Ch 93.2
Viewers 2k

Chapter 93.2

 

နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ယွင်သည် တံခါးရှေ့တွင် မေ့လဲနေသော ရုယွီကို တွေ့လိုက်လေသည်။

 

ကျိုးရှုသည် နေ့လယ် ၂နာရီ ၃နာရီအထိ အိပ်လေ့ရှိသည်။ သူ နိုးလာသောအခါ ရုယွီသည် နိုးနှင့်ပြီ ဖြစ်ပြီး ယဲ့ရှောင်ယွင်သည်လည်း အလုပ်သို့ ရောက်နေနှင့်လေပြီ။

 

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ‌ကျိုးရှုနှင့် ရုယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ်ဖြင့် ကြည့်ကြမြဲပင်။

 

ရုယွီသည် ယဲ့ရှောင်ယွင်ကို ထားခဲ့ပြီး ထွက်သွားရန် ကျိုးရှုအား ပြော၏။ ကျိုးရှုသည် ရယ်သာ ရယ်လိုက်ပြီး အခြားတစ်‌ဖက်ကို ဂေးဖြစ်ရုံသာမကဘဲ အငြင်းခံရသော ဂေးဖြစ်သည့်အတွက် လှောင်ပြောင်လိုက်လေသည်။

 

ရုယွီမှာ ဒေါသထွက်သွားသော်လည်း ကျိုးရှုသည် ဆက်လက်၍ ဤအိမ်မှာ သူ့မိဘများက သူ့အတွင် ချန်ရစ်ခဲ့သော အိမ်ဖြစ်ကြောင်း ပြောလေသည်။ တစ်ဖက်က ထွက်သွားရမည်ဆိုလျှင် ရုယွီနှင့် ယဲ့ရှောင်ယွင်သာ ဖြစ်ပေလိမ့်မည်။

 

ငြင်းခုံမှုအတွင်းတွင် ရုယွီသည် သူ့အနာဂတ်အတွက် ပို၍ ပို၍ အလုပ်ကြိုးစားရမည်ဟု သူ့ကိုယ်သူပြောလေ၏။ သူသည် ‌ကျိုးရှုကို တွန်းထုတ်လိုက်ပြီး သူ့မျင်လုံးများကို မှတ်လျက် အော်ပြောလိုက်လေသည်။

ထွက်သွားစမ်းပါ။ ငါက သူ့ကိုပဲ သဘောကျတာ။

 

သို့သော် သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် သူသည် ကျိုးရှုကို လှေကားအောက်သို့ မတော်တဆ တွန်းချလိုက်မိပြီး တစ်ဖက်လူ၏ခေါင်းအောက်တွင် သွေးများအိုင်ထွန်းနေသည်ကို သတိထားမိလိုက်လေသည်။

 

သည်လိုဖြင့် ကျိုးရှုသည် သေဆုံးသွားခဲ့သော်လည်း ရုယွီသည် မည်သည့်ပြစ်ဒဏ်မျှ မရရှိခဲ့ချေ။ နောက်ဆုံးတွင် သူသည် ယဲ့ရှောင်ယွင်ကို စွန့်ပစ်ကာ သူ၏အချစ်စစ်ကို ရှာတွေ့ခဲ့၏။

 

ဤကမ္ဘာ၏ ဇာတ်ကြောင်းကို ကြည့်ရှုပြီးနောက် ဤအရာမှာ အဓိပ္ပာယ်မရှိသည်ဟု ကျိုးရှုခံစားလိုက်ရ၏။

ရုယွီက အလုပ်ကြိုးစားတဲ့သူပဲ။ ဒါပေမယ့် တခြားသူတွေကရော ဘယ်လိုလဲ။ ယဲ့ရှောင်ယွင်ကရော ဘယ်လိုလဲ။ ကျိုးရှုရော။

 

