Chapter : 58 ( မီး မိန်းကလေး [33] )
အမှန်ကား ဟိုင်ရိသည် အခြေအနေမှန်ကို ကောင်းကောင်းသိနေပြီးသားဖြစ်၏။ ရှန့်ချန့်ယန်သည် ဝမ်ယင့်ကို မေးတုန်းကတည်းက သူ မှန်းဆခဲ့ပြီးသားပင်။ ရှန့်ချန့်ယန်သည် သူတို့အား လူသတ်သမားကို သတိပေးနေခြင်းဖြစ်သည်။
ဟိုင်ရိ: "ဒါက သေရခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်တယ်.. ရေမွှေးကို ဓာတုပစ္စည်းတွေနဲ့ အစားထိုးပြီး ရောစပ်ထားတယ်.. ပြီးတော့ ဆွဲထားတဲ့ မီးအိမ်ထဲက ဝါယာကြိုးတွေကို သတ္တုစပ်နဲ့ လဲလိုက်တာကြောင့် သေဆုံးသူ မီးလောင်ခဲ့တာ.. တခြားအရာတွေက ဒီအဖြစ်အပျက်အစီအစဉ်ကို လုံးဝမထိခိုက်ခဲ့ဘူး"
ဟိုင်ရိ: "အခု ငါတို့ လုပ်ခဲ့တဲ့လူကို ဖော်ထုတ်ဖို့ပဲ ကျန်တော့တယ်"
ထန့်ယန်: "ရိုးရိုးသားသားပြောရရင် ရှင်တို့ပြောနေတာတွေကို ကျွန်မ သိပ်နားမလည်ဘူး.. အရမ်းအထင်ကြီးစရာကောင်းတယ်လို့ပဲ ကျွန်မ ခံစားရတယ်”
ဝမ်ယင့်: "ငါကောပဲ”
ဟိုင်ရိက ရယ်လိုက်သည်။ ဝမ်ယင့်က ပြော၏။
ဝမ်ယင့်: "ဒုတိယအကြိမ် ရှာဖွေတုန်းက တွေ့ခဲ့တဲ့ သဲလွန်စတွေကို အရင်ဆုံး အဆုံးသတ်ရအောင်"
"ဘာမှမရှိဘူး"
လျိုကျယ်က သူ့လက်ဖဝါးများကို ဖြန့်ပြလိုက်သည်။
လျိုကျယ်: "သဲလွန်စအသစ် တစ်ခုမှ မတွေ့ဘူး”
ရှန့်ချန့်ယန်: "ကျွန်တော်လည်း ဘာသဲလွန်စအသစ်မှ မတွေ့ဘူး”
သူတို့ ဘယ်သူမှ ပြစရာ ဘာမှမရှိဘူး။ ဆိုလိုသည်ကတော့ ဒုတိယအကြိမ် သက်သေရှာဖွေမှုက ဖခင်နှင့် ချစ်သူဟောင်းနှင့် ပတ်သက်သည့် သဲလွန်စအရေအတွက်ကိုသာ တိုးစေခဲ့သည်။
ကျန်တဲ့အပိုင်းများကတော့ အခြေအနေဟောင်းအတိုင်းပင်။
ထန့်ယင် : "အခု ဘာလုပ်ကြမလဲ၊ ထိုင်ပြီး စကားပြောရအောင်"
သူတို့ ကြမ်းပြင်ပေါ်ကို ပစ်ထိုင်ချလိုက်၏။ ခြေချိတ်ထိုင်ရင်း ဟိုင်ရိက လူတိုင်းကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
ဟိုင်ရိ: "ဒါက ကြိုတင်ပြင်ဆင်ထားတဲ့ ယန္တရားတစ်ခု ဖြစ်ရမယ်"
ထန့်ယင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်လောက်ကြာကြာ ကြိုတင်ပြင်ဆင်ထားလဲဆိုတာ ကျွန်မတို့ မသိဘူး”
"ကျွန်တော် ရေမွှေးမလဲခင်အချိန်နဲ့'’
ရှန့်ချန့်ယန်ကပြောလိုက်သည်။
''ကျွန်တော်ရေမွှေးလဲပြီးတဲ့အချိန်မှာ တစ်ယောက်ယောက်က ဝင်လာပြီး ပြန်လဲသွားတယ်၊ ကျွန်တော် ၄ နာရီ ၅၀ မှာ ဝင်သွားတာ"
