Ch 145
Viewers 5k

အခန်း 145 " လိပ်ကြီးရေ....လုပ်စရာရှိတယ်.."


လျူယောင် စကားလမ်းကြောင်းပြောင်းပြီး ဆက်ပြောလိုက်သည်။


“ဒါနဲ့.... ရီရှန်းအုပ်စုရဲ့..... တန်ချိန် ၁ သိန်းရှိတဲ့ သင်္ဘောတွေရဲ့..... အခြေအနေကို စုံစမ်းလိုက်ပါဦး အခု ဘယ်မှာရောက်နေပြီလဲ.....ဘယ်ကိုသွားနေတာလဲ..... ဒီအချက်အလက်ကို....ငါ... သိချင်တယ်......”


ကျိုးယန် ပထမတော့ အံ့အားသင့်သွားသည်။


"ဘာလို့..... သူဋေးက..... ရုတ်တရက် ဒီအချက်အလက်ကို..... လိုချင်တာလဲ....... "


ပြီးတော့မှ  သူ ပျော်ရွှင်သွားတယ် ယခင်က ပရိုတွန်ရေကြောင်းပို့ဆောင်ရေးအဖွဲ့မှာလည်း ဒီလို အခြေအနေမျိုး ဖြစ်ဖူးတာကို သူ  သတိရလိုက်သည်။


သူဋေးက ပရိုတွန်အဖွဲ့ရဲ့ သင်္ဘောအချို့အချက်အလက်ကို တောင်းခဲ့သည်။မကြာခင်မှာ ပဲ သင်္ဘောတစ်စီးက အပေါက်ကြီးတစ်ပေါက် ပေါက်ပြီး ပင်လယ်ကြမ်းပြင်အောက်ကို နစ်မြုပ်သွားခဲ့ရသည်။


“သူဋေး... ကျွန်တော်..... ဒီအချက်အလက်ကို ချက်ချင်းစုဆောင်းဖို့.....လူလွှတ်လိုက်ပါ့မယ်.....”


လျူယောင် ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် သူရဲ့အခန်းထဲသို့ ဝင်လာခဲ့သည်။လျူယောင် တံခါးပိတ်လိုက်ပြီး ဆိုဖာပေါ်တွင်ထိုင်ကာ အိမ်မွေးတိရိစ္ဆာန်ထိန်းရေးချုပ်ချပ်ပြားကို ဖွင့်လိုက်သည်။



လိပ်ကြီးရဲ့အခြေအနေက အလွန်ရှင်းသည်။ ပြင်ပလူတစ်ယောက်ရဲ့ ရှုထောင့်မှကြည့်သည့်အခါ ပင်လယ်ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် အိပ်ပျော်နေတာကို တွေ့ရသည်။


သူ့ကို ရက်အနည်းငယ်ကြာ မတွေ့ရတဲ့အခါ အများကြီး ကြီးလာပြီး အလေးချိန်က တန် ၉၀ နီးပါးရှိနေသည်။


တန် ၉၀ ရှိသည့် ကောင်ကြီးက အခု အိပ်ပျော်နေသည်။


လျူယောင် အိပ်စက်ခြင်းကို မနှောင့်ယှက်ဘဲ အရင်နားခိုင်းလိုက်သည်။ မကြာမီမှာပဲ လိပ်ကြီး လုပ်ရမည့် အလုပ်ကြီးတစ်ခု ရှိလာပေလိမ့်မည်။


အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေး ချပ်ပြား ကို ပိတ်လိုက်ပြီးနောက် လျူယောင် ဖုန်းကိုကောက်ယူလိုက်သည်။


“ ဂျွန်ရှီ...မင်းအတွက်.... အလုပ်တစ်ခုရှိတယ်...”


ဟူဂျွန်းရှီ ချက်ချင်းပြောလိုက်သည်။


“အစ်ကိုယောင်..ကျွန်တော့်ကို...အမိန့်ပေးပါ...”


လျူယောင် ပြောလိုက်သည်။


“....ငါးဖမ်းပိုက်တွေ သံကြိုးတွေကို သွားဝယ်လိုက်ပါ.... ပြီးတော့....ပင်လယ်ဘေးက... ငါတို့ ဂိုဒေါင်ထဲမှာ....ထားလိုက်.....မှတ်ထားပါ.... ပိုရှည်ပြီး.... ပိုခိုင်မာတဲ့ ငါးဖမ်းပိုက်တွေ ဝယ်ဖို့ ကြိုးစားပါ...သံကြိုးတွေလည်း အတူတူပဲ....ပိုထူပြီး ပိုရှည်တာ...ဝယ်”


“ဟုတ်ကဲ့.....ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်....”


