Ch 75.2
Viewers 2k

Chapter 75.2


အပိုင်း (၇၅.၂)

အခြားကမ္ဘာမှဉာဏ်ကြီးရှင်အား ဆုံးမခန်း (၁.၂)


ခေါင်းဆောင်၏ဆံပင်များသည် ဖြူဖွေးလျက် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး အရေပြားမှာ နေလောင်နေသည်။ သို့သော် သူ၏ သွင်ပြင်မှာ အသက်ကြီးပုံမပေါ်ပေ။ သူ့မုတ်ဆိတ်မွေးများကို ပွတ်သတ်ရင်း အနည်းငယ်စဉ်းစားလိုက်ပြီးကျိုးရှု ကို "ဒါက လွယ်ပါတယ်၊ အစီအစဉ်ဆွဲကြမယ်လေ"


"ဒါပေမယ့် ဝမ့်ရွှေပို က ကျွန်တော်တို့ထက်သုံးဆလောက်ကြီးတယ်၊ တစ်ဖွဲ့က ကျွန်တော်တို့ ကောက်ရိုးအိမ်တွေကို တိုက်နေပြီး တစ်ဖွဲ့က ဝိုင်းထားရင်တောင် သူတို့ကို ပြန်ခုခံဖို့ မလွယ်ဘူး။ ကျွန်တော်တို့ လူတွေကို ဒီမှာပဲ တပ်စုခိုင်းထားပြီး ဝမ့်ရွှေပို ကိုသွားတယ်လို့ သတင်းဖြန့် ခိုင်းလိုက်မယ်၊ သူတို့ လာတဲ့အခါကျ အချည်းနှီး ဖြစ်သွားအောင်ပေါ့၊ ကျွန်တော်တို့ကတော့ ရန်သူကို တိုက်ဖို့ အဆင်သင့် ဖြစ်နေစေမယ်"


"ကျိုးရှု မင်းပြောတာနည်းလမ်းကျပေမယ့် ရန်ဟီက ဝမ့်ရွှေပိုကို သွားမယ်ဆိုတည်းက သူ့မှာ အစီအစဉ်တွေ ရှိမယ်ဆိုတာ သေချာတယ်။ ဘယ်လို စီစဉ်ထားလဲ ဆိုတာကို မင်းသူ့ကို ဒီညသွားမေးသင့်တယ်"


"ဟုတ်ကဲ့ပါ" 


အမှန်အတိုင်း ပြောရလျှင် ကျိုးရှုအတွက် ဤကမ္ဘာမှာ သူနှင့် သိပ်အဆင်မပြေလှပေ။ ဤကဲ့သို့ ဒဲ့တိုးပြီး ခေါင်းမာလှသောသူများကို သူမည်ကဲ့သို့ ကိုင်တွယ်ရမှန်းမသိပါ၊


ရန်ဟီ၏ ဦးထုပ်ကိုတွေ့ပြီး‌နောက် ကျိုးရှုကတံခါးခေါက်လိုက်သည်။ အထဲမှ "ခဏလေး" ဟူသော အသံထွက်လာသည်။ သို့ရာတွင် တံခါးကသူ့အလိုလို တံခါးပွင့်နှင့်နေပြီး ဖြစ်သည်။ တံခါးဝတွင် မတ်တပ်ရပ်နေရင်း  ကျိုးရှုတစ်ယောက် ဝင်မရလို မဝင်ရမလို ဝေခွဲရခက်နေသည်။ သူက အထဲကို လှမ်းကြည့်လိုက်ရာ ဝတ်လစ်စလစ် ခန္ဓာကိုယ်တစ်ခုအား တွေ့လိုက်ရသည်။