သူက ဇာတ်လိုက်ဖြစ်ပြီးတော့ မွေးစားခံရလောက်တဲ့အထိ ကံကောင်းတယ်။ ပြီးတော့ ကျိုးရှုကရော။ အဲ့မှာ ရုယွီသာ မရှိခဲ့ဘူးဆိုရင် ကျိုးရှုနဲ့ ယဲ့ရှောင်ယွင်တို့ရဲ့ ဘဝတွေ ဘယ်လောက်လွယ်ကူခဲ့မလဲ။

 

ဇာတ်လိုက်က တကယ်ပဲ ဇာတ်လိုက်လို့ ခေါ်ထိုက်လား။ကျိုးရှုသည် သရော်လိုက်လေ၏။ သို့သော် သူ့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နှင့်သော ရုယွီကို မြင်ပြီးနောက် ကျိုးရှုသည် နောက်၃ရက်အတွင်းတွင် ရုယွီကို ဤမိသားစုထဲမှ နှင်ထုတ်မည်ကို ဆုံးဖြတ်ချက်ချရန် ယဲ့ရှောင်ယွင်ကို တွန်းအားပေးရလေမည်။ ကျိုးရှုသည် ကလေးတစ်ယောက်နှင့် နေ့စဉ် မယှဉ်ပြိုင်ချင်ပေ။ သူ ငယ်ရွယ်စဉ်အတွင်း သူချစ်သူကိုလည်း သူ အခွင့်အရေးယူချင်သေး၏။

 

ပြောလက်စနဲ့ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ငတုံးပဲ။ သူ့မှာ ပိုက်ဆံတွေအများကြီး၊ အချိန်တွေအများကြီး၊ ကောင်းကျိုးတွေ အများကြီးရှိရက်နဲ့ ရုယွီကိုပဲ စွဲလမ်းနေတယ်။ တစ်ဖက်လူကို လျစ်လျူရှု့ လိုက်ရင် သူ့ဘဝက တော်တော်လေးကို ‌သာယာမှာ။

 

ပြီးတော့ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က စန္ဒရားကို တော်တော်သဘောကျတယ်။ သူက တခြားနိုင်ငံပေါင်းစုံကို ဖျော်ဖြေဖို့သွားမယ့် စန္ဒရားပညာရှင် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့သေးတယ်။ ကံမကောင်းစွာနဲ့ သူ ရုယွီကို တွေ့ပြီးတဲ့နောက်မှာ အဲ့အိပ်မက်ဟာ အမေ့ခံလိုက်ရတယ်။

 

ဤကမ္ဘာတွင် ယဲ့ရှောင်ယွင်ကို လက်ထပ်၍ “ကလေးယူခြင်း” အထိပင်ဖြစ်ကာ ခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်၏ အိပ်မက်ကို ဖြည့်ဆည်းပေးရန် ကျိုးရှုဆုံးဖြတ်လိုက်၏။

 

မှန်သည်။ ဤကမ္ဘာမှာ အနည်းငယ် လက်တွေ့ဆန်သည်ဟု ထင်ရသော်လည်း ပုံပြင်ကမ္ဘာဖြစ်နေဆဲပင်။ ဤကမ္ဘာတွင် လိင်တူနှစ်သက်သုများသည် တရားဝင် လက်ထပ်ပြီး ကလေးမွေးစားနိုင်ပေသည်။

 

ဤကမ္ဘာတွင် သူတို့သည် လေးစားခံရပြီး အခြားသူများနှင့် တန်းတူ ဆက်ဆံခံရ၏။

 

ဤကမ္ဘာတွင် လူတိုင်း သဘောတူညီကြသော ဆိုရိုးတစ်ခုရှိပြီး ယင်းမှာ “အချစ်အမည်ခံပြီး လုပ်သော လုပ်ရပ်မှန်သမျှဟာ ချီးကျူးထိုက်တယ်” ဟူ၍ပင်။

 

