Ch 140
Viewers 5k

အခန်း 140  " ဟွမ်ကွမ်း အလုပ်ထွက်ပြီ"



ဟွမ်ကွမ်း  လှည့်ကြည့်လိုက်သောအခါ သူ့၏အထက်အရာရှိ နွီလိီလိီဖြစ်နေတာကို တွေ့လိုက်ရသလို သူမရဲ့လေသံမှာလည်း မဖော်ရွေပေ။


အခြားလုပ်ဖော်ကိုင်ဖက်များကလည်း ဟွမ်ကွမ်းကို တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်နေကြပြီး တချို့သူများ၏ မျက်လုံးများတွင်မူ သနားဂရုဏာစိတ်များ ပြည့်နှက်နေတာကို တွေ့ရသည်။


“ဟွမ်ကွမ်း....မင်းကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရမယ်.... ငါတို့ မင်းကို မကူညီနိုင်ဘူး....”


နွီလွီလွီက လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် ဟွမ်ကွမ်းလို သာမန်ဝန်ထမ်းတစ်ယောက်သာဖြစ်သည်။ တိတိကျကျဆိုရလျှင် ဟွမ်ကွမ်းရဲ့စွမ်းဆောင်ရည်နဲ့ အရည်အချင်းကတောင် ပိုကောင်းနေသေးသည်။


ကုမ္ပဏီက သူတို့အကြားမှ ကြီးကြပ်ရေးမှူးတစ်ယောက်ကို ရာထူးတိုးပေးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် နွီလိီလိီမှာ ဟွမ်ကွမ်းကို အကြီးမားဆုံးပြိုင်ဘက်နဲ့ ခြိမ်းခြောက်မှု့အဖြစ် သတ်မှတ်ခဲ့သည်။



သူမ ရာထူးတိုးရန် နီးကပ်နေသည့် အချိန်တွင် နွီလိီလိီက ကြီးကြပ်ရေးမှူးထံသို့ သွား၍ ဟွမ်ကွမ်းအကြောင်း အတင်းအဖျင်းစကားများ တိုင်တန်းရုံသာမက မန်နေဂျာထံသို့ပါ လက်ဆောင်များ သွားပေးခဲ့သည်။


နောက်ဆုံးတွင် နွီလိီလိီ အနိုင်ရသွားခဲ့တာသေချာသည်။ လွန်ခဲ့သောရက်အနည်းငယ်တွင် သူမက ကြီးကြပ်ရေးမှူးရာထူးသို့ တိုးမြှင့်ခံရပြီး ဟွမ်ကွမ်းအပါအဝင် ဝန်ထမ်းလေးယောက်ကို စီမံခန့်ခွဲရသည်။


ထိုအချိန်မှစ၍ ဟွမ်ကွမ်းရဲ့ဘဝမှာ ပိုမိုခက်ခဲလာခဲ့သည်။  ဟွမ်ကွမ်းအား နေ့စဉ်အပြစ်ရှာနေပြီး သူ့ရဲ့အလုပ်ကိုလည်း နွီလီလီက ပြစ်တင်ဝေဖန်နေသည်။


စဉ်းစားကြည့်စရာမလို ယနေ့လည်း အတူတူပင်ဖြစ်လိမ့်မည်။



ရုံးခန်းကျယ်ကြီးထဲရှိ လုပ်ဖော်ကိုင်ဖက်များကလည်း ဘာဖြစ်နေသည်ကို သိကြသည်။


တချို့က ခေါင်းအသာခါလိုက်ကြပြီး တချို့က ဟွမ်ကွမ်းကို သနားဂရုဏာမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။


“လူဆိုတာ... မိုးကာအောက်မှာနေရင်...ခေါင်းငုံ့ရတာပဲ...အသက်ရှင်ရပ်တည်ဖို့ဆိုရင်... သည်းခံပြီး....အလုပ်ပြုတ်မခံနဲ့....”


