အခန်း 118 မင်းတို့က VIP ခန်းထဲ နေနိုင်လို့လား
ထိုလူက ချက်ချင်းသတိပေးလိုက်သည်။
"သတိထား သတိထားဟ မင်းရဲ့အကွာအဝေးကို စောင့်။ သူက Roll Royce ကားဗျ ထိမိရင် မင်းကိုရောင်းလိုက်ရင်တောင် ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး"
အမျိုးသမီးက စတီယာတိုင်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ဘရိတ်ကို အနည်းငယ်နင်းကာ Roll-Royce အရှိန်နဲ့ထွက်သွားတာကိုမြင်တဲ့အခါ စိတ်သက်သာရာရသွားခဲ့သည်။
"ခင်ပွန်း ကျွန်မ ကြောက်လန့်သွားတာပဲ"
ထိုလူက သက်ပြင်းတစ်ချက်ချကာ ထပ်မံသတိပေးလိုက်သည်။
"ဒီလိုမျိုး ဇိမ်ခံကားတစ်စီးကိုတွေ့ရင် တတ်နိုင်သမျှ ရပ်နေလိုက်ပါကွာ"
လျူယောင် ဒါကို မသိပေ။ သူက လမ်းပြောင်းပြီး ကျော်တက်နေသည်။ သူ့ စိတ်ထဲတွင် အမြန်ဆုံးပြန်ရောက်ချင်နေသည်။ လမ်းတစ်လျှောက် လူတော်တော်များများက ကြောက်လန့်ပြီး ရှောင်ရှားခဲ့သည်။
လျူလန်က နောက်ဆုံးတွင် ဒါကို သိရှိသွားပြီး သတိပေးလိုက်သည်။
"အစ်ကို၊ ဟို ကား က အခုလေးတင် အံ့အားသင့်သွားတာထင်တယ်၊ အကို လမ်းကြောပြောင်းပြီး ကျော်တက်နေတာကိုတွေ့တာနဲ့ အရှိန်လျှော့ပြီး ဝေးဝေးနေဖို့ လုပ်ခဲ့တာ"
လီချန်လဲ့ က "အဲဒါက သူတို့ရဲ့ လမ်းဖယ် ပေးဖို့ တာဝန်ဖြစ်ရင်တောင်မှ သူတို့ ခံနိုင်ရည်ရှိဖို့ ခက်ခဲမှာကြောက်တယ်" ဟုပြောလိုက်သည်။
လျူယောင်က "တောင်းပန်ပါတယ်၊ ငါ ရည်ရွယ်ချက်ရှိရှိမလုပ်ခဲ့ပါဘူး။ အဖေ ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့ ဆေးရုံကို အမြန်သွားချင်ခဲ့တာ" ဟု ပြန်ဖြေလိုက်သည်။
ဖုန်းထဲတွင် လျူဟုန်ဖူက ဘာမှအမှားအယွင်းမရှိဘူးလို့ ပြောခဲ့သော်လည်း လျူယောင် က ကောင်းတဲ့သတင်းကိုသာ ပြောပြီး မကောင်းတဲ့ သတင်းကိုများ ဖုံးကွယ်ထားမလားဆိုပြီး စိုးရိမ်နေမိသည်။ အခြေအနေက ပြောသလို ကောင်းလိမ့်မှာ မဟုတ်ဘူးလို့ ယူဆနေမိသည်။
အခြားကားပိုင်ရှင်များကို မကြောက်စေရန် လျူယောင် တတ်နိုင်သမျှ မကျော်တက်ဘဲ ဖြည်းဖြည်းမောင်းလာကာ အခြားကားများကိုသာ ကျော်တက်ခဲ့သည်။
သုံးနာရီကြာ မောင်းခဲ့ပြီးနောက် လျူယောင်တို့ ကောင်တီပြည်သူ့ဆေးရုံကြီးသို့ ၂ နာရီခွဲခန့်အကြာတွင် ရောက်ရှိလာပြီး ဂိတ်ပေါက်တွင် ကားရပ်ရန်နေရာကို ရှာတွေ့ကာ ကားပေါ်မှ အမြန်ဆင်းလိုက်သည်။
၁၁:၃၀ ရှိပြီ မျှော်မှန်းထားတာထက် အနည်း ငယ်ပို မြန်ခဲ့သည်။
လျူယောင် ဝယ်လာတဲ့ အာဟာရဖြည့်စွက်စာများနဲ့သစ်သီးဝလံများကို ကားထဲမှထုတ်ကာ လက်ထဲတွင် ကိုင်ထားပြီး ကျယ်လောင်စွာပြောလိုက်သည်။
"လာ၊ဝင်ကြရအောင်"
