အခန်း 113 ငန်းအသားစားချင်နေတဲ့ ဆိတ်တစ်ကောင်
“လဲ့လဲ့ ဒါ မင်းရဲ့ရည်းစားလား” ဟု ဝူယိုချိုင် မေးလိုက်သည်။
လီချန်လဲ့ ဒီလူနဲ့ စကားပြောရန် စိတ်မဝင်စားသဖြင့် ပြန်မဖြေလိုက်ပေ။
ထိုလူက သူ့ရဲ့ရှေ့တွင် ရပ်နေပြီး ထွက်သွားဖို့ ခွင့်မပြုတာကြောင့် လျူယောင်ရဲ့ နဂို မကျေနပ်ဖြစ်နေတဲ့ စိတ်က ချက်ချင်းပဲ ဒေါသအဖြစ်ပြောင်းလဲသွားခဲ့သည်။
“အဝေးကို ထွက်သွား ခွေးကောင် ထွက်သွားစမ်း”
သူမရဲ့ချစ်သူက ဝူယိုချိုင်ကို ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်တာကို မြင်လိုက်တဲ့အခါ လီချန်လဲ့ ပါး စပ်ကို ပိတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
ဝူယိုချိုင်က အရပ်ပုပေမဲ့ လျူယောင့် ကို မောက်မာတဲ့မျက်နှာဖြင့် ကြည့်ကာ ယုံကြည်မှု့အပြည့်ရှိနေသည်။ဒါက လူမှုရေးအဆက်အ သွယ်အချို့ကြောင့် ဖြစ်နိုင်ပြီး ဒါမှမဟုတ် ဒီလူ့မှာ ပိုက်ဆံအနည်းငယ်ရှိတာကြောင့် ဖြစ်နိုင်သည်။
“ကောင်လေး ငါဘယ်သူလဲဆိုတာ မင်းသိလား”
လျူယောင် က “ခင်ဗျား ဘယ်သူဆိုတာ ကျွန်တော် စိတ်မဝင်စားဘူး၊ ခင်ဗျား ဘယ်သူဆိုတာလဲ မသိချင်ဘူး။ ကျေးဇူးပြုပြီး နောင်မှာ ကျွန်တော့်ရည်းစားကို ထပ်မနှောင့်ယှက်ပါနဲ့ ဒီလိုမှ မဟုတ်ရင် ကျွန်တော် ယဉ်ကျေးနေမှာမဟုတ်ဘူး”ဟု ပြန်ဖြေလိုက်သည်။
ဝူယိုချိုင်က ဂရုမစိုက်ပဲ “ကောင်လေး လဲ့လဲ့က မင်းနဲ့ အတူရှိမှသာ ဒုက္ခရောက်မှာ။ မင်း ဟွာဟိုင်းမြို့မှာ အိမ်တစ်လုံး ဝယ်နိုင်လားကားတစ်စီး ဝယ်နိုင်လား မင်းရဲ့ လစဉ်လစာ ဘယ်လောက်လဲ”
“လဲ့လဲ့ က ငါနဲ့ရှိနေရင် မတူပါဘူး။ မင်းမြင်တယ်မို့လား၊ ဒါက ငါ့ရဲ့ မာစီဒီးပဲ။ ဒါ့အပြင် ၁၃၀ စတုရန်းမီတာကျော်ရှိတဲ့ အိမ်အသစ်တစ်လုံးကို ငါဝယ်ပြီးပြီ”
လျူယောင်က အလွန်ရယ်စရာကောင်းတယ်လို့ ခံစားနေရသည်။
“ဒါက အာရုံကြောရောဂါတစ်မျိုးဖြစ်လောက်မယ်” လို့ တွေးလိုက်မိသည်။
“သွားပါတော့!”ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဝူယိုချိုင် ဘေးကိုရွေ့ဖို့ နည်းနည်းမှ ရည်ရွယ် ချက်မရှိဘဲ မောက်မာစွာ ဆက်လက်ပြောဆိုခဲ့သည်။
“ငါဘယ်သူလဲဆိုတာ မင်းမသိဘူးပဲ ဒါကြောင့် အခုပြောပြမယ်။ ငါက တစ်နှစ်လစာ နှစ်သန်းရှိတဲ့ ရီရှန်းရဲ့ ဒုဥက္ကဋ္ဌပဲ "
" ရီရှန်းအုပ်စုကလား "
လွန်ခဲ့တဲ့ နှစ်ရက်က လျူယောင် ရီရှန်းအုပ်စုရဲ့သူဋေးဖြစ်သူ လော့မောင်ယွမ်နှင့် တွေ့ဆုံခဲ့သည်။ သူ့ရဲ့ကိုယ်ရံတော်များက ရှေ့ကလမ်းဖွင့်ပြီး သူ့ကို တွန်းထုတ်ချင်ခဲ့သည်။
