Ch 11
Viewers 3k

👑 Chapter 11

👑 Existence-Lowering Aura


ကျန်းကျီမြောင် တွေးသမျှကို ယွဲ့လင်း ကြားနေရကာ လျစ်လျူရှုဖို့လည်း ခဲယဉ်းလွန်းလှသည်။


ယွဲလင်း အသက်ဝဝရှူလျက် ဖြည်းညှင်းစွာပြောလိုက်သည်။ 


“အရှင်မ အတော်ထူးဆန်းတာပဲ၊ ရာသီဥတု ဒီလောက် ပူပြင်းနေတာ နန်းဆောင်ထဲမှာ အေးအေးချမ်းချမ်းအနား ယူမနေဘဲ ဒီကို ဘာအကြောင်းကိစ္စကြောင့် ရောက်နေရတာလဲ”


“ရေကန်မှာကြာပန်းလေးတွေ ဖူးပွင့်နေပြီးလို့ ကြားသိရလို့ ဒီမိဖုရား ကြည့်ရှုချင်တဲ့အတွက် အားလပ်ချိန်မှာလာခဲ့ရတာပါ၊ လမ်းမှာလည်း ဒီကြင်ယာတော်တွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခဲ့လို့ အတူခေါ်လာခဲ့တာပါ” 


ကျန်းကျီမြောင် အပြုံးဖြင့် ရှင်းပြလိုက်သည်။


[အရှင်မင်းကြီး ကြွလာတယ်ပေါ့… အဲ့တာကြောင့် တခြားကိုယ်လုပ်တော်တွေ ဒီကိုရောက်နေကြတာဖြစ်မယ်၊ အရှင် မင်းကြီးနဲ့ ‘တိုက်တိုက်ဆိုင်ဆိုင်’ ဆုံချင်ကြလို့မလား ? မဆိုးပါဘူး မဆိုးပါဘူး၊ သတင်းစုံကြသားပဲ]


အနောက်ဆောင်က ညီအစ်မများအား ကျန်းကျီမြောင် ရင်ထဲမှ လက်မထောင်ပြလိုက်သည်။


[ဒီအပူရှိန်ထဲမှာ ဘယ်သူမှအဆင်ပြေမနေဘူး အတင်းအ ဖျင်းကြည့်ချင်တာကြောင့်သာမဟုတ်ရင် ယောက်ျားတစ်ယောက်အတွက်နဲ့ နန်းဆောင်အပြင်ကို ငါ လုံးဝထွက်လာမှာမဟုတ်ဘူး!]


ကျန်းကျီမြောင် သက်ပြင်းချလိုက်လေသည်။


တခြားကိုယ်လုပ်တော်တွေ တစ်ခုခုပြောဖို့ပြင်လိုက်သော် လည်း စိတ်အမြန်ပြန်ထိန်းလိုက်ကြသည်။


သူတို့လည်း အတူတူပဲလေ!


ရာသီဥတုမှာ ပူကပူနှင့် မျက်နှာပေါ်ချွေးများပင် စီးကျနေပါပြီ။ အတင်းအဖျင်းကြည့်ချင်လွန်းသဖြင့်သာ ဧကရီမိဖုရားကြီးနောက်သို့ လိုက်လာခဲ့ရခြင်းဖြစ်သည်။ မဟုတ်ပါက သူမတို့ နန်းဆောင်ထဲမှထွက်လာစရာအကြောင်း လုံးဝမရှိချေ။


ကျန်းကျီမြောင်အတွေးကို ကြားပြီး ယွဲ့လင်း စိတ်အခြေ အနေအနည်းငယ် ပြန်ကောင်းသွားသည်။


နောက်ဆုံးကျတော့လည်း သူ့ကြင်ယာတော်တွေကတော့ သူ့ကြင်ယာတော်တွေပါပဲလေ။


မိဖုရားကြီး အရူးလုပ်တာကို ခဏခံခဲ့ရပေမယ့် သူ့ဆီပဲ ပြန်ရောက်လာကြရတာပဲ မဟုတ်ဖူးလား ??


