အခန်း 93. စိန်မရှိရင် ကြွေအလုပ် မလုပ် နိုင်ဘူး
'ဟိုမှာ လာနေပြီ "
ချန်းဟူ မျက်စိက ကောင်းတာမို့လို့ ရဟတ်ယာဉ်ပေါ်မှ တာနာကာဖောင်ဒေးရှင်း အမှတ်တံဆိပ်ကို မြင်ပြီးသား ဖြစ်သည်။
ရဟတ်ယာဉ်မှာ ဝေးကွာရာမှ အနီးကို ရောက်လာပြီးနောက် Global သင်္ဘောပေါ်က ရဟတ်ယာဉ်ဆင်းသက်ရာနေရာတွင် ဆင်းသက်လာခဲ့သည်။
လူသုံးဦး ရဟတ်ယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီး အလယ်အလတ်ပိုင်းအရွယ် ခေါင်းဆောင်ဖြစ်သူ အမျိုးသားက တာနာကာအဖွဲ့ကိုယ်စား လျူယောင်နဲ့ မျက်နှာချင်းဆိုင် စကားပြောရန် ရောက်လာခဲ့တဲ့ ကီမူရာပဲ ဖြစ်သည်။
'မစ်စတာလျူ ကျွန်တော်က ကီမူရာပါ။ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး'ဆိုပြီး လျူယောင့်ကို
ဦးညွတ် နူတ်ဆက်လိုက်သည်။
လျူယောင်က လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်ထုတ်လိုက်ပေမဲ့ မထင်မှတ်ဘဲ အခြားတစ်ဖက်က အရင် ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်နေသည်။
'ကျွန်တော်က Global က လျူယောင်ပါ'
လျူယောင် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်လိုက်ပေမဲ့ ပြန်လည်အရိုအသေပြုရန်အတွက် ဦးညွှတ်ခြင်း မပြုခဲ့ပေ။ RB လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းများနဲ့ တကယ်တမ်း မရင်းနှီးခဲ့ပေ။
နှစ်ဖက်စလုံး ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက်လျူယောင် ဦးဆောင်မှု့နဲ့အတူ Global သင်္ဘောပေါ်တွင် ကြိုတင်ပြင်ဆင်ထားတဲ့ အခန်းထဲ ဝင်ရောက်ခဲ့ကြသည်။
နှစ်ဖက်စလုံးအတူတကွ ထိုက်လိုက်ကြသည်။
စကားစမြည် အတန်ကြာ ပြောပြီးနောက် လျူယောင်က ကီမူရာဟာ ယဉ်ကျေးမှုအပြည့်အဝ ဖြင့် ဟန်ဆောင်နေပေမဲ့ အမှန်တကယ်တွင် မာန်မာနကြီးပြီး အထင်သေးတဲ့ ပုံစံ ရှိနေကြောင်း ခံစားမိသည်။
လျူယောင် အနည်းငယ် ပြုံးလိုက်ပြီး စိတ်ထဲကနေ
'အခုတော့ မာန်မာနကြီးချင် ကြီးပါစေ ခင်ဗျားတို့ နောက်မှ အလျှော့မပေးဘူးဆိုတာ မယုံဘူး' လို့ တွေးမိလိုက်သည်။
စကားအနည်းငယ် ပြောဆိုပြီးနောက် နှစ်ဖက်စလုံး အဓိက အကြောင်းအရာကို ရောက်ရှိလာခဲ့ကြသည်။
ကီမူရာက
