Ch 82
Viewers 5k

အခန်း 82.  ယွမ် 10 သန်း တံခါးဝကိုရောက် လာခြင်း 



နောက်တစ်နေ့တွင် လီချန်လဲ့ ငှားထားတဲ့အိမ်ကို အရင်လိုက်လိုက်ပို့ပြီးနောက် လျူယောင် ကုမ္ပ ဏီကို သွားရန် ပြင်လိုက်သည်။



ကုမ္ပဏီရဲ့ ပထမဆုံးအလုံးရေ ၁၀၀,၀၀၀ တန် ရေနံတင်သင်္ဘောမှာ ယနေ့ရောက်ရှိ လာတော့ မည် ဖြစ်သည်။



"လဲ့လဲ့၊ အစ်ကိုလိုက်ပို့ပေးမယ်"



လီချန်လဲ့က



"မလိုပါဘူး၊ ကျွန်မတစ်ယောက်တည်း သွားလို့ ရပါတယ် အစ်ကို ကုမ္ပဏီကို အရင်သွားပါ၊ ကျွန်မကို စိတ်မပူပါနဲ့"


ခဏ တုံ့ဆိုင်းပြီးနောက် လှေကားအောက်ကို ရောက်နေပြီဖြစ်တဲ့ လီချန်လဲ့က ဓာတ်လှေက ားစီးကာ အပေါ်ကိုတက်သွားတော့မှာကို မြင်လိုက်ရတာကြောင့်  လျူယောင် ခေါင်း ညိတ် ပြလိုက်သည်။



လျူယောင်ကို အံ့အားသင့်စေတာက ဓာတ် လှေကားထဲ မဝင်မီ လီချန်လဲ့က လျူယောင်ရဲ့ ပါးကို ဦးစွာနမ်းလိုက်ခြင်းပင်။ ထိုအရာကြောင့် လျူယောင် ချက်ချင်း အံ့အားသင့် သွားခဲ့ သည်။


နမ်းပြီးနောက် သူမက ပျော်ရွှင်စွာဖြင့် ချက် ခြင်း ဓာတ်လှေကားထဲ ပြေးဝင်သွားသည်။ သေချာကြည့်ရင် သူမရဲ့နားရွက်များ အနည်း ငယ်နီနေတာကို တွေ့နိုင်သည်။




ဒါက သူတို့နှစ်ဦးတွေ့ဆုံပြီးနောက် လျူယောင် ကို သူမကိုယ်တိုင် တက်ကြွစွာနမ်းလိုက်တဲ့ ပထ မဆုံးအကြိမ်ဖြစ်သည်။



သူ့ရဲ့ပါးကိုထိလိုက်ရာ အထိအတွေ့က အခုထိ ရှိနေသေးတယ်လို့ ထင်ရသည်။ 



လျုယောင်ပြုံးလိုက်ပြီး


"မနေ့ညက လျူလန်နဲ့ ဘာတွေပြော နေလဲမသိ ဘူ၊ဒီနေ့ သူမ ပိုတက်ကြွနေတယ်လို့ ခံစား ရ တယ်"ဟု ပြောလိုက်သည်။


တစ်မိနစ်၊ နှစ်မိနစ်ခန့်ကြာအောင် ထိုနေရာတွင် ရပ်နေပြီးနောက် လျူယောင် ပျော်ရွှင်စွာဖြင့် ကုမ္ပဏီသို့သွားခဲ့သည်။




လီချန်လဲ့ ငှားနေတဲ့အိမ်ထဲ ဝင်သွားပြီး တံခါးဖွ င့်လိုက်တဲ့အခါ ဝမ်လီက ဧည့်ခန်း ထဲတွင် ရှိနေပြီး အပြင်မထွက်သေးတာကို အနည်းငယ် အံ့အားသင့်သွားသည်။



