Ch 52
Viewers 5k

အခန်း 52   ဒီနာရီက ပုံမှန် မဟုတ်ဘူး



လျူယောင် ဒီကြွေပန်းကန်နှစ်ချပ်ကို ပုဂ္ဂလိက မြေအိုးဖိုက ထွက်တဲ့ပစ္စည်းလို့ အမြဲထင်ခဲ့ခြင်းဖြစ်သည်။



ဒါပေမယ့် ဒီကြွေပန်းကန်မှာ မော်ဒယ်ရှိနေပြီး တရားဝင်အစိုးရပိုင် မြေအိုးဖိုက ထွက်တဲ့ပစ္စည်းဆိုတာ ရှင်းနေတာကြောင့် လျူယောင်  ကျေနပ်သွားသည်။


ဒီအရောင်စုံကြွေပန်းကန်ကို သန့်ရှင်းရေးလုပ်ပြီး မျက်နှာသုတ်ပဝါနဲ့ သေချာခြောက်အောင် သုတ်လိုက်သည်။


နောက်မှ တစ်ယောက်ယောက်ကို တန်ဖိုးဖြတ်ခိုင်းပြီး ဘယ်လောက်တန်လဲဆိုတာ ကြည့်ရမယ်။

ပစ္စည်းအားလုံးကို သန့်ရှင်းရေးလုပ်ကာ ခြောက်အောင်သုတ်ပြီးတဲ့နောက် အခန်းတစ်ခန်းရှာပြီး ယာယီသိမ်းဆည်းထားလိုက်သည်။ 



နောက်မှ ဖြည်းဖြည်းချင်း ပြန်ရောင်းမှာပေါ့။

ဗီလာက နှစ်ထပ်ဖြစ်ပြီး အခန်းတွေလည်း အလုံအလောက်ရှိသည်။

အခန်းတစ်ခန်းကို ပစ္စည်းတွေသိမ်းဆည်းဖို့ အသုံးပြုတာက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။



ပစ္စည်းအားလုံး သိမ်းဆည်းပြီးတဲ့နောက် လျူယောင် ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းထုတ်ကာ  ချောမောလှပတဲ့ အမျိုးသမီးလေးချန်လဲ့ နဲ့စကားပြောဖို့ ပြင်လိုက်သည်။


ပြီးနောက်  လွန်ခဲ့တဲ့ နာရီအနည်းငယ် က  တင်ထားတဲ့Douyin ပို့စ်ကို ကြည့်လိုက်ရာ သူ အံ့သြသွားသည်!

နှစ်နာရီ သုံးနာရီပဲ ကြာသေးတာကို Like ရာပေါင်းများစွာနဲ့ မှတ်ချက်ဆယ်ခုကျော် ရနေပြီဖြစ်သည်။


မန့်တွင်--

" အရမ်းလှတယ်၊ အရမ်းစမတ်ကျတယ်” 


“ကျွန်တော်လည်း တစ်ခုလောက် ပိုင်ဆိုင်ချင်လိုက်တာ "

...

ဒီလို မက်ဆေ့စ်များ အပြင် ပိုပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ မက်ဆေ့ချ်တစ်ခုလည်း ရှိသည်။

"နာရီပေါ်က လိုဂို နဲ့ ပုံစံကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော် Patek က ထုတ်လုပ်ခဲ့တဲ့ နာရီအိတ် ဖြစ်လောက်တယ်။


လျူယောင်  စိတ်ထဲကနေ စဉ်းစားလိုက်သည်။ “တကယ်တန်ဖိုးများတာလား “


Patek  ဆိုတာကိုတော့ သူ သိသည်။ ကမ္ဘာကျော် ဇိမ်ခံနာရီထုတ်လုပ်သူ ဖြစ်ပြီး သူထုတ်လုပ်တဲ့ နာရီတိုင်းဟာ စျေးကြီးတာချည်းဖြစ်သည်။



လျူယောင် နာရီကို ရှာလိုက်တော့ တကယ်ပဲ နာရီရဲ့ ကျောဘက်မှာ Patek  လို့ အင်္ဂလိပ်လို ရေးထားသည်။

ထိုတံဆိပ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က Patekက ထုတ်လုပ်ခဲ့တဲ့ ရွှေနာရီလို့ အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်။


