Ch 23
Viewers 5k

အခန်း (23)  ဘာ ရွှေတုံးတွေ ရှိတယ်

အထဲတွင်တော့ သင်္ဘောရဲ့ ခန်းမကြီးတစ်ခန်းဖြစ်သည်။

ဒါက ကွပ်ကဲရေးခန်းမလား၊ ရုံးခန်းလားတော့ မသိ၊ ဧရိယာကျယ်ဝန်းပြီး ပစ္စည်းများစွာရှိနေသည်။ သင်္ဘောက မှောက်နေတာကြောင့်  ပစ္စည်းများမှာ ရူပ်ပွပြီး ပြိုကျပျက်စီးနေသည်။


လိပ်ကြီး အတွင်းကို ကူးဝင်သွားကာ ပြိုကျပျက်စီးနေတဲ့ရုံးသုံးပစ္စည်းများနဲ့ အရိုးစုတစ်ခုကို ဂရုမစိုက်ပေ။

အရိုးစုမှာ အရာရှိတစ်ဦးရဲ့ အရိုးစုဖြစ်ပြီး၊ စုတ်ပြဲပြီးမှိန်ဖျော့နေတဲ့ စစ်ဝတ်စုံမှ ဗိုလ်ချုပ်တစ်ဦးဖြစ်တယ်ဆိုတာ မြင်နိုင်သည်။

သူ့ရဲ့ ခါးတွင် သေနတ်တစ်လက်ရှိရာ ဆယ်စုနှစ်များစွာ ပင်လယ်ရေတိုက်စားမှုကြောင့် သံချေးတက်နေပြီး ဘေးတွင်လည်း ဓားမြှောင်တစ်လက်ရှိရာ ကောင်းမွန်နေတဲ့ပုံရသည်။

 " သခင်က ဒါတွေကိုပဲ နှစ်သက်လိမ့်မယ် "

လိပ်ကြီးက ဓားမြှောင်ကို ဆွဲယူကာဘေးကိုချထားလိုက်ပြီး ဗီဒိုများကို အာရုံစိုက် ရှာဖွေနေသည်။

သစ်သားဗီဒိုကြီးများစွာရှိပြီး သံသေတ္တာကြီးတစ်လုံးလည်း ရှိသည်။ ထိုသစ်သားဗီဒိုများကို ဦးစွာရှာဖွေလိုက်သည်။


ရှာဖွေပြီးနောက် သစ်သားဗီဒိုများတွင် တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှ မရှိပေ။ အများအားဖြင့် စာအုပ်များနှင့် စာရွက်စာတမ်းအချို့သာဖြစ်ပြီး  ရွှံ့များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

လိပ်ကြီးက ကြီးမားတဲ့ သံသေတ္တာကြီးပေါ်မျက်စိရောက်သွားကာ ကူးသွားပြီး  ကြိုးစားပေမဲ့  လုံးဝဖွင့်မရပေ။

"ငါဘယ်လိုလုပ်ရမလည်း "

သခင်ကို ဆက်သွယ်ရမည်။ သူ့မှာ နည်းလမ်းရှိလောက်တယ်

“သခင်ခင်ဗျား၊ ကျွန်တော် ပစ္စည်းကြီးတစ်ခု တွေ့တယ်။ ဒါ ခင်ဗျားပြောတဲ့ သံသေတ္တာကြီး ဖြစ်မယ်ထင်တယ်။ အထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိနိုင်တယ်...”

လိပ်ကြီးရဲ့ ဖော်ပြချက်ကို နားထောင်ပြီး လျူယောင် က သံသေတ္တာကြီးဖြစ်ကြောင်း အကြမ်းဖျင်း သိလိုက်သည်။


သော့နှင့် စကားဝှက်မရှိရင်ဖွင့်လို့မရ၊ သို့သော် ဆယ်စုနှစ်များစွာ ပင်လယ်အောက်တွင် ရှိခဲ့တာကြောင့် ပြင်းထန်စွာ သံချေးတက်နေလိမ့်မည်။

“လိပ်ကြီး၊ မင်း အကြမ်းဖက်ဆွဲထုတ်လို့ မရဘူးလား။”

လိပ်ကြီးက  ပေါင်သုံးရာလေးရာခန့် ရှိနေပြီဖြစ်ပြီး၊ အနည်းဆုံး ကီလိုဂရမ် တစ်ထောင်နီးပါး ခွန်အားကြီးသူဖြစ်တဲ့အတွက်  အကြမ်းဖက်နည်းကို အရင်စဉ်းစားခြင်း ဖြစ်သည်။

“ကောင်းပြီ၊ ကျွန်တော် ကြိုးစားကြည့်မယ်!”

