Ch 142
Viewers 5k

အခန်း 142 " ရှန်းကျိုးဖင်း အံ့အားသင့်သွားခြင်း"



ဒီလုပ်ငန်းကို မျက်စိကျနေသူများစွာ ရှိနေသည်။


ဥပမာအားဖြင့် ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကဲ့သို့ပင်။


ဥက္ကဋ္ဌရုံးခန်းတွင် လော့မောင်ယွမ်မှာ သူ့ရဲ့လက်အောက်ငယ်သား၏ အစီရင်ခံစာကို နားထောင်ရင်း ဆေးပြင်းလိပ်ကို သောက်နေသည်။နားထောင်ပြီးနောက် သူ့မျက်နှာက တဖြည်းဖြည်း မှောင်မည်းလာသည်။


“သူဋေး ...ကျွန်တော်တို့...သိရသလောက်တော့ ဂလိုဘဲလ်က.... သင်္ဘောကြီး...နှစ်စီး...ထပ်ရောက်လာပါတယ်...နှစ်စီးစလုံးက....တန်ချိန် ၂၀၀,၀၀၀....အမျိုးအစားတွေပါ....”


ထိုကဲ့သို့ အစီရင်ခံစာကို ကြားပြီးနောက် လော်မောင်ယွမ်ရဲ့ မျက်နှာမှာ ထပ်မံ၍ မှောင်မည်းလာပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။


ထိုလက်အောက်ငယ်သားက ဆက်ပြီးပြောလိုက်သည်။


“မဟုတ်ပါဘူး...ရှစ်စီးရှိပါတယ်...တန်ချိန် ၁၀၀,၀၀၀..သင်္ဘော...လေးစီးနဲ့ ...တန်ချိန် ၂၀၀,၀၀၀... သင်္ဘော...နှစ်စီးအပြင်...သူတို့မှာ တန်ချိန်... ၄၀,၀၀၀...အမျိုးအစား...တစ်စီးနဲ့ တန်ချိန် ..၅၀,၀၀၀ အတန်းအစား... တစ်စီးလည်း...ရှိပါတယ်...ဒါ့ကြောင့်...သူတို့မှာ.. စုစုပေါင်းတန်ချိန်... တန်ချိန်...၁.၁ သန်းကို ရောက်ရှိနေပါပြီ...”


လော့မောင်ယွမ်ရဲ့ မျက်နှာမှာ အနည်းငယ်ကြောက်စရာကောင်းသည်အထိ မှောင်မည်းနေသည်။



သူ့လက်အောက်ငယ်သားက ဆက်ပြောလိုက်သည်။


“သူဋေး...ရန်ကောင်း..ကမ်းလွန်ရေနံအုပ်စုရဲ့ ရေနံစိမ်း...သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လေလံဖွင့်ပါတော့မယ်....အမြင့်ဆုံးတောင်းဆိုချက်က....အခြားပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတွေရဲ့ စုစုပေါင်းတန်ချိန်က.... တန်ချိန်... ၁ သန်းထက် ကျော်လွန်ဖို့ပါပဲ.... သေချာသည်မှာ...ဂလိုဘဲလ်က...အဲဒီ... စံနှုန်းနဲ့ ...ကိုက်ညီနေပါတယ်..”


ချက်ချင်းပင် လော့မောင်ယွမ်၏ အသံမှာ များစွာ ကျယ်လာသည်။


“ဆိုလိုတာက...ဂလိုဘဲလ်လည်း..ဒီလေလံမှာ....ပါဝင်နိုင်တယ်ပေါ့...မဟုတ်ဘူးလား...”


လက်အောက်ငယ်သားက ပြောလိုက်သည်။


"သေချာတာပေါ့...သူဋေး..."


အရှေ့အလယ်ပိုင်းရှိ နိုင်ငံ A မှ ရန်ကောင်းသို့ ရေနံစိမ်း စည် ၁၅၀ သန်းကို သယ်ယူပို့ဆောင်ခြင်းသည် မည်သည့်ပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့၏ မျက်လုံးထဲတွင်မဆို အမြတ်အစွန်းများစွာ ရရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။


ဂလိုဘဲလ်တွင် အင့်အားရှိပါက သေချာပေါက် ပါဝင်ပေမည်။



လော့မောင်ယွမ်ရဲ့ မျက်နှာသည် ရေညှစ်ထုတ်သည်အထိ မှောင်မည်းနေပြီး  ဒေါသတကြီး ပြောလိုက်သည်။


“ငါတို့ရဲ့... ရီရှန်းအဖွဲ့က... ဒီလုပ်ငန်းကို... အနိုင်ယူဖို့...အတင်းအကျပ်.. အပြိုင်အဆိုင်...ကြိုးစားမှာပဲ....ဘယ်သူမှ...ဒီလုပ်ငန်းကို.... မယူနိုင်ဘူး..”


