အခန်း 56. ငါ့အတွက် ဇိမ်ခံရွက်လှေ တစ်စီး သွားဝယ်ပေး
လျူယောင်က လီချန်လဲ့ရဲ့လက်ကိုဆွဲပြီး ရှေ့မှသွားပြီး ချန်းဟူက နောက်ကလိုက် ခဲ့သည်။
စားသောက်ဆိုင်မှာ မဆိုးပေ။ နေရာလည်း ကျယ်သည်။ တင်းဝိန်က ဧည့်ခံပြီး ပထမဆုံးအကြိမ် ညစာလိုက် ကျွေးခြင်း ဖြစ်လို့ သူရဲ့စိတ်ရင်းကို ထုတ်ပြလိုက် ခြင်းဖြစ်လိမ့်မည်။
ဖန်သားပြင်ကြီးထဲတွင် ပင်လယ်စာအစုံ အလင်ဖြင့် ပြည့်နေသည်။ ကီလိုအနည်း ငယ် အလေးချိန်ရှိတဲ့ ပုစွန်၊ လက်သီးထက်ကြီးတဲ့ ဘဲဥပုံ ပင်လယ်ခရုများ၊ ကီလိုဂရမ်ကျော် အလေးချိန်ရှိတဲ့ ရေကူးဂဏန်းများ၊ ကင်းမွန်ဘုရင်နဲ့ ပင်လယ်ငါးအမျိုးမျိုးတို့ ကို ပြသထားသည်။
လီချန်လဲ့က ပျော်ရွှင်စွာဖြင့်
“ယောင် အစ်ကို၊ ဒါကျွန်မဒီလိုဈေးကြီးတဲ့ ပင်လယ်စာစားသောက်ဆိုင်ကို ပထမဆုံးအကြိမ် လာဖူးတာပဲ” ဟု ပြောလိုက်သည်။
လျူယောင် က
“လဲ့လဲ့ ပင်လယ်စာ ကြိုက် ရင် ကိုယ် မကြာခဏ ခေါ်လာမယ်လေ " ဟု ပြန်ဖြေ လိုက်သည်။ရယ်မောပြောဆို ရင်း ဒုတိယထပ်သို့ အမြန်တက်ကာ တင်းဝိန် ကြိုတင်မှာယူထားတဲ့ အခန်း တံခါးကို ဖွင့်ဝင် လိုက်ကြသည်။
တင်းဝိန် အတော်ကြာအောင် စောင့်ဆိုင်း နေခဲ့ပြီး လျူယောင်တို့ အဖွဲ့ဝင်လာတာကို မြင်တဲ့အခါ စိတ်အားထက်သန်စွာ ထရပ်ပြီးကုလားထိုင်ကို ဆွဲထုတ်ပေး သည်။
"ယောင် အစ်ကို၊ ထိုင်ပါ"လို့ ပြောပြီးနောက် လီချန်လဲ့အား - “မမကြီး၊ ယောင် အစ်ကိုဘေးနားမှာ ထိုင်ပါ” ဟု ပြောလိုက် သည်။လီချန်လဲ့ က မမကြီးဟု ခေါ်လိုက် တဲ့အခါ မျက်နှာ နီရဲသွားပေမဲ့ သူမစိတ်ထဲတွင်အလွန်ပျော်ရွှင်နေသည်။
တင်းဝိန်က အစားအသောက်နဲ့ ပတ်သက် ပြီး အလွန်ဇီဇာကြောင်ကာ နာမည်ကြီး အစားအသောက်သမားလည်း ဖြစ်သည်။
ဒီလို နာမည်ကြီး အစားအသောက်သမား နဲ့ အတူစားရတာက လူတိုင်းအတွက် ကံကောင်းခြင်းပင်။ဘယ်လိုပဲဖြစ်စေ လျူယောင်က ဒီကြီးမားတဲ့ ညစာက အလွန်လန်းဆန်းစေတယ်လို့ ခံစားရသည်။
ညစာစားပြီးနောက် လျူယောင် နဲ့ ခွဲခွာရန်ပြင်ဆင်နေချိန်တွင် တင်းဝိန် သူရဲ့မိသားစုပန်းနှစ်ပွင့်ကို မမေ့နိုင်သေး ပေ။