ကျိုးရှုက မျက်လုံးမမှိတ်ပဲ ဆက်ကြည့်နေမိသည်။ အထဲမှ လူသည် ရေချိုးပြီးစ ဖြစ်သဖြင့် သူ၏ကျောပြင်တွင် ရေစက်များဖြင့် ရွှဲစိုနေသည်။ သူ့တွင် စိုပြေပြီးကျန်းမာသော ကြေးဝါရောင်အသားအရေရှိသည်။ နောက်ကျောကြွက်သားများသည် သန်မာလှပြီး ကျဉ်းမြောင်းလှသောခါးနှင့် ကျယ်ပြန့်သောပုခုံးတစ်စုံရှိသည်။ ခါး၏ဘယ်ဘက်ခြမ်းတွင် လက်မအရွယ် အမာရွတ်တစ်ခု ရှိသည်။ အမာရွတ်ဟောင်း ဖြစ်သောကြောင့် ချက်ချင်း မမြင်သာနိုင်ပေ။ သူ၏ အောက်ပိုင်းနှင့် ပေါင်အစုံတို့သည် ကျစ်လစ်ခိုင်မာလှသည်။ ထိုလူမှာ အဝတ်အစားများ ဝတ်လိုက်သဖြင့် ပေါင်ခြံကို မမြင်ရတော့ပေ။


ထိုလူက နောက်လှည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။ "ကြည့်ကောင်းလား?"


နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်လည်း လိုက်ပါလှည့်လာသောကြောင့် ကျိုးရှုလည်း ထိုလူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့နှင့် ၎င်းပေါ်မှ တောက်ပသောအနီရောင်မှဲ့ကို မြင်လိုက်ရသည်။ ကျိုးရှု အသာအယာပြုံးလိုက်ပြီး အဝတ်အစားဝတ်နေသောထိုအမျိုးသားအား ကြည့်ရင်း အကြံတစ်ခုရလိုက်သည်။


"မဆိုးပါဘူး၊ မှောင်မနေရင် ပိုကြည့်ကောင်းမှာ"


ထိုလူက ကျိုးရှုအား တစ်ချက်မျက်စောင်းထိုး ကြည့်လိုက်ရင်း " ပြောစရာရှိရင် ပြောလေ၊ မရှိရင် လစ်တော့"


ကျိုးရှုက ပြုံးလိုက်ပြီး ဆက်ပြောသည်၊ "ရှိတာပေါ့ ဝင်လာလို့ ရတယ်မလား?"


ရန်ဟီက ကျိုးရှု ကို စိတ်မရှည်စွာကြည့်ပြီး မေးလိုက်သည်။ "တကူးတကဝင်လာပြီးပြောနေရအောင် ဘာကိစ္စများမို့လို့လဲ?"


ကျိုးရှု ကသူ့စောဒကကို လျစ်လျူရှုပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ ဝင်လာပြီးနောက် သစ်သားကုလားထိုင်ပေါ်တွင် ခြေချိတ်ကာ ထိုင်ချလိုက်ပြီး ဆိုလိုက်သည်။ "အစကတော့ တစ်ခုတည်း ပြောမလို့ပဲ ဒါပေမယ့် ပြောစရာနှစ်ခု ဖြစ်သွားပြီ"


"မြန်မြန်ပြော"


"အဲ့လိုဆုံးဖြတ်ပြီးကတည်းက ငါမင်းကို စိတ်ဝင်စားနေတဲ့ ကိစ္စအပေါ်မင်းရဲ့ မင်းရဲ့အဖြေက ဘာလဲ?"


"အဖြေလို သေးလို့လား? ငါ့မှာမင်းအတွက် စကားတစ်လုံးပဲရှိတယ်၊ ထွက်သွား"


"အဲ့ဒါဆိုလဲကောင်းပြီလေ ငါ့ကို စောင့်နေပါ" ပြောလက်စပြီး ကျိုးရှု ထွက်သွားသည်။ သို့သော် သူ၏ခံစားချက်များ ကောင်းမွန်နေသည်၊ အကြောင်းမှာရောက်ရောက်ချင်း သူ၏ဖူးစာဖက်ကို ရှာတွေ့လိုက်သောကြောင့် ဖြစ်သည်။

သို့ပေမယ့် သူ၏ဖူးစာဖက်မှာ သူ့ကို အမြင်မကြည်နေပုံရပြီး ပြဿနာအနည်းငယ်တော့ ရှိနေသည်။


ကျိုးရှုက သူ၏ဖူးစာဖက်သည် မည်သည့်ကမ္ဘာတွင် ဖြစ်စေကာမူ သူ့အား မြင်မြင်ချင်းချစ်မိသွားမည်ဟု ထင်ခဲ့သည်။ သို့မဟုတ် တစ်ယောက်နှင့် တစ်ယောက်သိပြီးသား ဖြစ်ခဲ့လျှင်ပင် သူနောက်တစ်နေရာသို့ ပြောင်းသွားသည့်အချိန်တွင် ချစ်မိသွားလိမ့်မည်ဟု တွေးမိခဲ့သည်။ သူ အတွေးမှား သွားခဲ့ပုံရသည်။