ဟူဂျွန်းရှီး လွယ်လွယ်ကူကူ သဘောတူပြီးနောက် စိုးရိမ်စွာဖြင့် ထပ်မံ၍ မေးလိုက်သည်။


“အစ်ကိုယောင်....မြို့တော်မှာ...ကျွန်တော်တို့ရဲ့ လေလံအခြေအနေက...ဘယ်လိုလဲ...ကျွန်တော်တို့မှာ....ကြီးမားတဲ့.... ပြဿနာတွေ... ရှိလောက်လား....”


“ကြီးမားတဲ့.... ပြဿနာတော့...မဖြစ်လောက်ပါဘူး.... သုံးရက်ကြာပြီးနောက်....ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုက.....အနိုင်ရတဲ့ ကုမ္ပဏီကို ကြေညာပါလိမ့်မယ်....”


နှစ်ယောက်သား ဖုန်းပြောနေသည်မှာ မိနစ်များစွာ ကြာသည်။



ဤလေလံပွဲအတွက်  ပြိုင်ဘက်မှာ အင်အားပိုမိုကြီးမားတဲ့ ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ဖြစ်သော်လည်း လျူယောင်က လုံးဝမကြောက်ပေ။


ဤလေလံအောင်ဖို့ယုံကြည်မှုအပြည့်နှင့် ဖြစ်နေသည်။

…….

ရန်ကောင်း ကမ်းလွန်ရေနံအုပ်စု....


အဆင့်မြင့်အရာရှိအချို့နှင့် အလယ်အလတ်အရာရှိအချို့သည် ထိုနေရာတွင် ထိုင်နေကြပြီး လေလံကိစ္စကို ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ခု ကျင်းပနေသည်။


- “အားလုံးပဲ.... ခင်ဗျားတို့မှာ....ဘယ်လိုထင်မြင်ချက်တွေရှိလဲ....ကျွန်တော့်အနေနဲ့ကတော့.....လေလံ အနိုင်ရတဲ့.... ကုမ္ပဏီတွေ ဖြစ်နိုင်တဲ့... ပရိုတွန်၊ ရီရှန်းနဲ့ ဂလိုဘဲလ်... သုံးခုထဲက... တစ်ခုကို....ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်.....”


တစ်ယောက်က ချက်ချင်းပြောလိုက်သည်။


- “ဒီကုမ္ပဏီ သုံးခုက တကယ်ပဲ ကောင်းပါတယ်.... ဒါပေမဲ့ ကျွန်တော်က ရီရှန်းကို ပိုကောင်းတယ်လို့ ထင်မိတယ်...သူတို့က ရေနံစိမ်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်ဖူးတယ်.. ကြီးမားတဲ့ လုပ်ငန်းပမာဏနဲ့ အတွေ့အကြုံများစွာ သူတိုမှာ ရှိပါတယ်....ကျွန်တော်တို့ရဲ့ ရေနံစိမ်း စည် သန်း ၁၅၀ ကို သူတို့ဆီ...လွှဲပြောင်းပေးဖို့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်....”


တစ်ယောက်က ထပ်ပြီး အကြံပြုသည်။


“သူတို့ရဲ့ ဈေးနှုန်းက အမြင့်ဆုံးပါပဲ...ဒါပေမဲ့ ဈေးနှုန်းကို ထည့်သွင်းစဉ်းစားမယ်ဆိုပါက ကျွန်တော်ကတော့ ပရိုတွန်ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်....”


“ပရိုတွန်က မကောင်းတော့ဘူး...တဖြည်းဖြည်း ကျဆင်းလာနေတယ်.... လုပ်ငန်းကို သူတို့ကို လွှဲပေးတာထက် ဂလိုဘဲလ်ကို ပေးတာက ပိုကောင်းတယ်....ကျွန်တော်.... ဒီကုမ္ပဏီအကြောင်းကို လေ့လာခဲ့ပြီးပြီ.... သူတို့က ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိတယ်...”


အစည်းအဝေးက တစ်နာရီကျော်ကြာသည်။ အငြင်းပွားမှု့များစွာလည်းရှိသည်။ ဤလေလံပွဲကို တာဝန်ယူသည့် ဒုတိယဥက္ကဋ္ဌဟဲ သည် အလွန်သတိထားပြီး လူတိုင်း၏ထင်မြင်ချက်များကို နားထောင်သော်လည်း နောက်ဆုံးချိန်ထိ ဆုံးဖြတ်ချက်ကို မချသေးပေ။



“အားလုံးပြောတာ မှန်ပါတယ်...ကျွန်တော်တို့အတွက် အချိန်အလုံအလောက်ရှိပါသေးတယ်,..ကျွန်တော်တို့ စဉ်းစားဖို့အတွက် အချိန်သုံးရက်ရပါတယ်.... ဒီလိုလုပ်ကြစို့....နှစ်ရက်ကြာပြီးနောက် ဒီကိစ္စကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု ထပ်လုပ်ကြမယ်....”