"အစ်ကို မမေ့ပါနဲ့၊ အဲဒီနှစ်ခုကို ကျွန်တော့်အတွက် သိမ်းထားရမယ်နော်" ဟု ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
"စိတ်မပူပါနဲ့၊ ငါ သိမ်းထားပေးပါ့မယ်" ဟု လျူယောင် ပြန်ဖြေလိုက်သည်။
ကားထဲဝင်ဖို့ ပြင်ဆင်နေစဉ် လျူယောင် ရပ်တန့်ခဲ့ရသည်။ ထိုအချိန်တွင် ကားများစွာ ရောက်ရှိလာပြီး အားလုံးမှာ ဇိမ်ခံကားများပင်ဖြစ်သည်။
ထိုကားများက စားသောက်ဆိုင်အဝင်ဝ တွင် ရပ်တန့်ခဲ့ပြီး လူအများအပြား အထဲမှဆင်းလာကြကာ လူငယ်တစ်ဦးကို ဗဟိုပြု၍ လူဆယ်ဦးကျော်မှာ လူအုပ်ကြီးထဲကို ပြုံတိုးဝင်လာကြသည်။
"လမ်းဖယ်ပေးပါ။"
"ကျွန်တော်တို့ကို မပိတ်ဆို့ပါနှင့်၊ ဖယ်ပေး ပါ"ထိုအခြွေအရံများ၊ အကူအညီပေးသူ များနဲ့ အလားတူလူများက ရှေ့မှ လမ်းဖွင့် ပေးပြီး သူတို့ရဲ့လေသံမှာ အလွန်မာန ကြီးကာ လုံးဝမထီမဲ့မြင်ပြုပြီး အခြားသူ များကို လမ်းဖယ်ရန် တိုက်ရိုက် ပြောနေ သည်။
လျူယောင်က
"ဒီလူ ဘယ်သူလဲ ဟ။ နာမည်ကြီး မင်းသားတစ်ယောက်များလား" ဟု တိုးတိုးလေး မေးလိုက်သည်။
တင်းဝိန်က "ဒီလောက်သိသာနေတာပဲ ပရိုတွန်အဖွဲ့ရဲ အကြီးဆုံးသား ဖြစ်ပုံရ တယ်" ဟု ဖြေလိုက်သည်။
"မင်းသား တစ်ယောက်ယောက်များလား လို့ ငါ ထင်ခဲ့တာ" ဟု လျူယောင်က အနည်းငယ် မထီမဲ့မြင် ပြောသည်။
ပရိုတွန် ကိုတော့ သိသည်။ ဟွာဟိုင်းမြို့မှ အကြီးဆုံး ပင်လယ်ရေကြောင်း ပို့ဆောင် ရေးအဖွဲ့ကြီး ဖြစ်ပြီး သင်္ဘောပေါင်း ၁၀၀ ကျော် ရှိကာ အဖွဲ့ရဲ့ စုစုပေါင်းပိုင်ဆိုင် မှုက ဘီလီယံ ၁၀ ကျော်ရှိသည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ လျူယောင် က ဒါမျိုးကို လုံးဝမကြိုက်ပေ။
တခြားသူများ ဖြတ်သွားပြီးနောက် လျူ ယောင်က လက်ပြပြီး "လာ၊ ကားပေါ် တက်ကြစို့" ဟု ပြောလိုက်သည်။
တင်းဝိန်က လျူယောင့်ကို နှုတ်ဆက်ကာ သူ့ရဲ့ကားထဲ ဝင်သွားသည်။လျူယောင် နဲ့ လီချန်လဲ့တို့လည်း ကားထဲဝင်ကြပြီး ချက်ချင်းပြန်ရန် မလောကြပေ။