ရန်ဟီသည် အေးစက်စက်အမူအရာနှင့် မျက်နှာသွင်ပြင်နှင့်စကားပြောတို့က ခက်ထန်သည်ကို အကဲခတ်ကြည့်ရုံနှင့် သိနိုင်သည်။ ကျိုးရှုအတွက်တော့ ဤကဲ့သို့လူစားမျိုးက မထိတထိစနောက်လို့ အလွန်ကောင်းသည်။


ဒုတိယနေ့ မနက်ခင်းတွင် မျိုးနွယ်စုအကြီးအကဲက အကြီးအကဲပိုင်းဆိုင်ရာအစည်းအဝေးကို စတင်ရန် စုဝေးလိုက်သည်။ မူလကျိုးရှုနှင့် ရန်ဟီတို့လဲ အကြီးအကဲပိုင်း ဖြစ်ဖူးသည်။ မကြာသေးမီက ကူးပြောင်းလာသော ယွမ်ရှီဂျင်း သည်လည်း လူကြီးပိုင်းထဲကပင် ဖြစ်သော်ငြား ကျော်ကြားမှုကြောင့်သာ အမြင့်ပိုင်းရာထူးတစ်ခုကို ရခဲ့ခြင်းဖြစ်သည်။ 


အစည်းအဝေးသွားရာလမ်းတွင် ကျိုးရှုက မတော်တဆ ချော်လဲမလို ဖြစ်သွားသည်၊ သူ၏ဘေးမှ လိုက်ပါလျှောက်နေသူက ဖမ်းဆုပ်မိလိုက်လို့ တော်သေးသည်။ ဟန်ချက် ပြန်ထိန်းပြီးနောက် ကျိုးရှု အနည်းငယ် တွေဝေသွားသည်။ သူ၏လက်ဖဝါးပေါ်မှ ခံစားချက်သည် သူ့ချစ်သူပေးခဲ့သည့် အထိအတွေ့ကဲ့သို့ ရင်းနှီးသော ခံစားချက်မျိုး ရသည်။ လှည့်ကြည့်လိုက်ရာ သူ့ကိုဖမ်းဆုပ်လိုက်သူမှာ ရန်ဟီ ဖြစ်နေသည်။



အစည်းအဝေးပွဲတွင် ရန်ဟီက အပြာရောင်ကို ဝတ်ဆင်ထားသည်။ သူ၏လက်ထဲတွင်တော့ မျိုးနွယ်စုစွမ်းအင်ကို ကိုယ်စားပြုသည့် တုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏အကြည့်နှင့် မိန့်ခွန်းတို့မှာ တည်ကြည် လေးနက်လှသည်။ သူက အမဲလိုက်မည့်နေ့တွင် သတိပြုရမည့်အချက်ကို ပြောဆိုနေသည်။ သူစကားပြောနေစဉ်အတွင်း မည်သူမှ အသံမထွက်ရဲပေ။ ရန်ဟီ ပြောလို့ဆုံးသည်နှင့်  မျိုးနွယ်စု ခေါင်းဆောင်က စကားပြောရန် ပြင်နေစဉ် ယွမ်ရှီဂျင်း က မတ်တပ် ထရပ်လိုက်သည်။ အစည်းအဝေးရှိ လူများက ဦးညွှတ် ကြသည်။


နှုတ်ဆက်စကားဆို ကြပြီးနောက် သူကပြောလိုက်သည်၊ "‌ခေါင်းဆောင် ကျွန်တော် ဒီစစ်ဆင်ရေးကို လက်မခံနိုင်ဘူး ဘာလို့ဆို ဟော်ရှီမျိုးနွယ်စုက သိထားပြီးသားမလို့ပဲ၊ ပြီးတော့ သူတို့ကခြုံခိုနေကြတာ"

ယွမ်ရှီဂျင်းပြောလိုက်ပြီးနောက် ယွမ်ရှီဂျင်း ဘက်မလှည့်ခင် အကြီးအကဲများကတစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါအကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။


ကျိုးရှုကတော့ သူမရှိသလိုပင် သူတို့နှင့်ခပ်လှမ်းလှမ်းတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာရှိနေသည်။


မျိုးနွယ်စုခေါင်းဆောင်အရွယ် အခြားအကြီးအကဲတစ်ဦးက " ရှီဂျင်း ဟော်ရှီတွေ ငါတို့အစီအစဉ်ကို သိထားတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ?"