“ကြာပန်းတွေက တကယ်ပဲ လှပပါပေတယ်၊ ကျန်းနဲ့အတူ လိုက်ကြည့်ကြဖို့ အားလုံးကိုဖိတ်ခေါ်ချင်တယ်”


ယွဲ့လင်း မိန့်ကြားလိုက်သည်။


ကျန်းကျီမြောင် အချိန်ကိုတွက်ချက်ကြည့်လိုက်သည်။ ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ချိန်းတွေ့နေသည်မှာ အချိန်အတော် ကြာနေပြီဖြစ်သသည်။ သူမတို့သာ မြန်မြန်မလှုပ်ရှားပါက ထိုနှစ်ယောက် ထွက်ပြေးသွားချေတော့မည်။


ကျန်းကျီမြောင် ချောင်းဟန့်ကာပြောလိုက်သည်။ “အရှင်မင်းကြီး… ကြာပန်းတွေက သာမန်ပါပဲ အဲ့လောက်ကြီးလည်း မလှပါဘူး၊ ဒီမိဖုရား ရုတ်တရက် ငြီးငွေ့သွားပြီ”


ကျန်းကျီမြောင်ထံ ယွဲ့လင်း သေချာစိုက်ကြည့်လိုက်သည်။ 


“ဪ ဟုတ်လား”


“ဒီနေ့ ရာသီဥတုကသာယာပြီး လေလေးကလည်း တဖြူး ဖြူးနဲ့ နေလို့ကောင်းလိုက်တာ… ကျွန်မတို့ ဥယျာဉ်ထဲ ဒီအတိုင်း လမ်းလေးဘာလေး လျှောက်ကြရအောင်လား” ကျန်းကျီမြောင် အကြံပေးလိုက်သည်။


[မြန်မြန် လုပ်စမ်းပါ! ဖောက်ပြန်နေတဲ့ဟာတွေကို သွားဖမ်းမယ်! အတင်းအဖျင်း သွားကြည့်ကြမယ်! နောက်ကျသွားလို့ သူတို့ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ!]


ကောင်းကင်ကြီးကို အားလုံးပြိုင်တူမော့ကြည့်လိုက်ကြသည်။ 


နေမင်းကြီးက နီရဲတောက်လောင်နေဆဲဖြစ်ပြီး တော်ဝင်ဥယျာဉ်တစ်ခုလုံးကလည်း ဧရာမမုန့်ဖိုကြီးတစ်ခုလိုပင်။


လေလေးတဖြူးဖြူးနဲ့ နေလို့ကောင်းတယ်တဲ့လား…


မဖြစ်နိုင်တာတွေ…


“အရှင်မ ပြောတာမှန်ပါတယ်၊ ဒီနေ့ ရာသီဥတုက တကယ်ကောင်းမွန်နေတယ်”


“အမှန်ပဲ အမှန်ပဲ! လေလေးကလည်း တဖြူးဖြူးနဲ့နေလို့အရမ်းကောင်းတယ်၊ ဒီကြင်ယာတော်လည်း အပျင်းပြေ လမ်းလျှောက်ချင်မိတယ်”


ကိုယ်လုပ်တော်များ ချွေးသုတ်ရင်း အမြန်ထောက်ခံလိုက်ကြသည်။


အဓိပ္ပာယ်မရှိမှန်းသိသာသော်လည်း အတင်းအဖျင်းကြည့်ရဖို့ဆို ဘာမဆိုလုပ်ဝံ့ကြသည်သာ။


ယွဲ့လင်း မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်လုပ်တော်များကို သေချာကြည့်လိုက်ရသည်။


သူတို့ အပြုအမူတွေက နည်းနည်းထူးဆန်းမနေဘူးလား…


ယွဲ့လင်းအာရုံထဲ အတွေးအမြင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သို့သော် အတည်မပြုနိုင်သေးပေ။


“အရှင်မင်းကြီး ဘယ်လိုသဘောရလဲ”


ယွဲ့လင်းကို ကျန်းကျီမြောင် မေးလိုက်သည်။


ယွဲ့လင်း ခံစားချက်မပါလှစွာ ပြန်ပြောလိုက်သည်။ 


“မိဖုရား သဘောပါပဲ၊ ရှေ့က ဦးဆောင်ပါ”


ကျန်းကျီမြောင် ရုတ်တရက် အားအင်များပြည့်နှက်သွားခဲ့သည်။


ဟုတ်ပြီကွ!!!


