Ch 14
Viewers 5k

အပိုင်း 14 " မိကျောင်း ဖမ်းခြင်း ""



ဟူဂျွန်းရှီက လောလောဆယ် ရယ်ရခက်၊ ငိုရခက် ဖြစ်နေတယ်။

သူ့ရဲ့မျက်နှာအမူအရာကို သတိထားမိပြီး လျူယောင်က "ဂျွန်ဇီ၊ မင်း ငါ့ကိုယုံရမယ်။ လာ၊ ငါ့ကို ကြိုးဆွဲကူပေး၊ ရေထဲမပါသွားစေနဲ့” ဟု ပြောသည်။


“ကောင်းပါပြီ”

ဟူဂျွန်းရှီက  ကြိုးတစ်ဖက်ကို ဆွဲလိုက်သည်။ ရိုးရိုးသားသားပြောရရင် ထိုနည်းဖြင့် မိကျောင်းကြီးကို ဖမ်းမိလိမ့်မယ်ဟု သူ မယုံကြည်သေးချေ။


ထိုအချိန်တွင် လျူယောင်က တခြားအရာများကို ဂရုမစိုက်တော့ဘဲ ကြိုးကိုဆွဲကိုင်ကာ လိပ်ကလေးနဲ့ ဆက်သွယ်လိုက်သည်။


“လိပ်ကလေး၊ အဲဒီမိကျောင်းကို ဖမ်းလိုက်၊ အဲဒီကြိုးကွင်းရှိလားကြည့် လိုက်….”

လိပ်ကလေးကို လမ်းညွှန်ရန် မခက်ခဲလှပေ။ အနည်းဆုံး အသက်လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကလေး၏ ဉာဏ်ရည်နှင့်ပင် ဖြစ်သည်။


မိကျောင်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး နှစ်မီတာကျော်ရှည် ပေမဲ့

လိပ်ကလေးနှင့် ယှဉ်လျှင် ဘာမှမဟုတ်၊ တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်ခဲ့သည်။


မိကျောင်းက ဒဏ်ရာများပြည့်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းကာ သေလုနီးပါး ဖြစ်နေပြီး တစ်ဖက်သူရဲ့ သဘောအတိုင်း ခံရတော့မည်။

သတင်းရရှိပြီးနောက် လျူယောင်က ကြိုးကိုဆွဲလိုက်ရာ အမှန်တကယ် ဖမ်းမိတယ်ဟု ခံစားရပြီး ကြိုးကို ဆွဲထုတ်လိုက်သည်။


"ဂျွန်ဇီ၊ တစ်ခုခုမိနေပုံရတယ်၊ အဲဒီ့မိကျောင်းကြီးဖြစ်နိုင်တယ်။ ငါတို့အားကုန်သုံးပြီး ဆွဲကြရအောင်”

ဟူဂျွန်းရှီ  ဆွဲလိုက်ရာ လေးလံတဲ့ ခံစားမှုက တစ်ခုခု မိနေပြီဖြစ်ကြောင်း သူ့ကိုပြောပြသည်။


အံ့အားသင့်နေရင်း ဟူဂျွန်းရှီ က ရယ်ရယ်မောမောဖြင့် "ဗျူဟာရှင်ကြီး၊ ဒါက ရေကန်အောက်ခြေက ကျောက်တုံးကြီးတွေ ဒါမှမဟုတ် ပုပ်နေတဲ့ သစ်လုံးကြီးတွေတော့ မဟုတ်လောက်ဘူးနော်" ဟု ပြောသည်။

နှစ်ဦးသား အတူတူ ဆွဲလိုက်ကြရာ နောက်ဆုံးတွင် ဆယ်မီတာရှည်တဲ့ကြိုးကို ဆွဲတင်လိုက်နိုင်ပြီး မိကျောင်းကြီးက ရေထဲမှ ထွက်ပေါ်လာသည်။

ကြိုးရဲ့အခြားတစ်ဖက်မှ ကြိုးကွင်းမှာ မိကျောင်းရဲ့ပါးစပ်ကို တင်းတင်းကျပ်ကျပ် ချည်ထားပြီး အလွန်ခိုင်ခံ့သည်။