လီချန်လဲ့ဝင်လာတာကို မြင်တော့ ဝမ်လီ ချက် ချင်းထရပ်ကာ နောက်ပြောင်ပြီး



"လဲ့လဲ့၊ နင်မနေ့ကတစ်ညလုံးပြန်မလာဘူး နင်လျူယောင်နဲ့ ဟိုတယ်ကိုသွားခဲ့တာလား"


လီချန်လဲ့ မျက်နှာ အနည်းငယ်နီရဲသွားပြီး


 သူမက လျင်မြန်စွာ



"မဟုတ်ဘူး၊ နင်ဘာတွေတွေးနေတာလဲ၊ ငါတို့ဟိုတယ်မသွားခဲ့ဘူး"


ဝမ်လီက ဆက်လက်မေးလိုက်သည်။


"နင်ဟိုတယ်ကို မသွားခဲ့ရင် နင်မနေ့ညက လျူယောင့်အိမ်မှာနေခဲ့တာပေါ့"



"နင်ကတကယ်ပဲ၊ ဘာလို့ ဒီလောက် အများကြီးမေးနေတာလဲ"ဟု ပြောလိုက်သည်။



ဝမ်လီက လျှောက်လာပြီး စိတ်ဝင်တစားဖြင့်

"အဲဒါ လျူယောင့်ရဲ့အိမ်လား  ငါအရင်တစ်ခါ နင့်ကိုပေးထားတဲ့ TT ကို သုံးပြီးပြီလား"



လီချန်လဲ့ ရှက်ရွံ့သွားပြီး သူမရဲ့အခန်းကို အမြန်ပြန်သွားတော့သည်။




မကြာသေးမီကပင် ကျောက်ကျန့်ဗြောင် ရဲ့ ဘဝ အဆင်ပြေနေသည်။။ သူက ဘုန်းအာ နုဘော်များဖြင့် ပြန်လည်မွေးဖွားလာခဲ့သလို ပင်။ 



သူဋေးအတွက် လိုအပ်တဲ့စားပွဲကို ပေးပို့ပြီးဖြ စ်သည်။ ထိုစားပွဲရဲ့ မျက်နှာပြင်ကို ရွှေရောင် နန်းမူတစ်ဖဲ့လုံးဖြင့်ပြုလုပ်ထားပြီး သူဋေးက

လည်း အလွန်ကျေနပ်အားရခဲ့သည်။ဒီအရေး ကြီးတဲ့ဖြစ်ရပ် ပြီးဆုံးခြင်းအပြင် များပြားလှတဲ့ 

ကျန်းစီနန်းနှင့် ဟွမ်ဟွာလီတို့ကြောင့် ဟွန်တာ အဖွဲ့တစ်ခုလုံးကို စက်မှုလုပ်ငန်းတွင် လူအများ ပြောဆိုနေကြပြီး လုပ်ဖော်ကိုင်ဖက်များစွာရဲ့ မနာလိုခြင်းကိုခံခဲ့ရသည်။




ဟွန်တာအုပ်စုက စက်မှုလုပ်ငန်းတွင် သြဇာ လွှမ်းမိုးမှု့ ပိုမိုတိုးတက်လာခဲ့ပြီး ဒီတန်ဖိုးရှိ တဲ့သစ်သားများ ဝယ်ယူရန်အတွက် ယွမ် ၂ ဘီလျံကျော် အသုံးပြုခဲ့သည်။


ငွေအများအပြားကုန်ကျခဲ့တယ်လို့ ထင်ရပေမဲ့  ကျောက်ကျန့်ဗြောင် ကမူ နှစ်ဆပြန် ရလိမ့်မယ် ဆိုတာ သေချာသိနေသည်။




ရုံးခန်းထဲတွင် အလယ်အလတ်အရွယ် အမျိုး သားတစ်ဦး ထိုင်နေသည်။ သူက ကျောက် ကျန့်ဗြောင် ရဲ့ သူငယ်ချင်းဖြစ်သူ ကျိုးကျိန်းမ င်ဖြစ်သည်။ သူတို့နှစ်ဦးက ဒီနေရာတွင် လက် ဖက်ရည်သောက်ရင်း စကားပြောနေကြသည်။



