အခန်း 128 " အကိုယောင်ရဲ့ ရင်းနှီးမြုပ်နှံမူ့ လိုအပ်တယ် "
"ဟယ်လို အကိုယောင်"
လိပ်ကြီး ရဲ့ အခြေအနေအား လျူယောင် အာရုံစိုက်နေတုန်းမှာပင် ရုံးခန်းတံခါးပွင့်သွားကာ တင်းဝိန် ပြုံးလျက် ဝင်လာခဲ့သည်။
တင်းဝိန်မှာ တံခါးမခေါက်ဘဲ လျူယောင်ရဲ့ ရုံးခန်းထဲ တိုက်ရိုက်ဝင်ရောက်နိုင်သူ အနည်းငယ်ထဲက တစ်ယောက်ပင် ဖြစ်သည်။
"မင်း ဒီနေ့ ဘာလို့အားနေတာလဲ ဘာဖြစ်လို့ ဒီကိုလာခဲ့တာလဲ "
တင်းဝိန်က
"ကျွန်တော် ကျောင်းပြေးလာတာ ပြီးတော့ ကိုယ့်အစ်ကို့ဆီကို ဝင်ပြီးတော့ လာကြည့်တာ"ဟု ပြန်ဖြေလိုက်သည်။
ပြောပြီးနောက် သူကကော်ဖီနှင့် ခွက်များကို သူ့ဘာသာ ရှာဖွေကာ ကော်ဖီတစ်ခွက်ဖျော်ပြီးနောက် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
"မင်းက ကျောင်းတောင်ပြေးနေသေးတာလားမင်း ဘာတွေလုပ်နေတာလဲ "
တင်းဝန် ကျောင်းစတက်တဲ့အချိန်မှစ၍ လျူယောင် အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်။ ယနေ့တွင် လူ ကိုယ်တိုင်ရောက်လာသဖြင့် လျူယောင့်ရဲ့ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားရသည်။
တင်းဝိန်က "အကိုယောင် ကျွန်တော် အခု ရက်ပိုင်းအတွင်းမှာတော့ အရေးကြီးတဲ့ ကိစ္စတွေနဲ့ပဲ အလုပ်များနေတာ"
"ကျွန်တော် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်တယ်။ ဒီလိုမျိုး သေဖို့ကို ကျွန်တော် မစောင့်နိုင်ဘူး။ လက်တွေ့ကျတဲ့ အရာတွေကို ကျွန်တော် လုပ်ရမယ်။ ကျွန်တော့်အဖေဆီက ယွမ် သန်း ၂၀၀ ကို တောင်းထားပြီးပြီ ယဉ်ကျေးမှုဆိုင်ရာ ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ဖို့ လုပ်နေပါတယ်"
"ယဉ်ကျေးမှုဆိုင်ရာ ကုမ္ပဏီတစ်ခုလား မင်း ဖျော်ဖြေရေးလုပ်ငန်းထဲကို ဝင်ဖို့ စီစဉ်နေတာလား" ဟု လျူယောင်က မေးလိုက်သည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး"
တင်းဝိန် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
"ကျွန်တော့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ကုမ္ပဏီက ရှေးဟောင်းပစ္စည်းများစုဆောင်းခြင်းနဲ့ ယဉ်ကျေးမှု့ဖလှယ်ခြင်း တန်ဖိုးဖြတ်ခြင်းနဲ့ ပြန့်ပွားအောင်လုပ်ခြင်းတို့ကို အဓိကထားလုပ်ဆောင်မှာပါ။ စုဆောင်းလို့ ကောင်းတဲ့အရာတွေရှိရင်တော့ ကျွန်တော်က ဈေးပေါပေါနဲ့ ဝယ်ပြီးတော့ ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းမှာပါ ဒါမှမဟုတ် လေလံပွဲတွေ စီစဉ်ပြီး လုပ်ငန်းလုပ်ကိုင်သွားမှာ"