လိပ်ကြီးသည် သံသေတ္တာရဲ့ လက်ကိုင်ကို ရှေ့ခြေတစ်ဖက်ဖြင့် ဆွဲကိုင်ပြီး အားကုန်ဆွဲလိုက်ရာ လက်ကိုင်က လုံးဝပြုတ်ထွက်သွားပေမဲ့ သော့မှာ မပွင့်သွားပေ။

“သခင်ခင်ဗျား၊ အကြမ်းပတမ်းဆွဲထုတ်လို့ မရပါဘူး။”

“ဒါဆိုလည်း…” လျူယောင် ခဏစဉ်းစားပြီး ပြောလိုက်၏။

“ပိုပြီးမာတဲ့ တစ်ခုခုရှာပြီး စမ်းကြည့်ပါ၊ ရိုက်ချိုးလို့ ရမလားကြည့်ပါဦး”

လျူယောင်ရဲ့ ညွှန်ကြားချက်အရ လိပ်ကြီးက  တစ်မီတာခန့်ရှည်တဲ့ သံချောင်းထူကြီးတစ်ချောင်းကို ရှာတွေ့သည်။ထို သံချောင်းက အနည်းဆုံး ကီလိုဂရမ် ဆယ်ဂဏန်းကျော် အလေးချိန်ရှိပြီး အတော်လေးမာသည်။

စကားမရှည်တော့ဘဲ သံချောင်းကို ကောက်ယူကာ ရိုက်ချလိုက်တော့သည်။

‘ဘုန်း!’

သံချောင်းဖြင့် ကြီးမားတဲ့ သံသေတ္တာကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ထိမှန်တဲ့နေရာတွင် သိသိသာသာ ချိုင့်ဝင်သွားသည်။

‘ဘုန်း!’

နောက်ထပ် ပြင်းထန်တဲ့အသံတစ်ခု ထွက်ပေါ်လာပြီး သံဗီဒိုပေါ်ကို ထပ်မံရိုက်ချလိုက်ရာ သံဗီဒိုက ထပ်မံချိုင့်ဝင်သွားပေမဲ့ သော့ က ပွင့်မလာခဲ့ပေ။

လိပ်ကြီး နှစ်ချက်လောက်ရိုက်ပြီး ခန နားလိုက်သည်။အသံက အလွန်ကျယ်ပြီး တုန်ခါမှုလည်း မြင့်မားတာကြောင့်  အတော်အတန် ကြည်လင်နေတဲ့ ပင်လယ်ရေပင် နောက်ကျိသွားသည်။


အဓိကမှာ ပစ္စည်းအချို့တွင် သံချေးတက်နေပြီး လုံးဝ မခိုင်မာတော့တာကြောင့် ပြိုကျသွားသည်။

လိပ်ကြီးရဲ့ ဉာဏ်ရည် သိသိသာသာ တိုးတက်လာခြင်းပင် ။သူက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ ဉာဏ်ရည်မျိုး ရှိနေလောက်သည်။


လျူယောင် ညွှန်ကြားချက်မပါဘဲ လိပ်ကြီးသက သံသေတ္တာကို ကြိုးစားပြီး သင်္ဘောအပြင်ဘက်ကို ရွှေ့ရန် စီစဉ်လိုက်သည်။အဲ့လိုဆို နေရာကျယ်သွားမှာဖြစ်ပြီး သူလိုသလို ရိုက်ခွဲနိုင်ပေလိမ့်မည်။

သံသေတ္တာက အလွန်လေးလံပြီး ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိမယ်လို ခန့်မှန်းရသည်။ လိပ်ကြီး ရုန်းကန်ရပေမဲ့ နောက်ဆုံးတွင် ရွှေ့နိုင်ခဲ့သည်။


သူ့ရဲ့ ခြေသည်းလေးချောင်းနဲ့ ပါးစပ်တို့ကို အတူတကွ အသုံးပြုကာနောက်ဆုံးတွင် ဗီဒိုကို နစ်မြုပ်နေတဲ့ သင်္ဘောအပြင်ဘက်ကို ထုတ်နိုင်ခဲ့ပြီး၊ ခုနက သံချောင်းထူကြီးကို ရှာကာ တစ်ချက်ပြီးချက် ရိုက်လိုက်သည်။

‘ဘုန်း၊ ဘုန်း၊ ဘုန်း’