ကျိုးကျိန်းမင်က ချမ်းသာကြွယ်ဝပြီး ဟွာဟိုင်းမြို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွင်၊ အထူးသဖြင့် ပြုပြင်မွမ်းမံမှုနယ်ပယ်တွင် အလွန်ဩဇာကြီးမားပြီး နာမည်ကြီးသူဖြစ်သည်။ သူရဲ့ကုမ္ပဏီတောင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မှုခံခဲ့ရသည်။



"အစ်ကိုကျိုး၊ ဒီနေ့ ကျွန်တော့်နဲ့အတူထိုင်ဖို့ အချိန်ဘယ်လိုရလာတာလဲ"

သူငယ်ချင်းရဲ့မေးမြန်းမှုကို ရင်ဆိုင်တဲ့အခါ ကျိုးကျိန်းမင်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ


"ကျွန်တော်ခက်ခဲတဲ့ကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်၊ အစ်ကိုကျောက်၊ ခင်ဗျားမှာ နည်းလမ်းမျိုးစုံရှိတယ်၊ ကျွန်တော့်ကို အဖြေတစ်ခုရှာပေးနိုင်မလားဆိုတာ သိချင်တယ်"ဟု ပြောလိုက်သည်။


ကျောက်ကျန့်ဗြောင် က


"ခင်ဗျားရဲ့ကိစ္စက ကျွန်တော့်ကိစ္စပါပဲ ကျွန် တော်ကူညီနိုင်သရွေ့ အတတ်နိုင် ဆုံးလုပ် ပေးပါ့မယ်၊ ပြောပါ၊ ဘာကိစ္စလဲ"


ကျိုးကျိန်းမင်က.



"ကျွန်တော်တို့ရဲ့ စက်ကိရိယာပြုပြင်မှု့ စွမ်းရည်တွေကို တိုးတက်စေဖို့အတွက် RB ကနေ တိကျမှုမြင့်မားတဲ့ စီအန်စီ စက်ကိရိယာ  ၂ လုံးကို ဝယ်ယူခဲ့တယ် ကျွန်တော် ပစ္စည်းတွေ ဝယ်ခဲ့ပေမဲ့ ပြန်ပို့လို့မရဘူး၊ တကယ်ကို စိတ်ပူပ န်နေပါတယ်"


"အိုး၊ ဒီလိုကိစ္စလည်းရှိတာကိုး သင်္ဘော လုပ်င န်းက အခုအရမ်းတိုးတက်နေပြီ ဒါကြောင့် ပြန်ပို့နိုင်မှာပါ"


ကျောက်ကျန့်ဗြောင်အနည်းငယ်ရှုပ်ထွေးနေသည်။



"အစ်ကိုကျောက်၊ ခင်ဗျားက ကျွန်တော်တို့ လုပ်ငန်းကို မလုပ်ဘူးဆိုရင် နားလည် နိုင်မှာ မဟုတ်ပါဘူး နိုင်ငံအများအပြားက တိကျမှု့ မြင့်မားတဲ့ စီအန်စီစက်ကိရိယာတွေကို ကျွန် တော်တို့ဆီတင်ပို့ဖို့ တားမြစ်ထားတယ်၊ RBနိုင်

ငံ လည်း အဲဒီထဲမှာပါဝင်နေပါတယ်"



ကျောက်ကျန့်ဗြောင်  က ခေါင်းညိတ်လိုက် သည်။ 


တင်ပို့ခွင့်တားမြစ်ထားတာကြောင့် ပြန်ပို့လို့မ ရနိုင်တော့ချေ။


ကျိုးကျိန်းမင်က ဆက်လက်ပြောသည်။



"ပစ္စည်းဝယ်ပြီးနောက် အထူးလမ်းတွေကနေ ပြန်ပို့ဖို့ မူလက စီစဉ်ထားပေမဲ့ သင်္ဘောကုမ္ပဏီ

အများအပြားကို ဆက်သွယ်ပြီးနောက် သူတို့က ဒီလိုအန္တရာယ်မျိုးကို မလုပ်ရဲကြဘူး"


အထူးလမ်းဆိုတာက တရားမဝင် တင်သွင်းခြ င်းဖြစ်သည်။

.

