Ch 68
Viewers 5k

အခန်း  68  အဲ့ ကုမ္ပဏီ ရဲ့ အချက်အလက် တွေ ငါ့ဆီယူလာခဲ့ 



လီချန်းလဲ့ ရုတ်တရက် မျက်နှာနီမြန်းသွားခဲ့ပြီး “ဝမ်လီ  နင်ရူးနေလား” လို့ ပြောလိုက်သည်။


သူမက အတော်လေး ရှေးရိုးစွဲဆန်သူ တစ်ဦးဖြစ်သည်။ သူမ လျူယောင်ကို အချိန်အတော်ကြာ သိခဲ့ပြီး လျူယောင်ရဲ့ ရည်းစားဖြစ်တာကိုလည်း ဝန်ခံထားတယ် ။  ဒါပေမဲ့ သူမရဲ့ နောက်ဆုံးခံတပ်ကို မချိုးဖောက်ရသေးပေ။ နမ်းရှုပ်ခဲ့ခြင်းမှာလည်း အနည်းအကျဉ်းသာ ရှိသေးသည်။


လျူယောင် ဒီအကြံပြုချက်ကို အလွန်သ ဘော ကျသွားခဲ့သည်။


ဒီလို လှပတဲ့ ရည်းစားကို မရယူချင်ဘူး ဆိုတာ ကတော့ လိမ်တာပဲ ဖြစ်ရမည်။ ဒါပေမဲ့ အတင်း အကျပ် မလုပ်ဆောင်သင့်ပေ။ ဒီအကြောင်းကို ကောင်းကောင်းသိရှိတဲ့ လျူယောင်က


“ခင်ဗျားတို့ကို အိမ်ပြန်မပို့ရင် ဝမ်လီ၊ ခင်ဗျား ဘယ်လိုလုပ် ပြန်မလဲ” ဟု ပြောလိုက်သည်။


ဝမ်လီက ပြုံးပြီး “ကျွန်မကို အိတ်တစ်လုံး ပေးတဲ့အတွက် တက္ကစီနဲ့ပဲ ပြန်လိုက်တော့မယ်။ ရှင်တို့နှစ်ယောက်ကတော့ နှစ်ယောက်တည်း ရှိတဲ့ ကမ္ဘာလေးကို သွားကြတော့” ဟု ပြောလိုက်သည်။


လီချန်းလဲ့က ပို့လို့ပင်  မကျေနပ်ဖြစ်သွားခဲ့ပြီး “ဝမ်လီ  နင် အဲ့လို ထပ်ပြောရင် နင့်ကို စကားမပြောတော့ဘူး” ဟု ပြောလိုက်သည်။



လျူယောင်က ပြုံးပြီး “ချန်းဟူ  အငှားအိမ်ကို သွားလိုက်” ဟု အမိန့်ပေးလိုက်သည်။


လီချန်လဲ့ကို ဟိုတယ်  ခေါ်သွားရန်အတွက် ဒီနေ့က ကောင်းမွန်တဲ့နေ့ မဟုတ်သေးပေ။ ဝမ်လီရဲ့ ရှေ့မှောက်တွင် ဟိုတယ်ကို သွားဖို့ဆိုတာ  ဘယ်လိုမှ  မဖြစ်နိုင်ပေ။ အဲ့လိုသာဆိုရင် လဲ့လဲ့က နောင်တစ်ချိန်မှာ ဝမ်လီရဲ့ ရှေ့မှာ ရှက်ရွံ့နေပေလိမ့်မည်။


ထို့နောက် လျူယောင်က သူတို့နှစ်ဦးကို အငှား အိမ်ကို ပို့ဆောင်ပြီးနောက် နှုတ်ဆက်ကာ ထွက် လာခဲ့သည်။

 

လျူယောင်ထွက်သွားပြီးနောက် ဝမ်လီက


“လဲ့လဲ့ နင် ဟိုတယ်ကို တကယ်မ သွားချင် ဘူး လား။ နင် ကိုယ်တိုင် ကနေ အစပြုမလုပ်ရင် လျူ ယောင်လိုမျိုး ချောမောပြီး ချမ်းသာ တဲ့သူ ကို တခြားမိန်းကလေးတွေက အာရုံစိုက် နေကြ မှာ” လို့ နောက်ပြောင်ကာ ပြောလိုက်သည်။


ဝမ်လီ ခေါင်းခါလိုက်ပြီးနောက် သေးငယ်ပြီး လေးထောင့်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ယူ ကာ  လီချန်လဲ့ရဲ့လက်ထဲ ထိုးထည့်ပေး လိုက် သည်။


“နင် ဒါကို အရင်ဆုံး ကိုင်ထားလိုက်။ အမြန်ဆုံး အသုံးပြုရလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလို ဆက်ဆံရေးမျိုး ဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ စိတ်ချရတယ်” ဟု ပြောလိုက်သည်။