ထိုလက်အောက်ငယ်သားက အလျင်  အမြန်ခေါင်းညိတ်ပြလိုက်သည်။



ဟွာဟိုင်းယဉ်ကျေးမှုကုမ္ပဏီ…


တင်းဝိန်က သူ့ကို ထပ်ခါတလဲလဲ ဖိတ်ခေါ်တာကြောင့် လျူယောင် ဒီနေရာကို ထပ်ရောက်လာခဲ့သည်။


“အစ်ကိုယောင်... ကြည့်ပါဦး...ဒီကြွေထည်တွေက.. ဘယ်လောက်တောင်... လက်ရာမြောက်ပြီး ကောင်းကောင်းထိန်းသိမ်းထားတာလဲ.... ဒါက တကယ်ကို ရှားပါးတာပဲ... အပိုင်းအစတစ်ခုစီက... အလွန်တန်ဖိုးရှိတယ်... တခြားသူတွေဆီမှာ အပိုင်းအစ တစ်ခုနှစ်ခုပဲ ရှိနိုင်တယ်...ကျွန်တော်တို့မှာ စုစုပေါင်း အပိုင်းအစ ၅၀,၀၀၀ ကျော်ရှိတယ်...”တင်းဝိန် ဝမ်းသာအားရ ပြောနေသည်။


စားပွဲပေါ်တွင် လက်ရာမြောက်သည့် ကြွေထည်အပိုင်းအစ အများအပြား ရှိသည်။


တင်းဝိန်၏ လက်ထဲတွင် ကိုင်ထားသည်မှာ ချူကရီပန်းပွင့် ပါရှိသည့် အပြာရောင်ဖန်ခွက် ဖြစ်ပြီး  လုံချွမ်မီးဖိုမှ ပန်းကန်ပြားတစ်ချပ်ဖြစ်သည်။ ယင်းမှာ အလွန်နူးညံ့ပြီး ကောင်းစွာထိန်းသိမ်းထားသည့် စစ်မှန်သော အနုပညာလက်ရာဖြစ်သည်။


ထိုကဲ့သို့သော အပြာရောင် ချူကရီပန်းပွင့်ပန်းကန်ပြားမျိုး အချပ် ၁,၀၀၀ ကျော် ရှိလိမ့်မည်ဆိုတာ စိတ်ကူး၍ပင်မရပေ။


“ကြွေထည်တွေက.. အများကြီးပဲ...အနည်းဆုံး ၈၀% ကနေ ၉၀% လောက်ကို... ရောင်းရလိမ့်မယ်...ပြီးတော့...အဲဒီထဲက...တစ်ဝက်နီးပါးကို ရောင်းရလိမ့်မယ်...မင်း အချိန် ဘယ်လောက် လိုအပ်လဲ....”


“ပမာဏက... နည်းနည်းများလွန်းတယ်...ကျွန်တော်...အဆက်အသွယ်နဲ့ ရောင်းချတာအပြင်...ကျွန်တော်တို့ကိုယ်တိုင်... ကျင်းပတဲ့...လေလံပွဲတွေ...အပါအဝင်... တခြားလေလံအိမ်တွေနဲ့ ပူးပေါင်းပြီး...တတ်နိုင်သမျှ...မြန်မြန်ရောင်းချပါ့မယ်...တစ်နှစ်လောက်...အချိန်ယူရလိမ့်မယ်လို့...ခန့်မှန်းရပါတယ်....”