လီချန်လဲ့နဲ့အတူ တစ်နာရီနှစ်နာရီခန့် ဈေးဝယ်ပြီးမှ သူမနေထိုင်ရာ နေရာကို ပြန်ပို့ပေးခဲ့ပြီး လျူယောင် ကုမ္ပဏီကို ပြန်လာခဲ့သည်။ရုံးခန်းထဲ ထိုင်ပြီးနောက် လျူယောင်မှာ တင်းဝိန်နှင့်အတူ ညစာစားခဲ့တဲ့ မြင်ကွင်းကို သတိရကာ ပြုံးမိသည်။
အကြာကြီး မဆုံဖြစ်ခဲ့ပေမဲ့ တင်းဝိန်က ရေရှည် သူငယ်ချင်းဖြစ်နိုင်ကြောင်း လျူယောင် စိတ်ထဲမှ သိနေခဲ့သည်။
ကိုယ်တိုင် ကော်ဖီတစ်ခွက်ဖျော်ပြီးနောက် လျူယောင် စားပွဲပေါ်မှ ဖုန်းကိုယူပြီး ဟူဂျွန်းရှီကို ခေါ်လိုက်သည်။
"ယောင်အစ်ကို၊ ကျွန်တော့်ကို ရှာတာလား"
လျူယောင် ခေါင်းညိတ်လိုက်ပြီး ၂၆ သန်းတန် ငွေသားချက်လက်မှတ်ကို ထုတ်ပြကာ
"ဂျွန်ဇီ၊ ငါ့အတွက် ဇိမ်ခံ ရွက်လှေတစ်စီး သွားဝယ်ပေးပါ"
"ဘာလဲ"
ဟူဂျွန်းရှီက သူနားကြားမှားတာလို့ ထင်ခဲ့ ပြီး ၂၆ သန်းတန် ငွေသားချက်လက်မှတ် ကို ယူပြီးနောက် ပါးစပ်ဟောင်းလောင်း ဖြစ်ကာ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
"အိုး ဘုရားရေ"
"ယောင် အစ်ကို၊ ခင်ဗျား အရမ်းအံ့သြဖို့ ကောင်းတာပဲ။ ဒါက ၂၆ သန်းနော်၂၆၀၀ မဟုတ်ဘူး။"
လုံးဝထိတ်လန့်နေတဲ့ ဟူဂျွန်းရှီကို ကြည့် ရင်း လျူယောင် က ထပ်မံ ပြောလိုက် သည်- “မင်း ကြားတာ မမှားဘူး၊ ဒီ ၂၆ သန်းကို ငါ့အတွက် ရွက်လှေတစ်စီး ဝယ်ပေးပါ
”ယောင်အစ်ကိုက အားကောင်းလိုက်တာ"
ဟူဂျွန်းရှီက လျူယောင်ကို လေးစားစွာ ကြည့်ရင်း “ကျွန်တော့် ကို တကယ် ရွက်လှေတစ်စီးဝယ်စေချင်တာလား”လို့ ထပ်မေးလိုက်သည်။
“ဟုတ်တာပေါ့၊ မင်းကို ပိုက်ဆံမပေးဘူး လား။ မလောက်ရင် ငါ့ဆီက တောင်းပေါ့ ”
ဟူဂျွန်းရှီက အလျင်အမြန် “လုံလောက်ပါတယ်၊လုံလောက်သင့်ပါတယ်” ဟု ပြောလိုက်သည်။ယွမ် ၂၆ သန်းဖြင့် အလွန်ကောင်းမွန်တဲ့ ဇိမ်ခံရွက်လှေတစ်စီး ကို သေချာပေါက် ဝယ်ယူနိုင်ပေသည်။