ယင်းသည် ဟွမ်ကွမ်းရဲ့အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်က ပြောလိုက်ခြင်းဖြစ်သည်။


“ကျေးဇူးပါပဲ”


ဟွမ်ကွမ်း ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အလုပ်ထွက်ခွင့်တောင်းစာကို အိတ်ကပ်ထဲထည့်လိုက်ကာ ရှေ့သို့ ဆက်သွားလိုက်သည်။


နွီလွီလွီက မာနထောင်လွှားသည့်မျက်နှာထားဖြင့် ဟွမ်ကွမ်းကို ပြစ်တင်ပြောဆိုလိုက်သည်။


“ဟွမ်ကွမ်း...နင်... ဘာဖြစ်နေတာလဲ....မနေ့က နင့်ကို....ပြီးအောင်လုပ်ခိုင်းတဲ့အလုပ်တွေလည်း... မပြီးသေးဘူး.... ညဘက်လည်း....အချိန်ပိုဆင်းတာ မတွေ့မိဘူး.... နင်…အလုပ် ဆက်လုပ်ချင်သေးလား.... မလုပ်ချင်ဘူးလား....”


ဟွမ်ကွမ်း ညင်သာစွာပြုံးလိုက်ပြီး ပြန် ပြောလိုက်သည်။


“ကျွန်တော်က.... သံနဲ့လုပ်ထားတာမဟုတ်ပါဘူး....ကျွန်တော်...နေ့တိုင်း...တစ်ခြားသူတွေထက်...အလုပ်...နှစ်ဆ... သုံးဆ... ပိုလုပ်နေရတယ်....ဒီနေ့ကစပြီး... ဒီအလုပ်တွေကို.... ခင်ဗျားဘာသာလုပ်ပါ....ကျွန်တော်ဆက်ပြီး.... ခင်ဗျားနဲ့ အတူ.... မလုပ်တော့ဘူး...."


နွီလိီလိီ အံ့အားသင့်သွားပြီး ထိုနေရာတွင်သာ ထူပူပြီး ရပ်နေမိသည်။



အခြားလုပ်ဖော်ကိုင်ဖက်များလည်း တစ်ခဏတာမျှ အံ့အားသင့်သွားကြပြီး စိတ်ထဲတွင် အတွေးများ ပေါ်လာခဲ့သည်။


‘ဟွမ်ကွမ်းကို... ဝေဖန်တာ...ဒီလိုမျိုး အနိုင်ကျင့်တာ....’


ဟွမ်ကွမ်းမှာတော့ ထူပူနေသည့် နွီလိီလိီကို တစ်ချက်ကြည့်ဖို့ပင် စိတ်မဝင်စားဘဲ  ရုံးခန်းသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။


ယွမ်ကန်းက ဒီကုမ္ပဏီ၏ သူဌေးဖြစ်သည်။


တံခါးခေါက်၍ ဝင်လာသော ဟွမ်ကွမ်းကို မြင်သောအခါ သူ အနည်းငယ်အံ့သြသွားပြီး မေးလိုက်သည်။


“ဟွမ်ကွမ်း... ဘာကိစ္စလဲ...”


သူ ဟွမ်ကွမ်းကို သေချာ သိသည်။ ကုမ္ပဏီတစ်ခုလုံးတွင် လူ ၁၀၀ မှ မရှိပဲ ဟွမ်ကွမ်းကလည်း ဒီမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည်။


“သူဋေး... ဒါက... ကျွန်တော့်အလုပ်ထွက်စာပါ.... ကျွန်တော်ဆက်မလုပ်တော့ပါဘူး....”


ယွမ်ကန်း အလုပ်ထွက်စာကို ယူလိုက်ပြီး မေးလိုက်သည်။


“ဘာဖြစ်လို့လဲ...အလုပ်က... အဆင်မပြေလို့လား... ဒါမှမဟုတ်.... လစာနည်းတယ်လို့....ထင်လို့လား..."


တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သောကြောင့် ယွမ်ကန်းက သူထွက်သွားတာကို မလိုလားပေ။


ဟွမ်ကွမ်း ဘာကိုမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပြောလိုက်သည်။


“မဟုတ်ပါဘူး....ကျွန်တော့်ရဲ့.... အတန်းဖော်က သူ့ကုမ္ပဏီမှာ.... ကူညီဖို့....ကျွန်တော့်ကို.... ပြောလို့ပါ... သူနဲ့အတူ.... အလုပ်လုပ်စေချင်တယ်လို့လည်း...ထင်ပါတယ်....”


 ဟွမ်ကွမ်းကို တစ်ချက်ကြည့်ပြီး ယွမ်ကန်း  စိတ်ထဲတွင် အတွေးများ ပေါ်လာသည်။


‘သူ့ရဲ့....အတန်းဖော်က.... အသက်ငယ်ငယ်လေးပဲ... ရှိဦးမယ်....ကုမ္ပဏီသေးသေးလေးကို လုပ်နေတာ.... ဖြစ်မှာပဲ....’


ယွမ်ကန်း စိတ်ထဲတွင် ထိုသို့တွေးနေသော်လည်း  မမေးဘဲမနေနိုင်ပေ။


“မင်းရဲ့.... အတန်းဖော်ကုမ္ပဏီ ....နာမည်က ဘာလဲ..... SY မြို့ကပဲလား....”


ဟွမ်ကွမ်း ပြန်ဖြေလိုက်သည်။“မဟုတ်ပါဘူး.... ဟွာဟိုင်းမှာပါ..... နာမည်က Global.....ပါ”


“ဘာ....”


ယွမ်ကန်းရဲ့ အမူအရာ ပြောင်းလဲသွားသည်။



သူ Global ကုမ္ပဏီကို  သေချာ သိသည်။ ပိုင်ဆိုင်မှု့ ရာနှင့်ချီရှိပြီး သင်္ဘောတန်ချိန် တစ်သိန်းကျော်ရှိသော ကုမ္ပဏီကြီးတစ်ဖြစ်သည်။


ယွမ်ကန်းမှာ နိုင်ငံတကာ ကုန်သွယ်ရေးကို လုပ်ကိုင်ပေသည်။ နောက်ဆုံးအကြိမ် သူက တောင်တရုတ်ပြည်သို့ ပို့ဆောင်ရမည့် ကွန်တိန်နာအနည်းငယ်ရှိသည့်အတွက် Global ကုမ္ပဏီထံသို့ သွားခဲ့ဖူးသည်။


“မင်းရဲ့.... အတန်းဖော်က..... Global ရဲ့.... သူဋေးလား...”


“ဟုတ်ပါတယ်....သူက...သူဋေးပါပဲ....ကျွန်တော်...ဒီတစ်ခါ.......မန်နေဂျာအဖြစ် သွားလုပ်ရမှာပါ....အနာဂတ်မှာ.... တဖြည်းဖြည်း ရာထူးတိုးလာလိမ့်မယ်လို့....တော့...သူ...ပြောပါတယ်....”


‘ဘုရားရေ....’


ဟွမ်ကွမ်းရဲ့ အတန်းဖော်က Global ရဲ့သူဋေးဖြစ်နေတာလား အရမ်းကောင်းတာပဲ။


ဟွမ်ကွမ်းကို ဆက်ထိန်းထားလို့မရတော့ကြောင်း သိလိုက်တဲ့အခါ ယွမ်ကန်း ခဏမျှစဉ်းစားပြီးနောက် ဘောပင်ကိုယူကာ အလုပ်ထွက်ခွင့်တောင်းစာတွင် လက်မှတ်ထိုးပေးလိုက်သည်။



အကယ်၍ အခြားသူတစ်ဦး အလုပ်ထွက်လျှင် သူဋေးက လက်မှတ်ထိုးပေးရုံသာမက နောက်မှ ကောင်းမွန်စွာ နေထိုင်သင့်ကြောင်းပြောလိမ့်မည်။