ဟူဂျွန်းရှီလည်း လျူယောင်ကို အားကျစွာ ကြည့်လိုက်ပြီး "ဗျူဟာက အစွမ်းထက်တယ်" ဟု အော်ဟစ်လိုက် မိသည်။ထိုအသံက မီတာနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်အကွာမှ လှေပေါ်မှာရှိတဲ့ လူများရဲ့ အာရုံစိုက်မှုကို ချက်ချင်းရသွားခဲ့သည်။


မျက်လုံးအစုံများစွာက တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြရာ သူတို့ရဲ့ မျက်နှာများမှာ မယုံကြည်နိုင်တဲ့ အမူအရာများဖြင့် ပြည့်နှက်နေသည်။


မိကျောင်း ရေထဲမှ ထွက်တော့မဲ့ ဆဲဆဲတွင် မိ‌ကျောင်းကအစွမ်း ကုန် ရုန်းကန်လိုက်ရာ ရေများစွာ ပွက်ကုန်ပြီး လျူယောင်နှင့် ဟူဂျွန်းရှီတို့ရဲ့ လက်ထဲမှ ကြိုးများပင် လွတ်လုနီးပါး ဖြစ်သွားသည်။


ထိုလှေပေါ်ရှိ လူများမှာ အားလုံးနီးပါး ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားကြသည်။

 ပရော်ဖက်ရှင်နယ် ကိရိယာတွေ လုံးဝမရှိဘဲ မိကျောင်းကို ဘယ်လိုများ ဒီလောက်မြန်မြန် ဖမ်းမိလိုက်လဲဆိုတာ သူတို့နားမလည်နိုင်ဖြစ်နေကြသည်။

အနီးနားရှိလှေပေါ်မှ လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးများအောက်တွင် နှစ်ဦးသား အတူတူ ကြိုးကို ထပ်မံဆွဲတင်လိုက်ကြသည်။


မိကျောင်းက ရေထဲမှ ထပ်မံပေါ်လာပြီး ဘေးနားမှာရှိတဲ့လှေက ချဉ်းကပ်လာကာ မိကျောင်းကို မနာလိုစွာ ကြည့်လိုက်ကြသည်။


သူတို့သည် ထိုငွေတစ်သိန်းသည် သူတို့နှင့် မသက်ဆိုင်တော့ဘဲ ရှေ့မှ လူငယ်နှစ်ဦးနှင့်သာ သက်ဆိုင်ကြောင်း သိခဲ့ကြသည်။


ဟူဂျွန်းရှီ က လှေကိုလှော်ပြီး လျူယောင်က ကြိုးကိုဆွဲလိုက်ရာ မကြာမီ ကမ်းကိုရောက်ရှိလာကြပြီး မိကျောင်းကို ကမ်းပေါ် အတူတကွ ဆွဲတင်လိုက်ကြသည်။


ဆိပ်ခံတံတားမှ လှေအငှား ပိုင်ရှင်မှာ ဆေးလိပ်သောက်နေသည်။ ထိုမြင်ကွင်းကို မြင်တဲ့အခါ သူ အလွန်အံ့သြသွားပြီး ဆေးလိပ်ပင် မြေပေါ်ကို ပြုတ်ကျသွားသည်။ သူ့ရဲ့ အာရုံကြောထုံသွားသလို ဖြစ်နေသည်။


 သတိရလာဖို့ စက္ကန့်အနည်းငယ်ကြာသွားပြီး သူကြောက်လန့်သွားသည်။ ထိုလူငယ်နှစ်ဦးမှာ အလွန်အစွမ်းထက်လှပြီး မိကျောင်းကြီးကို တကယ်ဖမ်းမိခဲ့ကြသည်။


တဖြည်းဖြည်းနှင့် လူများဝိုင်းဝန်းလာကြပြီး အဝေးမှ ကြည့်နေကြသည်။ ဘယ်သူ့မှ အနီးကပ်မလာရဲကြ၊ မိကျောင်းကိုက်မှာကို ကြောက်တာကြောင့်ဖြစ်သည်။


မိကျောင်းကြီး၏ ပါးစပ်ကို ချည်နှောင်ထားပြီးဖြစ်တာကြောင့် အမှန်တကယ်ေတာ ့ဘေးကင်းသည်။ ထို့အပြင် မိကျောင်းလည်း သေလုနီးပါးဖြစ်နေပုံရသည်။

ကိုယ်ပေါ်တွင် ထင်ရှားတဲ့ ဒဏ်ရာများစွာရှိ

ပေမဲ့ အကွာအဝေးကြောင့် ကြည့်ရှုသူများက ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြချေ။


