Ch 97
Viewers 5k

အခန်း 97  ခေတ်သစ်  သံမဏိသင်္ဘော ပျက်


လျူယောင်က ဒါဟာ  ရှေးဟောင်းသင်္ဘောပျက်ဖြစ်ပါက ပိုကောင်းကြောင်းနဲ့ အထဲတွင် တန်ဖိုးကြီးပစ္စည်းများစွာ ရှိနေမလားဆိုတာ သိလိုခဲ့သည်။


ရှေးဟောင်းပစ္စည်းများ ရွှေနဲ့ ငွေ ဆို ပိုတောင်ကောင်းလိမ့်မယ် လျူယောင်  ခုအချိန်တွင် ပိုက်ဆံလိုအပ်သည်။ တိကျစွာပြောရရင် Global ကုမ္ပဏီက ပိုက်ဆံများစွာ လိုအပ်သည်။



လျူယောင်ရဲ့ အစီအစဉ်အရ ကုမ္ပဏီရဲ့ပထမအဆင့်တွင် ဧရာမရေနံတင်သင်္ဘော ဒါဇင်နဲ့ချီ တည်ဆောက်ရန်ဖြစ်ပြီး ဖြစ်နိုင်ရင် တန်ချိန် တစ်သိန်း  ရှိတဲ့ရေနံတင်သင်္ဘောကြီးများ ဒါမှ မဟုတ် တန်ချိန်  တစ်သိန်းထက် ပိုတဲ့ သင်္ဘောများ ဝယ်ရန်ဖြစ်သည်။



ရန်ကောင်းဂရုနဲ့ ပူးပေါင်းဆောင်ရွက်ထားသ ဖြင့်၊ ရေနံစိမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် စိတ်ပူစရာမလိုတော့ပေ။ဒီအဖွဲ့အစည်းတစ်ခုတည်းကပင် ပြည်ပမှ ရေနံစိမ်း တန်ချိန် သန်းရာနဲ့ချီကာ သယ်ယူပို့ဆောင်နေရသည်။


ရေနံတင်သင်္ဘောတိုင်းမှာ ဈေးမပေါပေ။လက်ရှိ ဈေးနှုန်းများအရတန်ချိန် တစ်သိန်း ရေနံ တင်သင်္ဘောကြီးတစ်စင်း ဈေးနှုန်းမှာ သန်းရာနဲ့ချီ ရှိသည်။ရေနံတင်သင်္ဘော ဒါဇင်နဲ့ချီပြီး ဝယ်ယူလိုပါက မဖြစ်နိုင်တဲ့  ပမာဏတစ်ခု ဖြစ်လိမ့်မယ် လို့ လျူယောင် စိတ်ထဲတွင် တွေးနေမိသည်။



'သခင်ရေ ကျွန်တော် ရောက်ပြီ ဒီနေရာမှာ သင်္ဘောပျက် ရှိတယ်ဆိုတာ ကျွန်တော် မှတ်မိတယ်'လို့ လိပ်ကြီးက ဆက်သွယ်လာသည်။


လျူယောင် ပြန် ဆက်သွယ်လိုက်သည်။


'ငါ မင်းကို မြင်နေရပြီ နစ်မြုပ်နေတဲ့ သင်္ဘောကို မြန်မြန်ရှာ ဘယ်လို သင်္ဘောပျက်မျိုးလဲဆိုတာ ငါ ကြည့်ချင်တယ်' ဟု ဖြစ်သည်။



လိပ်ကြီးက ပင်လယ်အောက်ကြမ်းပြင်တွင်  ချက်ချင်း ရှာဖွေခဲ့သည်။ ပင်လယ်အောက်ကြမ်းပြင်မှာ မပြန့်ပြူးပဲ နေရာတိုင်းတွင် ကျောက်တုံးကြီးများရှိပြီး  ချိုင့်ဝှမ်းများဖြင့် ပြည့်နေပုံရတဲ့ တောင်ငယ်လေးများလည်း ရှိသည်။



