အခန်း 126 " ဒီလူနာရဲ့ အထောက်အထားက ဘာလဲ "
လျူကျန့်ဖိန်ရဲ့ မိတ်ဆက်စကားကိုကြားတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က ရှေ့နှစ်လှမ်းတိုးပြီး ညာလက်ကိုဆန့်ကာ
“မထင်မှတ်ထားဘူး ကျွန်တော်တို့မြို့နယ်မှာ နဂါးတစ်ကောင်ရှိတာပဲ သူဋေးလျူ ကြိုဆိုပါတယ်” ဟုပျော်ရွှင်စွာပြောလိုက်သည်။
လျူယောင်က မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်နဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီး
“မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် ပင်ပန်းရပါပြီ ကျွန်တော့်အဖေက ကျန်းမာရေးပြဿနာနည်းနည်းရှိလို့ မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတာပါ ကျွန်တော်က အိမ်ပြန်လာပြီးမှ သွားကြည့်ရုံပါ” ဟု ပြန်ဖြေလိုက်သည်။
“ဪ ခင်ဗျားအဖေ ဆေးရုံမှာလား တကယ်ကို စိတ်မကောင်းပါဘူး ဒီအခြေအနေကို ကျွန်တော်တို့ ခုမှကြားရတာပါ” ဟု
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က ဦးစွာတောင်းပန်ပြီးနောက် အောက်က ခေါင်းဆောင်များထဲမှ တစ်ဦးကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ဖုန်းဆက်ရန် အမိန့်ပေးလိုက်သည်။ဒါကို ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် သဘော ထားရမှာဖြစ်ပြီး အကောင်းဆုံးဆရာဝန်များ၊ အကောင်းဆုံးသူနာပြုများနှင့် အကောင်းဆုံးဆေးဝါးများကို အသုံးပြုရန် ညွှန်ကြားလိုက်သည်။
လျူယောင် အလျင်အမြန်ပဲ ကျေးဇူးတင်စကားပြောလိုက်သည်။
အိမ်တံခါးဝတွင် စားပွဲတစ်လုံးနှင့် ခုံအနည်းငယ် ပြင်ဆင်ထားပြီး အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ဘေးဖယ်ပေးကြသည်။ လျူယောင်ရဲ့ဖိတ်ခေါ်မှုအောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်နှင့် ခေါင်းဆောင်များအပါအဝင် အားလုံးက ခုံများပေါ်တွင် ယာယီထိုင်ကြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က လျူဟုန်ဖူရဲ့အခြေအနေကို ထပ်မံမေးမြန်းပြီးနောက် Global ရဲ့အခြေအနေနှင့်ပတ်သက်၍ စတင်မေးမြန်းလိုက်သည်။ လျူယောင်လည်း အတိုချုပ်မိတ်ဆက်ပေးခဲ့သည်။
မိတ်ဆက်စကားကို နားထောင်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က
“သူဋေးလျူ ခင်ဗျားကုမ္ပဏီက သင်္ဘောသားအဖွဲ့တစ်ဖွဲ့ကို ခန့်အပ်တော့မယ်လို့ ကျွန်တော်ကြားပါတယ် ဒါအမှန်လား” ဟုမေးလိုက်သည်။
လျူယောင်က “ဟုတ်ပါတယ် ဒီ အစီအစဉ်ရှိပါတယ် ကျွန်တော့် ရဲ့ဇာတိမြို့က သင်္ဘောသား ၂၀၀ ကို ခန့်အပ်ဖို့ စီစဉ်ထားပါတယ် ကျွန်တော်တို့ကုမ္ပဏီမှာ သင်္ဘောသားတွေလိုအပ်နေပါတယ်” ဟုပြန်ဖြေလိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် တိတ်တဆိတ်ပျော်ရွှင်သွားသည်။
