အခန်း (27) အိမ်ကိုပြန်ခြင်း
ဒေါင်းမင်းရွာ၊ လျူယောင်ရဲ့ အိမ်။
အဲ့တာက အုတ်နီရောင်အိမ်ဟောင်း တစ်လုံး ဖြစ်သည်။ အိမ်ရှေ့တွင် ကျိုးရွှေယင်းမှာ ကြက်သတ်နေသည်။
ကျိုးရွှေယင်းက သားနှင့်သမီးတို့ ယနေ့ပြန်လာမယ် ဆိုတဲ့အခါ အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခဲ့ရသည်။ မြို့ထဲ သွားကာ ငါးဝယ်၊ အသားချိန်ပြီးနောက် ပြန်လာတဲ့အခါ ကြက်သတ်ခဲ့သည်။
သူမ မွေးမြူထားတဲ့ ကြက်များအား သတ်ခဲ့သည်။အဲ့ဒါတွေကို မီးဖိုချောင်ကို ပြန်သွား ခုတ်ထစ်ကာ သဲအိုးထဲတွင် ဆက်လက်ပေါင်းရန် ပြင်ဆင်နေစဉ် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး တံခါးဝမှ ဖြတ်လျှောက်သွားခဲ့သည်။
ထိုသူက ဒေါင်းမင်းရွာရဲ့ ရွာသူကြီး လျူကျန်းဖိန် ဖြစ်သည်။
" ခယ်မကြီး ဘာလို့ ကြက်တွေ သတ်နေတာတုန်း "
ကျိုးရွှေယင်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်မရဲ့ သားနဲ့ သမီး မကြာခင် ပြန်လာတော့မှာမို့ပါ။"
လျူကျန်းဖင်က "ဪ၊ တက္ကသိုလ်တွေက နွေရာသီကျောင်းပိတ်ရက် ရောက်နေပြီကိုး" ဟု ပြောသည်။
မိနစ်အနည်းငယ် စကားပြောပြီးနောက် လျူကျန်းဖင် စိတ်ဓာတ်ကျနေပုံရသည်။ ကျိုးရွှေယင်းက
"အစ်ကိုလျူ၊ လမ်းဖောက်လုပ်ရေးအတွက် စိတ်ပူနေတုန်းပဲလား" ဟု မေးသည်။
ယွမ်သုံးသိန်းမှာ ဒေါင်းမင်းရွာအတွက် မနည်းသော ပမာဏ ဖြစ်၏။
ရွာထဲဝင်တဲ့ ကွန်ကရစ်လမ်းအား ရွာချင်းဆက်သွယ်ရေးစီမံကိန်းဖြင့် ဖောက်လုပ်ထားတာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ ယခုအခါ လမ်းက ကျဉ်းမြောင်းနေကာ ကားတစ်စီးသာ သွားလာနိုင်ပြီး၊ ကားချင်း ဆုံတိုင်း အခက်အခဲများ ရှိနေသည်။
ရွာသားအများစုရဲ့ သဘောထားဖြင့် ရွာ လမ်းအား ကျယ်စေရန်နှင့် နှစ်လမ်းသွား ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ပုံငွေအချို့အား အထက်မှ ခွဲဝေချထားပေးခဲ့ပြီး၊ အချို့ငွေများကို ရွာသားများက စုဆောင်းခဲ့ကြပေမဲ့ ယွမ်သုံးသိန်းခန့် ဆက်လက် လိုအပ်နေသေးသည်။
