Chapter : 56 ( မီး မိန်းကလေး [31] )
ဟိုင်ရိသည် သူ့ဘေးတွင် အိပ်ရာပေါ်တွင် လဲလျောင်းပြီး ဆံပင်ဝါထံ မက်ဆေ့ချ်ပို့လိုက်၏။
ဟိုင်ရိ : [ သူ အခု နည်းနည်းတော့ ပိုကောင်းလာပြီ ]
ဆံပင်ဝါ : [ ဘာလို့ ဒီလောက်ဆိုးရွားသွားတာလဲ ]
ဟိုင်ရိ : [ သူ့ရဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ကို မင်းသိလား ]
ဆံပင်ဝါ : [ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး စိတ်ကျန်းမာရေးမကောင်းကြပါဘူး ]
ဟိုင်ရိက ပြောပြသည်။
ဟိုင်ရိ : [ တော်တော်ချောတဲ့သူပဲ၊ သူက နည်းနည်းကြောက်ဖို့ကောင်းတယ် ]
ဆံပင်ဝါက ချက်ချင်းတုံ့ပြန်သည်။
ဆံပင်ဝါ: [ ယီဝေလား ]
ဟိုင်ရိ: [ ဘယ်သူလဲ ]
ဆံပင်ဝါ: [ သူ အဲဒီစိတ်ဖောက်ပြန်တဲ့သူနဲ့ တွေ့ခဲ့တယ်လို့ မပြောနဲ့နော်၊ လခွမ်း! ]
ဟိုင်ရိ: [ ဘယ်သူလဲ ]
ဆံပင်ဝါ: [ သူက လူမှုရေးပြဿနာရှိတဲ့သူ… ပြီးတော့ စိတ်ဖောက်ပြန်တဲ့သူ... သူက သူ့မိသားစုတစ်ခုလုံးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ… ယန်ကောရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အများအားဖြင့် သူ့လိုပဲ စိတ်ဓာတ်ကျလွန်းလို့ ဒီအလုပ်ကို လုပ်ကြတာ၊ ဒါပေမဲ့ အဲဒီလူကို အထက်လူကြီးတွေက လူတွေကို သတ်မှာ ကြောက်တာကြောင့် လုပ်ငန်းတာဝန်တွေမှာ ပါဝင်ခွင့်မပြုခဲ့ဘူး ]
ဟိုင်ရိ: [ … ]
ဆံပင်ဝါ: [ သူနဲ့ ယန်ကောက မတည့်ကြဘူး၊ အဲဒီစိတ်ဖောက်ပြန်တဲ့သူက ယန်ကောကို သဘောကျတယ်လို့ ကျွန်တော်ထင်တယ် ]
ဟိုင်ရိသည် နဖူးကို အားမရှိစွာ ဖိထားလိုက်သည်။ သူ၏ နှလုံးသားက အလွန်ပင် ပင်ပန်းနွမ်းနယ်နေသလို ခံစားရသည်။
ဟိုင်ရိ: [ သူ 'အရင်တစ်ခါ' အကြောင်း ပြောသွားတယ်၊ အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ ]
ဆံပင်ဝါက ရှင်းပြလိုက်သည်။
ဆံပင်ဝါ: [ အရင်တုန်းက ယီဝေက ဒိုင်လုပ်တဲ့ Werewolf ဂိမ်းတစ်ခု ရှိခဲ့တယ်... ယန်ကောက စုန်းမ... ပထမညမှာ ယီဝေက Werewolf တွေကို ယန်ကောကို သတ်ဖို့ အရိပ်အမြွက်ပြခဲ့တယ်... စုန်းမအနေနဲ့ ပထမညမှာ တိုက်ခိုက်ခံရရင် သူ့ကိုယ်သူ မကယ်နိုင်တဲ့အတွက် သေတာက အာမခံထားပြီးသားပဲ… သူက ဒိုင်က သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်ခဲ့တယ်လို့ ထင်ခဲ့တယ်… ဒါကြောင့် သူက ညဘက်မှာ ဝံပုလွေတစ်ကောင်ကို ပြန်သတ်ခဲ့တယ် ]