“သူဋေးလျူ သင်္ဘောသားခန့်အပ်တဲ့ကိစ္စကို ကျွန်တော့်ကိုလွှဲလိုက်ပါ။ ခင်ဗျားအနေနဲ့ တောင်းဆိုစရာရှိရင် တောင်းဆိုလိုက်ရုံပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို လှလှပပကိုင်တွယ်ပေးမှာသေချာပါတယ်”
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် ကိုယ်တိုင်လာရတဲ့ အကြောင်းရင်းမှာ ပထမဦးစွာသင်္ဘောသားအဖွဲ့အတွက်ဖြစ်သည်။
သင်္ဘောသား ၂၀၀ တစ်ပြိုင်နက်ဆိုသည်မှာ အလုပ်သမား ၂၀၀ ကို ပံ့ပိုးပေးခြင်း၊ အလုပ်ကောင်း ၂၀၀ ပံ့ပိုးပေးခြင်းသာမက မြို့နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့ကို သွယ်ဝိုက် မြှင့်တင်ပေးခြင်းပဲ ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က သူ့အတွက် လျူယောင်က ဆောင်ရွက်ပေးရင် အကောင်းဆုံးဖြစ်လိမ့်မှာဖြစ်ပြီး ဒုက္ခများစွာကို သက်သာစေမည်။
ခဏတာစကားပြောဆိုပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က လျူယောင်အား မြို့နယ်အတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များရှိမရှိ မေးမြန်းလိုက်ပြီး လျူယောင်အား ကောင်းမွန်သည့်ပရောဂျက်များစွာကိုလည်း အကြံပေးခဲ့သည်။
ဒါက ကိုယ်တိုင်လာရောက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု့ကို ဆွဲဆောင်ရန်ဖြစ်သည်။
လျူယောင်က သူ့ရဲ့အာရုံစူးစိုက်မှုမှာ လက်ရှိတွင် ရေကြောင်းပို့ဆောင်ရေးအပေါ်၌သာရှိပြီး အခြားရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ မရှိသေးကြောင်း ပြောလိုက်သည်။ ထိုစကားကိုကြားရသောအခါ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် အနည်းငယ်စိတ်ပျက်သွားသည်။
ခနတာ လျူယောင်နှင့် စကားပြောဆိုပြီး နာရီဝက်ကြာမှ ထွက်ခွာရန် ပြင်လိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က အဖွဲ့နှင့်အတူထွက်ခွာသွားပြီး လျူယောင်ရဲ့အိမ်တံခါးဝမှာ ပိုမိုဆူညံလာခဲ့သည်။ သတင်း ကြားတဲ့ ရွာသားအချို့ကလည်း အလျင်အမြန်ရောက်လာခဲ့ကြသည်။
သူတို့မြင်ဖူးသမျှ အကြီးဆုံးအရာရှိမှာ မြို့နယ်အကြီးအကဲဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ပုံသဏ္ဌာန်ကို မြင်ချင်ကြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်နှင့်အဖွဲ့ကို နှုတ်ဆက်ပြီးနောက် မိနစ်အနည်းငယ်အတွင်း လျူယောင် ဆေးရုံသို့ပြန်သွားရသည်။ ထုပ်ပိုးရန်လိုအပ်သည့်အရာအားလုံးကို ထုပ်ပိုးခဲ့ပြီး ကျိုးရှို့ယင်က တံခါးအားလုံးကိုပင် သော့ခတ်လိုက်သည်။
“ဦးလေးကျန့်ဖိန် နှုတ်ဆက်ပါတယ် အားလုံးပဲ နှုတ်ဆက်ပါတယ်”
လျူယောင်က လူတိုင်းကိုလက်ပြပြီး ကားကိုမောင်းထွက်လာခဲ့သည်။ ကား ထွက်သွားသော်လည်း လူတိုင်း နေရာတွင် ဆက်လက် ထိုင်နေကြသည်။ ထိုလူများမှာ လျူယောင်နဲ့ပတ်သက်၍ ခုနက မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ရောက်လာသည့်အကြောင်းကို စိတ်ဝင်တစားပြောဆိုနေကြသည်။
.....