ယွမ်ရှီဂျင်းက ကျိုးရှုကို လက်ညှိုးထိုးကာ ဆိုလိုက်သည်။ "အဲဒါသူပဲ သူက ဟော်ရှီတွေကို ကျွန်တော်တို့ အစီအစဉ်ကို ပြောပြလိုက်တာ၊ မနေ့ညက ပိုင်ကွေ့ပိုမှာ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်ကို မြင်ခဲ့တာ ပြီးတော့ နားနဲ့ဆတ်ဆတ်ကို ကြားခဲ့တာ၊ သူက ဟော်ရှီတွေကို ဒီနေ့ဝမ့်ရွှေပိုကို သွားမယ့်အကြောင်း ပြောထားတာ"


လူတိုင်း၏အကြည့်က ကျိုးရှုထံ ရောက်လာသည်။ ဤကိစ္စနှင့်ပတ်သတ်၍ တောက်လျှောက် ပေါ့ပေါ့တန်တန် နေလာခဲ့ပြီးမှ အဆုံးမှာတော့ မျက်လုံးမှိတ်ပြီး လေးလေးနက်နက်တွေးရလေပြီ။ အကြီးအကဲတစ်ဦးက ကျိုးရှု၏အမူအရာအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ ယွမ်ရှီဂျင်းဘက်လှည့်ပြီး " ရှီဂျင်း မင်းအဲ့လိုသူများကို အသတ်လွတ် စွပ်စွဲလို့မရဘူးလေ၊ မျိုးနွယ်စုအကြီးအကဲတစ်ယောက်ကို သက်သေမရှိဘဲ စွပ်စွဲရင် လျှာဖြတ်ခံရမယ်နော်"


"ကျွန်တော်သိပါတယ်၊ ကျွန်တော်သူ့ကို စွပ်စွဲနေတာမဟုတ်ဘူးဆိုတာ သေချာပေါက် အာမခံနိုင်တယ်၊ မနေ့ညက ကျွန်တော် သူတို့နောက်က ချုံပုတ်ထဲမှာ ရှိနေခဲ့တာ သူတို့ ကျွန်တော့်ကို သတိမထားမိကြဘူး" ပြောရင်းနှင့် ယွမ်ရှီဂျင်းက ကျိုးရှုထံ လျှောက်လာသည်။ "ကျိုးရှု မင်းငါ့ကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိလား?" ဟု ဒေါနှင့်မောနှင့် ပြောလိုက်သည်။


ကျိုးရှုက ယွမ်ရှီဂျင်းရှေ့တိုးလာ၍ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ခဏအကြာ မရဲတရဲ ခေါင်းမော့ကြည့်ပြီး ဖြေလိုက်သည်။ " ကျွန်တော် မလုပ်ရဲပါဘူးခင်ဗျာ"


ထိုမြင်ကွင်းကြောင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အချို့အကြီးအကဲများက မေးခွန်းထုတ်ချင်ကြသော်လည်း အခြေအနေအရပ်ရပ်ကို တစ်ချိန်လုံးစောင့်ကြည့်နေသော မျိုးနွယ်စုခေါင်းဆောင်က နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်သည်။


"တော်လောက်ပြီ ငါဒီကိစ္စကိုအစတည်းက သိတယ်၊ မနေ့ညက ကျိုးရှုက ငါ့ကို အသိပေးပြီးသားပါ၊ သူငါ့ကို တမင်တကာဆက်သွယ်လာပြီး ပြောတာ ဖြစ်တယ်၊ ငါတို့ နောက်ထပ်ဆွေးနွေးရမှာက ဒီအရာကို ငါတို့ရဲ့အားသာချက်အဖြစ် ဘယ်လိုပြောင်းလဲ ရမယ်ဆိုတာပဲ။ ငါတောင် စကားမဆိုရသေးဘဲနဲ့ မင်းဘာလို့ ဒီလောက်လောနေရတာလဲ ရှီဂျင်း?"