သို့သော် ကျိုးရှုတွင် ဖြေရှင်းရန် ပြဿနာတစ်ခု ရှိသေး၏။ အစပိုင်းတွင် ယဲ့ရှောင်ယွင်သည် ဂေးမဟုတ်ခဲ့ချေ။ ထို့ကြောင့် ရုယွီက မည်သည့်အကြိမ်မျှ ဖွင့်ပြောပါစေ သူသည် တစ်ဖက်လူကို အမြဲငြင်းဆိုခဲ့လေသည်။ ပထမကတည်းကပင် သူသည် ယောက်ျား‌များကို စိတ်မဝင်စားခဲ့ပေ။

 

သို့သော် ကျိုးရှုသည် သူ့ကိုယ်သူ ယုံကြည်ချက်ရှိ၏။ သူ့ချစ်သူ၏ နှလုံးသားသည် သူ့ကိုမှတ်မိပြီး တစ်မိနစ်လောက်မျှ သူနှင့် မခွဲခွာချင်သော ကပ်တွယ်တတ်သည့်လူ ဖြစ်လာမည်ဟု သူသိခဲ့လေသည်။

 

သူ့အခန်းထဲတွင် ကျိုးရှုသည် သူ့၏ ချစ်စဖွယ်ပုံစံကို မြင်လိုက်၏။ ဖက်ထုပ်လုံးလေးနှင့်တူသော ခေါင်းဖြူကလေး၊ သူ၏ပါးပြင်‌များပေါ်ရှိ ပန်းနုရောင်အဆီ‌ဖောင်းဖောင်းလေး၊ ကြီးမားလုံးဝန်းသော မျက်လုံးတစ်စုံ၊ သေးငယ်သော ပါးစပ်နှင့် လုံးဝန်းသော နှာခေါင်းတို့သည် သူ့ကို ဉာဏ်ကောင်းပြီးချစ်စဖွယ် ကောင်လေးတစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးနေလေသည်။ သူ့မျက်နှာသည် လူများကို တစ်ချက်ဆွဲဆိတ်ချင်အောင် အလွယ်တကူ ပြုလုပ်ပေးနေ၏။

 

မည်သို့ပင်ဖြစ်စေ ဤခန္ဓာကိုယ်သည် ယခုတွင် သူ့အပိုင်ပင်။ ကျိုးရှုသည် လက်လှမ်းလိုက်ပြီး သူ့မျက်နှာကို ဆွဲဆိတ်လိုက်လေသည်။ သို့သော် သူလက်မြောက်လိုက်သောအခါ သူ့လက်သည် အနည်းငယ်ဝနေသည်ကို သူသတိထားမိလိုက်၏။

 

သူသည် သူ့မျက်နှာကို ပွတ်လိုက်ကာ သူ၏ ကလေးနှင့်တူသော မျက်နှာသည် အလွန်ချစ်စဖွယ်ဖြစ်နေသည်ဟု ခံစားမိလိုက်လေသည်။ သူ့ကိုယ်သူပင် ပြန်နမ်းမိချင်လေ၏။

 

 သို့သော် ကျိုးရှုသည် ချစ်ဖို့ကောင်းသည်ဟု ဟန်ဆောင်ချင်လျှင်တောင်မှ သူလုပ်နိုင်မည်လားကို သံသယဝင်မိလေ၏။ သို့သော် သူ့တွင် ဤမျက်နှာရှိနေသရွေ့ လုံလောက်လေသည်။

 

သူသည် သူ၏ ချစ်စဖွယ် ပြုံးနေသော မျက်နှာကို ထပ်မံ ဆွဲဆိတ်လိုက်ပြီး အိပ်ရာဝင်တော့မည်။

 

သူသည် အိပ်ရာပေါ် မတက်နိုင်ချေ။

 

သူ့ခြေထောက်များသည် အလွန်တိုနေပြီး အိပ်ရာသည် အလွန်မြင့်နေလေသည်။ ကျိုးရှုသည် ကြီးမားသော အိပ်ရာကို စိုက်ကြည့်လိုက်ပြီး ဆွံ့အသွားလေသည်။ ၂နှစ်အရွယ်ကလေးက သာမန်အိပ်ရာပေါ် တက်နိုင်သောကြောင့် ဤအိပ်ရာ၏ဒီဇိုင်းသာလျှင် အလွန်ထူးဆန်းနေလေသည်။