အားလုံး သူ့အတွက် အလွန်အကူအညီဖြစ်နေသဖြင့် အရှိန်ကိုဆက်လက်ထိန်းသိမ်းထားရမည်။


ကျောက်သားဥယျာဉ်ထဲက နှစ်ယောက်ကို ကျိန်းသေပေါက်ချောင်ပိတ်ရိုက်နိုင်ရမည်။


ထိုအတွေးဖြင့် လူအုပ်ကြီးကို ဦးဆောင်လျက် ကျန်းကျီမြောင် ဆက်လက်ကြွမြန်းခဲ့လေသည်။


ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့အားကိုယ်စားပြုသည့် အနီစက်နှစ်စက်မှာမူ ကျောက်သားဥယျာဉ်ထဲ မလှုပ်မယှက်ရှိနေဆဲ ဖြစ်သည်။


၎င်းတို့နှစ်ယောက် ထွက်သွားမည်ကိုစိုးရိမ်သဖြင့် ကျန်းကျီမြောင် ခြေလှမ်းများမြန်ဆန်လာခဲ့သည်။


အနောက်မှလူများကလည်း ခြေတစ်လှမ်းပင်နောက်မကျဝံ့ကြဘဲ ကျန်းကျီမြောင်နောက်သို့ အဆက်မပြတ်ဆက်လိုက်နေကြသည်။


အဆုံးမှာ ကျောက်သားဥယျာဉ်နားသို့ အားလုံးရောက်ရှိလာခဲ့ကြသည်။


ကျန်းကျီမြောင် ခြေလှမ်းများရုတ်တရက် ရပ်တန့်သွား ၏။ အနောက်ရှိလူများလည်း ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ရသဖြင့် ဟန်ချက်ပျက်ကာ တစ်ယောက်ကျောကို တစ်ယောက် ဝင်မတိုက်မိအောင် မနည်းထိန်းလိုက်ရသည်။


ကျောက်သားဥယျာဉ်ကြီးကို ကျန်းကျီမြောင် စိုက်ကြည့်လိုက်သည်။


[ကျောက်သားဥယျာဉ်က အခေါင်းပေါက်ကြီးတစ်ခုလိုပဲ၊ အလယ်မှာ လှိုဏ်ဂူတစ်ခုရှိတယ်၊ ဟိုနှစ်ယောက်က အဲ့ဒီ လှိုဏ်ဂူထဲမှာ…]


ကျောက်သားဥယျာဉ်ကြီးကို ကျန်းကျီမြောင် စတင်ရှာဖွေလေသည်။ အထဲကနှစ်ယောက်ကို ချောင်ပိတ်ဖမ်းချင်လျှင် ဝင်ပေါက်ကိုအရင်ရှာမှရမည်။


ကျောက်သားဥယျာဉ်ကြီးမှာ အလွန်ကြီးမားသည်။ ကျန်းကျီ‌မြောင် နှစ်ပတ်လောက်ပတ်ရှာပြီးမှ ခြုံတွေကြားထဲ ပုန်းကွယ်နေသည့် လျှို့ဝှက်ဝင်ပေါက်လေးတစ်ခုကိုမြင်သွားခဲ့သည်။