လျူယောင် ထိုအချိန်မှစပြီး လော့မောင်ယွမ်အပါအဝင် ရီရှန်းအုပ်စုကို နည်းနည်းမှ ကြင်နာခြင်း မရှိခဲ့ပေ။
“ ရီရှန်းအုပ်စုက ဖားတစ်ကောင်သာသာဖြစ်တာကြောင့် ဒီနေရာက ထွက်သွားပါ” ဟု ပြောလိုက်သည်။
ဝူယိုချိုင်က လုံးဝ ထွက်သွားဖို့ ရည်ရွယ်ချက်မရှိတာတဲ့အပြင် ရီရှန်း ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် သူရဲ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသနေတုန်း ဖြစ်သည်။
လျူယောင်က ရပ်တန့်ပြီး ဒီလူ့ကို ဆွဲကိုင်ကာ ဘေးဘက် ပစ်ချလိုက်သည်။
ပြဿနာကို ဝိုင်းကြည့်နေကြတဲ့ လူအများအပြားရှိနေပြီး လူအများစုမှာ လျူယောင်နဲ့ လီချန်လဲ့ဘက်တွင် ရှိကြကာ ဝူယိုချိုင်ကတော့" ငန်းအသားစားချင်တဲ့ ဆိတ်တစ်ကောင် "သာ ဖြစ်ခဲ့ရသည်။
လျူယောင် သူ့ရဲ့စွမ်းအားကိုပြသလိုက်ပြီး ဝူယိုချိုင်ကို မီတာများစွာရောက်အောင် အလွယ် တကူပစ်ချလိုက်တာကို မြင်တဲ့အခါ ပတ်ဝန်းကျင်မှ ရယ်မောသံများ ထွက်ပေါ်လာခဲ့ကြသည်။
“ရှက်စရာကောင်းတဲ့ လုပ်ရပ်အတွက် အခုမှ ဒီလူ ခမ်းနားသွားတော့တယ်”
“မစ္စလဲ့ရဲ့ ချစ်သူက အရမ်းစမတ်ကျတယ်”
“အဲဒါက ပြီးပြည့်စုံတဲ့ စုံတွဲပဲ”
“ပန်းပွင့်လေးကို ကြည့်နေရလိုပဲ”
“ဒီ ကျိုးပဲ့နေတဲ့ Mercedes-Benz C က ငါ တို့ကျောင်းရဲ့ ဂိတ်ပေါက်မှာ ရပ်ပြီး လူအများအပြားကို ပိတ်ဆို့ခဲ့တာ ဒီကားကို ငါ တကယ် မှောက်ချချင်နေတာ”
ပတ်ဝန်းကျင်မှ လူများက တစ်ယောက်တစ်ပေါက် ပြောနေခဲ့ကြသည်။
ဝူယိုချိုင်ကို ပစ်လိုက်ပြီးနောက် လီချန်လဲ့ရဲ့လက်ကို ကိုင်ကာ လျူယောင် ထွက်ခွာသွားတဲ့ အခါ အနီးနားရှိ ပရိသတ်များလည်း ထွက်ခွာသွားကြသည်။
လျူယောင်ရဲ့ Roll-Royce ကားကို သိပ်မဝေးတဲ့ လမ်းဘေးမှာ ရပ်ထားခဲ့သည်။
လျူယောင် လီချန်လဲ့ရဲ့ လက်ကို ကိုင်ထားပြီး Roll-Royce ဆီ လျှောက်သွားတာကို မြင်လိုက်တဲ့အခါ လူအများ အံ့ဩသွားကြသည်။
“ဘုရားရေ အဲ့ဒါ သူ့ကား မဖြစ်နိုင်ဘူး”
“ ဒါက Roll-Royceလေအနည်းဆုံး ခြောက်သန်း ခုနစ်သန်းလောက်ရှိတယ် "
“ဒါက တကယ့်ချမ်းသာတာပဲ”
“Mercedes-Benz မောင်းတဲ့ကလေးက ဒီ Roll-Royce နဲ့ယှဉ်ရင် ဘာမှမရှိပါဘူး”
လူအများရဲ့ အံ့အားသင့်နေတဲ့အကြည့်များအောက်တွင် လျူယောင် ကားတံခါးကိုဖွင့်ကာ လီချန်လဲ့ကို တွဲဖက်ထိုင်ခုံ မှာထိုင်ခိုင်းပြီး ကားမောင်းထွက်သွားခဲ့သည်။