ငွေသားချက်လက်မှတ်ကို ခိုင်မြဲစွာ ကိုင် ရင်း ဟူဂျွန်းရှီ စိတ်လှုပ်ရှားမှုကို မဖုံးကွယ် နိုင်ခဲ့ပေ။သူ့ရဲ့စိတ်ထဲတွင် အလွန်စိတ် လှုပ်ရှားစွာ တွေးမိခဲ့သည်။ “ယောင်အစ်ကိုက အံ့မခန်းပဲ၊ ကျွန်တော်တို့ အတန်းက ဘွဲ့ရသူတွေထဲမှာ သူက အံ့မခန်းပဲ “လူတိုင်း အလုပ်များပြီး ဖိအားတွေ ကြီးမားနေချိန်မှာ ယွမ်တစ် သိန်း နှစ်သိန်း တန် စကူတာ တစ်စီး လောက်သာဝယ်နိုင်ခဲ့ကြသည်။ဒါပေမဲ့ ကျွန်တော်တို့ အစ်ကိုယောင် ကရော။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဘဝမှာ အောင်မြင်သူတစ်ယောက် ဖြစ်သည်။
“သွား၊ ဖိအားမခံစားပါနဲ့၊ အကောင်းဆုံးကို ရွေးဝယ်ဖို့ ကြိုးစားပါ၊ ပိုက်ဆံက ပြဿနာ မရှိဘူး” လို့ လျူယောင် သတိပေး လိုက် သည်။လျူယောင် ဒီကိစ္စတွင် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိသည်။ ပိုက်ဆံက တကယ်ကို ပြဿနာမဟုတ်ပေ။
ဟူဂျွန်းရှီ ငွေသားချက်လက်မှတ်ကို ထပ်မံကြည့်ပြီးနောက် ခေါင်းကိုအားပါး တရ ညိတ်ကာ
" စိတ်ချပါ အကိုေယာင်ရက်အနည်းငယ် အတွင်း ဇိမ်ခံတစ်စီး ရပါလိမ့်မယ်"ဟု သေချာစွာ ပြောလိုက်သည်။သန်း၂၀ကျော် တန်တဲ့ ရွက်လှေများက အခြေခံအားဖြင့် အဆင့်မြင့် ပုဂ္ဂလိက ရွက်လှေများဖြစ်ပြီး ချမ်းသာသူများစွာအတွက် ပုံမှန် ပစ္စည်း များ ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သတင်း များကို ကြည့်မိ သူတိုင်းမှာ နိုင်ငံ A ရဲ့ မင်းသားအဖွဲ့က ဟွာဟိုင်းမြို့ကို တရားဝင် လာရောက်လည်ပတ်နေကြောင်း သိကြသည်။နိုင်ငံ A ရဲ့ မင်းသား ဟွာဟိုင်း မြို့ကို လာလည်ရခြင်းရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်များကို သာမာန်လူများ သိရှိနိုင်စွမ်း မရှိပေ။
လူတိုင်းစိတ်ဝင်စားတာက A နိုင်ငံ ရဲ့ မင်းသား နှင့် မင်းသမီး ကိုသာ ဖြစ်သည်။
လျူယောင် ဟွားဟိုင်းမြို့ရဲ့ လူစည်ကား တဲ့ လမ်းမပေါ်တွင် ကားမောင်းနေပြီး ဘေးတွင် လီချန်လဲ့ ပါလာသည်။
"ယောင် အစ်ကို၊ ရှေ့က ယာဉ်ကြောထိန်း ချုပ်မှုကို ကြည့်ပါအုံး"တကယ်တော့ လျူယောင်က ရှေ့တွင် ယာဉ်ထိန်းရဲ များ နှင့် ရဲကားများရှိနေတာကို မြင်ပြီးသားဖြစ် သည်။သူတို့ ခဏတာတော့ ဖြတ်သန်းလို မရသေးပေ။