 

အိပ်ရာ၏ ဘေး၃ဘက်တွင် အကာများရှိပြီး အိပ်ရာအောက်တွက် လှေကားကဲ့သို့ စင်များရှိလေသည်။ ဆိုလိုသည်မှာ သူအိပ်ရာပေါ်တက်ချင်လျှင် ထိုစင်ပေါ် နင်းတက်ရပေမည်။

 

‘ဒီအိပ်ရာက လုပ်ငန်းခွက်တွေအတွက် စိန်ခေါ်မှုတစ်ခုပဲ။ အဓိပ္ပာယ်မရှိလိုက်တာ။’

 

ကျိုးရှုသည် မျက်နှာကို စူပုတ်လိုက်ပြီး ဤခန္ဓာကိုယ်၏မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ဆွဲထုတ်လိုက်လေသည်။ စင်၏ဘယ်ဘက်တွင် ဝှက်ထားသောအခန်း ရှိနေလေသည်။ ယင်းမှာ ထိုင်ခုံအသေးလေးပင် ဖြစ်လေသည်။ ယင်းသည် ကျိုးရှုလေးကို အိပ်ရာပေါ်တက်ရန် ကူညီပေးလေသည်။

 

သူသည် ထိုင်ခုံကို ထုတ်လိုက်ပြီး အိပ်ရာပေါ်တက်ကာ အကာများကို ပြန်လည်နေရာချထားလိုက်ပြီး အိပ်ရာဝင်လေတော့သည်။

 

ကျိုးရှု၏ အခန်းထဲတွင် ပြတင်းပေါက်အသေးလေးရှိလေ၏။ လူကြီးများသည် အထဲမှအခြေအနေကို အပြင်မှမြင်နိုင်သော်လည်း အထဲမှလူများသည် ပြင်ပရှိ မည်သည့်အရာကိုမျှ မမြင်ရချေ။ ဤမှာ ကျိုးရှုအတွက် ယဲ့ရှောင်ယွင်မှ သီးသန့်ဒီဇိုင်း ဆွဲပေးထားခြင်းပင်။

 

အမှန်ဆိုလျှင် ကျိုးရှု၏ အပြုအမူအားလုံးကို ပြင်ပမှ သူမြင်ပြီးလေပြီ။ ခြေတိုများဖြင့် အိပ်ရာပေါ်တက်ရန် သူမည်မျှပင် ကြိုးစားသော်လည်း မတက်နိုင်ပြီးနောက် ထိုအပေါ် ဂုဏ်ယူစွာ မတက်ခင်တွင် နောက်ဆုတ်ကာ လူကြီးကဲ့သို့ စဉ်းစားခြင်းများ အပါအဝင်ပင်။

 

ယဲ့ရှောင်ယွင်သည် ပြုံးလိုက်ပြီး အိပ်ရာမဝင်ခင်တွင် ရုယွီ အခန်းကို တစ်ချက်ကြည့်လိုက်လေသည်။

 

နောက်တစ်နေ့တွက် ကျိုးရှုသည် ၈နာရီထိုးခါနီးအထိ အိပ်ခဲ့၏။ အိပ်ရာနိုးလာပြီးနောက် သူသည် သူ့မျက်လုံးများကို ပွတ်လိုက်ပြီး သူ့၏ ဝသောလက်များကို မြင်လိုက်ရပြန်သည်။

 

သူ သက်ပြင်းချလိုက်၏။ ကျိုးရှုသည် ဤခန္ဓာကိုယ်ကို နေသားမကျသေးချေ။ ယင်းသည် အလွန်နူးညံ့ပြီး ချစ်စဖွယ်ကောင်းလှသည်။

 