လူအများရဲ့မြင်ကွင်းမှ Roll-Royce ကားလေးမှ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
ဒါပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်တဆိတ် မနေနိုင်ခဲ့ပေ။
လျူယောင် ကားတံခါးဖွင့်လိုက်တာနဲ့ မြင်ကွင်းတစ်ခုလုံး ပွက်ပွက်ဆူလာပြီး လက်ခုပ်သံများတောင် ထွက်ပေါ်လာခဲ့သည်။
ဝူယိုချိုင် ဒီမြင်ကွင်းကို မှုန်ကုပ်ကုပ် ကြည့်နေခဲ့သည်။
သူသေတဲ့အထိ အရိုက်ခံရရင်တောင် လီချန်လဲ့ရဲ့ ချစ်သူက Roll-Royce ကား မောင်းသွားတာကို မ ယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ပတ်ဝန်းကျင်က လှောင်ပြောင်တဲ့ အကြည့်တွေကို ခံစားမိတဲ့အခါ ဝူယိုချိုင်ရဲ့မျက်နှာ ပူလောင်သွားသည်။ အခုလေးတင်ပဲ သူက စတုရန်းမီတာ ၁၃၀ ကျယ်တဲ့ အိမ်အသစ်တစ်လုံးနဲ့ Mercedes-Benz C တစ်စီးကို ဝယ်ထားတာလို့ Roll-Royce ပိုင်တဲ့သူ ရှေ့မှာ ကြွားပြခဲ့တာ။
မြေပြင်မှာ အက်ကွဲကြောင်းရှိရင် ဝူယိုချိုင် ချက်ချင်းဝင်သွားလိုက်ချင်သည်။ဒီကိစ္စက တကယ့်ကို ရှက်စရာကောင်းပြီး မျက်နာပူစရာ ကောင်းလှသည်။
ဒေါသအကြည့်တွေနဲ့ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်က အခြေအနေ မမှန်ဘူးလို့ ခံစား ရတဲ့အခါ သူ မနေနိုင်တော့ဘဲ ကားပေါ် ချက် ချင်းတက်ပြီး အမြန်မောင်းကာထွက်ပြေးသွားခဲ့သည်။
ကျောင်းတံခါးဝရှေ့တွင် ရယ်မောသံများ ထွက်ပေါ်လာခဲ့ပြီး ဝူယိုချိုင် ရှက်ရွံ့စွာ ထွက်ပြေးသွားတာကို လှောင်ပြောင်ခဲ့ကြသည်။ ဒီကိစ္စကို ကျောင်းက ဆရာများနဲ့ ကျောင်းသားများကြား ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။.
လျူယောင် အိမ်ကိုမောင်းသွားခဲ့သည်။
လီချန်လဲ့က တောင်းပန်တဲ့မျက်နှာနဲ့ ရှင်းပြနေသည်။
“အစ်ကိုယောင် အဲဒီလူကို ကျွန်မတကယ်မသိဘူး နာမည်က ဝူယိုချိုင်လို့ပဲ သိတာ သူဘာလုပ်နေမှန်းတောင် ကျွန်မ မသိဘူး”
လျူယောင်က အေးဆေးနေပုံရကာ
“လဲ့လဲ့ ရပါတယ်ကွာ ကိုယ် ဒီကိစ္စကို စိတ်ထဲမထားဘူး”ဟု ပြုံးပြီး ပြန်ဖြေလိုက်သည်။
သူမရဲ့ရည်းစားက တကယ်စိတ်မဝင်စားတာကို မြင်တဲ့အခါ လီချန်လဲ့မှာ လျူယောင်ကို ကျေးဇူးတင်ပြီး စိတ်သက်သာရာရကာ ပျော်ရွှင်သွားခဲ့သည်။
လျူယောင်က ဝမ်းသာအားရ ရယ်မောပြီး ကောက်ကျစ်စွာ ပြောလိုက်သည်။