ဆံပင်ဝါ: [ အဲဒီနောက်မှာ ဇာတ်ကောင်တွေကို ပြန်လည်ရေးဆွဲခဲ့တယ်... ဒါက တော်တော်လေး ဆူဆူပူပူ ဖြစ်ခဲ့တာ... ဘာလို့လဲဆိုတော့ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေမှာ ဒိုင်က တကယ်ပဲ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်ခဲ့တယ်ဆိုတာ တွေ့ခဲ့လို့ပဲ... ယန်ကော ဂိမ်းဆော့ရင် ဘယ်လိုဖြစ်တယ်ဆိုတာ မင်းသိပါတယ်... ပထမနေ့မှာ ဘယ်သူ့ကိုမှ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို မြင်အောင် မလုပ်ဘူး... ပြဿနာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ် ]
ဆံပင်ဝါ: [ အဲဒီလူကို အပြစ်ပေးခဲ့ပြီး ပိုက်ဆံအချို့ကိုလည်း နုတ်ယူခဲ့တယ်၊ အဲဒီနောက်မှာ သူ့ကို Werewolf ဂိမ်းတွေရဲ့ တာဝန်ခံအဖြစ် ဘယ်တော့မှ ထပ်မထားတော့ဘဲ အခုတော့ ဇာတ်ညွှန်းတွေ ရေးနေတယ် ]
ဟိုင်ရိ: [ ဒါဆို ဒီတစ်ခါ ဘာလုပ်ရမလဲ၊ သူက လူသတ်သမားကို ငါ့ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခိုင်းတယ် ]
ဆံပင်ဝါ: [ သောက်ကျိုးနည်း! -ီးလိုပဲ ]
ဆံပင်ဝါ: [ အရမ်း ဒေါသထွက်စရာကောင်းတယ်…. စိတ်မပူနဲ့၊ ဒီတစ်ခါ သူ သေမှာ ]
ဆံပင်ဝါ: [ ယန်ကော ဒေါသထွက်တာ အံ့သြစရာမရှိဘူး… ကျွန်တော်လည်း ဒေါသထွက်တယ်… သူ အခု ဘယ်လိုလဲ ]
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ခိုးကြည့်လိုက်သည်။ သူက သတင်းများကို ဆက်လက် ကြည့်နေဆဲဖြစ်၏။ ဟိုင်ရိက မေးလိုက်သည်။
ဟိုင်ရိ: “နောက်ကျနေပြီ၊ အိပ်တော့မလား"
ရှန့်ချန့်ယန်၏ မျက်လုံးများက ဖုန်းပေါ်တွင် ရှိနေသော်လည်း သူက အကြောင်းအရာကို သေချာပေါက် အာရုံမစိုက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဟိုင်ရိက ထိုအကြောင်းကို စဉ်းစားပြီး သူ့ထံမှ ဖုန်းကို ယူလိုက်၏။ ရှန့်ချန့်ယန်၏ လက်ကို ကိုင်ရင်း ဟိုင်ရိက သူ့ကို ပွေ့ဖက်ပြီး အိပ်ရာပေါ်တွင် ပုတ်ပေးလိုက်သည်။
ဟိုင်ရိ: "မနက်ဖြန် သူ့ကို တိုင်လိုက်မယ်"
ရှန့်ချန့်ယန်: "ကျွန်တော် တော်တော်ကြောက်ဖို့ကောင်းခဲ့လား"
ဟိုင်ရိ: "လုံးဝ မဟုတ်ဘူး၊ မင်း တော်တော်ချောခဲ့တာ"
ရှန့်ချန့်ယန်သည် သက်ပြင်းရှည်ကြီးချပြီး ဟိုင်ရိ၏ ကျောကို ပုတ်လိုက်သည်။
ရှန့်ချန့်ယန်: "ခင်ဗျားကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်"
ဟိုင်ရိ: "အဲလိုမပြောပါနဲ့၊ ငါ့ကြောင့် မဟုတ်လား"
"ကျွန်တော့်ကြောင့်ပါ"
ရှန့်ချန့်ယန်ပြောလိုက်သည်။
"ခင်ဗျားဘေးမှာ ကျွန်တော်သာ မရှိရင် ခင်ဗျား ဒီလိုမျိုး အစကတည်းက ကြုံတွေ့ရမှာ မဟုတ်ဘူး"
ဟိုင်ရိ: "မင်း အဲလိုပြောတာ ငါ နားဝင်မချိုဘူး၊ မင်းက ပြဿနာလို့ ငါ လုံးဝမထင်ဘူး"
ရှန့်ချန့်ယန် ခဏတာ တိတ်ဆိတ်နေသည်။
ရှန့်ချန့်ယန်: "အရေးမကြီးပါဘူး"
ဟိုင်ရိ: "..."