[ဒီဝင်ပေါက်ကနေ ဝင်သွားရင် ယွဲဟွာနဲ့ လင်းချင်ချင်တို့ကို လက်ပူးလက်ကြပ်မိမှာ သေချာတယ်! ဒါပေမယ့် လူတွေက အများကြီးဆိုတော့ ဆူညံသံတွေ ထွက်လာမှာလည်း သေချာတယ်၊ အသံတွေကြားရင် ငါတို့ရောက်လာမှန်း သူတို့နှစ်ယောက် ကြိုသိသွားနိုင်တယ်၊ အဲ့လိုဆို တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းကိုမြင်ရတော့မှာ မဟုတ်ဘူး…]


ကျန်းကျီမြောင် သုံးသပ်ကြည့်လိုက်ပြီး အနည်းငယ် အခက်တွေ့သွားတော့သည်။


ထို့ကြောင့် စနစ်ကို ခေါ်ယူမေးမြန်းကြည့်လိုက်သည်။


“စနစ်! အထဲမှာ အဲ့ဒီနှစ်ယောက် ဘာလုပ်နေတယ်ထင်လဲ!”


စနစ်က ပြန်ဖြေသည်။ “အတင်းအဖျင်းကို စနစ်ပိုင်ရှင်ကိုယ်တိုင် သွားကြည့်နိုင်ပါတယ်”


ကျန်းကျီမြောင် အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။ “ငါလည်း မကြည့်ချင်ဘဲ နေမလားဟဲ့!”


သို့သော် လူတွေအများကြီး တိုးဝင်သွားလျှင် ကျိန်းသေပေါက် ဆူညံသံတွေထွက်လာကြလိမ့်မည်။ ထိုအခါ သူတို့နှစ်ယောက် ဖုံးစရာရှိတာ အမြန်ဖုံးခွင့်ရသွားလိမ့်မည်။


ကျန်းကျီမြောင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မျက်လုံးများဝိုင်းစက်သွားပါသည်။


“စနစ်! အတင်းအဖျင်းကို ကြည့်ဖို့အတွက် ငါလူတွေ အများကြီး ခေါ်လာတယ်နော်၊ ငါတို့မြင်ရတဲ့ မြင်ကွင်းက တကယ် အံ့ဩတုန်လှုပ်ဖို့ ကောင်းတယ်ဆိုရင် ငါအမှတ်‌ တွေ အများကြီးရမှာသေချာတယ်မလား!”


စနစ်က ထောက်ခံသည်။ 


“လူတွေကတော့ တကယ်ပဲများပါတယ်”


ယခုလက်ရှိ ကျောက်သားဥယျာဉ်ထဲတွင် ကျန်းကျီမြောင်အပါအဝင်၊ ယွဲ့လင်း၊ အနောက်ဆောင်မှ ကိုယ်လုပ်တော်များ၊ ၎င်းတို့၏သက်ဆိုင်ရာ မိန်းမစိုးများ၊ အခြွေအရံများ အားလုံးပေါင်းလိုက်သောအခါ အယောက် ၇၀ - ၈၀ ဝန်းကျင်ခန့်ရှိနေသည်။ တစ်ယောက်ချင်းစီတိုင်းမှ ရရှိလာမည့် အံ့ဩတုန်လှုပ်မှုပမာဏကို ပေါင်းစည်းလိုက်လျှင် ကျန်းကျီမြောင် ရရှိမည့်အမှတ်က အလွန်များပြားလိမ့် မည်။


ထိုအတွေးဖြင့် ကျန်းကျီမြောင်၏လေသံ ပိုတက်ကြွသွားခဲ့သည်။ 


“ရလဒ်ကောင်းကောင်းပိုရနိုင်ဖို့ ငါ့ကို အမှတ်လေး နည်းနည်းလောက် ကြိုထုတ်ပေးထားပါလား ?  စနစ်စတိုးဆိုင်ကနေ ပစ္စည်းတစ်ခုဝယ်ချင်လို့ပါ! ဒီမစ်ရှင်ကနေ ဆုတွေ ရတာနဲ့ ချက်ချင်းပြန်ဆပ်ပါ့မယ်!”