"အင်း ပညာရှင်တစ်ယောက်ကို သွားပြဖို့ လိုမယ်ထင်တယ်.. “

ဒီလိုစိတ်ထဲက စဉ်းစားပြီးတဲ့နောက် လျူယောင်က ဟွာဟိုင်းကုန်တိုက်ကြီးကို သတိရသွားသည်။ သူ့ရဲ့ ပထမထပ်မှာ နာမည်ကြီးနာရီအမျိုးမျိုးကို ရောင်းချပြီး အရမ်းကြီးမားသည်။


“နောက်တစ်နေ့ “


ချန်းဟူက ကားမောင်းပြီး  လျူယောင် နှင့်လီချန်လဲ့တို့က နောက်ခန်းမှာ ထိုင်ကာ သုံးယောက်သား ဟွာဟိုင်းကုန်တိုက် ကြီးကို သွားခဲ့ကြသည်။

“ ယောင်အစ်ကို၊ ကားအသစ်တစ်စီး ထပ်ဝယ်ထားတာလား ”


  “ကုမ္ပဏီက ဝယ်တာပါကွာ။  ရက်အနည်းငယ်ပဲ ရှိသေးတယ်”လို့ လျူယောင် ပြန်ဖြေလိုက်သည်။

ချန်းလဲ့ လို ချောမောလှပတဲ့ အမျိုးသမီးနဲ့ စကားပြောရင်း ဟွာဟိုင်းကုန်တိုက်ကြီးကို မြန်မြန် ရောက်လာတယ်လို့ ခံစားလိုက်ရသည်။



ပထမထပ်တစ်ခုလုံးဟာ နာမည်ကြီးနာရီတွေ၊ ရွှေထည်ပစ္စည်းတွေနဲ့ အဆင့်မြင့်အလှကုန်တွေ ပြည့်နေပြီး ဧရိယာက အရမ်းကြီးမားလှသည်။ 

လျုယောင် ရဲ့ ရည်ရွယ်ချက်က ဒီရွှေနာရီကို တန်ဖိုးဖြတ်ဖို့ဖြစ်သည်။

လီချန်လဲ့ ရဲ့ လက်ကို ဆွဲပြီး နာမည်ကြီးနာရီအကဲဖြတ်တဲ့ဧရိယာဘက်ကို ဦးတည်လိုက်သည်။



ဒါက ဟွာဟိုင်းမြို့မှာ အရည်အချင်း အရှိဆုံး တန်ဖိုးဖြတ်တဲ့နေရာလို့ သတ်မှတ်ရမှာပဲ။လူသိပ်မများဘူး။ တန်ဖိုးဖြတ်ဖို့ လာတဲ့သူ မရှိသလောက်ပဲ။

“ဒါက အမှန်ပဲ “ 

နာမည်ကြီးနာရီ ဝတ်တဲ့သူက နှိုင်းယှဉ်ရင် နည်းတယ်။ သူတို့က ပုံမှန်အားဖြင့် အထူးဆိုင်တွေမှာ ဝယ်ကြပြီး အခြေခံအားဖြင့် တန်ဖိုးဖြတ်ဖို့ မလိုဘူး။



ထိုနေရာတွင်  လူအိုကြီးတစ်ဦး ထိုင်နေပြီး အသက်ခြောက်ဆယ် ခန့်လောက်ရှိသည်။

လျူယောင်က -

“မာစတာ ကျွန်တော့်မှာ နာရီတစ်လုံးရှိတယ်။  ကျွန်တော့်ကို ကြည့်ပေးပါဦး “ဟု ပြောပြီး ပြလိုက်သည်။ 

လူအိုကြီးက မျက်မှန်ကို ယူတပ်ပြီး လက်ကမ်းကာ

 “ငါ အရင်ကြည့်လိုက်ဦးမယ်” ဆိုပြီး နာရီကို ယူကာ ပြန်ဖြေလိုက်သည်။



လူအိုကြီးမှာ မိနှစ်အတော်ကြာအောင် သေချာ ကြည့်ရူ့လျက်ရှိသည်။


" အံ့သြစရာပဲ "


“ဒီ နာရီက ပုံမှန်မဟုတ်ဘူး "

 “ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က Patek ပဲ “ ပြောပြီးတဲ့နောက် လူအိုကြီက လျူယောင့်ကို မနာလိုတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးတွေက “လူငယ်၊ မင်း  ကံကောင်းလိုက်တာ  ဒီလိုနာရီကောင်းမျိုးတောင်  ပိုင်ဆိုင်ထားတာ” လို့ ပြောနေသလို ဖြစ်နေသည်။