ရှန့်ချန့်ယန်: "ခင်ဗျား ဘေးမှာရှိနေတော့ ကျွန်တော်တော်တော်လေး ပိုကောင်းလာတယ်… ခင်ဗျားက လမ်းလျှောက်နေတဲ့ ဆေးပုလင်းလေးများလား"
ဟိုင်ရိ: "ဟားဟားဟား"
ရှန့်ချန့်ယန်က ဘာကြောင့် မပျော်ရွှင်သည်ကို ဖော်ထုတ်ပြောပြရန် အခွင့်အရေးမရှိခဲ့သော်လည်း ဟိုင်ရိသည် သူ၏ အကြောင်းပြချက်များကို ကောင်းစွာ နားလည်ထားသည်။ သူက နေ့လယ်ပိုင်းတွင် သူ၏ ခေါင်းဆောင်ထံမှ ယီဝေသည် ဤကိစ္စ၏ စီမံခန့်ခွဲသူဖြစ်ကြောင်း ကြားသိခဲ့ရ၏။ ရှန့်ချန့်ယန်၏ သူငယ်ချင်းဖြစ်သည်ကို မြင်ပြီးနောက် ယီဝေကြောင့် ဟိုင်ရိ၏ ပြဿနာများ ဖြစ်ပေါ်လာသည်ဟု ထင်မြင်စေခဲ့သည်။ ထို့အပြင် သူက ဟိုင်ရိကို မနေ့ကမှ ဖွင့်ပြောခဲ့ပြီး ယနေ့တွင်လည်း ထိုကဲ့သို့ ကိစ္စများ ထပ်မံပေါ်ပေါက်လာ၏။
ဤစိတ်ခံစားမှုအားလုံးဖြင့် ရှန့်ချန့်ယန်သည် အနည်းငယ် စိုးရိမ်လာခဲ့သည်။ ပိုဆိုးသည်မှာ ဟိုင်ရိရှေ့တွင် သူ၏ လုပ်ရပ်များက သူ၏ မူလသဘောသဘာဝကို ထုတ်ဖော်ပြသခဲ့ပြီး သူ့ကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့၏။
ရှန့်ချန့်ယန်: "ကျွန်တော် အများကြီး ပိုကောင်းလာပြီ၊ စိတ်မပူနဲ့"
ဟိုင်ရိသည် ဘာမှမမေးရဲတော့ဘဲ ခေါင်းငုံ့ပြလိုက်သည်။
ရှန့်ချန့်ယန်: "ကျွန်တော် ခင်ဗျားကို မလိုက်တာ ပိုကောင်းတယ်၊ ကျွန်တော်က ခင်ဗျားနဲ့ ထိုက်တန်တဲ့လူ မဟုတ်ဘူး"
ဟိုင်ရိ: "..."
