Ch 136
Viewers 5k

အခန်း 136  " အရူး နှစ်ယောက်"


ဟူကွမ်းချန်၊ကူလန်ထျန်းနဲ့ အခြားသူတို့မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။


သူတို့နှစ်ယောက်သား တိတ်ဆိတ်စွာ အချင်းချင်း ကြည့်နေကြသည်။


ကူလန်ထျန်း မသေချာသေးဘဲ ထပ် မေးလိုက်သည်။


"လျူယောင်…ခုနက…အစားအသောက်တွေ လာပို့တာ….ဝေ့ချွမ်းယန်ကို…. မင်း ……စီစဉ်ခိုင်းထားတာမို့လား…." 


ဒီလိုဖြစ်နိုင်တယ်လို့ သူ တွေးမိသည်။ ဘာလို့လဲဆိုတော့ ဝေ့ချွမ်းယန်က ဒီဟိုတယ်တွင် အလုပ်လုပ်ပြီး အခန်းဌာနရဲ့ကြီးကြပ်ရေးမှူးလည်း ဖြစ်သည်။



လျူယောင် ပေါ့ပေါ့တန်တန်သာ ပြုံးလိုက်သည်။ 


“ဒီ....ကူလန်ထျန်းရဲ့ ဦးနှောက်က ပြဿနာရှိနေတာပဲ..တက္ကသိုလ်တက်တုန်းကတောင် ဒီလောက် နိမ့်ကျတဲ့ ဉာဏ်ရည်မျိုး ရှိခဲ့တာ မဟုတ်ဘူး..”


ဝေ့ချွမ်းယန်၏ စကားအချို့ကို ပြန်လည်ချေပရန် ပြင်ဆင်နေစဉ် ဝေချွမ်းယန်ရဲ့ ဘေးနားမှ ကျန်းရှောင်မေက အံ့အားသင့်စွာနဲ့ မေးလိုက်သည်။


"လျူယောင် နင်ပတ်ထားတဲ့ နာရီကို ခန ကြည့်ခွင့်ပေးပါလား" 


သူမက လျူယောင်နဲ့ တစ်ခုံခြားနေပြီး ဝေ့ချွမ်းယန်က အလယ်တွင် ထိုင်နေသည်။  လျူယောင်ရဲ့လက်ကောက်ဝတ်ကို သူမ ဘယ်တုန်းကမှ အာရုံမထားခဲ့ပေ။ လျူယောင် သမ္မတခန်းတွင် တည်းခိုနေတာကို သိပြီးနောက် လျူယောင်ကို ပိုမိုအာရုံစိုက်ကြည့်မိသည်။ မကြာခင်မှာပဲ လျူယောင်ရဲ့ လက်ကောက်ဝတ်ပေါ်ရှိ နာရီကို သတိထားမိခဲ့ခြင်းဖြစ်သည်။



လျူယောင် ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။


 "နာရီတစ်လုံးက ဘာစိတ်ဝင်စားစရာ ရှိလို့လဲ" 


ကူလန်ထျန်းကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်... နာရီတစ်လုံးပဲဟာ.. အကိုဟူဆီမှာလည်း...နာရီရှိတယ်...၈ ထောင်ကျော်လောက်…ပေးဝယ်ထားတာ…" 


ဟူကွမ်းချန် ဒီနာရီကို အပြင်ပိုင်းအသွင် အပြင်ကြောင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ၈၀၀၀ ကျော် ကုန်ကျခဲ့ပြီး အလွန်နာကျင်ခဲ့ရသည်။ ဝယ်ပြီးနောက် သူ တစ်နေ့လုံး ဝတ် ဆင်ထားခဲ့ပြီး တစ်ခါတစ်လေ မှသာ ထုတ်ပြခဲ့သည်။


ဥပမာအားဖြင့်.အတန်းဖော်ဟောင်းများ ပြန်လည်ဆုံဆည်းပွဲတွင် အားလုံး ညစာစားနေစဉ် ဟူကွမ်းချန်ရဲ့ နာရီမှာ အမြဲတမ်း အပြင်ဘက်သို့ ထွက်နေပြီး အခြားသူများ မမြင်မှာကို စိုးရိမ်နေသကဲ့သို့ပင်။

ဒီအချိန်တွင် လျူယောင်ရဲ့နာရီမှာ ရိုးရိုးနာရီမဟုတ်ဘူးလို့  ကြိုတင်မှန်းဆမိသဖြင့် သူ လက်ရှည်အင်္ကျီကို အနည်းငယ်ဆွဲချကာ နာရီကို ဖုံးကွယ်လိုက်သည်။