ယွမ်ရှီဂျင်း အံ့အားသင့်သွားခဲ့သည်။ ထိုနည်းတူစွာ အခြားအကြီးအကဲများလည်း အံ့ဩသွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ရှီဂျင်းသည် တစ်ချိန်လုံးတည်ငြိမ်ပြီး အစွမ်းအစရှိသောကြောင့် အားလုံးက သူ့အားနှစ်ခြိုက်ကြသည်။ သူ့အားနောက်ထပ်လာမည့် မျိုးဆက်သစ် ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ပင်လျာထားနေကြပြီးဖြစ်သည်။ အခုတော့ သူ၏အမူအရာမှာ အနည်းငယ် ဆောက်တည်ရာမရဖြစ်နေပုံရသည်။

 

ရှုံးနိမ့်သွားသည့် ယွမ်ရှီဂျင်း အမူအရာကို ကြည့်ပြီး ကျိုးရှုတစ်ယောက် ကျေနပ်နေမိသည်။ သူသည် အခြားသူများ၏ မျက်စိမျက်နှာပျက် အနေအထားအား မြင်ရသည်ကို အလွန်သဘောကျမိသည်။


ရန်ဟီသည့်  ကျိုးရှု၏ဟန်မပျက် ထိန်းထားသောအမူအရာကို သတိထားမိသည်။ အရင်ရက်များက ကျိုးရှု၏ထူးဆန်းသော အပြုအမူကို တွေ့ခဲ့ရသည်။ မိမိကိုယ်ပိုင်လုပ်နိုင်စွမ်းကိုအာရုံမစိုက်ဘဲ မနာလိုဝန်တိုဖို့သာတတ်သော ယခင်ကျိုးရှုအမူအရာနှင့် မတူကွဲပြားနေသည်။ ခေါင်းဆောင်က ယွမ်ရှီဂျင်းကို မကျေမနပ်အမူအရာဖြင့် တစ်ချက်စောင်းငဲ့ ကြည့်လိုက်သည်။ ထို့နောက်အစည်းအဝေးကို ပြန်ဆက်လိုက်ကာ " အခု ဟောင်ရှီမျိုးနွယ်စုက ငါတို့အစီအစဉ်ကို သိသွားပြီဆိုတော့ ငါတို့ဘာဆက်လုပ်သင့်လဲ ဆိုတာ ဆွေးနွေးကြရအောင်"


ရန်ဟီက နောက်တစ်ခေါက် မတ်တပ်ထရပ်လိုက်ပြီး "ထွေထူးလုပ်စရာမလိုပါဘူး ဝမ့်ရွှေပို က ကျွန်တော်တို့ ဆင်ထားတဲ့ ထောင်ချောက်တွေနဲ့ ပြည့်နေတာပဲ၊ အဲ့ဒါကြောင့် အဲ့မှာကျွန်တော့်အတွက် လူအင်အားတစ်ရာပဲ လိုတာ၊ ဟောင်ရှီတွေ တစ်ရာလာလာ တစ်ထောင်လာလာ မမှုဘူး၊ ကျွန်တော်စိုးရိမ်တာက ကျွန်တော်တို့ အခြေစိုက်စခန်းကိုပဲ၊ သူတို့သာ ဒီစခန်းကို အဓိကထားတိုက်ခဲ့ရင် ကျွန်တော်တို့မှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေရှိတဲ့အတွက် အခြေအနေကပိုပြီး အန္တရာယ်များပါတယ်"


ခေါင်းဆောင်နှင့် အခြားအကြီးအကဲများက ရန်ဟီ၏စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြသည်။ ရန်ဟီက အခြားယောကျ်ားတစ်ယောက်ထံ ကြည့်လိုက်ပြီး " ဟန်ဝမ်၊ ငါမင်းကို ကျန်တဲ့တပ်သား ပေးထားလိုက်မယ်၊ မင်းငါတို့ရဲ့ အခြေစိုက်စခန်းကို ကာကွယ်ပေးနိုင်မယ်ထင်လား?"