ဟိုင်ရိ: "ဒါဆို ၄ နာရီ ၅၀ နောက်ပိုင်းလား"
ဝမ်ယင့်: "မင်း မလိမ်ဘူးဆိုတာ ဘယ်လိုသက်သေပြမလဲ"
"ကျွန်တော့်မှာ သက်သေပြစရာ နည်းလမ်းမရှိဘူး"
ရှန့်ချန့်ယန်က တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်လိမ်နေတယ်ဆိုတဲ့ သက်သေလည်း မရှိဘူး"
ဟိုင်ရိက အလျင်အမြန် ထပ်ပြောလိုက်၏။
ဟိုင်ရိ: "ရှန့်ချန့်ယန် ပေးထားတဲ့ အချိန်ကို မှန်တယ်လို့ပဲ ယူဆလိုက်ရအောင်... မဟုတ်ရင် ငါတို့မှာ ကျိုးကြောင်းဆီလျော်တဲ့ စမှတ်တောင် ရှိမှာ မဟုတ်ဘူး"
ရှန့်ချန့်ယန် ပေးထားသည့်အချိန်က ယန္တရားနှင့် ချိတ်ဆက်ထားသော အစောဆုံးဖြစ်နိုင်ခြေရှိသည့် အချိန်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ သူ့စကားများကို လျှော့တွက်လိုက်လျှင် ရှေ့ဆက်ရန် နည်းလမ်းမရှိသည်နှင့် အတူတူပင် ဖြစ်လိမ့်မည်။
ထန်ယင်: "ကျွန်မ သဘောတူတယ်"
"ဒါပေမဲ့ ကျွန်မမှာ ထိမ်ချန်ထားတဲ့ အမြင်တွေ ရှိသေးတယ်"
ထန်ယင်က ရှန့်ချန့်ယန်ကို ပြုံးပြလိုက်သည်။
"ရှင့်ကို ယုံလို့ မဟုတ်ဘူး၊ ရှင့်ကို မယုံရင် ကျွန်မတို့ ရှေ့ဆက်ဖို့ နည်းလမ်းမရှိလို့ပဲ"
ရှန့်ချန့်ယန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်၏။
ထန်ယင်: "ကျွန်မမှာ ပြင်းထန်တဲ့ နိမိတ်ထင်မှုတစ်ခု ရှိတယ်.. ကျွန်မတို့ ဒီတစ်ခါ လူသတ်သမားရဲ့ အထောက်အထားကို မဖော်ထုတ်နိုင်ဘဲ အဆုံးထိလှည့်စားခံနေရဦးမှာပဲ"
ဟိုင်ရိ: "ရှန့်ချန့်ယန်ကလွဲလို့ တခြားပြောစရာရှိတဲ့သူ မရှိဘူးလား"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ခဏအကြာမှာ လျိုကျယ်က ပြော၏။
"အကုန်ပြောပြီးပါပြီ၊ မနေ့က အကုန်မျှဝေပြီးပြီ"
ထန်ယင်: "ကျွန်မရော"
ဝမ်ယင့်: "ငါကောပဲ”
ဟိုင်ရိ: ...
တခြားရွေးချယ်စရာ မရှိတာကြောင့် ဟိုင်ရိလည်း ပြောလိုက်ရ၏။
"ငါကောပဲ”
သူ ဘာလုပ်သင့်သလဲ။
ဟိုင်ရိ အံ့အားသင့်သွားသည်။ ဘယ်သူမှ ဘာမှမပြောကြဘဲ ရာဇဝတ်မှု ကျူးလွန်ပုံကိုသာ အခုအချိန်တွင် သိနေကြသည်။
ဘာအသုံးဝင်မှာလဲ။
ဝမ်ယင့်က လူသတ်သမားဟု သံသယရှိနေရင်တောင် သူ့ကို ညွှန်ပြသော တိကျသည့် သက်သေ အထောက်အထား မရှိသေးဘူး။
ရှန့်ချန့်ယန်: "ဘယ်သူမှ ဓာတ်ငွေ့ကို မမှတ်မိဘူးလား"
ဘယ်သူမှ စကားမပြောကြချေ...