ထထိုင်လိုက်ကာ အိပ်ရာမှ ထွက်ရန် သူသည် ‌ထိုင်ခုံအသေးလေးပေါ် နင်းလိုက်ပြီး ထိုင်ခုံကို နေရာတကျ ပြန်ထားလိုက်လေသည်။ အကုန်ပြီးနောက်တွင် သူသည် သွားတိုက်ရန် ရေချိုးခန်းဆီသို့ သွားလေသည်။

 

မှန်ထဲမှ ချစ်စဖွယ်ပုံသဏ္ဍာန်ကို ကြည့်လျက် ကျိုးရှုသည် အောက်ထပ်သို့ မဆင်းခင်တွင် သူ့မျက်နှာကို ထပ်မံ ဆွဲဆိတ်မိလိုက်၏။

 

အောက်ထပ်တွင် ယဲ့ရှောင်ယွင်သည် မနက်စာ ချက်ပြုတ်ပြီးလေပြီ။ အမှန်ဆိုလျှင် မနက်စာမဟုတ်ချေ။ နို့နှင့် လခြမ်း‌ကွေးပေါင်မုန့်သာဖြစ်သော်လည်း ၁၈နှစ်သာရှိသေးသော ယဲ့ရှောင်ယွင်အတွက် နေ့စဉ် ဤအရာကို စားရသည်မှာ အလွန်ကောင်းမွန်လှချေပြီ။

 

အနည်းငယ်ပြုံးကာ ကျိုးရှုသည် ယဲ့ရှောင်ယွင်ကို ပြောလိုက်လေသည်။

“မင်္ဂလာနံနက်ခင်းပါ ဦးလေး။”

 

ယဲ့ရှောင်ယွင်သည်လည်း သူ့ကို ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

“ရှောင်ရှု ဒီလာပြီး ဦးလေးနဲ့လာထိုင်”

 

မိနစ်အနည်းငယ်အကြာတွင် ရုယွီလည်း ဆင်းလာလေသည်။

 

ရုယွီ၏ ပုံသဏ္ဍာန်ကို ကျိုးရှုမြင်သောအခါ သူအံ့ဩသွားလေ၏။

‘ရုယွီက တကယ်ကို အဓိကဇာတ်ကောင် မှန်တာပဲ။ ၅နှစ်အရွယ် ကလေးက အတော်လေး အရပ်ရှည်ပြီးတော့ ငယ်ရွယ်တဲ့ ပုံပန်းသွင်ပြင်ရှိပေမယ့်လည်း ချောမောတဲ့လူငယ်တစ်ယောက်နဲ့ တူနေတယ်။’

 

ဤအချိန်တွင် ရုယွီသည် ဤတွင် တစ်ပတ်ခန့် နေထိုင်ပြီးလေပြီ။ မကြာသေးသောကြောင့် ကျိုးရှုသည် ခံစားချက်များဖြင့် သူ့ကို မကြည့်ခဲ့ချေ။

 

“အကိုယဲ့ အစောကြီးနိုးနေတာပဲ။ မင်္ဂလာနံနက်ခင်းပါ ရှောင်ရှု”

ရုယွီက ပြောလိုက်၏။

 

ယဲ့ရှောင်ယွင်သည် ပြုံးကာ ပြန်ပြောလိုက်လေသည်။

“မင်းလည်းနိုးပြီလား။ ဒီလာထိုင်။ မနက်စာစားပြီးရင် မင်းတို့နှစ်ယောက်ကို ကျောင်းလိုက်ပို့ပေးမယ်။”

 

 ကျိုးရှုသည်လည်း ခပ်ပြတ်ပြတ် ပြောလိုက်၏။

“နိုးပြီလား ဦးလေးရုယွီ။ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်လာထိုင်လေ။ ဦးလေးက မွေးစားခံထားရတာပေမယ့်လည်း ကျွန်တော် ကောင်းကောင်းဆက်ဆံမှာပါ။”

 

ကျိုးရှု၏ လေသံသည် အလွန်အတည်ပေါက်ပင်။ ကလေးတစ်ဦးတွင် ထိုကဲ့သို့သော လေသံမျိုးရှိသည်ကို ယဲ့ရှောင်ယွင်သည် ရယ်စရာဟု ထင်မိ၏။