လျူယောင်က ဒီနာရီ ဘယ်လောက်တန်လဲလို့ မေးမလို့ရှိသေး အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက အလျင်စလို ပြေးလာပြီး


“ဆရာ၊ ဒီနာရီလေး ကျွန်တော့်ကို ကြည့်ပေးပါဦး။ နာရီအစစ် ဟုတ်ရဲ့လား” လို့ ကျယ်လောင်စွာ အော်ပြောကာ တံဆိပ်အသစ်နာရီတစ်လုံးကို လူအိုကြီးရှေ့မှာ ချလိုက်သည်။



လူအိုကြီးက ထိုအမျိုးသားကို မော့ကြည့်ပြီး “ခဏစောင့်ပါ။ ကျွန်တော် ဒီနာရီကို ကြည့်လို့ပြီးမှပဲ” လို့ ပြောလိုက်သည်။သူ့လက်ထဲက ရွှေနာရီက ကြည့်လို့ မပြီးသေးဘူးလေ။ ထိုအမျိုးသားက မကျေမနပ်ဖြစ်ကာ  ချက်ချင်းပဲ -


“ကျွန်တော့်ကို အရင်ကြည့်ပေးပါ။ ကျွန်တော် အလျင်လိုနေလို့  ခဏနေရင် ကျွန်တော်တို့ကုမ္ပဏီမှာ အရေးကြီး အစည်းအဝေးတစ်ခု တက်ရမှာမို့လို့ပါ” လို့ ပြောလိုက်သည်။

လျူယောင် က ထိုအမျိုးသားကို ကြည့်လိုက်ပြီး


“မင်းရဲ့အချိန်ကတန်ဖိုးရှိရင်ငါ့ရဲ့အချိန်ကလည်း  တန်ဖိုးရှိတယ်” လို့ စိတ်ထဲ မနေနိုင်ဘဲ တွေးမိခဲ့သည်။ ချန်းဟူကတော့ ဒီလိုအပြုအမူမျိုးကို မကြိုက်ပေ။


“ဆရာ၊ ကျွန်တော်တို့က အရင်ရောက်တာပါဗျာ။ ကျွန်တော်တို့ အကဲဖြတ်ပြီးမှ ခင်ဗျားရဲ့အလှည့်ပေါ့” လို့ သတိပေးလိုက်သည်။ထိုအမျိုးသားမှာ ရူကျန်းကျုံး ဖြစ်ပြီး ပရိုတွန်အဖွဲ့ မှ အလယ်အလတ်အဆင့် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။



သူရဲ့လက်အောက်ငယ်သားများ သူ့ကို ချော့မော့ပြီး နာမည်ကြီးနာရီတစ်လုံး လက်ဆောင်ပေးခဲ့သည်။ တကယ်လို့ အစစ်ဆိုရင် ယွမ်၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့် တန်ဖိုးရှိတာကြောင့် နာရီကို ရရှိပြီးနောက် ဒီနေ့ တန်ဖိုးဖြတ်ဖို့ လာခဲ့ခြင်းဖြစ်သည်။


ပရိုတွန်က အနိုင်ကျင့်လေ့ရှိတာကြောင့် ဒီနေရာမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။



ရူကျန်းကျုံး က ချန်းဟူကို မထီမဲ့မြင်ကြည့်ပြီး

“မင်းတို့ ငါ့ နာရီ ဘယ်လောက် တန်လဲဆိုတာ သိလား! ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ယွမ်တန်တယ် နားလည်လား” လို့ အော်ပြောလိုက်သည်။ယွမ်၂၀,၀၀၀ ကနေ ၃၀,၀၀၀ တန်တဲ့နာရီက ရိုးရိုးလူတွေရဲ့ မျက်လုံးထဲမှာတော့ နည်းနည်း ကြောက်စရာကောင်းပေမယ့် ဒီနေရာမှာတော့ ဘာမှမဟုတ်ပါဘူး။



လျူယောင် ထို လူ ကို ပြန်မပြောခင်မှာ လူအိုကြီး က ဆက်မကြည့်နိုင်တော့ဘဲ

 " ဒီမှာမောင်ရင် "

" ဒီလူငယ် ရဲ့နာရီဘယ်လောက် တန်လဲဆိုတာ မင်းသိလား” လို့ မေးလိုက်သည်။


ရူကျန်းကျုံး က 

“သူ့နာရီအပျက် ဘယ်လောက်တန်လို့လဲ”