စနစ်က စိတ်မပါသောလေသံဖြင့် ပြောလိုက်သည်။ 


“ပြန်ဆပ်တဲ့အခါ အတိုးအနေနဲ့ ၂ မှတ်အပိုပေးရပါမယ်”


အတိုးတောင် ရှိသေးတယ်ပေါ့လေ!


ကျန်းကျီမြောင် နာကျင်သွားရရှာသည်။


သို့သော်…


ထိုပစ္စည်း၏အာနိသင်ကို စဉ်းစားပြီး ကျန်းကျီမြောင် အံကြိတ်လျက် လက်ခံလိုက်ရတော့သည်။


 â€œá€•ဟဎးတဏပဲ! အတိုး ၂ မှတ်ဆိုလည်း ၂ မှတ်ပေါ့!”


“ကောင်းပြီ!” 


စနစ်လည်း ချက်ချင်းသဘောတူလိုက်သည်။ 


“ကြိုထုတ်ယူမယ့်အမှတ်က ၁၀ မှတ်အထက် ကျော်လို့ မရပါဘူး”


“ငါလည်း အဲ့လောက်မလိုပါဘူး!”


ကျန်းကျီမြောင် စနစ်စတိုးဆိုင်ထဲ အမြန်ဝင်လိုက်ပြီး ၆ မှတ်သုံးကာ ထိုပစ္စည်းကိုတွန့်ဆုတ်မှုမရှိဘဲ လဲလှယ်ဝယ် ယူလိုက်တော့သည်။


“ဖုံးကွယ်ခြင်း အရှိန်အဝါ!”


ထိုအရှိန်အဝါ၏အမည်အပြည့်အစုံမှာ ဖုံးကွယ်ခြင်းအရှိန် အဝါဖြစ်သည်။


ထိုအရှိန်အဝါကိုအသုံးပြုလိုက်သောအခါ သူမနှင့် ၅ မီတာအတွင်းမှာ ရှိနေသည့် လူတွေအားလုံးကိုဖုံးကွယ်ပေးနိုင် သည်။


အရှိန်အဝါ၏ကြာချိန်က ၁၅ မိနစ်ဖြစ်သည်။


ထို ၁၅ မိနစ်အတွင်း သူတို့ ဘာဆူညံသံမှမထွက်သဖြင့် အရှိန်အဝါအတွင်းက လူတွေအားလုံးအဆုံးမရှိအောင် ပျောက်ကွယ်နေမည်ဖြစ်သည်။ 


အံ့ဩတုန်လှုပ်မှုပမာဏအတွေ အများကြီးရဖို့ ဒီလောက်ရင်းရတာတန်သည်ဟုဆိုရမည်။


သူမနှင့် အတူပါလာသူတိုင်းကို ရွေးချယ်ပြီးနောက် ကျန်းကျီမြောင် ဖုံးကွယ်ခြင်း အရှိန်အဝါကို ချက်ချင်းအသုံးပြုလိုက်သည်။


[အိုကေပြီ! ဒီအတင်းအဖျင်းကို ကြည့်ရဖို့အတွက် အစွမ်း ကုန်ကြိုးစားပစ်မယ်!]


ယွဲ့လင်း မျက်လုံးတွေ အနည်းငယ်ဂနာမငြိမ်ဖြစ်သွားလေသည်။


ခုနက…


ကျန်းကျီမြောင်၏အမူအရာက ပထမတော့ အနည်းငယ် စိတ်ပဋိပက္ခဖြစ်နေပုံပေါက်သော်လည်း ချက်ချင်းဆိုသလို ပြန်တက်ကြွသွားခဲ့သည်။


သူ ဘာလုပ်လိုက်တာလဲ…


သူ့ခန္ဓာကိုယ်တစ်ခုခု ထူးထူးဆန်းဆန်းပြောင်းလဲသွားသ လို ယွဲလင်း ခံစားလိုက်ရသည်။ သို့သော် ဘာလဲဆိုတာ တပ်အပ် မပြောနိုင်ပေ။