လျူကျန်းဖိန်က မြို့ထဲ သွားရောက် စုံစမ်းရန် ပြင်ဆင်ခဲ့သည်။ ဖြစ်နိုင်ခြေ နည်းပါးတာကို သိနေပေမဲ့ သူ ဆက်လက်ကြိုးပမ်းရန် ဆန္ဒရှိနေသည်။
ထိုအချိန်တွင် အရှေ့မနီးမဝေးမှ မီးရှူးမီးပန်းများ တဖျောက်ဖျောက် မြည်သံနှင့်အတူ ဆူညံသံများ ထွက်ပေါ်လာသည်။
လျူကျန်းဖိန်က "ဖူကွေ့ရဲ့သား ကားအသစ်ဝယ်တာ။ ယွမ်တစ်သန်းကျော် ကုန်ကျတယ်လို့ ကြားတယ်။ ငါသွားကြည့်လိုက်ဦးမယ်။" ဟု ပြောပြီး ထွက်သွားသည်။
လျူဖူကွေ့ရဲ့ အိမ်တံခါးဝမှာ အလွန်ဆူညံစည်ကားနေပြီး လူအများအပြား ဝိုင်းရံလျက်ရှိကာ အိမ်ရှေ့ကွင်းပြင်တွင် ကားအသစ် တစ်စီး ရပ်နားထားသည်။
လျူဖူကွေ့ရဲ့ မျက်နှာက နီရဲနေပြီး ပတ်ဝန်းကျင်မှ လူများအား မင်္ဂလာပန်းကန်လုံးနှင့် စီးကရက်များ ဝေငှပေးနေသည်။
သူ့သား လျူဝူ ကြောင့် အလွန်ဂုဏ်ယူနေပြီး မျက်နှာပွင့်လန်းနေသည်။
"အင်း၊ ဒီကားက မဆိုးပါဘူး။"
"ယွမ်တစ်သန်းကျော် ကုန်ကျတယ်လို့ ကြားတယ်။"
"ဒါကတော့ ဒေါင်းမင်းရွာမှာရှိတဲ့ ပထမဆုံး ကိုယ်ပိုင်ကားပဲ "
ယခင်က အချို့လူများမှာ ကားဝယ်ခဲ့ကြဖူးပေမဲ့ ကုန်တင်ရန် ဗင်ကားများ( သို့ ) ထရပ်ကားများသာ ဖြစ်သည်။ လူအများစုရဲ့ အမြင်တွင် ဒီကားမှာ ပထမဆုံးသော ကိုယ်ပိုင်ကား ဖြစ်သည်။
လျူယောင် အဝေးပြေးလမ်းမမှ ထွက်ခွာပြီး မြို့ထဲ ဖြတ်မောင်းခဲ့ရာ လူအများအပြားရဲ့ အာရုံစိုက်မှု့ကို ခံခဲ့ရသည်။ အထူးသဖြင့် ကားမောင်းတတ်တဲ့ လူငယ်အချို့ပင် စိတ်ဝင်တစား ကြည့်နေကြသည်။
"ဪ၊ အဲဒီကားက ယွမ်တစ်သန်းကျော် တန်တဲ့ 'Big G' ပဲ။"
"ကျွန်တော်တို့ကျေးလက်ဒေသမှာ ဒါမျိုး မြင်ရတာ ရှားပါတယ်။ ဒီလိုကားမျိုး မမြင်ရတာ ကြာပြီ။"
လျူလန်က သတိပေးသည် "အစ်ကို၊ ကျွန်မတို့ ကား ကို အာရုံစိုက်ခံနေရပြီ ! လူတွေ အများကြီး လိုက်လာနေတယ်။"
"အစ်ကို၊ မြို့ထဲမှာ ပစ္စည်းတွေ ဝယ်ချင်သေးလား။"
"မလိုအပ်တော့ဘူး ထင်တယ်။ မနေ့က အားလုံးနီးပါး ဝယ်ပြီးသားပါ။"