လူအိုကြီးက ပြုံးလိုက်ပြီး “ဒါက နာရီအပျက် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က Patek  ရဲ့ အကန့် အသတ်ထုတ် လေးပါ။ ခန့်မှန်းရသ လောက်ကတော့ လက်ရှိ ပစ္စည်းက ဆယ်လုံးတောင် မရှိတော့ဘူး။ ဒီလိုကောင်းကောင်းထိန်းသိမ်းထားတဲ့ နာရီမျိုးဆို ပိုတောင်ရှားတယ် ”


“ဘာ “

ရူကျန်းကျုံး ကြောင်သွားပြီး မသိစိတ်ကနေ

 “ဒီနာရီ ဘယ်လောက်တန်လဲ” လို့ မေးလိုက်သည်။

အကဲဖြတ်တဲ့လူအိုကြီးက ခဏစဉ်းစားပြီး “ငါ့ ရဲ့ ကိုယ်ပိုင်တန်ဖိုးဖြတ်ချက်အရဆိုရင် သူ့ တန်ဖိုးက ယွမ်သန်း ၂၀ အောက် မနည်းဘူး” လို့ ပြောလိုက်သည်။

“ယွမ်သန်း ၂၀ “


ရူ‌ကျန်းကျူံး ရဲ့ ခေါင်းပေါ်မှာ မိုးကြိုးပစ်ချလိုက်သလို သူ လုံးဝကို ကြောင်သွားသည်။

"သန်း ၂၀ ကျော်တန်  အိူး "

တော်တော်ကြာမှ သတိပြန်ဝင်လာပြီး လျူယောင်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီး ဒီလူ က ဘယ်လိုလူလည်း ဟ ဒီ လောက်တန်ဖိုးကြီးတဲ့နာရီ ကို ပိုင်ဆိုင်ထားတာ "

 “ဒီလိုလူမျိုးကို မစော်ကားသင့်ဘူး” “ထွက်ပြေး၊ ထွက်ပြေး “

ရူကျန်းကျုံး စိတ်ထဲမှ ပြောပြီး အလျင်စလို ထွက်သွားသည်။



ချန်းဟူက ထိုလူ့ နောက်ကျောကို ကြည့်ပြီး လှမ်းအော်လိုက်သည်။ “လူကြီးမင်း ခင်ဗျားနာရီ တန်ဖိုးမဖြတ်ရသေးဘူးလေ။ ကျွန်တော်တို့ တန်ဖိုးဖြတ်ပြီးတဲ့အထိ ဒီမှာ မစောင့်တော့ဘူးလား”

ရူကျန်းကျုံး သူ့မျက်နှာအိုကြီး ရှက်ရွံသွားကာရဲရဲနီသွားသည်။

လျူယောင် နဲ့ လီချန်လဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဒီကို နာရီတန်ဖိုးဖြတ်ဖို့ လာရာကနေ စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတစ်ခု ဖြစ်လာမယ်လို့ မမျှော်လင့်ထားမိပေ။



ရူကျန်းကျုံး ထွက်သွားပြီးတဲ့နောက် လျူယောင် မယုံကြည်နိုင်စွာနဲ့ 

“ဆရာ၊ နာရီ က တကယ် ဒီလောက်တန်လား” လို့ မေးလိုက်သည်။

လူအိုကြီးက 

“ကျွန်တော် ဒီလုပ်ငန်းမှာ ဆယ်စုနှစ်ချီကြာအောင် လုပ်လာခဲ့တာ။ အမြင်တစ်ခုတော့ ရှိပါတယ်။ ဒီနာရီရဲ့ တန်ဖိုးက ယွမ်သန်း ၂၀ ကျော်ပါပဲ” လို့ အလေးအနက် ပြောလိုက်သည်။



“အနည်းဆုံး ယွမ်သန်း ၂၀”

ဆွဲဆောင်မှု့မရှိတဲ့ နာရီအိတ်လေးနဲ့ ရွှေနာရီ က ဒီလောက်တန်ဖိုးရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

လျူယောင် ကိုယ်တိုင်လည်း နည်းနည်း ကြောင်သွားပြီး မယုံနိုင်ကြည်နိုင် ဖြစ်နေသည်။



လီချန်လဲ့ကလည်း  လျူယောင်ရဲ့ လက်မောင်းကို ဆွဲပြီး “ကျွန်မ လန့် လိုက်တာ ဒီနာရီက ဒီလောက်တောင် စျေးကြီးတာလား” လို့ မယုံနိုင်စွာ ပြောလိုက်သည်။