အပိုင်း 44 "" စုစုပေါင်းတန်ဖိုး 2 ဘီလီယံကျော်"
"အိုး ဘုရားရေ"
"အိုး ဘုရားရေ"
ကျောက်ကျန်းဗြောင်ရဲ့ လက်ထောက်မှာ ခဏတာ စိတ်မထိန်းနိုင်ပဲ အာမေဍိတ်သံများ ဆက်တိုက်ထွက်နေသည်။
"ကျွန်တော် ရေတွက်လိုက်တာ စုစုပေါင်း ၁၀၆ လုံးရှိတယ်။ အဲဒီထဲက ၂၃ လုံးက ကျင်းစီနန်း တွေဖြစ်ပြီး ကျန်တာတွေကတော့ ဟွမ်ဟွမ်လီ တွေချည်းပဲ။ ဒါ တကယ်ကို မျက်စိပွင့်လောက်စရာပဲ "
သူ ဟွန်ဒါအဖွဲ့တွင် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ကျောက်ကျန်းဗြောင်ရဲ့လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် မြင်ကွင်းမျိုးစုံ တွေ့ဖူးပေမဲ့ ယနေ့တွင်တော့ သူ စိတ်မထိန်းနိုင်ဖြစ်ခဲ့သည်။
ဒီလောက်များပြားတဲ့ ကျင်းစီနန်း နှင့် ဟွမ်ဟွမ်လီ များကို သူ မြင်ဘူးဖို့ ဝေးစွ စိတ်ကူးပင် မယှဥ်နိုင်ခဲ့ချေ။
လက်ထောက်တင်မက ကျောက်ကျန်းဗြောင်လည်း စိတ်မထိန်းနိုင်ဖြစ်ခဲ့သည်။ သူ့ဘဝ တစ်လျှောက်လုံးတွင် အချင်း ၁.၅ မီတာကျော်ရှိတဲ့ ရွှေနန်းမွှေးသစ်ကို တစ်ခါမှ မမြင်ဘူးခဲ့ချေ။
သူက ထပ်မံပြောလိုက်သည်- "မစ္စတာ လျူ၊ ခင်ဗျား ချမ်းသာသွားပြီ၊ ချမ်းသာသွားပြီ "
"မစ္စတာ ကျောက်၊ ခင်ဗျားက ကျွမ်းကျင်သူပဲ၊ ဒါတွေ ဘယ်လောက်တန်လဲ" လျူယောင်တန်ဖိုးမေးလိုက်သည်။
ကျောက်ကျန်းဗြောင် ချက်ချင်းမဖြေဘဲ ပတ်ပတ်လည် ထပ်ကြည့်ပြီး သေချာစဉ်းစားကာ "သူတို့ရဲ့ စုစုပေါင်းတန်ဖိုးက ၂ ဘီလီယံကျော်မယ်လို့ ထင်ပါတယ်" ဟု ပြောလိုက်သည်။
"ဘာ!"
"ဒီလောက်တန်ဖိုးရှိတာလား!!!"