ဆယ်ကြိမ်ကျော် ဆက်တိုက် ရိုက်ချလိုက်တဲ့ အသံများက ပင်လယ်အောက်မှ ထွက်ပေါ်လာပြီး သံချောင်းမှာ ပုံပျက်စပြုလာကာ နောက်ဆုံးတွင် သော့ကို ရိုက်ဖွင့်နိုင်ခဲ့သည်။


“သခင် ၊ အပေါက်တစ်ခု ဖြစ်သွားပြီ၊ ဆက်ရိုက်ချိုးရဦးမလား”

လျူယောင်က “သံချောင်းနဲ့ ဖွင့်လို့ ရမလား ကြိုးစားကြည့်ပါ” ဟု ပြောလိုက်၏။

အကြမ်းဖက် ရိုက်ချိုးခြင်းမပြုလုပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ အတွင်း၌ တန်ဖိုးရှိတဲ့ ပစ္စည်းများရှိနေပြီး ရိုက်ချိုးမိပါက ပျက်စီး ဆုံးရှုံးမှု့ ဖြစ်စေလိမ့်မည်။

လျူယောင်ရဲ့ ညွှန်ကြားချက်အရ လိပ်ကြီးက  ထိုသံချောင်းကို အသုံးပြုပြီး  ကြိုးစားဖွင့်လိုက်ရာ တစ်ချက်တည်းနဲ့ ပွင့်သွားသည်။

သော့အိမ်က ရိုက်ခွဲမှု့ကြောင့် ပုံပျက်နေပြီး သံချေးလည်း တော်တော်တက်နေတာကြောင့် တစ်ခါတည်း ဖွင့်နိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။


သော့ပွင့်သွားပြီးနောက် အတွင်းရှိ ပစ္စည်းများအားလုံး ပေါ်လာသည်။ အခြေခံအားဖြင့် ရွှံ့အဖြစ် အရောင်ပြောင်းသွားတဲ့ စာရွက်စာတမ်းများအပြင် ရွှေရောင်ပစ္စည်းများလည်း ရှိသည်။

“သခင်၊ ဒါ သခင်ပြောနေကျ ရွှေတုံးတွေလား”

သေချာကြည့်ပြီးနောက်  လျူယောင်ကို ဆက်သွယ်လိုက်သည်။

“သခင်ရေ ! ဗီဒိုပွင့်သွားပြီ၊ အထဲမှာ ခင်ဗျားပြောတဲ့ ရွှေတုံးတွေ အများကြီး ရှိတယ်။”

“ဘာ၊ ရွှေတုံးတွေ ရှိတယ် ”

သတင်းကြားလိုက်တဲ့ အခါ လျူယောင် ရင်ခုန်သံ အနည်းငယ် မြန်လာ၏။ ခေတ်သစ်သင်္ဘောပျက်ထဲတွင် ရွှေတုံးများ ရှိနေလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ ထို့နောက် အနည်းငယ် သဘောပေါက်လိုက်သည်။

 

ဒါက ဒုတိယကမ္ဘာစစ်တုန်းက သင်္ဘောပျက်ဖြစ်ပြီး ဟွာဟိုင်းမြို့အနီး ပင်လယ်ပြင်တွင် နစ်မြုပ်နေဆဲဖြစ်ရာ မူလ RB လူမျိုးများ ယန်နိုင်ငံတွင် လုယက်ထားတဲ့ ဟာတွေ ဖြစ်နိုင်လောက်သည်။

“လိပ်ကြီး၊ ရွှေတုံးတွေအားလုံး ရှင်းထုတ်လိုက်၊ အကုန်လုံး ငါလိုချင်တယ်၊ အရင်နေရာဟောင်းမှာ တွေ့ကြမယ်”

“ကောင်းပါပြီ သခင်။”

"ရွှေတုံးတွေ ရှိရင် သူဌေးဖြစ်တော့မယ် "

လျူယောင် အလွန်ပျော်ရွှင်ပြီး အိမ်အပြင်ကို အမြန်ထွက်ကာ သူ့ရဲ့ G ကားကြီးနဲ့  ချင်ကျန်းမြစ်ဝကို ဦးတည်မောင်းနှင်လိုက်သည်။

လိပ်ကြီး ပင်လယ်ရေထဲ စ ဝင်တဲ့ နေရာကို သူတို့နှစ်ဦး ရဲ့ “နေရာဟောင်း” လို့ သတ်မှတ်ထားသည်။လျူယောင်ရဲ့ အရှိန်မှာ အလွန်မြန်သည်။ ရွှေတုံးများက စောင့်နေသည်လေ။