“လုပ်လို့ရတယ်လို့...ကျွန်တော် ထင်ပါတယ်...”


“နှစ်ရက်အတွင်း ကျွန်တော်တို့ သေချာစဉ်းစားလို့ရပါတယ်....”


လူတိုင်း သဘောတူခဲ့ကြသည်။တစ်ခုတည်းသော သဘောထားကို လက်ရှိအချိန်တွင် မချနိုင်တာကြောင့်  နှစ်ရက်ကြာပြီးရင်  ထို ကိစ္စကို ဆွေးနွေးရန် အစည်းအဝေးတစ်ခု ထပ်ကျင်းပဖို့ ဆုံးဖြတ်လိုက်သည်။


......


"ဘုန်း... ဘုန်း..ဘုန်း..."


အခန်းအပြင်ဘက်တွင် တံခါးခေါက်သံပေါ်လာသည်။ကျိုးယန်က တံခါးကိုတွန်းဖွင့် ဝင်လာပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။


“သူဋေး...ခင်ဗျားလိုအပ်တာကို ကျွန်တော် ယူလာခဲ့ပါပြီ....”


၎င်းကိုယူကြည့်ပြီးနောက် လျူယောင် ချီးကျူးလိုက်သည်။


“အလွန်ထိရောက်တာပဲ....ဒီပစ္စည်းတွေကို...ငါ့ဆီ...ဒီလောက်မြန်မြန် ပေးပို့နိုင်တာပဲ....”


ထိုအရာမှာ လျူယောင် အရေးတကြီးလိုအပ်သည့် အရာဖြစ်သည်။


မနေ့က လျူယောင် ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့၏ အဓိကရေနံစိမ်းသယ်ယူပို့ဆောင်ရေးသင်္ဘောကြီးအချို့ အခြေအနေနဲ့ လက်ရှိတည်နေရာတို့ကို စုံစမ်းရန် အမိန့်ပေးခဲ့သည်။


လျူယောင် အချက်အလက်များကို ကြည့်လိုက်သည်။အလွန်အသေးစိတ် ကျသည်။သင်္ဘောကြီးတစ်ခုစီ၏ မိတ်ဆက်အပြင် ၎င်းတို့၏လက်ရှိတည်နေရာလည်း ပါရှိသည်။


ပြည်တွင်းဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားပြီး ပြင်ပမှ သယ်ဆောင်လာသည့် ရေနံစိမ်းများ ချနေသည့် သင်္ဘောနှစ်စီးမှလွဲ၍ ကျန်သင်္ဘောများမှာ ပင်လယ်ထဲတွင် ရှိနေကြသည်။သူတို့က ရေနံစိမ်းအပြည့်တင်ဆောင်ပြီး ပြန်လာနေကြသည်။



ရေနံစိမ်းများ အပြည့်တင်ဆောင်ထားတဲ့သင်္ဘောကြီးများမှာ သူတို့ သယ်ဆောင်လာသည့် နေရာကို ဖော်ပြထားသည်။ မလက္ကာရေလက်ကြား၊ ပစိဖိတ်သမုဒ္ဒရာထဲသို့ မကြာမီ ရွက်လွှင့်တော့မည်။


တန်ချိန် တစ်သိန်းနှစ်သောင်း အလေးချိန်ရှိသည့် ရေနံတင်သင်္ဘောကြီးတစ်စီးလည်း ရှိသည်။၎င်းက တောင်တရုတ်ပင်လယ်တွင် ရွက်လွှင့်နေပြီး အရှေ့အလယ်ပိုင်းသို့ သွားရန် ပြင်ဆင်နေသည်။ထိုနေရာမှ ရေနံစိမ်းစည် သိန်းချီကို ရန်ကောင်း ရေနံအုပ်စုသို့ ပြန်လည်သယ်ယူပို့ဆောင်ပေးလိမ့်မည်။


အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် လျူယောင်တွင် ရှင်းလင်းသည့် အတွေးအခေါ်တစ်ခုနှင့် ရည်မှန်းချက်တစ်ခု ရှိလာသည်။


“အချက်အလက်တွေကို.... ဒီမှာ...ထားခဲ့လိုက်ပါ...ကျွန်တော်... အချိန်ရရင်... ကြည့်ပါ့မယ်...”