ဟန်ဝမ်ဆိုသော အမျိုးသားသည် ဟန်ကော်ကဲ့သို့ လူကောင်ထွားပြီး အရပ်ရှည်သည်။ ဟန်ဝမ်မှာ သူ့ထက် အနည်းငယ် ဖြူဖျော့သည်။ ထို့ကြောင့်သူ့ထံမှ ငြိမ်သက်သော ခံစားမှုတစ်မျိုးရသည်။


"ပြဿနာမရှိပါဘူး၊ ဒီကျန်ခဲ့တဲ့ တပ်သားခြောက်ရာနဲ့တောင် ကျွန်တော့် အိုးအိမ်တွေကို မကာကွယ်နိုင်ရင် ကျွန်တော်အကြီးအကဲရာထူးက နှုတ်ထွက်လိုက်မယ်"


မျိုးနွယ်ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်သည် " ဟန်ဝမ် မင်းရဲ့ ဗျူဟာက ဘယ်လိုတုန်း?"


ဟန်ဝမ်က မဖြေခင် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် " ကျူးကျော်လာသမျှကို သတ်ပစ်မယ်"


ကျိုးရှု၏စိတ်ထဲတွင်တော့ ပြုံးနေမိသည်။ ဤအရာကို နည်းဗျူဟာဟု ခေါ်သည်လော? မည်သို့ပင်ဆိုစေ ဟန်ဝမ်၏စကားအဆုံးတွင် အကြီးအကဲများအားလုံး ကျေနပ်သဘောတူခဲ့ကြသည်။


ကျိုးရှုတစ်ယောက် ဤကမ္ဘာသည်သူနှင့်လုံးဝမအပ်စပ်သည်ကို သိရှိလာခဲ့သည်။


ထိုနေ့တွင်ပင် ရန်ဟီက တပ်သားတစ်ရာကို ဝမ့်ရွှေပိုသို့ ခေါ်ဆောင်သွားပြီး ဟန်ဝမ်က ကျန်တပ်သားများဖြင့် ရွာကိုကာကွယ်ဖို့ ဦးဆောင်ရန် ကျန်နေခဲ့သည်။ နောက်ဆုံးတွင် ဟောင်ရှီတပ်သားငါးရာသည် ဝမ့်ရွှေပိုသို့သွားခဲ့ပြီး နောက်ထပ် တပ်သားထောင့်ငါးရာမှာ ရွာကို တိုက်ခိုက်ရန်သွားခဲ့ ကြသည်။


ကျိုးရှုက အခြေအနေအရပ်ရပ်ကို အဝေးမှ ကြည့်ရန် နေရာအမြင့်တစ်ခု လိုက်ရှာနေသည်။ ဟန်ဝမ်၏ဘက်ခြမ်းတွင် သူ့လက်အောက်မှ တပ်သားများကို အော်ဟစ်ကြွေးကြော်နေသည်။


"ငါတို့ရဲ့ တာဝန်ကဘာတွေလဲ? ငါတို့ရဲ့ မိသားစုဆွေမျိုးတွေကို ကာကွယ်ဖို့၊ ငါတို့သည် တပ်သားများ ဖြစ်ကြသည်၊ တပ်သားဖြစ်သည့်အတွက် ငါတို့၏သွေးများကို လိုအပ်လျင် ဖောက်ထုတ်ဖို့ ဝန်မလေးဘူး။ ငါတို့ ဟောင်ရှီတွေကို အဆုံးထိ တိုက်ကြမယ်!"

တပ်သားများက သူနှင့်အတူလိုက် ကြုံးဝါးကြသည်။ "အဆုံးထိတိုက်ကြ!"


ကျိုးရှုတစ်ယောက် စိတ်ထဲကရေရွတ်မိသည်။ လူခြောက်ရာက လူထောင့်ငါးရာကိုတိုက်မည်။ အဆုံးထိ တိုက်ထုတ်မည်ဟု ကြွေးကြော်နေကြသော်လည်း ဤအခြင်းအရာသည် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် မတူပါလော?