လျူယောင်က ရှေ့မှ လျှောက်လာပြီး လီချန်လဲ့ နဲ့ လျူလန်တို့က နောက်မှလိုက်လာကာ သူတို့သုံးဦးသား အတွင်းလူနာဌာနရဲ့ ပဉ္စမထပ်သို့ ရောက်ရှိလာခဲ့ကြသည်။ လျူဟုန်ဖူမှာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာဌာနတွင် တက်ရောက်နေခြင်းဖြစ်သည်။
လျူယောင် ကုတင်ပေါ်တွင် လဲလျောင်းနေတဲ့လျူဟုန်ဖူ တစ်ချက်ကြည့်လိုက်ပြီး အခြားကုတင်သုံးလုံးကို လှမ်းကြည့်လိုက်သည်။
တကယ့်ကို စည်ကားလှသည်။
ကုတင်တစ်ခုစီတွင် လူနာများဖြင့် ပြည့်နေ သည်။ လျူယောင် မတတ်နိုင်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလိုမျိုးဆေးရုံက ဟွမ်ဟိုင်းမြို့ဆေးရုံနဲ့မယှဉ်နိုင်ပေ။
ဒါပေမယ့် လျူယောင် အနည်းငယ် မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် တည်ငြိမ်သော အမူအရာဖြင့် လျှောက်လာပြီး
"အမေ" ဆိုပြီး တိုးတိုးလေး ခေါ်လိုက်သည်။
သူမ မောပန်းနေတာကြောင့် ဖြစ်နိုင်သည်၊ ကျိုးရိူ့ယင်က ကုတင်ဘေးမှာ ငိုက်နေပြီး ကုတင်ပေါ်က လျူဟုန်ဖူမှာ အားအင်ချိနဲ့ပြီး အိပ်ပျော်နေပုံရသည်။
ကျိုးရိူ့ယင်နဲ့ လျူဟုန်ဖူတို့ ချက်ခြင်းနိုးလာပြီး သားသမီးများ ပြန်လာတာကို မြင်တဲ့အခါ အထူးသဖြင့် ကျိုးရိူ့ယင်ရဲ့ နှလုံးသားထဲတွင် ပျော်ရွှင်မှု့များခံစားခဲ့ရသည်။
လျူဟုန်ဖူ စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း သူက "ငါ နေကောင်းပါတယ်၊ မင်း ပြန်လာစရာ မလိုဘူးလို့ ""ပြောပြီး ညည်းညူနေသေးသည်။
လျူလန်က "ဖေဖေ၊ ဒီနေ့ စနေနေ့လေ ကျွန်မတို့အားလုံး အချိန်ရလို့ ပြန်လာတာပါ အဆင်ပြေတယ် ဒါကြောင့် အစ်ကို့ကိုယ် အပြစ်မတင်ပါနဲ့"
ဆိုပြီး ပြောလိုက်သည်။
ကျိုးရိူ့ယင်းက လျူယောင့်အနားတွင်ရှိနေတဲ့ လီချန်လဲ့ကို အထပ်ထပ်အခါခါကြည့်ကာ
"ဒီမိန်းကလေးက တကယ်လှတာပဲ့ ဒါ ငါ့ သားရဲ့ ချစ်သူဖြစ်ရမယ်" ဆိုပြီး တွေးလိုက်သည်။
လျူယောင် အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
"အဖေ၊ အမေ ဒါက ကျွန်တော့်ချစ်သူ လီချန်လဲ့ပါ ဒါက အဖေတို့အတွက် လဲ့လဲ့ ဝယ်ခဲ့တာ"
လျူယောင် အာဟာရဖြည့်စွက်စာများနဲ့သစ်သီးများကို ကုတင်ဘေးရှိ စားပွဲငယ်ပေါ်တွင် တင်ကာ လီချန်လဲ့က ဒီဟာ အားလုံး ဝယ်ခဲ့တာ ဟုပြောလိုက်သည်။
လီချန်လဲ့က လျူယောင်ကို တိတ်တဆိတ် လက်မထောင်ပြပြီး ချိုချိုသာသာ ပြောလိုက်သည်။ "ဦးလေး၊ အန်တီ၊ မင်္ဂလာပါ"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"
"ငါတို့ အဆင်ပြေပါတယ်"
