Ch 59
Viewers 5k

အခန်း 59   အလွန်များပြားတဲ့ ဆုကြေး



မနက်မှ ညအထိ။


တစ်နေကုန်နီးပါး လျူယောင် တိရစ္ဆာန် ချပ်ပြားကို အကြိမ်ကြိမ်ဖွင့်ပြီး လိပ်ကြီးရဲ့ အခြေအနေကို စစ်ဆေးခဲ့သည်။

ဒါပေမဲ့ အရည်အချင်းများဖြစ်စေ၊ လိပ်ကြီးရဲ့ ကိုယ်အလေးချိန်ဖြစ်စေ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိခဲ့ေပ။

ဒီလို ယခင်က တစ်ခါမှလည်း မဖြစ်ဖူးပေ။



အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်တွင် ထိုင် ရင်း လျူယောင် စိတ်ဓာတ်ကျနေသည်။

“ဒါဘယ်လိုဖြစ်တာလဲ “


ဒါဟာ လိပ်ကြီးရဲ့ ကန့်သတ်ချက်လား။


စိတ်ပျက်လက်ပျက်ဖြင့် အနည်းငယ် မသက်မသာ ခံစားခဲ့ရသည်။


“လိပ်ကြီး မင်းဘာဖြစ် နေလဲ “

လျူယောင် လိပ်ကြီးနဲ့ ထပ်မံဆက်သွယ် ပြီး အခြေအနေကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။


လိပ်ကြီးက ပြန်ဖြေသည်- "သခင်၊ ကျွန်တော် အစာစားချင်စိတ် ပို ပြင်းထန် လာပြီး မနေ့ကနဲ့ ဒီနေ့မှာ ပုံမှန်ထက် နှစ်ဆ သုံးဆလောက် စားခဲ့ပါတယ်"


“ဒီလောက်စားနိုင်တာ”


လျူယောင် အနည်းငယ် အံ့အားသင့်သွား သည်။ပံုမှန်အားဖြင့် ဒီလောက် များပြားတဲ့ အစာများကို တစ်ရက်တည်း စားနိုင်တဲ့ သတ္တဝါ မရှိေပ။



နေ့စဉ်စားတဲ့ အစားအစာပမာဏက ပုံမှန် ထက် နှစ်ဆ သုံးဆဖြစ်ေနသည်။ ဆိုလို တာက တစ်နေ့ကို အစားအစာ ငါးတန်မှ ဆယ်တန်အထိ စားနေခြင်းဖြစ် သည်။



အံ့အားသင့်ပြီးနောက် လျူယောင် စိုးရိမ်တကြီး ထပ်မံမေးမြန်းခဲ့သည်- "စားနိုင်တာအပြင် တခြားထူးခြားတာ ဘာများရှိသေးလဲ"

လိပ်ကြီးက ခဏ စဉ်းစားပြီး ပြန်ဖြေသည်- "အခု ကျွန်တော် အရမ်းအိပ်ချင်နေတယ်၊ ကောင်းကောင်း အိပ်ချင်တယ်"


လျူယောင်လည်း နားမလည်နိုင်သဖြင့် "အိပ်ချင်ရင် ကောင်းကောင်းအိပ်ဖို့ နေရာရှာပါ" ဟု ပြောရုံသာတတ်နိုင်တော့သည်။

"ကောင်းပါပြီ၊ ကျွန်တော် ကိုယ့်ဘာသာကိုယ် အိပ်ဖို့နေရာ ရှာပါ့မယ်" ဟု လိပ်ကြီးက ပြန်ဖြေခဲ့သည်။



လိပ်ကြီးနဲ့ ဆက်သွယ်မှု ပြီးဆုံးသွားပြီးနောက် လျူယောင် လီချန်လဲ့နှင့် ဖုန်းပြောရင်း အချိန်အတော်ကြာခဲ့သည်။



နောက်တစ်နေ့ မနက်စောစောလျူယောင် နိုးလာတာနဲ့ ပထမဆုံး လုပ်တာက တိရစ္ဆာန်ချပ်ပြားကို ဖွင့်ပြီး လိပ်ကြီးရဲ့ အခြေအနေကို ကြည့်ခြင်းပဲဖြစ်သည်။

ဟင်!