ဒါက ဧရာမငါးမန်း  လိပ်ကြီးကို ရှောင်တိမ်းရန်အတွက် ဒီရှုပ်ထွေးတဲ့  မြေမျက်နှာပြင်များကို အသုံးပြုလိုရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်သည်။


လိပ်ဘုရင်မှာ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ တည်နေရာမှာ ပြန့်ပြူးနေတဲ့ မြေကွက်လပ်လေး ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။



 လျူယောင်က တတိယအမြင်မှတဆင့် ပင် လယ်အောက်ကြမ်းပြင်မှ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ပြီး မှောင်မိုက်ခြင်း လုံးဝမရှိပေ။


ဒါက ပြင်ပအမြင်ဖြစ်နေပေမဲ့ ဘယ်လောက်မှောင်မိုက်နေပါစေ  အနည်းငယ်ပင် ထိခိုက်မှု့ မရှိပေ။


'လိပ်ကြီး၊ ရှေ့မှာ မြေပြန့်တစ်ခု ရှိတယ် သင်္ဘော ပျက်နဲ့တူတာ တစ်ခုခု ရှိနေပုံရတယ် သွားပြီး ကြည့်လိုက်ပါဦး'


လိပ်ကြီး နစ်မြုပ်နေတဲ့ သင်္ဘောအနီးကို ရောက်လာတဲ့အခါ၊ လျူယောင် ဒါကို ရှင်း ရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။



သင်္ဘောက ပင်လယ်အောက်ကြမ်းပြင်တွင် လဲလျောင်းနေပြီး သင်္ဘောကိုယ်ထည်တစ်ခုလုံးတွင် နူံးများ ဖုံးလွှမ်းနေကာ  သံချေးထူထူများတက်နေပြီး အချို့နေရာများတွင် အလွန် ပဲ့ပျက်နေသည်။



ရိုးရိုးသားသားပြောရရင် လျူယောင်အနည်း ငယ် စိတ်ပျက်မိသည်။ လိပ်ကြီးက ရှေးဟောင်းသင်္ဘောပျက် ဥပမာအားဖြင့် သစ်သားသင်္ဘောကြီးတစ်စင်းကို ရှာတွေ့ရန် သူ မျှော်လင့်နေခဲ့သည်။


သူ့ ရှေ့တွင်ရှိတာက သံမဏိသင်္ဘောပျက်ဖြစ်ပြီး  မြင်ကွင်းအရ ခေတ်သစ် တန်ချိန် ထောင်ချီရှိတဲ့ သင်္ဘောပျက်တစ်ခုပဲ ဖြစ်သည်။ဒီတန်ချိန်က  သေးငယ်တာလည်း မဟုတ် အထူးတလည် ကြီးမားတာလည်း မဟုတ်ပေ။



'ခေတ်သစ် သင်္ဘောပျက်လား အထဲမှာ ဘာတွေရှိလဲ' လို့ လျူယောင် ရေရွတ်လိုက်သည်။



လိပ်ကြီးက  အရမ်းကြီးမားလွန်းသဖြင့် သင်္ဘောပျက်ထဲသို့ လုံးဝ ဝင်လို့မရတာဝမ်းနည်းစရာပင်။


လိပ်ကြီး ဧရာမ လှံကို ကိုင်ထားရင်း တက်တက်ကြွကြွနဲ့  'သခင်  ကျွန်တော် ဒီသင်္ဘောကို ဖျက်ပစ်လိုက်ရမလား 'လို့ ပြောလိုက်သည်။


လျူယောင် အနည်းငယ် တွန့်ဆုတ်သွားသည်။ တကယ်လို့  သင်္ဘောပျက်က သစ်သားဖြင့် ပြုလုပ်ထားပါက လိပ်ကြီး မိနစ်ပိုင်းအတွင်း ပုံစံများစုံ ဖျက်ချနိုင်မှာပဲ  ဖြစ်သည်။ဒါပေမဲ့  သံမဏိနဲ့  ပြုလုပ်ထားတဲ့ ခေတ်သစ်သင်္ဘော ပျက်ကို  ဖျက်ရန်အတွက်မူ အားစိုက်ထုတ်ရလိမ့်မည်။