ရှေးဟောင်းပစ္စည်းများ စုဆောင်းရောင်းဝယ်ရေး စျေးကွက်က အတော်လေး ကြီးမားနေသေးသည်။ တင်းဝိန်သည် ဤကြွေထည်များကို အကောင်အထည်ဖော်ရာတွင် ပြဿနာမရှိသင့်ဘူးလို့ လျူယောင် ယုံကြည်သည်။အချိန်သာ လိုအပ်ပေသည်။


ထို့အပြင် ပမာဏများပြားသည့်ကိစ္စနဲ့ တန်ဖိုးကျဆင်းနိုင်သည့် ဖြစ်နိုင်ခြေ ကိစ္စလည်း ရှိသေးသည်။ သို့သော် တင်းဝိန်က တန်ဖိုးကျဆင်းမှုကို တတ်နိုင်သမျှ လျှော့ချရန်အတွက် အစီအစဉ်များကို ထားရှိသည်။


လျူယောင် ပြောလိုက်သည်။ 

“တစ်နှစ်ဆိုလည်း... တစ်နှစ်ပေါ့... ငါ..မင်းကို...တစ်နှစ်အချိန်...ပေးပါ့မယ်..တစ်နှစ်အတွင်း... တစ်ဝက်နီးပါးလောက်... ရောင်းချနိုင်ရင်တောင်... ငါ ကျေနပ်ပါပြီ...”


တင်းဝိန် ပြောလိုက်သည်။


“အစ်ကိုယောင်...နောက်တစ်နှစ်အတွင်းမှာ ကျွန်တော်တို့... ဒီပစ္စည်းတွေကို... ငွေသားအဖြစ်... တဖြည်းဖြည်းချင်း...လဲလှယ်ပါ့မယ်...ကျွန်တော်က.... အကို့အတွက် လစဉ်စာရင်းရှင်းပေးပြီး...ငွေကို... အကို့ရဲ့... ဘဏ်အကောင့်ထဲကို... လွှဲပေးပါ့မယ်...”


“ဟုတ်ပြီလေ... ပြဿနာမရှိပါဘူး...”


လျူယောင် ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။


"  ဒေါက်..ဒေါက်..ဒေါက်.."

ထိုအချိန် တံခါးခေါက်သံထွက်ပေါ်လာသည်။ဟွာဟိုင်းယဉ်ကျေးမှု့ ဌာနမှ မန်နေဂျာတစ်ယောက်က ဝင်လာပြီး အသံကျယ်ကျယ်ဖြင့် အစီရင်ခံလိုက်သည်။


“သူဋေး... မစ္စတာရှန်းကျိုးဖင်း...ရောက်လာပါပြီ...”


“အော်.... သူ့ကို...ဝင်လာဖို့...ဖိတ်လိုက်ပါ...”


တင်းဝိန် ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။


ရှန်းကျိုးဖင်းကို ဟွာဟိုင်းယဉ်ကျေးမှုသို့ အကြိမ်အတော်များများ ဖိတ်ခေါ်ခဲ့သည်။သို့သော် သူ က သဘောမတူခဲ့ပေ။ တင်းဝိန်မှာ စုန်ကြွေထည် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိသည်ဟု ပြောမှသာ လာရောက်ကြည့်ရှုရန် သဘောတူခဲ့သည်။


ယခုတော့ သူ အမှန်တကယ် ရောက်ရှိလာသည်။


တင်းဝိန် အလွန် ပျော်ရွှင်နေသည်။စုန်ကြွေထည်များစွာကို ဒီမှာ ထားရှိခြင်းက ထိုကြွေထည်များကို စွဲလမ်းသည့် ရှန်ကျိုးပင်းအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်မှာ သေချာသည်။


ဌာနမန်နေဂျာက အစီရင်ခံလိုက်သည်။


“သူဋေး...သူက...ကျွန်တော်တို့ရဲ့...ပြခန်းကို သွားနှင့်နေပြီ....ဒီအချိန်ဆို...ပြခန်းထဲ ရောက်နေလောက်ပြီလို့...ခန့်မှန်းရပါတယ်...”


“အင်း...ငါ...သိပြီ...”


လျူယောင် က ထရပ်ပြီး နူတ်ဆက်စကားပြောလိုက်သည်။


 " ဒါဆို...ငါပြန်တော့မယ်လေ..."


လျူယောင်ကို ဟွာဟိုင်းယဉ်ကျေးမှု့ ဝင်ပေါက်သို့ တင်းဝိန် လိုက်ပို့ပေးခဲ့သည်။ထို့နောက် ပျော်ရွှင်စွာ ပြခန်းသို့ ရောက်ရှိလာသည်။


သူ ဝင်လိုက်သည်နှင့် ဤနေရာတွင် ခင်းကျင်းပြသထားသည့် စုန်ကြွေထည် သောင်းနှင့်ချီ၍ ရှိတာကို မြင်နိုင်သည်။ဟုတ်တယ် သူက ရှန်ကျိုးပင်း ကိုလည်း မြင်ရသည်။


“မစ္စတာရှန်း...”