မြို့နယ်ပြည်သူ့ဆေးရုံ။
အစာအိမ်နှင့်အူလမ်းကြောင်းဌာန၏ဒါရိုက်တာ ရှောင်းကျန့်က မြို့နယ်အုပ်ချုပ်ရေးမူးနှင့် ဒုတိယခေါင်းဆောင်များမှာ သူရဲ့ဌာနသို့ ကိုယ်တိုင် လာရောက် လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ထိုအခြေအနေမျိုးက အလွန်ရှားပါးလှသည်။
အစပိုင်းတွင် ရှောင်းကျန့်က ဘာဖြစ်နေလဲဆိုတာကို မသိခဲ့ပေ။
ခေါင်းဆောင်က လျူဟုန်ဖူအမည်ရှိလူနာတစ်ဦးအကြောင်းကို ကိုယ်တိုင်မေးမြန်းပြီးနောက် ဘာဖြစ်နေလဲဆိုတာကို နားလည်သွားပြီး တစ်ချိန်တည်းတွင်ကံကောင်းတာပဲဟု တွေးလိုက်သည်။
သူ မနေ့က ဉာဏ်ကောင်းစွာဖြင့် လျူဟုန်ဖူကို VIP လူနာဆောင်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး အကောင်းဆုံးဆရာဝန်များနှင့် သူနာပြုများကို စီစဉ်ပေးခဲ့သည်။ မဟုတ်ပါက ထိုလူ့ကို သာမန်လူနာဆောင်တွင်သာ ဆက်ထားလိုက်ပါက အခြေအနေ ဆိုးရွားလိမ့်မည်ဖြစ်သည်။
“လူနာက VIP 2 အခန်းမှာ နေပါတယ် ကျွန်တော် ခေါင်းဆောင်တို့ကို အဲဒီကိုခေါ်သွားပါ့မယ်”
ရှောင်းကျန့်ရဲ့ဦးဆောင်မှုအောက်တွင် လူအုပ်စုကြီးက လျူဟုန်ဖူ ကုသတဲ့ VIP လူနာဆောင်သို့ ရောက်လာခဲ့ကြသည်။မြို့ခေါင်းဆောင်က အခြေအနေကို ကိုယ်တိုင်မေးမြန်းပြီး သူတို့ လိုအပ်သည့် အရာများရှိမရှိ မေးမြန်းလိုက်သည်။
လျူလန်က အစပိုင်းတွင် မသိသော်လည်း ဉာဏ်ကောင်းတာကြောင့် ချက်ချင်းနား လည်သွားသည်။မြို့ခေါင်းဆောင် ရဲ့မေးမြန်းမှုကို သူမက ကျေးဇူးတင်စွာဖြင့် ပြန်ဖြေပြီး သူတို့နဲ့စကားအနည်းငယ်ပြောလိုက်သည်။
ခေါင်းဆောင်များက လျူဟုန်ဖူရဲ့အနားယူမှု့ကို ထိခိုက်မှာ စိုးရိမ်ခဲ့တာကြောင့် လူနာဆောင်တွင် ဆယ်မိနစ်ခန့်သာနေပြီးနောက် ထိုအဖွဲ့မှာ ထွက်ခွာသွားသည်။
မြို့ခေါင်းဆောင်နှင့် ဒုတိယဦးဆောင်သူများစွာကို နှုတ်ဆက်ပြီးနောက် ရှောင်းကျန့်က သူ့ရဲ့ချွေးများကို တိတ်တဆိတ်သုတ်လိုက်သည်။နောက်ဆုံးတွင် တွေ့ဆုံမူ့ ပြီးဆုံးသွားပြီ ဖြစ်ရာ ခေါင်းဆောင်မှာ အတော်လေးကျေနပ်သွားပုံရသည်။
ရှောင်ကျန့်စိတ်ထဲတွင်လည်း သိချင်စိတ်ဖြင့် တွေးလိုက်သည်။
“လျူဟုန်ဖူရဲ့သားက ဘယ်သူလဲဟ "
" သူက Roll-Royceကားမောင်းတာတင်မဟုတ်ဘူးလား မြို့ခေါင်းဆောင်နဲ့ ဒုတိယဦးဆောင်သူတွေအားလုံး လာကြည့်တာပဲ”
“ငါ ကံကောင်းတယ် အတော်လေး ကံကောင်းတယ်”
ကံကောင်းစွာဖြင့် မနေ့က ထိုကားကိုမြင်ပြီးနောက် သူက လျူဟုန်ဖူကို VIP လူနာဆောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ရှောင်းကျန့် စိတ်ထဲကနေ ထပ်မံတွေးနေမိသည်။