လျူယောင် အနည်းငယ် အံ့အားသင့် သွား သည်။ လိပ်ကြီးရဲ့ အရည်အချင်းများ၊ ကိုယ်အလေးချိန်နဲ့ ကျွမ်းကျင်မှု့များ လုံးဝပြောင်းလဲခြင်း မရှိပေမဲ့ မျိုးပြောင်း လိပ်ကြီး နောက်တွင် အိပ်စက်ခြင်း ဆိုတဲ့ စကားလုံးကို ထည့်သွင်းထားသည်။


ဥပမာ

နာမည်-မျိုးပြောင်းလိပ်ကြီး(အိပ်စက်ခြင်း)


ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးတာကြောင့် လျူယောင် လိပ်ကြီးနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘာတုံ့ပြန်မှု့မှ မရှိခဲ့ေပ။


“ဖြစ်နိုင်ပါ့မလား..”


လျူယောင် ကံကောင်းခြင်း အရိပ်အ ယောင် တစ်ခု မြင်နေရသည်။ဖြစ်ကောင်း ဖြစ်နိုင်တာက လိပ်ကြီး ဒီတစ်ကြိမ် အိပ် ပျော်ခြင်းမှ နိုးထပြီးနောက် အဆင့် တက်ကာ ဆက်လက်ကြီး ထွားလာနိုင် မယ်လို့ ထင်မိသည်။



လျူယောင် စိတ်ထဲတွင် မျှော်လင့်ချက် များ ပြည့်နှက်နေပြီး လိပ်ကြီး နက်ရှိုင်းစွာ အိပ်ပျော်ရာမှ နိုးထလာမှာ ကို မျှော်လင့် နေမိသည်။ယခင် စိတ်ပျက်အားငယ်နေရာ မှ မျှော်လင့်ချက် ရှိလာခဲ့သည်။



ကိုးနာရီဝန်းကျင်တွင် လျူယောင် ကုမ္ပဏီကို ရောက်ရှိလာသည်။


ရုံးခန်း၌ ထိုင်ပြီး မကြာမီပင် ကျိုးယန် တံခါးခေါက်ကာ ဝင်လာသည်။


"သူဌေး၊ မင်္ဂလာနံနက်ခင်းပါ!"


လျူယောင် ခေါင်းညိတ်ပြပြီး 

"ရန်ပုံငွေ ဘီလီယံ ၂၀၀ အကုန် ရောက်ရှိ လာပြီလား"ဟု မေးလိုက်သည်။

ဒါက လျူယောင်ရဲ့ ကုမ္ပဏီအပေါ် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းဖြစ်ပြီး ကုမ္ပဏီကို အောက်ခြေအထိ လှုပ်ခတ်စေပါတယ်။


လျူယောင် က- "ရန်ပုံငွေ 200 ဘီလီယံ ရောက်ပြီးနောက် ဘာဆက်လုပ်မလဲ"လို့ မေး လိုက်သည်။


ကျိုးယန် အချိန်အတော်ကြာအောင် စဉ်းစားထားပြီးပြီ၊ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုကို လုပ်ရန်ဖြစ်သည်။

သူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။


"ကျွန်တော် ကုမ္ပဏီရဲ့ လုပ်ငန်းအတိုင်းအတာကို အမြန်ချဲ့ထွင်ဖို့ စီစဉ်နေပြီး အရည်အချင်းရှိသူတွေကို ခေါ်ယူရုံသာမက သင်္ဘောအုပ်စုကိုပါ ချဲ့ထွင်ဖို့ စီစဉ်ထားပါတယ်"


လျူယောင် က နားထောင်ပြီးနောက် - "လက်ရှိ ဘယ်လမ်းကြောင်းက အမြတ်အများဆုံးလဲ"

ကျိုးယန်က ချက်ချင်း ပြန်ဖြေခဲ့သည်။


 "အရှေ့အလယ်ပိုင်းကို ရေနံပို့တာပေါ့"


လျူယောင်ဆုံးဖြတ်လိုက်သည်။


"ဒါဆိုရင် အနည်းဆုံး တန်ချိန် တစ်သိန်း ဒါမှမဟုတ် အဲဒီထက် ပိုတဲ့ ရေနံတင် သင်္ဘောကြီး နှစ်စင်းလောက် ဝယ်ပြီး အရှေ့အလယ်ပိုင်းခရီး ကိုစမ်းကြည့် ရအောင်"