'မစ်စတာလျူ !ခင်ဗျားတို့က အဲ့ဒီဧရာမ ငါးမန်းကို အမဲလိုက်နိုင်မယ့် အစွမ်းအစ တကယ်ရှိပါတယ်နော်' လို့ မယုံံမသလို မေးလိုက်သည်။
လျူယောင်က
" ဟုတ်ပါတယ် "
'ကျွန်တော်တို့ ယန် နိုင်ငံမှာ စကားပုံတစ်ခု ရှိတယ် " စိန်မရှိရင် ကြွေအလုပ် မလုပ်နိုင်ဘူးတဲ့" ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့မှာ ယုံကြည်မှု့ အပြည့် ရှိတယ်'လို့ ပြန်ဖြေလိုက်သည်။
'ကောင်းပြီလေ ခင်ဗျားတို့ကုမ္ပဏီက အဲ့ဒီဧရာမ ငါးမန်းကို သုံးရက်အတွင်း သတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ ဒေါ်လာ သန်း ၂၀၀ ပေးဖို့ ဆန္ဒရှိပါတယ် ဒါပေမဲ့ စာချုပ်တော့ ချုပ်ရလိမ့်မယ် တကယ်လို့ သုံးရက်အတွင်း သတ်နိုင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ ခင်ဗျားတို့ ကုမ္ပဏီက လျော်ကြေး ပေးဆောင်ရမှာဖြစ်တယ်' လို့ ကီမူရာက အချက်ကျကျ ပြောလိုက်သည်။
ဒါက တာနာကာအဖွဲ့က အကြီးအကဲများရဲ့ အမိန့်ဖြစ်ရမည်။လျူယောင်တို့ သုံးရက်အတွင်း ဧရာမ ငါးမန်းကို သတ်နိုင်ရင် အကောင်းဆုံးလို့ သူတို့ယူဆခဲ့ကြသည်။ Global ကုမ္ပဏီက ၅ ရက်အတွင်း ဒါမှမဟုတ် ၇ ရက်လောက် အချိန်ကြာမယ် ဆိုပါက ဆု ကြေးကို သေချာပေါက် လျှော့ချပစ်မှာပဲဖြစ်သည်။
တာနာကာအဖွဲ့ကြီးက ဒေါ်လာ သန်း၂၀၀ လို ဆုကြေးမြင့်မြင့်ကို အလွယ်တကူ ပေးလိမ့်မည် မဟုတ်ပေ။
လျူယောင် ယုံကြည်မှု့ အပြည့်နဲ့ ပြုံးလိုကိပြီး
'စာချုပ်ကို လက်မှတ်စထိုးတဲ့ အချိန်ကနေ သုံးရက်အတွင်းဆိုတာ ပြဿနာမရှိဘူး တကယ်လို့ သုံးရက်အတွင်း အဲ့ဒီ့ဧရာမ ငါးမန်းကို မသတ်နိုင်ခဲ့ရင် လျော်ကြေး ပေးရမှာလည်း ပြဿနာ မရှိပါဘူး' ဟု ပြန်ဖြေလိုက်သည်။
'ကောင်းပြီလေ ဒါဆိုရင် ကျွန်တော်တို့ အခုပဲ စာချုပ် လက်မှတ်ထိုးလိုက်ရအောင်'
ကီမူရာက စာချုပ်ကိုပါ တစ်ခါတည်း ယူလာခဲ့ပြီး အနည်းငယ်သာ ဖြည့်စွက်ရုံနဲ့ နှစ်ဖက်စလုံး လက်မှတ်ထိုးနိုင်ပြီ ဖြစ်သည်။
ထိုအချိန်တွင် လိပ်ကြီးက လျူယောင်ကို မထင်မှတ်ပဲ စတင် ဆက်သွယ်လာခဲ့သည်။
'သခင်ရေ ကျွန်တော် အဲ့ဒီဧရာမငါးမန်းကို တွေ့ပြီ ဒါပေမဲ့ သူက ကျွန်တော့်ကို မတွေ့သေးဘူး။ ကျွန်တော် တိတ်တိတ်လေး နောက်ကလိုက်ရမလား'
'ဘာ!?'