ဟိုင်ရိသည် ရှန့်ချန့်ယန်၏ မျက်လုံးများနှင့် သူ၏ ငြိမ်သက်သောအကြည့်ထဲမှ နက်ရှိုင်းသော ဝမ်းနည်းမှုကို စိုက်ကြည့်နေသည်။ အချိန်ခဏတာမျှ ဟိုင်ရိ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ သို့သော် ရှန့်ချန့်ယန်က သူ၏ လက်ကို ရုတ်သိမ်းချင်သည့်အခါ ဟိုင်ရိက သူ့ဘေးသို့ ရွေ့လျားသွားပြီး သူ့နဖူးကို နမ်းလိုက်သည်။
ဟိုင်ရိ: "အဲဒါတွေ ဘာမှအရေးမကြီးဘူး...မင်းရဲ့ ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ"
နောက်တစ်နေ့၊ မနက်အရုဏ်တက်ချိန်။
လူတိုင်းက အပြည့်အစုံ ကောင်းမွန်နေသော ရှန့်ချန့်ယန်နှင့် ဟိုင်ရိကို ကြည့်နေကြသည်။ သူတို့၏ အကြည့်များမှာ အံ့သြခြင်းမရှိတော့ဘဲ သံသယများဖြင့် ပြည့်နှက်နေ၏။
"သူတို့ကို ဘယ်သူက အားပေးနေတာလဲ"
နှစ်ယောက်သား မနက်စာကို ပုံမှန်အတိုင်း စားပြီးနောက် ဒုတိယအကြိမ်မြောက် အထောက်အထား ရှာဖွေခြင်းကို စတင်ခဲ့သည်။
ဒီတစ်ခါတော့ လူတိုင်းက အခန်းတစ်ခန်းစီကို ကျပန်းရွေးချယ်ခဲ့ကြ၏။ ဟိုင်ရိက ဖခင်၏ အခန်းထဲသို့ ဝင်သွားပြီး ရှန့်ချန့်ယန်က ဘေးခန်းတွင် ရှိနေသည်။
ဖခင်၏ အခန်းသည် ဥရောပစတိုင်လ် ပရိဘောဂများဖြင့် ပြင်ဆင်ထား၏။ ပြတင်းပေါက်များကို ဖွင့်ထားသော်လည်း အခန်းထဲတွင် ဓာတ်ငွေ့နံ့ သင်းပျံ့နေသည်။ အခန်းတွင်းရှိ အနံ့ကို စက်ယန္တရားတစ်ခုခုဖြင့် ထိန်းချုပ်ထားပုံရ၏။
သူ ပတ်ဝန်းကျင်ကို ကြည့်ရှုသော်လည်း ပုံမှန်မဟုတ်သည့် အရာတစ်ခုမျှ မတွေ့ခဲ့ရပေ။
ဆံပင်ဝါက ဟိုင်ရိကို ဆက်ပြီး နှောင့်ယှက်နေသည်။ သူက သူ့မေးခွန်းများကို ရှန့်ချန့်ယန်ကို တိုက်ရိုက်မေးရဲခြင်းမရှိဘဲ ဟိုင်ရိကိုသာ ဆက်တိုက် မေးခွန်းများ မေးမြန်းနေ၏။ ဟိုင်ရိက သူ့ကို တိုက်ရိုက် ဖုန်းခေါ်လိုက်ရာ ဆံပင်ဝါက ချက်ချင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဟိုင်ရိက သတင်းပို့လိုက်၏။
ဟိုင်ရိ: "သူ မနေ့ညက အိပ်မပျော်ဘူး… ဒါပေမဲ့ မနက်စောစောပိုင်းကျတော့ အိပ်ပျော်သွားတယ်… မနက်ပိုင်းမှာ သူ ပိုကောင်းလာတယ်လို့ ငါခံစားရတယ်"
ဆံပင်ဝါ: "ဟန်ဆောင်နေတာလား"