လျူယောင် က ပြုံးပြီး “အရေးကြီးပုဂ္ဂိုလ် တစ်ဦး ဖြတ်သွားတော့မှာကြောင့် ဖြစ်နိုင်တယ်” ဟု ပြောလိုက်သည်။
လီချန်လဲ့က “သတင်းဖတ်လိုက်ရတယ် A နိုင်ငံ ရဲ့ မင်းသားက ကျွန်မ တို့ ဟွာဟိုင်း မြိုကို တရားဝင် လာရောက်လည်ပတ်နေ တာမို့ သူတို့ ယာဉ်တန်း ဖြတ်သွားမှာများ လား မသိဘူး” ဟု ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက် ရှည်လျားတဲ့ ယာဉ်တန်းတစ်ခု ဖြတ်သွား သည်။ရဲကားတစ်စီးက ရှေ့မှလမ်းရှင်းပေး ပြီး နောက်မှ ကားနက်များစွာ လိုက်ပါလာ သည်။အလယ်တွင် အဖုံးဖွင့်ထားတဲ့ ကားတစ်စီးရှိတာကို လျူယောင် ရှင်းရှင်း လင်းလင်း မြင်ရသည်။
ကားပေါ်တွင် ဝတ်ရုံရှည်နှင့် ခေါင်းပေါင်း ပဝါနှင့် လူငယ်တစ်ဦးရှိနေပြီး ဘေးတွင် ရွှေရောင်ဆံပင်နဲ့ လှပတဲ့အမျိုးသမီး တစ်ဦးရှိသည်။ သံသယဖြစ်စရာမရှိပါ၊ ဒီလူငယ်က A နိုင်ငံရဲ့ မင်းသားဖြစ်ပြီး သူ့ဘေးမှ လှပတဲ့အမျိုးသမီးကလည်း မင်းသမီးဖြစ်သည်။
လျူယောင် က
“လဲ့လဲ့ ခန့်မှန်းတာ မမှားဘူး၊ ဒါ A နိုင်ငံ ရဲ့ မင်းသားပဲ”
လီချန်လဲ့လည်း ယာဉ်တန်းကိုကြည့်ကာ စိတ်ဝင်စားစွာဖြင့်- “ A နိုင်ငံ ရဲ့ မင်းသား က ကျွန်မတို့ ဟွာဟိုင်းကို ဒီလောက်အဝေး ကြီး ကနေ ဘာလုပ်ဖို့ လာတာလည်း "
လျူယောင် က
“ရေနံနဲ့ ပတ်သက်တာ ဖြစ်လောက်မယ်။ A နိုင်ငံ က ကမ္ဘာ့အကြီးဆုံး ရေနံထုတ်တဲ့နိုင်ငံ ဖြစ်တာကြောင့် ကိုယ်တို့ ယန်နိုင်ငံက နှစ်စဉ် ရေနံအများကြီး သွင်း ကုန်လုပ်ရတယ်လေ “
“ အဲ့တာကြောင့် ပဲ နေမှာပါ “
လီချန်လဲ့ ကလည်း ဒီမှန်းဆချက်ကို သ ဘော တူပြီး ခေါင်းညိတ်ကာ “ဖြစ်နိုင်ပါတယ်၊ ရေနံကြောင့် တကယ် ဖြစ်နိုင်ပါတယ်” ဟု ပြန်ပြောသည်။
ယာဉ်တန်း လုံးဝထွက်ခွာသွားပြီးနောက် ယာဉ်ထိန်းရဲများက ယာဉ်ကြောထိန်းချုပ် မှု့ကို ဖွင့်ပေးလိုက်ရာ လျူယောင် လည်း ကား ကို ဆက်မောင်းခဲ့လိုက်သည်။
ဒီတစ်ခါတော့ ဆိပ်ကမ်းကို သွားတာ ဖြစ် သည်။