အခြေအနေကို အနည်းငယ်နားလည်ပြီးနောက် ခေါင်းဆောင်ဝန်ထမ်းများက ဝမ်းသာအားရဖြင့် လျူယောင်ရဲ့ လက်ကို ကိုင်ကာ ကျေးဇူးတင်ကြောင်းပြသရင်း ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြသည်။


မိကျောင်းကို ပန်းခြံမှ သယ်ဆောင်သွားပြီး ကြည့်ရှုသူများလည်း တဖြည်းဖြည်း ပြန်လည်ကွဲသွားကြသည်။


ထိုလူငယ်နှစ်ဦးက အလွန်အစွမ်းထက်လှပြီး မိကျောင်းကြီးကို သူတို့ တကယ်ဖမ်းမိခဲ့ကြသည်။

အံ့ဩစရာကောင်းပြီး သူတို့ကြောင့် "မှင်"ရေကန်ဥယျာဉ်မှ အန္တရာယ် ပပျောက်သွားခဲ့သည်။


လူအများအပြားက ထိုအကြောင်းကို အပူတပြင်း ဆွေးနွေးနေကြပြီး လျူယောင်နှင့် ဟူဂျွန်းရှီတို့မှာ ပန်းခြံဝန်ထမ်းများနှင့်အတူ ပန်းခြံစီမံခန့်ခွဲရေးရုံးသို့ လိုက်ပါသွားကြသည်။


နှစ်ဖက်စလုံးက လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးစွာ ပြောဆိုကြသည်။ ညွှန်ကြားရေးမှူး ရှီက “ရှောင်လီ၊ လုပ်ထုံးလုပ်နည်းတွေကို ကူညီပေးပါဦး” ဟု ပြောသည်။

စကားပြောပြီးနောက် ညွှန်ကြားရေးမှူး ရှီက စိုးရိမ်တကြီးဖြင့် "ခင်ဗျားတို့ နှစ်ယောက်၊ ကျွန်တော်တို့က ငွေတစ်သိန်း ဆုကြေးကို ချက်ချင်း ထုတ်ပေးပါမယ်။ ငွေသားလိုချင်လား၊ လွှဲပြောင်းလိုချင်လား" ဟု ပြောသည်။

ဝန်ထမ်း ရှောင်လီသည် ဆုငွေထုတ်ယူခြင်းလုပ်ငန်းစဉ်ကို ချက်ချင်းလုပ်ဆောင်ပေးပြီး နှစ်ဦးစလုံး ဖောင်ဖြည့်၊ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ကြသည်။

လုပ်ထုံးလုပ်နည်းများမှာ မခက်ခဲလှဘဲ အရာအားလုံး မကြာမီ ပြီးစီးသွားသည်။ 


ညွှန်ကြားရေးမှူး ရှီက ကြိုတင်ပြင်ဆင်ထားတဲ့ ငွေတစ်သိန်းကို လျူယောင်အားလွှဲပြောင်းပေးလိုက်သည်။


လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငွေအချို့ ရခဲ့ခဲ့ပြီး ဘဏ်ကဒ်ထဲတွင် သန်းပေါင်းများစွာရှိနေပေမဲ့ ထိုများပြားတဲ့ ငွေသားကို လျူယောင့်ဘဝတွင် ပထမဆုံးအကြိမ် လက်ခံရရှိခြင်းဖြစ်သည်။


“ဗျူဟာရှင်ကြီး၊ ပိုက်ဆံကို ကျွန်တော် ကိုင်ထားပေးမယ်”


သူလည်း လက်ထဲတွင် ပိုက်ဆံကိုင်ရတဲ့ ခံစားချက်ကို ခံစားကြည့်ချင်သည်။ သူ က ဆင်းရဲစွာ ကြီးပြင်းလာတာနဲ့အမျှ ထိုများပြားတဲ့ ပိုက်ဆံကို ဘယ်တုန်းကမှ မရခဲ့ဖူးချေ။


လျူယောင်က ပြုံးလိုက်ပြီး ပိုက်ဆံကို ဟူဂျွန်းရှီအား ပေးလိုက်ကာ ညွှန်ကြားရေးမှူး ရှီနှင့် 

လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးစွာ ပြောဆိုပြီးနောက် ပန်းခြံစီမံခန့်ခွဲရေးရုံးမှ ထွက်ခွာသွားသည်