'မင်း အရင်ဆုံး စမ်းကြည့် ဖြုတ်လို့မရဘူးဆိုရင် ငါ နည်းလမ်းရှာပေးမယ်'လို့ ပြန်ဖြေလိုက်သည်။


လျူယောင်ရဲ့ သဘောတူညီချက်ဖြင့်  လိပ်ကြီးဧရာမလှံကို ကိရိယာအဖြစ် သုံပြီး တန်ချိန် ထောင်နဲ့ချီ ရှိတဲ့ သင်္ဘောပျက်ကို ဖျက်ချရန် စတင်ခဲ့သည်။



'ဒုန်း!'


လိပ်ကြီးရဲ့ ဧရာမလှံက သင်္ဘောပျက်ကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားပြီးအပေါက်ကြီးတစ်ပေါက် ဖြစ်လာခဲ့သည်။



ထို့နောက်  ရိုက်ချခြင်း၊ ထိုးဖောက်ခြင်းနဲ့ လက်သည်းများ သုံးကာ  ဆုတ်ဖြဲခြင်း၊ ဆွဲထုတ်ခြင်း စတဲ့  နည်းလမ်းများကိုပင် လိပ်ကြီး အ သုံးပြုခဲ့သည်။


နာရီဝက်ကျော်ကြာ လုပ်ဆောင်ပြီးနောက် အကျိုးသက်ရောက်မှု မကောင်းခဲ့ပေ။



လျူယောင်  ပြင်ပအမြင်မှတဆင့် ရှင်းရှင်း လင်းလင်း မြင်နိုင်ခဲ့ပြီး  ဖျက်ချတာက တိုးတက်မှု့ အများကြီး မရှိကြောင်း တွေ့ခဲ့ရသည်။ဒီလို  ကြမ်းကြမ်းတမ်းတမ်း ဖျက်ချတာက သင်္ဘောထဲရှိ တန်ဖိုးရှိတဲ့ ပစ္စည်းများကို ထိခိုက်စေနိုင်သည်။



လျူယောင် နောက်ဆုံးတော့ လိပ်ကြီးကို ရပ်ခိုင်းလိုက်သည်။


'လိပ်ကြီး ရပ်လိုက် ဒီလို ဖျက်ချတာ ကောင်းတဲ့ နည်းလမ်း မဟုတ်ဘူး ငါ စဉ်းစားကြည့်ပါဦးမယ်'


လိပ်ကြီးမှာ သခင်ရဲ့ စကားအရ ရပ်လိုက်ပြီး


'သခင်  ဒါဆို ကျွန်တော် သခင်ရဲ့ သတင်းကို စောင့်နေပါ့မယ် ကျွန်တော် ဒီပင်လယ်ပြင်မှာ အခုရက်ပိုင်း လှုပ်ရှားနေတာ ကျွန်တော်  ဒီသင်္ဘောပျက်ကို ကြည့်ထားပေးပါ့မယ်' ဟု ပြောလိုက်သည်။


'ကောင်းပြီ ဒါဆို မင်း ဒီဧရိယာမှာပဲ နေ၊ ငါ ကောင်းတဲ့ နည်းလမ်းတစ်ခု ရှာကြည့်မယ်' ဟု လျူယောင်က ပြန်ပြောလိုက်သည်။


ဒါက  ခေတ်သစ်သံမဏိသင်္ဘောပျက်တစ်ခု ဖြစ်ပေမဲ့  လျူယောင် ဒီအတိုင်း လက်မလျော့ချင်ပေ။ အထဲတွင် တန်ဖိုးရှိတဲ့ ပစ္စည်းများ ရှိနေပါက မည်သို့ ဖြစ်မည်နည်း။