ကျန်းရှောင်မေက အတင်းအကြပ် တောင်းဆိုနေသည်။


"လျူယောင်..နင်... ဒီလောက် မနှမြောပါနဲ့...ဘာလို့... ငါ့ကို မပြတာလဲ…" 


"လျူယောင်... နင်... ကျန်းရှောင်မေကို ခန ပြကြည့်ပါလား...နင်..မသိဘူးလား.... သူမက နာမည်ကြီးတွေရဲ့ နာရီကောင်တာမှာ အရောင်းစာရေး လုပ်ခဲ့ဖူးတယ်.....ကျောက်မျက်ရတနာကောင်တာမှာလည်း လအနည်းငယ် အလုပ်လုပ်ခဲ့ဖူးတယ်.... ပြီးတော့ ကျောက်စိမ်းရောင်းတာကို အထူးပြုခဲ့တာ" ဝေ့ချွမ်းယန်က ဖျောင်းဖျလိုက်သည်။


ဝေ့ချွမ်းယန်ရဲ့ ဖျောင်းဖျမှုကို မြင်တဲ့အခါ သူမကို မျက်နှာသာပေးလိုက်ပြီး လျူယောင်  နာရီကို ချွတ်၍ ကျန်းရှောင်မေကို ပေါ့ပေါ့တန်တန် ပေးကာ ပြောလိုက်သည်။


"နာရီတစ်လုံးပဲဟာ.... ဘာကြည့်စရာရှိလို့လဲ….” 


ကျန်းရှောင်မေ ပျော်ရွှင်စွာ လက်ခံလိုက်ကာ  နာရီကို သူမရဲ့လက်ထဲတွင် ကိုင်ထားရင်း မြင်မြင်ချင်းပင် အံ့ဩတုန်လှုပ်သွားသည်။ သူမရဲ့မျက်နှာပေါ်တွင် မယုံနိုင်စရာ အမူအရာပေါ်လာခဲ့ပြီး အံ့သြစွာ ပြောလိုက်သည်။


"အို....ဘုရားသခင်.... ဒါက ကမ္ဘာပေါ်မှာ အကန့်အသတ်နဲ့ထုတ်ထားတဲ့ ပစ္စည်းပဲ... ကျွန်မ လက်ထဲမှာ ကိုင်ထားတာက တကယ်ပဲ ကမ္ဘာ့အကန့်အသတ်ထုတ်ဝေတဲ့ ပစ္စည်း" 


ဟွမ်ကွမ်းက စကားတစ်ခွန်းမှ မပြောဘဲနေခဲ့ရာ ဒီအခိုက်အတန့်တွင် ဝင်ပြောလိုက်သည်။


"ကျန်းရှောင်မေ...ဒီနာရီရဲ့တန်ဖိုး ဘယ်လောက်လဲ..."   


 "အနည်းဆုံး ၈ သန်း ဒါမှမဟုတ် ဒီထက်ပိုပြီး တန်ဖိုးရှိလောက်မယ်…” ကျန်းရှောင်မေ  ပြန်ဖြေလိုက်သည်။


"ဘာ...."


" အဲ့လောက်များတာလား...."


ဟွမ်ကွမ်း အလွန်အံ့အားသင့်သွားခဲ့ပြီး ထိုင်မနေနိုင်တော့ပေ။ 


 “ ဘုရားရေ…”


“အရမ်းကြောက်စရာကောင်းတာပဲ ကြောက်လို့ သေတော့မယ်....”


ဟူကွမ်းချန် သူ့ရဲ့နာရီကို တိတ်တိတ်လေး ချွတ်ပြီး  အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။


ကူလန်ထျန်းမှာ လုံးဝကြောင်တောင်တောင် ဖြစ်နေသည်။ ယွမ် ၈ သန်းတန် နာရီက သူ့ရဲ့အသိဉာဏ်ကို လုံးဝကျော်လွန်နေခဲ့သည်။


နာရီကို ကြည့်ပြီးနောက် ကျန်းရှောင်မေက လက်နှစ်ဖက်ဖြင့် လျူယောင်ကို ပြန်ပေးလိုက်သည်။ ခုနက ယူတုန်းကပုံစံနှင့် လုံးဝကွဲပြားနေသည်။