လျူယောင် အံ့အားသင့်သွားသည်။ သူ မူလက သန်းတစ်ရာနှစ်ရာလောက်ပဲ ရှိမယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ အနည်းဆုံး ၂ ဘီလီယံ ရှိနေမယ်လို့ မထင်ထားခဲ့ပေ။
လျူယောင်ရဲ့ အံ့အားသင့်မှုကို မြင်ပြီး ကျောက်ကျန်းဗြောင်က"အကြီးဆုံး ရွှေနန်းမွှေး တစ်ပင်ဆိုရင်တောင် သန်းတစ်ရာ၊ နှစ်ရာကျော်တန်တယ်" ဟု ပြောလိုက်သည်။
ဒီလိုထူထဲတဲ့ ရွှေနန်းမွှေးသစ်မှာ အနည်းဆုံး နှစ်တစ်ထောင်ခန့် ကြီးထွားရန် လိုအပ်သည်။ ဒါပေမဲ့ ယခုအခါ တွင် ရှားပါးပြီး ဝယ်ယူရန် ခက်ခဲကာ လုံးဝ ရောင်းသူဈေးကွက် ဖြစ်သည်။
ဒီလောက် တန်ဖိုးရှိတဲ့ ငွေကြေးများကြောင့် လျူယောင် စိတ်ထဲတွင် လုပ်ငန်းများ လုပ်ဖို့စတင် စဉ်းစားခဲ့သည်။ ဒါက ထင်မှတ်မထားတဲ့ ဝင်ငွေဖြစ်ပြီး ကုမ္ပဏီရဲ့ အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်တဲ့ ငွေကြေးရှိနေပြီဖြစ်သည်။
ကျောက်ကျန်းဗြောင်ကလည်း ကျန်းစီနန်း နှင့် ဟွမ်ဟွမ်လီ သစ်များကို ထပ်မံကြည့်ရှုလိုက်သည်။ သူ ကြည့်လေလေ ပိုနှစ်သက်လေလေ ပိုကျေနပ်လေလေ ဖြစ်လာပြီး မမေးဘဲ မနေနိုင်တော့ချေ။
"မစ္စတာ လျူ၊ ကျွန်တော့်ကို နည်းနည်းလောက် ရောင်းပေးလို့ မရဘူးလား။"
ဒီစကားကြားတော့ လျူယောင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ရောင်းတာပေါ့၊ ဈေးနှုန်းမှန်ရင် ခင်ဗျားကို အကုန်ရောင်းပေးလို့ရတယ်"
ကျောက်ကျန်းဗြောင် သူ့လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။
"ရောင်းလို့ရတာလား ကောင်းပြီ"
လျူယောင် က ဒီသစ်များကို ရတနာတစ်ခုလို သိမ်းဆည်းထားပြီး ရောင်းချရန် ဝန်လေးနေမည်ကို သူစိုးရိမ်ခဲ့သည်။
ဒါပေမဲ့
ကျောက်ကျန်းဖျောင် သူ့ရဲ့ ငွေကြေးအရင်းအမြစ်များကို ပြန်လည်ဆန်းစစ်ခဲ့သည်။ ဟွန်ဒါအဖွဲ့ရဲ့ နှစ်စဉ်ဝင်ငွေမှာ ၁၀ ဘီလီယံခန့်ရှိပေမဲ့ ၂ ဘီလီယံကျော်ကို တစ်ထိုင်တည်းသုံးရန်မှာ အတော်လေးတော့ ခက်ခဲမည်။
ခဏစဉ်းစားပြီးနောက် ကျောက်ကျန်းဗြောင်ကလည်း ရိုးရိုးသားသားပြောလိုက်သည်-
"ကျွန်တော်တို့ ရွှေနန်းမွှေးသစ် အကြီးကြီးတစ်လုံးကို အရေးတကြီး လိုအပ်နေပါတယ်။ အကြီးဆုံးတစ်လုံးကို ကျွန်တော့်ကို ရောင်းပေးပါ။ ပြီးတော့ အချင်း ၁.၂ မီတာလောက်ရှိတဲ့ နောက်တစ်လုံးကို ကျွန်တော် ယူပါ့မယ်။"