တင်းဝိန် အဝေးကနေ  သူ့ကို အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်သည်။



ရှန်းကျိုးဖင်းက ဒဲဟွားမီးဖိုမှ ကြွေဖြူတစ်ချပ်ကို ကိုင်ထားပြီး စိတ်ဝင်စားနေသည်။ တင်းဝိန်ကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


“မောင်ရင်တင်း...မင်း....ဘာအလိမ်အညာမှ... မ ပြောပါဘူး... ဒါက...စုန်မင်းဆက်ခေတ်မှ....ကြွေထည်ပါပဲ....”


“ဒါက အပိုင်းငယ်လေးပဲ ရှိပါသေးတယ်၊ ကျွန်တော့် ဂိုဒေါင်ထဲမှာ ပိုပြီးတော့ အများကြီး သိမ်းထားပါသေးတယ်”တင်းဝိန် ပြုံးပြီး ပြန်ဖြေလိုက်သည်။


“ဘာ...”


"ဒါက အပိုင်းငယ်လေးပဲလား...."


ဒီမှာတောင် အနည်းဆုံး အခုသောင်းချီ ရှိသည်။ထိုအရေအတွက်မှာ အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။


သူ ရှန်းကျိုးပင်းက သူ့တစ်သက်လုံး ရှေးဟောင်းကြွေထည်များကို ခွဲခြားသတ်မှတ်ခြင်းနဲ့သုတေသနပြုခြင်းတွင် ပါဝင်ခဲ့သည်။ ပြီးနောက် သူသည် တစ်ချိန်တည်းတွင် ထိုမျှလောက်များသော စုန်ခေတ်ကြွေထည်များကို မည်သည့်အခါမှ မမြင်ဖူးပေ။


တင်းဝိန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။


“လာပါ...ကျွန်တော်... ဆရာကြီးရှန်းကို...ကြည့်ဖို့...ခေါ်သွားပါ့မယ်...”


ရှန်ကျိုးဖင်း  သူ့လက်ထဲရှိ ကြွေဖြူအပိုင်းအစကို ပြန်ထားလိုက်သည်။တင်းဝိန်ရဲ့ ဦးဆောင်မှုအောက်တွင် နောက်ကနေလိုက်လာပြီး  ဟွာဟိုင်း ယဉ်ကျေးမှု့၏ ဂိုဒေါင်ရှေ့သို့ လျှောက်သွားသည်။


တင်းဝိန် သော့ထည့်လိုက်သည်။လက်ဗွေ နှိပ်ကာ အတည်ပြုလိုက်သည်။ပြီးနောက် စကားဝှက်ရိုက်ထည့်လိုက်သည်။နောက်ဆုံးတော့ ဂိုဒေါင်၏ ထူထဲတဲ့တံခါးက ပွင့်သွားပြီး ရှန်းကျိုးဖင်းနဲ့အတူ ဝင်လာခဲ့သည်။


ဤခိုင်ခံ့သည့် ဂိုဒေါင်မှာ စတုရန်းမီတာ ၁၀၀ အထိ ကျယ်သည်။သို့သော် ယခုတော့ ကြွေထည်များဖြင့် ပြည့်လုနီးပါး ဖြစ်နေသည်။ သေသပ်စွာ နေရာချထားသည့် သံစင်များစွာမှာ ကြွေထည်များ ဖြင့် ပြည့်နေသည်။


ရှန်းကျိုးဖင်း အံ့သြသွားပြီး သူ့ရဲ့ပါးစပ်ကို အနည်းငယ် ဖွင့်ထားလိုက်သည်။


ပြောရမည်ဆိုပါက သူ့အသက် ခြောက်ဆယ်ရှိပြီး ဤသို့သော မြင်ကွင်းကိုတစ်ခါမှ မမြင်ဖူးပေ။သူက စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သူ ဖြစ်သည်။သို့သော် ဤတစ်ကြိမ်တွင်မူ သူအမှန်တကယ် ထိန်းချုပ်၍မရတော့ပေ။


"ဘာလဲ...."


“ဒါတွေအားလုံး... ကြွေထည်တွေပဲ...ဟ..”