"ကျွန်တော်က သင်္ဘောတင်ခကို ယွမ် (၅) သန်း အထိတောင် တိုးပေးခဲ့ပေမဲ့ ကုမ္ပဏီ တစ်ခု မှ ဒီအလုပ်ကို မလုပ်ရဲကြဘူး၊ အခုတော့ ကျွန် တော်က ပေါ့ဆခဲ့ပြီလို့ ထင်ပါတယ်"


ကျောက်ကျန့်ဗြောင်  တိတ်တဆိတ်အံ့အား သင့်သွားသည်။ 



သယ်ယူပို့ဆောင်ရေးစရိတ်တစ်ခုတည်းက စက်တစ်ခုအတွက် ယွမ် ၅သန်းကုန် ကျတာ ဆို ရင် စက်နှစ်ခုအတွက် ယွမ် ၁၀ သန်းဖြစ်သွား မည် မဟုတ်ပါလား။



"အစ်ကိုကျိုး စုစုပေါင်း ဘယ်လောက် ကုန်ကျ ခဲ့လဲ၊ သင်္ဘောတင်ခက အရမ်းမြင့်နေတာပဲ"



ကျိုးကျိန်းမင်က



"ဒါက အရမ်းတိကျတဲ့ စီအန်စီစက် ကိရိယာ တစ်မျိုးပဲ၊ RBရဲ့ နောက်ဆုံးပေါ်ထုတ် ကုန် ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ စက်ကိရိယာတိကျမှုကို ကိုယ်စားပြုတယ်၊ ဒီစက်နှစ်လုံးကို ဝယ်ဖို့ ကျွန်တော် ယွမ် သန်း  ၅၀နီးပါး ကုန်ကျခဲ့ ပါတယ်"



ယွမ် သန်း (၅၀) နီးပါး စက်တစ်ခုစီကို ယွမ် သန်း (၂၀) ကျော်ကျသည်။ တကယ်ကို စျေးကြီးလှပေသည်။



ကျိုးကျိန်းမင်က ငွေအများအပြားဖြင့် ဝယ်ခဲ့ခြ င်းဖြစ်တာကြောင့် တကယ့်စျေးနှုန်းထက် ပိုမျာ းနိုင်သည်။ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်စေ ယွမ် သန်း ၂၀ ကျော်တန်တဲ့ စီအန်စီစက်ကိရိယာက တကယ်ကိုဈေးကြီးလှပြီး စက်ရဲ့တိကျမှု့ အရည်အသွေးအလွန်မြင့်မား နိုင်လောက်မည်။



ကျိုးကျိန်းမင်က မျှော်လင့်ချက်ဖြင့်


"ဒီစက်နှစ်လုံးနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ပြုပြင် မွမ်းမံမှုစွမ်းရည်ကို တိုက်ရိုက်တိုး တက်စေ နိုင်တယ်၊ အဲ့စက်ရဲ့ တိကျမှုကြောင့် မပြုပြင် နိုင်တဲ့ အစိတ်အပိုင်းများစွာကို ပြုပြင်နိုင်ပါ လိမ့်မယ်"



မျှော်လင့်ချက်များပြည့်နေစဉ်တွင် သူ ညင်သာ စွာသက်ပြင်းချလိုက်သည်။ကံမကောင်းစွာနဲ့ ပဲ ဒီစက်နှစ်လုံးကို ပြန်ပို့လို့မရနိုင်ပေ။



သူရဲ့သူငယ်ချင်းကြီး သက်ပြင်းချနေတာကို မြင်သောအခါ ကျောက်ကျန့်ဗြောင်လည်း စဉ်းစားခန်းဝင်သွားပြီး မကြာမီတွင် သူဘေး က  Global ကုမ္ပဏီကို သတိရလိုက်သည်။