နေရာကို ရောက်တဲ့အခါ ကားကို ရပ်ထားလိုက်ပြီး ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိတာကို မြင်တဲ့အခါ စိတ်သက်သာရာရသွားသည်။

“လိပ်ကြီး၊ မင်း ဘယ်လောက်ကြာရင် ရောက်မလဲ”

“သခင်ကလည်း ! ကျွန်တော် အမြန်ဆုံးလာနေပါပြီ ခဏလောက်တော့ စောင့်ပေးပါဦး”

လိပ်ကြီး စိတ်မရှည်ပဲ ပြန်ဖြေလိုက်သည်။


ရေမျက်နှာပြင်အောက် မီတာဆယ်ဂဏန်းအကွာတွင် ပေါင်သုံးရာမှ လေးရာခန့်ရှိတဲ့ လိပ်ကြီးတစ်ကောင်က အနည်းဆုံး ၃၀ နော့တ် အရှိန်ဖြင့် အမြန်ကူးခတ်နေသည်။

ပင်လယ်သတ္တဝါအချို့ရဲ့

စိတ်ထဲတွင် “ဒီကောင်က ဖျက်ဆီးရလွယ်တဲ့ ကောင်မဟုတ်ဘူး”ဆိုတဲ့ အတွေးသာရှိနေကြသည်။


လိပ်ကြီးက မိနစ် ၂၀ မှ ၃၀ ခန့်အကြာတွင်   ရောက်လာပြီး ပင်လယ်ပြင်မှ တွားတက်လာကာ ကမ်းခြေကို ရောက်တာနဲ့ ပါးစပ်ထဲရှိ ပစ္စည်းများအားလုံးကို ချက်ချင်း ထွေးထုတ်လိုက်ပြီး အမြန်လှည့်ကာ ပင်လယ်ထဲ ပြန်ကူးခတ်ဝင်သွားသည်။


"မဖြစ်ဘူး "တခြားသူတွေ မြင်မှာကို စိုးရိမ်လို့လေ။ ဒါက လျူယောင့်ရဲ့ တောင်းဆိုချက်လည်း ဖြစ်သည်။ပတ်ဝန်းကျင်တွင် မည်သူမှမရှိပေ၊ တစ်စုံတစ်ဦး မြင်သွားပါက ဆိုးဝါးလိမ့်မည်။

လိပ်ကြီး ပါးစပ်မှ ထွေးထုတ်လိုက်တဲ့ ဟာတွေက ရွှေတုံးဆယ်တုံးပင်မက  လှပတဲ့ RB ဓားမြှောင်တစ်လက်လည်း ပါရှိသည်။


လျူယောင်လက်လည်း အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ ထည့်စရာအိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ အစက ဆန်ထည့်ရန် အသုံးပြုပြီး ယခုအခါရွှေတုံးများထည့်ဖို့ အသုံးပြုလိုက်သည်။သဲများပေကျံနေတာကို ဂရုမစိုက်ဘဲ ရွှေတုံးများကို အိတ်ထဲအမြန်ထည့်လိုက်သည်။

ဟင်း!

ရွှေတုံးများအပြင် နာရီအိတ်တစ်လုံးလည်း ပါရှိရာ ရွှေရည်စိမ်ထားတာ (သို့ ) ရွှေစစ်စစ်ဖြစ်ပုံရသည်။ နောက်ထပ် လက်ကောက်တစ်ကွင်းလည်း ပါရှိရာ မြကျောက်လက်ကောက်ဖြစ်ပုံရမည်။

" ဒါ ကံကောင်းခြင်းပဲ "

လိပ်ကြီးက သေချာရှာဖွေပေးပြီးရွှေတုံးများစွာသာမက ဓားမြှောင်များ၊ နာရီအိတ်များနှင့် လက်ကောက်များကိုပါ ယူလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

ရွှေတုံးများကို ပိုက်အိတ်ထဲ ထည့်လိုက်သည်။ နာရီအိတ်နဲ့ လက်ကောက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။


လက်တစ်ဖက်တွင် လေးလံတဲ့အိတ်ကို ကိုင်ကာ အခြားတစ်ဖက်တွင် ဓားမြှောင်ကို ကိုင်လျက် G ကားကြီးဆီကို  အမြန်ပြေးသွားတော့သည်။

ဓားမြှောင်နဲ့ အိတ်ကို ကားနောက်ဖုံးထဲ ထည့်လိုက်ပြီး လျူယောင် ယဥ်မောင်းနေရာတွင် ထိုင်လိုက်တဲ့ အထိ သူ့ရဲ့ နှလုံးခုန်နှုန်းက မြန်နေဆဲပင်။