မြို့ထဲမှ ဖြတ်ကျော်ပြီး ကီလိုမီတာ အနည်းငယ် မောင်းနှင်ပြီးနောက် ကျေးလက်လမ်းမှ ထွက်ကာ ဒေါင်းမင်းရွာကို ဦးတည်တဲ့ ကွန်ကရစ်လမ်းကို ရောက်ခဲ့သည်။
ရှေ့မနီးမဝေး တွင် ဒေါင်းမင်းရွာ ရှိနေပြီး မကြာခင် အိမ် ရောက်တော့မည်။
"အစ်ကို၊ ကျွန်မတို့အိမ်ကိုနောက်ဆုံးတော့ ရောက်ပြီ။ ကိုယ်ပိုင်ကားရှိတော့ အရမ်းအဆင်ပြေတာပဲ "
"ဒါပေမဲ့ ဒီလမ်းက အရမ်းဆိုးတာပဲ။ ကွန်ကရစ်လမ်း ဖြစ်ပေမဲ့ အချို့နေရာတွေက ပျက်စီးနေပြီ။လမ်းက အရမ်းကျဉ်းတော့၊ ကားနှစ်စီး ယှဥ်သွားရင် အရမ်းခက်တယ် "
မိနစ်အနည်းငယ်အတွင်း ဒေါင်းမင်းရွာ အဝင်ဝကို ရောက်ရှိလာသည်။ ထိုနေရာတွင် လူနှစ်ဦး ဖက်ရလောက်အောင် ကြီးမားတဲ့ ပရစ်ပင်ကြီး တစ်ပင် ရှိပြီး၊ သစ်ပင်ရိပ်အောက်တွင် လူအများအပြား အရိပ်ခိုကာအနားယူနေကြသည်။
ရွာထဲ မောင်းနှင်လာတဲ့ Big G' ကားကြီးကို လူတိုင်းနီးပါး သတိထားမိခဲ့ကြသည်။
"ဟေး၊ ကားတစ်စီး လာနေပြီ။"
"ဒီကားက လှရဲ့လား။"
ရွာသားအများစုက 'Big G' ကို မသိကြပေမဲ့ အချို့လူများကမူ မည်သည့်ကားအမျိုးအစား ဖြစ်တာကို သိရှိကြသည်။
"ဘာ "
"အဲ့လောက်တောင် ဈေးကြီးတာလား "
ရွာသားများရဲ့ အမြင်တွင် ယွမ်တစ်သန်းကျော်က မရောက်နိုင်တဲ့ ကိန်းဂဏန်းတစ်ရပ် ဖြစ်သည်။
လူအများအပြား အံ့အားသင့်သွားကြသည်။
လူတိုင်း ပိုအံ့အားသင့်တာက ကားမှာ မောင်းနှင်လာပြီးနောက် ရပ်တန့်သွားသည်။
လူအများက ကားမောင်းသူမှာ တခြားရွာမှလူ ဖြစ်သဖြင့် လမ်းမေးတော့မလားဟု ထင်နေကြသည်။
မကြာမီ၊ လူတိုင်း အံ့သြမှင်တက်သွားကြသည်။
လျူယောင့် လက်ထဲတွင် 'ကျူံးဟွား' စီးကရက်ဘူးတစ်ဘူးကို ကိုင်လျက် ကားထဲမှ ထွက်လာတာကို တွေရခဲ့သည်။ သူ အလွန်စိတ်အားထက်သန်စွာဖြင့် စီးကရက်တစ်ဘူးစီ ပေးရင်း လူတိုင်းကို နှုတ်ဆက်လိုက်သည်။
"တတိယ ဦးလေး၊ ဒီမှာ အရိပ်ခိုနေတာ ပျော်ရဲ့လားဗျ "
"ဒုတိယ ဦးလေး၊ ခင်ဗျား ကျန်းမာရေး ကောင်းနေတုန်းပဲနော် "
"ဘုရားရေ!"