" ဒီငါးမန်းကို တွေ့ပြီလား "
လျူယောင် အံ့အားသင့်သွားသည်။ လိပ်ကြီးရဲ့ လက်ရှိတည်နေရာက ခုနေရာကနေဆို ရေမိုင် ၁၀၀ ၂၀၀ လောက် ဝေးနေဆဲ ဖြစ်ပြီး အဲ့ဒီ့ဧရာမ ငါးမန်းကြီးက ထိုဝေးလံတဲ့ နေရာကို ရောက်ရှိနေခဲ့သည်။
ငမန်းစုတ်က တကယ်တမ်း ရှာဖွေရခက်ခဲပေသည်။အစက ဒီရေပိုင်နက်တွင် ပေါ်လာလိမ့်မယ်လို့ လျူယောင် ယူဆထားခြင်း ဖြစ်သည်။
လျူယောင် အလျင်အမြန် အမိန့်ပေးလိုက်သည်။
'လိပ်ကြီး အရင်ဆုံး တိတ်တိတ်လေး လိုက်နေ ဒီကောင် မင်းကို မတွေ့စေနဲ့ ငါ့အမိန့်ကို စောင့်ပြီးမှ လှုပ်ရှားနော် "
လိပ်ကြီးက ယုံကြည်မှုအပြည့်ဖြင့် 'သခင်ရာကျွန်တော်က မတွေ့စေချင်ရင် ဒီကောင် ကျွန်တော့်ကို ရှာတွေ့မှာ မဟုတ်ဘူး'လို့ ပြန်ပြောလိုက်သည်။
လိပ်ကြီးကို အမိန့်ပေးပြီးနောက် လျူယောင် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။လိပ်ကြီးက ဒီ ဧရာမငါးမန်းကို တိတ်တိတ်လေး လိုက်နေတဲ့အတွက် ကိုယ့်အိတ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူသလို ဖြစ်နေသည်။
တာနာကာအဖွဲ့ကြီးက ကြီးမားတဲ့ အဖွဲ့ကြီးဖြစ်ပြီး ချမ်းသာကြွယ်ဝပေသည်။
သူတို့က ဒေါ်လာ သန်း ၂၀၀ ဈေးနှုန်းကို သဘောတူခဲ့ကြပေမဲ့ စာချုပ်လက်မှတ်ထိုးပြီးနောက် သုံးရက်အတွင်း ဒီဧရာမငါးမန်းကို သတ်ရန်သာ တောင်းဆိုခဲ့သည်။
တကယ်လို့ တစ်ရက်!နှစ်ရက် အတွင်း သတ်နိုင်တယ် ဆိုပါက မည်သို့ ဖြစ်မည်နည်း။
လျုယောင် ဒီကိစ္စကို စိတ်ထဲက တွေးမိပြီး
'တကယ်တော့ ကျွန်တော်တို့ရဲ့ အစွမ်းအစနဲ့ဆို သုံးရက်တောင် မလိုပါဘူး တစ်ရက် နှစ်ရက်ဆို ရင်တောင် လုံလောက်တယ်'
ကီမူရာက သူ မှားယွင်း ကြားမိတာလို့ ထင်ပြီး အံ့အားသင့်သွားသည်။
သူက မယုံကြည်နိုင်တဲ့ လေသံဖြင့် 'ခင်ဗျား တကယ်ပဲ အဲ့ဒီဧရာမ ငါးမန်းကို တစ်ရက်အ တွင်း သတ်နိုင်တာလား'ဟု ထပ် မေးလိုက်သည်။
'သေချာတယ် ' လျူယောင်က ယုံကြည်မှု့အ ပြည့်နဲ့ ပြန်ဖြေလိုက်သည်။
လျူယောင်က ဒီဧရာမ ငါးမန်းကို သူတို့ တစ်ရက်တည်း သတ်နိုင်ခဲ့ရင် သူတို့တာနာကအဖွဲ့က ဒေါ်လာ သန်း ၂၀၀ မဟုတ်ဘဲ သေချာ ပေါက် ပို မြင့်မားစွာ ပေးမှာကို သိရှိထားသည်။
ဒါ့ကြောင့် လျူယောင်က ဈေးနှုန်းကို ထပ်ခေါ်လိုက်သည်။
'အဲ့ဒီဧရာမ ငါးမန်းကို နှစ်ရက်အတွင်း သတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဒေါ်လာ ၂၅၀ သန်း လိုအပ်တယ် ၂၄ နာရီအတွင်း သတ်ဖို့အတွက်ဆို ဒေါ်လာ ၃၀၀ သန်းထက် မနည်းရဘူး'
"ဒေါ်လာ သန်း ၃၀၀!"
ဈေးက နည်းနည်းတော့ များသွားပြီလို့ ကီမူရာက ရေရွတ်ပြီး
'မစ်စတာလျူ၊ ဈေး အရမ်းများတယ်ဗျာ'
လျူယောင် ခေါင်းယမ်းပြီး - 'ဒေါ်လာ သန်း ၃၀၀ တစ်ပြားတစ်ချပ်မှ မလျှော့နိုင်ဘူး၊ ကျွန်တော်တို့က ဈေးဆစ်တာကို လက်မခံဘူး'လို့ ပြန်ပြောလိုက်သည်။
'အိုး!'