မျက်မှောင်ကြုတ်လိုက်ပြီး ကျိုးရှုက သူ၏အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့သည်။ တွေးနေရင်းမှာ ခေါင်းဆောင် ရောက်လာကာ ပြောလိုက်သည်။ " ကျိုးရှုမင်းဘာတွေ စဉ်းစားနေတာလဲ? လာတိုက်ဖို့ပြင်တော့"


ကျိုးရှုက စိတ်ပျက်လက်ပျက် အမူအရာဖြင့် မျက်လုံးကို ဝေ့ဝဲလိုက်သည်။ သူတို့သည် ဤအခြေအနေကို အမြန်မဖြေရှင်းနိုင်လျင် တိုက်ပွဲမှာ အချည်းနှီး ဖြစ်သွားမည်။


"ကျွန်တော် နည်းလမ်းစဉ်းစားနေတာပါ"


"ဘာနည်းလမ်းစဉ်းစားနေတာလဲ အရေးထဲမှ သွားတိုက်စမ်းပါ၊ ဪ ပြီးတော့မမေ့နဲ့ဦး ငါတို့မျိုးနွယ်စုက ရဲရင့်ပြီး အကြောက်အလန့် မရှိဘူးဆိုတာကို"


"ရဲရင့်ပြီး အကြောက်အလန့်မရှိဘူးဆိုတာ သေတွင်းတူးတာနဲ့တူတူပဲ မဟုတ်ဖူးလား? ဟုစိတ်ထဲကကြိတ်ပြီး ပြန်ပြောလိုက်သည်။ ကျိုးရှုကခေါင်းညိတ်လိုက်ရင်း " ခေါင်းဆောင် ဘေးဘက်ခြမ်းက ကူတိုက်နိုင်အောင် ကျွန်တော့်ကို တပ်သားတစ်ရာလောက် ပေးပါလား?"


"ကောင်းပြီလေ"


ကျိုးရှု "..."


ကျိုးရှုက ခေါင်းဆောင်ကို စည်းရုံးဖို့အတော်လေးခက်ခဲမည်ဟု ထင်ခဲ့သည်။ မစဉ်းစားဘဲ ချက်ချင်းသဘောတူမည်ဟုတောင် လုံးဝမထင်ထားခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင်က သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး “ထွက်ပြေးတာမဟုတ်ဘဲ ထွက်တိုက်တာဆိုရင် ရပါပြီ" ဟုပြောလိုက်သည်။ ခေါင်းဆောင်ထံမှ ပြောစကားကို ကြားပြီး ကျိုးရှုက ရန်သူလာမည့်လမ်းကြောင်းနှင့် သူတို့၏မြေနေရာအနေအထားကို တွေးဆလိုက်သည်။ သူတို့၏မြေနေရာအနေအထားကို ကြည့်ရှုအကဲခတ်ပြီးနောက် " ခေါင်းဆောင် ဒါဆို ကျွန်တော် တပ်သားနှစ်ရာလောက် တောင်းဆိုလို့ရလား?"


"ကောင်းပြီလေ၊ ငါ ဟန်ဝမ်ကို မေးကြည့်လိုက်မယ်" ကျိုးရှု ခေါင်းညိတ်လိုက်သည်။ အကဲခတ်ရသလောက် မျိုးနွယ်ခေါင်းဆောင်မှာ အပြောလွယ်သည်ကိုသိလိုက်ရသည်။ သို့သော် လက်ရှိမှာတော့ သူ့တွင် ဤကဲ့သို့အတွေးမျိုးလုပ်ဖို့ အချိန်မရှိပေ။ ခန့်မှန်းခြေ နောက်ထပ်တစ်နာရီခန့်တွင် ဟောင်ရှီများ ရောက်လာတော့မည်ဖြစ်သည်။


ရွာထဲရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့်ကလေးများမှာ ဘေးကင်းရာသို့ရွှေ့ပြောင်းနေပြီဖြစ်သည်။ သို့သော် ကျိုးရှုကသူတို့ရွာကို တိုက်ခိုက်မည်ကိုမလိုလားပေ။ ထို့ကြောင့် သူသည် တပ်သားနှစ်ရာကိုခေါ်ဆောင်သွားကာ တစ်ရာကို ဘယ်တောင်ပံတွင်ချန်ထားခဲ့သည်။ အနီးနားတွင် ဆယ်မီတာအမြင့်ရှိသော ချောက်ကမ်းပါးတစ်ခုရှိသော်လည်း ချောက်ကမ်းပါးကိုလည်း စပျစ်နွယ်ပင်များဖြင့် ဖုံးအုပ်ထားသည်။ တစ်နည်းဆိုရသော် မြေနေရာအနေအထားကိုနားလည်သူမှတစ်ပါး အခြားသူများသည် ဤချောက်ကမ်းပါးကိုသတိမူမိကြမည်မဟုတ်ပေ။