ဆယ်မိနစ်အကြာတွင်
လျူယောင်နဲ့ ကျိုးရှို့ယင်တို့ ပြန်လာတဲ့အခါလျူလန်ကခုနကဖြစ်ပျက်ခဲ့တဲ့ အရာများကို ချက်ချင်းပြောပြလိုက်သည်။ လျူယောင်က ပြုံးလိုက်ပြီး ဒါက မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်ကြောင့်သာ ဖြစ်ကြောင်း သိလိုက်သည်။
လျူယောင်က မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်ဟာ သူ့ဖခင်ကို ဆေးရုံ၌ မိနှစ် 20 ခန့်ကြာအောင် ကိုယ်တိုင်လာရောက်ကြည့်ရှုမည့်ဟု မမျှော်လင့်ခဲ့ပေ။ လူအုပ်စုကြီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်နှင့် မြို့နယ်ခေါင်းဆောင်များစွာအပြင် ဆေးရုံရဲ့ဒါရိုက်တာ ဒုတိယဦးဆောင်သူများစွာလည်း ထပ်မံရောက်လာကြသည်။
ရှောင်ကျန်း ထိတ်လန့်သွားပေမဲ့ ကြောက်လန့်ခြင်းမရှိတော့ပေ။
သူ စိတ်ထဲကနေ “ဘုရားရေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် ကိုယ်တိုင်ရောက်လာတယ်” ဟုအာမေဋိတ် စကားပြောလိုက်သည်။
ဒါက ကြီးမားတဲ့ လှုပ်ရှားမှု့ပဲဖြစ်သည်။
အစာအိမ်နှင့်အူလမ်းကြောင်းဌာနရှိ ဆရာဝန်များနှင့် သူနာပြုများအားလုံးနီးပါး ဒီဖြစ်ရပ်ကို သိရှိကြသည်။ လူနာအချို့နှင့်အတူလိုက်ပါလာသည့် မိသားစုဝင်အချို့ပင် သိကြသည်။
“ကောင်းလိုက်တာ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က ကိုယ်တိုင်လာရောက်ကြည့်ရှုတာပဲ”
" ဘုရားရေ "
“ဒီလူနာရဲ့အထောက်အထားက ဘာလဲ" ဒီမျက်နှာက တကယ်ကိုကြီးကျယ်ခမ်းနားတယ်”
“သူ့သားကြောင့်လို့ကြားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်က လူနာရဲ့သားမျက်နှာကြောင့် လာကြည့်တာ”
ဘာပဲဖြစ်ဖြစ် လျူဟုန်ဖူမှာ ရုတ်တရက် နာမည်ကြီးလာသည်။ လူတိုင်းကVIP အခန်း 2 လူနာဆောင်တွင် ပုံမှန်မဟုတ်တဲ့ လူနာတစ်ဦးကုသနေတာကို သိရှိကြသည်။
ဒီနေ့က တနင်္လာနေ့ဖြစ်သည်။ လျူလန်နှင့် လီချန်လဲ့တို့ဟာ တစ်ရက်သာ ခွင့်ယူထားတာကြောင့် ယနေ့ပြန်သွားရန် လိုသည်။
လျူဟုန်ဖူရဲ့ပြောင်းရွှေ့ရန်လုပ်ထုံးလုပ်နည်းများလည်း ပြီးစီးသွားပြီမို့လို့ ဆေးရုံကလည်း ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်။
လူနာတင်ယာဉ်၊ အတူလိုက်မဲ့ဆရာဝန်နဲ့သူနာပြုတို့မှာ ဘယ်အချိန်တွင်မဆို ထွက်ခွာရန်အသင့်ရှိနေကြသည်။
မထွက်ခွာမီ လျူယောင်က လီချန်လဲ့ရဲ့အိမ်ကို ကားမောင်းသွားကာ လီချန်လဲ့ကို ဟွာဟိုင်းမြို့ပြန်ဖို့ သွားခေါ်တဲ့အပြင် အနာဂတ်ယောက္ခမများအတွက်လည်း လက်ဆောင်ကြီးတစ်ခု ပေးရန်စီစဉ်ထားသည်။