ရုတ်တရက် သူမက လျူယောင့်ရဲ့လည်ပင်းတွင် ကျောက်စိမ်းပြားတစ်ခုကို ဝတ်ဆင်ထားတာကို သတိထားမိသွားပြီး စိတ်ထဲကနေ ပြောလိုက်သည်။



"ယွမ် ၈ သန်းကျော်တန် နာရီကို ဝတ်ထားတာဆိုတော့ ဒီကျောက်စိမ်းပြားက သာမန် ကျောက် စိမ်းမဟုတ်တာ သေချာတယ်.."ကျန်းရှောင်မေ က ကျောက်စိမ်းကောင်တာတွင်လည်း လအနည်းငယ် လောက် အလုပ်လုပ်ခဲ့ဖူးသူဖြစ်တာကြောင့် သူမဟာ  ကျွမ်းကျင်သူတစ်ဦးလို့ သတ်မှတ်လို့ရသည်။


"လျူယောင်...နင် ဝတ်ထားတာက မြစိမ်းကျောက်စိမ်းပြားလား... ငါ့ကို ပြပေးပါလား"


လျူယောင် ဒီတစ်ကြိမ်တွင် ရှောင်လွှဲတာ မလုပ်တော့ဘဲ ကျောက်စိမ်းပြားကို ချွတ်လိုက်ပြီး ပေးလိုက်သည်။


"ဒီမှာ...ရော့...ကြည့်ချင်ရင် ကြည့်လို့ရတယ်" 


ကျောက်စိမ်းပြားကို လက်ခံပြီးတဲ့အခါ ကျန်းရှောင်မေ တစ်ချက်ကြည့်ရုံနှင့် ကြောက်လန့်သွားခဲ့သည်။ ဘာလို့လဲဆိုတော့ ဒါက ဧကရာဇ်စိမ်းလို့ခေါ်တဲ့ ဖန်သားအမျိုးအစားနဲ့ လုပ်ထားလို့ပင်။


သူမ ဒီလိုကျောက်စိမ်းမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေမဲ့ အဲဒီအချိန်က သင်ကြားတဲ့ဆရာကြီးဆီကနေ ဒီလိုကျောက်စိမ်းမျိုးက အလွန်ရှားပါးပြီး တစ်ခုစီက ရှားပါးတဲ့ရတနာများဖြစ်ကြောင်း သန်းရာနှင့်ချီ တန်ဖိုးရှိကြောင်း ကြားခဲ့ဖူးသည်။


သူမရဲ့လက်များမှာ အနည်းငယ် တုန်ယင်နေပြီး အသက်ပြင်းပြင်းနှစ်ခါ ရှူလိုက်သည်။



ဝေ့ချွမ်းယန်က အလွန်စဉ်းစားတတ်ပြီး ကျန်းရှောင်မေရဲ့စိတ်ခံစားချက်ကို ခံစားမိပုံရကာ မေးလိုက်သည်။


"ရှောင်မေ...နင်... ဘာဖြစ်နေတာလဲ.... ဒီကျောက်စိမ်းက.... ခုနက..နာရီထက်....ပိုစျေးကြီးတာလား..." 


ကျန်းရှောင်မေ နောက်တစ်ကြိမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။


"အဲ့ဒီနာရီထက်…. ပိုစျေးကြီးရုံသာမကဘူး... ဒါက လွန်လွန်ကဲကဲကို….စျေးကြီးတာ....." 


ယွမ် ၈ သန်းတန် နာရီကိုတောင် လူတိုင်းက အရမ်းကြောက်နေခဲ့သည်။


"ဒီကျောက်စိမ်းပြားက တကယ်တမ်း ပိုစျေးကြီးသေးတာလား...."


"ငါတို့ကို ကြောက်အောင်မလုပ်ပါနဲ့...ဒီလိုကြောက်အောင် လုပ်တာကို ငါတို့ မခံနိုင်ဘူး"


ကျန်းရှောင်မေက ကြောက်စရာကောင်းတာဖြစ်စေ.... မကောင်းတာဖြစ်စေ.. ဂရုမစိုက်တော့ဘဲ ပြောလိုက်သည်။


"ဒီကျောက်စိမ်းပြားက မရိုးရှင်းဘူး....ဒါက ဧကရာဇ်စိမ်းဖန်သားနဲ့ လုပ်ထားတာ... ပန်းပုထုတာကလည်း...နာမည်ကြီးဆရာတွေရဲ့ လက်ရာဖြစ်ရမယ်.... ယွမ်သန်း ၁၀၀ ကျော်တန်ဖိုးရှိတာ….သေချာတယ်…" 


"ဘုန်း... ဘုန်း...ဘုန်း..."