"လေလံပွဲတွေက ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကအမြတ်ရရှိစေမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ လေလံပွဲတွေကို တစ်နေ့မှာတော့ Christie’s လိုမျိုး နာမည်ကြီးလေလံအိမ်တွေနဲ့ ယှဥ်ပြိုင်နိုင်မယ်ဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့"ဟု ရှင်းပြလိုက်သည်။
လျူယောင်က "မဆိုးပါဘူး မင်းမှာ ရည်မှန်းချက်နဲ့ စိတ်ကူးတွေ ရှိတာပဲ မင်း အောင်မြင်မယ်လို့ ငါထင်တယ်" ဟု သဘောတူလိုက်သည်။
ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းမှာ တင်းဝိန်၏ ကြီးမားတဲ့ ဝါသနာဖြစ်ပြီးထိုနယ်ပယ်တွင် သတ်မှတ်ထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအချို့လည်း ရှိသည်။ထိုနယ်ပယ်တွင် သူ့ကို ပညာရှင်တစ်ဦးအဖြစ် မှတ်ယူနိုင်သည်။
"အကိုယောင်က ကျွန်တော် စီးပွားရေးစတင်တာကို ထောက်ခံတယ်နော်"ဟု တင်းဝိန် ဝမ်းသာအားရ မေးလိုက်သည်။
"ငါကတော့ အားပေးထောက်ခံတာပေါ့။ ဒါက ကောင်းတဲ့ကိစ္စပဲ။ မင်း တကယ် လုပ်သင့်တယ် ဒါပေမဲ့ မင်းရဲ့ကျောင်းစာကိုတော့ မပျက်စေနဲ့ပေါ့"
"မပျက်ပါဘူး ကျွန်တော် ကျောင်းမှာ လိုအပ်တဲ့အရာတွေက မများပါဘူး ဘာသာရပ်တစ်ခုမှ မကျရှုံးဘဲ၊ ကျောင်းပြီးမြောက်ဖို့ပဲ လိုပါတယ်" ဟု တင်းဝိန်က ပြန်ဖြေလိုက်သည်။
"အကိုယောင် ကျွန်တော် စီးပွားရေးစတင်ဖို့ အသင့်ဖြစ်နေပြီ။ အကို ကျွန်တော့်ကို ထောက်ပံ့ချင်စိတ်မရှိဘူးလား။ ဥပမာ- ပိုက်ဆံနည်းနည်း ရင်းနှီးမြှုပ်နှံတာမျိုးပေါ့"
လျူယောင်က "မင်းမှာ လုပ်ငန်းစဖို့ ရင်းနှီးငွေ ယွမ် သန်း ၂၀၀ ရှိပြီးသားမဟုတ်လား၊ ဒါက လုံလောက်တယ်လို့ ငါထင်တယ်" ဟု ပြန်ဖြေလိုက်သည်။
"လုပ်ငန်းစဖို့ ရင်းနှီးငွေကတော့ များလေကောင်းလေပေါ့ အကိုက ယွမ် သန်း ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လိုလဲ" ဟု ပြောပြီးနောက် တင်းဝိန် မျှော် လင့်ချက်ဖြင့် လျူယောင်ကို ကြည့်နေသည်။
လျူယောင် ပြုံးလိုက်သည်။
"ညီလေး ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာတော့ လောလောဆယ် စီမံကိန်းမရှိသေးဘူး။ ငါ့ရဲ့ပိုက်ဆံတွေအားလုံးကို သင်္ဘောတွေဝယ်ဖို့ပဲ အသုံးပြုမှာ ငါ့ရဲ့ ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို အရင်ဆုံး တိုးချဲ့ရအူံးမယ်"
"လုပ်ပါ အကိုယောင်၊ အကိုရဲ့ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော် လိုအပ်နေပါတယ်"
တင်းဝိန်က အတင်း တောင်းဆိုနေသည်။ သူ့ပုံစံက သနားစဖွယ်ဖြစ်နေသဖြင့် လျူယောင်လည်း စိတ်ပျော့သွားသည်။
"ကောင်းပြီ တခြားသူတွေ ငါ့ကို တောင်းပန်နေတာမျိုးဆို ငါ မခံနိုင်ဘူး ဒါကြောင့် ယွမ် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပေးမယ်"
ချက်ချင်းဆိုသလိုပင် တင်းဝိန် အလွန်ပျော်ရွှင်သွားသည်။
