဘယ်သူ?
"အဲဒါ တောင်သမုဒ္ဒရာက နံပါတ်တစ် အလှဆုံးရေသူလေး အန်စီလေ။ လှပရုံတင်မက သနားကြင်နာတတ်ပြီး စိတ်ထားလေးလဲ ကောင်းလို့ သူ့ကို လိုချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာ၊ နင့်အလှည့် ဘယ်တောမှ ရောက်မှာ မဟုတ်ဘူး...ဟားဟားဟားး..."
"ပါးစပ်ပိတ်ထား၊ ငါ သူတို့ကို လုပ်ခဲ့တဲ့သူ အကြောင်းကို မေးနေတာ"
"သူလား၊ အဲဒါ တောင်သမုဒ္ဒရာရဲ့ ဒုတိယမင်းသား ကျိုးရှုလေ။ သူကလက်ရှိ တောင်သမုဒ္ဒရာကို အုပ်ချုပ်နေတာ၊ မင်းသူ့ကို စိတ်ကူးယဉ်နေတာတော့ မဖြစ်နိုင်ပါဘူးနော်၊ မင်းရဲ့အကြိုက်ကလဲ တစ်မျိုးလေးပါလား၊ အန်စီကမှ ပိုလှပြီး ပိုချစ်ဖို့ ကောင်းတာကို၊ မင်သားက ပိုချောမောပြီး ခံ့ညားနေတယ်ဆိုဦးတော့၊ မင်း သူကို လွှမ်းမိုးနိုင်မယ် ထင်လို့လား"
"တိတ်စမ်း"