ကျန်းကျီမြောင်က လှိုဏ်ဂူဝင်ပေါက်ရှေ့ရှိ ချုံပုတ်များကို လက်ညှိုးထိုးပြလိုက်ပြီး အံ့အားသင့်နေသော ပုံစံမျိုးဖြင့် ရုတ်တရက်ပြောလိုက်သည်။ 


“အဲ့ဒါ ဝင်ပေါက်လေး တစ်ခုလား ? ဒီကျောက်သားဥယျာဉ်ကြီးထဲမှာ နောက်ထပ်ကမ္ဘာငယ်လေးတစ်ခုရှိနေသေးတာလား”


“အမှန်ပါပဲ! အရှင်မက အရမ်းအမြင်ကောင်းတာပဲ!”


ကြင်ယာတော်ချန်ရှုယိ သံယောင်လိုက်ကာ ချက်ချင်း ထောက်ခံလိုက်သည်။


ကျန်းကျီမြောင် ခပ်ပါးပါးပြုံးလိုက်၏။ 


“စိတ်ဝင်စားစရာပဲ… အထဲဝင်ကြည့်ကြမလား ?  အရှင် မင်းကြီး”


ယွဲ့လင်း စိတ်မပါစွာ ခေါင်းညိတ်လိုက်သည်။


အထဲမှာ ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ ရှိနေမှန်း သူ သိသည်။


သူတို့သာလိုက်ဝင်သွားလျှင် ထိုနှစ်ယောက်ကို လက်ပူး လက်ကြပ်မိမည်မှာ သေချာသည်။


သို့သော်… ယခုလိုအစုလိုက်အပြုံလိုက်ဝင်သွားပါက ခိုင်လုံသည့် သက်သေအားရှာတွေ့နိုင်မည် မဟုတ်ပေ။


ညီတော်ဖြစ်သူ ယွဲ့ဟွာမှာ မွေးဖွားလာကတည်းက ဉာဏ်ရည်ထက်မြက်သူဖြစ်ခဲ့သည်။ စကားပြောတတ်စ အရွယ်ကတည်းက ပထမဆုံးသောကဗျာကို ရေးစပ်နိုင်ခဲ့သည်။


ထိုကဗျာမှာ ယခုထိတိုင် ပြည်သူများကြားနာမည်ကြီးနေဆဲဖြစ်သည်။


“အိပ်ရာဝင်ချိန် စန္ဒာလမင်းဆီက သက်ဆင်းလာတဲ့ ဖျော့ တော့တော့ အလင်းရောင်ကြောင့် မြေပေါ်မှာ ရေခဲမှုန်လေးတွေ ဖုံးလွှမ်းနေသလိုပဲ၊ စန္ဒာလမင်းကြီးကို ခေါင်းမော့ငေးမောရင်း ခေါင်းပြန်ငုံ့လိုက်တော့ အိမ်ကိုလွမ်းဆွတ်တမ်းတခဲ့ရပြန်တယ်”


စကားလုံးများမှာ ရိုးရှင်းသော်လည်း အဓိပ္ပာယ်ကမူလှပသည်။


ယွဲ့ဟွာ ကလေးဘဝကတည်းက ပါရမီရှင်တစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင်လည်း လှပသည့် ကဗျာလင်္ကာများကို ဆက်လက်ရေးဖွဲ့ခဲ့သည်။ နန်းတော်အတွင်းကော အပြင်မှာကော ဂုဏ်ဒြပ်ကြီးမားသူ ဖြစ်လာခဲ့သည်။


ထီးနန်းအား ပိုင်ဆိုင်ခဲ့ရသူမှာ ယွဲ့လင်းဖြစ်သော်လည်း သူ့ညီတော်ထံ သစ္စာရှိရှိအမှုထမ်းနေသေးသည့် လူတွအများ ကြီးရှိမှန်း သူ သိသည်။ ထိုလူများသည် သူ့အားရာဇပလ္လင်ပေါ်မှ အချိန်မရွေးဆွဲချသွားနိုင်သည်။