"ဒါ တကယ်ကို ကောင်းတာပဲ အကိုယောင် မင်းက တကယ်ကို ကြင်နာတတ်တာပဲ။ ကျွန်တော့်မှာ ယွမ် သန်း ၂၀၀ ရှိပြီး အကိုက ယွမ် သန်း ၁၀၀ ထည့်ဝင်လိုက်တာဆိုတော့ ကုမ္ပဏီအသစ်မှာ လုပ်ငန်းစဖို့ ရင်းနှီးငွေ ယွမ် သန်း ၃၀၀ ရှိပြီ အကို့ကို အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးရင် ဘယ်လိုလဲ"
လျူယောင်က "ဟုတ်ပြီလေ မင်း ရှယ်ယာဘယ်လောက်ပေးပေး အရေးမကြီးပါဘူးဒါပေမဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု့မှာ ငါ ပါဝင်မှာ မဟုတ်ဘူးလို့ ကြိုပြောချင်တယ်။ အမြတ်ရပြီဆိုရင်တော့ ဒီအစုရှယ်ယာအချိုးအစားအတိုင်း အကျိုးအမြတ်ကို ခွဲဝေပေးရင် ရပြီ"
"ဟုတ်ပါတယ် ဟုတ်ပါတယ်" တင်းဝိန် အလွန်ပျော်ရွှင်နေခဲ့သည်။
သူ ဒီနေရာကို လာရတဲ့ အဓိကရည်ရွယ်ချက်မှာ ငွေရှာရန်ဖြစ်ပြီး လျူယောင်ထံမှ ရည်ရွယ်ချက်အောင်မြင်သဖြင့် ပျော်ရွှင်စွာ ထွက်သွားခဲ့ပြီး အကြိမ်ကြိမ်ကျေးဇူးတင်ခဲ့သည်။
လျူယောင် နံနက် ၉ နာရီမတိုင်မီ ကုမ္ပဏီသို့ ရောက်ရှိလာပြီး ဝန်ထမ်းရှာဖွေရေးကုမ္ပဏီမှ ရွေးချယ်ထားတဲ့ ထက်မြက်သူများကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့ပြီး လျူယောင်က ရန်ဝေဆိုသူကို ရွေးချယ်ခဲ့သည်။
ရန်ဝေက အသက် ၃၇ နှစ်ရှိပြီး ပြည်ပမှပြန်လာတဲ့ ပါရဂူဘွဲ့ရတစ်ဦးဖြစ်သည်။
ရှားရှားပါးပါးပင် သူက ပြည်ပပင်လယ်ရေကြောင်းပို့ဆောင်ရေးတွင် သုံးနှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံများ ရှိသည်။
ရန်ဝေက Globalရဲ့ ဒုတိယအထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခံရပြီး ဟူဂျွန်းရှီပြီးနောက် ဒုတိယနေရာတွင် ရှိသည်။
ထိုသို့ဖြင့် Global တွင် အကြီးတန်းအမှုဆောင်သုံးဦးရှိလာခဲ့ပြီး သူတို့မှာ ကျို့ယန်၊ ဟူဂျွန်းရှီနှင့် ရန်ဝေတို့ပဲ ဖြစ်သည်။
ထိုသုံးယောက်ရှိခြင်းကြောင့် လျူယောင်ရဲ့ဝန် ထုပ်ဝန်ပိုးမှာ သေချာပေါက် ပိုမိုသက်သာသွားမည် ဖြစ်သည်။
လျူယောင်က ကုမ္ပဏီရဲ့ သီးသန့်ကိစ္စရပ်များတွင် လုံးဝပါဝင်ရန်မလိုဘဲ အဓိကကိစ္စများနှင့် ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
ရက်အနည်းငယ်ကြာပြီးနောက်။
ဟွာဟိုင်းမြို့ဆေးရုံတွင် ရက်အနည်းငယ်ကြာ ကုသပြီးနောက် လျူဟုန်ဖူမှာလည်း ပြန်ကောင်းလာခဲ့ပြီး ဆေးရုံဆင်းရန် စံနှုန်းပြည့်မီသွားပြီ ဖြစ်သည်။ ချန်းဟူက ကားမောင်းကာ လျူယောင် ဆေးရုံကို ကိုယ်တိုင်သွားခဲ့သည်။
ဆေးရုံဆင်းတဲ့ လုပ်ငန်းစဉ်များကို လျူယောင် ဆောင်ရွက်ပေးခဲ့ပြီး တစ်ဖက်တွင် အထုပ်အပိုးများကို ကိုင်ကာ ကျန်တစ်ဖက်ဖြင့် သူ့ဖခင်ကို ကိုင်ပြီး အိမ်ပြန်ရန် အသင့်ဖြစ်နေသည်။