ဟိုင်ရိ: "ဖြစ်နိုင်တယ်… မင်း ဖြေရှင်းနည်းတစ်ခုခု စဉ်းစားလို့ရလား"
ဆံပင်ဝါ: "ကျွန်တော် ဘာသိမှာလဲ… ‘ရေနွေးများများသောက်ပါ' ဆိုတာပဲ ကျွန်တော် ပြောနိုင်တယ်… ကျွန်တော် လုံးဝမကူညီနိုင်ဘူး... သူ ဘာလို့ အမြဲစိတ်မပျော်ရွှင်နေလဲဆိုတာတောင် ကျွန်တော် နားမလည်ဘူး"
( T/N : ရေနွေးများများသောက်ပါက အာရှသားတွေက နေမကောင်းဖြစ်ပြီဆို ရေနွေးပဲ သောက်ခိုင်းကြတာမလို့ ဟာသအနေနဲ့ ယူသုံးထားတာပါ )
ဟိုင်ရိသည် နံရံပေါ်ရှိ ဧရာမဓာတ်ပုံရှေ့တွင် ရပ်တန့်သွားသည်။ ထိုဓာတ်ပုံမှာ လေးယောက်မိသားစုပုံဖြစ်ပြီး အငယ်ဆုံးသား၊ သမီးကြီး၊ ဖခင်နှင့် မိခင်တို့ ဖြစ်ကြ၏။ ကြီးမားသော မီးမလောင်မီက ရိုက်ထားခဲ့ခြင်းဖြစ်ပြီး အရောင်အနည်းငယ် မှိန်နေသည်။
ဟိုင်ရိ: "ငါတို့ နားမလည်ဘူး... ဒါပေမဲ့ သူက ဒီလိုဖြစ်ချင်တာ မဟုတ်ဘူး.. သူက သူ့စိတ်ခံစားမှုတွေကို ထိန်းချုပ်လို့မရနိုင်ဘူး..."
ဆံပင်ဝါ: "ကျွန်တော် သိတယ်… ကျွန်တော် အဲဒါကို ဘာမှမဆိုလိုဘူး… ကျွန်တော်ဒေါသထွက်နေရုံပဲ… ဒီရောဂါက အရမ်း ရက်စက်တယ်"
ဟိုင်ရိ: "သူ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စိတ်ထားရှိတယ်လို့ ငါ မထင်ဘူး၊ ဒီနေရာမှာ သေလို့ မရဘူး မဟုတ်လား"
ဆံပင်ဝါ: "ဒီကမ္ဘာမှာ သေတယ်ဆိုတာ တကယ့်ကမ္ဘာကို ပြန်သွားတာကို ဆိုလိုတာ"
ဆံပင်ဝါ: "အဲတော့ မဟုတ်ဘူး၊ သူ မသေနိုင်ရင်တောင် အဲဒါကတော့ မဖြစ်နိုင်ဘူး"
သို့သော် ဟိုင်ရိ၏ စိတ်ထဲတွင် ဆံပင်ဝါသည် ယီဝေ လူသတ်ခြင်းနှင့် ပတ်သက်၍ ယခင်က ပြောခဲ့သည့်အရာများ ရှိနေသည်။ ကြောက်ရွံ့မှုက သူက အခြားသူများကို တကယ့်ကမ္ဘာသို့ တိုက်ရိုက် ပြန်ပို့လိမ့်မည်ဟု ဖြစ်နိုင်၏။
ဆံပင်ဝါ: "ခင်ဗျားတို့ ဒီနေ့ နေ့လည်ပိုင်း ပြန်လာကြမလား.. ပြန်လာရင် ကျွန်တော် ခင်ဗျားတို့ကို ကြိုဆိုဧည့်ခံပွဲ လုပ်ပေးမယ်"
"ဖြစ်နိုင်လောက်ပါတယ်"
ဟိုင်ရိပြောပြီး သူ၏ ရှေ့ရှိ ဓာတ်ပုံကို သေချာကြည့်လိုက်၏။
"နေ့လည်ကျမှ ထပ်ပြောကြတာပေါ့၊ ငါ ဖုန်းချလိုက်တော့မယ်"