အခန်းတစ်ခုလုံးက ကြွေထည်များနှင့် ပြည့်နေသည်။



အနည်းဆုံး အခုသောင်းချီရှိသည်။ ခုနက ပြခန်းထဲတွင်ရှိသော အရေအတွက်မှာ အံ့မခန်းဖြစ်နေသည်ဟု ခံစားခဲ့ရသည်။ဒါပေမဲ့  ဒီမှာက ပိုပြီးတော့ အများကြီး ရှိလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။ခုနက  ပြခန်းထက်ကို အဆများစွာ ပိုများပေသည်။


ကြွေထည်တစ်ခုကို ရှန်းကျိုးဖင်းသေသေချာချာ ကောက်ယူကြည့်သည်။ကြည့်ပြီးနောက် သေသေချာချာ ပြန်ထားလိုက်သည်။ပြီးနောက် အခြားတစ်ခုကို ကောက်ယူသည်။


တင်းဝိန်က ပြုံးရယ်နေတဲ့မျက်နှာဖြင့် သူ့ဘေးတွင် ရပ်နေသည်။


ဆယ်မိနစ်ကျော်ကြာပြီးနောက် ကြွေထည် အခုနှစ်ဆယ်ထက်မနည်းကို ကြည့်ပြီးသောအခါ ရှန်းကျိုးဖင်းက ဆက်မကြည့်တော့ဘဲ သူ့ဘာသာစတင် ပြောလိုက်သည်။


“မစ္စတာတင်း...ကျွန်တော်... ဟွာဟိုင်းယဉ်ကျေးမှု့မှာ ပါဝင်ပါ့မယ်...ကျွန်တော်က....ခင်ဗျားနဲ့ အခု.... စာချုပ်ချုပ်နိုင်ပါတယ်....”


တင်းဝိန်မှာ အလွန်ပျော်ရွှင်နေသည်။


ရှန်ကျိုးဖင်း ပါဝင်လာပေပြီ ဤဆုန်ကြွေထည်တစ်ခုစီသည် ရှန်းကျိုးဖင်း လက်မှတ်ထိုးထား ပြီးနောက် ရောင်းချရန် ပိုမိုလွယ်ကူလာလိမ့်မည်။


“မစ္စတာရှန်း .. ကျွန်တော်...ခင်ဗျားအတွက် ရှေးဟောင်းကြွေထည်ပညာရှင်ချုပ်...အဖြစ်...ခန့်အပ်စာချုပ်ကို ပြင်ဆင်ထားပါတယ်.... သွားရအောင်ပါ...စာချုပ်ကို... ကြည့်ဖို့...ကျွန်တော့်ရုံးခန်းကို....သွားကြရအောင်....ပြဿနာမရှိဘူးဆိုရင်....ကျွန်တော်တို့...စာချုပ်ချုပ်ကြမယ်...”


“ကောင်းပြီ...မောင်ရင့်ရဲ့ရုံးခန်းကို...သွားကြရအောင်...”


ရှန်းကျိုးဖင်းက လွယ်လွယ်ကူကူ ခေါင်းညိတ် သဘောတူခဲ့သည်။


.....

ရန်ကောင်းကမ်းလွန်ရေနံအုပ်စု၏ လေလံပွဲမှာ ပို၍နီးကပ်လာသည်။


ဂလိုဘလ်က ထိုလုပ်ငန်းကို အနိုင်ယူရန် ဆုံးဖြတ်ထားသည်။


လျူယောင် ကိုယ်တိုင်ဦးဆောင်လာသည်။ ကျိုးရန် လက်အောက်ခံဝန်ထမ်းအချို့နဲ့အတူ သက်ဆိုင်ရာဝန်ထမ်းများပါဝင်သည်။ စုစုပေါင်း လူခုနစ်ဦးက မြို့တော်သို့ သွားခဲ့ကြသည်။ ဒီအချိန်တွင် လူတိုင်းက လေယာဉ်ပေါ်သို့ တက်နှင့်ပြီးဖြစ်သည်။


ဟူဂျွန်းရှီက ကုမ္ပဏီတွင် ကျန်နေခဲ့သည်။


လျူယောင်နဲ့ကျိုးယန်က ပထမတန်းစား အခန်းတွင် တစ်ယောက်နှင့်တစ်ယောက်ဘေးကပ်လျက် ထိုင်ကြသည်။



လေယာဉ်မှာ စတင်ပျံသန်းနေပြီး ကျိုးယန်က  သက်ဆိုင်ရာ အချက်အလက်များကို လျူယောင်ထံ အစီရင်ခံနေဆဲ ဖြစ်သည်။