လျူဟုန်ဖူက "မဟုတ်ဘူး မင်းရဲ့အကူအညီ မလိုအပ်ဘူး ငါ့ဘာသာငါ လမ်းလျှောက်နိုင်တယ်" ဟု အတင်းငြင်းလိုက်သည်။
လျူယောင် အနည်းငယ်ပြုံးလိုက်ပေမဲ့ သူအတင်းအကြပ်မပြောတော့ပေ။ဖခင်ရဲ့လက်ရှိအခြေအနေကို သိတာကြောင့် အကူအညီပေးဖို့မလိုကြောင်း သူ သိသည်။
လျူယောင်တို့ ဆေးရုံမှ ထွက်ခွာလာပြီး ချန်းဟူက ကားကို ဗီလာသို့ ပြန်မောင်းလာခဲ့သည်။
လျူဟုန်ဖူ ရောက်ရောက်ချင်းပဲ အံ့သြသွားသည်။
ဒီနေရာကို သူပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။ လျူယောင်၊ လျူလန် သို့မဟုတ် ကျိုးရှို့ယင်းတို့က ဗီလာအကြောင်းကို အတိုချုပ်ပြောပြဖူးပေမဲ့ သူ့ မျက်လုံးများကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူ့ဘဝတွင် ဒီလိုမျိုး ဇိမ်ခံအိမ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ရှောင်ယောင် ဒါ မင်းဝယ်ထားတဲ့ နှစ်ထပ်ဗီလာလား ဒါက တကယ်ကို ကြီးလွန်းတာပဲ တကယ်ကောင်းတာပဲ ငါ့မျက်လုံးတွေကို ငါမယုံနိုင်ဘူး.ဒါက အိပ်မက်တစ်ခုလိုပဲကွာ"
လျူယောင်က "အဖေ၊ ဒါက ကျွန်တော် ဟွာဟိုင်းမြို့မှာ ဝယ်ထားတဲ့အိမ်ပါ ဒီအိမ်က သုံးထပ်ရှိတယ်။ တတိယထပ်မှာ နေရောင်ခြည်ခံတဲ့ အခန်းနဲ့ လှေကားထစ်ကျယ်ကြီးရှိတယ် ရာသီဥတုသာယာရင် လက်ဖက်ရည်သောက်ပြီးတော့ နေပူစာလှုံနိုင်တယ်"
"လာပါ၊ ကျွန်တော် ဖေဖေ့ကို အိပ်ခန်းထဲ လိုက်ပို့ပေးမယ်။ ဖေဖေနဲ့ မေမေ ဒီအခန်းထဲမှာပဲ နေပါ ဘယ်လိုလဲ၊ သဘောကျလား"
ဖခင်အား ခေါ်ဆောင်ပြီး ပထမထပ်ရှိ အိပ်ခန်းတစ်ခန်းရဲ့ တံခါးကို လျူယောင်တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
လျူဟုန်ဖူက သူ့ဘဝတွင် ဒီလိုကောင်းမွန်တဲ့အိပ်ခန်းကို တစ်ခါမှ မမြင်ဖူးတာကြောင့် ခေါင်းကို အကြိမ်ကြိမ် ညိမ့်ကာ စိတ်လူပ်ရှားနေသည်။
"ကောင်းတယ် ကောင်းတယ်၊ ဟုတ်တယ် ဒီနေရာမှာ နေရတာက တကယ်သက်သောင့်သက်သာဖြစ်မှာ သေချာတယ်"
လျူယောင်က အိပ်ခန်းရဲ့အခြေအနေအကြောင်းကို မိတ်ဆက်ပြီးနောက် "ဖေဖေ လျူလန်လည်း တစ်ခါတလေ ပြန်လာပြီးတော့ ဒီမှာ နေတတ်တယ်။ သူ့အိပ်ခန်းလည်း ဒီအထပ်မှာပဲရှိတယ်" ဟု ထပ်မံ ပြောလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်" လျူဟုန်ဖူက "ကောင်းတယ်" ဆိုတဲ့စကားကို ပျော်ရွှင်စွာနှစ်ကြိမ် ပြောဆိုခဲ့သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်လျက်ရှိသည်။
လျူဟုန်ဖူ အိမ်ကို အပေါ်အောက်ကြည့်ရှု့နေပြီး ကျေနပ်ရောင့်ရဲမှု့နဲ့ ပျော်ရွှင်မှု့တို့ ပေါ်လွင်နေသည်။ သူ့သားက ဟွာဟိုင်းမြို့တွင် ဒီလိုကောင်းမွန်တဲ့အိမ်ကို ဝယ်ယူခဲ့လိမ့်မယ်လို့ သူတစ်ခါမှ မစဉ်းစားမိခဲ့ပေ။