ရှန့်ချန့်ယန်: "ဘယ်သူမှ စကားမပြောချင်တာဆိုတော့ ကျွန်တော် မေးခွန်းတချို့ မေးမယ်"
လူတိုင်းက ရှန့်ချန့်ယန်ကို မျက်နှာတည်တည်နှင့် ကြည့်နေကြသည်။ သူသည် ခက်ခဲသော မေးခွန်းတစ်ခုကို မေးလိုက်သည်ကြောင့် ဖြစ်နိုင်၏။
အမှန်ကား အဖြေပေးရန် ခက်ခဲသည့် မေးခွန်းတစ်ခု ဖြစ်ခဲ့သည်။ ကြောက်ရွံ့မှုကား သူတို့အပေါ် ပြန်သုံးလို့ရမည့် တစ်ခုခုဖြစ်သည်ကို သူတို့ နားလည်သွားခြင်းပင်။
ရှန့်ချန့်ယန်: "ဘယ်သူ သေဆုံးသူရဲ့ အိမ်ကို သွားခဲ့လဲ"
ဟိုင်ရိတစ်ယောက်သာ လက်ထောင်လိုက်သည်။
ရှန့်ချန့်ယန်က ခေါင်းညိတ်ပြီး သူ့ကို မေးလိုက်၏။
ရှန့်ချန့်ယန်: "ခင်ဗျား အဲဒီကိုသွားတုန်းက အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးဆိုတာ သေချာလား"
ဟိုင်ရိ: "ဘယ်သူမှ မရှိဘူး"
ထို့နောက် လူတိုင်းက ရှန့်ချန့်ယန် သူ့အိတ်ကပ်ထဲကနေ အိပ်ဆေးပုလင်းတစ်လုံးကို စိတ်ပျက်အားငယ်ဖွယ် ဖြည်းဖြည်းချင်း ထုတ်နေတာကို ကြည့်နေကြ၏။ ဘယ်အချိန်ကရခဲ့မှန်းမသိသော ထိုအိပ်ဆေးပုလင်းနှင့် သူ ဝမ်ယင့်ကို မေးခွန်းတစ်ခု ထုတ်လိုက်သည်။
ရှန့်ချန့်ယန်: "ဒီဆေးက ခင်ဗျားရဲ့ ဆေးလား"
ဝမ်ယင့်က တွေဝေစွာ စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
ဝမ်ယင့်: "အိပ်ဆေးတွေ… ငါ့ဆရာဝန်က ညွှန်ကြားထားတာ"
"သေဆုံးသူ မသေဆုံးခင် တစ်ရက်အလိုက ညွှန်ကြားခဲ့တာ"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"မှန်တယ်မလား"
ဝမ်ယင့်က ချက်ချင်းပြန်မဖြေ။ သူ သတိထားနေပြီး ရှန့်ချန့်ယန် ဘာမေးတော့မည်ဆိုသည်ကို ကြိုသိနေပုံရ၏။
ရှန့်ချန့်ယန်က အဖုံးကိုဖွင့်ပြီး ဆေးအားလုံးကို သူ့လက်ဖဝါးထဲသို့ လောင်းချလိုက်သည်။ သူ၏ သွယ်လျတဲ့ လက်ချောင်းတွေက တစ်လုံးချင်းစီ ရေတွက်နေ၏။ သူ စိတ်ရှည်လက်ရှည် တစ်မိနစ်အပြည့် ရေတွက်လိုက်သည်။
"၉၆၊ ၉၇၊ ၉၈..."
တစ်လုံးမှ မကျန်တော့ပေ။
ရှန့်ချန့်ယန်: "တစ်ညကို ဘယ်နှစ်လုံး စားလဲ"
လူတိုင်း: ...