ဤနည်းသည် ကျိုးရှု မူလပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း နောက်ဆုံးအခိုက်အတန့်တွင် တီထွင်ခဲ့သော ဗျူဟာဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားတပ်သားတစ်ရာကို ချောင်းငယ်တစ်ဝိုက် ညာတောင်ပံတွင် ဖြန့်ကျက်ထားစေသည်။

ယင်းနေရာတွင် လူသူအရောက်ပေါက်နည်းသော်လည်း အဆိပ်ပြင်းသည် ခြင်များအများအပြားရှိသည်။ ဒေသခံများသာ ခြင်မောင်းထုတ်နည်း သိသည်။ ယင်းဒေသမှ မဟုတ်သူများက မသိပေ။

ကျိုးရှုက တပ်သားများအား ခုခံကာကွယ်မှုများပြုလုပ်စေပြီး ဟောင်ရှီတပ်သားများအား ထိုလမ်းကြောင်းအတိုင်း ဦးတည်စေခဲ့သည်။


အကြောင်းရင်းမှာ ဤလူများသည် ခြင်ကိုက်ခံရပြီးမသေဆုံးနိုင်သော်လည်း ယားယံမှုဒဏ်မခံနိုင်ဘဲ သတိလစ် သွားတတ်သည်။ သို့သော် ပြဿနာမရှိပါ၊ ဆက်ပြီး အကိုက်မခံရပါက နာရီအနည်းငယ်အကြာ ပြန်လည်နိုးထလာနိုင်မည် ဖြစ်သည်။


ကျိုးရှု ၏အကြံအစည်အတိုင်း အောင်မြင်ခဲ့လျှင် တပ်သားနှစ်ရာက ရန်သူ့တပ်သားတစ်ထောင်ကို ချေမှုန်းနိုင်မည်ဖြစ်ပြီး ကျန်ငါးရာကို ဟန်ဝမ်၏တပ်များက ချေမှုန်းနိုင်မည်ဖြစ်သည်။

 

ဤနည်းလမ်းအတိုင်း ဆုံးဖြတ်ပြီးနောက် ကျိုးရှုက တပ်သားများကိုနေရာချထားခဲ့သည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျိုးရှု၏အဖွဲ့သည် အခြားလူအုပ်စုနှင့် တွေ့ဆုံခဲ့ရသည်။ ဤတပ်သားအုပ်စုကို ရန်ဟီမှလွဲ၍ တခြားဦးဆောင်သူ မရှိနိုင်ပေ။


ကျိုးရှုက ရန်ဟီကို ထိတ်လန့်စွာကြည့်လိုက်ကာ " ပြီးသွားပြီလား?"


ရန်ဟီက ကျိုးရှုကို တစ်ချက် ပြန်ကြည့်လိုက်ရင်း "အင်း"


"မင်းက မြန်သားပဲ မဆိုးပါဘူး" ကျိုးရှုကပြောလိုက်သည်။ ရန်ဟီ၏သူ့အား မပြောချင်ပြောချင် စိတ်မပါသည့် အမူအရာအား ကြည့်လိုက်သည်။ ကျိုးရှုကကြည့်ရင်း တစ်ဖြည်းဖြည်းအူယားလာပြီး ရေမျက်နှာပြင်သို့ ပျံဆင်းလာသော ပုစဉ်းတစ်ကောင်ကဲ့သို့ ရန်ဟီကို လျင်မြန်စွာ အကြင်နာအနမ်းလေးပေးချလိုက်ပြီး "ငါ မင်းကို အခုပိုပြီးတော့တောင် ချစ်မိသွားပြီ၊ ဘယ်လိုလုပ်ရမလဲ?"


ရန်ဟီ၏ မျက်နှာပေးသည် အမြဲလိုလိုပင် ခံစားချက်ကင်းမဲ့နေတတ်သည်။ သို့သော် သူ၏အကြည့်မှာစိမ်းကားလျက် "မင်းသေချင်နေပြီလား?"


***************************