ကျိုးယန်သည် အလျင်အမြန်နှုတ်ဆက်လိုက်သည်။


“သူဋေး....ဒါဆိုရင်.... သေချာကြည့်လိုက်ပါခဗျာ....လိုအပ်တာရှိရင်...ကျွန်တော့်ကို....ဖုန်းဆက်လိုက်ပါ....”


ကျိုးယန်ထွက်သွားသည်ကို ကြည့်ပြီးနောက် လျူူယောင် အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေး ချပ်ပြားကို ဖွင့်လိုက်ပြီး လိပ်ကြီးနှင့် ဆက်သွယ်လိုက်သည်။


“လိပ်ကြီးရေ...မင်း....လုပ်စရာအလုပ်တွေရှိတယ်....နှစ်ရက်လောက်တော့ ကြိုးစားလုပ်ရလိမ့်မယ်....”


အလုပ်တစ်ခုရှိသည်ကို ကြားသောအခါ လိပ်ကြီး အနည်းငယ် စိတ်လှုပ်ရှားသွားပုံရသည်။


“အိုခေဘာ သခင်....ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ... ပြောလိုက်ယုံပါပဲ...ကျွန်တော် ချက်ချင်းလုပ်ပါ့မယ်.....”


မနေ့က လေလံပွဲတွင် လော့မောင်ယွမ်က ကုမ္ပဏီကို တာဝန်မဲ့စကားများဖြင့် အသရေဖျက်ခဲ့သည်။အပြင်ပန်းတွင် လျူယောင်တည်ငြိမ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူ့စိတ်ထဲတွင် ဒေါသအပြည့်ရှိနေသည်။


ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့နဲ့ လော့မောင်ယွမ်ကို သင်ခန်းစာတစ်ခု ပေးရပေလိမ့်မည်။



သူတို့ကို သင်ခန်းစာပေးရန် လျူယောင်တွင် အစီအစဉ်တစ်ခုရှိသည်။ပထမဆုံးပစ်မှတ်မှာ ရီရှန်းအဖွဲ့၏ တောင်တရုတ်ပင်လယ်တွင် ရွက်လွှင့်နေတဲ့ တန်ချိန် တစ်သိန်းနှစ်သောင်း ရှိသည့် ရေနံတင်သင်္ဘောပဲဖြစ်သည်။


ပင်လယ်ပြင်တွင်....


ရေနံတင်သင်္ဘောတစ်စီးက  ရွက်လွှင့်နေပြီး အရှေ့အလယ်ပိုင်းသို့ ဦးတည်သွားနေသည်။သူတို့က ရေနံစိမ်းအပြည့်တင်ပြီး သင်္ဘောကို ပြန်မောင်းရန် စီစဉ်ထားသည်။ သင်္ဘောပေါ်ရှိ မည်သူမျှ ကြီးမားတဲ့လိပ်ကြီးတစ်ကောင်က လျင်မြန်စွာ ချဉ်းကပ်လာတာကို သိလိမ့်မည်မဟုတ်ပေ။


ကြီးမားသည့် အနီရောင်လိပ်ကြီး၏ လက်တစ်ဖက်တွင် ၂၀ မီတာရှည်သည့် လှံကြီးတစ်ချောင်းကို ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်တွင် သံကြိုးရှည်တစ်ချောင်းကို ကိုင်ထားသည်မှာ မယုံနိုင်စရာပင်။



လိပ်ကြီးက အလွန်မြန်သည် သင်္ဘောကို ချဉ်းကပ်ရန် အချိန်အကြာကြီး မယူခဲ့ပေ။


ကပ္ပတိန်ကောင်းကျန်းဝူက သင်္ဘောမောင်းခန်းတွင်ရှိနေကာ ကျယ်ပြောသည့်ပင်လယ်ကို ကြည့်ပြီးတော့ပြောလိုက်သည်။


“ငါတို့...နောက်သုံးရက်ကြာရင်မလက္ကာရေလက်ကြားကနေ...အိန္ဒိယသမုဒ္ဒရာထဲကို ဝင်နိုင်ပြီဟေ့....”



သူ ဒီလမ်းကြောင်းကို မကြာခဏသွားလာခဲ့ဖူးသည်။ ပြီးတော့ သူ ဒီနေရာနှင့်အလွန်ရင်းနှီးတာကြောင့် မျက်နှာပေါ်တွင် စိတ်အေးလက်အေး အမူအရာ ရှိနေသည်။