‘ဒါပေမယ့် ရုယွီကို ဘာလို့ ဦးလေးလို့ခေါ်တာလဲ။ ၅နှစ်ပဲ ရှိသေးတာကို။’

 

ရုယွီသည် ထိတ်လန့်သွား၏။ သူသည် ရုတ်တရက်ပင် ဦးလေးဟု အခေါ်ခံလိုက်ရပြီး ကျိုးရှုသည် သူမွေးစားခံရသော ခေါင်းစဉ်ကို ပြန်အစဖော်လေသည်။ သူ့ဒဏ်ရာပေါ် ဆာဖြူးလိုက်သလိုပင်။

 

ရုယွီသည် အနေခက်စွာဖြင့် ကျိုးရှုနှင့် ယဲ့ရှောင်ယွင်တို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ ‌ယဲ့ရှောင်ယွင်သည် ကျိုးရှုကို ကြည့်လိုက်ပြီး သူ့မျက်နှာကို ဆွဲဆိတ်လိုက်ကာ ပြောလိုက်လေသည်။

“ဘာလို့ ရုယွီကို ဦးလေးလို့ခေါ်တာလဲ။ သူက ၅နှစ်ပဲရှိသေးတာလေ။ မင်းထက် ၁နှစ်ပဲ ကြီးသေးတာ။ နောက်တစ်ခါကြရင် အစ်ကိုရုယွီလို့ ခေါ်နော် ဟုတ်ပြီလား။”

 

ကျိုးရှုသည် အလွန်တည်တံ့သော လေစံဖြင့် ပြန်ဖြေလိုက်၏။

“ဦးလေးက ကျွန်တော့် ဦးလေးလေ။ ပြီတော့ သူက ဦးလေးကို အစ်ကိုလို့ခေါ်တော့ သူလည်း ကျွန်တော့်ဦးလေး ဖြစ်မသွားဘူးလား။”

 

ယဲ့ရှောင်ယွင်သည် အချိန်အတော်ကြာလောက် ပြောစရာစကား ပျောက်ဆုံးနေလေသည်။ သူသည် အနေခက်စွာဖြင့် ရုယွီဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ရှောင်ရှုရှေ့မှာ ငါ့ကို ဦးလေးလို့ပဲ ခေါ်တော့ ရုယွီ။ အစ်ကိုလို့ မခေါ်နဲ့။”

 

“ဟုတ်ပါပြီ ဦးလေးယဲ့”

 

“အွန်ဟွန်း”

 

ကျိုးရှုသည် သူ့ခေါင်းကို လှည့်ကာ အတည်ပေါက်ဖြင့် ထပ်ပြောလိုက်လေသည်။

“ဦးလေး ဘာလို့သူကကြ ဦးလေးကို အခေါ်အဝေါ် အလွယ်တကူ ပြောင်းလို့ရတာလဲ။ ဒါဆို ကျွန်တော်လည်း ပြောင်းပြီး ဦးလေးကို အစ်ကိုလို့ ခေါ်လို့မရဘူးလား”

 

“မရဘူးလေ မင်းက ငါ့တူလေးလေ။ ရုယွီကကြတော့ မဟုတ်ဘူးလေ။ ရုယွီက...”

သူသည် ရပ်တန့်လိုက်ကာ ခေါင်းငုံ့ထားသော ရုယွီကိုသာ မြင်လိုက်ရ၏။

 

ယဲ့ရှောင်ယွင်သည် ကျိုးရှု၏ မျက်နှာကို ထပ်မံဆွဲဆိတ်လိုက်ကာ ပြောလိုက်လေသည်။

“ရှောင်ရှု မြန်မြန်စား။ စားနေချိန် စကားမပြောနဲ့ ပြီးတော့ အိပ်နေချိန်လည်း စကားမပြောနဲ့။” (ကွန်ဖြူးရှပ်၏ ဆိုရိုးစကားများမှ ကိုးကားချက်)