အကြီးဆုံးတစ်လုံးက အချင်း ၁.၅ မီတာရှိသည်။ဒါကို ဝယ်ပြီးနောက် ကျောက်ကျန်း ဗြောင် မသုံးပဲ စုဆောင်းထားနိုင်ပါသည်။
တစ်လုံးကို ခွဲစိတ်ပြီးနောက် ကြီးမားတဲ့အချပ်များထဲမှ တစ်ခုကို သူဌေးအတွက် စားပွဲတစ်လုံးပြုလုပ်ရန် အသုံးပြုမယ်လို့ သူစဥ်းစားထားသည်။
ဒီလိုမျိုး ရွှေနန်းမွှေး သစ်တစ်ချပ်ကို ဟွန်ဒါအဖွဲ့တွင် ထားရှိခြင်းဖြင့် လုပ်ငန်းနယ်ပယ်အတွင်း ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းနဲ့သြဇာလွှမ်းမိုးမှု့မှာ နောက်တစ်ဆင့်ကို တက်လှမ်းသွားဖွယ်ရှိသည်။
"ကြိုက်တာရွေးပါ" လို့ လျူယောင်က ပွင့်လင်းစွာ ပြောလိုက်သည်။
စုစုပေါင်း နှစ်လုံးရှိသည်။ တစ်လုံးမှာ အချင်း ၁.၅ မီတာခန့်ရှိပြီး နောက်တစ်လုံးမှာ အချင်း ၁.၂ မီတာခန့်ရှိသည်။
ရွှေနန်းမွှေးသစ်နှစ်လုံးကို ရွေးချယ်ပြီးနောက် ကျောက်ကျန်းဗြောင်က "မစ္စတာ လျူ၊ ဒီနှစ်လုံးအတွက် ဈေးနှုန်းသတ်မှတ်ပေးပါဦး" ဟု ပြောလိုက်သည်။
"မစ္စတာ ကျောက်၊ ဈေးနှုန်းက ယွမ် သန်း ၆၀၀ ပါ။ငွေချေပြီးတာနဲ့ ချက်ခြင်း ယူသွားလို့ရပါတယ် "
ကျောက်ကျန်းဗြောင်မှာ ဈေးနှုန်းက အလွန်မြင့်မားတယ်လို့ ခံစားရသဖြင့် ဈေးဆစ်တော့သည်။သို့သော် ဒါက တကယ်ပင် ရောင်းသူဈေးကွက်ဖြစ်သည်။
ဟုတ်ပါတယ် လျူယောင်က လိပ်ဘုရင် ကြိုးစားပမ်းစားရှာဖွေခဲ့တဲ့ သစ်တွေကို ဈေးမြင့်မြင့်နဲ့ ရောင်းချင်တာမို့ လုံးဝမလျှော့ပေးပါဘူး။
သူက ခေါင်းခါပြီး
"မစ္စတာ ကျောက်၊ အများဆုံး ၁၀ သန်းပဲ လျှော့ပေးမယ်၊ အနိမ့်ဆုံး သန်း ၅၉၀ ပဲ" လို့ ပြောလိုက်သည်။
ကျောက်ကျန်းဖျောင်ကလည်း ဒီဟာကိုအရေးတကြီး လိုအပ်နေသည်။ ရှားပါးသောပစ္စည်းမှာ ပိုပြီး ဈေးကြီးသည်။
ကျောက်ကျန်းဗြောင် ခေါင်းညိတ်ပြီး "ဟုတ်ပြီ၊ ဒါဆို သန်း ၅၉၀ပေါ့ "လို့ ပြောလိုက်သည်။
ဈေးနှုန်းညှိနှိုင်းပြီးနောက် ကျောက်ကျန်း ဗြောင်က စာရင်းကိုင်ကို ဖုန်းခေါ်ဆိုလိုက်ပြီးခဏအကြာတွင် ငွေများမှာ Global ရဲ့ ဘဏ်အကောင့်ထဲကို ရောက်ရှိလာသည်။
လျူယောင်သေချာအောင် စစ်ဆေးပြီးနောက်
"မစ္စတာ ကျောက်၊ ဒီရွှေနန်းမွှေးသစ်နှစ်လုံးကို သယ်သွားဖို့ ကားတစ်စီး ခေါ်လို့ရပါပြီ" ဟု ပြောလိုက်သည်။
ကျောက်ကျန်းဗြောင် က ဖုန်းခေါ်ပြီး ယာဉ်အဖွဲ့သားများကို လာရန် ဆက်သွယ်လိုက်သည်။ဖုန်းခေါ်ဆိုပြီးနောက် ကျောက်ကျန်းဗြောင်က သစ်သားများကို မနာလိုစိတ်ဖြင့် ကြည့်ကာ "မစ္စတာ လျူ၊ ကျန်တာတွေ ကျွန်တော့်ကို ရောင်းပေးပါလား" ဟု ပြောလိုက်သည်။