ဟိုင်ရိ အံ့အားသင့်နေသည်။
ဒီနံပါတ်က မမှန်ဘူး။ ပုလင်းတစ်လုံးမှာ ဆေးလုံး ၁၀၀ ပါရမှာ၊ ဒါဆို ၉၉ လုံး ကျန်နေသင့်လေသည်။
ရှန့်ချန့်ယန်က ဆေးလုံးတွေကို ဆေးပုလင်းထဲ ပြန်ထည့်လိုက်သည်။ သူ့လက်ပေါ်က အမှုန်အမွှားတွေကို ခါလိုက်၏။
ရှန့်ချန့်ယန်: "တစ်ညကို တစ်လုံးစားတာဆိုရင် တစ်လုံး လိုနေတယ်မလား၊ မင်း သေဆုံးသူ သေတဲ့နေ့က စိတ်ရောဂါကုဆရာဝန်ဆီ သွားခဲ့တာ သေချာလား… ဒါမှမဟုတ် မနေ့ကများလား..."
ဝမ်ယင့် မျက်နှာ နီရဲလာပြီး ဒေါသတကြီး ထအော်လိုက်သည်။
"ငါ ညတိုင်း ဆေးဘယ်နှစ်လုံးသောက်လဲဆိုတာ မသိဘူးလို့ ထင်နေတာလား၊ မင်းပြောနေတာတွေက ရယ်စရာကြီးလို့ မထင်ဘူးလား"
"ဒါကို သက်သေလို့တောင် ပြောလို့ရသေးလား"
ဝမ်ယင့်က လှောင်ပြောင်သရော်စွာ ရယ်မောလိုက်သည်။
"ငါ့အတွက်တော့ မင်းက လူသတ်သမားပဲ၊ ဒါကြောင့် မင်း ငါ့ကို ဖယ်ထုတ်ဖို့ မစောင့်နိုင်ဘူး... ဆေးပုလင်းက မင်းလက်ထဲမှာ၊ ဆေးလုံးကို မင်းက ဖယ်ထုတ်ခဲ့တာဆိုရင်ကော"
ဟိုင်ရိ သက်ပြင်းချလိုက်သည်။ ဘာပြောရမှန်းမသိတော့ပေ။ ရှန့်ချန့်ယန်သည် ဒီလိုမျိုး ဘယ်လိုလုပ်နိုင်မှာလဲ...
ထန်ယင် ခဏတာ တိတ်ဆိတ်နေသည်။
ထန်ယင်: "ဒါပေမယ့် ဓာတ်ငွေ့နဲ့ပတ်သက်ပြီးတော့ အဖြေမရှိသေးဘူး"
ဟိုင်ရိ: "ငါ ဝင်လာတုန်းက ဓာတ်ငွေ့က ရှိနေနှင့်ပြီးသား.. မင်းတို့ရဲ့ အချိန်ဇယားတွေ ကိုက်ညီတယ်ဆိုရင် ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး"
ဟိုင်ရိက ဝမ်ယင့်ကို ခဏတာ ကြည့်လိုက်၏။
ဟိုင်ရိ: "တကယ်တော့ မနေ့က မင်းရဲ့ သဲလွန်စထဲမှာ ဖော်ပြထားတဲ့ ခေါက်ဆွဲပြုတ်နဲ့ ပတ်သက်ပြီး ဘာအဓိပ္ပာယ်ရှိသလဲလို့ မေးချင်တာ"
ဝမ်ယင့်: "အဲဒါ ငါ့ဇာတ်ညွှန်းထဲမှာ အဲဒီအတိုင်း ရေးထားတာ!"
ဟိုင်ရိ မနေ့က ကြားရချိန်၌ ထိုပြောစကားသည် ဇာတ်ညွှန်းတစ်ခုလုံးမှာ အထူးသဖြင့် ထင်ရှားနေသည်ဟု ခံစားရ၏။
မည်သည့်အဓိပ္ပာယ်မှ မရှိချေ။ ဖခင်က ထမင်းစားခဲ့တယ်ဆိုသည့် ရိုးရှင်းသော ပြောစကားသက်သက်ပင်။ ဓာတ်ငွေ့ကို ဖုံးကွယ်ရန် တမင်တကာ ကြိုးစားတာမျိုး ဖြစ်နေသလိုပင်။
ဝမ်ယင့်: "ငါ့မှာ မင်းကို ဖြေဖို့ မေးခွန်းတစ်ခုပဲ ရှိတယ်… ငါ ဘာလို့ ဓာတ်ငွေ့ကို ဖွင့်ထားခဲ့ရမှာလဲ၊ အဲဒီလိုလုပ်တဲ့ အဓိပ္ပာယ်က ဘာလဲ"
ထန်ယင်က တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေတာ..."
သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ထန်ယင်က မေးလိုက်၏။
"ဟုတ်လား"
"မင်း အိပ်ဆေးသောက်ပြီး ဓာတ်ငွေ့ကို ဖွင့်လိုက်တာ"
ထန်ယင်က ပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ပြင်ဆင်နေတာ...ဟိုင်ရိ ဝင်လာတုန်းက အိမ်ထဲမှာ ဘယ်သူမှ မရှိတာ မဟုတ်ဘူး၊ မင်းက အိပ်ပျော်နေပြီးသား... မင်း သူ့ကို ခိုးဝင်လာပြီး ပြတင်းပေါက်တွေ ဖွင့်သွားလိမ့်မယ်လို့ မင်း မမျှော်လင့်ခဲ့ဘူး... ဓာတ်ငွေ့က လွင့်သွားတော့ မင်း သေလို့မရခဲ့ဘူး"
ထန်ယင်: "မင်းရဲ့ ခေါက်ဆွဲပြုတ် ဇာတ်ညွှန်းထဲမှာ ပါလာပြီး တမင်တကာ ဖော်ပြခဲ့ရတဲ့ အကြောင်းရင်းက မင်းရဲ့ ဇာတ်ညွှန်းထဲမှာ မင်း ကိုယ့်အတွက် နောက်ဆုံးစားတဲ့ အစားအစာ ဖြစ်နေလို့ပဲ၊ မှန်တယ်မလား... ချက်ပြီးတော့ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရည်ရွယ်ချက်နဲ့ ဓာတ်ငွေ့ကို မပိတ်ခဲ့ဘူး"
ဟိုင်ရိက ထန်ယင်ကို လှမ်းကြည့်လိုက်ပြီး သူမနှင့် အကြည့်ချင်းဆုံသွား၏။ ဟိုင်ရိလည်း သူမနှင့် ထပ်တူခန့်မှန်းချက် ရှိနေတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ယင့် အဓိပ္ပာယ်မရှိဟု ထင်ဟန်တူပြီး စိတ်မရှည်စွာ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။
ဝမ်ယင့်: "ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ရင်တောင် ငါ့သမီးကို ဘာလို့ သတ်ရမှာလဲ၊ ဆန့်ကျင်ဘက် မဟုတ်ဘူးလား"
ထန်ယင် တိတ်ဆိတ်နေသည်။ ဟိုင်ရိ သူ့ခံစားချက်တွေကို မနှိုးဆွချင်ပေမယ့် လူတိုင်း၏ ရင်ထဲမှာ အတွေးတူတွေ ရှိနေသင့်တယ်လို့ ခံစားရ၏။
ဖြစ်နိုင်ခြေအားလုံး၌ မည်သူမှ ဆန့်ကျင်ဘက်ဟု မခံစားရပေ။
ဟိုင်ရိက သူ့ကို မေးလိုက်သည်။
"ဒါဆို မင်း ဘယ်သူ့ကို သံသယရှိလဲ"
ဝမ်ယင့်က တွေဝေခြင်းမရှိဘဲ ရှန့်ချန့်ယန်ကို လက်ညှိုးထိုးပြလိုက်သည်။
မင်း ကိုယ့်ကိုယ်ကိုယ် ထောင့်တစ်နေရာကို တွန်းပို့နေတာပဲ၊ ဟိုင်ရိက အေးစက်စက် တွေးလိုက်၏။
ရှန့်ချန့်ယန်က သူတို့ကို ကြင်နာစွာ သတိပေးလိုက်သည်။