ကီမူရာ ခဏ တွေဝေသွားသည်။
ဈေးဆစ်ဖို့ နေရာမရှိဘူး နာမည်ကြီး တာနာကာအဖွဲ့ကြီးက ဘယ်လိုလဲ?ဒီ ဧရာမငါးမန်းကို ၂၄ နာရီအတွင်း ကျွန်တော် တစ်ယောက်တည်းသာ သတ်နိုင်တာကိုး.! လျူယောင်မှာ ဒါက ရောင်းသူ ဈေးကွက် ဖြစ်ကြောင်း သိရှိထားသည်။
ခဏ တွေဝေပြီးနောက်ကီမူရာက ' မစ္စတာလျု ဒီကိစ္စကို ကျွန်တော် ဆုံးဖြတ်လို့ မရဘူး ကျွန် တော် ဖုန်းဆက်ပြီး အထက်ကို ညွှန်ကြားချက် တောင်းရမယ်'လို့ ပြောလိုက်သည်။
လျူယောင်က 'ဆက်လို့ရပါတယ် ' ဆိုတဲ့ အမူအရာ ပြသခဲ့သည်။
ကီမူရာ ဖုန်းဆက်ရန် အပြင်ဘက်ထွက်သွားပြီး ၁၀ မိနစ်ကျော်ကြာ ဖုန်းပြောခဲ့သည်။ သူ ပြန်ဝင်လာတဲ့ အခါ၊ သူ့ရဲ့ အမူအရာတစ်ခုလုံး ပြောင်းလဲခဲ့သည်။ဒီတစ်ခါတော့ မာန်မာနလုံးဝမရှိဘဲ အလွန်အမင်း စိတ်အားထက်သန်နေသည်။
'မစ္စတာလျူ ကျွန်တော်တို့ ဒေါ်လာ သန်း ၃၀၀ ဈေးနှုန်းကို လက်ခံနိုင်ပါတယ် ဒါပေမဲ့ ခင်ဗျားတို့ဘက်က ဒီဧရာမ ငါးမန်းကို ၂၄ နာရီအတွင်း သတ်နိုင်မယ်ဆိုတာ အာမခံရမယ်'
လျူယောင် က - 'ဟုတ်ကဲ့၊ ပြဿနာမရှိဘူး။ ခင်ဗျား အခုပဲ စာချုပ် လက်မှတ်ထိုးနိုင်တယ်။ ကျွန်တော်တို့ ဧရာမ ငါးမန်းကို အောင်မြင်စွာ သတ်ပြီးရင် ဒီ ဒေါ်လာ သန်း ၃၀၀ ကို ၂၄ နာရီအတွင်း ကျွန်တော့်ကုမ္ပဏီအကောင့်ကို လွှဲပေးရမယ်'
'ဟုတ်ကဲ့ အဆင်ပြေပါတယ် "ကီမူရာလည်း အဆင်သင့်စွာ ပြန်ဖြေခဲ့သည်။
ခဏအကြာ နှစ်ဖက်စလုံးက Global သင်္ဘောပေါ်တွင် တရားဝင်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြသည်။ကီမူရာက လျော်ကြေးကို ဒေါ်လာ သန်း ၃၀၀ သတ်မှတ်ရန် တောင်းဆိုခဲ့ပြီး လျူယောင်ကလည်း ဝမ်းမြောက်စွာ သဘောတူခဲ့သည်။
လျော်ကြေးလား ထိုအရာက မဖြစ်နိုင်ပေ။
စာချုပ် လက်မှတ်ထိုးပြီးနောက် ကီမူရာက ပြန်ရန် ရည်ရွယ်ချက်မရှိခဲ့ပေမဲ့ လျူယောင်က ဧည့်သည်ကို ပြန်ရန် သူ့လူများကိုအမိန့်ပေးလိုက်သည်။ အမဲလိုက်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို လျှို့ဝှက်ရမှာဖြစ်ပြီး.ဒီဧရာမငါးမန်းကို အမဲလိုက်ပြီးနောက်မှ စစ်ဆေးဖို့ အကြောင်း ကြားမယ်လို့ ကီမူရာကို အခိုင်အမာ ပြောလိုက်သည်။
ကီမူရာဟာ ဒီဧရာမငါးမန်းကို Global က ၂၄ နာရီအတွင်း ဘယ်လိုနည်းလမ်းနဲ့ သတ်မလဲဆိုတာ ဒီမှာနေပြီး ကြည့်ရှု့ချင်ခဲ့သည်။
ဒါပေမဲ့ သူ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ဘဲ သူ့ရဲ့ ရဟတ်ယာဉ်မှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
ချန်းဟူ ဘယ်လိုမှ မခံစားနိုင်တော့ပေ။ သူ ခုနက အချိန်တစ်လျှောက်လုံး စကားမပြောဘဲနေခဲ့ပြီး သူ့ မျက်နှာက အလွန်တည်ငြိမ်နေခဲ့သည်။ဒါပေမဲ့ သူ သည်းခံရန် ကြိုးစားနေခဲ့ပေမဲ့ အမှန်တကယ်တွင် နှစ်လုံးတစ်ခုလုံးက ခုန်ပေါက်နေပြီး ဖြစ်သည်။
"ဒေါ်လာ သန်း ၃၀၀!"