“ဒါက ဘာလဲ”


လီချန်လဲ့ မြင်လိုက်တဲ့အခါ သူမ နားရွက်များက ရှက်ရွံ့စွာ နီရဲသွားခဲ့သည်။


ဒါက အမျိုးသားသုံးကွန်ဒုံးတစ်ခု ဖြစ်နေ ခဲ့ သည်။


ဒီ ဝမ်လီမ  အရမ်းညစ်ပတ်နေတာ မဟုတ်ပါလ ား။


လီချန်လဲ့ မကျေနပ်ဖြစ်သွားပြီး မိန်းကလေး နှစ်ယောက် အချိန်အတော်ကြာ လုံးထွေးကာ ရယ်မောခဲ့ကြသည်။


ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ဝန်ဆောင်မှုများ ကုမ္ပဏီ(Global Ocean Services, Inc.)


ကျိုးယန်က ကျေနပ်နေတဲ့  မျက်နှာဖြင့် ဖုန်းကို ချလိုက်သည်။ ကုမ္ပဏီရဲ့ ပထမဆုံး တန် တစ် သိန်း သင်္ဘောက ရောက်ရှိလာခဲ့ပြီး မကြာမီပင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။


ကုမ္ပဏီက လက်ရှိတွင် တန် တစ်သိန်းအောက်မှ သင်္ဘောများသာ ရှိသည်။ တန် နှစ်သောင်း မှ သုံးသောင်း ကြားရှိတဲ့အစုလိုက်အပြုံလိုက် ကုန်တင်သင်္ဘောများနဲ့ တန် ခုနှစ်သောင်း မှ ရှစ်သောင်း ကြားရှိတဲ့ကွန်တိန်နာ သင်္ဘော တစ်စီးတို့သာ ရှိသည်။



သင်္ဘောကျင်းတွင် သင်္ဘောကြီးများစွာကို မှာ ယူထားပြီးဖြစ်သည်။အဲ့ဒတွေကို  ပြင်းထန်စွာ ဆောက်လုပ်နေကြပြီး ပေးပို့ရန်အတွက် အနည်းဆုံး ၂-၃ လခန့် ကြာမြင့်နိုင်သေးသည်။


လက်ရှိ သင်္ဘောများ အားလုံးမှာ ဒုတိယလ က်ဟောင်း သင်္ဘောများဖြစ်ပြီး   ၇၀-၈၀ ရာခိုင် နှုန်းသာ အသစ်ဖြစ်ပြီး အချို့မှာ ၉၀ ရာခိုင်နှုန်း အသစ်ဖြစ်ကြသည်။ ဒုတိယ လက် ဟောင်း သင်္ဘောများတွင် အား သာ ချက်တစ်ခုရှိသည်။


အဲ့ဒါတွေက အနည်းငယ် ပိုဟောင်းနေ ပေမယ့် လည်း ဈေးနှုန်း သက်သာသည်။ အဓိကအ ချက်မှာ ဒါတွေကို ပြန်ဝယ်ပြီးတာနဲ့ တန်းအ သုံးပြုနိုင်ကာ သင်္ဘောလမ်း ကြောင်းများပြေ းဆွဲနိုင်ခြင်းပင် ဖြစ်သည်။


ကျိုးယန်ရဲ့ စွမ်းရည်က ကောင်းမွန်တာကြောင့် သူ့ရဲ့ စီမံခန့်ခွဲမှုအောက်တွင် ကုမ္ပဏီက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အရာအားလုံးကို စနစ်တကျ စီမံထားသည်။


ဒုံစန်း ရေနက်ဆိပ်ကမ်း


ဒီဆိပ်ကမ်းက ကမ္ဘာ့အကြီးဆုံး ရေနက်ဆိပ်က မ်းများထဲမှ တစ်ခုဖြစ်ပြီး ဟွာဟိုင်းမြို့ရဲ့ အရှေ့ဘက် ၁၀ ကီလိုမီတာကျော်မှာရှိတဲ့ ကျွန်းတစ်ကျွန်းတွင် တည်ရှိသည်။ ဒီကျွန်းကို ဒုံစန်းကျွန်းဟု ခေါ်ပြီး ဆိပ်ကမ်းကိုလည်း ဒုံစန်း ရေနက်ဆိပ်ကမ်းဟု ခေါ်ဆိုကြသည်။



ဆိပ်ကမ်းဧရိယာတစ်ခုလုံးကို  ဒုံစန်းကျွန်း ပင် လယ်ရေပြင်၊ဒုံဟိုင်းတံတားနဲ့ဒုံစန်းဆိပ်ကမ်း ကုန်သွယ်မှု့လွတ်လပ်ခွင့်ဇုန်တို့ဖြင့် ဖွဲ့စည်း ထားသည်။