ရှန့်ချန့်ယန်: "ခင်ဗျားတို့ အများဆုံး သံသယရှိသင့်တဲ့သူက ကျွန်တော်မဟုတ်ဘူး၊ သူဌေးပဲ"
ရုတ်တရက် အချက်ပေးမှုကြောင့် အံ့အားသင့်သွားတဲ့ လျိုကျယ်က ပြုံးလိုက်၏။
လျိုကျယ်: "ကောင်းပြီ၊ ရှင်တို့ ကျွန်မကို မေးလို့ရပြီ"
ထိုအချိန်၌ ဝမ်ယင့်သည် ရှန့်ချန့်ယန်အပေါ် ရွှံ့များပက်ရန် အလွန်ပင် အလျင်လိုနေပြီး မလိုအပ်ဘဲ အလောတကြီး လုပ်ဆောင်ခဲ့သည်။ ရေမွှေးသဲလွန်စအပြင် ရှန့်ချန့်ယန်ကို ညွှန်ပြမည့် ခိုင်မာသည့် သက်သေ အထောက်အထား မရှိခဲ့ပေ။ သက်သေအထောက်အထား ကွင်းဆက်အရ လျိုကျယ်သည် အသံသယဖြစ်ဖွယ် အကောင်းဆုံးသူ ဖြစ်ခဲ့၏။ အချိန်ဇယားအရဆိုလျှင် သူမသည် ထိုအမှုကို ကျူးလွန်ရန် အခွင့်အလမ်း ပိုများပေသည်။
သို့ပေသိ ဝမ်ယင့်သည် သူဌေးကို လျစ်လျူရှုပြီး ရှန့်ချန့်ယန်ကို လူသတ်သမားဟု တိုက်ရိုက်စွပ်စွဲခဲ့၏။ ထိုသို့ ဆန့်ကျင်ဘက် ပါတီတစ်ခုကို ရှာတွေ့ရန် စိုးရိမ်ပူပန်မှုသည် လူသတ်သမား၏ စိတ်ပညာနှင့် အပြည့်အဝ ကိုက်ညီနေသည်။
ဟိုင်ရိ အတွင်းစိတ်က တွေးလိုက်၏။
*ဒါက အရမ်းဆိုးရွားတာပဲ၊ ပြန်သုံးသပ်ဖို့ လိုသေးလား။ ငါတို့ တိုက်ရိုက် မဲပေးလိုက်ရုံပဲ*
ဒါပေမဲ့ သူ ဒီနိဂုံးကို ရောက်ခဲ့ရသည့် အကြောင်းရင်းက ရှန့်ချန့်ယန်က ကောင်းသည့်လူ ဖြစ်နိုင်သည်ဆိုသည်ကို သူသိနေလို့ပင်။ ရှန့်ချန့်ယန်သာ ကောင်းသည့်လူဆိုပါက သူ သံသယရှိသည့်လူက လူသတ်သမား ဖြစ်ရမည်။ အကြောင်းအရင်းမှာ ဇာတ်လမ်းနှင့် ပတ်သက်ပြီး သူ၏ ထက်မြက်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုက အမြင့်ဆုံး ဖြစ်နေခြင်းကြောင့်ပင်။
ဇာတ်လမ်းကို ပြင်ဆင်ထားသည်ဖြစ်စေ၊ သူတို့ ကပြခဲ့သည့် ဖျော်ဖြေရေး စင်မြင့်၌ ပြောင်းလဲမှုများ ရှိနေသည်ဖြစ်စေ၊ ဟိုင်ရိသည် ရှန့်ချန့်ယန်က ဘယ်သူ လူသတ်သမားလဲဆိုသည်ကို ခန့်မှန်းနိုင်သည်ဟု ခံစားရတုန်းပင်။
သို့ပေမဲ့ ဟိုင်ရိသိသည့်အရာကား တခြားသူများ မသိတာမျိုး မဖြစ်နိုင်ပေ။ သူတို့၏ မျက်လုံးထဲ၌ ဟိုင်ရိနှင့် ရှန့်ချန့်ယန်သည် ဝမ်ယင့်နှင့် မကွာခြားဘဲ အရမ်းကို သံသယဖြစ်ဖွယ် ဖြစ်နေလေ၏။
🌟🌟🌟