သိသာသည်မှာ သူက ဟွမ်ကွမ်းကို တခြားသူများထက် ကွဲပြားစွာဆက်ဆံတာပဲဖြစ်သည်။


ယွမ်ကန်းမှာ မကြာသေးမီက Global ကုမ္ပဏီကို ပိုစိတ်ဝင်စားလာသည်။ အင်တာနက်ပေါ်ရှိ အများပြည်သူဆိုင်ရာ အချက်အလက်အချို့ကို ရှာဖွေပြီး သုတေသနပြုပြီးနောက် ဤကုမ္ပဏီအပေါ် အလွန်အမင်း အကောင်းမြင်မိသည်။


တစ်ချိန်တည်းတွင် သူက Global နှင့်ပူးပေါင်းဆောင်ရွက်မှု့ဆက်ဆံရေးကို ဖွဲ့စည်းနိုင်မည်ဆိုလျှင် ကောင်းမည်ဟု ဆက်လက်တွေးတောနေသည်။


သူ့ရဲ့ကုမ္ပဏီက အလွန်သေးငယ်ပြီး အရာဝတ္ထုများစွာကို တစ်ကြိမ်လျှင် တင်ပို့ခြင်း သို့မဟုတ် တင်သွင်းနိုင်ခြင်းမရှိဘဲ ကွန်တိန်နာအနည်းငယ်သာ ရှိသည်။


သမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ အများအပြားက ထိုကဲ့သို့သော လုပ်ငန်းငယ်များကို လက်ခံလိုခြင်း မရှိပေ။



သူ Global ကုမ္ပဏီမှတစ်ဆင့် ပစ္စည်းနှစ်ကြိမ်သာ ပို့ဆောင်ခဲ့ဖူးသည်။ ဟွမ်ကွမ်းမှာ Global ကုမ္ပဏီ၏ မန်နေဂျာဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် ဌာနမန်နေဂျာ သို့မဟုတ် အကြီးတန်းအမှုဆောင်အရာရှိပင် ဖြစ်လာနိုင်သည်။


ထို့ကြောင့် ဟွမ်ကွမ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်သည်ဟု တွေးမိသည်။


ထို့ကြောင့် ယွမ်ကန်းက အံဆွဲကိုဖွင့်လိုက်ကာ အတွင်းတွင်ရှိသော ယွမ် ၂၀,၀၀၀ ကိုမြင်ပြီး အားလုံးကို ထုတ်ယူလိုက်သည်။


“ညီလေး....မင်းက.... ရာထူးပိုမြင့်တဲ့နေရာကို သွားနေတာဆိုတော့....ငါလည်း...မင်းကို.... ဆက်ပြီး.... ထိန်းထားမှာမဟုတ်ပါဘူး...ဒါလေးကိုတော့....လက်ဆောင်လေးတစ်ခုအဖြစ်....မင်း လက်ခံရမယ်….”


အလုပ် ထွက်တော့မှ ယွမ် ၂၀,၀၀၀ ရရှိလိမ့်မည်ဟု ဟွမ်ကွမ်း မမျှော်လင့်ခဲ့ပေ။ မည်သူကမှ ထိုကဲ့သို့သော ငွေများကို မလိုချင်ဘဲ နေပါ့မလဲ။


ဟွမ်ကွမ်းသည်လည်း ယဉ်ကျေးမှုမရှိဘဲ မနေခဲ့ပေ။ ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ငွေစက္ကူနှစ်ထုပ်ကို ယူလိုက်သည်။


ဟွမ်ကွမ်းက ငွေများကို လက်ခံလိုက်သည်ကို မြင်လိုက်ရသောကြောင့် ယွမ်ကန်းသည်လည်း ခေတ္တမျှ စိတ်သက်သာရာရသွားသည်။



သူသည် ဟွမ်ကွမ်းနှင့် ဆက်ဆံရေးကောင်းမွန်နေသဖြင့် အနာဂတ်တွင် Global နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု့ကို ဖြစ်ပေါ်လာစေနိုင်သည်။


“ညီလေး....မင်း...ငါနဲ့အတူ...တစ်နှစ်ကျော် အလုပ်လုပ်ခဲ့တာ.... မင်း....အလုပ်တွေ...လုပ်ခဲ့တာတွေလည်း....အများကြီးပဲ....အခု...မင်းထွက်တော့မယ်ဆိုတော့....မင်းအတွက် နှုတ်ဆက်ပွဲ.... ကျင်းပပေးချင်တယ်...”


ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ယခင်က ဘယ်တုန်းကမှ မရဖူးပေ။


ဟွမ်ကွမ်း အနည်းငယ် ဂုဏ်ယူမိပြီး စိတ်ထဲကပြောလိုက်မိသည်။


“ငါ့...သူဋေး.... ဒီလောက် စေတနာကောင်းတာကို...တွေ့ရခဲတာပဲ...”


ယွမ်ကန်း ထပ်ပြောလိုက်သည်။


“ကျင်းပရမှာပေါ့....ကုမ္ပဏီက... လူတွေ ပူးပေါင်းမလုပ်ဆောင်တာ... ကြာပြီ...အားလုံး ပျော်ရွှင်ဖို့အတွက်.... ဒီအခွင့်အရေးကို.... ယူလိုက်ကြရအောင်....”


ဟွမ်ကွမ်း...ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။


သူ စိတ်အားထက်သန်စွာနဲ့ ဟွမ်ကွမ်းကို ရုံးခန်းတံခါးအထိ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် ယွမ်ကန်းမှာ ဖုန်းကိုကောက်ယူပြီး သူ့ရဲ့အတွင်းရေးမှူးကို ခေါ်ကာ အချို့ညွှန်ကြားချက်များ ပေးလိုက်သည်။


ဟွမ်ကွမ်း  ရုံးခန်းတွင် ထိုင်ပြီး ကိုယ်ပိုင်ပစ္စည်းများကို စတင် စုဆောင်းနေစဉ် ယွမ်ကန်းကထိုရုံးခန်းကြီးထဲသို့ ဝင်လာခဲ့သည်။


“အားလုံးပဲ...ခင်ဗျားတို့ လုပ်နေတာတွေကို ရပ်လိုက်ကြပါ...ကျွန်တော် အသိပေးစရာတစ်ခုရှိတယ်...”


လူတိုင်း  အလုပ်များကို ရပ်လိုက်ပြီး ယွမ်ကန်းကို ကြည့်လိုက်ကြသည်။ တချို့က စိတ်ထဲကနေ တွေးလိုက်မိသည်။


“ဒီသတင်းက....ဘယ်လိုသတင်းမျိုးမို့... သူဋေးကိုယ်တိုင်လာပြီး....အသိပေးတာလဲ..."


ရုံးခန်းထဲတွင် လျင်မြန်စွာ တိတ်ဆိတ်သွားသည်။


ယွမ်ကန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။


“ဟွမ်ကွမ်းက... ဒီမှာ...တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တာ...သူ အရမ်းတော်တယ်... ကံမကောင်းစွာနဲ့ပဲ.... သူက... Global ကုမ္ပဏီမှာ... မန်နေဂျာအဖြစ်...အလုပ်လုပ်ဖို့...ကျွန်တော်တို့ရဲ့.... ကုမ္ပဏီကနေ....ထွက်ခွာသွားတော့မယ်... ဒါကို....ရာထူးတိုးတယ်လို့.... သတ်မှတ်ကြတာပေါ့....”


“ဘာ..”


" Global မှာ...မန်နေဂျာလား..."


ဟွမ်ကွမ်း အလုပ်ထွက်ပြီး Global တွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်တော့မည်။


လူများစွာမှာ အံ့အားသင့်သွားကြသည်။


မနာလိုတဲ့ပုံစံဖြင့် ကြည့်နေကြသူ အများအပြားလည်းရှိသည်။ Global မှာ ကုမ္ပဏီကြီးဖြစ်ပြီး ဟွမ်ကွမ်းက ထိုကုမ္ပဏီ၏ မန်နေဂျာဖြစ်တော့မည်။



လူတိုင်းကို ပိုအံ့အားသင့်စေတာက ယွမ်ကန်း နောက်ထပ်ပြောလိုက်သည့် စကားပဲဖြစ်သည်။