လျူယောင်က "မစ္စတာ ကျောက်ကို အားလုံးရောင်းဖို့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ အနည်းဆုံး ၂ ဘီလီယံ၊ ဈေးမဆစ်ရပါဘူး" ဟု ပြောလိုက်သည်။
"နှစ်ဘီလီယံ! "
ကျောက်ကျန်းဗြောင် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ
"ဟုတ်ပြီ၊ ဈေးနှုန်းက ယွမ် ၂ ဘီလီယံပဲ။ ဒါပေမဲ့ ကျွန်တော့်ကို သုံးရက်အချိန်ပေးပါအူံး။ ဒီလောက်များပြားတဲ့ ငွေပမာဏက ကျွန်တော့်အတွက် နည်းတဲ့ပမာဏ မဟုတ်ဘူး။ ကျွန်တော် ရန်ပုံငွေ ရှာရဦးမယ်" ဟု ပြောလိုက်သည်။
လျူယောင်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
စီးပွားရေးပြီးဆုံးပြီးနောက် နှစ်ဦးသား ပျော်ရွှင်သွားကြပြီး နှစ်ပေါင်းများစွာ ခင်မင်ခဲ့လာတဲ့ မိတ်ဆွေဟောင်းများလို စကားပြောရင်း ရယ်မောပျော်ရွှင်နေကြသည်။
တစ်နာရီခန့်အကြာတွင် ပထမဆုံး ထရပ်ကားကြီးတစ်စီး ရောက်လာသည်။
ထိုထရပ်ကားကြီးသည် ဂိုဒေါင်ထဲ တိုက်ရိုက်မောင်းဝင်လာပြီး လူအများအပြား ကားပေါ်မှ ခုန်ဆင်းလာကြသည်။ ဟွန်ဒါ အဖွဲ့မှ လူများ ရောက်ရှိလာကြပြီး ကုမ္ပဏီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဝူချင်းဆောင်က အဖွဲ့ကို ဦးဆောင်လာခဲ့သည်။
ကားပေါ်က ဆင်းလိုက်တာနဲ့ သစ်လုံးတွေ အများကြီးကို တွေ့လိုက်ရတယ်။ ဒါနဲ့ အလျင်အမြန်ပြေးပြီး ရွှေနန်းမွှေး နဲ့ ဟွမ်ဟွမ်လီ တွေကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး
"သူဌေး၊ ဒီလိုထူထဲတဲ့ ရွှေနန်းမွှေးနဲ့ ဆိုကျွန်တော်တို့ ပြဿနာ ဖြေရှင်းလို့ရပြီ " ဟု ဝမ်းသာအားရပြောလိုက်သည်
ကျောက်ကျန်းဗြောင် ခေါင်းညိတ်ပြပြီး လက်ဝှေ့ယမ်းကာ
"ကားပေါ်တင်ပြီး ငါတို့ ကုမ္ပဏီကို ပြန်သယ်သွား" ဟုပြောလိုက်သည်။
လုပ်သားအချို့သည် အလုပ်ရှုပ်နေကြပြီး အချင်း ၁.၅ မီတာနှင့် အချင်း ၁.၂ မီတာရှိသော အဖိုးတန်ရွှေနန်းမွှေးသစ်များကို ကားပေါ် ဂရုစိုက်တင်ကာ ချည်နှောင်ကြသည်။
တစ်နေ့တာလုံး ဂိုဒေါင်ထဲတွင် အလုပ်ရှုပ်နေခဲ့သည်။ဟွန်ဒါမှ ထရပ်ကားကြီးအချို့ အဆက်မပြတ် ရောက်လာပြီးညနေပိုင်းတွင်တော့ သစ်များအားလုံး သယ်ပြီး သွားခဲ့သည်။