တစ်နှစ်ကို  ကွန်တိန်နာ တင်ဆောင်နိုင်မှု့မှာ သန်းဆယ်ဂဏန်းအထိ ရှိသည်။ စုစုပေါင်း  ၂၅ စတုရန်းကီလိုမီတာရှိပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီ ဆိပ်ကမ်းဧရိယာ ၄ ခုအဖြစ် ခွဲခြားထားသည်။


ဒုံစန်းဆိပ်ကမ်းမှာ အလွန်ပင် အလုပ်များ နေကြသည်။


ကွန်တိန်နာများကို ကျယ်ဝန်းတဲ့ ဆိပ်ခံတံတ ားပေါ်တွင် တောင်ပုံယာပုံ စုပုံထားပြီး ဆိပ်ခံတံတားဘေးတွင် တန် ၁၀၀၀၀ သင်္ဘောကြီးများ ဆိုက်ကပ်ထားသည်။


အဲ့တည်းတွင် တန် ၂၀၀၀၀၀ ကျော်ရှိတဲ့ ကွန်တိ န်နာသင်္ဘောကြီးများစွာလည်း ပါဝင်သည်။


ပရိုတွန် သမုဒ္ဒရာ သင်္ဘောအုပ်စုရဲ့ အကြီးဆုံ းသား ဖြစ်သူ ရှီလီဘင်းက လူအုပ်ကြီး နှင့် အတူ ဆိပ်ကမ်းဧရိယာတွင် ရောက်ရှိနေပြီး အဓိကအားဖြင့် ပရိုတွန်ရဲ့ လုပ်ငန်းများကို စစ်ဆေးရန် ဖြစ်သည်။



ပရိုတွန်အုပ်စုတွင် သူ့ရဲ့ ရာထူးမှာ ဥက္ကဋ္ဌ လက် ထောက်ဖြစ်ပြီး လူ ၁၀၀၀၀ အထက်တွင် အနည်းငယ်သော သူများသာ ရှိသည်။ သူက အလွန်အစွမ်းထက်ပြီး အတူ လိုက်ပါ လာသူ များက လည်း ပရိုတွန်အုပ်စုမှ လူများအား လုံးနီးပါး ဖြစ်သည်။


“ဘင်းလေး၊ဒါကို မြင်လား။ အဲ့ဒါက ငါ တို့အုပ်စုရဲ့ကွန်တိန်နာ သင်္ဘော ‘ရွှေနွား’ ဖြစ်ပြီးအလျား ၃၂၆ မီတာ၊ အနံ ၅၁ မီတာ၊ ရေစူး ၂၆ မီတာ ရှိတယ်။ စံကွန်တိန်နာ ၁၆၂၃၄ ခုအထိ တင်ဆောင်နိုင်ပြီးတော့ အကြီးဆုံး ကွန်တိန်နာ သင်္ဘော ၂၀ ထဲက တစ်ခုဖြစ်တယ်” လို့ ရှင်းပြနေသည်။



ရှီလီဘင်းနင့်အတူ လိုက်ပါလာသော အလယ်အ လတ်အရွယ် ဒူဂန်ဟွာမှာ ပရိုတွန်အုပ်စုရဲ့ ထိပ် တန်းအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး အုပ်စု တစ်ခုလုံးရှိ သမုဒ္ဒရာသင်္ဘောလုပ်ငန်းများကို တာဝန်ယူထားသူဖြစ်သည်။


မိတ်ဆက်ပေးနေတာကို နားထောင်နေစဉ် ရှီလီ ဘင်းက သိပ်မဝေးတဲ့ ဆိပ်ခံတံတားတွင် ဆိုက် ကပ်ထားသော ရွှေနွားကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။



ဒုံစန်းရေနက်ဆိပ်ကမ်းတွင် ပရိုတွန်အုပ်စုရဲ့သ င်္ဘောကြီးများစွာ ဆိုက်ကပ်ထားသည်။ အချို့သင်္ဘောများက ကုန်ချနေကြပြီး အချို့မှာ ကုန်တင်ရန် ပြင်ဆင်နေကြသည်။


လုပ်ငန်းများမှာ အလွန်ပင် အလုပ်များ နေ သည်။


ပရိုတွန်အုပ်စုရဲ့ သင်္ဘောများကို ခွဲခြားရန် အလွန်လွယ်ကူသည်။ဘာကြောင့်လဲဆိုတော့  ထင်ရှားတဲ့  တံဆိပ် ရှိပြီးသင်္ဘော ကိုယ် ထည်တစ်ခုစီကို  ကြီးမားတဲ့ စာလုံးများကို ရေးထားတာကြောင့် ဖြစ်သည်။