လိပ်ကြီး သင်္ဘောပျက်ထဲ ဝင်ရောက် ရှာဖွေရန်အတွက် အရမ်းကြီးမားနေသည်။


'ဟုတ်သားပဲ ငါ ဝင်လို့ရတာပဲ ငါ့ဘာသာ ရေထဲဆင်းပြီး ကြည့်လိုက်ရင် ကောင်းမလား'ဟု လျူယောင်တွေးလိုက်သည်။



" ဒီနေရာရဲ့ ရေအနက်က မီတာ ၆၀၀ ! ၇၀၀လောက် ရှိတာ ဒီကြီးမားတဲ့ ရေဖိအားကို ငါ ခံနိုင်ရည်ရှိပါ့မလား "


ဒါ့အပြင် မီတာ ၆၀၀ !၇၀၀ အနက်ရှိ ပင်လယ်ရေအောက်ကြမ်းပြင်မှာ အမှောင်ထုဖုံးလွှမ်းနေပြီး လက်ချောင်းများပင်  မမြင်နိုင်ပေ။



သင်္ဘောပျက်ရဲ့ အပြင်ဘက်တွင် လိပ်ကြီးနေသည်။


သင်္ဘောပျက်ရဲ့  အတွင်းပိုင်းကို  ကိုယ်တိုင်ဝင်ရောက်နိုင်ပေမဲ့ တကယ်လို့  လိပ်ကြီး အပြင်ဘက်တွင် ရှိနေရင်  ပြင်ပအမြင်က အသုံးမဝင်ဘဲ သူ့ရဲ့ မျက်လုံးများပေါ်တွင်သာ မှီခိုနေရလိမ့်မည်။



သင်္ဘောပျက်ရဲ့  အတွင်းပိုင်းတွင် အမှောင်ထုဖုံးလွှမ်းနေတာကြောင့် အတွင်းပိုင်း အခြေအနေက ပိုမို ရှုပ်ထွေးနိုင်ပြီး အလင်းရောင်ရဖို့ လိုအပ်သည်။


လျူယောင် များစွာ တွေးတောနေခဲ့သည်။ ဒီလို အခြေအနေတွင်  သူ သင်္ဘောပျက်ရဲ့ အတွင်းပိုင်းကို ကိုယ်တိုင် ဝင်ရောက် ရှာဖွေရမှပဲ ဖြစ်သည်။


   တကယ်တမ်း ဒီရေအနက်ထဲ ဆင်းခဲ့ရင် ကြို တင်ပြင်ဆင်မှု့များ  ပြုလုပ်ရန် လိုအပ်သည်။



ညနေပိုင်းတွင် လျူယောင်တို့ သင်္ဘောက ဟွာဟိုင်းမြို့ကို ပြန်ရောက်လာခဲ့သည်။


ပြန်ရောက်ပြီးနောက်  သူ ကုမ္ပဏီသို့ ရောက်ရှိပြီး ပထမဆုံး လုပ်ခဲ့တာက ကျိုးယန်ကို ရုံးခန်းထဲ လာရန် ခေါ်ခြင်းပဲ ဖြစ်သည်။



'သူဋေး ကုမ္ပဏီကို ဒီလောက်မြန်မြန် ရောက်လာတာလား' ဟု ကျိုးယန် ရုံးခန်းထဲ ဝင်လာခဲ့ပြီး တန်းမေး လိုက်သည်။


ယခုအချိန်က နေ့လယ်ပိုင်းဖြစ်ပြီး သင်္ဘော ဆိပ်ကမ်းကို ရောက်တာ  တစ်နာရီကျော်သာ ရှိသေးသည်။


သူက သူဋေးဟာ အိမ်ကို  အရင်ဆုံး ပြန်ပြီး အနားယူကာ  နောက်နေ့မှ ကုမ္ပဏီကို လာမယ် လို့ ထင်ထားခဲ့သည်။


လျူယောင်က - 'ငါ သင်္ဘောပေါ်ကနေ ဆင်းလာပြီး ကုမ္ပဏီကို တန်းလာခဲ့တာ'လို့ ပြန်ဖြေလိုက်သည်။