လျူယောင်နှင့် ကျောက်ကျန်းဗြောင်တို့ အတူထိုင်ကာ နှစ်ဦးနှစ်ဖက် ရှေ့နေများဖြင့် တရားဝင် အရောင်းအဝယ်သဘောတူညီချက်ကို ရေးဆွဲခဲ့ကြပြီး လက်မှတ်ရေးထိုးကာ တံဆိပ်ခတ်နှိပ်ခဲ့ကြသည်။
ငွေပေးချေမှု နှစ်ခုရှိသည်။
ပထမဆုံးပေးချေမှု ယွမ်သန်း ၅၉၀ကို မနက်ပိုင်းတွင် Global ရဲ့ အကောင့်ကို ရောက်ရှိမည်ဖြစ်ပြီး ဒုတိယပေးချေမှု ယွမ် ၂ ဘီလီယံကို သုံးရက်အကြာတွင် လျူယောင်ရဲ အကောင့်သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။
စာချုပ်လက်မှတ်ထိုးပြီးနောက် နှစ်ဦးသား ပျော်ရွှင်စွာ လက်ဖက်ရည်သောက်ရင်း စကားပြောဆိုခဲ့ကြသည်။
ကျောက်ကျန်းဗြောင်ရဲ့ မိတ်ဆက်မှု့မှတစ်ဆင့် လျူယောင် ကျင်းစီနန်း နှင့် ဟွမ်ဟွမ်လီ အကြောင်း၊ အထူးသဖြင့် ကျန်းစီနန်းမှာမြန်မာနိုင်ငံရဲ့ ထူးခြားရှားပါး အဖိုးတန်သစ်ဖြစ်ကြောင်း ကို နည်းနည်း နားလည်လာခဲ့သည်။
ဒါပေမဲ့ လျူယောင် နားမလည်တာတွေလည်း ရှိသည်။
"မစ္စတာ ကျောက်၊ ရွှေနန်းမွှေးသစ်ရဲ့ သိပ်သည်းဆက ရေထက် နည်းပါတယ်။ ရေထဲရောက်ရင် ပေါ်သင့်တယ်၊ ဒါပေမဲ့ ကျွန်တော့် ရွှေနန်းမွှေးသစ်ကတော့ နစ်မြုပ်နေတယ်။"
ကျောက်ကျန်းဗြောင်က "ပင်လယ်အောက်ခြေမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့လို့ ဖြစ်နိုင်တယ်။ ရေလုံလုံလောက်လောက်စုပ်ယူပြီးရင် ပိုလေးလာတော့ ပေါ်မလာတော့ဘူး" ဟု ရှင်းပြခဲ့သည်။
"ဪ၊ သိပါပြီ"
ပထမဆုံး ထရပ်ကားမှာ ရွှေနန်းမွှေးသစ်နှစ်လုံးကို စက်ရုံကို သယ်လာခဲ့ရာ ချက်ချင်းပင် စက်ရုံတစ်ခုလုံး ဆူညံသွားသည်။
ကြီးမားတဲ့ အလုပ်ရုံမှာ မူလက အလုပ်များနေပြီး အလုပ်သမားများနှင့် နည်းပညာရှင်များကအလုပ်ရှုပ်နေကြသည်။ ရွှေနန်းမွှေးသစ်နှစ်လုံး ရောက်ရှိလာတဲ့အခါ လူအများအပြား သူတို့ရဲ့ အလုပ်များကို ရပ်တန့်ကာ စုရုံးလာကြသည်။
"တကယ် ရွှေနန်းမွှေးသစ်ပဲ "
"ဒီလောက်ထူတဲ့ ကျန်းစီနန်း ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ "
ကြီးကြပ်ရေးမှူးတစ်ဦးရဲ့ အမိန့်အောက်တွင် အလုပ်သမားများက အဖိုးတန်ရွှေနန်းမွှေးသစ်နှစ်လုံးကို ကားအောက်ကို ဂရုတစိုက် ချပြီး အလုပ်ရုံရဲ့ ပွင့်လင်းတဲ့နေရာတွင် ထားရှိခဲ့သည်။
ဒုတိယဥက္ကဋ္ဌ ဝူချင်းဆောင် ကိုယ်တိုင်ဦးစီးကာ သစ်ခွဲရန် လုပ်ဆောင်ခဲပြီး ရွှေနန်းမွှေးသစ်ပြားများအဖြစ် ပြုလုပ်ခဲ့လေသည်။