ကျိုးယန်က သတိပေးပြီး


"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အန္တရာယ် လည်း ရှိပါတယ်  အရှေ့အလယ်ပိုင်းက ဆက်ဆံရေးတွေ ရှုပ်ထွေးပြီး သင်္ဘော အ ချို့ကို အင်အားစုတွေက ဖမ်းဆီးထားနိုင် ပါတယ်"လို့ ပြောလိုက်သည်။


လျူယောင်က "အန္တရာယ်ကို  ငါ မကြောက်ဘူး၊ ပိုက်ဆံရရင်ပြီးရော"

ဟုသာ ပြောလိုက်သည်။




သူတို့နှစ်ဦး ရုံးခန်းထဲတွင် ကုမ္ပဏီရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း စကားပြောနေစဉ် လျူယောင်ရဲ့ ဖုန်းမြည် လာခဲ့သည်။

လျူယောင်ဖုန်း ကိုင်လိုက်တာနဲ့ 

 "မစ္စတာ လျူ ခွင့်လွှတ်ပါ၊ ကျွန်တော် အရှေ့ပိုင်း ရဲငှာနချုပ်က ဂေါ့ဒါကီပါ"


လျူယောင် ရဲများကို သေနတ်များ ဆယ် ယူရန် ကူညီပေးခဲ့စဉ် နှစ်ဦးသား တွေ့ဆုံ ပြီး အဆက်အသွယ်များ ဖလှယ်ခဲ့ ကြ တာကို ချက်ချင်း သတိရလိုက်သည်။



လျူယောင် အနည်းငယ် အံ့အားသင့် သွား သည်။ဂေါ့ဒါကီ က ကိုယ်တိုင် ဖုန်းခေါ်ပြီး ယဉ်ကျေးစွာ ပြောနေသည်။တစ်ခုခုများ ဖြစ်နေပြီလား။

"စီနီယာဂေါ့ မင်္ဂလာပါ၊ အနှောင့် အယှက် မပေးပါဘူး၊ ပြောစရာရှိတာ ပြောပါ"


ေဂါ့ဒါကီ က အဓိပ္ပာယ်မရှိတဲ့ စကား များကို မပြောဘဲ တည့်တိုး ပြောလိုက် သည်- "မစ္စတာ လျူက ရိုးသားသူမို့ ကျွန်တော် တည့်တိုးပဲ ပြောပါ့မယ်"


"ကိစ္စက ဒီလိုပါ၊ A နိုင်ငံရဲ့ မင်းသား အဖွဲ့ ဟာ ဒီရက်ပိုင်း ကျွန်တော်တို့ ဟွာဟိုင်းမြို့ ကို ရောက်နေပါတယ်။ မနေ့က မနက်ပိုင်း မှာ သူတို့ ရွက်လှေနဲ့ ပင်လယ်ထဲ ထွက်ခဲ့ ကြတုန်း မင်းသမီးက လည်ဆွဲတစ်ခု ပင် လယ်ထဲ မတော်တဆ ပြုတ်ကျ သွားခဲ့ ပါတယ်”


"ဒီလည်ဆွဲက အရေးပါရုံသာမက၊မင်းသား နဲ့ မင်းသမီးတို့ရဲ့ စေ့စပ် ပစ္စည်း လည်း ဖြစ်ပြီး တန်ဖိုးလည်း အလွန်ကြီးမား ပါတယ် "နိုင်ငံတကာ ထိပ်တန်း လက်ဝတ် ရတနာပညာရှင်တွေက ဖန်တီးထားတာပါ။ 


လည်ဆွဲပေါ်က မိုးပြာရောင် စိန်တုံးတစ်ခု တည်းကကို အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ကြေးရှိပါတယ်။ လည်ဆွဲတစ်ခုလုံးရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၅၀ ကျော်ပါ တယ်။"

 

 

လည်ဆွဲတစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ တန်တယ်ဆိုတာ ယန်နိုင်ငံ ငွေကြေးနဲ့ ဆိုရင် သန်း ၃၀၀ ဒါမှမဟုတ် သန်းပေါင်း များစွာ တန်ဖိုးရှိတာနဲ့ အတူတူပါပဲ။