ဒါက များပြားလှတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်သည်။
ချန်းဟူက ဒီလို များပြားတဲ့ ပမာဏကို လျူယောင် တစ်နာရီပင် မကြာပဲ ဖြေရှင်းခဲ့တာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ပို မယုံနိုင်စရာကောင်းတာက ကီမူရာဟာ လုပ်ငန်းစဉ်တစ်လျှောက်လုံး ဈေးမဆစ်ခဲ့ခြင်းပဲ ဖြစ်သည်။
ကီမူရာရဲ့ အမူအရာက စတင်တွေ့ဆုံချိန်တွင် မာန်မာနကြီးခဲ့ရာမှ သူ ထွက်ခွာသွားချိန်တွင် နိမ့်ကျသွားခဲ့ပြီး သူ နောက်ထပ် ဦးညွှတ်ခြင်းပင် မပြုတော့ဘဲ ရောမလူမျိုးလို ပြုမူကာ လက်ဆွဲနှုတ်ဆက်တဲ့ ယဉ်ကျေးမှုဖြင့် လျူယောင်ကို နူတ်ဆက်ခဲ့သည်။
ချန်းဟူက မယုံနိုင်သော လေသံဖြင့် - 'ဘုရားရေဒေါ်လာ သန်း ၃၀၀ စာချုပ်ကို အခုလေးတင်ပဲ လက်မှတ်ထိုးလိုက်ပြီ သူဋေး ခင်ဗျား အရမ်း အစွမ်းထက်လွန်းတယ်ဗျာ "
ချန်းဟူက ဆက်ပြောလိုက်ပြီး
'သူဋေး ဒေါ်လာ သန်း ၃၀၀ ကြီးတောင် ဒီ RB လူမျိုးတွေက တကယ် ပိုက်ဆံတွေ အများကြီး ရှိတာပဲ၊ သူတို့က စာချုပ်ကို အခုပဲ လက်မှတ်ထိုးခဲ့တာ'ဟု အံ့အားသင့်စွာ ပြောလိုက်သည်။
ဒေါ်လာ သန်း ၃၀၀ တန် စာချုပ်က လျူယောင်ကို ပျော်ရွှင်စွာ ပြုံးနိုင်လောက်အောင် လုံလောက်ခဲ့သည်။
လျူယောင်က ' ငါတို့ရဲ့ စွမ်းဆောင်ရည်ကို သူတို့ သဘောကျလို့ပါ ဒါ့အပြင် သူတို့မှာ ဖိအားတွေ အများကြီး ရှိနေတယ်။ သူတို့က အဲ့ဒီဧရာမ ငါးမန်း ဒီလိုပဲ ဆက်ပြီး ဒုက္ခပေးနေတာကို မလိုချင်တော့ဘူး။ဒါအမှန်ပဲ ငါတို့ အစောဆုံး အဆုံးသတ်နိုင်လေ၊သူတို့အတွက် ပိုကောင်းလေပဲ' ဟု ပြန်ဖြေလိုက်သည်။
ဒေါ်လာ သန်း ၃၀၀ က လူအများစုအတွက် မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်ပေမဲ့ တာနာကာဖောင်ဒေးရှင်းအတွက် ဒေါ်လာ သန်း ၃၀၀ ဖြင့် ဒီလို ခက်ခဲတဲ့ ကိစ္စကို ဖြေရှင်းနိုင်ရန် အစွမ်းအစရှိပြီး သူတို့က လက်ခံရန် ဆန္ဒရှိခဲ့သည်။
ချန်းဟူ ခဏမျှ စဉ်းစားပြီး စိတ်ထဲတွင်
"ငါကတော့ ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာကို နားမလည်ဘူး ငါသာဆိုရင် ဒီဧရာမ ငါးမန်းကို အမဲလိုက်ဖို့ ဒေါ်လာ သန်း ၃၀၀ သုံးရမှာကို နှမြောမိမှာပဲ" လို့ တွေးမိခဲ့သည်။