လင်မယားနှစ်ယောက်စလုံး အရမ်းပျော်ကြရသည်။ သူတို့သားလေးရဲ့ ချစ်သူကောင်မလေးက ဒီလောက်လှမယ်လို့ မထင်ထားပေ။ လျူဟုန်ဖူရဲ့ ရောဂါမှာ ရုတ်တရက်ကြီး သက်သာသွားပုံရသည်။
ကျိုးရိူ့ယင်က ရောဂါ အခြေအနေကို ရှင်းပြခဲ့ပြီး လျူယောင်က ခေါင်းညိတ် နားထောင်လိုက်သည်။
ကံကောင်းထောက်မစွာနဲ့ ဆေးရုံကို အချိန်မှီပို့ဆောင်ခဲ့ပြီး အကျပ်အတည်းကနေ ဘေးကင်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဘာပြဿနာမှ ကြီးကြီးမားမား မရှိတာကြောင့် ရက်အနည်း ငယ် ကုသပြီးနောက်တွင် ဆေးရုံက ဆင်းနိုင်ဖွယ်ရှိသည်။
လျူယောင် သက်ပြင်းတစ်ချက်ချရင်း တိတ်တိတ်လေး စိတ်သက်သာရာရသွားခဲ့သည်။
အခု မကျေမနပ်ဖြစ်နေတာက ဒီမခန်းရဲ့ ပတ်ဝန်းကျင်က လူအရမ်းများပြီး ဘာမှလုပ်ရတာ အဆင်မပြေလို့ပဲ။
လျူယောင်က "ကျွန်တော် အပြင်ထွက်ပြီး ဆရာဝန်ရှာလိုက်အူံးမယ် "
လီချန်လဲ့က အမြန်ပြောလိုက်သည်။
"အစ်ကို ယောင်၊ ကျွန်မလည်းလိုက်ပါရစေ"
လျူလန်က နေခဲ့ပြီး နှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့ရာ မကြာမီတွင် လျူဟုန်ဖူကို ကုသသော ဆရာဝန်ကိုတွေ့တာကြောင့် ရောဂါအခြေအနေကို မေးမြန်းပြီးနောက်တွင် လျူယောင်က ပြောလိုက်သည်။
"ဒေါက်တာကျွန်တော့်အဖေကို သီးသန့်အခန်းတစ်ခုထဲ ပြောင်းလို့ရလား။ အခု သူနေတဲ့ အခန်းက အရမ်းလူများပြီးဆူညံလွန်းတယ်"
ဒီတောင်းဆိုမှု့ကို ဆရာဝန်က ဖော်ရွယ်တာလည်းမဟုတ် အေးစက်တာလည်းမဟုတ်ပဲ
"ဒီကိစ္စအတွက် ငါတို့ရဲ့ ဒါရိုက်တာ" ရှောင် " ဆီခင်ဗျားသွားနိုင်ပါတယ်" ဟု အလုပ်သဘောဆန် ဆန်ပုံစံဖြင့် ပြောလိုက်သည်။
အစာအိမ်ရောဂါဗေဒဌာနတွင် VIP ခန်း ၃ ခန်းရှိပြီး အဲဒီ့ထဲမှာမှ ၂ ခန်းမှာ လက်ရှိလစ်လပ်လျက်ရှိသည်။ VIP အခန်းတွင် ဘယ်လိုလူနာများနေထိုင်ရမလဲဆိုတာကို အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာဌာနညွှန်ကြားရေးမှူး ရှောင်ကျန်း က ဆုံးဖြတ်သည်။
လျူယောင်က ဒါရိုက်တာရုံးခန်းကို သွားလိုက်သည်။ ကံကောင်းစွာဖြင့် ရှောင်ကျန်းရုံးခန်းထဲမှာ ရှိနေခဲ့သည်။
"ဒါရိုက်တာရှောင် မင်္ဂလာပါ ကျွန်တော်က ကုတင် ၁၆ ရဲ့ မိသားစုဝင်တစ်ဦးပါ"
"မင်္ဂလာပါ" ဒါရိုက်တာရှောင်မှာ စိတ်အားထက်သန် ပုံမရပေ။ ကုလားထိုင်ပေါ်တွင် ထိုင်ပြောနေတဲ့အခါ လျူယောင်ကလည်း စိတ်မ၀င်စား။ ထိုလူက သူရဲ့ခေါင်းဆောင်မဟုတ်တာကြောင့် သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ရန် မထခြင်းက သာမာန်သာ ဖြစ်တယ်လို့ တွေးလိုက်သည်။