ချမ်းသာတဲ့နိုင်ငံဖြစ်တာနဲ့အညီ ပိုက်ဆံ တွေ အများကြီးရှိတာ သဘာဝပါပဲ။



 ဂေါ့ဒါကီ  က ဆက်ပြောသည်- "ဒီလို ကိစ္စကြီး တစ်ခု ဖြစ်လာတော့ ကျွန်တော် တို့ ဟွာဟိုင်း မြို့ခေါင်း ဆောင်တွေက အရေးကြီးတယ်လို့ သဘောထားပြီး ချက်ချင်း ရှာဖွေရေးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပေမယ့် အခုထိ ဘာမှ မတွေ့သေးပါဘူး "



"မင်းသားက ဆုချီးမြှင့်ဖို့ ကြေညာထား ပါတယ် တကယ်လို့ တစ်ဦးတစ် ယောက် ဒါမှမဟုတ် ကုမ္ပဏီတစ်ခုက ဒီလည်ဆွဲကို ဆယ်နိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးဖို့ ဆန္ဒရှိပါတယ်"ဟု ရှည်လျားစွာ ဖြစ်စဥ် ကို ရှင်းပြလိုက်သည်။




လျူယောင်  တကယ့်ကို စိတ်ဝင်စားသွား သည်။ဒါပေမဲ့  ကံမကောင်းတာက လိပ် ကြီးက အိပ်ပျော်နေဆဲဖြစ်ပြီး ဘယ်အချိန် တွင် နိုးလာမလဲဆိုတာ သူ မသိပေ။


ေဂါ့ဒါကီ က 

 "မစ္စတာ လျူ၊ မင်းရဲ့ ကုမ္ပဏီမှာ နက်ရှိုင်း တဲ့ ပင်လယ်ပြင် ကယ်ဆယ်ရေးစွမ်းရည် ကောင်းကောင်းရှိပါတယ်၊ ကြိုးစားကြည့် လို့ရပါတယ်"ဟု ပြောလိုက်သည်။



လျူယောင်  ကျေးဇူးတင်ကြောင်း အလျင်အမြန် ပြောဆိုလိုက်သည်။ "စီနီယာဂေါ့ သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ဂါအိုဒါခဲ က နှိမ့်ချစွာဖြင့် "လက်လှမ်းမီတဲ့ ကိစ္စလေးပါပဲ။တကယ်လို့ ပစ္စည်းကို ရှာနိုင်ခဲ့ရင် အကောင်းဆုံးပါပဲ။ မြို့က ခေါင်းဆောင်ကြီးတွေလည်း  အမြန် ဆုံး ပစ္စည်းကို ရှာတွေ့နိုင်ဖို့ မျှော်လင့်နေ ကြတာပါ"လို့ ပြောလိုက်သည်။


"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ၊ကျွန်

တော် ပြင်ဆင်လိုက်ပါအုံးမယ် “



ဖုန်းပြောပြီးနောက် လျူယောင့် စိတ်ထဲ တွင်

 "ဒေါ်လာ သန်း ၂၀!""ငါသာ ဆယ်ယူနိုင် ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက် မလဲ "တွေးလိုက် မိသည်။

 လိပ်ကြီးက အိပ်ပျော်နေဆဲဖြစ်ပြီး ဘယ်အချိန် နိုးလာမလဲ မသိနိုင်ပေ။



 ဒါ့ကြောင့် ဒေါ်လာ သန်း ၂၀ အတွက် သူ ကိုယ်တိုင် လုပ်ဆောင်ရတော့မည်။

လျူယောင်က  လည်ဆွဲကို ပင်လယ် အောက် မီတာ ၃၀၀ ကျော် အနက် တွင်

ကျပျောက်သွားတဲ့ အကြောင်းနဲ့ မင်း သားက အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုချီးမြှင့်မဲ့ အကြောင်းကို ကျိုးယန်အား အကျဉ်းချုပ် ပြောပြလိုက်သည်။


ပြီးနောက် သူက မှာကြားလိုက်သည်-


 "ပင်လယ်နက် ရေငုပ်ကိရိယာ အစုံတစ်ခု ချက်ချင်း ရအောင်လုပ်ပေးပါ။ငါ အခုပဲ သုံးရတော့မယ်"လျူယောင် ကိုယ်တိုင် ရေငုပ်ပြီး ရှာဖွေရန် စီစဉ်နေခဲ့သည်။


ကျိုးယန်က

  

 “ပစ္စည်းတွေ ကုမ္ပဏီ မှာ အဆင်သင့်ပါပဲ သူဋေး " ဟု ပြန်ဖြေပြီး ယူပေးလိုက်သည်။