ကျိုးယန် သိသိသာသာ ပျော်ရွှင်နေသည်။


"သူဋေး ဒေါ်လာ သန်း ၃၀၀ ကို ဘယ်လို သုံးစွဲမလဲ' လို့ ပျော်ရွှင်စွာ မေးလိုက်သည်။



ခုအချိန်အထိ  သူ အိပ်မက်မက်နေတာလို့ ခံစားနေရသည်။ သူဋေး ရက်အနည်းငယ် ထွက်သွားခဲ့ပြီးနောက် ဒေါ်လာ သန်း ၃၀၀ ကို ရရှိခဲ့သည်။


သန်း ၂၀ မဟုတ်၊ သန်း ၂၀၀ ပင် မဟုတ် ဒေါ်လာ သန်း ၃၀၀ ပဲဖြစ်သည်။



လျူယောင် ပိုက်ဆံကို ဘယ်လို  သုံးရမလဲဆိုတာကို  စဉ်းစားပြီးသား ဖြစ်သည်။


'မစ္စတာကျိုး ဒီပိုက်ဆံကို ကုမ္ပဏီရဲ့ အရွယ်အစား ချဲ့ထွင်ဖို့နဲ့ ကုမ္ပဏီ အင့်အားမြှင့်တင်ဖို့ အဓိက သုံးမယ်။ ဒါ့အပြင် ကျွန်တော်တို့က ရေနံတင်သင်္ဘောကြီးအချို့ ဝယ်ယူဖို့လည်း အသုံးပြုမယ် " လို့ လျူယောင် ပြန်ဖြေလိုက်သည်။



ကျိုးယန်က


'သဋေးက ဒီလိုပြောလိုက်တော့ ပိုက်ဆံကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကျွန်တော် နားလည်သွားပြီ'


လျူယောင် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး၊ 'မင်း ကိုင်တွယ်ဖို့ လိုအပ်တဲ့ အလုပ်တစ်ခု ရှိတယ်' ဟု ပြောလိုက်သည်။



ကျိုးယန်က အလျင်အမြန် ပြောလိုက်ကာ'သူဋေး ကျွန်တော့်ကို အမိန့်ပေးရုံပါပဲ  ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်' ပြန် ပြောလိုက်သည်။


လျူယောင်က  'ဒီလောက်ကြီး အရေးကြီးတာ မဟုတ်ပါဘူး ငါ  ရေနက်ပိုင်း ရေငုပ်ဓာတ်မီး တစ်လက် လိုအပ်တယ်။ အဲ့တာက မီတာ ၈၀၀ အနက် ရေဖိအားကို ခံနိုင်ရည်ရှိရမယ်'လို့  ရှင်းပြလိုက်သည်။


'မီတာ ၈၀၀ ရေဖိအား လား !'


ကျိုးယန်က 'သူဋေးကျွန်တော် ပရော်ဖက်ရှင်နယ် ထုတ်လုပ်သူကို ချက်ချင်း ဆက်သွယ်လိုက်မယ်'


လျူယောင်က - 'အရှိန်  မြန်ရမယ် ငါ အရေးပေါ် အသုံးပြုမှာမို့လို့  ဈေး ဘယ်လောက်ပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး' ဟု မှာလိုက်သည်။



လျူယောင်က ဖုန်းထဲတွင် ရှာကြည့်ပြီးသားဖြစ်သည်။


 သာမန်ရေငုပ်ဓာတ်မီးများရဲ့ ရေ ဖိအားကို ခံနိုင်ရည်ရှိတဲ့ အနက်မှာ မီတာ ၁၀၀ ၂၀၀ သာ ရှိပြီး မီတာ ၁၀၀၀ နဲ့ အလှမ်းဝေးသည်။



ကျိုးယန် ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် စိတ်ထဲတွင် 'အမြန်ဆုံး ပစ္စည်းရလာမယ်လို့ မျှော်လင့်တယ် ငါ မခံနိုင်တော့ဘူး အမြန်ဆုံး သင်္ဘောပျက်ကို သွားကြည့်ချင်နေပြီ' ဟု ရေရွတ်လိုက်သည်။