 

ကျိုးရှုသည် ခေါင်းညိမ့်ကာ ပြောလိုက်၏။

“ဦးလေး ကျွန်တော့်ကို အာဘွားပေးပြီးရင် ကျွန်တော် စားမယ်။”

 

ယဲ့ရှောင်ယွင်သည် ခေါင်းငုံ့လိုက်ပြီး ကျိုးရှု၏ နဖူးကို နမ်းလိုက်၏။ သူ့၏ ကြင်နာသော အနမ်းသည် ရုယွီကို အလွန်မနာလို ဖြစ်စေလေသည်။

 

မှန်ဆိုလျှင် သာမန် ၅နှစ်အရွယ်ကလေးတွက် ရုယွီ၏ အတွေးများမရှိသင့်ပေ။ သို့သော် ရုယွီသည် စွန့်ပစ်ခံကလေးဖြစ်သောကြောင့် အလွန်အမင်း ထိခိုက်လွယ်လေ၏။

 

ထိုအကြောင်းပြောလျက်ပင် သူဤအိမ်မှ မောင်းထုတ်ခံရလျှင် ယဲ့ရှောင်ယွင်သည် ကြင်နာတတ်သူဖြစ်သောကြောင့် သူ၏ နေထိုင်စရိတ်များကို ဆက်ပေးနေမည်ကို ကျိုးရှုသိထားလေသည်။

 

သို့သော် သူကြီးပြင်းသည်အထိ ယဲ့ရှောင်ယွင်သည် သူ့နေထိုင်စရိတ်များကို ဆက်ပေးလျှင်တောင် ကျိုးရှုသည် သူနှင့် တစ်မိုးအောက်တွင် မကြီးပြင်းချင်ပေ။

 

ကျိုးရှုသည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ယဲ့ရှောင်ယွင်ကို ပြန်နမ်းချင်နေလေသည်။ သူ မမှီသည်ကို မြင်ပြီး သူသည် ထိုင်ခုံပေါ်တွင် ကြိုးစားရပ်လိုက်ကာ ယဲ့ရှောင်ယွင်ကို ပြန်နမ်းလိုက်လေသည်။

 

ယဲ့ရှောင်ယွင်သည် သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောလိုက်လေသည်။

“မြန်မြန်စားတော့။ ခဏနေရင် ကျောင်းလိုက်ပို့ပေးမယ်။”

 

“ဟုတ်ကဲ့ ဦးလေးယဲ့”

 

‘ပြောရင်းဆိုရင်း တခြားလူအဖြစ် ဟန်ဆောင်ရတာ တော်တော်စွဲလမ်းဖို့ ကောင်းတယ်။ ဥပမာ ဒီအချိန်မှာ ကျိုးရှုက ကလေးခန္ဓာကိုယ်နဲ့ လူကြီးစိတ် ဖြစ်နေတယ်။ အဲဒါကြောင့် သူက ၄နှစ်ကလေးအရွယ် ဟန်ဆောင်လိုက်ပေမယ့် ဒီဟန်ဆောင်ရတဲ့ ခံစားချက်က တော်တော်ကောင်းတယ်။ သူက အတော်လေး ငယ်တဲ့အတွက် ဒီအပြုအမူတွေကို ထူးဆန်းတယ်လို့ အမြင်မခံမရဘဲနဲ့ လုပ်လို့ရတယ်။’

 

‘နောက် ဥပမာတစ်ခုက သူတို့စားပြီးတဲ့အခါ ကျိုးရှုက သူ လှုပ်ရှားမှာပျင်းလို့ ယဲ့ရှောင်ယွင်ကို ချီခိုင်းလိုက်တယ်။’

 

သူသည် သူ၏ ဝတုတ်သော လက်များကို မြောက်လိုက်ပြီး  ယဲ့ရှောင်ယွင်ကို နူးညံ့စွာပြောလိုက်၏။

“ကျွန်တော့်ကိုချီ ဦးလေး။”