"ဒါက လျူယောင်ပဲ။ သူ အပြင်မှာ ချမ်းသာပြီးမှ ပြန်လာတာလား "
လျူယောင် ရွာထဲကို ကားမောင်းဝင်သွားပေမဲ့ လူအများစုမှာ တုံ့ပြန်နိုင်ခြင်း မရှိသေးဘဲ၊ ရွာထဲဝင်ပြီးနောက် ဝေးကွာသွားတဲ့ ကားကိုသာ ငေးကြည့်နေကြသည်။
"ဒါက ဟုန်ဖူရဲ့မိသားစုထဲက လျူယောင်ပဲ "
"သူ ချမ်းသာလာပုံရတယ် "
"အံ့မခန်းပဲ။ ကြည့်ပါအူံး "ယွမ်တစ်သန်းကျော်တန်တဲ့ ကားနဲ့ လျူယောင် ပြန်ယူလာတဲ့ 'ကျူံးဟွား' စီးကရက်တွေပဲ။"
လျူယောင် ရွာထဲသို့ ကားမောင်းဝင်သွားပြီး လျူဖူကွေ့ရဲ့ အိမ်အနီးသို့ ရောက်တဲ့အခါ လှမ်းကြည့်လိုက်သည်။အိမ်ရှေ့တွင် ကားတစ်စီး ရပ်ထားပြီး မြေပြင်ပေါ်တွင် မီးရှူးမီးပန်း အကြွင်းအကျန်များ ပြန့်ကျဲနေသည်။ သူတို့ ကားအသစ်ဝယ်ပြီး ပျော်ပွဲကျင်းပနေပုံရသည်။
ထိုနေရာတွင် လူအများအပြား ရှိနေတာကြောင့် ကားအသစ်ကို လျင်မြန်စွာ သတိထားမိကြသည်။
"ဒါ ဘယ်သူလဲ၊ ဒီလောက် မိုက်တဲ့လူတစ်သိုက်၊ ယွမ်တစ်သန်းကျော်တန်တဲ့ 'Big G' ကြီး "
ဒီတစ်ကြိမ်မှာ လျူယောင် ကားကို မရပ်ဘဲ လျူဖူကွေ့ရဲ့အိမ်ကို ကျော်ဖြတ်ပြီး သူ့အိမ်ကို ရောက်လာခဲ့သည်။
ကျိုးရွှေယင်း ကြက်သားကို မီးပေါ်တင်ပြီး ပေါင်းနေစဉ် ကားသံကြား၍ လျူဟုန်ဖူအား "အိမ်ထောင်ဦးစီးရေ ရှောင်ယောင်နဲ့ ရှောင်လန် ရောက်လောက်ပြီ" ဟု ပြောလိုက်သည်။
"ဒီလောက် မြန်မြန်တော့ မဟုတ်လောက်ဘူး။ စောင့်ရဦးမယ် ထင်တယ် "
စကားဆုံးတာနဲ့တပြိုင်နက် တံခါးအပြင်ဘက်မှ လှုပ်ရှားမှု ရှိလာသည်။ ကျိုးရွှေယင်းက ပျော်ရွှင်စွာနဲ့ "ရှောင်ယောင်တို့ ပြန်ရောက်ပြီ ဖြစ်ရမယ် " ဟု ဝမ်းသာအားရပြောလိုက်သည်။
ပြောပြီးတာနဲ့သူ အလျင်အမြန် အပြင် ထွက်လာခဲ့သည်။ ထိုအချိန်တွင် လျူယောင် ကားပေါ်မှ ဆင်းလာသည်
"ရှောင်ယောင်၊ ရှောင်လန်၊ ပြန်ရောက်ပြီလား၊ လာ အိမ်ထဲကို မြန်မြန်လာ "
လျူယောင်က "အဖေ၊ အမေ" ဟု ခေါ်သည်။
လျူလန်က "အစ်ကိုက ပစ္စည်းနည်းနည်းပဲ ဝယ်လာတယ်။ အိမ်ထဲကို အရင်ရွှေ့ကြစို့။" ဟု ပြောသည်။
လျူယောင် "ကားနောက်ဖုံးကို ဖွင့်ကာ စီးကရက်၊ အရက်၊ သကြားလုံး၊ တံဆိပ်အသစ်တပ်ထားသော သားရေဖိနပ်များ၊ အဝတ်အစားများ စသည်တို့ကို ထုတ်ယူလိုက်သည်။