“လဲ့လဲ့၊ ဒါနဲ့ မရဘူး မင်း ကိုယ့်ကိုနမ်းရမယ်”ဟု ပြောပြီးတဲ့အခါ သူ ခေါင်းကိုလှည့်လိုက်ပြီး လီချန်လဲ့ကို နူတ်ခမ်း နမ်းခိုင်းလိုက်သည်။
လီချန်လဲ့က ညင်သာစွာ လျူယောင့်ကို တွန်းလိုက်သည်။
“ရှင် အခု ကားမောင်းနေတယ်မို့လား ဘေးကင်းအောင် ဂရုစိုက်မောင်းပါ”
လျူယောင် ရယ်မောပြီး “နားလည်ပါပြီ ဒါဆို ကိုယ် ကားမမောင်းရင်ရော မင်းကိုယ်ကို နမ်းမှာလား”
လီချန်လဲ့ ရှက်ပြီး ပြန်ပြောလိုက်သည်။
“ရှင်က အရမ်းမျက်နာထူတာပဲ ကျွန်မ ! ရှင့်ကို လျစ်လျူရှုလိုက်တော့မယ်”
လီချန်လဲ့ ရယ်မောပြီး ရှက် နေတာကို မြင်လိုက်ရသဖြင့် လျူယောင် ပိုချစ်မိသွားပြီး ပျော်ရွှင် စွာ အတူရယ်မောလိုက်သည်။
အိမ်ကို ရောက်လာတဲ့အခါ လျူလန်က ပြန်ရောက်နေပြီး ကျောင်းဂိတ်ကနေ မြေအောက်ရထားစီးရတာ အလွန်အဆင်ပြေခဲ့သည်။
“ယောင်းမ ဒီည ဘာစားချင်လဲ ကျွန်မ ဟင်းချက်ပေးမယ်”
“လျူလန် ကျွန်မကို ယောင်းမ လို့ မခေါ်ပါနဲ့ လဲ့ လဲ့ ဒါမှမဟုတ် အစ်မ လီ လို့ခေါ်နိုင်တယ်”
လျူလန်က “ဒီလိုပဲ ခေါ်မှာပဲ ဘာဖြစ်လဲ နင်ကကျွန်မရဲ့ စိတ်ထဲမှာ ကျွန်မရဲ့ယောက်မပဲ”ဟု ဂရုမစိုက်ပဲ ပြန်ဖြေလိုက်သည်။
လီချန်လဲ့က လျူယောင့်ကို အားကိုးရာမဲ့တဲ့ အကြည့်နဲ့ အကြည့်ပေးလိုက်သည်။
လျူယောင်ရဲ့ဗီလာမှ ရေခဲသေတ္တာက အလွန်ကျယ်သည်။ အိမ်မှာ ချက်ပြုတ်တာ ရှားပေမဲ့ အထဲမှာ ပါဝင်ပစ္စည်း အများအပြားရှိသည်။
လျူလန်နဲ့လီချန်လဲ့တို့က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့ပြီး လျူယောင်က သူတတ်နိုင်သမျှ ပန်းကန်များ ချပေးရုံသာဖြစ်သည်။
ပြီးတော့ လျူယောင် သတိပေးလိုက်သည်။
“ငါ တို့သုံးယောက်ပဲရှိတာ အရမ်းကြီးမလုပ်နဲ့ မကုန်နိုင်ဘူး ဒါက ဖြုန်းတီးသလိုဖြစ်လိမ့်မယ်”
လျူလန်က လျူယောင်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ “ညီမ တို့ သိပါတယ် ဧည့်ခန်းမှာသွားပြီး တီဗီကြည့်နေပါ ဒီမှာ ညီမ တို့ကို လာမရှုပ်နဲ့”
လီချန်လဲ့နှင့် လျူလန်တို့မှာ စည်းလုံးညီညွတ်တဲ့ မဟာမိတ်အဖွဲ့လို ဖြစ်နေကြပြီး သူ့ကို ဧည့်ခန်းထဲသွားကာ တီဗီကြည့်ဖို့ နှင်ထုတ်ခဲ့ကြသည်။
လီချန်လဲ့ကလည်း
“ဒီနေရာ မှာ ကျွန်မတို့ ချက်ပြုတ်တာကို အနှောင့်အယှက်မပေးပါနဲ့” ဟု ပြောခဲ့သည်။
လျူယောင် အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး ဆိုဖာပေါ်ထိုင်ပြီး ဖုန်းကြည့်နေလိုက်သည်။
ခဏကြာတော့ မီးဖိုချောင်ထဲမှ ဟင်းတွေရဲ့ ရနံ့မှာ မွှေးပျံ့လာခဲ့သည်။