ဥပမာအားဖြင့် ရွှေနွား ရဲ့သင်္ဘော ကိုယ်ထည် တွင် ရွှေနွား ဆိုပြီး  ကြီးမားတဲ့ စာလုံးနှစ်လုံးကို ရေးသားထားတာက  အလွန်ပင် မျက်စိပသာဒ ဖြစ်စေခဲ့သည်။


ရုတ်တရက် ရှီလီဘင်း ရပ်တန့်သွားပြီး အဝေးမှ သင်္ဘောတစ်စီးကို လက်ညှိုးထိုးကာ



“အဲ့ဒီသင်္ဘောက ဘယ်ကုမ္ပဏီကလဲ!အဲ့လောက် တောင် ကြီးတာ၊ အနည်းဆုံး တန် ၁၅၀၀၀၀ လောက် ရှိမယ်” ဟု ပြောလိုက်သည်။



အဲ့ဒါက ကုန်တင်သင်္ဘောကြီးတစ်စီးဖြစ်ပြီး ရွှေနွားထက် သေးပေမဲ့ သင်္ဘောအများစုထက် ပိုကြီးပြီး တန် ၁၅၀၀၀၀ ရှိလောက်သည်။


ဒူဂန်ဟွာက


 “အဲ့ဒါက ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှုများ ကုမ္ပဏီရဲ့ သင်္ဘောပါ။ မနေ့ကမှ ရောက်လာတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။


“ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှုများ ကုမ္ပဏီလား”



ရှီလီဘင်းက  ဒီကုမ္ပဏီအကြောင်းကို ဒုတိယ အကြိမ် ကြားရခြင်းဖြစ်ပြီး “ဒီကုမ္ပဏီက ဘယ် လို ကုမ္ပဏီမျိုးလဲ။ ဟွာဟိုင်းမြို့က သမုဒ္ဒရာ သင်္ဘောကုမ္ပဏီပဲလား” ဟု မေးမြန်း လိုက် သည်။



ဒူဂန်ဟွာက “ဟုတ်ပါတယ်။ ဟွာဟိုင်းမြို့က သမုဒ္ဒရာ ပို့ဆောင်ရေးကုမ္ပဏီပါ။ တည်ထောင် တာ မကြာသေးပေမယ့် တိုးတက်မှုက အရမ်းမြန်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။


သူက အခြေအနေကို အကျဉ်းချုပ် ရှင်းပြ လိုက်သည်။


နားထောင်ပြီးနောက် ရှီလီဘင်းက 

“ဟွာဟိုင်းမြို့မှာ ကျွန်တော်တို့ ပရိုတွန်က သမုဒ္ဒရာသင်္ဘောလုပ်ငန်းမှာ ဦးဆောင် သူဖြစ်ပြီး ဘယ်ကုမ္ပဏီကမှ ဒီနေရာကို မထိခိုက်နိုင်ဘူး ."


“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဘင်းလေး ပြောတာ မှန်ပါတယ်” ဟု ဒူဂန်ဟွာက ထပ်ခါတလဲလဲ ပြောလိုက်သည်။


ခဏတာ တွေးပြီးနောက် ရှီလီဘင်းက 

“ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှုများ ကုမ္ပဏီရဲ့ အသေးစိတ် အချက်အလက်တွေကို ငါလိုချင်တယ်။ ဒီနေ့ ငါ့စားပွဲပေါ် ရောက်နေရမယ်” လို့ အမိန့်ပေးလိုက်သည်။



ဘေးမှ အလယ်အလတ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးက အမြန်ပင် သဘောတူလိုက်သည်။


ရှီလီဘင်း ပရိုတွန်ကုမ္ပဏီကို  ပြန်ရောက် တဲ့အ ခါ ည ၁၀ နာရီ ရှိပြီဖြစ်သည်။



သူက ရုံးခန်းထဲ ဝင်ကာ သူဋေးကုလားထိုင်တွင် ထိုင်လိုက်ရာ  စားပွဲပေါ်တွင် စာရွက်စာတန်း များကို  တွေ့လိုက်ရသည်။ သူက အဲ့ဒါတွေကို ယူပြီး ဖတ်လိုက်သည်။


တဖြည်းဖြည်း ရှီလီဘင်းရဲ့ မျက်လုံးများ အ နည်းငယ် မှုန်မှိုင်းလာခဲ့သည်။


အချက်အလက်များကို ဖတ်ကာ စား ပွဲပေါ် တင်လိုက်ပြီးနောက် ရှီလီဘင်း စိတ်ထဲတွင်


“ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှုများ ကုမ္ပဏီက အရမ်းမြန်မြန် တိုးတက်နေတယ်။ ဒါက ငါတို့ ပရိုတွန်အတွက် မကောင်းတဲ့ အရာ ပဲ။ ငါက သူတို့အတွက် ပြဿနာနည်းနည်း လောက်တော့ ဖန်တီးပေးရမယ်” လို တွေးမိ လိုက်သည်။