ဟိုင်ရိသည် ဓာတ်ပုံနှင့် ပတ်သက်၍ ထူးဆန်းသည်ဟု ခံစားရသည်ကို ဖယ်ရှား၍ မရခဲ့ပေ။ လူများသည် ထိုကဲ့သို့ ကြီးမားသော မိသားစုပုံတူကို ပုံမှန် ချိတ်ဆွဲကြပါသလား။ ၎င်းသည် နံရံ၏ တစ်ဝက်ခန့်ကိုပင် နေရာယူထားသည်။
သူက ၎င်းကို အသေးစိတ် စစ်ဆေးကြည့်၏။ ဓာတ်ပုံကို နံရံတွင် ချိတ်ဆွဲထားပြီး ပတ်ဝန်းကျင်တွင် စက်ယန္တရားများ မရှိခဲ့ပေ။
သူက နောက်ပြန်ကြည့်လိုက်ရာ အဝတ်ချိတ်တွင် ချိတ်ဆွဲထားသော အိတ်တစ်လုံးကို တွေ့လိုက်သည်။ သူက လျှောက်သွားပြီး အတွင်းကို ကြည့်လိုက်၏။ အတွင်းတွင် သော့နှစ်ချောင်းနှင့် အိပ်ဆေးပုလင်းတစ်လုံး ရှိနေသည်။ ပုလင်းပေါ်တွင် ရေးထားသော နေ့စွဲသည် ယခင်နေ့က ဖြစ်၏။ သို့သော် အတွင်းရှိ ဆေးပြားအရေအတွက်မှာ အတော်လေး လျော့နည်းနေပြီဖြစ်သည်။
ဟိုင်ရိသည် သော့များကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ အခြားမည်သည့် သဲလွန်စမျှ မတွေ့ရှိတော့ဘဲ သူ ထွက်လာ၏။
ယနေ့တွင် လုပ်ငန်းတာဝန် အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ဂိုဒေါင်ဖြစ်၏။ ထန်ယင်က ထိုနေရာမှ ထွက်ခွာလာရုံရှိသေးသည်။ ဟိုင်ရိက သူမကို မေးလိုက်၏။
ဟိုင်ရိ: "ဘာတွေ တွေ့ခဲ့လဲ"
ထန်ယင်က ပြုံးတစ်ဝက်၊ မပြုံးတစ်ဝက်ဖြင့် သူ့ကို စိုက်ကြည့်နေပြီး သူ ပြောဆိုရန် စောင့်ဆိုင်းနေသည်။
ဟိုင်ရိ: "?"
ထန်ယင်: "ရှင်တို့နှစ်ယောက် ဘယ်လို နောက်ခံရှိကြလဲ"
ဟိုင်ရိက ရှုပ်ထွေးဟန်ဆောင်သည်။
"ဘာကိုလဲ..."
ထန်ယင်: "ဟန်မဆောင်ပါနဲ့တော့… ပထမနေ့ကတည်းက ကျွန်မသိပ်မသေချာဘူး၊ ဒါပေမဲ့ မနေ့ညက ဒီလောက်ကြီးမားတဲ့ ဆူပူမှုကြီး ဖြစ်ခဲ့တာတောင် ဒီနေ့ ဘယ်သူမှ မသေသေးဘူး… ပြဿနာက ရှင်တို့နှစ်ယောက်နဲ့ သေချာပေါက် ပတ်သက်နေတယ်"
ဟိုင်ရိက ရိုးသားစွာ ရှင်းပြသည်။
"ငါ တကယ်မသေချာဘူး၊ ငါ မနေ့ညက ငါ့အခန်းထဲမှာပဲ ရှိနေခဲ့တာ၊ မိုးမလင်းခင်အထိ ဘာမှ မဖြစ်ခဲ့ဘူး"
သူက မရှင်းလင်းချင်ကြောင်း သိရသည့်အခါ ထန်ယင်က မေးလိုက်၏။
"ကောင်းပြီလေ၊ လူသတ်သမား ဘယ်သူလဲဆိုတာ မင်း သိလား"
*ငါ့ဖင်ကြီးကို သိရမှာလား*
စိတ်ထဲမှ တွေးလိုက်သည်။
*ငါ့မှာ စိတ်ဓာတ်ကျနေတဲ့ သားတစ်ယောက်ရှိတယ်လို့ပဲ ငါသိတယ်*