လျူဟုန်ဖူမှာ ကားပတ်လည်တွင် လှည့်ပတ်ကြည့်ရှုနေသည်။
လျူယောင် ကားဝယ်ထားကြောင်း သူ သိသည်။ လျူလန်က ဖုန်းဖြင့် ပြောပြခဲ့ဖူးပေမဲ့ ဘယ် ကားအမျိုးအစား ဖြစ်တာကိုတော့ မသိခဲ့ပေ။
"အိမ်ထောင်ဦးစီး၊ ကြည့်မနေနဲ့တော့၊ ပစ္စည်းတွေကို မြန်မြန်ရွှေ့စမ်းပါဦး "
လျူယောင်က "ကျွန်တော် လုပ်လိုက်မယ်။ ကျွန်တော် လုပ်တာ အဆင်ပြေတယ် " ဟု ပစ္စည်းတွေသယ်ရင်း ပြန်ပြော လိုက်သည်။
ကားကို နှစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် လျူဟုန်ဖူက "ရှောင်ယေညင်၊ ကားက တော်တော်ကောင်းတာပဲ။ အနည်းဆုံး ယွမ် တစ်သိန်း၊ နှစ်သိန်းလောက် ရှိမယ် ထင်တယ်။" ဟု ပြောသည်။
ကျိုးရွှေယင်းက ကြားဖြတ်ပြောလိုက်သည်။ "အိမ်ထောင်ဦးစီးကတော့ ပိုမမြင်နိုင်ဘူး။ဒီကားက အနည်းဆုံးနှစ်သိန်း သုံးသိန်းလောက် ကုန်ကျနိုင်တယ် "
လျူဟုန်ဖူက ခေါင်းကို အနည်းငယ် ခါယမ်းကာ အံ့အားသင့်သွားသည်။ "တကယ်ပဲ နှစ်သိန်း သုံးသိန်းလောက် ရှိနိုင်တာလား "ဟု အံ့အားသင့်ကာ မေးလိုက်သည်။
လျူယောင် ပြုံးရုံသာ ပြုံးပြီး ဘာမှ မပြောဘဲ ' "မောက်ထိုင် "အရက်ဘူးများ၊ 'ကျူံးဟွား' စီးကရက် ဗူးများ၊ သကြားလုံးအိတ်ကြီးများ၊ အဝတ်အထည်အသစ်များ၊ ဖိနပ်အသစ်များ အပါအဝင် ပစ္စည်းများကို အိမ်ထဲ အကြိမ်ကြိမ် သယ်ဆောင်ခဲ့သည်။
ပစ္စည်းအားလုံး အိမ်ထဲ ရွှေ့ပြီး ကားတံခါးကို ပိတ်ပြီးနောက် မိသားစုက အိမ်ထဲကို ဝင်တော့မဲ့ အချိန်တွင် လူအုပ်ကြီး ရောက်လာသည်။
အားလုံးမှာ ရွာမှလူများ ဖြစ်ကြသည်။ ခဏအကြာတွင် လူအများအပြား အိမ်ရှေ့တွင် စုဝေးလာကြရာ အလွန်စည်ကားနေသည်။
ကျိုးရွှေယင်းက လျင်မြန်စွာ သတိပေးလိုက်ကာ "အိမ်ထောင်ဦးစီး၊ ရှောင်ယောင်က စီးကရက်နဲ့ သကြားလုံးတွေ ဝယ်လာတယ်။ မြန်မြန်ထွက်ပြီး လူတိုင်းကို ဧည့်ခံလိုက်ပါဦး "
လျူဟုန်ဖူက ချက်ချင်း အိမ်ထဲကို ပစ္စည်းများယူရန် ဝင်သွားခဲ့သည်။ ကျိုးရွှေယင်းလည်း လူတိုင်းထိုင်နိုင်ရန် ထိုင်ခုံများ ထုတ်ပေးပြီး လျူယောင်က သကြားလုံးနှင့် အခြားပစ္စည်းများ တင်ရန် စားပွဲတစ်လုံး ရွှေ့ပေးလိုက်သည်။