လျူယောင်က "ဒီလိုပါ ဒါရိုက်တာ ရှောင် ကျွန်တော့်အဖေကို သီးသန့်ခန်းထဲပြောင်းဖို့ ကူညီပေးနိုင်မလား အခု သူနေတဲ့ အခန်းက အရမ်းဆူညံနေတယ်"" လို့ ပြောလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး၊ ငါတို့ VIP အခန်းတွေက လောလောဆယ်ပြည့်နေပြီး ငါတို့နေဖို့တောင် မရှိဘူး" ဆိုပြီး ဒါရိုက်တာရှောင်က ပြန်ဖြေလိုက်သည်။
လျူယောင် အဖြစ်မှန်ကို မသိတာကြောင့် တကယ်ကို ပြည့်နေတာပဲလို့ ထင်ကာ အနည်း ငယ် စိတ်ပျက်သွားသည်။
"ဒါဆို ခင်ဗျားကို ကျွန်တော်တို့ အနှောင့်အယှက်ပေးမိပြီ"ဟု ပြောပြီး
လျူယောင် နှုတ်ဆက်ခဲ့လိုက်သည်။
ရှောင်ကျန်းလည်း မလှုပ်ဘဲ သူ့ထိုင်ခုံတွင် ထိုင်နေရုံသာမက လျူယောင် ထွက်သွားတာကိုအထင်အမြင်သေးစွာ ကြည့်နေခဲ့သည်။
စိတ်ထဲတွင် တွေးလိုက်မိတာက
"တကယ့်ကို ဆန်းကြယ်လွန်းတယ် မင်းတိုက VIP ခန်းမှာ နေနိုင်ပါ့မလား။ မင်းလို ကျေးလက်က ကောင်တွေအတွက် သာမန်နေရာတစ်ခုရှိရင်အဆင်ပြေနေပြီကိုကွာ "
အဆိုပါ VIP ခန်းများက ရှောင်ကျန်းထိန်းချုပ်ထားတဲ့ အရင်းအမြစ်များဖြစ်သည်။
တကယ်လို့ သင့်တွင် ဆက်ဆံရေးနောက်ခံရှိကြောင်း သူ တွေ့ရှိပါက VIP ခန်း များကို မျက်နှာသာပေးကာ လိုသလို စီစဉ်ပေးလိမ့် မည်။
သာမန်လူနာများ အထူးသဖြင့် ကျေးလက်ဒေသမှလူနာများမှာ VIP ခန်းများကိုပင် မစဉ်းစားဘဲ အလွတ်နေလိုကြသည်။ ရှောင်ကျန်းက ဒီလိုလူကို နေဖို့ စီစဉ်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်သည်။
ရှောင်ကျန်းက အလွန်မိုက်မဲသူပင်ဖြစ်သည်။
လျူယောင် အနည်းငယ် စိတ်ပျက်သွားပြီး အခန်းထဲ ပြန်လာခဲ့သည်။
VIP အခန်းအကြောင်း မပြောတော့ပဲ လျူယောင်က
"မွန်းတည့်နေပြီ.ထမင်းစားကြရအောင် ဘယ်လိုလဲ" ဟု မေးလိုက်သည်။
လျူဟုန်ဖူက "မင်းတို့အားလုံး သွားပါ ငါအားနည်းနေတာ မစားနိုင်ဘူး ဒါကြောင့် ငါ့အတွက် စိတ်မပူပါနဲ့"ဟု ပြန်ပြောလိုက်သည်။
ကျိုးရိူ့ယင် အနည်းငယ် စိတ်ပူသွားသည်။
"သားတို့သွားပါ မင်းအဖေနဲ့အတူ အမေနေခဲ့မယ်" ဟု ပြောလိုက်သည်။
လျူယောင်က
"အမေ၊ အမေက ကျွန်တော်တို့နဲ့ လိုက်လို့ရပါတယ် အဖေကို့ ဒီမှာ စိတ်ပူနေစရာမလိုပါဘူး ၂၄ နာရီ သူနာပြုကို ကျွန်တော်လာခိုင်းလိုက်မယ်"ဟု ပြောလိုက်သည်။
စကားပြောပြီးတဲ့အခါ လျူယောင် သူနာပြု အခန်းထဲ သွားပြောခဲ့ကာ သူနာပြုတစ်ဦး ချက်ချင်းရောက်လာသည်။ လျူယောင်က သူမအား လစာနှစ်ဆပေးမယ်လို့ ကတိပေးခဲ့သည်။ သူ့အဖေကို ပြုစုစောင့်ရှောက်ဖို့ တောင်းဆိုတာ တစ်ခုပဲရှိတယ်။ သူနာပြုကလည်း ဝမ်းသာအားရ သဘောတူခဲ့သည်။
သူနာပြုတစ်ဦး ဖိတ်ထားတာကို တွေ့လိုက်ရသဖြင့် ကျိုးရိူ့ယင်းက သူတို့နဲ့ ညစာလိုက်စားရန် သဘောတူလိုက်တော့သည်။