ဟိုင်ရိ: "ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ မဟုတ်ဘူး"
ထန့်ယန်: "ရှန့်ချန့်ယန်လား"
ဟိုင်ရိက ပခုံးတွန့်ပြလိုက်ပြီး သူလည်း မသေချာကြောင်း ဖော်ပြသည်။
ထန်ယင်: "ရှင်တို့နှစ်ယောက်က အရမ်းထူးဆန်းတယ်၊ လျှို့ဝှက်ချက်တွေ အများကြီးရှိနေသလိုပဲ"
ဟိုင်ရိ: "လူတိုင်း ဒီလိုပဲ မဟုတ်ဘူးလား"
ထန်ယင်က ပြုံးလိုက်၏။
"အဲဒါလည်း မှန်ပါတယ်"
ဟိုင်ရိသည် ထန်ယင်နှင့်အတူ ဧည့်ခန်းသို့ ပြန်လာသည်။ ယနေ့သေဆုံးသူသည် မနေ့ညက လူများထဲမှ တစ်ဦးလားဆိုသည်ကို သူ မသိခဲ့ပေ။ သို့သော် ၎င်းတို့တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိခဲ့သောကြောင့် ဟိုင်ရိ ရှုပ်ထွေးသွား၏။ ယီဝေက မနေ့ညက NPC များအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ပြောခဲ့သည်။
အဲဒါက ယီဝေက သူတို့ကို ကြောက်အောင် လိမ်ညာခဲ့တာပဲ ဖြစ်ရမယ်။
*ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ*
ဟိုင်ရိက အတွင်းစိတ်မှ တွေးလိုက်သည်။
ရှန့်ချန့်ယန်သည် ဒီမနက် အိပ်ရာကနိုးတော့ စကားမပြောချင်ခဲ့ပေ။ သို့သော် ရေချိုးခန်းမှ ထွက်လာပြီး သန့်စင်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပုံရ၏။ ထို့သို့ဖြစ်သော်လည်း ဟိုင်ရိက သူ တမင်တကာ ဟန်ဆောင်နေသည်ဟု ခံစားခဲ့ရသည်။
ဒုတိယနေ့၏ ဝိုင်းဖွဲ့ဆွေးနွေးပွဲ စတင်ခဲ့သည်။
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို အရင်ဆုံး ပြောစေရန် ရည်ရွယ်ခဲ့၏။ ထိုသို့ဆိုလျှင် သူက နောက်ပိုင်းဆွေးနွေးပွဲတွင် ပါဝင်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။
ဟိုင်ရိ: "မနေ့က လူတိုင်းက ရည်းစားဟောင်းကို သံသယရှိခဲ့ကြတယ်… ဒီနေ့ သူ့ကို အရင်ဆုံး သံသယကင်းအောင် ဘာလို့မလုပ်ပေးရမှာလဲ"
လျိုကျယ်က ရယ်လိုက်၏။
လျိုကျယ်: "ကျွန်မတို့ မနေ့က တစ်ယောက်ကိုတစ်ယောက် သေချာပေါက် သံသယ အရမ်းရှိခဲ့ကြတာပဲ"
သူတို့ ငါးယောက် ရယ်မောကြသည်။
ဝမ်ယင့်က ပြော၏။
"ငါက ရည်းစားဟောင်းရဲ့ အခန်းကို ရှာခဲ့တယ်"
ရှန့်ချန့်ယန်က ယဉ်ကျေးစွာ လက်ဆန့်ထုတ်လိုက်ပြီး သူ့ကို ဆက်မေးရန် အမူအရာပြလိုက်၏။
🌟🌟🌟