"အစ်ကိုကျိုး ကျွန်တော့် ဘေးမှာ Global သင်္ဘောဝန်ဆောင်မူ့ ကုမ္ပဏီ ရှိတယ် ကျွန်တော် က အဲဒီကုမ္ပဏီရဲ့သူဋေး ဆက်ဆံရေးကောင်း ပါတယ်၊ ကျွန်တော်သွားပြီး ခင်ဗျားအတွက် မေးကြည့်ပေးမယ်"


ကျိုးကျိန်းမင်ရဲ့စိတ်နှလုံးထဲတွင် မျှော်လင့် ချက်များ ဝင်လာသည်။



"အစ်ကိုကျောက် ဒီကိစ္စကို ခင်ဗျားကိုပဲ အပ် ပါတယ်"


"ဘာလို့ယဉ်ကျေးနေကြတာလဲ၊ ကျွန်တော် အခု ပဲ မစ်စတာလျူကိုသွားမေးလိုက်ပါဦးမယ် ခင်ဗျား ကျွန်တော့်သတင်းကောင်းကို စောင့်နေပါ"




သူတို့နှစ်ဦး ထိုရုံးခန်းမှ အတူတူ ထွက်သွားခဲ့

ကြသည်။ ကျောက်ကျန့်ဗြောင်က ဘေးက Global ကုမ္ပဏီသို့သွားခဲ့ပြီး ကျိုးကျိန်းမင်ကမူ ဧည့်ခံခန်းတွင် လက်ဖက်ရည် သောက် ကျန်ခဲ့ သည်။



မကြာခင်က  ကျိူးယန်မှာ  ကုမ္ပဏီရဲ့ ပထမဆုံး အလုံးရေ ၁၀၀,၀၀၀ တန် ရေနံတင် သင်္ဘော က ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားကြောင်း လာ ရောက် သတင်းပို့ခဲ့သည်။ပြင်ဆင်မှု့ အချို့ပြု လုပ်ပြီးနောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှိသရွေ့ အရှေ့အလယ်ပိုင်း သို့မဟုတ် အခြား နေရာများသို့ ရေနံစိမ်းသယ် ယူပို့ဆောင်ရန် သွားရောက်နိုင်သည်။



ခဏကြာပြီးနောက် ရုံးခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။



တံခါးတွန်းဖွင့်ပြီး ဝင်လာသူမှာ ကျောက်ကျန့်         ဗြောင် ဖြစ်နေတာကြောင့် လျူယောင် အနည်း ငယ်အံ့အားသင့်သွားသည်။


"အကိုကျောက် ကိုယ်တိုင်လာတာပါလား၊ ထိုင်ပါခင်ဗျား"



သူတို့နှစ်ဦး အရင်ကတည်းက ဆက်ဆံရေးကေ ာင်းခဲ့တာကြောင့် အလွန်ပေါ့ ပေါ့ပါးပါးပင် ဖြစ်သည်။



ခဏတာစကားပြောပြီးနောက် ကျောက်ကျန့် ဗြောင်က သူလာရတဲ့ အကြောင်းရင်းကို ရှင်း ပြလိုက်သည်။


လျူယောင်က ဘာတွေဖြစ်နေလဲဆိုတာကို သိလိုက်ပြီး RBမှ တိကျမှုမြင့်မားတဲ့ စီအန်စီစ က်ကိရိယာနှစ်လုံးကို ပြန်ပို့ ဆောင် ပေးခြင်း အတွက် ဆုကြေးမှာ ယွမ်  ၁၀  သန်းဖြစ် ကြောင်း သိလိုက်သည်။



လျူယောင် က



 "ယွမ်  ၁၀ သန်း တံခါးဝကို ရောက်ရှိလာခြင်း

မှာ အလွန်ပင် ကောင်းလှပေတယ် “လို တွေးမိ

လိုက်သည်။