ကျန်းရှောင်မေ စကားဆုံးပြီးနောက် ဟူကွမ်းချန်နဲ့ အခြားသူတို့မှာ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်  လဲကျတော့မလို ဖြစ်သွားခဲ့သည်။


ဟွမ်ကွမ်းက အံ့အားသင့်စွာနဲ့ မေးလိုက်သည်။


"အကိုယောင် ...ဒီကျောက်စိမ်းပြားက တကယ်ပဲ သန်းရာဂဏန်းတန်တာလား…" 


လျူယောင်က ဟူကွမ်းချန်တို့ကို   ကြည့်ပြီး ပြန်ဖြေလိုက်သည်။


"ဟုတ်တယ်... ငါ ပညာရှင်အဖွဲ့အ စည်းတစ်ခုကို အကဲဖြတ်ခိုင်းကြည့်တာတော့....သူ့ရဲ့တန်ဖိုးက သန်း ၁၅၀ လောက်ရှိမယ်လို့….ပြောတာပဲ..." 


" အိူး..ဘုရားရေ..... "


" သန်း ၁၅၀...လား..."


" လျူယောင်က  ဒီ သန်း ၁၅၀ တန် ကျောက် စိမ်းပြားကို လည်ပင်းမှာ ပေါ့ပေါ့ပါးပါး ဝတ်ထားတာလား.."


ဟူကွမ်းချန်နဲ့ကူလန်တျန်း လုံးဝကြောင်နေခဲ့သည်။


လျူယောင်  သူတို့ကို နောက်တစ်ကြိမ်ကြည့်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။


"ဟွမ်ကွမ်း..ဝေ့ချွမ်းယန်..ကျန်းရှောင်မေ..နေရာပြောင်းရအောင်... သီးသန့်ခန်းကို သွားကြမယ်..... ငါ.. ကျွေးပါ့မယ်..." 


သူ  ဒီအရူးနှစ်ယောက်နဲ့အတူ ညစာစားဖို့ ဒီနေရာမှာ အကြာကြီး မနေချင်တော့ပေ။


"သွားရအောင်... နေရာပြောင်းကြမယ်" 

 ဝေ့ချွမ်းယန်တို့လည်း သဘောတူခဲ့သည်။



သူတို့လေးဦး ဧည့်ခန်းကနေ သီးသန့်ခန်းကို ပြောင်းရွှေ့ခဲ့ကြသည်။ လျူယောင်က အရမ်းကို ရက်ရောခဲ့သည်။ သူက နာမည်ကြီးဟင်းပွဲများစွာကို မှာခဲ့ပြီး ယွမ် ၁၀,၀၀၀ ကျော်တန် ရွှေရောင်ဝိုင်တစ်ပုလင်းကိုလည်း မှာလိုက်သည်။


"ဒါက ...အလွန်ချမ်းသာတာပဲ..."


ဟွမ်ကွမ်းမှာ သူ ကြီးပြင်းလာသည်အထိ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ညစာမျိုး တစ်ခါမှ မစားဖူးကြောင်း တိုက်ရိုက်ပြောခဲ့သည်။


.......


လျူယောင် အိပ်မောကျနေရာမှ နိုးလာခဲ့သည်။ မျှော်လင့်ထားတဲ့အတိုင်း သမ္မတခန်းဖြစ်တာကြောင့်  အိပ်ရတာ အလွန်သက်သောင့် သက်သာရှိသည်။


သူ့ရဲ့လက်ကို မြှောက်ကာ အချိန်ကို ကြည့်လိုက်သည်။


"ထပြီး...အလုပ်လုပ်ဖို့... အချိန်ရောက်ပြီပဲ .."


ဒီနေ့ လျူယောင်ရဲ့အစီအစဉ်က အလွန်ရိုးရှင်းသည်။ သူကိုယ်တိုင် သင်္ဘောပျက်ထဲ ဝင်ပြီးပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူကာပြင်ဆင်ထားတဲ့ ပလတ်စတစ်ဖော့များဖြင့် ထုပ်ပိုးပြီး ပလတ်စတစ်ပုံးများထဲ ထည့်ကာ လိပ်ကြီးကို ပင်လယ်ကမ်းခြေနားက ဂိုဒေါင်သို့ ပြန်ပို့ခိုင်းမည်ဖြစ်သည်။


မျက်နှာသစ်ပြီးနောက်…


လျူယောင် ဖုန်းကိုင်လိုက်ပြီး ပြောလိုက်သည်။ မကြာမီတွင် ဝန်ထမ်းတစ်ဦးမှာ လှည်းတစ်စီး တွန်းလာပြီး မနက်စာအပြည့်အစုံကို ယူလာပေးခဲ့သည်။


လျူယောင်ကို ပို အံ့ဩစရာကောင်းသည်မှာ ဝေ့ချွမ်းယန်လည်း လိုက်လာခဲ့သည်။


"နင်…. ဘာလို့ဒီကို… ရောက်နေတာလဲ…"


"ကျောင်းနေဖက်ဟောင်း.. ငါက အခန်းဌာနရဲ့ ကြီးကြပ်ရေးမှူးပဲ... ငါတို့ရဲ့ သမ္မတခန်းမှာ တည်းခိုတဲ့ ဧည့်သည်တွေကို လာကြည့်ရမှာပေါ့... ဒါက ….ငါတို့ လုပ်ရမယ့်အလုပ်ပဲ…" ဝေ့ချွမ်းယန် ရှင်းပြလိုက်သည်။


လျူယောင်  ပြုံးလိုက်မိသည်။ ဒီလိုစည်းမျဉ်းရှိ ၊မရှိကိုတော့ သူ မသိပေ။ ဒါပေမယ့် သူ နည်းနည်းဆာနေသည်။. ဒါကြောင့် မနက်စာကို အရင်စားပြီး အားပြည့်မှ အလုပ်လုပ်ရမည်။


ဝေ့ချွမ်းယန်က  ခမ်းနားတဲ့ မနက်စာကို တစ်ခုပြီးတစ်ခု ချပေးပြီး ဂရုတစိုက် မေးလိုက်သည်။


"ကျောင်းနေဖက်ဟောင်း...တခြားဘာတွေ လိုအပ်သေးလဲ... ဘာစားချင်လဲ ပြောပြလိုက်ယုံပဲ..." 


"လုံလောက်ပါတယ်....ဒီဟာတွေ အားလုံးကိုတောင် ငါ ကုန်အောင်မစားနိုင်ပါဘူး.."  လျူယောင် စားရင်း ပြန်ဖြေလိုက်သည်။


ဝေ့ချွမ်းယန်  ထွက်သွားဖို့ ရည်ရွယ်ချက် ရှိသေးပုံမရဘဲ ပြောလိုက်သည်။


"ညစာစားပြီးရင်... ငါ တစ်နေရာရာကို လိုက်ပို့ပေးပါ့မယ်..ဒီနေ့တော့ အချိန်ရတယ်.." 


ထိုသို့ပြောပြီးနောက် သူမရဲ့မျက်လုံးလှလှကြီးများဖြင့် လျူယောင်ကို ပြုံးပြလိုက်သည်။


လျူယောင်  ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။


"ပြောရခက်တာပဲ... ငါ့ ရဲ့.... အတန်းဖော်လေးက...ငါ့ ကို... သဘောကျနေတာပဲ....တက္ကသိုလ်တက်တုန်းကတောင် ...ငါ...ဒါမျိုးမတွေ့မိဘူး....."


သို့သော် လျူယောင်က အတန်းဖော်လေးကို အခွင့်အရေး မပေးခဲ့ပေ။ 


"နောက်မှပဲ....ငါ... အပြင်သွားဖို့ရှိလို့....စေတနာကို ကျေးဇူးတင်ပါတယ်..." လျူယောင်  ပြန်ပြောလိုက်သည်။


ဝေ့ချွမ်းယန်  အနည်းငယ် စိတ်ပျက်သွားပုံရသည်။


"ကောင်းပါပြီ... ဒါဆိုလည်း အလုပ်သွားလုပ်လိုက်အုံးမယ် ....လိုအပ်ရင်တော့ ဘယ်အချိန်မဆို... ငါ့ ကို ဆက်သွယ်လို့ရပါတယ်...."ဝေ့ချွမ်းယန်  ပြောပြီး ထွက်သွားသည်။



လျူယောင် မနက်စာစားပြီးနောက် ထရပ်ပြီး အိတ်ငယ်လေးတစ်လုံးကိုယူကာ ထွက်လာခဲ့သည်။ ထိုအိတ်ထဲတွင် ရေငုပ်မီးအိမ်...မျက်မှန်နဲ့ အခြားအရာများစွာ ထည့်လာခဲ့သည်။